book

Index 26

(အပိုင်း ၂၆)

  • Author : Kyawal
  • Genres : Comedy, Drama, Action

🌸ကချေသည်🌸


Author ✍️ ကြွယ်

ကောင်းကင်ယံမှ ရွှေရေးခြယ်ဝတ်ရုံနက်နဲ့ လူတစ်ဦးစီသို့ ပျံသန်းလာသည့် ခိုဖြူငှက် တစ်ကောင်….🕊🕊

မုန်းဘုရင်ဆိုသည့် သူ့အနားရောက်တော့ ခိုဖြူငှက်ကလေးက ငြိမ်ရပ်ကာ ငှက်တို့ သဘာဝ ဟိုကြည့်သည်ကြည့် ချစ်စဖွယ် အမူအရာလုပ်နေသည်။
ခိုဖြူငှက်လေး၏ ခြေထောက်၌ ချည်ထားသော ကြုတ်ဘူးလေးအား ဖွင့်၍ စာလိပ်ထဲမှ စာအား ဖွင့်ဖတ်ကြည့်လိုက်ရာ ဟွာထန်မင်းအကြောင်း သတင်း အချက်အလက် အပြည့်စုံ နှင့် နာမကျန်းဖြစ်နေသည့် ဘုရင်ကြီး၏ သိကောင်းစရာ ဝေဒနာ အချက်အလက်များပင်…..။
ဖွင့်ဖတ်ပြီးသည်နှင့် မုန်းဘုရင် နှုတ်ခမ်းတို့ကို ကွေးညွှတ်လို့ ပြုံးလိုက်ရင်း….
"နာမကျန်းသော ဟွာထန်ဘုရင်ကြီး ဟွန်း…ခင်ဗျား ကျုပ်အဖေအပေါ် ရက်စက်ခဲ့သမျှ အကုန် ပေးဆပ်ဖို့ အချိန်ကျ ပြီ ၊ ကျုပ်အဖေအပေါ် လုပ်ခဲ့သလိုမျိုး ခင်ဗျားကြီး မသေခင် ခင်ဗျားအရှေ့မှာ ချစ်လှစွာသော ခင်ဗျား သားတော် အသက်ဆုံးရှုံးရတာကို ကြည့်ပြီး ငရဲကို သွားဖို့ ပြင်ထားပေတော့...ဟားဟားဟားဟား....."

