🌸ကချေသည်🌸
Author ✍️ ကြွယ်
နန်းတော်ကြီးထဲတွင် မိဖုရားမြောက်တင်ပွဲ(မင်္ဂလာ လက်ထက်ပွဲ)ကြီးကို ကြေညာမောင်းခက်ထားသည့် အတိုင်း ခြိမ့်ခြိမ့်သဲ စည်းကားစွာဖြင့် ရိုးရာမပျက်အတိုင်း ကျင်းပနေလေသည်။
ထိုမင်္ဂလာပွဲကြီးအားကြည့်ကာ မကျေမနပ်ဖြစ်၍ အမုန်းပွါးနေသူက တစ်ဦးတည်းသာရှိသည်..။
ထိုသူမှာ ရုန်ဟွာမင်းသမီးပင်…
နှုတ်ခမ်းတို့အား တင်းတင်းစေ့လို့ ဖိကိုက်ကာ အကြည့်တို့က ပြုံးရောင်သန်းနေသည့် ရှောင်လု မျက်နှာစီသို့ သာ….
ပျော်ထား နင်ပျော်ထားပါ
ငါ့ရင်ထဲကနေ မင်းကြီးကို ဆွဲထုတ် သွားတဲ့အတွက် နင်ကောင်းကောင်းကြီး နာကြင်နောင်တရစေရမယ်
နင့်ကို အခုချိန်မှာ မင်းကြီးက လိုလိုချင်ချင်နဲ့ လက်ထက်ယူပြီး မိဖုရားအဖြစ် မြောက်တင်ထားပေမယ့်
နောင်တချိန်မှာ မင်းကြီးကိုယ်တိုင် နင့်ကို မလိုလားတော့လို့ ကန်ထုတ်ပစ်အောင် ငါလုပ်ပြမယ်
နင်အဲ့အချိန်ကို ကျေကျေ နပ်နပ်ကြီး ရင်ဆိုင်ဖို့ စောင့်မျှော်နေလိုက်..
ကချေသည်မ ရှောင်လု….
မုန်းဘုရင်မှာ ရှောင်လုအား ရိုးရာအတိုင်း ခမ်းနားကြီးကျယ်စွာ လက်ထက်ယူ၍ မိဖုရားအဖြစ်သို့ မြောက်တင် လိုက်ပြီ ဖြစ်သည် ၊ ထို့ကြောင့် အားလုံးသော နန်းတွင်း အမှုထမ်းပေါင်းများစွာနှင့် မူးကြီး မတ်ရာ သေဏာပတိများက အရိုအသေပေးကာ ဆုတောင်း ကောင်းချီးများ ပေးကြလေသည်။
အားလုံးသော ပွဲတတ်ရောက်လာ ကြသည့် ဧည့်ပရိတ်သက် အပေါင်းမှ ရှောင်လုအား ခြိမ့်ခြိမ့်သဲသဲဖြင့် ကောင်းချီးထောပဏာများ ပေးနေကြခြင်းကို မိဖုရားခေါင်ကြီးကြည့်၍ နှုတ်ခမ်းတို့ကို တွန့်ကနဲ မဲ့လိုက်သည်….
ဟွန့်..ငါ့မြေးတော်ကို မွေးပြီးတာနဲ့ နင်လို နိမ့်ကျတဲ့ ကချေသည်က ဒီနန်းတော်မှာ အခြေချစရာ အခွင့်အရေး လုံးဝ မရှိတော့ဘူး ဆိုတာကို နင်သိထားရင် သိပ်ကောင်းမှာပဲ ..
နန်းတော်တိုင်လုံးကြီး၏ နောက်ကွယ်မှ ဖယောင်းသားပမာ ချောမွှေ့ကြည်လင် လှပနေသည့် ရှောင်လုမျက်နှာလေးအား ငေးစိုက်ကြည့်နေခြင်းကို ခံနေရသည်။…
လူတစ်ယောက် …
ငိုနေတာမဟုတ်ပေမယ့် ကြည်နူးမှုတို့ အပြည့်ဖြင့် ပါးပြင်ထက်မှ မျက်ရည်များ စီးကျနေသည်…
ထို့နောက် အဝေးပုံရိပ်တို့မှ သူမမျက်နှာလေးအား မှန်းဆကာ ထိတို့ကိုင်ကြည့်နေသည်…
သခင်မလေးပျော်ရွှင်ပါစေ …
သခင်မလေး ချစ်ရတဲ့ မင်းကြီးနဲ့ တသက်လုံး မခွဲအတူရှိနိုင်ပါစေ
နောက်ပြီး…
ပျော်ရွှင်စရာ မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ
နှုတ်ခမ်းတို့အား အတင်းဖိစေ့လို့ အသံမထွက်မိအောင် သူထိန်းချုပ်ထားသည်…
ရင်ထဲမှာတော့ ကမ္ဘာပျက်ယုံတင်မကစကြာဝဠာကြီး တစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ကာ အကုန်ပက်ချာလည် ရန်းနေသည်…
နှလုံးသားကို ဆူးချွန်နဲ့ ထိုးစွခံရတာထက် အဆပေါင်းမနဲ သူနာကြင်ခံစားနေရသည်…။
ပိုင်ရှင်ရှိတာ သိသိလျက် လက်မလျော့နိုင် ဖြစ်ခဲ့သည့် သူ့အဖြစ်ကို တွေးကာ ရင်နာမဆုံးဖြစ်ရသည်…
နောင်တရသလားလို့မေးရင် ဟင့်အင်းလို့ သူဖြေမည်..၊ မင်းမှားသလားလို့ မေးရင် သူခေါင်းရန်းမည်…။
မမှားပါဘူး သူမမှားဘူး
ချစ်နေမိတာ အမှားမဟုတ်ဘူး
အချစ်နဲ့ စစ်မှာ မတရားတာမရှိသလို
တကယ်တမ်း မှားတယ် / မှန်တယ်ဆိုတာလဲ နတ္ထိမရှိ…
ထိုစဉ်…
ဘယ်သူတွေ ဘယ်လိုပဲ အငြိုးထားလို့ အမုန်းပွါးနေပါစေ…။
မင်းသားကျူကတော့ အေးဆေးစွာ ယက်တောင်ဖြန့်ခပ်ရင်း သူ၏အကိုတော်မင်းကြီးနှင့် မရီးတော်ရှောင်လုအား ကြည့်ကာ ကျေနပ်စွာ ပြုံးနေလေသည်….
အားလုံးထဲတွင် မင်းသားကျူသာလျှင် အေးချမ်းလို့ အပူပင်ကင်းမဲ့သည်…။
(FAတွေ အားကျစရာပင်…..)
~~~~~~~~~~
မုန်းဘုရင် ရောက်လာ မချင်း ဦးခေါင်းထက်ရှိ ခြုံအုပ်ထားသော ပုဝါနီစအား ဖယ်ရှားခွင့် မရှိ ထိုင်စောင့် နေရသည့် သူမ ….
ယခု မင်္ဂလာဦးညအား ရင်တုန်ကာ ထိန့်လန့်နေမိသည်။…
ခပ်ရိုင်းရိုင်းပြောရလျှင် သူမဟာ အပျိုစင် မဟုတ်တော့ပေမယ့်
ယခုချိန်ထိ အပျိုရိုင်းလေး ပမာ ကြောက်ရွံ့တုန်လှုပ်နေတုန်းပင်…
နန်းဆောင်အခန်း တွင်းသို့ တော်တော်ဖြင့် ရောက်မလာသေးသည့် မုန်းဘုရင်အား သူမ မျှော်နေမိသည်
သူရောက်လာမှ ဒီပုဝါစက ဖယ်ရှားလို့ရမှာ ဖြစ်သလို ဒါမှလဲ သူမ အေးအေးလူလူ အနားယူလို့ရမှာ ဖြစ်သည်
ယခုချိန်ထိတော့ သူ မလာသေး၍ ထိုင်စောင့်နေရသည်မှာ ခါးတွေပင် တောင့်လို့ ညောင်းညာ လာပြီဖြစ်သည်….
လှုပ်လှုပ်ရှားရှား ဖြစ်လာကာ ဟိုလှည့် သည်လှည့်ဖြင့် အသက်ပြင်းပြင်းရှူ၍ လေပူတစ်ချက် မှုတ်ထုတ် ပစ်လိုက်သည်…
များမကြာမီ အချိန်တွင်…
နန်းဆောင်အခန်းတွင်းသို့ မုန်းဘုရင်တစ်ယောက် ယိုင်နဲနဲဖြင့် ဝင်လာခဲ့သည် ၊ အဝေးမှ နေလျှင်တောင် ယမကာနံ့တွေ မွှန်ထူအောင် ရနေပြီး…
ခြေလှမ်းတို့က သူမထိုင်နေသည့် ကုတင် စီသို့ ဒယိမ်းဒယိုင် လျှောက်လာနေသည်…။
စူးရှမွှန်ထူနေသည့် ထိုယမကာ အနံ့တို့ကြောင့် ပုဝါစလေးကြားမှ နှာခေါင်းထိပ်လေးအား မသိမသာ ပွတ်သပ်လို့ အသက်အောင့်ထားမိသည်….
အိကနဲဆိုသလို နံဘေးတွင် ဝင်ထိုင်ချလိုက်ကာ မှေးဆင်းနေသော အကြည့်တို့ဖြင့် ပုဝါစအနီအုပ်ထားသည့် သူမကို စိုက်ကြည့်နေသည်…
ဒီလောက်အထိ မွှန်ထူနံစော်အောင် သောက်လာသည့် မုန်းဘုရင်ကြောင့် သူမ၏ တုန်လှုပ်ကြောက်ရွံ့မှု စိတ်တို့က နဂိုထက် ပိုတိုးလို့ ကြီးစိုးလာသည် ညင်သာမှုမရှိသော ဖယ်ရှားမှုတစ်ခု…
ဖျတ်ကနဲဆိုသလို အုပ်ထားသည့် ပုဝါစအား ဆွဲလွှန့်ကာ ဖယ်ရှားခြင်း ခံလိုက်ရသည့် သူမ ခန္ဓာကိုယ်လေး တွန့်ကနဲတုန်တတ်အောင် လန့်သွားရသည်…
ဖယ်ရှားလိုက်သည့် ပုဝါစ အောက်မှ လွှားကနဲ ပေါ်လာသည့် မျက်နှာလေး တစ်ခု….
ထိုမျက်နှာလေးက ဝင်းဖန်ညက်ညောကာ နတ်မိမယ် တစ်ပါးတမျှ လှပလှသည် ၊ သူအချိန်အတော် တန်ကြာအောင် မှေးဆင်းနေတဲ့ အကြည့်စူးစူးတို့နဲ့ စိုက်ကြည့်နေသည် ၊ ထိုသို့ စိုက်ကြည့်နေခြင်းကို ခံရ၍ ပါးမို့မို့နှစ်ဖက်က ရဲတတ်လို့ ရှက်သွေးများပင် ဖြာလာသည်…
စိုက်ကြည့်နေရင်းမှ အနီရောင်မင်္ဂလာ ဝတ်စုံရှိ ခါးစီးကြိုးအား ဖြေချသည်နေသည့် မုန်းဘုရင်….
တစ်ထပ် နှစ်ထပ်ဖြင့် အလွှာလိုက် ချွတ်ချလိုက်ရာ အဖြူရောင် အောက်ခံ ဝတ်ရုံတစ်ထည်သာ ကျန်ရှိတော့သည်
ပြူးကြောင်ကြောင် မျက်ဝန်းဝိုင်းတွေ နဲ့ ကြည့်နေမိသည့် သူမအား လက်မောင်းမှ အကြမ်းပတမ်း ဆွဲထူကာ ချိုးရေစိမ်ကန်ရှိသည့် အခန်းထဲသို့ ဇွတ်အတင်းဆွဲခေါ်သွားသည်…
“အ… မင်း.. မင်းကြီး..ရှောင်လု လက်တွေ နာတယ်..”
မရုန်းကန်ချင်ပေမယ့် ကြမ်းတမ်းစွာ ဖိဆုတ်ကိုင်ခြင်းကို ခံရ၍ နာကြင်ရသည် ၊ ထို့ကြောင့် အနည်းငယ်မျှ သက်သာစေရန် ဖိကိုင်ထားသည့် သူ၏ လက်တို့အား ဖြေချနေမိသည်
ချိုးရေစိမ်ကန် ရှိသည့် အခန်းတွင်းသို့ ရောက်သည်နှင့် ကြမ်းတမ်းစွာ ဖိဆုတ် ကိုင် ထားသည့် လက်တွေကို လွှတ်ပေးလိုက်သည်….
“မင်းကြီး..မင်းကြီး..ဒါက…”
မေးလို့မှ မဆုံးသေး သူမအား ရေကန်ထဲသို့ တွန်းချပစ်လိုက်သည်…
“ဗွမ်းး…”
“ဝလူး..လူးး..”
နှာခေါင်းနှင့် ပါးစပ်အတွင်းသို့ ရေများဝင်ကာ ရေမွန်းရသည်…
ထို့ကြောင့် ကိုယ်လေး အနည်းငယ်မျှ ဖော့ကာ ရေပြင်ပေါ် ခေါင်းပြူလာလို့သီးနေသည့် ရေတို့အား အပြင်သို့ ထွေးထုတ် ပစ်လိုက်သည်..
ချက်ချင်းဆိုသလို ဝတ်ဆင်ထားသည့် အနီရောင်မင်္ဂလာဝတ်စုံ လေးမှာ ရေအတိ ရွှဲစိုကုန်သည်…
ထို့နောက် မျက်နှာလှလှလေးတွင် ရေသီးရေပေါက်များ တွဲခိုနေသူ သူမ ရှိနေသည့် ထိုရေစိမ်ကန် ထဲသို့ မုန်းဘုရင် တဖြေးဖြေးချင်း ဆင်းလာနေသည်…
သူမအပေါ် ကြည့်နေတဲ့ အကြည့်တွေက မရိုးသားသလို စူးရှလွန်းတဲ့ ညို့ချက်ပြင်း မျက်ဝန်းညိုကြီးတွေ နဲ့ သူ့ကို သူမ သတ္တိရှိရှိဖြင့် ရင်ဆိုင်မကြည့်ရဲပါ
အနားသို့ တဖြေးဖြေး နီးကပ်တိုးလာနေပြီး လူကို ဝါးမျိုမတတ်အကြည့် တို့ဖြင့် မထင်မှတ်ထားသည့် စကားအား အမိန့်ပေးလာသည်…
“အင်္ကျီတွေ ချွတ်လိုက်…”
“ရှင်!…”
“မင်း..မင်းကြီး…ကျွန်မ..”
“ငါအမိန့်ပေးနေတယ်..ချွတ်လိုက်…”
သူမကို ဘာမှ အတွန့်တတ် တုန့်ပြန်ခွင့် မပြု…
သားကောင်လိုက် သည့် ကျားရဲပမာ သူမအား ကျောချမ်းဖွယ် အကြည့်တို့ဖြင့် လေသံခပ်မာမာဖြင့် အမိန့်ပေးလိုက်သည်…
ပြင်းရှသည့် ထိုအမိန့်ကြောင့်….
မျက်လုံးလေးမှိတ်လို့ နာခံရပြီ…
ခန္ဓာကိုယ်လေး တွန့်တတ်သွားတဲ့အထိ ထိန့်လန့်မိသည်…
အမိန့်ဆိုသည့် စကားဖြင့် လှုပ်မရအောင် တုတ်ချုပ်လိုက်၍ ငြင်းဆန်ခွင့်ဆိုသည်မှာ နတ္ထိမရှိ…
ထို့ကြောင့် သူ၏ အမိန့်တော် အတိုင်းသာ….
တုန်ရင်နေသော လက်တို့က တစ်လွှာချင်း အဝတ်လွှာတို့ကို ဖယ်ရှား ချွတ်ချနေသည်…
အဆုံး၌ ဖြူလွှလွှ အောက်ခံ ဝတ်စုံ တစ်ထည့်သာ ကျန်ရှိတော့သည်…
ဖြူပြီးပါးကြည်သည် ၊ လည်ပင်း ကြိုးကိုင်း မျှင်လေးဖြင့် ရင်ဘက်တွင် ဖုံးဖိထားသည့် အတွင်းဝတ် အဖြူခံလေးကိုပင် မြင်နေရသည် …။
ဆက်ချွတ်ချဖို့ ရွယ်လိုက်သည့် သူမလက်တို့အား တင်းစွာ ဖမ်းဆုတ်ခြင်း ခံလိုက်ရသည်…။
ထို့နောက် သေးသွယ်သည့် ခါးလေးကိုပါ တင်းနေအောင် သိမ်းကျူးဖက်ခြင်း ခံလိုက်ရသည်….
“မင်းကြီး….
လွှတ်..လွှတ်ပါဦး..အသက်ရှူလို့ မဝတော့ဘူး…”
ဘာမှပြန်မပြောပဲ ညို့မျက်ဝန်း စူးစူးရဲရဲ တွေနဲ့ သာ စိုက်ကြည့်နေသည့် သူ
ဖျတ်ကနဲဆိုသလို သူမ၏ လည်တိုင် ညက်ရိုးလေးအား သွေးများ ဆို့တတ်သည် အထိ ဖိကိုက်ပစ်လိုက်သည်
“အ…..အဟင့်..”
နာကြင်မှုကြောင့် ပါးပြင်ထက်မှာ မျက်ရည်များက နေရာယူ စီးကျလာသည်…
ဘာ…ဘာလို့လဲ…
ဘာလို့ ပြောင်းလဲ သွားရတာလဲ
ဘာလို့ နာကြင်အောင် လုပ်နေရတာလဲ
အဟင့်…တော်ပါတော့ နာကြင်လှပါပြီ
ပူထူ စူးရှသည့် ထိုနာကြင်မှုကြောင့်
သူ၏ ကျောပြင်အား လက်သည်းတွေ နစ်ဝင်တဲ့အထိ တင်းစွာ ဖက်တွယ် ကုတ် ခြစ်ထားမိသည်…
ထိုသို့ ကုတ်ခြစ်ထားပေမယ့် နာကြင်မှုမရှိသည့် ပမာ သူကတော့ တုတ်တုတ်မျှ မလှုပ်….
မျက်လုံးလေး ဖိမှိတ်ကာ ပေါက်ထွက်မတတ် နှုတ်ခမ်းလေး ဖိကိုက်လို့ ကြိတ်မှိတ် သည်းခံနေရရှာသည်….။
ခဏအကြာမှ ဖိကိုက် ထားသည့် လည်တိုင် ညက်ရိုးလေးကို လွှတ်ပေးလိုက်သည်…
ဖြူဝင်းဖန့်နေသည့် လည်တိုင် ညက်ရိုးလေးမှာ သူ၏ ဖိကိုက်မှု ဒဏ်ကြောင့် သွေးစများ ဆို့တတ်ကာ ပေါက်ထွက် နေသည်….
ဤသည်အား သဘောကျစွာ ကြည့်ရင်း ပေါက်ထွက်နေသည့် သွေးစတို့အား လျှာဖျားလေးဖြင့် ဖိယက်လိုက်သည်
“ဟားး…အရသာရှိပြီး ချိုမြိန်လိုက်တာ…အဟွန်း..မင်းသိလား ရှောင်လု…ငါ မင်းကို ဘယ်လောက်အထိ နှစ်သက်ချစ်မြတ်နိုးသလဲ ဆိုရင်
မင်းရဲ့အသားကို စားပြီး မင်းရဲ့ သွေးကို သောက်ပစ်ချင်တဲ့ အထိကို
အပြစ် အနာအဆာ စက်စုတ်ရွံ့ရှာမှု မရှိ မင်းကို ငါနှစ်သက်ချစ်ခင်တယ်…
မင်းကို ဒီအတိုင်း အပြင်မှာတောင် အသက် ရှင်နေခွင့် ပေးမထားချင်ဘူး…ဖြစ်နိုင်ရင်…မင်းကို..
ငါ့ရဲ့ နှလုံးအိမ်ထဲမှာပဲ တစ်သက်လုံး သိမ်းဆည်း ထားချင်တဲ့ အထိကို မင်းကို ငါအရမ်းချစ်တယ်….”
ထိုစကားတွေ သူမအား မပြောပေ…
ဤစကားတွေသာ သူမ ကြားလျှင် သူ့အား သေမတတ် ကြောက်သွားနိုင်သည်။…
စိတ်ထဲတွင်သာ ရေရွတ်ရင်း…
ဆန့်ကျင့် ဘက်အရပ်သို့ မျက်နှာလွှဲကာ ငိုမဲ့မဲ့ ဖြစ်နေသည့် သူမအား
လည်တိုင်မှ ဖိကိုင်ကာ လှည့်လိုက်သည် ၊ ထို့နောက် နီရဲစိုဖက် နူးညံ့ထွေးအိနေသည့် သူမ နှုတ်လုံးလုံးလေးအား ရိုင်းစိုင်းသော အနမ်းကြမ်းများဖြင့် တရှိုက်မက်မက် ဖိကပ်ကာ နမ်းစုပ်လိုက်သည်…။
“ဟွန့်…အွန်း…”
နူးညံ့လွန်းသည့် သူမနှုတ်ခမ်းသားတွေ ဆုတ်ပျက် ပွန်းပဲ့ လောက်တဲ့အထိသူ့အနမ်းတွေက ကြမ်းရှ ရိုင်းစိုင်းလွန်းသည်။
ထိုသို့ကြမ်းတမ်း ရိုင်းစိုင်းလွန်းသည့် အနမ်းတွေကို သူမကြာကြာ တောင့်မခံနိုင်ပါ ၊ဆူးပူ နာကြင်လွန်းလှသည်၊
ထို့ကြောင့် မရုန်းကန်ပဲ နေနေရာမှ တွန်းထုတ် ရုန်းကန် ပစ်လိုက်သည်…
“ဟင့်..အင်း…”
မျက်ဝန်းတို့က မျက်ရည်များဖြင့် စေးကပ်ကာ နှုတ်ခမ်းလေးမှာလဲ သွေးများ ဆို့ပေနေသည်….
စိမ်းသက်သက် မျက်ဝန်းတို့ဖြင့် မုန်းဘုရင်အား မျက်စောင်းရွယ်ကာ စူးစိုက်ကြည့်လိုက်ပြီး…
နှုတ်ခမ်းတွင် ပေါက်ထွက်နေသည့် သွေးစတိို့အား လက်ခုံဖြင့် ပွတ်သုတ်ပစ်လိုက်သည်…။
“မင်းကြီး…ကျွန်မကို ဘာလို ဒီလိုတွေ နာကြင်အောင် နိပ်စက်နေရတာလဲ…ဘာလို့ ဒီလို တွေ ရက်စက်နေရတာလဲ…ဘာလို့လဲ…”
သူမအဖြစ်ကို သဘောကျစွာ နှုတ်ခမ်းတို့အား မဲ့ပြုံးလိုက်ရင်း
ပခုံးလေးကို လှမ်းကိုင်လိုက်သည်…
“အဟွန်း…
ဘာလို့လဲ ဆိုတော့…
ငါက နဂိုကတည်းက ရက်စက်တတ်တဲ့ နှလုံးသားမဲ့ အရှင်သခင် မုန်းဘုရင်မလို့ပဲ….
ဒါပေမယ့် မင်းကိုတော့ ငါက
ချစ်လို့…ချစ်လို့လေ…
မနိပ်စက်ပါဘူး…ငါက မင်းကို မနိပ်စက်ပါဘူး…အရမ်းချစ်ကြောင်း
မင်းသိအောင် သက်သေပြနေတာ
မင်းကို ငါက မနိပ်စက်ရက်ပါဘူး…
မင်းက သိပ်နုနယ်တယ်
ငါ့ရဲ့ အချစ်ကြမ်းမှု ဒဏ်ကို မင်းမခံနိုင်ဘူးပဲ….
အဟက်…ဒါပေမယ့် ရပါတယ် မင်းကို ငါခံနိုင်ရည် ရှိလာအောင် သင်ပေးမှာပါ…
ကြာရင် မင်းယဉ်ပါးသွားမှာပါ…”
“ဟင့်အင်း..ရှောင်လု လက်မခံနိုင်ဘူး…
ရှောင်လု ကြောက်သွားပြီ ရှောင်လု မင်းကြီးကို အရမ်းကြောက်သွားပြီ
ဟီး…ဟီး.ဟီးး..
ထိုသို့ ပြောကာ အပေါ်သို့ တတ်ရန် ရေအားကို ရုန်းကန်ကာ ရှေ့မှ ထွက်သွားသည့် ရှောင်လုအား လက်ကောက်ဝတ်မှ ဖိစုပ်ကာ ဖမ်းဆွဲလိုက်သည်…။
“အဟက်...ဒါက မင်းဘယ်ကို ပြေးတာလဲ…”
“အဟက်...ဒါက မင်းဘယ်ကို ပြေးတာလဲ…”
“လွှတ် …လွှတ်ပေးပါ အဟင့်…
မင်းကြီး…မင်းကြီး ကျွန်မကို ဒီလို ရက်စက်ပြီး မနိပ်စက်ပါနဲ့ လွှတ်ပါ..
ရှောင်လုကို လွှတ်ပါ…
ရှောင်လု သွားပါရစေ…””
“ဟား..ဟား..ဟား..ဘာလဲ ရှောင်လု
မင်းက ကိုယ် အရင်တုန်းကလို ကြင်နာ ယုယမှု မရှိတော့လို့ ကိုယ့်ကို လက်မခံ နိုင်တော့တာလား….
ဘာလဲ မင်းက ကိုယ့်ရဲ့ ကြင်နာယုယမှုတွေကို သဘောကျ မက်မောတယ်ပေါ့…ဟုတ်လား…”
“ဟင့်အင်း…ဘာကိုမှ သဘောမကျဘူး.. ဘာကိုမှလဲ မမက်မောဘူး..
လွှတ် …လွှတ်ပါ မင်းကြီးရဲ့
ကြောက်တယ်…
ရှောင်လု ကြောက်တယ်…
ရှောင်လု ကြောက်လို့ပါ ..အဟင့် လွှတ်ပါ…သွားပါရစေ”
“ဘာ….ကြောက်တယ်..ကြောက်တယ် ဟုတ်လား…အဟားဟားဟား…
ရှောင်လု မင်း မကြောက်ပါနဲ့ မကြောက်နဲ့ …ကိုယ့်ကို ကြည့်…ကိုယ့်ကို ကြည့်လို့…”
မျက်နှာလွှဲကာ အတင်းရုန်းကန်နေသည့် ရှောင်လု ပခုံးအား မုန်းဘုရင် အံ့ကြိတ်သံဖြင့် ဆွဲကိုင် လှုပ်လိုက်သည်…
ထို့ကြောင့် ရုန်းကန်မှုများ ရပ်တန့်ကာ မျက်ရည်များဖြင့် ထိန့်လန့်တုန်ရင်စွာ မော့ကြည့်လာသည်…။
“ကိုယ့်ရဲ့ ကြင်နာယုယမှုတွေကို မင်းလွမ်းစွတ် နေတာမလား…..
ကိုယ့်ရဲ့ ညင်သာနူးညံ့မှုတွေကို မင်း တမ်းတနေတာမလား…
ဟုတ်တယ် မလား …မင်းတမ်းတနေတာမလား..ဟမ်..ဟုတ်တယ်မလား…ကိုယ်မေးတာ ဖြေစမ်းပါ…”
အစကတော့ ခေါင်းကို အတွင်တွင်ခါရန်းနေသည်…နောက်တော့ တဖြေးဖြေး ချစ်တဲ့စိတ်တို့ကြောင့် စိတ်အလို လိုက်ကာ ခေါင်းလေး ငုံ့လို့ ညိမ့်ပြလာသည်….
ဒီလိုကျတော့လဲ သူစိတ်မခိုင်တော့ပဲ
သူမကို ဂရုဏာသက်လို့ ကြင်နာမိသည် ၊ သနားစိတ်ဝင်မိသည် ၊ သူမကို ကြာကြာ နာကြင်အောင် ရက်စက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ချေ…
“ဒါဆို မင်းလိုချင်တဲ့ ကြင်နာယုယမှုတွေ ကိုယ်ပေးမယ်….”
ငုံ့နေသည့် ဦးခေါင်းလေးအား မေးဖျားလေးမှ ဆွဲကိုင်မော့ကာ…
သွေးဆို့လို့ ယောင်ယမ်းနေသည့် နှုတ်ခမ်းပါးလေးအား ညင်သာစွာ အနမ်းပေးလိုက်သည်….။
ဒီတစ်ခါ မနာကြင်စေရဘူး ကိုယ်ကတိပေးတယ်…
ဒဏ်ရာဖြစ်ထားတဲ့ သူမ နှုတ်ခမ်းလေးကို မထိတထိဖြင့် ညင်သာစွာ ဖွဖွလေး အနမ်းတွေ ခြွေနေရင်း
သူ့လက်တစ်ဖက်က သူမရဲ့ ခါးနဲ့ဗိုက်စီသို့ တိုးဝင် ပွတ်သပ်နေသည်…
ဖျက်ကနဲဆိုသလို မျက်လုံးလေး ပွင့်လာကာ တိုးဝင် ပွတ်သပ်နေသည့် မုန်းဘုရင်ရဲ့ လက်ကို အမြန်ဖမ်းစုပ်လိုက်သည်…။
ခြွေနေတဲ့ အနမ်းတွေ တုန့်ကနဲ ရပ်တန့်သွားပြီး သူမကို စိုက်ကြည့်လိုက်သည်
“ဟင့်အင်း…မင်းကြီး..
ဒီလို မလုပ်ပါနဲ့….
ရှောင်လု လိုချင်တဲ့ ကြင်နာယုယမှုဆိုတာ ဒါတွေ မဟုတ်ဘူး….
ရှောင်လု မင်းကြီးစီက ဒါတွေ မလိုချင်ဘူး…ရှောင်လု လိုချင်တာက မင်းကြီး ရှောင်လုကို အရင်လို ကြင်ကြင်နာနာနဲ့ စကားတွေပြောပြီး ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးတာတွေကိုပါ…ဒါတွေ ရှောင်လု မလိုချင်ဘူး..“
“ဒါတွေ မလိုချင်လို့ မရဘူး…
မင်းက ကိုယ် ပိုင်တဲ့ မိဖုရား ဖြစ်နေပြီ
ကိုယ်က ပေးရင် ယူရမယ်…
ဒါဟာ မင်းကြီးဆိုတဲ့ ကိုယ့်ရဲ့ အမိန့်ပဲ”
ထိုသို့ ပြောကာ နှုတ်ခမ်းလေးအား မထိတထိဖြင့် တသိမ့်သိမ့် နမ်းလိုက်ပြီး လက်တို့က ပါးကြည်နေသည့် အောက်ခံဝတ်စုံလေးအား ဆွဲခွဲကာ ရင်ဘက် လုံအောင် စီးချည်ထားသည့်သေးမျှင်သည့် အတွင်းခံ ကြိုးမျှင်လေးအား ဖြည်ချလိုက်သည်….။
လည်တိုင်အား ပြင်းရှစွာ ဖိကပ်နမ်းရှိုက်လိုက်ရင်း တဖြေးဖြေး ရင်ညွှန့်စီသို့ ရောက်လာတော့ ရှောင်လု အံ့ကြိတ်ကာ သူ၏ အင်္ကျီ စလေးအား တင်းနေအောင် စုပ်ကိုင်ထားမိသည်…
သူ့စိတ်ကြိုက် ချယ်လှယ် နယ်ကျွန်ကာ တစ်ထပ်တည်းသာ ရှိတော့သည့် သူ၏ အောက်ခံဝတ်ရုံအား ကြိုးဖြည်ကာ ချွတ်ပစ်လိုက်ရာ…
တောင့်တင်းကာ ကြွက်သား အမြှောင်းမြှောင်းထနေသည့် ဝမ်းဗိုက် နှင့် ကျယ်ပြန့် သည့် ရင်အုပ်ကျယ်ကြီး တို့က အထင်းသားပေါ်လာသည်….။
ကြွေသားပမာ ချောမွေ့နေသည့် ရှောင်လု၏ ပါးပြင်မှ မျက်ရည် စီးကြောင်းတို့အား ပွတ်သပ် သုတ်ပေးလိုက်ရင်း ခါးလေးအား သိမ်းကျုံးလို့ ဖက်လိုက်ရာ နွေးကနဲဆိုသလို ပူးကပ်သွားသည့် ခံစားမှု တစ်ခု
တောင့်တင်း ကျယ်ပြန့်နေသည့် သူ့၏ ရင်အုပ်ကြီးနှင့် သူမ၏ ရင်ဘက်အစုံ ပူးကပ်လို့သွားသည်
လေးကိုင်းသဏ္ဌာန် ညိုပြေပြေ နှုတ်ခမ်းတို့က မျက်နှာအနားသို့ ငုံ့ကျလာပြီးမှ နား အနားသို့ ကပ်ကာ…
“ကိုယ် မင်းကို သိပ်ချစ်တယ် ရှောင်လု..”
