book

Index 22

(အပိုင်း ၂၂)

  • Author : Kyawal
  • Genres : Comedy, Drama, Action

🌸ကချေသည်🌸
Author ✍️ ကြွယ်

“ပြောပါ…ဘာဖြစ်တာလဲ..
သူမ ဘာဖြစ်လို့လဲ သမားတော်ကြီး ငါကိုယ်တော်ကို အမြန်လျှောက်တင်စမ်း…”

သမားတော်ကြီးမှာ ခြောက်ကပ်နေသည့် လည်ချောင်းထဲသို့ တံတွေးမျို ချလိုက်ရင်း မေ့မျောနေသည့် ရှောင်လုအား ကြည့်ကာ မျက်လုံးအား ပုတ်ခက်လိုက်ရင်း မရဲတရဲလေသံဖြင့်…
“အရှင်မင်းကြီး မိန်းကလေးမှာ ကိုယ်ဝန်ရှိနေတဲ့ လက္ခာဏာကို ကျွန်တော်မျိုး တွေ့ရှိရပါတယ် မိန်းကလေးဟာ သွေးအားလဲ အရမ်းနည်းနေပါတယ်…နောက်ပြီး မိန်းကလေးက စိတ်ခြောက်ခြားပြီး အရမ်း စိတ်ထိခိုက်ထားပုံ ပေါ်ပါတယ် စိတ်တွေ ထွေပြားပြီး တည်ငြိမ်မှု မရှိသလို သူမရဲ့ နှလုံးခုန် နှုန်းနဲ့ သွေးခုန်မှု နှုန်းတို့ဟာလဲ ပုံမှန်မဟုတ်ပါဘူး ဒါကြောင့် စိတ်အရမ်း ထိခိုက်ရတဲ့ အချိန်မှာ နှလုံးကို သွေးဖိအားများလာပြီး ယခုကဲ့သို့ သတိလစ် မေ့မျောသွားရခြင်း ဖြစ်ပါတယ် အရှင်မင်းကြီး…”

“ဘာ…ဘယ်လို…”
မာန်ပါပါအသံဖြင့် အံ့ဩသွားသည့် မုန်းဘုရင်ကြောင့် သမားတော်ကြီးမှာ လန့်ဖြန့်သွားသည်…

“ကိုယ်ဝန် လက္ခဏာ..ကိုယ်ဝန်လက္ခ ဏာ ဆိုတာက ကလေး..ကလေးရှိတာကို ပြောတာလား သမားတော်ကြီး…”

“ဟုတ် ..ဟုတ်ပါတယ် မင်းကြီး..”

ဟား…ဒါ..ဒါဆိုသူ..သူမမှာ ငါ့ရဲ့..ငါ့ရဲ့ ကလေးလေး ရှိနေပြီပေါ့…
တွေးနေရင်းမှ ကုတင်ဘေးနားသို့ ဝင်ထိုင်လိုက်ကာ သတိလစ်မေ့မျော နေသည့် ရှောင်လု၏ သေးသွယ်သည့် လက်​လေးအား ဆုတ်နယ်ကိုင်လိုက်သည်

ရှောင်လု..မင်းသိလား ..မင်းရဲ့ ဗိုက်ထဲမှာလေ ကိုယ့်ရဲ့..ကိုယ့်ရဲ့ ကလေးလေး ရှိနေပြီတဲ့ ဟား..ကိုယ်..ကိုယ်လေ အရမ်း အရမ်းကို ဝမ်းသာတာပဲကွာ
ကိုယ့်ရဲ့ အသက်တမျှ ချစ်ရတဲ့ ရှောင်လုရေ
မင်း အမြန်ဆုံး သတိရပါတော့ကွာ..
မင်း သတိရလာရင်လေ ကိုယ်မင်းကို အဲ့ဒီဝမ်းသာစရာလေးကို အရမ်းပြောပြ ချင်နေမိပြီ..
သတိရလာတော့နော် ရှောင်လု

ဖိဆုတ်ထားသည့် လက်ကလေးအား နှုတ်ခမ်းလေးဖြင့် ဖွဖွလေး နမ်း၍ လက်ကလေးအား ရင်ဘက်အနားသို့ ဆွဲကပ်ယူထားလိုက်သည်~~

“အရှင်မင်းကြီး…ကျွန်တော်မျိုးကို ခွင့်ပြုပါဦး…”

သမားတော်ကြီးမှာ ပါလာသည့် ဆေးပစ္စည်းများအား သိမ်းဆည်း၍ မုန်းဘုရင်အား နှုတ်ဆက် အရိုအသေပေးကာ ဘုရင့် နန်းဆောင်တော်မှ ထွက်သွားတော့သည်….

သမားတော်ကြီး ထွက်သွားပြီးမကြာ…
“ဖန်မိဘုရားခေါင်ကြီး..ကြွချီလာပါပြီ…🗯..”

မိဖုရားခေါင်ကြီးမှာ အလိုမကျသည့် မျက်နှာထားဖြင့် မုန်းဘုရင်၏ နန်းဆောင်တော် အတွင်းသို့ ဝင်လာခဲ့သည်

“သားတော်ဖိန့်…”

နောက်ကျောဘက်မှ မိခင်မယ်တော်၏ ခေါ်သံကြောင့် ဆုတ်ကိုင်ထားသည့် ရှောင်လု လက်ကလေးအား သေချာလေး အိပ်ယာပေါ်သို့ ပြန်ချပေးကာ ထိုင်နေရာမှ ထလာခဲ့သည်…

“သားတော်ဖိန့်က ဒီကချေသည်မကိုပဲ အရေး တယူလုပ်နေတယ် ..
မင်းသမီး ရုန်ဟွာ ရသွားတဲ့ ဒဏ်ရာတွေ ဘယ်လောက်အထိ ဆိုးသွားလဲ ဆိုတာကိုကော သားတော် သတင်းလေး မေးဖို့တောင် စိတ်ကူးမရှိဘူးလား…”

