🌸ကချေသည်🌸
Author ✍️ ကြွယ်
"ကျုပ်တပည့်တွေအရှေ့မှာ ကျုပ်အသားကို နာအောင် လုပ်ခဲ့တဲ့ ခင်ဗျကို ဘယ်လို အပြစ်ပေးရင် ကောင်းမလဲ…ဟမ်…ဘယ်လို အပြစ်ပေးရင် ကောင်းမလဲ…”
ပြောနေရင်းမှ မုန်ယိုသော အကြည့်တို့ဖြင့် လက်ချောင်းတို့က ဒေါ်လေးခမ်၏ ချောမွှတ်သောပါးပြင် ထက်မှ တဖြေးဖြေးလျော ဆင်းကာ ဖွေးနုနေသည့် လည်တိုင်တွေ စီသို့…
ထို့နောက် အင်္ကျီ ရင်ဘက်စအား ထိတို့ ကိုင်တွယ်ရန် ပြင်လိုက်စဉ် ထိုလက်ချောင်းတို့အား ဒေါ်လေးခမ် ပုတ်ထုတ်ပစ်လိုက်သည်။
“အဟင်း…အဒေါ်ကြီး ကျုပ်ခင်ဗျကို လိုချင်တယ် အဲ့ဒါက အခုပဲ…”
“အို..ရှင်!..”
မြေပြင်ပေါ်သို့ စောင့်တွန်းခြင်းခံလိုက်ရသည်မို့ ပြိုလှဲကျသွားသည်..
ထို့နောက် လှဲကျသွားသည့် သူမကိုယ်ပေါ်မှ အုပ်မိုးလိုက်ပြီး ရင်ဘက်ရှိ အင်္ကျီစအား ဆွဲဖြဲပစ်လိုက်၏။
"ဟင်!..ရှင်..ရှင်..မယုတ်မာနဲ့နော်..ဟီးဟီး..ဖယ် ..ကျွန်မကို လွှတ်..လွှတ်......"
ခွဲဟသွားသည့် ရင်ဘက်က အင်္ကျီစ တို့အား ဇွတ်အတင်း သိမ်းဖမ်းဆွဲကာ အဒေါ်ကြီး အော်ငိုလို ရုံးကန်နေသည်…
ရုန်းကန်ငိုယိုနေမှု တို့အား လျစ်လျူရှုကာ အန်ဖောင်တစ်ယောက် သူ၏ ယုတ်မာမှုကြီးကို စတင်လိုက်သည်၊ လည်တိုင်နှင့် ရင်ဘက်တို့အား အကြမ်းပတမ်း ဆွဲနမ်းနေပြီး လုံခြုံစွာ ဝတ်ဆင်ထားသည့် အင်္ကျီတို့အား စုတ်ဖြဲလိုက်သည်…
“အီးဟီးဟီး…လူယုတ်မာ ..လူယုတ်မာကြီး…ငါ့ကို လွှတ်..လွှတ်…ဟီးဟီး..”
သန်မာစွာ ထိန်းချုပ်ထားမှုကြောင့် ရုန်းကန်နေမှုတို့ကလဲ အချည်းနှီးသာ..
မွှတ်သိပ် ကြမ်းရှရိုင်းစိုင်းသော အနမ်းများဖြင့် အဒေါ်ကြီးအား သူလိုရာ ပြုကျင့်လိုက်တော့သည်။..
🥀🥀🥀🥀
ချွတ်ပုံထားသည့် အင်္ကျီတို့အား ကောက်ယူ ဆွဲဝတ်လိုက်ပြီး…
အန်ဖောင်း သူလုပ်ရပ်ကို ကျေနပ်စွာ ပြုံးလိုက်သည်…
ရင်ဘက်ကို အင်္ကျီ စတို့ဖြင့် ဖိဖုံးကာ လှဲကျနေသည့် မြေပြင်ပေါ်မှ မထနိုင်ပဲ ငိုယိုနေသူက ဒေါ်လေးခမ်ပင်…
“နောက် သုံးရက်လောက်နေရင် ခင်ဗျားကို ကျုပ်မိန်းမ အဖြစ်လာခေါ်မယ် ခင်ဗျား ကျုပ်ကို ဆက်ဆက်စောင့်နေပါ…”
ထိုသို့ပြောကာ ထသွားလိုက်ပြီး တပည့်များ ခေါ်ဆောင်ရာ စားသောက်ဆိုင်သို့ မြင်းများတရုန်းရုန်းဖြင့် ထွက်သွားတော့သည်။
အင်္ကျီ စအပြဲများနှင့် စုတ်ဖွာနေသော ဆံနွယ်တို့အား ဂရုမစိုက်နိုင်ပဲ မျက်ရည်များသာ အသွင်သွင် စီးကျကာ အိမ်သို့ ရောက်လာခဲ့သည်။
"ခမ်ရှန်း နင်..နင်..ဒီအသက်ဒီအရွယ်အထိ ထိန်းထိန်းသိမ်းသိမ်း နေလာခဲ့ပြီးခါမှ အလိုမတူပဲ အဓမ္မပြုကျင့်ခံရတယ်လို့..ဟီးဟီးး..ရှက်စရာကောင်းလိုက်တာ..ရှက်ဖို့ကောင်းလိုက်တာ.. ဟီးဟီးး..ဆိုးဝါးလိုက်တာကံတရားရယ်..”
ရေစိမ်ချိုးသည့် အသားကန်လေးထဲ တွင် ပြဲစုတ်နေသည့် အင်္ကျီစတို့အား ဆုတ်ကိုင်ထားရင်း တငိုငိုတရီရီဖြင့် မိမိအဖြစ်ကို ယူကျုံးမရဖြစ်နေရသည်။
~~~~~~~~~~~~
နီးဆက်ရာ ရွာထဲက စားသောက်ဆိုင်တွင် ဝိုင်းကြီးကြီးဖွဲ့လို့ အဖျော်ယမကာ/အမြည်းအစုံအလင်ဖြင့် မူးရူးပျော်ပါးနေကြသည့် လူတစ်စု….
တွေ့ကြုံခဲ့သည့် ရှေးဟောင်းနှောင်း ပြစ်များအား ပြန်လည်စမြုပ်ပြန်ရင်း
တစ်ဦးအဖြစ်ကို တစ်ဦး ထိုင်ဟားနေကြသည်…
“ဟားး..ဟား.ဟား ဒါဆို အစ်ကိုကြီးတို့ အဖြစ်က အဲ့ကောင်ကို ရှာတွေ့ချင်ဇောနဲ့ စီးလာတဲ့ မြင်းကိုပါရောင်းပြီး ရိက္ခာပြုလိုက်ရတဲ့ အဖြစ်ပေါ့..”
“အဟားဟား..ဟုတ်တယ်ဟေး..
နောက်လေးရက်လောက်လဲနေရော အဲ့ဒါတွေပါ အကုန်ကုန်လို့ ငါတို့ နှစ်ကောင် ရေသောက်ပြီး ဗိုက်မှောက်နေရတဲ့ အဖြစ်ပဲဟေး…”
“ဟားးဟားးဟားး…သားကောင် မိဖို့ လောဘကြီးလိုက်တာ တို့အကိုကြီး သားကောင်မမိပဲ အဆာငတ်လို့ ပြန်ပြေးလာရတယ်…”
“ဟားဟားးဟား..”
“အဟွန်း..အေးပါ..မင်းတို့ လှောင်ထားကြပါကွာ.. “
“ဟေး..မင်းတို့ အားလုံး နားထောင်ကြ ငါ ပြောစရာရှိတယ်..”
ရယ်မောနေရင်းမှ တရုတ်တရက်ဆိုသလို အန်ဖောင် မျက်နှာတည်သွားပြီး
ရယ်မောသောက်စားနေသည့် သူ၏ တပည့်တို့အား စိုက်ကြည့်ရင်း အသံမာမာဖြင့်ပြောလိုက်သည်..
“ဟုတ်ကဲ့ အစ်ကိုကြီး…”
အားလုံးသောက်စား ရယ်မောနေခြင်းတို့အား ရပ်လိုက်ကြပြီး အန်ဖောင်ပြောမည့် စကားအား အာရုံစူးစိုက်မိကြသည်…
အန်ဖောင်မှာ ထိုင်နေသည့် လူအုပ်စုကြီးအား မျက်နှာဖုံးနဲ့လူ နှင့် ကချေသည်ရှောင်လုအား ဤသို့ လိုက်လန်ရှာဖွေရန်မှာ မဖြစ်နိုင်တော့ကြောင်းနှင့် မျက်နှာဖုံးနှင့်လူ၏ အကြောင်းအရာမှန်ကို စုံစမ်းရန်မှာ လုံးဝမလွယ်ကူကြောင်းကို သူကြုံတွေ့ခဲ့သည့် အဖြစ်နဲ့ နှိုင်းယှဉ်၍ အချက်ကျကျ ရှင်းပြလိုက်သည်..အားလုံးကလဲ အစ်ကိုကြီး၏ ရှင်းပြချက်မှာ အတွန့်တတ်စရာမရှိအောင် အချက်ချာကျနေ၍ ဘာမှ ပြန်မပြောပဲ နှုတ်စေ့နေကြသည်။တစ်လက်စတည်း သူမြို့ထဲမှာ ကြားသိခဲ့ရသည့် မုန်းဘုရင်၏ ရက်စက်ထက်မြတ်သော သမိုင်းကြောင်းအား ထက်၍ ပြောပြလိုက်သည်..
“ဒါဆိုဟိုနှစ်ယောက်ကို ဒီမှာလာရှာဖို့နဲ့ အကြောင်းမှန် စုံစမ်းဖို့ ဆိုတာက လုံးဝမဖြစ်နိုင်တော့ဘူးပဲ…”
“အေး ဒါကြောင့် ငါတို့ အားလုံး သခင်မကြီးစီကို ပြန်ပြီး ဒီအကြောင်းအရာကို သေချာ ရှင်းပြကြရမှာပဲ..”
“ဟုတ်ကဲ့အကိုကြီး..ဒါဆို ကျုပ်တို့ ဒီည ဒီရွာမှာပဲ စတည်းချလိုက်ပြီး မနက်ကြ သခင်မကြီးစီ ပြန်ဖို့ စီစဉ်လိုက်ပါ့မယ်…”
“အေး..ကောင်းတယ်..”
“ကဲ..ကဲ အားလုံးပဲ အေးဆေးပြန်သောက်ကြလို့ ရပြီ.. ကမ့်ပေ့..”
“.. ကမ့်ပေ့…”
~~~~~~~~~
မူးနောက်နောက်ဖြင့် နားထင်လေးအား ဖိကိုင်ကာ ထထိုင်လိုက်ရာ ရိတ်ကနဲဆိုသလို မူးဝေသွား၍ အိပ်ယာတွင် အမြန် လက်ထောက်လိုက်ရသည်…
လစ်ကနဲဆိုသလို ပခုံးလေးအား ဖမ်းဆုတ် ထူလိုက်သည့် လက်တို့ကြောင့် မော့ကြည့်မိရာ…
“ဟင်..ရှင်..လူလိမ်…ဖယ်..ကျွန်မ အသားကို မထိနဲ့..”
တွန်းထုတ်လိုက်သည့် သူမကြောင့် ခန္ဓာကိုယ်မှာ အနောက်သို့ တွန့်ဆုတ်သွားသည်။
စိမ်းသက်သော အကြည့်တို့ဖြင့် ဝါးမျိုမတတ် မုန်းတီးစွာ စိုက်ကြည့်နေသည့် သူမကြောင့် ရင်ထဲ တစ်ဆစ်ဆစ် နာကြင်လာသည်
“ရှောင်လု..ကိုယ့်ကို အဲ့လို စိမ်းကားတဲ့ အကြည့်တွေနဲ့ မကြည့်ပါနဲ့ ကွာ…
အဲ့အကြည့်တွေက ကိုယ့်ကို နာကြင်စေတယ်…”
“ဟွန်း…ရှင့်လို လူလိမ်က ဘာများ နာကြင်စရာရှိလို့လဲ…”
“ရှောင်လု..မင်းကိုယ့်ကို အဲ့လို တရားသေ မစွတ်စွဲစမ်းနဲ့ကွာ…”
“ဟင့် စွတ်စွဲနေတာ မဟုတ်ဘူး ဟုတ်တာတွေ ၊မှန်တာတွေကို ပြောနေတာ…
ဘာလဲ ဒါကဘယ်နေရာလဲ ကျွန်မကို ရှင်ဘယ် ခေါ်လာတာလဲ…”
ဘေးဘီသို့ မျက်စိဝေ့ကြည့်ရင်း မုန်းဘုရင်အား မေးလိုက်သည်…
အနားသို့ အကပ်မခံသည့် သူမကြောင့် နီးစပ်ရာ ထိုင်ခုံတွင် ထိုင်လိုက်ပြီး သူမကို ပြုံးပြလိုက်သည်..
“ဒါက ကိုယ်နေတဲ့ နန်းဆောင်လေ …
မင်းမူးလဲသွားလို့ ကိုယ် ဒီကို ခေါ်လာခဲ့တာ..”
“ဟုတ်လား အဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွန်မ ပြန်တော့မယ်…”
အိပ်ယာထဲမှ ရုန်းထကာ တံခါးပေါက်စီသို့ ဦးတည်လျှောက်သွားသည့် သူမအား အနောက်မှ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်
“ဒါဘယ်လဲ ရှောင်လု..ဘယ်ကို ပြန်မှာလဲ..”
“ဘယ်ကို ပြန်ပြန်ပေါ့ ရှင်မရှိတဲ့ နေရာဆိုပြီးရော ကျွန်မဘာသာ ဘယ်ကိုပဲ ပြန်ပြန်…”
“ရှောင်လု…”
“ဟင့်..”
အံ့ကို တင်းတင်းကြိတ်လိုက်ရင်း…
လက်ကောက်ဝတ်မှ တစ်ဆင့် လက်မောင်းလေးအား ဖမ်းဆွဲကာ ရင်ခွင်ထဲသို့ အရောက်ပို့လိုက်သည်..
ဆွေ့ကနဲ ပြိုကျလာသည့် ခန္ဓာကိုယ်အိအိလေးအား တင်းနေအောင် သိမ်းဖက်ထားလိုက်ရင်း….
“မင်းကိုယ့် အနားက ထွက်သွားလို့မရဘူးနော်.ရှောင်လု. မင်းက ကိုယ့်အပိုင်..နောက်ပြီး မင်းမှာ ကိုယ့် ရင်သွေးလေးရှိနေပြီ”
“ဟင်!…”
ထိုစကားအား ကြားရ၍ ထိန့်လန့်တုန်လှုပ်ကာ မျက်လုံးများ ပြူးကျယ်သွားသည်…
ဘ..ဘယ်လို …ရင်..ရင်သွေး..ရင်သွေးဟုတ်လား..ငါ့မှာ သူနဲ့ရတဲ့ ရင်သွေးရှိနေတာလား…ဟင့်အင်း..ငါမလိုချင်ဘူး
မလိုချင်ဘူး..
သူနှင့်ရတဲ့ ရင်သွေးမို့ မလိုချင်ရတာလားဆိုတော့လဲ မဟုတ်ပြန်ပါ…
ငယ်ရယ်နုနှယ်သေးတဲ့ မိန်းမသားမို့ ကိုယ်ဝန်ဆောင်ရန် အသင်သင့် မဖြစ်သေးပဲ ခက်ခဲနေခြင်းသာ…
ဘာတွေ ဖြစ်လာမလဲ မသိတဲ့ ထိုအရာတွက် သူမရင်ထဲ ကြောက်စိတ်တွေသာ ကြီးစိုးလို့ လာလေသည်။
ဖက်ထားသည့် ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး…
ငိုနေတဲ့ မျက်ဝန်းတွေနဲ့ မုန်းဘုရင်အား ကြည့်လိုက်သည်..
“ကျွန်မကြောက်တယ်…ကြောက်တယ်..မလိုချင်ဘူး..ဒီကလေးကို ကျွန်မမလိုချင်ဘူး…ဖျတ်ချခွင့်ပေးပါ..”
“ဘာ…မင်း…ဘာပြောတယ် ရှောင်လု”
ဘာကနဲနေအောင် စိုးထိန့်အံ့ဩသွားရပြီး ရှောင်လု လက်မောင်းတို့အား တင်းပြီး နာကြင်နေအောင် ဖိဆုတ်ပစ်လိုက်သည်
ထိုစကားက သူ့ရင်ကို လှံနဲ့ထိုးစွနေသလို သွေးပျက်ခြောက်ခြားဖွယ် အတိဖြစ်သွားစေသည်
“မင်း…ဘာပြောလိုက်တယ် ရှောင်လု..”
လှုပ်ခါကာ ထက်လို့ မေးလိုက်သည်
ဒီစကားပြောလို့ သူဘယ်လောက်အထိ ဒေါသ ထွက်သွားမလဲဆိုတာ သူမသိပါတယ် ဒေါသထွက်တာထက်တောင် ပိုချင်ပိုနေပါဦးမည်..
“ဒီ..ဒီကလေးကို ဖျတ်ချခွင့်ပြုပါ…”
ငိုမဲ့မဲ့ မျက်နှာလေးဖြင့် အသံတွေမှာတုန်ရီနေပြီး ပြောလာသည့် သူမစကားကြောင့် နာကြင်မှုနှင့် ဒေါသဖြစ်မှုတို့က အစိုးမရအောင် ကြီးထွားလာသည်…
“မင်း..မင်း..မင်းကွာ...”
“ဒုန်း…”
“အင့်…”
ကြမ်းပြင်သို့ စောင့်တွန်းချလိုက်ပြီး မျက်ရည်များ စီးကျကာ သူမ မျက်နှာအား သိန်းငှက်တစ်ကောင်လို စူးရဲစွာ စိုက်ကြည့်နေသည်
“အပြစ်ရှိနေတာက ငါပါ အပြစ်ရှိနေတဲ့ ငါ့ကို မင်းနာကြင်စေချင်တယ်ဆိုရင်လဲ ငါ့ကိုပဲ နာကြင်အောင်လုပ်ပါ ၊အပြစ်ပေးပါ ၊ကလေးနဲ့ ဘာမှ မဆိုင်ပါဘူး ၊ကလေးမှာလဲ အပြစ်မရှိဘူး..မင်းဒီလိုပြောတာ ငါ သိပ်အံ့ဩတယ် သိလား..ငါက မင်းကို ကြင်နာပြီးစိတ်ကောင်းရှိတဲ့ မိန်းကလေးလို့ ထင်ထားခဲ့တာ တကယ်တမ်းကျ မင်းက..ရက်စက်ပြီး အတော်အကြင်နာ တရားကင်းမဲ့တဲ့ မိန်းမပဲ…
ငါမင်းအပေါ် ယုတ်မာတာ / လိမ်ညာတာတွေထက် အခုမင်းရဲ့ ဒီအပြောက ပိုပြီး ယုတ်မာတယ် ..မင်းက ပိုပြီးယုတ်မာတယ် ကွ…”
မျက်ရည်များ ပေါက်ပေါက်ကျလာကာ ဒီလိုပြောမိတာ သူမ အလွန်မှန်းသိလိုက်ရသည်…
စောင့်တွန်းခြင်း ခံလိုက်ရ၍ သူမ တံတောင်းလေး ခုံစောင်းနှင့် တိုက်ကာ နာကြင်သွားပေမယ့်လို့ သူပြောတဲ့ စကားတွေလောက်တော့ ဒီဒဏ်ရာက မနာကြင်ပေ။
“မင်းပြော…ပြောစမ်း ကလေးမှာ
ဘာအပြစ်ရှိလို့ မင်းက ကလေးကို ဖျတ်ချချင်ရတာလဲ …ပြော…ပြောစမ်း..ငါ့ကို”
“အွန့်…အွန်းး..”
လှဲ ကျနေသည့် သူ့မအနားသို့ ဒူးတစ်ဖက်ချ ထိုင်ကာ ပါးနှစ်ဖက်အား တမင်နာကြင်အောင် ဖိညစ်၍ မေးလိုက်သည်
“ဖြေ..ဖြေလေ…ဒီပါးစပ်တွေက..
ဘာလဲ မဖြေနိုင်ဘူးလား…”
ဖျတ်ချချင်သည့် အကြောင်းအား ပါးစပ်ထဲရှိလို့သာ အလွယ်တကူ သူမ ပြောလိုက်သည်..
တကယ်တမ်း ဂဂနန မေးလာလျှင် သူမလည်း ကြောက်စိတ် တစ်ခုသာ ရှိနေပြီး ဘာမှ သေသေချာချာ ပြန်မဖြေနိုင်ပေ…
ပြန်မဖြေနိုင်ပဲ ဖိညစ်ထားသည့် လက်အား တဖက်ဖက်ရိုက်ကာ နာကြင်လူးလွန့် နေသည့် သူမအား စိုက်ကြည့်နေရင်းမှ…
နီထွေးပြီး ဖူးလုံးနေသည့် နှုတ်ခမ်းလေးအား တရကြမ်း ငုံ့နမ်းကာ ဖိကိုက်ပစ် လိုက်သည်…
“အင့်…”
နာကြင်မှုကြောင့် ရှုံ့မဲ့ကာ မျက်ရည်များ စီးကျလာသည်..
ခဏအကြာမှ သူမအား တွန်းထုတ်ကာ လွှတ်ပေးလိုက်ပြီး နှုတ်ခမ်းတွင် ပေကျံနေသည့် သွေးစတို့အား လျှာဖျားလေးဖြင့် သပ်သိမ်းလိုက်သည်..
ကြောက်ရွံ့ကာ မျက်ရည်များ စီးကျနေတဲ့ သူမရဲ့ နှုတ်ခမ်းလေးမှ ထွက်နေသည့် သွေးစတို့အား လက်ဖြင့် ဖိသုတ်ပေးကာ ကပ်ပေလာသည့် သွေးစတို့အား နှုတ်ခမ်းဖြင့် စုပ်သောက်လိုက်သည်…
ထို့နောက် သွေးအေးစွာ လေးကိုင်း သဏ္ဌာန် နှုတ်ခမ်းတို့အား မဲ့ပြုံးလိုက်ရင်း..
“မင်းသိလား..ငါက ဒီတိုင်းပြည်ရဲ့ အရှင်သခင် မုန်းဘုရင်ပဲ …ငါ့ရဲ့ အာဏာဟာ ကြီးမားတယ် ငါ့ကိုဆို လူတိုင်းက ကြောက်ကြတယ် ငါ့ကို မကြောက်တာဆိုလို့ မင်းပဲရှိတယ် မင်းကြောက်အောင်လဲ ငါမနေခဲ့ဘူးလေအဟွန်း…ဟုတ်တယ်မလား..”