အထက်မြင့် နန်းဆောင်ကြီးပေါ်မှ အားရနှစ်ခြိုက်စွာ ရယ်မောလိုက်သည်….။

~~~~~~~~~~

အန်ဖောင်တို့ လူအုပ်ကြီးမှာ ၂ရက်လောက်နေတော့ နံနက်ခင်းအစောမှာပဲ သူတို့၏ နေရပ်ဖြစ်ရာ ဆောင်ကြာမြိုင် ကျွေ့သခင်မကြီး၏ အိမ်တော်သို့ ပြန်ရောက်ခဲ့ကြသည်…။
ကျွေ့သခင်မကြီး စီရောက်တော့ ခရီးမှာ တွေ့ကြုံသိခဲ့ရသည့် အဖြစ်အပျက်များနှင့် မျက်နှာဖုံးနှင့် လူကို ရှာတွေ့ဖို့ မလွယ်သလို ၊ နောက်ကြောင်း အမှန်ကို စုံစမ်းရန်မှာလည်း လုံးဝ မလွယ်ကူကြောင်း အကျိုးအကြောင်းစုံ သခင်မကြီးအား အန်ဖောင် ပြောပြလိုက်သည်…။

“ဘာ💢…တောက်!..”

“ဒုန်းး…”

ကျွေ့ သခင်မကြီးမှ ဘာကနဲ နေအောင် အာမေဋိတ်ထွက်လိုက်ပြီး စားပွဲအား လက်ဖြင့် ဒုန်းကနဲ ထုချလိုက်သည်…။
“ညံ့လှချည်လား အန်ဖောင်💢
နင်အတော်ကို သုံးစားမရအောင် ညံ့ဖျင်းပါ့လား ငါ့မှာတော့ နင့်ကို အတော် မျှော်လင့် အထင်ကြီးထားရတာ
အခုတော့နင်က အဲ့အကောင်ကို လက်မြောက် အရှုံးပေးခဲ့တဲ့ အပြင် အခု ငါ့ကိုပါ လာပြီး အရှုံးပေးခိုင်းနေတာပေါ့လေ…ဟုတ်လား အန်ဖောင်…”

လုံနေသည့် အခန်းလေးထဲတွင် ဒေါမောသံဖြင့် ဟိန်းထွက်အောင် အော်ပစ်လိုက်သည်…။

“မ …မဟုတ်ပါဘူး သခင်မကြီး ..ကျွန်တော် ပြောချင်တာက ဒီလိုပါ…”

“နင်ငါ့ကို ဘာမှ ထက်မပြောနဲ့…
ငါက ရေဘူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲ လိုချင်တယ်…။ ရေပေါ်မှာ ခြေရာမထင်သလို လာမလုပ်နဲ့ အန်ဖောင်..”

အကြောင်းပြချက် အပေးမခံပဲ စကားကို ဇွတ်ဖျတ်ပြောလိုက်သည်….။
အန်ဖောင် တစ်ယောက် ကျွေ့သခင်မကြီးရဲ့ ဆူပူကြိမ်းမောင်း အပြစ်တင်သမျှကို ခေါင်းငုံ့လို့ ခံယူနေရသည်..။
စိတ်ထဲတွင်လဲ ထိုမျက်နှာဖုံးစွပ်နဲ့လူကို တွေ့လျှင် အရေခွံနွှာ ပစ်ချင်လောက်အောင်ကို ငြိုးတေးမိသည်…။
ငါအခုလို အပြစ်တင်ပြောဆိုခံနေရတာ ဒင်း ကြောင့် ဒင်းကြောင့် ငါအခုလို အသုံးမကျတဲ့ ကောင်လို အပြောခံနေရတာ ဒင်းသာ ငါ့လက်ထဲရောက်လို့ကတော့ လည်ပင်းရိုးကို လိမ်ချိုးပြီး အရေခွံစုတ် ပစ်မယ်

အန်ဖောင် အတွေးလွန်နေတာနဲ့ ပင် ကျွေ့သခင်မကြီး ပြောနေသည့် စကားတွေကို ဘာပြော လိုက်မှန်းတောင် သတိမထားမိလိုက်ချေ…

“ဟဲ့…ငါပြောနေတာ ကြားလားအန်ဖောင် “

“ဗျ…ဗျာ…သခင်မကြီး..ဘာပြောလိုက်တာလဲ..”

“ငါပြောနေတာတောင် မကြားရလောက်အောင် အထိ နင်ကဘာတွေ ငါ့ရှေ့မှာ ငေးငူနေတာလဲ….”

အံ့ကြိတ်သံဖြင့် ပြောကာ ရှေ့တွင် ဒူးထောက် ထိုင်နေသည့် အန်ဖောင်၏ ဘယ်ဘက်ပါးအား ခပ်ပြင်းပြင်းရိုက်ချပစ်လိုက်သည်….။
“ဖြောင်းး…”

ရိုက်ချက်ကြောင့် ပါးပြင်တစ်ခုလုံး ပူထူကာ စပ်ဖျင်းဖျင်း ဖြစ်သွားသည်၊