“အဲ့အတွက် စိတ်မပူပါနဲ့မယ်တော် သားတော် မင်းသမီးရုန်ဟွာရဲ့ အခြေအနေကို လူလွှတ်ပြီး မေးခိုင်း ထားပါတယ်…”

“သားတော်ဖိန့် ဒီလိုလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ ကိုယ်တိုင်တော့ သွားမေးသင့်တာပေါ့…”

“ဒါပေမယ့် သားတော်မှာ အဲ့အထက် အရေးကြီးတဲ့ ကိစ္စရှိနေတယ်လေ…”

“ဟွန်း ..ဘာလဲ အရေးကြီးတဲ့ ကိစ္စဆိုတာ ဒီကချေသည်မရဲ့ ကိစ္စလား..
မယ်တော် နောက်လိုက်တွေ စီက သတင်းအကုန် ကြားပြီးပြီ သားတော်”

“သူ့ဘာသာသူ အားနည်းလို့ မူးလဲတာပဲဒါကို သားတော်က ဘယ်လိုဖြစ်လို့ အရေးကြီးကိစ္စ အနေနဲ့ သက်မှတ် နိုင်ရတာလဲ …”

“အရေးကြီးတယ် ..အရေးကြီးတယ် မယ်တော်…ရှောင်လုဟာ သားတော် ချစ်ခင်နှစ်သက်နေတဲ့ တော်ကောက်မယ့် မိဖုရားလောင်းပဲ….”

မိဖုရားခေါင်ကြီးမှာ သိနှင့်ပြီးသား အကြောင်းအရာသဖွယ် မတုန်မလှုပ်ဖြင့် မုန်းဘုရင်အား နှုတ်ခမ်းမဲ့လို့ ပြုံးပြလိုက်သည်..
“အဟွန်း…မထူးဆန်းပါဘူး .. မယ်တော် အစကတည်းက ရိပ်မိနှင့်ပြီးသားပါ… ဒါပေမယ့် ဒီကချေသည်မနဲ့ သားတော်ကို မယ်တော် ဘယ်နည်းနဲ့မှ သဘောမတူနိုင်ဘူး သားတော်”

မိဖုရားခေါင်ကြီး စကားကြောင့် မုန်းဘုရင် ရင်ထဲ ထောင်းကနဲဆိုသလို လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်…
“မယ်တော်ဖုရား…အဲ့လို မလုပ်ပါနဲ့ သားတော်နဲ့ ရှောင်လုက..”

“တော်…တိတ်စမ်း..
ဒီနိမ့်ကျတဲ့ ကချေသည်မနဲ့ ပက်သက်လာရင် သားတော်စီကနေ မယ်တော် ဘာတစ်ခုမှ မကြားသိချင်ဘူး…”

ပြောမည့် စကားအား မယ်တော်၏ ဟန့်တားလိုက်မှုကြောင့် ဆက်မပြော ဖြစ်ပဲ နှုတ်စေ့ပိတ်လိုက်ရသည်…
သို့သော် မပြော၍တော့ မဖြစ်ပေ..
ခတ္တမျှ တွေဝေ ငိုင်ကျသွားပြီးကာမှ..
“ဒါပေမယ့် မကြားသိချင်လို့ တော့ မရဘူးမယ်တော် အခုဆို ရှောင်လုမှာ သားတော်ရဲ့ ရင်သွေးလေးရှိနေပြီ…”

“ဘာ..ဘာရယ်…သားတော်ရဲ့ ရင်သွေး ဟုတ်လား...”

မုန်းဘုရင်၏ စကားကြောင့် မိဖုရားခေါင်ကြီးမှာ မထင်မှတ်ထားလောက်အောင် အံ့ဩထိန့်လန့်သွားရပြီး မျက်လုံးအစုံမှာ ပြူးကျယ်လို့ သွားသည်…

“ဟုတ်တယ် မယ်တော်…”