ထက်၍ မဲ့ကာ ပြုံးလိုက်သည် …
ထို့နောက် ပေါက်နေတဲ့ သူမရဲ့နှုတ်ခမ်းလေးအား မထိတထိ ကျီဆယ်ကာ ပွတ်သက်လိုက်ရင်း မေးဖျားလေးအား ဆွဲကိုင်မော့လိုက်သည်…။
“ဒါပေမယ့် …”
အသံကို မြင့်တင်ကာ ပြောလိုက်ရင်း မျက်နှာအနီးသို့ တိုးကပ်လာသည်..
“အခုတော့ မရတော့ဘူး မင်း ငါ့ကိုမကြောက်လို့ မရတော့ဘူး..မင်းငါ့ကို ကြောက်ရမယ် ငါ့အမိန့်ကို တစ်သွေမတိမ်း လိုက်နာရမယ် မင်းကို ငါပိုင်တယ် …ငါ့ကန့်သတ်ထားတဲ့ စည်းဘောင်ထဲမှာ မင်းနေရမယ် …
ဗိုက်ထဲက ငါ့ရင်သွေးလေးကိုလဲ
ဖျတ်မချပဲ ငါ့အတွက် မင်းရအောင် မွေးပေးရမယ်..ဒါက ပြင်းထန်တဲ့ အမိန့် ဒီအမိန့်ကို မနာခံရင်တော့ ငါ့ရဲ့ ရက်စက်တဲ့ သမိုင်း စဉ်ဆက်အတိုင်း မင်းကို ပြစ်ဒဏ်ပေးမယ်…
အခုကစပြီး မင်းငါ့ကို ခေါ်ရမှာက မင်းကြီး....မင်းကြီးလို့ပဲ ခေါ်ရမယ် ငါ့ကိုကြောက်ရမယ် ၊ရိုသေရမယ်၊
ပြုစုပေးရမယ်…ဘာတစ်ခုမှ ငြင်းဆန်ပိုင်ခွင့် မင်းမှာ လုံးဝမရှိဘူး ကြားလား…”
သူ့အပြောတို့အား သူမ မတုန်မလှုပ်ဖြင့် ခေါင်းလဲမငုံ့သလို / ခေါင်းလဲမခါပေ..
“ကြားလားလို့ ငါမေးနေတယ်လေ…”
“ဟင့်…”
မေးဖျားလေးအား တင်းနေအောင် ဖိကိုင်ခါ လှုပ်ရန်း အော်လိုက်ခြင်းကြောင့် မတုန်မလှုပ်ဖြစ်နေသည့် သူမ
မျက်ရည်ကြည်များ ဝဲခိုနေသည့် မျက်ဝန်းဝိုင်းလေးတို့ဖြင့် မော့ကြည့်လာကာ ခေါင်းငြိမ့်ပြလိုက်သည်…
“ဟွန်း…သဘက်ခါဆိုရင်ပဲ ငါ မင်းကို မိဖုရားအဖြစ်နဲ့ တော်ကောက်မယ်…
မင်းဘက်က သဘောတူတူ မတူတူ ငါ့ကို လက်ထက်ရမယ် ငြင်းပိုင်ခွင့် မရှိဘူး ဒါငါ့ အမိန့်ပဲ…”
ဆက်ကနဲဆိုသလို ကိုင်ထားသည့် မေးဖျားလေးအား ဖြုတ်ချကာ ဒူးထောက်ထိုင်ထားရာမှ မက်တပ်ထရပ်လိုက်သည်။…
ထို့နောက် ကြမ်းပြင်တွင် ပုံလှဲကျနေသည့် သူမအား သိန်းငှက်ပုံကျောက်စိမ်းလက်စွပ် ဝတ်ဆင်ထားသည့် လက်ဖြင့် ထရန် လက်ကမ်းပေးလိုက်သည်…
ထိုကမ်းပေးလာသည့် လက်ကြောင့် ရှောင်လု မဝင့်မရဲဖြင့် မော့ကြည့်မိရာ လက်ကိုသာ ကမ်းပေးထားပြီး အကြည့်တို့က အခြားတစ်နေရာ စီသို့သာ…
🌸🌸🌸🌸အပိုင်း ၂၄ဆက်ရန်>>>
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)