ယုံပါတယ်….ရှောင်လု မင်းကြီးကို အကြွင်းမဲ့ ယုံကြည်ပါတယ် …
ဒါပေမယ့် ရှောင်လုကို နာကြင်အောင် မရက်စက်ပါနဲ့ မင်းကြီးရယ်….
ကျောပြင်အား လက်နဲ့ တင်းစွာ ဆွဲကုတ်ဖက်ထားရင်း…
ရှောင်လု တစ်ယောက် ဒုတိယအကြိမ် သူနှင့်အတူ ကြမ်းတမ်းလွန်းသည့် အချစ်နယ် ခရီးကို ပင်ပန်းစွာ လျှောက်လှမ်းရပြန်ပြီ…🥀
နှလုံးသားမရှိ ရက်စက်မှုအပြည်ဖြင့် ကြင်နာမှု အတိကင်းမဲ့သည့် စစ်ဘုရင်မင်းကြီးဟာ နှလုံးသားလှ သူ ကချေသည်လေးကို ချစ်မိသည့်နေ့မှ စလို့ ကြင်နာတတ်လာသည် ၊ နူးညံ့ပြီးချစ်တတ်တဲ့ နှလုံးသားရှိလာသည်။….
~~~~~~~~~~~~~~
နဂါးနက် အပေါ်ဝတ်ရုံအား…
တောင့်တင်းသည့် ရင်အုပ်ကျယ်ကြီး ပေါ်အောင် ခွဲဟလို့ ဝတ်ဆင်ထားပြီး
ကုတင်နံဘေးတွင် ခြေတစ်ဘက်တင်ကာ ထိုင်နေသည်….။
ဖြူဝင်းမွှတ်နေသည့် ကျောပြင်လေးပေးကာ တစောင်းလေး အိပ်ပျော်နေသည့် ရှောင်လုအား တစ်ချက်ငှဲ့ကြည့်လိုက်ရင်း….
“ရှောင်လု ကိုယ် မကြာခင် နန်းတော်မှာ မင်းကို ထားခဲ့ပြီး ခရီးထွက် ရဦးမယ် ရှောင်လု….
အဲ့ခရီးက ကိုယ့်ဘဝ အတွက် အရမ်းအရေးကြီးတယ် …
ကိုယ် မင်းနဲ့ ခဏတော့ ခွဲရဦးမယ်…
ကိုယ် မရှိတဲ့အချိန်မှာ မင်းအားမငယ်ရဘူးနော် မင်းကို အနီးကပ် စောင့်ရှောက်ပေးဖို့အတွက် ကိုယ် ချောင်အန်းကို ထားခဲ့မယ်…ကိုယ့်ကို အမြဲသတိရနေပေးနော်…”
အိပ်ယာထဲသို့ ဝင်ကာ ကျောလေးပေးကာ တစောင်းလေး အိပ်ပျော်နေသည့် သူမ ခါးလေးအား အနောက်မှ သိုင်းဖက်ကာ ဝင်အိပ်လိုက်သည်…..။
ဒီညတော့ သူမ အိပ်မက်ဆိုးတွေ မက်လိမ့်မည် မဟုတ်ပါ ~~~
နောက်ကျောဘက်ရှိ နွေးထွေးသော ရင်ခွင်တစ်စုံက အိမ်မက်ဆိုးတွေ ဝင်မလာနိုင်အောင် ထွေးပွေ့လို့ တားစည်း ပေးထားသည်….
👑👑👑👑 အပိုင်း ၂၆ ဆက်ရန်>>>
မင်္ဂလာညနဲ့တင် အချိန်ကုန်ကော အေးရော🤣🤣🤣…..
#စာဖတ်ပရိတ်သက်အပေါင်းအားလေးစားလျက်
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)