မိခင်မယ်တော်အား သူ၏ တွေ့ဆုံမှု အစစ်အမှန်အား ထုတ်ဖော်ပြောမပြပဲ စကားအလှ သုံး၍သာ သူမနဲ့ပက်သက်ခဲ့မှုကို ပြောပြလိုက်သည်…
ရှောင်လုနှင့် တွေ့ဆုံမှု အစစ်အမှန်ကိုသာ ပြောပြခဲ့လျှင် နဂိုထဲက အထင်မြင်သေးလှသည့် မိဖုရားခေါင်ကြီးမှာ ပိုတိုးလို့ သူမအား အထင်မြင်သေးသွားနိုင်သည် မလား..
ထို့ကြောင့် သူလှည့်ကွက်သုံး၍ လှပစွာ စကားခံလိုက်သည်…
ထို့နောက် လက်ခံပေးဖို့ရန် အကြိမ်ကြိမ် တောင်းဆိုလိုက်သည်…
မိဖုရားကြီးမှာလဲ စိတ်သဘောထားတော့ မသေးသိမ်ပေ ။
အခြားအကြောင်းရာများအား မငှဲ့ကွက်လျှင်တောင် သားတော်ဖြစ်သူ၏ သွေးပါသော ရင်သွေးလေးကိုတော့ သူမ ငှဲ့ညှာရမည်..
ထို့ကြောင့် ရှောင်လုအား နိမ့်ကျသည့် ကချေသည်မို့ လက်မခံချင်ပါသော်လည်း သူမဗိုက်ထဲမှာ တည်ရှိနေသည့် သူ၏ မျိုးဆက်ဖြစ်သူ မြေးလေးအတွက် ငှဲ့ညှာကာ မုန်းဘုရင်၏ တောင်းဆိုမှုစကားအား လက်ခံပေးလိုက်ရသည်။…

~~~~~~~~~~~

နားနေဆောင်သို့ ပြန်ရောက်လာသည့် ချောင်အန်းတစ်ယောက် ရှောင်လုအား မတွေ့ရ၍ အခန်းဆောင်း အတွင်းနှင့် အပြင်အား ဝေ့ဝဲလို့ လိုက်ရှာကြည့်မိသည်။…
ပျောက်နေသည့် ရှောင်လုအား နားနေဆောင် အပြင်ထွက်၍ လိုက်လန် ရှာဖွေနေစဉ်မှာပင်..
“ဒုတ်…”
“အမလေး…ကွမ်ရင်မယ်တော်..!”
“ဟယ်..အစ်ကို ချောင်အန်း ဒီမှာ လူတစ်ယောက်လုံး လာနေတာတောင် မမြင်နိုင်ပဲ ခလုတ်တိုက်ရအောင် ဘာတွေများ အတွေးလွန်နေလို့လဲ…”
ရေချိုးဆောင်သို့ သွားရန် ကူးလာသည့် နန်းတွင်းသူလေးအား ဝင်တိုက် မိခြင်းပင်…
“အာ..ငါတောင်းပန်ပါတယ်…
သခင်မလေး ပျောက်သွားလို့ အဲ့ဒါ ငါ လိုက်ရှာနေရင်း မင်းကို ဝင်တိုက်မိတာ…”

“ဟွန်..သခင်မလေးကို ရှာနေတာလား…သခင်မလေးက မင်းကြီးရဲ့ နန်းဆောင်တော်စီ ပါသွားပြီလေ…”

“ဘာ..ဘယ်လို …”
နန်းတွင်းသူလေး ပြောပြသည့် စကားကြောင့် ချောင်အန်း ဆွံ့အသွားသည်

“ဟုတ်တယ်…သခင်မလေး မူးလဲလို့ ထင်တယ်..နောက်လိုက်တွေ တသီတတန်းနဲ့ သခင်မလေးကို မင်းကြီးကိုယ်တိုင် ပွေ့ချီပြီး နန်းဆောင်ထဲကိုခေါ်သွားတာတော့ (…)တွေ့လိုက်တယ်…သခင်မလေး ဘာဖြစ်လို့ မူးလဲ တာကိုတော့ (…)လဲမသိဘူး”

နန်းတွင်းသူ(…) ပြောပြပုံအရဆို သခင်မလေး မူးလဲလို့ မင်းကြီးက သူ့နန်းဆောင်ကို ခေါ်သွားတာပဲ
ဒါဆို သခင်မလေးက ဘာလို့ မူးလဲရတာလဲ ဘာဖြစ်လို့များလဲ

“အယ်..အစ်ကိုချောင်အန်း (…) ရေချိုးဆောင်မှာ လုပ်စရာ ကိစ္စလေးရှိသေးလို့ သွားလိုက်ဦးမယ်နော်…”
“အင်း..ဟုတ်ပြီ..”
“လျှောက်ငေးပြီး အတွေးလွန်မနေနဲ့ဦး အစ်ကို ချောင်အန်း…”
“အင်းပါ ငါသိပါတယ်ဟ..”
ထိုသို့ပြောကာ နန်းတွင်းသူလေး သူ့အနားမှ ထွက်သွားတော့သည်…
သူကတော့ အတွေးများနှင့်သာ ကျန်ခဲ့သည်
သူမအား စိတ်ပူကာ တွေ့ချင်လွန်း၍ မင်းကြီးရဲ့ နန်းဆောင်တော်အတွင်းသို့ လိုက်သွားပြန်ပါလျှင်လဲ မသင့်တော်လှပေ…
ဘုရင့်နန်းဆောင်တော် ဆိုသည်မှာ သာမန်လို ဝင်လွယ် ၊ ထွက်လွယ် သွားလာနိုင်သည့် နေရာမှ မဟုတ်ချေ…
မပိုင်ဆိုင်ရပေမယ့် သူမကို သူချစ်သည် ၊ သူမ ပျော်ရွှင်နေလျှင် သူကြည်နူးမည် ၊ သူမ ငိုလျှင် သူနာကြင်ရမည်၊ သူမ ထိခိုက်မိလျှင် သူစိတ်ပူကာ သောကများရမည်

ယခုတော့ သူမ ထိခိုက်မှု တစ်ခု ဖြစ်၍ လားမသိ ချစ်ရသူ သခင်မလေး အတွက်တော့ သူ့ရင်ထဲ အတော်စိတ်ပူကာ သောကများနေရသည်…

“သခင်မလေး သက်သာရဲ့လား ဘာများဖြစ်လို့ပါလိမ့်..”

ပိုင်ရှင် ရှိတာ သိလျက် ချစ်နေရသူအဖို့ ခံစားချက်မှာ မလွယ်ကူလှချေ
ပူလောင်သည် ၊ သောကများသည်
နာကြင်ခံစားရသည်~~~

သို့သော် ယုတ်ညံ့စွာ လုပ်ကြံမလုယူပဲ ချစ်နေရသူ ပျော်ရွှင်မှုကို အဝေးမှ ကြည့်လို့ ကြည်နူးပီတိ ဖြစ်ပေးရတဲ့ ထိုလူသားဟာ စိတ်ဓာတ်လှတဲ့ နတ်ဘုရားတစ်ပါးပါပဲ…

~~~~~~~~~~~~

“ဘယ်လို မယ်တော်…အဲ့ကချေသည် မိန်းကလေးက တကယ်ပဲ အစ်ကိုတော် တော်ကောက်လို့ မြောက်စားမယ့် မိဖုရားလောင်းလား…”

“တယ်ငါ့နှယ်…ဟုတ်ပါတယ်ဆိုကွယ်..”

မိဖုရားခေါင်ကြီးမှာ မင်းသားကျူအား ရှောင်လုဟာ မုန်းဘုရင်တော်ကောက်လို့ မိဖုရားအရာမြောက်မည့် မိန်းကလေး အစစ်မှန် ဖြစ်ကြောင်းနှင့် သူတို့နှစ်ဦး၏ မင်္ဂလာပွဲအား အမြန်ဆုံးကျင်းပမည် ဖြစ်ကြောင်း အားပြောပြလိုက်လေသည် ၊ သို့သော် ရှောင်လုတွင် မုန်းဘုရင်၏ ရင်သွေးရှိနေခြင်းကိုတော့ မပြောပြချေ…။

“အစ်ကိုတော်မင်းကြီးက ကချေသည်ကို မိဖုရားအဖြစ် မြောက်တင်မှာကို မယ်တော်က သဘောတူ ကြည်ဖြူတယ်ပေါ့…”

ထိုအမေးကြောင့် မိဖုရားခေါင်ကြီးမှာ ကွက်ကနဲ မျက်နှာပျက်သွားရပြီး..
မျက်နှာတင်းတင်းဖြင့် ပြန်ဖြေလိုက်သည်…
“သဘောမတူလဲ မင်းရဲ့ အစ်ကိုတော်က အဲ့ဒီ ကချေသည်ကိုမှ တမ်းတမ်းဆွဲ ဖြစ်နေတာ ဇွတ်လက်ထက်ယူပြီး မိဖုရားအဖြစ် တင်မြောက်မှာပဲလေ…ဒီတော့ မကြည်ဖြူပေမယ့်လဲ ခွင့်ပြုရတော့မှာပဲ”

မင်းသားကျူမှာ ခေါင်းကို အတွင်တွင်ခါရန်းလိုက်ရင်း….
“သားတော်ဖြင့် အစ်ကိုတော်မင်းကြီးကို ဒီလိုတောင် ဖြစ်လိမ့်မယ်လို့ ယုံတောင် မယုံနိုင်ဘူး…”
ထိုသို့ပြောကာ နန်းဆောင်တော်၏ တိုင်လုံးနီကြီးအား ကျောမှီကာရပ်လိုက်သည်…

“မင်းက မယုံတာလေ မင်းရဲ့အစ်ကိုတော်က သဘက်ခါဆိုရင်ပဲ လက်ထက်ပွဲကို အမြန်ဆုံး ကျင်းပပြီး ကချေသည်ကို မိဖုရားအဖြစ် မြောက်တင် တော့မယ်…”
“ထောက်….”
“ဘ..ဘယ်လို မယ်တော်..”
မယ်တော်၏ ပြောစကားကြောင့် တိုင်လုံးနီကြီးအား မှီကာ ဖြန့်၍ ခက်နေသည့် လက်ထဲမှ ယက်တောင်ပင် ပြုတ်ကျသွားရသည်

“အစ်ကိုတော်မင်းကြီးက လက်ထက်ပွဲကို အဲ့လောက် အလျင်စလိုကို စီစဉ်လိုက်တာလား…မယ်တော်.”

“အေး…ဟုတ်တယ်..အဲ့ဒါ မင်းရဲ့ အစ်ကိုတော်မင်းကြီးပဲ…”

မင်းသားကျူမှာ ဆွံ့အစွာဖြင့် ဘာမှပြန်မပြောနိုင်တော့ပဲ ကျသွားသည့် ယက်တောင်ကိုသာ ကုန်း၍ကောက်လိုက်သည်…
ဪ..နှလုံးသား မရှိဘူးလို့ ထင်ထားတဲ့ အစ်ကိုတော်တောင် ချစ်တတ်တဲ့ နှလုံးသားရှိသွားလို့ ထင်တယ် …
ဆုံးရှုံးရမှာ ကြောက်တဲ့ စိတ်နဲ့အလား…
အစ်ကိုတော်က ဒီမိန်းကလေးကိုမှ ဇွတ်အရယူ ပိုင်ဆိုင်လို စိတ်တွေ ပြင်းထန်လွန်းနေတယ်…

~~~~~~~~~~~~~~~~

ယခုတော့ သူမ ထိခိုက်မှု တစ်ခု ဖြစ်၍ လားမသိ ချစ်ရသူ သခင်မလေး အတွက်တော့ သူ့ရင်ထဲ အတော်စိတ်ပူကာ သောကများနေရသည်…

“သခင်မလေး သက်သာရဲ့လား ဘာများဖြစ်လို့ပါလိမ့်..”

ပိုင်ရှင် ရှိတာ သိလျက် ချစ်နေရသူအဖို့ ခံစားချက်မှာ မလွယ်ကူလှချေ
ပူလောင်သည် ၊ သောကများသည်
နာကြင်ခံစားရသည်~~~

သို့သော် ယုတ်ညံ့စွာ လုပ်ကြံမလုယူပဲ ချစ်နေရသူ ပျော်ရွှင်မှုကို အဝေးမှ ကြည့်လို့ ကြည်နူးပီတိ ဖြစ်ပေးရတဲ့ ထိုလူသားဟာ စိတ်ဓာတ်လှတဲ့ နတ်ဘုရားတစ်ပါးပါပဲ…

~~~~~~~~~~~~

“ဘယ်လို မယ်တော်…အဲ့ကချေသည် မိန်းကလေးက တကယ်ပဲ အစ်ကိုတော် တော်ကောက်လို့ မြောက်စားမယ့် မိဖုရားလောင်းလား…”

“တယ်ငါ့နှယ်…ဟုတ်ပါတယ်ဆိုကွယ်..”

မိဖုရားခေါင်ကြီးမှာ မင်းသားကျူအား ရှောင်လုဟာ မုန်းဘုရင်တော်ကောက်လို့ မိဖုရားအရာမြောက်မည့် မိန်းကလေး အစစ်မှန် ဖြစ်ကြောင်းနှင့် သူတို့နှစ်ဦး၏ မင်္ဂလာပွဲအား အမြန်ဆုံးကျင်းပမည် ဖြစ်ကြောင်း အားပြောပြလိုက်လေသည် ၊ သို့သော် ရှောင်လုတွင် မုန်းဘုရင်၏ ရင်သွေးရှိနေခြင်းကိုတော့ မပြောပြချေ…။

“အစ်ကိုတော်မင်းကြီးက ကချေသည်ကို မိဖုရားအဖြစ် မြောက်တင်မှာကို မယ်တော်က သဘောတူ ကြည်ဖြူတယ်ပေါ့…”

ထိုအမေးကြောင့် မိဖုရားခေါင်ကြီးမှာ ကွက်ကနဲ မျက်နှာပျက်သွားရပြီး..
မျက်နှာတင်းတင်းဖြင့် ပြန်ဖြေလိုက်သည်…
“သဘောမတူလဲ မင်းရဲ့ အစ်ကိုတော်က အဲ့ဒီ ကချေသည်ကိုမှ တမ်းတမ်းဆွဲ ဖြစ်နေတာ ဇွတ်လက်ထက်ယူပြီး မိဖုရားအဖြစ် တင်မြောက်မှာပဲလေ…ဒီတော့ မကြည်ဖြူပေမယ့်လဲ ခွင့်ပြုရတော့မှာပဲ”

မင်းသားကျူမှာ ခေါင်းကို အတွင်တွင်ခါရန်းလိုက်ရင်း….
“သားတော်ဖြင့် အစ်ကိုတော်မင်းကြီးကို ဒီလိုတောင် ဖြစ်လိမ့်မယ်လို့ ယုံတောင် မယုံနိုင်ဘူး…”
ထိုသို့ပြောကာ နန်းဆောင်တော်၏ တိုင်လုံးနီကြီးအား ကျောမှီကာရပ်လိုက်သည်…

“မင်းက မယုံတာလေ မင်းရဲ့အစ်ကိုတော်က သဘက်ခါဆိုရင်ပဲ လက်ထက်ပွဲကို အမြန်ဆုံး ကျင်းပပြီး ကချေသည်ကို မိဖုရားအဖြစ် မြောက်တင် တော့မယ်…”
“ထောက်….”
“ဘ..ဘယ်လို မယ်တော်..”
မယ်တော်၏ ပြောစကားကြောင့် တိုင်လုံးနီကြီးအား မှီကာ ဖြန့်၍ ခက်နေသည့် လက်ထဲမှ ယက်တောင်ပင် ပြုတ်ကျသွားရသည်

“အစ်ကိုတော်မင်းကြီးက လက်ထက်ပွဲကို အဲ့လောက် အလျင်စလိုကို စီစဉ်လိုက်တာလား…မယ်တော်.”

“အေး…ဟုတ်တယ်..အဲ့ဒါ မင်းရဲ့ အစ်ကိုတော်မင်းကြီးပဲ…”

မင်းသားကျူမှာ ဆွံ့အစွာဖြင့် ဘာမှပြန်မပြောနိုင်တော့ပဲ ကျသွားသည့် ယက်တောင်ကိုသာ ကုန်း၍ကောက်လိုက်သည်…
ဪ..နှလုံးသား မရှိဘူးလို့ ထင်ထားတဲ့ အစ်ကိုတော်တောင် ချစ်တတ်တဲ့ နှလုံးသားရှိသွားလို့ ထင်တယ် …
ဆုံးရှုံးရမှာ ကြောက်တဲ့ စိတ်နဲ့အလား…
အစ်ကိုတော်က ဒီမိန်းကလေးကိုမှ ဇွတ်အရယူ ပိုင်ဆိုင်လို စိတ်တွေ ပြင်းထန်လွန်းနေတယ်…

~~~~~~~~~~~~~~~~

နေမဝင် ညနေစောင်း အချိန်….
လမ်းခရီးအတော် ဝေးဝေးသို့ ခရီးပေါက်လာခဲ့ကြသည်…
ထို့အတူ ဟွမ်ကန် ကျေးရွာ အနီးသို့လဲ ရောက်လာခဲ့ပြီ ဖြစ်သည်….
အန်ဖောင် တစ်ယောက် အဒေါ်ကြီး
နေတဲ့ ထိုရွာလေးအား ငေးစိုက်ကြည့်နေရင်း စိတ်ထဲတွင် အဒေါ်ကြီးအား တွေ့ချင်/မြင်ချင်မိသည့် စိတ်တို့ ကြီးမားလာခဲ့သည်။
"ဟေ့လူ…ဟိုရှေ့နားမှာ မြင်နေရတဲ့ရွာကို တွေ့လား..”

“ဟုတ်.ဟုတ်ကဲ့တွေ့ တွေ့ပါတယ်ဗျာ..”

“အေးတွေ့ရင်..အဲ့ရှေ့နားက ရွာမှာ ကျုပ်တို့ကို ထားခဲ့လိုက်တော့..ကြားလား..."

"ဟုတ်...ဟုတ်ကဲ့ အကိုကြီး"

ကုန်သည်ကြီးမှာ ရွာထဲအဝင်ဝတွင် လူထွား အန်ဖောင်တို့နှစ်ဦးအား ထားခဲ့ကာ ကုန်ကူးသွားမည့် မြို့စီသို့ လမ်းကြောင်းအတိုင်း လှည်းမောင်းလို့ ထွက်သွားတော့သည်။
"အစ်ကိုကြီး ဘာလုပ်ဖို့ ဒီရွာမှာ ဆင်းကျန်ရစ်တာလဲဗျ"

"ကျစ်..မင်း ပါးစပ်ကို ပိတ်ထားစမ်းပါကွာ...ငါ ဟိုအဒေါ်ကြီးကို မပြန်ခင်လေး တွေ့ချင်မိသေးလို့ တမင်နေခဲ့တာ"

"ဟာဗျာ အကိုကြီးရာ ကျွန်တော်တို့ ခရီးဆက်မှ ဖြစ်မယ်လေဗျာ ဒီမှာ ကျွန်တော်ဖြင့် ဗိုက်ဆာလွန်းလို့ လှုပ်တောင် မလှုပ်ချင်တော့ဘူး..."

"ကျစ်..ငါပြောနေတယ်လေ..မင်း ပါးစပ်ကို ပိတ်ထားလို့ ..အရမ်း ဗိုက်ဆာနေရင်လဲ ငါ့ရဲ့ တံတောင်လက်ပျံ ကျွေးတာကို စားမလား…”

လက်ကို မြောက်ကာ ဟန်လုပ်ပြလိုက်ခြင်းကြောင့် (…)မှာ အတွန့်မတတ်ရဲတော့ပဲ…
"ဟို.ဟဲ.ဟဲ.မစားတော့ပါဘူး.အကိုကြီးရာ အကိုကြီးရဲ့ သဘောအတိုင်းပါပဲ"

"အေးဒါဆိုလဲ မင်းပါးစပ်လေးသာ အသာပိတ်နေ အာရုံမနောက်နဲ့"

"ဟုတ်ကဲ့ အကိုကြီး..."
အန်ဖောင်မှာ ရွာထဲရှိ ညနေခင်း စျေးထဲတွင် အဒေါ်ကြီးအား တွေ့လို့ တွေ့ညားဆိုသည့် စိတ်ဖြင့် ရှာလာလိုက်တာ တဖြေးဖြေးဖြင့် နေဝင်လို့လာသည်…
နေဝင်ရီမှောင်ရီ ပျိုးနေပြီမို့ အလင်းရောင် ဖျော့ဖျော့လေးသာ ရှိတော့ပြီး လူသွားလူလာ နည်းနေပြီ ဖြစ်သည်။

~~~~~~~~~~~

ဒေါ်လေးခမ် တစ်ယောက် မနက်ဖြန် အကသင်ပေးရမည့် အကသင် သမလေးများ အတွက် တေးသွားတစ်ပုဒ်အား ဗြတ်စောင်းဖြင့် အစမ်း တီးခက်နေသည်…
ထိုသို့ တီးခက်နေရင်းမှ ကိစ္စတစ်စုံတစ်ရာအား သတိရသွား ဟန်တူခါ
ဗြတ်စောင်း တီးခက်ခြင်းအား ရပ်တန့်လိုက်သည်…
"ကျစ်..ကြည့်စမ်း ငါမေ့နေတာ ရွာထဲက အဘွား(…)အိမ်မှာ ငါမှာထားတဲ့ ဝတ်စုံတွေ ရပြီလို့ ဝေရင်က နေ့လည်ထဲက ပြောထားတာကို ငါက အခုမှ သတိရတယ်..ကျန်း..သွားယူရဦးမှာပဲ...
ဝေရင်ကလဲ သူ့အတွက် ယူမှာလား မယူဘူးလားလဲ ဘာမှ မပြောခဲ့ဘူး ဟိုဘက်ရွာကို အမေနဲ့အတူ ညအိပ်လိုက်သွားတယ်..ကဲပါလေ..အရမ်းမမှောင်ခင် မြန်မြန်သွားယူလိုက်ဦးမှပါလေ..."

ဒေါ်လေးခမ် ရွာထဲသွားရန် အိမ်တံခါးလေးအား စေ့ပိတ်ထားခဲ့ပြီး ထွက်လာခဲ့သည်။ နေဝင်ချိန် ဖြစ်သည်မို့ အလင်းရောင် ဖျော့ဖျော့သာ ရှိတော့၍ လမ်းပြမီးအိမ်အား အသင့်ယူဆောင် လာခဲ့လိုက်သည်။

"အကိုကြီး မှောင်နေမှတော့ ရွာထဲ ပတ်ရှာမနေပါနဲ့တော့ဗျာ၊ ဒီနားက အိမ်တစ်အိမ်မှာ အကူညီတောင်းပြီး ခန တည်းရအောင်"

"မင်းဘာဖြစ်နေတာလဲ ဆက်မလိုက်နိုင်လဲ နေခဲ့လိုက်တော့ ငါ့ကို လာမတားနဲ့ကွာ.."
အနောက်မှ ပွစိပွစိပြောနေသည့် (…)အား အန်ဖောင် လှည့်ကြည့်ကာ အော်ချလိုက်သည်။…

"ကျွန်တော်က စေတနာနဲ့ ပြောတာပါ အကိုကြီး ရာ အကိုကြီးအန်ဖောင်းကလဲ ဒေါသကြီးပဲ"

"ငါ့ဒေါသတွေ မင်းအပေါ် မရောက်စေချင်ရင် တိတ်တိတ်လေး နေလိုက်တော့...မင်းတော့ သေတော့မယ်.."
လက်ညိုးငေါက်ငေါက်ထိုး၍ ပြောလိုက်ခြင်းကြောင့် (...)မှာ ငြိမ်ကျသွားပြီး..
"ဟုတ်ကဲ့..."
အန်ဖောင်၏ ကြိမ်းဝါးမှုကြောင့် ဘာကိုမှ ဆက်မပြောတော့ပဲ အနောက်မှ အသာလေး လိုက်သွားတော့သည်။

<><><><><><><>

"အဘွား(…)...အဘွား(…) ကျွန်မပါ.."
အိမ်ပေါက်ဝနားတွင် ရပ်၍ အော်ခေါ်လိုက်သည်…
ခဏအကြာတွင် ခေါ်သံကြောင့် ပိတ်ထားသည့် သစ်သားတံခါးလေးမှာ ပွင့်ကျလာသည်…
"ဪ ခမ်ရှန်း လာလေ အထဲဝင်ဦး.."

"ရတယ် မဝင်တော့ဘူး အဘွား(…) ကျွန်မ မှာထားတဲ့ ဝတ်စုံတွေ ရပြီဆိုလို့ အဲ့ဒါ လာယူတာပါ"

"ဪ အဲ့ဒါလား အကုန်ရပြီလို့ အဘွား မပြောမိပါဘူးကွယ် တစ်စုံပဲ ရသေးတယ် နောက်ထက် လေးစုံကတော့ စောင့်ရဦးမယ် ခမ်ရှန်းရယ်…အဲ့တစ်စုံကိုပဲ အရင်ယူသွားမလား”

ခတ္တမျှတွေဝေကာ စဉ်းစားလိုက်ပြီးမှ
"ဟွန်..အဲ့လိုလား အဲ့ဒါဆိုရင်တော့ ကျွန်မမှာထားတဲ့ ငါးစုံစလုံး အပြည့်ရမှပဲ လာယူတော့မယ် အဘွား(…)"

ထိုစကားကြောင့် အဘွား(…)မှာလည်း သူမအား ပြုံး၍ ခေါင်းညိမ့်ပြလိုက်သည်…
"ဪအေး..အေးပါကွယ်..ဒါနဲ့ ခမ်ရှန်းရယ် မိုးချုပ်ကာမှ တစ်ယောက်ထဲ လာယူရတယ်လို့…ဝေရင်ကို ခေါ်မလာဘူးလား..”

“အင်းဟုတ်..သူက မေမေနဲ့ ဟိုဘက်ရွာကို ညအိပ် လိုက်သွားတာလေ…မိုးချုပ်မှ လာယူတယ် ဆိုတာကလဲ ယူစရာရှိနေတာကို အခုမှ သတိရလို့ပါ..”

“ဪ..ဖြစ်ရမယ်ကွယ်..”

“ဟုတ် ဒါဆို အဘွား(…) ကျွန််မ ပြန်လိုက်ဦးမယ်နော် "

"အေး..အေး..ဂရုစိုက်ပြန်ဦးကွယ်"

"ဟုတ်ကဲ့ အဘွား(…)"

ဒေါ်လေးခမ် အဘွား(…)အား နှုတ်ဆက်၍ အိမ်အပြန်လမ်းအတိုင်းသာ တချိုးတည်း ပြန်လာခဲ့တော့သည်။

"ဟော..ဟော..အကိုကြီးအန်ဖောင် ရှေ့က..ရှေ့က မီးမှိန်ပြပြလေးကို တွေ့လား..."
အန်ဖောင် (…)လက်ညိုး ညွှန်ပြနေရာသို့ ကြည့်လိုက်ပြီး..
"အေး တွေ့တယ်လေ ဘာဖြစ်လို့လဲ"

"ဪ ..ပုံစံကြည့်ရတာ မိန်းကလေးနဲ့ တူတယ်ဗျ..အကိုကြီးရှာနေတဲ့ အဒေါ်ကြီးများ ဖြစ်နေမလားလို့ပါ.."

"ဒါတော့ ဘယ်သိမလဲကွာ အနားရောက်မှ သေချာကြည့်ရမှာပဲ..."
အန်ဖောင် မသေမချာဖြင့် စကားဆိုနေစဉ်မှာပင် (…)မှ ပခုံးအား လက်တို့လာကာ "ဟာ..ဟာ..ဟုတ်တယ် အကိုကြီးရေ...အဒေါ်ကြီးမှ အဒေါ်ကြီး ပဲ"

"ဘာ..တကယ်လား..”
“တကယ်..တကယ် အစ်ကိုကြီး..”
“ဒါဆို ငါ့ကို ကံတရားက မျက်နှာသာပေးတာပဲ...ဟားဟား"
တဖြေးဖြေး သူတို့ အနီးသို့ ရောက်လာသည့် အဒေါ်ကြီးအရှေ့တွင် အန်ဖောင် ပိတ်ရပ်လိုက်သည်။

"ဟင်!..ရှင် ဒါဘာလုပ်တာလဲ.
ကျွန်မ သွားမဲ့ လမ်းအရှေ့ကနေ ပိတ်ရပ်မနေနဲ့ ဖယ်ပေးစမ်းပါ..."

"ဖြေးဖြေးပေါ့ အဒေါ်ကြီးရယ်...ကျုပ်က ခင်ဗျားကိုရှာနေတာ"

"ဘာအဒေါ်ကြီးလဲ…ဘာတွေ လာပြောနေတာလဲ ရှာရအောင်လဲ ကျွန်မနဲ့ ရှင်တို့လဲ သိတဲ့လူတွေ မဟုတ်ဘူး ကဲဖယ်ပေးစမ်းပါ ရှေ့ကနေ..”

တွန်းဖယ်နေသည့် လက်တို့အား ဆွဲချုပ်လိုက်ပြီး…
" ဒီမှာ..အဒေါ်ကြီး..
အဒေါ်ကြီးကို ကျုပ် ရင်ထဲက စကားလေးတွေ နဲနဲလောက် ပြောချင်လို့ပါ"

"ဘာ..ရှင်..ရှင်က မိန်းကလေးတွေဆို ဒီလိုပဲ စော်ကားရမ်းကားနေကြလား ဟင် လွှတ် ကျွန်မလက်ကို လွှတ်..”

"မလွှတ်ပေးနိုင်ဘူးဗျာ"

ပြောပြောဆိုဆို နှင့် လက်ကို နဂိုထက်တင်းစွာ ဖမ်းဆုတ်လို့ ချုပ်လိုက်သည်။ ထို့ကြောင့် လက်ထဲရှိ မီးအိမ်လေးမှာလဲ မြေပြင်သို့ လွှတ်ကျသွားခဲ့သည်

“ခလွှတ်….”

"ရှင် လွှတ် လွှတ်စမ်း၊...ကျွန်မ အော်လိုက်မှာနော်.."




"ကျုပ် စကားပြောရင် ကောင်းကောင်း လက်ခံမှပေါ့ ဟွန်း..အခုတော့ အကြမ်းမဖက် သင့်တာကို အကြမ်းဖက်နေရပြီ.."

"ရှင်ကျွန်မလက်ကို အခု ချက်ခြင်းလွှတ်နော် နောက်မှ ကျွန်မ အဆိုးမဆိုနဲ့ လွှတ်.. လွှတ်စမ်း.."

“ဟည်းးး🐴 တလုတ်..တလုတ်..တလုတ်..”
မြင်းအုပ်တစ်စု၏ အသံကြောင့် အန်ဖောင်လန့်ဖြန့်သွားသည်။
တဖြေးဖြေးဖြင့် ထိုမြင်းအုပ်ကြီးမှာ သူတို့ရှိရာသို့ နီးကပ်လို့လာနေသည်..
ယခုဆို အနားသို့ ရောက်လာပြီ ဖြစ်သည်..
"ဟာ..အကိုကြီး အန်ဖောင် အကိုကြီးမလား..”
ဒေါ်လေးခမ်၏ မီးအိမ်အလင်းရောင်ကြားမှ ရှင်းလင်းစွာ မြင်လိုက်ရသည့် ထိုမျက်နှာက သူ ဆောင်ကြာမြိုင် သခင်မကြီးအိမ်တော်တွင် အတူလုပ်ကိုင်ရသည့် လုပ်ဖော်ကိုင်ဘက် (…)ပင်..’

“ဒီမှာ ဘာလုပ်နေတာလဲ အကိုကြီး၊ သခင်မကြီးက အကိုကြီးတို့ကို စိတ်ပူနေတာ ရိက္ခာ မပါပဲ ဟို မျက်နှာဖုံးကောင်နောက်ကို လိုက်သွားကြလို့ ကျွန်တော်တို့ အဖွဲ့ကို သခင်မကြီးက အကိုကြီးအန်ဖောင်တို့ကို ကူရှာပေးဖို့ လွှတ်လိုက်တာ"

"ဟား..တော်သေးတာပေါ့ကွာ မင်းတို့ ဖြစ်နေကြလို့ ငါက တခြားလူတွေ မှတ်လို့ သွားပြီလို့ တွေးနေတာ..ဟူး..."

လေပူ တစ်ချက် မှုတ်ထုတ် ချလိုက်သည်..
ထို့စဉ် ဆိုင်း မဆင့်ဘုံမဆင့်ဖြင့် (…)မှ စကားဖြတ်၍ ပြောချလိုက်သည်…

"ဟား..တော်သေးတယ် မင်းတို့ ရောက်လာကြပြီဆိုတော့ ငါနဲ့အကိုကြီးအန်ဖောင်လဲ ရိက္ခာပျက်လို့ အခုထိ ဘာမှ မစားရသေးဘူး လာ ဒီနားက စားသောက်ဆိုင်မှာ တစ်ခုခု သွားစားကြရအောင်ကွာ"

(…)မှ ထိုသို့ ပြောလာခြင်းကြောင့် ဘေးမှ လက်ကို အတင်းဖြေချ ရုန်းထွက်နေသော အဒေါ်ကြီးအား လှည့်ကြည့်လိုက်ပြီး...
"ကျစ်..နေကြစမ်းပါဦးကွာ ငါ ဒီမှာ သဘောကျနေတဲ့ အဒေါ်ကြီးနဲ့ စကားပြောနေတယ်ကွ.."

ထိုအခါမှ တရုတ်တရက် ဆိုသလို မြင်းပေါ်ထိုင်နေသည့် (…)မှာ ဆင်းချလာပြီး လူထွား အန်ဖောင်အနားသို့ လျှောက်လာကာ…
"အကိုကြီးကလဲ ကြေးစား လူမိုက်လုပ်နေပြီး ဒီလောက်တောင် အပင်ပန်းခံနေရလားဗျာ..."
နားမလည်သော အကြည့် ဖြင့် ကြည့်မိသည်..
"ဘာကိုလဲ မင်းပြောတာ ငါ နားမလည်ဘူးကွ..."

"အကိုကြီး သဘောကျရင် အပိုင်သိမ်းလိုက်တော့လေဗျာ.."

ထိုစကားအား ကြား၍ အန်ဖောင်တစ်ယောက် တစ်ခဏမျှ တွေဝေနေစဉ်မှာပင်..
“ဟင့်..လွှတ်စမ်း…ကဲဟယ်…”
“ဖြန်းး…”

ချုပ်ထားသည့် အဒေါ်ကြီးလက်မှာ လွှတ်ထွက်သွားပြီး သူ၏ ပါးပြင်အား လက်ဝါးတံဆိတ် ကပ်နိပ် ပေးလိုက်သည်။

“ဟာ..အကိုကြီး…ရရဲ့လား…”

ရိုက်ချက်ကြောင့် ဘေးသို့ စောင်းကျ သွားသည့် အန်ဖောင်၏ မျက်နှာကြောင့် (…)မှာ စိတ်ပူသွားသည်…
ခေါင်းဆောင်ဖြစ်သူ အကိုကြီးအား ဒေါ်လေးခမ်မှ ပါးကို ခပ်ပြင်းပြင်း ရိုက်ချလိုက်၍ ဒေါသပုန်ထကာ အကိုကြီးအစား လက်တုန့် ပြန်ရန် ပြင်လိုက်သည်…

“ကျစ်..ဟာကွာ ဒီအဒေါ်ကြီးကတော့ကွာ…”

“ရပ်လိုက်…”

အဒေါ်ကြီးအား လက်တုန့်ပြန်ရန် ပြင်လိုက်သည့်(…)အား လက်ဟန့်တားလိုက်သည်…
သူ၏တပည့်များ အရှေ့တွင် အဒေါ်ကြီး၏ ပါးရိုက်ခြင်းကို ခံရ၍ ဒေါသဖြစ်မိသလို ရှက်လဲ ရှက်မိသည်…
သို့သော် အဒေါ်ကြီးအား သူအလွန် သဘောကျ မိနေ၍ ရှက်ရွံ့နေသည့် စိတ်တို့အား လူယုတ်မာအတွေး စိတ်သို့ ပြောင်းလဲ လိုက်ကာ…
အဒေါ်ကြီးအား လူပျက်လက်ပြီး အမှောင်ရိပ်ကျနေသည့် သစ်ပင်ကြီး အောက်သို့ ခေါ်သွားလိုက်တော့သည်

“ဟင်..ရှင်..ရှင် ကျွန်မကို ဒါဘာလုပ်တာလဲ… ဒီလောက် အမှောင်မဲနေတဲ့ နေရာကို ဘာကိစ္စနဲ့ ခေါ်လာရတာလဲ လွှတ် လွှတ်စမ်းပါ…”

အမှောင်ရိပ်ကျနေသည့် ကြားမှ လူထွားအန်ဖောင် ညစ်ကျယ်စွာ ပြုံးလိုက်ရင်း….
“ကျုပ် ခင်ဗျားကို ဘာလုပ်မယ်ထင်သလဲ…ခင်ဗျား စဉ်းစားကြည့်ပေါ့…”

"ဟင်!..ရှင်..ရှင်..လူယုတ်မာ လွှတ်..ကျွန်မ အသားကို မထိနဲ့...”

🌸🌸🌸🌸အပိုင်း ၂၃ဆက်ရန်>>>
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)




rate now: