🌸ကချေသည်🌸
Author ✍️ ကြွယ်
ခေါင်းခြုံပါ အနက်ရောင် ဝတ်ရုံအား ဦးခေါင်းမြုပ်တဲ့အထိ အုပ်ခြုံထားသည် ၊ မျက်နှာတစ်ဝက် အုပ်ယုံမျှသာရှိသော အနက်ရောင် မျက်နှာဖုံးကို တပ်ဆင်ထားကာ ထွားကြိုင်းသန်မာသည့် မြင်းဖြူကြီးအား မြို့တွင်းလူရှုပ်နေသည်မို့ မစီးနှင်ပဲ ကြိုးဆွဲ၍သာ လျှောက်နေသည်…။
တစ်ကိုယ်လုံးရှိ အသုံးအဆောင် / အဝတ်အစားကစလို့ အနက်ရောင်တွေသာ ဆင်ယင်ထားသည်။
ထို့သို့ ဆင်ယင်ထားမှုကြောင့် ဟု ထင်သည် ၊ မြို့ထဲ သွားလာလှုပ်ရှားနေသည့် အရပ်သူ/အရပ်သားများက သူ့ကိုမြင်လျှင် လှည့်တကြည့်ကြည့်ဖြင့် မသင်္ကာဖွယ် လူတစ်ဦးပမာ ကြည့်ကြသည်က များသည် ၊ ဒါပေမယ့်လဲ သူ ဒါတွေကို ခေါင်းထဲမထည့်ပေ ။
တန်းစီပြီး ခေါင်းထဲရှိနေသည်က လက်စားချေဖို့ ကိစ္စရပ်နှင့် ရှောင်လုစီ အမြန်ဆုံး ပြန်လာနိုင်ဖို့ ကိစ္စရပ်သာရှိသည်…။
တဖြေးဖြေးဖြင့် လျှောက်လာလိုက်တာ မြို့ဝင်/ထွက် ဂိတ်သို့ပင် ရောက်လာသည်။
ခါတိုင်း စစ်ဆေးနေကြ တပ်မှူးမရှိ၍ ထင်သည် သံချပ်ကာဝတ်စုံ နှင့် တပ်သားတစ်ဦးမှ အစားဝင်ကာ စစ်ဆေးပေးနေသည် …။
“ခင်ဗျားက ဘာလဲ ကုန်သည်လား/ခရီးသွားလား”
“ခရီးသွားပါ “
“ဒါဆို တံဆိပ်ပြား ပြ…”
ခါးစည်းတွင် အလွယ်တကူ ချိတ်ထားသည့် တံဆိပ်ပြားအား ထုတ်ပြလိုက်သည်…။
ပြသည့် တံဆိပ်ပြားအား တစ်ချက်ကြည့်ကာ မှတ်ချက်ရေးလိုက်ပြီး …
“သွားလို့ရပြီ..”
ဆက်ကနဲ ခေါင်းလေးညိမ့်ပြကာ ဂိတ်အလွန်သို့ မြင်းကြိုးဆွဲ၍ ထွက်ခဲ့သည်…။
“လွှတ်…ကျွန်မ ကို …ရှင်ကျွန်မကို တားနေစရာမလိုဘူး … ကျွန်မထင်တယ် ဒီကိစ္စတွေ အားလုံးက ရှင့်ရဲ့ မရိုးသားမှုတွေကြောင့်ပဲဆိုတာ အခုတော့ လက်ပူးလက်ကျက်ကို မိပြီ ရှင်ဘာ ငြင်းချင်သေးလဲ …ရှင်က တော်တော် လူစိတ်မရှိတဲ့လူ ဖယ်.. လွှတ်…ကျွန်မကို … ရှင်ကလေ ရာထူးဂုဏ်သာ ကြီးမားတာ အရမ်းယုတ်ညံ့လွန်းတယ် လူယုတ်မာကြီး….”
“ယန်ရှီ မင်း သူများ သွေးထိုးစကားတွေကို မယုံကြည်စမ်းနဲ့ကွာ လာပါ ကိုယ်နဲ့ ပြန်လိုက်ခဲ့ စမ်းပါ…အဲ့ကိစ္စက သူပြောသလို ကိုယ်နဲ့ တကယ် ဘာမှ မပက်သက်ပါဘူး..ယုံစမ်းပါ..လာနော် ကိုယ်နဲ့ ပြန်လိုက်ခဲ့…”
“မလိုက်ဘူး.ကျွန်မကို.လွှတ်…လွှတ် ..ရှင်စွန့်ပစ်ခဲ့တဲ့ ကျွန်မကလေးကို ဒီနေ့ပဲ ကျွန်မ မရရအောင်ပြန်ရှာမယ်..”
“ယန်ရှီ မင်း ဒီလောက် လူအများကြားမှာ ငါ့အရှက်ကို ခွဲနေတာလား အဓိပ္ပာယ် မရှိတာတွေ မပြောစမ်းနဲ့ကွာ ဘာကို ငါက စွန့်ပစ်ရမာလဲ မင်းကွာ…လာပါ ငါနဲ့သာ ပြန်လိုက်ခဲ့စမ်းပါ..”
မြို့ဝင် /ထွက် ဂိတ်ဝနားတွင် သည်လောက် အော်ကြီးဟစ်ကျယ်ဖြင့် ငြင်းခုန်နေတာတောင် တပ်သားတွေက ဘာမှ မပြောပဲ ငြိမ်နေခြင်းကြောင့်
ဘာရယ်မဟုတ် မုန်းဘုရင် လှည့်ကြည့်လိုက်သည်…။
မနီးမဝေးမှ မြင်နေရသည့်
ထိုငြင်းခုန်နေသည့် လူနှစ်ဦးမှာ ဝမ်မြို့စားနှင့် ဝမ်ကတော်ပင် ဖြစ်သည်။ ထိုအဖြစ်ကြောင့် မုန်းဘုရင် မျက်ခုံးတွန့်လို့ အံ့ဩမိပေမယ့် အရေးကြီးတဲ့ မိမိကိစ္စကလဲ ရှိနေ၍ မြင်းပေါ်တတ်ရန် ပြင်ဆင်နေခြင်းကိုသာ အားစိုက် ထုတ်လိုက်သည်…။
အဟွန်းး..ထူးတော့ထူးဆန်းသား ဝမ်မြို့စားနဲ့ ဝမ်ကတော်မှာ ဘာတွေ ဒီလောက်အထိ အကြီးအကျယ် ပြဿာနာတတ်စရာ လျှို့ဝှက်ကိစ္စတွေများ ရှိနေလို့လဲ…
တွေးနေမိပေမယ့် ကိုယ်နှင့်မဆိုင်သည့် ကိစ္စရပ်မို့ ခေါင်းထဲမှ ထိုကိစ္စအား ထုတ်ပစ်လိုက်သည်…။
လမ်းခရီးမှာ တစ်ဝက်တောင် မကျိုးသေးပေ ၊ သို့သော်ရင်ထဲတွင် လွမ်းကျန်ရစ်သူ ရှောင်လုကိုပင် သတိရမိနေသည်…။
~~~~~~~~~~~~~
ကျွေ့သခင်မကြီး၏ ပြင်းထန်သော အမိန့်ကြောင့် အန်ဖောင်တို့ လူအုပ်ကြီး တစ်စုလုံး မြင်းကိုယ်စီဖြင့် မနေ့ညနေကတည်းက ခရီးဆက်လာရာ ယခုဆို ဟွမ်ကန်ရွာအနီးသို့ ရောက်လာနေပြီဖြစ်သည်…။
ထိုရွာနှင့် တဖြေးဖြေးနီးကပ်လို့ လာလေ အန်ဖောင်တစ်ယောက် ရင်တုန်ကာ ခြေဖျားလက်ဖျားများပင် အေးဆက်မိသည်…
သူ့ကိုယ်သူ ဘာတွေ ဖြစ်နေမှန်း သေချာဝေခွဲမရပေမယ့်
သေချာတာကတော့ အဒေါ်ကြီးကိစ္စကြောင့် ဖြစ်ဖို့များသည် …။
ယခုရွာရောက်တုန်း တစ်လက်စတည်း သူမအား ပါလာသမျှလေးနှင့် တင်တောင်းကာ လက်ထက်ယူလိုက်လျှင် ကောင်းမလားဟုပင် သူစိတ်ကူးယဉ်နေသည်…။
“ဟ..ဟ..ရပ်ရပ်..🐎ဟည်းးးး…”
ရုတ်တရက်ဟန့်တားလိုက်မှု အသံကြောင့် အန်ဖောင်တို့ လူအုပ်ကြီးမှာ မြင်းဟည်းသံတို့ဖြင့် ဆူညံသွားကြသည်…
ထိုနောက်ရပ်ဖို့ ပြောသည့် (…)အား လှမ်း အော်မေးလိုက်သည်…။
“(…) ဘာဖြစ်လို့ ဒီလိုရုတ်တရက်ကြီး ရိုက်ခိုင်းရတာလဲကွ ဒီမှာအနောက်မှာ အကုန်တိုက်ကုန်ပြီ ဆူညံနေတာပဲ…”
“ဟာဗျာ…အရှေ့မှာ အသုဘချနေတာထင်တယ်ဗျ…ရွာထု လူအုပ်ကြီးကမနည်းဘူး ဒါကြောင့် ဒီမြင်းတွေနဲ့ သွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး ဒါကြောင့်
ရပ်စောင့်ရင်စောင့် / မစောင့်ဘူး ၊ အချိန့်မနှောင့်နှေးချင်ဘူးဆိုရင်လဲ အားလုံးမြင်းပေါ်ကဆင်းပြီး အဲ့ အသုဘလူအုပ်ကြီးထဲ ဝင်တိုးကြတာပေါ့ ဘယ်လိုလဲ…”
အဘသုဘဆို၍ အားလုံးက မျက်ခုံးပင့်ကာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်…
ဟ ဘာလဲကွာ တိုက်ဆိုင်စရာရှားလို့ ငါတို့ ခရီးသွားလာနေချိန်နဲ့ အသုဘချတဲ့ အချိန်နဲ့မှ လာတိုက်ရတယ်လို့ကွာ..ကျွတ်..
စိတ်ထဲမှတွေးရင်း အန်ဖောင် စုတ်တစ်ချက်သပ်လိုက်သည်။..
“ဟေး…အားလုံးရဲ့ သဘောကရော ဘယ်လိုလဲကွ…”
ဩဇာပြင်းပြင်းဖြင့် မေးလိုက်သည့် အန်ဖောင်အသံကြောင့် အားလုံးသော လူအုပ်ကြီးမှ….
“ဆက်တိုးမယ်ဗျို့….”
“ဟုတ်တယ် မနှောင့်နှေးချင်ဘူး…”
“ဆင်းကြမယ် ဝင်တိုးကြမယ်…”
တစ်ယောက်တစ်ပေါက်ဆိုပေမယ့် တစ်ဦးနှင့်တစ်ဦးက အဖြေတွေ ထပ်တူကျနေတာကြောင့် အန်ဖောင်လဲ အားလုံးကို အမိန့်ပေးလိုက်သည်။…
“ကဲ ဒါဆိုလဲ အားလုံးမြင်းပေါ်ကဆင်းကြ အသုဘ လူအုပ်ထဲက တိုးဖြတ်ကြစို့ ….”
“ “ “ ဟုတ်ကဲ့ အစ်ကိုကြီး “ “ “
(…)ပြောသည့် အတိုင်းပင်…
အသုဘလူအုပ်ကြီးမှာ မနည်းမနောပင်…အနက်ရောင် ဝတ်စုံတို့ဖြင့် မဲမဲကျုတ် လိုက်ပို့ကြသည့် အားလုံးသော လူတွေရဲ့မျက်နှာတွေက လုံးဝ ညိုးကျကာ ငိုယိုထားလွန်းလို့ မျက်လုံးတွေကော/နှာခေါင်းတွေပါ နီရဲနေကြသည်…။
ဘယ်သူ့အသုဘမလို့လဲကွာ ဒီလောက်မနဲမနော စည်ကားနေရတာ ကြည့်ပါဦး ဘယ်လို ဖြတ်ကြရမာလဲ
အန်ဖောင် စိတ်ထဲမှ ညည်းတွားလိုက်ရင်း ထိုလူအုပ်ကြီးထဲသို့ သူဦးဆောင်ကာ အရင်ဖြတ်လိုက်သည်။….
အလိုက်ကန်းဆိုးမသိ ဇွတ်ကြားဖြတ်နေသည့် သူတို့ လူအုပ်စုကြောင့် ရွာသူ /ရွာသားတို့မှာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပြီး ထိုလူအုပ်ထဲမှ တစ်ဦးသော သူမှ….
“ဟ…ဒီမှာ အသုဘချနေတယ်လေ မမြင်ကြဘူးလား…
နည်းနည်းပါးပါး လူကုန်အောင်စောင့် ပြီးမှ ဖြတ်လေ ဘာလို့ ဒီလို ဇွတ်ကြားဖြတ်နေရတာလဲ…လူလိုနားမလည်တဲ့ လူ့ငနွားတွေရဲ့…”
“ဘာ…”
ဘာကနဲနေအောင် အန်ဖောင် ဒေါသတွေက အထွဋ်ထိပ်သို့ ရောက်သွားသည်…
သူတို့ကို လူ့ငနွားလို့ ပြောလာသည့် ကောင်မလေး၏ လည်ပင်းမှ အင်္ကျီ စအား စောင့်ဆွဲယူကာ အံ့ကြိတ်သံဖြင့်
“နင်က ဘာမလို့ ငါတို့ကို လူ့ငနွားလို့ပြောရဲရတာလဲ နင်က ဘာကောင်မ မလို့လဲ…ဖြောင်း…”
ဖြောင်းကနဲ ပိတ်ရိုက်ချလိုက်သည့် အန်ဖောင်ကြောင့် အသုဘရှိ ရွာသူ/ရွာသားများအားလုံး ဆူဆူညံညံအသံများ ထွက်လာကြသည်။….
ပိတ်ရိုက်ခြင်းခံလိုက်ရသည့် ကောင်မလေးမှာ အန်ဖောင်အား စူးရဲစွာ စိုက်ကြည့်ကာ မကျေနပ်မှု မျက်လုံးများဖြင့် အရှေ့သို့ တိုးကပ်လာသည်…
ထိုကောင်မလေးလုပ်ရပ်ကြောင့် အန်ဖောင် ကြောင်အသွားသည် ။
ကြောက်ပြီး နောက်မဆုတ်တဲ့အပြင်
ရှေ့တောင် ထက်တိုးလာခြင်းကြောင့်
ထိုကောင်မလေးအား အန်ဖောင် နောက်တစ်ချက် ထက်ရိုက်ပစ်လိုက်သည်
“ဟာကွာ ဒီကောင်မနဲ့ ဖြောင်းး…”
၂ချက်လောက် ရိုက်ခံရသည့် သမီးဖြစ်သူကြောင့် အမေဖြစ်သူမှာ ငိုယိုလို့ လူအုပ်ကြီးကြားထဲမှ တိုးလို့ ပြေးလာကာ…
“သမီးလေး…သမီးလေးဘာတွေလုပ်နေတာလဲ သမီးလေးနဲ့ အားအင်မမျှတဲ့ ဒီလို လူမိုက်တွေကို ဘာလို့ မကြောက်မလန့်နဲ့ အနာခံပြီး ဇွတ်တိုးနေရတာလဲ ကွယ် ဟီး ဟီးဟီး..”
အမေဖြစ်သူမှ ဘေးနားလာငို၍ ထိုကောင်မလေးမှာလဲ မိခင်အားပွေ့ဖက်လို့ ငိုလိုက်သည်
“ဒီလူဆိုးကောင် ရိုက်လို့နာတဲ့ အနာထက် အခုသမီးရင်ထဲမှာ မမအတွက်နာကြင်ရလို့ နာတဲ့အနာကပို ဆိုးတယ်မေမေရဲ့ ဟီးဟီး ဟီး…. မမရယ် ဘာကြောင့်လဲ ဘာအကြောင်းကြောင့်မို့ ဒီလိုမျိုး ထားခဲ့ပြီးထွက်သွားရတာလဲ ဟီးဟီး”
“မေမေ နားလည်ပါတယ် သမီးရယ် မေမေလဲ နားလည်ပါတယ် ဟီးဟီးး…”
တစ်ဦးကိုတစ်ဦး ဖက်တွယ်လို့ ငိုနေကြသည့် သားမိနှစ်ယောက်ကို ကြည့်ကာ အန်ဖောင် စိတ်တွေရှုပ်လာသည်
“ဟာကွာ…ဘာတွေမှန်းကိုမသိဘူး ကျက်သရေမရှိတဲ့ အသုဘနဲ့ တွေ့ပြီး ကျက်သရေမရှိ ငါ့ရှေ့မှာလာငိုနေတယ်…တောက်…”
“ဝုန်းးး…..”
“အားး…အမလေး အလောင်းကြီး ထွက်ကျလာပြီ…”
“(…) နဲ့ (…)ဘယ်ဖြစ်တာလဲ”
ရွာသူကြီးမှ လှမ်းအော်မေးလိုက်သည်
“ဟာ ကျုပ်တို့လဲ မသိဘူး ရုတ်တရက်ကြီး အခေါင်းကြီးက လှုပ်လာသလိုလို ဖြစ်ပြီး ထမ်းထားတာကနေ ပြုတ်ကျသွားတာပဲ…”
ထို အဖြစ်ကြောင့် လူအားလုံးမှာ သဲထိန့်ရင်ဖို ဖြစ်သွားကြပြီး
အန်ဖောင်လဲ အပါအဝင်ဖြစ်သည်
သို့ပေမယ့် ထွက်ကျလာသည့် အလောင်းအား ကြည့်လိုက်ရာ….
ဖြူဖက် ပြာနန်းနေပြီး နှုတ်ခမ်းထောင့်မှ သွေးစအနည်းငယ် စီးကျထားပုံရသည့် အမျိုးသမီးတစ်ဦး…
ထိုအမျိုးသမီး၏ လည်ပင်းတွင်လဲ ညိုပုတ်နေသည့် အဝတ် ကြိုးကွင်းရာ ကြီးက ရှိနေသည်
မျက်လုံး အစုံပြူးကျယ်သွားပြီး အံ့ဩမှု/ထိန့်လန့်မှု/ဝမ်းနည်း နာကြင်မှု ထိုအချင်းရာတွေက ရင်ထဲမှာ ဆို့တတ်လို့ ပြည့်လာသည်
ဟာ…ဘ…ဘယ်လို ဖြစ်ရတာလဲ အဒေါ်ကြီး…
“ဟင် အကိုကြီး…အကိုကြီး အဲ့ ..အဲ့ သူ သူမက….”
ထိုအမျိုးသမီးကို အန်ဖောင်တို့ လူတစ်စုလုံး ကောင်းကောင်းကြီး သိနေကြသည်
အမျိုးသမီး၏ အဖြစ်ကြောင့် မယုံကြည်နိုင်အောင်ပင် အံ့ဩနေကြရသည်…
အရှေ့တွင် ပိတ်ရပ်နေသည့် လူများကို တွန်းဖယ်ကာ အသက်မရှိတော့သည့် အဒေါ်ကြီးလက်အား သူဆွဲယူ ကိုင်မိသည်
မျက်ရည်တွေကလဲ လူကြမ်းတန်မဲ့ ထူးဆန်းစွာ ကျဆင်းနေသည်
အားလုံးသော လူတို့၏ အံ့ဩမှု အကြည့်တွေက သူစီမှာသာရှိနေကြသလို လူဆိုး/လူမိုက်မှန်း သိသာပုံထောက်သည့် အန်ဖောင်ကြောင့် ဘယ်သူမှ ပါးစပ်မဟရဲ/အပြောရဲကြချေ….
ရွာသူကြီးမှာလဲ လက်နက်အစုံအလင်နှင့် မနည်းမနောသည့် အန်ဖောင်တို့ လူစုကြီးကြောင့် ဘာမှ မပြောရဲပဲ ကြောက်ရွံ့ကာ မတုန်မလှုပ်ဖြစ်နေသည်…
သူရဲကောင်းလုပ်ကာ ကြားဝင်လိုက်လျှင် သူတို့လက်ထဲရှိ ဓားတွေက ကိုယ့်လည်ပင်းကို အချိန်မရွေးဖျတ်ပစ်နိုင်သည် ထို့ကြောင့် ရွာသူကြီးမှာလဲ မလှုပ်မယှက်ပင်…
ထိုစဉ်…
“ရှင်ဒါဘာလုပ်တာလဲ ဖယ်…ကျွန်မ အစ်မကို မထိနဲ့ လူဆိုးကောင်….”
“ဟာ …ဖယ်စမ်းပါ…”
တွန်းထုတ်နေသည့် ဝေရင်လက်တွေကြားမှ ရုန်းလိုက်ပြီး အေးစက် တောင့်တင်းနေတဲ့ အဒေါ်ကြီးရဲ့ ကိုယ်လေးအား မယူကာ ရင်ခွင်ထဲ ထည့်ထားမိသည်….
ဟင် …ဒီလူဆိုးကောင်က အစ်မနဲ့ ဘယ်လို ပက်သက်နေလို့လဲ
လူဆိုးကောင် ဒီလို ဖြစ်နေပုံထောက်ရင် အစ်မနဲ့ သူနဲ့ကြားမှာ မရိုးသားတဲ့ ပက်သတ်မှုကြီး ရှိရမယ် သေချာတယ် အဲ့ဒါဘာလဲ….
“ဒီမှာ ရှင်နဲ့ ကျွန်မ အစ်မက ဘယ်လိုတွေ ပက်သက်မှုရှိနေလို့ ဒီလောက်အထိ ဖြစ်နေရတာလဲ…ဖယ်..လွတ်စမ်းပါ ကျွန်မ အစ်မကို….လူဆိုးကောင်
လူယုတ်မာကောင်…”
ဘေးမှ ဇွတ် အတင်း လုယူကာ တွန်းဖယ်နေသည့် ဝေရင်ကြောင့် အန်ဖောင် ငိုနေရင်းမှ အံ့ကြိတ်လိုက်သည်…
ထို့နောက် ကျောတွင် လွယ်ထားသည့် ဓားအိမ်မှ ဓားကို ဆွဲထုတ်ယူရန် ပြင်လိုက်သည်..ဖက်ကနဲ ဆိုသလို ပခုံးပေါ်သို့ အကြောများ ထောင်ထနေသည့် သန်မာသော လက်တစ်ဖက် ရောက်လာကာ..
“အကိုကြီး….”
ထိုသူက သူ့ကို မလုပ်နဲ့ ဟု ပုံစံဖြင့် ခေါင်းခါရန်း ပြလိုက်သည်
“အကိုကြီး ခံစားချက်ကို ကျွန်တော်တို့ အားလုံး နားလည်ပါတယ်…
ဒါပေမယ့် သခင်မကြီး ခိုင်းထားတဲ့ အရေးကြီးတဲ့ ကိစ္စကလဲ ရှိသေးတယ် မလား…ဒါကြောင့် ကျွန်တော်တို့ ရှေ့ကို အမြန် ခရီးဆက်မှ ဖြစ်မယ် အကိုကြီး….”
ထိုစကားကြောင့် တစ်ချက်မျှတွေဝေကာ အသက်မဲ့နေသည့် အဒေါ်ကြီးရဲ့ မျက်နှာအား စိုက်ကြည့်မိသည်
စီးကျနေသည့် မျက်ရည်တွေကို လက်ခုံဖြင့် ပွတ်သုတ်ဖယ်ရှား လိုက်ရင်း ထပ်မငို မိအောင် စိတ်တင်းထားလိုက်သည်
ထို့နောက် အသက်မဲ့နေတဲ့ အဒေါ်ကြီးရဲ့ ခန္ဓာကိုယ်ကို ပွေ့ချီယူကာ အခေါင်းထဲသို့ နေရာတကျ ဖြစ်အောင် ပြန်ထည့်ပေးလိုက်သည်….
တောင်းပန်ပါတယ်…
ကျုပ်တောင်းပန်ပါတယ် …
အဒေါ်ကြီးက ကျုပ်ရဲ့ မတရားကြံစည်မှုကို လက်သင့် မခံဖြစ်လို့
ဒီလို အခြေအနေထိ ဖြစ်သွားခဲ့တယ်ဆိုရင် ကျုပ် အဒေါ်ကြီးကို များစွာတောင်းပန်ပါတယ် …ဒါပေမယ့် ကျုပ် အဒေါ်ကြီးကို ချစ်တယ်…
ကောင်းကောင်းမွန်မွန် သွားပါ အဒေါ်ကြီး ကျုပ်အမှားတွေအတွက် တောင်းပန်ခဲ့ပါတယ်….
စိတ်ထဲမှ တောင်းပန်စကားပြောကာ လာခေါ်နေသည့်(…)နှင့်အတူ အန်ဖောင်တို့ လူစုကြီးမှာ အသုဘလူအုပ်ကြီးထဲမှ အမြန်ဆုံး တိုးထွက်သွားတော့သည် ….
လူဆိုးကောင် ဒီလို ဖြစ်နေပုံထောက်ရင် အစ်မနဲ့ သူနဲ့ကြားမှာ မရိုးသားတဲ့ ပက်သတ်မှုကြီး ရှိရမယ် သေချာတယ် အဲ့ဒါဘာလဲ….
“ဒီမှာ ရှင်နဲ့ ကျွန်မ အစ်မက ဘယ်လိုတွေ ပက်သက်မှုရှိနေလို့ ဒီလောက်အထိ ဖြစ်နေရတာလဲ…ဖယ်..လွတ်စမ်းပါ ကျွန်မ အစ်မကို….လူဆိုးကောင်
လူယုတ်မာကောင်…”
ဘေးမှ ဇွတ် အတင်း လုယူကာ တွန်းဖယ်နေသည့် ဝေရင်ကြောင့် အန်ဖောင် ငိုနေရင်းမှ အံ့ကြိတ်လိုက်သည်…
ထို့နောက် ကျောတွင် လွယ်ထားသည့် ဓားအိမ်မှ ဓားကို ဆွဲထုတ်ယူရန် ပြင်လိုက်သည်..ဖက်ကနဲ ဆိုသလို ပခုံးပေါ်သို့ အကြောများ ထောင်ထနေသည့် သန်မာသော လက်တစ်ဖက် ရောက်လာကာ..
“အကိုကြီး….”
ထိုသူက သူ့ကို မလုပ်နဲ့ ဟု ပုံစံဖြင့် ခေါင်းခါရန်း ပြလိုက်သည်
“အကိုကြီး ခံစားချက်ကို ကျွန်တော်တို့ အားလုံး နားလည်ပါတယ်…
ဒါပေမယ့် သခင်မကြီး ခိုင်းထားတဲ့ အရေးကြီးတဲ့ ကိစ္စကလဲ ရှိသေးတယ် မလား…ဒါကြောင့် ကျွန်တော်တို့ ရှေ့ကို အမြန် ခရီးဆက်မှ ဖြစ်မယ် အကိုကြီး….”
ထိုစကားကြောင့် တစ်ချက်မျှတွေဝေကာ အသက်မဲ့နေသည့် အဒေါ်ကြီးရဲ့ မျက်နှာအား စိုက်ကြည့်မိသည်
စီးကျနေသည့် မျက်ရည်တွေကို လက်ခုံဖြင့် ပွတ်သုတ်ဖယ်ရှား လိုက်ရင်း ထပ်မငို မိအောင် စိတ်တင်းထားလိုက်သည်
ထို့နောက် အသက်မဲ့နေတဲ့ အဒေါ်ကြီးရဲ့ ခန္ဓာကိုယ်ကို ပွေ့ချီယူကာ အခေါင်းထဲသို့ နေရာတကျ ဖြစ်အောင် ပြန်ထည့်ပေးလိုက်သည်….
တောင်းပန်ပါတယ်…
ကျုပ်တောင်းပန်ပါတယ် …
အဒေါ်ကြီးက ကျုပ်ရဲ့ မတရားကြံစည်မှုကို လက်သင့် မခံဖြစ်လို့
ဒီလို အခြေအနေထိ ဖြစ်သွားခဲ့တယ်ဆိုရင် ကျုပ် အဒေါ်ကြီးကို များစွာတောင်းပန်ပါတယ် …ဒါပေမယ့် ကျုပ် အဒေါ်ကြီးကို ချစ်တယ်…
ကောင်းကောင်းမွန်မွန် သွားပါ အဒေါ်ကြီး ကျုပ်အမှားတွေအတွက် တောင်းပန်ခဲ့ပါတယ်….
စိတ်ထဲမှ တောင်းပန်စကားပြောကာ လာခေါ်နေသည့်(…)နှင့်အတူ အန်ဖောင်တို့ လူစုကြီးမှာ အသုဘလူအုပ်ကြီးထဲမှ အမြန်ဆုံး တိုးထွက်သွားတော့သည် ….
အသုဘလူအုပ်ကြီးမှာ သူတို့လူစုအား ကြည့်၍ နားမလည်နိုင်စွာ တီးတိုးသံများဖြင့် ကျန်ရစ်ခဲ့ကြသည်။…
ဝေရင်နှင့် သူမ၏ အမေမှာလည်း လူထွား အန်ဖောင်ကြောင့် နားမလည်နိုင်မှု များစွာဖြင့် လူအုပ်ကြီးထဲတွင် ရပ်ကျန်နေခဲ့သည်၊ အစ်မဖြစ်သူ / သမီးဖြစ်သူ ဘာအကြောင်းကြောင့် စိတ်ဆင်းရဲကာ အဆုံးစီရင် သွားရသလဲ ဆိုတာကိုပင် မသိလိုက်ရသည့် သူတို့ အဖြစ်က အတော်ကို သနားစရာပင်…
ဒေါ်လေးခမ် အဆုံးမစီရင်မှီ မိသားစုအတွက် ဆုမွန်ကောင်းတွေနဲ့ စာတစ်စောင်ချန်ထားခဲ့သည်…
ဘယ်အကြောင်းကြောင့် စိတ်ဆင်းရဲကာ အဆုံးစီရင်သွားရသည် ဟူသည့် စာကတော့ ပါမလာပေ..
မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်နေတာကြောင့် ရွာသူကြီးမှာလဲ ထွေထူး စစ်ဆေးမှုတွေ လုပ်မနေတော့ပဲ အမြန်ဆုံး အသုဘချကာ မြေမြှုပ်ရန်သာ အကြံပြုခဲ့ခြင်းဖြစ်သည်….
~~~~~~~~~~~~~~~
သားတော်နှင့် လက်ထက်ပြီးသည်က ၃ရက်မျှ ကြာပြီဖြစ်တဲ့ ရှောင်လု၏ နန်းဆောင်တော် စီသို့ ဖန်မိဖုရားခေါင်ကြီးရဲ့ ခြေလှမ်းတွေက ဦးတည်နေသည်…။
သူမက ရှောင်လုကို အမြင်မကြည်ပေမယ့် ဗိုက်ထဲက ကလေးကိုတော့ ကြည်သည် ပြောရမလားပင်….
မြေးဆိုတဲ့ အသိလေးနဲ့ပင် သူမစိတ်ထဲ ကြည်နူးနေမိသည်…။
နိမ့်ကျသည့် သွေးပါသော်လည်း နဂိုကတည်းက သားတော်အား လက်ထက်စေကာ မြေးလိုချင်နေသည့် သူ့အဖို့ကတော့ ရှောင်လုဗိုက်ထဲက ကလေးလေးက ရတနာတစ်ပါးလိုပင်…
အခုလည်း သူမလက်ထဲရှိ တစ်ဖဝါးစာမျှရှိသည့် ရွှေကြုတ်ဘူးထဲတွင် ကိုယ်ဝန်ဆောင် မိခင်သည်တွေအတွက် အထူးကောင်းမွန်သည့် ဆေးတစ်မျိုးကို ရှောင်လုကို ပေးသောက်ရန်ယူလာခြင်းပင်….။
လောကထဲပင် မရောက်သေးသည့် မြေးလေး၏ အနာဂတ်ကို တွေးကြည့်ယုံလေးဖြင့် သူမပြုံးနေသည်…။
ထိုစဉ်…
“မယ်တော် မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်…”
ထောင့်ချိုးတစ်နေရာမှ ချိုးကွေ့ကာ
ဂါရဝပြု နှုတ်ဆက်လာသည့် မင်းသမီးရုန်ဟွာကြောင့် လှမ်းနေသည့် ခြေလှမ်းများက တုန့်ဆိုင်းကာ ရပ်တန့်သွားသည်။…
မိဖုရားခေါင်ကြီးသွားမည့် လမ်းအား ရုန်ဟွာ အရှေ့မှ ပိတ်ရပ်လိုက်ကာ
“မယ်တော် မိဖုရားခေါင်ကြီး…
အဘယ်သို့များ ကြွမြန်းတော်မူမလို့ပါလဲ ဖုရား….”
မနာလို ဝန်တိုမှုတို့ကြောင့် မပြုံးနိုင်ဖြစ်နေသည့် နှုတ်ခမ်းအား ဇွတ်ကွေးညွှန့်လို့ ပြုံးကာ ပြောလိုက်သည်..။
ရိုးစွာမေးသည် အထင်နှင့် မိဖုရားခေါင်ကြီးမှာလဲ သူမအမေးအား ပြန်ဖြေလိုက်သည်…။
“အဟွန်း.. သားတော်ဖိန့်ရဲ့ ဖိဖုရားရှောင်လုစီကို အကြောင်းကိစ္စ တစ်ခုရှိနေလို့ မယ်တော် ကြွမြန်းမလို့ပါကွယ်…”
“အကြောင်းကိစ္စ …ဟို ဘာအကြောင်းကိစ္စများလဲ မယ်တော်မိဖုရားခေါင်ကြီး ဖုရား…ကျွန်တော်မျိုးမ သိခွင့် ရှိနိုင်မလား ဖုရား…”
“အကြောင်းက ဘာရယ်မဟုတ်ပါဘူး.ကွယ်.ဒါလေး သူ့အတွက် သွားပေးမလို့ပါ..”
လက်ထဲရှိ ရွှေကြုတ်ဘူးလေးအား ပင့်ပြလိုက်၍ ရုန်ဟွာ ထိုပစ္စည်းအား စူးစိုက်လို့ ကြည့်မိသည်…
အဲ့ထဲမှာ ဘာပစ္စည်းများလဲ…
မယ်တော်ကြီးက ဘာလို့ သူ့ကို တကူးတကအနေနဲ့ ဒီပစ္စည်းကို လာပေးရတာလဲ..ဟွန်း..သေချာတာကတော့ အဲ့ကြုတ်ဘူးထဲမှာ အရမ်းအဖိုးတန်တဲ့ ပစ္စည်းရှိကိုရှိနေရမယ် ငါအရမ်းသိချင်တယ် အဲ့ဒါဘာလဲဆိုတာ…
ဒါပေမယ့် မယ်တော်ကြီးကို ဖွင့်ပြခိုင်းရင် ငါရိုင်းရာကျမယ် ဒီတော့ ငါပါ တစ်ခါတည်း မယ်တော်ကြီးနဲ့ အတူ ကချေသည်မစီကို လိုက်သွားရမယ်…
ဟင့် ဒါမှ ငါသိရမှာပေါ့…
“အဟင်း…မယ်တော်မိဖုရားခေါင်ကြီး..မိဖုရားစီကို ကြွမယ်ဆိုတော့ အတော်ပဲ ဖုရား ကျွန်တော်မျိုးမလဲ သူ့စီကို မင်းကြီးနဲ့လက်ထက်ပြီးကတည်းက အခုထိ တစ်ခါမှ မရောက်ဖြစ်သေးဘူး ဖုရား ကြုံတုန်းဆုံတုန်းလေး စကားဝိုင်းလေး ဖွဲ့ချင်သေးတယ် ဖုရား..အဟွန်း..သူက ဘယ်လိုပဲ အဆင့်တန်းနိမ့်ကျ နိမ့်ကျ အခုချိန်မှာ မင်းကြီးရဲ့ မိဖုရားဖြစ်နေပြီဆိုတော့
ကျွန်တော်မျိုးမကလဲ အစဉ်အလာတိုင်း သူ့ကို ရိုရိုသေသေ ဆက်ဆံရတော့ မှာပဲဖုရား ဒါကြောင့် မယ်တော်မိဖုရားခေါင်ကြီး ခွင့်ပြုလျှင် ကျွန်တော်မျိုးမလဲ အတူ သူမစံမြန်းရာ နန်းဆောင်တော်သို့ ကြွမြန်းလိုက်ခဲ့ချင်ပါတယ် ဖုရား…”
နောက်မှ တစ်ယောက်တည်း သီးသန့် ကြွလို့ ရရဲ့သားနှင့် မိဖုရားခေါင်းကြီးနှင့် အတူ သေချာတမင်ကြွခြင်းမှာ
ရွှေကြုတ်ဘူးထဲမှ ပစ္စည်းကိုလည်း သိချင်သလို မယ်တော်ကြီးနှင့် ရှောင်လု၏ ဆက်ဆံရေးအခြေအနေကိုလဲ သူမ သိချင်၍ ဤသို တမင်လုပ်ခြင်းပင်…
“အိုး…ရတာပေါ့ကွယ် ရတာပေါ့…ဒါဆို အတူ နန်းဆောင်တော်ကို ကြွမြန်းစို့လေကွယ်…”
“ဟုတ်ကဲ့ပါ မယ်တော်မိဖုရားခေါင်ကြီး…”
မျက်နှာအား အကွယ်နေရာဘက်သို့ လှည့်ကာ ညစ်ကျယ်စွာပြုံးရင်း…
မိဖုရားခေါင်ကြီး၏ အနောက်မှ ဖြေးဖြေးချင်းလျှောက် လိုက်သွားလိုက်သည်….
~~~~~~~~~~~~~~~~
ချောင်အန်းတစ်ယောက် မင်းကြီးက စောင့်လျှောက်ပေးရန် လွှတ်လိုက်ခြင်းကြောင့် ရှောင်လု စံမြန်းရာ နန်းဆောင်တော်သို့ ရောက်လာခဲ့သည်…။
လျောရှူစွာ အဆောင်တွင်းသို့ ဝင်သွားလိုက်ပေမယ့် အခန်းဝနားသို့ ရောက်တော့ သက်ပြင်းရှည်ကြီးချကာ
စိတ်ကို ပြင်ဆင်လိုက်သည် ….
“မိဖုရားရှောင်လု ကျွန်တော်မျိုး ချောင်အန်း ရောက်နေပါတယ် …”
“ဟုတ်…ဟုတ်ကဲ့ ဝင်ခဲ့ပါ အစ်ကိုချောင်အန်း…”
ခွင့်ပြုချက်ရသည်မို့ ချောင်အန်းလဲ အခန်းတံခါးဖွင့်ကာ ဝင်သွားလိုက်သည်။
ခုံနှစ်ခုံဆင့်ကာ အမြင့်တွင် တင်နေသည့် ပုဝါစလေးအား မမှီမကမ်းဖြင့် လှမ်းယူနေသည့်သူမ…
တဖြေးဖြေး ခန္ဓာကိုယ်၏ တုန်ခါမှုနှင့် ဟန်ချက်မညီမှုတို့ကြောင့် ဆင့်ထားသည့် ခုံမှာ ယိုင်နဲ့လာသည်
ချောင်အန်းတစ်ယောက် ထိုအခြေအနေကို စူးစိုက်ကြည့်ကာ စိုးရိမ်တကြီး ကြည့်နေမိစဉ်မှာပင်…
“ဟင်!..မိဖုရားရှောင်လု…သတိထားး…”
“ဟင်!..အဲ..အားး…”
ဆင့်ထားသည့် ခုံမှာ ဟန်ချက်မညီပဲ ယိမ်းယိုင်ကာ ပြုတ်ကျသွားခြင်းကြောင့် ရှောင်လုမှာလည်း ခုံပေါ်မှချော်ကာ ပြုတ်ကျသွားတော့သည်
“အင့်!…”
အိကနဲဆိုသလို နွေးထွေးသည့် ရင်ခွင်ကျယ် တစ်ခုတည်းသို့ ပြိုလှဲကျသွားသည်။
“ဒုန်းး….”
“အားးး…”
“ဟင်..အစ်ကိုချောင်အန်းး…”
သူမကတော့ အကျမနာပေမယ့် ချောင်အန်းကတော့ မလွယ် အတော်အကျနာသလို ပြုတ်ကျသည့် ခုံမှာလည်း သူ၏ ဒူးခေါင်းထက်တွင် ပိနေသည်…။
ကုန်းရုန်းလို့ထကာ ကြည့်မိတော့ စောင်းနှင့် ကျ၍ ထင်သည် ဒူးအထက်နားရှိ အဝတ်စတွင် သွေးဆို့နေခြင်းကို မြင်လိုက်ရသည်
“ဟင်!…အစ်ကိုချောင်အန်း..ဒူး..ဒူးအထက်မှာ သွေးထွက်နေတယ် …”
ဒူးအထက် ပိမိနေသည့် ခုံအား အမြန်ဖယ်ပေးလိုက်ပြီး ရင်ထဲ ထူပူကာ စိုးရိမ်သွားမိသည် …
ချောင်အန်းဒီလို ဖြစ်ရတာဟာ သူမရဲ့ အပြစ်မကင်းချေ…
“အစ်ကိုချောင်အန်း…အစ်ကို ချောင်အန်း ရ..ရရဲ့လား ဟင်…”
လူကို ထိကာ လှုပ်ပြောလိုက်ခြင်းကြောင့် နာကြင်လွန်းလို့ ချောင်အန်းစီမှ ညည်းသံထွက်လာသည်…။
“အား…ကျွတ်…ကျွတ်..”
“အို…မဖြစ်ပါဘူး ဒီလိုဆို…”
“ကူညီပါဦး အပြင်မှာ ဘယ်သူရှိလဲ / အပြင်မှာ ဘယ်သူရှိလဲ ၊ အစောင့်တွေ / နန်းတွင်းသူတွေ ရှိကြလား ရှိနေရင် ဒီထဲကို တစ်ယောက်ယောက် ဝင်ခဲ့ပေးပါဦး..”
အစောင့်တပ်သားများမှာ အလဲ့ကျတာဝန်ချိန် လဲလှယ်စဉ်မို့ မရှိဖြစ်နေကြသည်။ ထို့ကြောင့် သူမ အသံလေး မဆုံးသေး နန်းတွင်းသူလေး တစ်ဉီးသာ အခန်းတွင်းသို့ အလျင်စလို ဝင်လာခဲ့သည်…
“မိဖုရား အစောင့်တပ်သားတွေက တာဝန် အလဲ့ကျ လူချိန်းနေတာမလို့ မရှိသေးပါဘူး ဘာများ ဖြစ်လို့ပါလဲ…”
“ဒီမှာ ထိခိုက်မိသွားလို့ ဆေးသမားတော် အမြန်ဆုံး ခေါ်ခဲ့ပေးပါ…”
“ဟုတ်..ဟုတ်ကဲ့ မိဖုရား..”
“ဟေး..ဟေး…ရပ်လိုက်…”
အလျင်စလို ထွက်သွား ခေါ်ရန် ပြင်လိုက်သည့် နန်းတွင်းသူလေးအား
နာကြင်နေသည့် ကြားမှ လှမ်းတားကာ ရှောင်လုဘက်သို့ လှည့်ကြည့်လိုက်သည်…
နာကြင်မှု ဒဏ်ကြောင့် အံလေးကြိတ်ထားရကာ…
“မိဖုရား ရှောင်လု…ကျွန်တော်မျိုးလို အမှုထမ်းတစ်ဦးအတွက် ဘုရင့်ရဲ့ မိဖုရားစံမြန်းရာ အဆောင်မှာ သမားတော် ခေါ်ပင့် ပြခြင်းသည် နန်းတွင်းစည်းမျဉ်းအရ လုံးဝ မသင့်တော်ပါဘူး မိဖုရားရှောင်လု ဒါကြောင့် ကျွန်တော် မျိုး ဘာသာပဲ သမားတော်စီသို့ သွားလိုက်ပါ့မယ်…”
“အို ဟင့်အင်း…မဟုတ်တာပဲ …
ဒူးအထက်က ဒဏ်ရာက နာနေတာလေ ဘယ်လို လုပ်ပြီး ကိုယ့်ဘာသာကိုယ် သမားတော်စီ သွားနိုင်မှာလဲ…
ဟို…ဒီလိုလုပ်လေ ဒီကနန်းတွင်းသူလေးနဲ့ ရှောင်လုက အစ်ကိုချောင်အန်းကို တွဲပို့ပေးမယ်လေနော်….”
“ဟုတ်ကဲ့ မိဖုရား ကျွန်တော်မျိုးမ နဲ့အတူ အဲ့လိုတွဲကူ ပို့လဲ ရတာပါပဲ.ဖုရား.
ဒါပေမယ့် အဲ့လိုက မိဖုရားအတွက် မသင့်တော်လှပါဘူး ဖုရား..”
“ကဲ…ဒီချိန်မှာ သင့်တော်တာတွေ မသင့်တော်တာတွေက အရေးမကြီးပါဘူး ထိခိုက်မိထားတဲ့ သူကပဲ အရေးကြီးတယ် လာ …လာကူ ပေး…”
နန်းတွင်းသူလေးရဲ့ ပြောစကားကို ချောင်အန်း ထောက်ခံကာ ငြင်းဆန်ချင်ပါသော်လည်း သူ့အခြေအနေမှာ အတော်အီကာ နာကြင်နေပြီဖြစ်သည်…
ထို့ကြောင့် ရှောင်လု ပြောသည့် စကားအတိုင်းသာ သဘောတူလိုက်ရသည်..။
“ဟင်…ဟိုမှာ ကြည့်ပါဦး မယ်တော်မိဖုရားခေါင်ကြီး …”
ရုန်ဟွာရဲ့ လက်ညိုးညွှန်ပြမှုကြောင့် ကြည့်လိုက်ရာ…
မည်သူမည်ဝါကို တွဲကူပေးနေမှန်း မသိရပေမယ့်…
ပခုံးပေါ် လက်ချိတ်ကာ ကူတွဲပေးနေသည်က ရှောင်လုမှန်းတော့ သေချာသည်…။
“ဟွန့် ..ကြည့်ပါဦး မယ်တော်မိဖုရားခေါင်ကြီး…ဒီမြင်ကွင်းဟာ သင့်တော်ပါရဲ့လား…
ဘုရင့်မိဖုရားတစ်ပါး လုပ်နေပြီး…
ကျင့်ဝတ်နဲ့ မညီဒီလို လုပ်နေတာက မင်းကြီးကိုရော / မယ်တော်မိဖုရားခေါင်ကြီးကိုပါ သိက္ခာကျ ထိပါးစေပါတယ် ဖုရား…”
မျက်မှောက်ကျုံ့ကာ အလိုမကျဟန်ဖြင့် ဒေါသဖြစ်သွားရပြီး…
“ခလွှမ်း…”
လက်ထဲရှိ ကြုတ်ဘူးလေးအား ပစ်ချ ပြစ်လိုက်သည်…
ရုန်ဟွာ ထိုအသံကြောင့် တွန့်ကနဲလန့် သွားရပေမယ့် မိဖုရားခေါင်ကြီးရဲ့ ဒေါသဖြစ်နေသည့် အနေအထားကို ကြည့်ကာ သဘောကျနေသည်။
“အားလုံးပဲ ငါစံမြန်းရာ နန်းဆောင်ကို အခုပဲပြန်ကြွမယ်…”
နောက်မှ လိုက်ပါလာသည့် မောင်းမတော်များအား လှမ်းပြောလိုက်သည်
ထို့နောက် မင်းသမီးရုန်ဟွာ ဘက်သို့ ပြန်လှည့်ကြည့်ကာ
“အဟင်း…မင်းသမီး ရုန်ဟွာကိုတော့ အားနာမိတယ်ကွယ် မယ်တော် ဒီနေ့ သူ့စီကြွရမှာ စိတ်မပါတော့ဘူးကွယ်..ဒါကြောင့်..မယ်တော် နန်းဆောင်စီကိုပဲ ပြန်ကြွမြန်းတော့မယ်…”
“ဟို..မဟုတ်တာ ရုန်ဟွာကို အားနာစရာမလိုပါဘူး ..မယ်တော်မိဖုရားခေါင်ကြီး သဘောအတိုင်းပါပဲ..ရုန်ဟွာက ဘာမှ မဖြစ်ပါဘူး ဖုရား…”
“ကောင်းပါပြီကွယ်…”
ပြုံးပြ ခေါင်းညိမ့်ကာ
ချာကနဲ နေရာမှ လှည့်ထွက်လိုက်ပြီး လက်ကို ကျစ်နေအောင် စုပ်ထားမိနေသည့် မိဖုရားခေါင်ကြီးမှာ အံကြိတ်လိုက်ရင်း ရှောင်လု၏ ဤလုပ်ရပ်ကြောင့် မင်းသမီး ရုန်ဟွာပေါ်တွင် အတော်ရှက်မိနေသည်…
(လိုအပ် ချက်တွေ ရှိရင် နားလည်ပေးကြပါနော်)
🌸🌸🌸🌸အပိုင်း ၂၈ ဆက်ရန်>>>
#စာဖတ်ပရိတ်သက်အပေါင်းအားလေးစားလျက်
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)