ထိုအဖြစ်ကြောင့် အန်ဖောင် အနည်းငယ်တော့ နှာတင်းမိသည် ၊ သို့သော် မျက်နှာကို တင်းကာ ပြန်တည့်လိုက်ပြီး…

“တောင်းပန်ပါတယ် သခင်မကြီး ကျွန်တော် အတွေး..”

“ဖြောင်းး…”

ပြောမဆုံးသေး ညာဘက်ပါးအား နောက်တစ်ချက် ထက် ရိုက်ခြင်းခံလိုက်ရသည်….
ဒီတစ်ခါလည်း အလားတူ ပူထူလို့ နာကြင်ကာ ဖျင်းစပ်စပ် ခံစားလိုက်ရပြန်သည်။

ရိုက်လိုက်လို့ နာကြင်သွားတဲ့ လက်ဖျားတွေကို လှုပ်ခါလိုက်ရင်း…
“နားထောင်စမ်း အန်ဖောင် ငါ နင့်စီကနေ ရှုံးနိမ့်တဲ့ အသံ ထက်မကြားချင်သလို ငါပြောတာကို မကြားရလောက်တဲ့အထိ နင် အတွေးလွန်နေတာလဲ ငါမမြင်ချင်ဘူး…
အဲ့တော့ နင် သေချာနားထောင် အန်ဖောင် နင်တို့တွေ အကုန်လုံး အခုညနေပဲ အဲ့ မျက်နှာဖုံးနဲ့ ကောင်ကို သွားပြန်ရှာရမယ် နောက်ပြီး ငါ့အတွက် ရွှေဖြစ်တဲ့ ရှောင်လု ကိုလည်း ဒီကို မရရအောင် ပြန်ခေါ်လာခဲ့ရမယ် အခုလို စရိတ်စကပျက်လပ်လို့ ဘာဖြစ်လို့ /ညာဖြစ်လို့ ဆိုတဲ့ ဆင်ခြေတွေ နဲ့ ငါ့စီ ပြန်လာတာကို ငါမလိုချင်ဘူး…ငါပြောခဲ့သလိုပဲ ရေပါတာပဲ လိုချင်တယ် စရိတ်စက အကုန်အပြည့် အစုံ ယူသွားကြ ….
ငါခိုင်းတာကို သေချာ အာရုံစိုက်ပြီး မရှိဘူး ၊မရဘူးဆိုတာ မဖြစ်အောင် လုပ်ခဲ့ကြ ၊၊ ငါအခု ပြောတာကြားလား အန်ဖောင်…”
ကျွေ့သခင်မကြီးမှ ဒူးထောက်ကာ ထိုင်နေသည့် အန်ဖောင်အား အသံကို မြှင့်၍ ခပ်ထန်စွာ အမိန့်ပေးလိုက်သည်…။
ထို့ကြောင့် အန်ဖောင် ဆန့်ကနဲ ခါးလေးမက်ကာ ခေါင်းညိမ့်ပြလိုက်သည်။….

“ဟုတ်ကဲ့ပါ သခင်မကြီး…”

“အေး ငါခိုင်းတဲ့ အရာ အောင်မြင် တာပဲ ငါကြားချင်တယ် မအောင်မြင်ရင် နင်တို့အားလုံးလဲ တစ်သက်လုံး ဒီကို ပြန်လာဖို့ စိတ်မကူးနဲ့…
ကြားလား…”

“ဟုတ်..ကြားပါတယ် သခင်မကြီး..”

“အေး..သွားလို့ ရပြီ….”

သွားလို့ ရပြီဆိုသော ကျွေ့သခင်မကြီး စကားကြောင့် အန်ဖောင် ဦးခေါင်းညွှန့်လို နှုတ်ဆက်ကာ အခန်းတံကားအား ဆွဲတွန်း၍ ထွက်သွားလိုက်သည်….

ထွက်သွားသည့် အန်ဖောင်၏ ကျောပြင်အား စူးရှသည့် မျက်စောင်းတို့ဖြင့် ရွယ်ကာ ကြည့်လိုက်ရင်း….
ဟွန့်…ဒါလား ငါ အားအကိုး ရဆုံးလူတွေဆိုတာ ၊ ဘာမှကို အသုံးမကျ / သုံးစားလို့ကို မရဘူး….
မက်တပ်ရပ်နေရာမှ မူလသူမ ထိုင်သည့်နေရာစီသို့ ပြန်သွားထိုင်ကာ ပြောလိုက်သည်။….
ထို့နောက် စားပွဲပေါ်တွင် လက်တင်ကာ လက်သီးကို ကျစ်နေအောင်စုပ်ထားလိုက်သည်။…
သူမစိတ်ထဲတွင်တော့ မျက်နှာဖုံးနဲ့ လူထက် ရွှေထက် တန်ဖိုးရှိသည်ဟု သက်မှတ်ထားသည့် ရှောင်လုကိုသာ အမြန်ပြန်လိုချင်သည့် စိတ်က ပိုမိုပြင်းပြနေသည်…။

~~~~~~~~~~~~~~

ယောကျာ်းပီသကာ ကြွက်သားများ ဖောင်းကြွဖုထစ်နေသည့် ခန္ဓာကိုယ်တောင့်တောင့် နှင့် လူတစ်ဦး..
ရေပူငွေ့များ တစ်ထောင်းထောင်း ထနေသည့် သဘာဝသဖွယ် ကန်ကြီး ထဲတွင် ရေစိမ်လို့ ချိုးနေသည်။….
ထိုသူကား ချွေ့သူရဲကောင်းပင်…
ဘေးဘောင် နှုတ်ခမ်းပေါ်ရှိ ယမကာကြွေခွက်အသေးကို ယူကာ လက်ကျန်လေးအား ကောက်မော့ချလိုက်သည်
ထို့နောက် လေပူ တစ်ချက်မှုတ်ထုတ်ကာ အကြောလျော့လိုက်သည်…။
ရေစိမ်နေရာမှ ထကာ ကန်ဘောင်ပေါ်တွင် တင်ထားခဲ့သည့် ခါးကြိုးစီးပါ အဖြူရောင် အင်္ကျီ အား အလွယ်တကူ ကောက်လျှိုဝတ်လိုက်သည်။….
ဘောင်နှုတ်ခမ်းတွင် တင်ထားသည့် ယမကာကြွေအိုးနှင့် ကြွေခွက်အသေးအား ကောက်ယူကာ အိမ်တော်ကြီး၏ အထက်မြင့် ဝရံတာမှ နန်းတော်ကြီးကို မျှော်ကြည့်လိုက်ရင်း…
“အရှင်မုန်းဘုရင် ယခုဟွာထန်ကို အမြန်ခရီးဆက်ခဲ့မှ ဖြစ်တော့မယ် ဖုရား…
ဒါမှ ကျွန်တော်မျိုးတို့ အစီစဉ်တွေ နှောင့်နှေးကျန့်ကြာမှု မရှိပဲ အမြန် အကောင်အထည်ဖော် လက်စားချေနိုင်မှာ…ဒါကြောင့် အရှင်မုန်းဘုရင် ဟွာထန်ကို အမြန်ဆုံး ခရီးဆက်ခဲ့ပါတော့ ဖုရား…
ကျွန်တော်မျိုး ချွေ့သူရဲကောင်း ဟွာထန်မှာ အရာအားလုံး အဆင်သင့် အနေအထားဖြင့် အရှင်မုန်းဘုရင်အား စောင့်မျှော် ကြိုဆိုလျက်ပါ ဖုရား….”

အတွေးတစ်ချက်ဖြင့် ငေးမောရင်း ကြွေခွက် အကူအညီတောင် မယူတော့ပဲ ကြွေအိုးလိုက်သာ မော့ချ ပစ်လိုက်သည်…

သူရဲကောင်း ချွေ့ယမကာကြွေအိုးအား သေချာ စိုက်ကြည့်ကာဖြင့်

“ဟားးး…ကောင်းလိုက်တဲ့ ယမကာ”

နှုတ်ခမ်းတွန့်လို့ ပြုံးရင်း ပြောလိုက်သည်။

~~~~~~~~~~~~~

မုန်းဘုရင်မှာ ဤတစ်ခါ ခရီးထွက်မည့် ခရီးစဉ် အကြောင်းအရာအား မိခင် မယ်တော် နှင့် ညီတော်မင်းသားကျူ ကိုပါ အသိပေးခဲ့ပြီးဖြစ်သည််…။
ယခု တစ်ခါမှာတော့ ချစ်လှစွာသော မိဖုရား ရှောင်လုကိုသာ ပြောပြဖို့ကျန်ရှိတော့သည်။…

ပြောရ ၊ မပြောရဖြင့် ချီတုန်ချတုန် ဖြစ်နေစဉ်မှာပင် ရှောင်လုစီမှ စကားပွင့်ကျလာသည်။..

“မင်းကြီး မျက်နှာဖုံးတော်ကိုလဲ စားပွဲပေါ်မှာ ချွတ်တင်ထားတယ် မျက်နှာတော်ကလဲ မကောင်းဘူး
မင်းကြီး ဘာဖြစ်လို့များလဲ…
နေမကောင်းလို့များလား…”

အလိုက်တသိ စိတ်ပူစွာမေးလာသည့် ရှောင်လုရဲ့ မျက်နှာလေးအား မုန်းဘုရင် စိုက်ကြည့်ကာ နှစ်လိုဖွယ် ပြုံးလိုက်သည်…။
ရှောင်လုရဲ့ ဖွေးနုသေးသွယ် နေတဲ့ လက်ချောင်းလေးအား လှမ်းယူကာ စုပ်ကိုင်လိုက်ရင်း…
“ရှောင်လု…
လာ…ကိုယ့်အနားလာထိုင်ဦး..
ကိုယ်မင်းကို ပြောစရာရှိတယ်…”

မုန်းဘုရင် ရှောင်လုရဲ့ လက်ကလေးကို ဆွဲကာ သူ့ဘေးနားသို့ လာစေသည်…။
ထိုင်ဖို့ ဖိတ်ခေါ်နေသည့် မုန်းဘုရင်ကြောင့် ရှောင်လုလည်း ဘေးခုံလေးတွင် ဝင်ထိုင်ရန်ပြင်လိုက်သည်…။

“အို..အမေ့!…”

ဆွေ့ကနဲ စောင့်ဆွဲခြင်းခံလိုက်ရပြီး ဒုတ်ကနဲဆိုသလို ထိုင်ချမိလိုက်တဲ့ အရာက မုန်းဘုရင်ရဲ့ ပေါင်ပေါ်သာ..

“ဟင်..မင်းကြီး…ဒါက..”

“အဟွန်း…ဘာဖြစ်လို့လဲ ကိုယ်ထိုင်လို့ပြောတဲ့ အထဲမှာ ခုံပေါ်လာထိုင်လို့ ပြောမိလို့လား…”

“ဟို …မဖြစ်ပါဘူး မင်းကြီးရယ်
ဒီလိုထိုင်လို့ တော်ကြာမင်းကြီး ပေါင်တွေ နာပြီး ဒဏ်ဖြစ်နေပါ့မယ်…ရှောင်လု ခုံပေါ်မှာပဲ ထိုင်လိုက်ပါ့မယ်နော်”

“မရဘူး…မထရဘူး ဒီလိုပဲ နေ …”

ထဖို့ ပြင်လိုက်တဲ့ သူမခါးလေးအား သိမ်းကျုံးလို့ ကျစ်နေအောင်ဖက်ထားလိုက်ပြီး ခန့်ညားမှုအပြည့်နှင့် မျက်နှာချောချောလေးက သူမကို ကလေးတစ်ယောက်လို ဖက်တွယ်ကာ ဆူပုတ်နေသည်…။
ထိုမျက်နှာလေးအား ကြည့်၍ ရှောင်လု မုန်းဘုရင် စိတ်မချမ်းမသာ ဖြစ်မှာကို မလိုလားပေ…။
ထို့ကြောင့် သူ့သဘောအတိုင်းသာ ပေါင်ပေါ်တွင် ထိုင်နေပေးလိုက်သည်။ မငြင်းဆန်တော့ပဲ ငြိမ်ငြိမ်လေး ထိုင်ပေးနေသည့် ရှောင်လုကြောင့် မုန်းဘုရင် မျက်နှာလေးမှာ ဝင်းကနဲဆိုသလို အရောင်လက်သွားပြီး ကြည်နူးစွာ ပြုံးလိုက်သည်…။
ထို့နောက်…
“မင်းကြီး…ရှောင်လုကို ပြောစရာရှိနေတယ်ဆို ဘာများလဲ“

ချက်ချင်းဆိုသလို ပြုံးနေတဲ့ သူ့မျက်နှာလေးက ထိုမေးခွန်းကြောင့် ညိုးကျသွားပြီး ရှောင်လု၏ ရင်ခွင်ထဲသို့ ခေါင်းလေးတိုးတိုက်လို့ ဝင်ကာ သူမလေးအား ထွေးဖက်ထားမိသည်…။
ထူးဆန်းစွာ ပြုမူနေသည့် မင်းကြီးကြောင့် ရှောင်လုရင်ထဲ တစ်ခုခုများဖြစ်လို့လားဆိုသည့် အတွေးဖြင့် စိုးရိမ်မိသည်…။
“မင်းကြီး..ဘာများဖြစ်လို့လဲ..
ဘာများ အဆင်မပြေဖြစ်လို့လဲဟင်..”

စိုးတထိန့်ထိန့်ဖြင့် မေးမိသည် ၊ စိတ်ထဲမှာတော့ တစ်ခုခုအတွက် ပူပန်နေသလိုပင် ၊ ဘာတွေများ ပြောမထွက် ရပ်ဖြစ်နေတာလဲ မင်းကြီးရယ်…

တိုးဝင်ပွေ့ဖက်ထားသည်မှ ပြန်ရုန်းထွက်လိုက်ပြီး ဖြူနုနေတဲ့ ရှောင်လုရဲ့ မျက်နှာလေးကို တယုတယကိုင်ကာ ပါးမို့မို့လေးအား လက်မလေးဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်…။

ထို့နောက် ဂရုဏာအကြည့်တို့ဖြင့် ကြည့်ကာ..
“ရှောင်လု ကိုယ်ပြန် အလာတာကို ပျော်ပျော်ကြီး ထိုင်စောင့်နေပေးနော်”
ဖြူဝင်းနေသည့် သူမ လက်ဖမိုးလေးအား ငုံ့နမ်းလို့ပြောလိုက်သည်။…

အဆုံး /စ မရှိတဲ့ မုန်းဘုရင် စကားကြောင့် ရှောင်လု မျက်လုံးလေးကျယ်သွားရသည်။..
“ဟင်!…ဘာကိုလဲ မင်းကြီးရဲ့ …
ရှောင်လု နားမလည်ဘူး ဘာတွေပြောနေတာလဲဟင် ..မင်းကြီး ကဘယ်ကို သွားမှာမို့လို့ ရှောင်လုကို ပြန်အလာ စောင့်ခိုင်းရတာလဲ ဘယ်ကိုသွားမာမို့လို့ လဲဟင်…”

ခဏတာခွဲရမည်ဆိုသည့် အကြောင်းကိုပင် သူလုံးဝ ပြောမထွက်ချင်ပါ
သို့သော် သူမလေး သူ့အား စိတ်မပူပန်စေရန် အတွက် သူပြောကို ပြောမှ ရမည် ၊ သူ မရှိတဲ့အချိန်မှာ သူမလေး စိတ်ထင်ရာ အိပ်မက်ဆိုးတွေမက်ပြီး ကြောက်လန့်နေမှာကိုလဲ စိုးရသည်…။

“ရှောင်လု ကိုယ် အရမ်းအရေးကြီးတဲ့ ကိစ္စနဲ့ ခရီးတစ်ခု အမြန်သွားရမယ် …
ဘယ်နှရက်လောက် ကြာမယ်မှန်းတော့ ကိုယ်လဲ မှန်းစမရဘူး …
ဒါကြောင့် ကိုယ် မရှိတဲ့ အချိန်မှာ ရှောင်လု စိတ်အားမငယ်ရဘူးနော်
ဘာမှ မဖြစ်ရဘူးနော်
ကိုယ်မရှိတဲ့ အချိန် ရှောင်လုကို စောင့်ရှောက်​ပေးဖို့အတွက် ချောင်အန်းကို အပ်ခဲ့မယ် …ကိုယ် မင်းကို စိတ်ချချင်တယ် ရှောင်လု….”

ထိုစကားကြောင့် ရှောင်လု မျက်နှာလေး ညိုးငယ်ကာ စိတ်မကောင်းဖြစ်ရသည်၊ သို့ပေမယ်လို့ အရေးတကြီး ကိစ္စနဲ့ ခရီးသွားရမယ့် လူတစ်ယောက်ကို သူမ နောက်စံတင်းပြီး စိတ် ပူအောင် မလုပ်ချင်ပါ….။

ထိုကြောင့် ….
“အွန်း…အင်းပါ စိတ်ချပါ…
အရေးကြီးတဲ့ ကိစ္စနဲ့မို့ ခရီးသွားတာပဲ စိတ်ဖြောင့်ဖြောင့်နဲ့သာ သွားပါ မင်းကြီး ….ရှောင်လု မင်းကြီးပြန်အလာကို စောင့်မျှော်နေပါ့မယ်…
သေချာပေါက် မျှော်နေပါ့မယ်…
နောက်ပြီး သတိရနေပါ့မယ်
ဒါပေမယ့် မြန်မြန်တော့ ပြန်လာခဲ့ပါနော် မင်းကြီး…”

ထိုစကားလေး ပြောလာတဲ့ သူမက တကဲ့ကို ခလေးလေးတစ်ယောက်လိုပါပဲ အပြစ်ကင်းစင်ပြီး အတော်ချစ်ဖို့ကောင်းသည်…
သူအတော်လဲ အသဲယားမိသည်
ထို့ကြောင့် သူမရဲ့ဖောင်းနေတဲ့ ပါးလေးနှစ်ဖက်အား မုန်းဘုရင် ချစ်စနိုးဖြင့် ဆွဲညစ်လိုက်သည်…

“အွန်…..”

“အဟွန်း…သေချာတာပေါ့ ကိုယ့်မိ ဖုရားလေးရဲ့ ဟော့ဒီက ကိုယ့် မိဖုရားလေးကို လွမ်းနေရမယ့် ဒဏ်ကို ကြာကြာမခံစား နိုင်လွန်းလို့ကို မြန်မြန် ကိုယ် ပြန်လာမှာ ဟုတ်ပြီလား…”

“ဟီး..ဟုတ်….”
ချွန်နေတဲ့ သွားစွယ်လေးတွေ ပေါ်အောင် ပြုံးရယ်ကာ ချစ်လှစွာသော မင်းကြီး အား လည်ပင်းမှသိုင်း၍ ဖက်ထားလိုက်သည်…..
ဖက်ထားရင်းမှ…
“ရှောင်လု မင်းကြီးကို သိပ်ချစ်တယ် “

တိုးတိုးလေးနဲ့ ဖွဖွလေးပြောလာတဲ့ သူမရဲ့ ထိုအသံလေးကြောင့် မုန်းဘုရင် ရင်ထဲ အတိုင်းမသိ ဝမ်းသာကြည်နူးမိသည်…
ထို့ကြောင့် သူမကိုလည်း သူ့ရင်ထဲက အမှန်တရားကို သိအောင် ပြောပြလိုက်ပါသည်…
“ကိုယ်လဲ မင်းကို အရမ်းချစ်တယ် ရှောင်လု…”

နှစ်ဦးသား ကြင်ကြင်နာနာ ထွေးပွေ့လို့ ဖက်ထားတဲ့ အခိုက်တန့်လေးဟာ ဘာနဲ့မှ လဲလို့မရအောင် ချိုမြိန်ကာ ကြည်နူးစရာကောင်းလှသည် ..။
သူတို့နှစ်ဦး အတွက်တော့ ထို အခိုက်တန့်လေးဟာ တန်ဖိုးရှိလှတဲ့ အဖိုးမဖျက်နိုင်စရာလေး တစ်ခုပင်…

ဇာတ်အမြန် သိမ်းရတော့မယ်
🌸🌸🌸🌸အပိုင်း ၂၇ဆက်ရန်>>>
#စာဖတ်ပရိတ်သက်အပေါင်းအားလေးစားလျက်
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)


rate now: