book

Index 21

(အပိုင်း ၂၁)

  • Author : Kyawal
  • Genres : Comedy, Drama, Action

🌸ကချေသည်🌸

Author ✍️ ကြွယ်

ချစ်ရသူ ရှောင်လုအား အခြေအမြစ်မရှိသည့် လူတစ်ယောက်ပမာ နှာခေါင်းရှုံ့ ပစ်တင် ၊ ဝေဖန် ၊လျှောက်တင်နေသည့် ရုန်ဟွာကြောင့်
မုန်းဘုရင် မှာ ခံပြင်းကာ ဒေါသဖြစ်လာသည်…
ပြင်းထန်စွာ စကားတုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် ဖြတ်ပြောလာသည့် ရှောင်လု၏ စကားကြောင့် နှစ်ဦးစလုံးမှာ မျက်လုံးများ ပြူးကျယ်သွားကြသည်..

“ဘာရယ်…”

“မိန်းကလေး ရှောင်လု..”

~~~~~~~~~~~~~~~~

မြို့ထဲတွင် ယောင်ပေပေဖြင့် မျက်နှာဖုံးစွတ်နှင့်လူအား ရှာတွေ့လို့ တွေ့ညား ဆိုသည့် စိတ်ဖြင့် စုံစမ်းနေသော လူထွား အန်ဖောင်းနှင့် (…)…
သဲလွန်စရသည် ဆို၍ အမျိုးမျိုး အဖုံဖုံကြိုးစားရှာလိုက်တာ ယခုချိန်ထိပင် သတင်းအတိအကျ မရသည့် အပြင် ပါလာသည့် ငွေစတို့ပင် ကုန်သွားပြီဖြစ်သည်။

“အစ်ကိုကြီး ကျွန်တော်တို့ သဲလွန်စရပြီဆိုပြီး အားခဲ ရှာလာတာ အခုချိန်ထိ ဟိုနှစ်ယောက်ကို မတွေ့သေးဘူးဗျ …
ရက်တွေလဲ အတော်ကြာနေပြီ
ပါလာတဲ့ ငွေစတွေကလဲ တည်ခိုစရိတ် ၊စားစရိတ်၊သောက်စရိတ် နဲ့ အကုန်ကုန်ပြီ…
ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ…”

အုတ်ခုံတွင် ခြေပစ်လက်ပစ် မှိုင်တွေစွာ ထိုင်နေသည့် အန်ဖောင်အား (…)မှ ပြောလိုက်ခြင်း ဖြစ်သည်။
"အေး ငါလဲ အဲ့ဒါပဲ စဉ်းစားနေတာ
တကယ်လို့ ငါတို့ ဒီလောက်အထိ အချိန်တွေ ယူပြီး ရှာနေပြီးမှ ဘာသတင်းမှ မရ သူတို့ကိုလဲ မဖမ်းမိဘဲနဲ့ ပြန်သွားရင် သခင်မကြီးက ငါတို့နှစ်ယောက်ကို ဒေါသထွက်ပြီး အပစ်ပေးမှာ သေချာတယ်ကွ"

“ဒါပေမယ့်လဲ အစ်ကိုကြီးရာ ကျွန်တော်တို့ သခင်မကြီးဆီ ပြန်ပြီးမှ ရိက္ခာ အပြည့်အစုံနဲ့ ထပ်ပြန်ရှာကြရအောင်ဗျာ အစ်ကိုကြီး သိတဲ့အတိုင်းပဲ ကျွန်တော်တို့ မနေ့ကတည်းက ရိက္ခာပျက်လို့ အစာမစားရသေးတာ အခုချိန် ထိပဲလေ…
ရေသောက် ဗိုက်မှောက်နေရတာ
အစ်ကိုကြီးလဲ ဗိုက်မဆာဘူးလား
ကျွန်တော်ကတော့ ဗိုက်အရမ်းဆာတယ် တကယ်လို့ အစ်ကိုကြီး မပြန်ရဲရင် နေ ကျွန်တော်ပြန်မယ်ဗျာ…
ဗိုက်ဆာလွန်းလို့ အူပါးတော့မယ်..”

ထိုသို့ ပြောကာ ချာကနဲ လှည့်ထွက်သွားသည့် (…)ကြောင့် …
လူထွားအန်ဖောင်မှာ ဗိုက်ဆာမှု ဒဏ်ကို သူလဲ ကြာကြာတောင့် မခံနိုင်မှန်း မိမိကိုယ်ကို သိသည်..
ထို့ကြောင့်….
"ဟေ့ကောင် ဟေ့ကောင် ငါ့ကိုတော့ တစ်ယောက်တည်း ချန်ခဲ့မယ် မကြံနဲ့
တစ်ကိုယ်ကောင်း မဆန်နဲ့..
လာတုန်းကလဲ အတူတူလာခဲ့ပြီးပြီ
အခုပြန်ရင်လဲ အတူတူပဲ ပြန်ကြရမှာပေါ့ကွ…”

“ကျစ်…ဒါဆိုလဲ အဲ့မှာ ဘာထိုင်လုပ်နေ လာလေဗျာ အစ်ကိုကြီးကလဲ ..”

စုတ်တစ်ချက် သပ်ကာ လှမ်းအော်ခေါ်လိုက်သည်…
လူကသာ ကြမ်းတမ်းဆိုးသွမ်းကြသည် ငတ်မွှတ်ဆာလောင်မှု ဒဏ်တော့ ကြာကြာ ခံနိုင်ချေ မရှိကြပေ…

“အေး မင်းပြောသလိုပဲ လုပ်ကြတာပေါ့ကွာ…နောက်မှ သခင်မကြီးကို ငါ အကြောင်းတစ်ခုခု ပြ ပြီးမှ ထပ်ပြန်ရှာ တော့မယ် ငါလဲ အခု အတော် ပင်ပန်းနေပြီ ဗိုက်လဲဆာတယ်ကွာ လာ..ပြန်ကြမယ်"

ပခုံးကျယ်အား လက်တင်လို့ သိုင်းဖက်ကာ ပြောလာသည့် လူထွားအန်ဖောင်ကြောင့် (…)မှလည်း အားရစွာ ပြန်ပြောလိုက်သည်..
"အဲ့ဒါပြောတာ သခင်မကြီးက နားလည်ပေးမှာပါ ကျွန်တော်တို့ ငွေစနည်းနည်းလေးနဲ့ ထွက်ရှာကြတာ အဆင်မပြေမှန်း သခင်မကြီးနားလည်မှာပါ"

"အေးအဲ့လိုပဲ တွေးရမှာပေါ့ကွာ...
ငါတို့ ဒီမြို့ထဲက ပြန်ထွက်နိုင်ဖို့ တခြားကုန်ပို့တဲ့ လှည်းတွေ ရှာပြီး လာတုန်းကလို ပြန်ထွက်ကြတာပေါ့"

"ဟုတ်ကဲ့ အကိုကြီး..."

အန်ဖောင်တို့ နှစ်ဦးမှာ မုန်းဘုရင်နှင့် ရှောင်လုအား ရှာမတွေ့သည့်အဆုံး လက်လျော့ကာ ဆောင်ကြာမြိုင် သခင်မကြီးဆီသို့သာ ပြန်ဖို့ ဆုံးဖြတ်လိုက်ကြသည်…
သွားလာလှုပ်ရှား နေကြသည့် လူအုပ်ကြီးထဲမှ ကုန်သည်တစ်ဦးထံ ချဥ်းကပ်လိုက်ကြသည်။
"ဟေ့လူ..."

မာမာ ထန်ထန် အသံတစ်ခုကြောင့် ကုန်သည်ကြီးမှာ လှည့်ကြည့်လာပြီး...
"ဟုတ်ကဲ့ အကိုကြီးတို့ ကုန်ဝယ်ဖို့ လား ဗျ"
"ဘာကုန်မှ မဝယ်ဘူး ခင်ဗျား အသက်ရှင်ချင်ရင် ကျုပ်တို့ကို ဒီမြို့ထဲက ခေါ်ထုတ်သွားပေး"

"ဗျာ အဲ့လို လုပ်လို့ မရဘူးလေ...ကျုပ်တို့ ထွက်ရင် မြို့အထွက်မှာ ဂိတ်စောင့်တွေ စစ်ကြမှာဗျ..."
"ဂိတ်စောင့်တွေကို ကျုပ်တို့က ခင်ဗျားခေါ်ထားတဲ့ အကူအလုပ်သမား လို့ ပြောလိုက်...ခင်ဗျား ကျုပ်တို့ နှစ်ယောက်ကို ဂိတ်ကထွက်ရအောင် မကူညီဘူးဆိုရင် ဒီမှာ ဓားကိုတွေ့လား ကျုပ်လက်က လူသတ်ဖို့ ဝန်မလေးဘူးဆိုတာ ခင်ဗျား သိထားနော်..."

ထိုစကားကြောင့် ကုန်သည်ကြီးမှာ ကြောက်လည်းကြောက် အသက်လဲ မသေချင်သေးပေ ၊ ထောင်ထောင်မောင်းမောင်း အရပ်နှင့် ထွားကြိုင်းသည့် ခန္ဓာကိုယ် အချိုးအစစ် ရုပ်ရင့်ကြမ်းတမ်းတဲ့ အမူအရာ …
ထိုအချင်းအရာကြောင့် ကုန်သည်ကြီးမှာ သူတို့အား ကြေးစားလူမိုက်တွေ မှန်း ရိပ်မိသွားပုံပေါ်သည်
ခိုင်းသည့်အတိုင်း လုပ်မပေးလျှင်လဲ မိမိအသက်က အာမခံချက်မရှိ
ထို့ကြောင့် သူလဲ ဤမြို့မှ ထွက်ခွါကာ တခြားမြို့သို့ ကုန်သွား ရောင်းရမှာခြင်း အတူတူ မထူးဇာတ်ခင်းကာ …
"အကိုကြီးတို့ကို ဒီမြို့က ထွက်ရအောင် ကျုပ် ကူညီပါ့မယ်...ကျုပ်အသက်ကိုတော့ ချမ်းသာပေးပါဗျာ"
"ခင်ဗျားသာ ကျုပ်တို့ကို အေးဆေး ထွက်ရအောင် လုပ်ပေးရင် ကျုပ်တို့က ခင်ဗျားအသက်ကို ချမ်းသာပေးမှာပါ..ဟင်းဟင်း..."

ကုန်သည်ကြီးမှာ ကုန်ထုတ်တို့အား စီရီစွာ ထုတ်ပိုးလိုက်ပြီး မြို့အထွက် ဂိတ်ကိုဖြတ်ရန် စတင်လိုက်တော့သည်။
မြို့ဝင် / မြို့ထွက် ဂိတ်သို့ရောက်သည်နှင့်...
“ကုန်သည်လား…”
“ဟုတ်ပါတယ် တပ်မှူး..”
"ကူးသန်းရောင်းဝယ်ခွင့် တံဆိပ်ပြားပြ..."
"ဟုတ်ကဲ့ ဒီမှာပါ တပ်မှူး "
"ဟိုလှည်းပေါ်က နှစ်ယောက်ကရော ဘာလုပ်နေတာလဲ အမြန်ဆင်းပြီး တံဆိတ်ပြား လာပြလေ"
ကုန်ထုတ်တို့တင်သည့် လှည်းအနောက်တွင် ထိုင်နေသော လူထွားအန်ဖောင်နှင့် (…)တို့အား ဂိတ်စစ် တပ်မှူးမှ မျက်မှောင်ကျုံ့ကာ လှမ်းအော်လိုက်ခြင်းပင်…
ထိုအခါမှ ကုန်သည်ကြီးမှ ဝင်ဖြန်ဖြေရသည်~~
"တပ်မှူး သူတို့နှစ်ယောက်က ကျွန်တော် လက်တိုလက်တောင်း ခိုင်းတဲ့ နှစ်ယောက်ပါ၊နယ်မြေခံ တံဆိပ်ပြားက အလုပ်လုပ်ရင်း ကျပျောက်မှာ စိုးလို့ အိမ်မှာ ထားခဲ့ဖို့ ကျွန်တော် ပြောခဲ့လို့ပါ"

"ဟွန်း..ဒီလိုလား ..နောက်ဆို အိမ်မှာ မထားခဲ့ကြနဲ့ ဒီလို မြို့ဝင် မြို့ထွက်တွေမှာ တံဆိတ်ပြားက အရေးကြီးတယ် ၊ လိုအပ်တယ် ၊ မထားခဲ့ကြနဲ့ ကြားလား “

" “ဟဲ..ဟုတ်..ဟုတ်ကဲ့ပါ တပ်မှူး..." “
ရယ်ကျဲကျဲဖြင့် ပြိုင်တူ ဖြေလိုက်ကြသည့် အန်ဖောင်တို့နှစ်ယောက်အား ဂိတ်စစ်တပ်မှူးမှာ သံသယကင်းပုံရသည်…ထို့ကြောင့် သွားခွင့်ပြုလိုက်သည်~~
“အေး ဒါဆိုလဲ ပြီးတာပဲ၊ သွားလို့ရပြီ"

လှည်းပေါ်မှာ စိုးရိန် ထိတ်လန့်နေတဲ့ အန်ဖောင်တို့ နှစ်ယောက် သွားလို့ ရပြီ ဆိုသော အသံကြားမှ အသက်ဝဝ ရှူနိုင်တော့သည်။
မြို့ထဲ အဝင်ကိုသာ တင်းကြပ်စွာ စစ်ဆေးကြပြီး မြို့ထဲမှ အထွက်ကိုတော့ တံဆိတ်ပြား ကြည့်ယုံမျှ ဖြင့်သာ စစ်ဆေးကြသည်….

~~~~~~~~~~~~~~~~~

မင်းကြီး၏ အမိန့်တော်ကြောင့်
🦋ဖယောင်း လိပ်ပြာ🦋တေးသွားအား စိတ်မပါသော်လဲ မရှုံးနိမ့်ချင်၍ ပြန်လည် တီးခက်ပေးရသည်~~
နှုတ်ခမ်းထောင့်အား သွေးနီဉတဲ့အထိ ဖိကိုက်လိုက်ရင်း မုန်းတီးသည့် စိတ်တို့ က အထွတ်ထိပ်သို့ ရောက်လာသည်~
ငြိုးမာန်ကြီးစွာ စိုက်ကြည့်နေရင်းမှ…
အဟွန်း..ကြည့်ကြသေးတာပေါ့ နင်ဘယ်လို ပုံပျက်ပန်းပျက် ကမလဲဆိုတာကို

🎻🎻🎻~~
🦋🎶🎼🦋🦋🎼🎶🦋~~
နားထဲသို့ တဆတဆဖြင့် စိမ့်ဝင်လာသည့် တေးသွားအား မျက်လွှာချကာ အာရုံစိုက်လို့ နားထောင်လိုက်ရင်း…
ယုံကြည်မှုအပြည့် စူးရှနေသည့် အကြည့်တို့ဖြင့် ရွှေရောင်မျက်နှာဖုံး ပိုင်ရှင် မင်းကြီးအား ညို့ဓာတ်ပြင်းစွာ စိုက်ကြည့်မိသည်~~
“ဗြီ…”
ပခုံးနှစ်ဖက်ရှိ လုံခြုံနေသည့် အင်္ကျီ စ တို့အား ဝင်းမွှတ်သည့် ပခုံးသားများပေါ်သည်အထိ ခွဲဖြဲလိုက်သည်~~

ဟင်!…
ဒီမိန်းကလေး ဒါဘာလုပ်တာလဲ
သူမ၏ ထိုလုပ်ရက်ကြောင့် မိဖုရားခေါင်ကြီးမှာ နှုတ်ခမ်းဖျားအား လက်တင်မိသည်အထိ အံ့ဩသင့်သွားသည်~~
စားပွဲပေါ် လက်ထောက်ကာ မေးတင်လိုက်ရင်း သဘောကျစွာ ပြုံးနေသူက မင်းသားကျူပင်
ဝိုး…တကဲ့ကို စိတ်ဝင်စားစရာ အနှစ်က အခုမှ စမှာ အဟင်းဟင်း…
မျက်နှာဖုံးလွှာကြားမှ စူးရဲသော အကြည့်တို့ဖြင့် အံ့ဩမင်သက် သွားသူက မုန်းဘုရင်…
ရှောင်လု မင်းဒါဘာလုပ်တာလဲ…

ဘာလဲ သူရူးနေပြီလား တေးသွား စနေတာတောင် မကပဲ အင်္ကျီ ကိုဖြဲနေတယ်
တကဲ့ကို ဦးနှောက်မရှိတဲ့ အရူးပဲ ဟွန်း
ဗြတ်စောင်း တီးခက်နေရင်းမှ အပစ်တင် ဝေဖန်နေသူက ရုန်ဟွာပင်..

ခွဲဖြဲလိုက်သည့် အင်္ကျီစတို့ကြောင့် ဖြူဝင်းမွှတ်နေသည့် ပခုံးသားတို့က ခွဲကြောင်း အတိုင်း အထင်းသားပေါ်လာသည်…
ထို့အပြင် ကြမ်းပြင်အထိ လျောကျ ဆွဲတိုက်နေသည့် အောက်ခြေ အဝတ်စတို့အား ဒူးလည်လောက်အထိ ထက်၍ ခွဲဖြဲလိုက်ပြန်သည်…

စောင့်ကြည့်နေသည့် လူလေးယောက်၏ မျက်လုံးတို့မှာ ပြူးကျယ်ကာ အံ့ဩခြင်းများနှင့်အတူ နားမလည်နိုင်သော အကြည့်တို့ဖြင့် သူမအား စိုက်ကြည့်လာသည်~~~

ထိုအခါမှ စိုရဲနေသည့် နှုတ်ခမ်းလေးအား မဲ့ပြုံးလိုက်ရင်း…
အချုပ်နှောင်မရှိ လွှတ်လပ်စွာ လှုပ်ရှားနိုင်ပြီ ဖြစ်သည်မို့ စတင်လို့ လှုပ်ရှား ကပြတော့သည်~~
ဖြူဖွေးသွယ်လျသည့် လက်တို့က မေးဖျားနားတွင် ကော့ညွှန့်လို့
မင်းကြီးအား နွှဲ့နှောင်း ပျော့ပြောင်းသည့် ကိုယ်မူရာဖြင့် မျက်စပစ်ကာ မခို့တရို့ လှမ်းကြည့်လိုက်သည်…
ထို့နောက် မိဖုရားခေါင်ကြီး/မင်းသားကျူ နှင့် ဗြက်စောင်းတီးခက်နေသည့် ရုန်ဟွာတို့ဘက်သို့ တဖြေးဖြေး လှည့်ကာ ပေါ့ပါးနွှဲ့နှောင်း လှပစွာ ကပြလေသည်…
တခါတခါ ယိမ်းနွှဲ့လိုက်တိုင်းမှာ ကိုယ်ရှိန်ကြောင့် နီထွေးစိုဖက်နေသည့် ပုဝါစနှင့် အင်္ကျီ အစတို့မှာ လေပေါ်သို့ ဝဲပျံလွှင့်သွားပြီး…
🦋အနီရောင် နတ်လိပ်ပြာမလေး🦋ပျံဝဲနေသည့် အလား ကြည့်ရသူကို ရင်ခုန်စေကာ မင်သက်သွားစေသည်~~~
ဆွဲဆောင်မှု ရှိစွာ မျက်စိ ပဓာသ သင့်လှသည့် အကအလှကြောင့် မိန်းမောကာ မျောလွှင့် သွားရပြီး ကြက်သီးမွှေးညင်းများ ပင် တဖြန်းဖြန်း ထသည်အထိကို ညို့ငင်အားကြီး ကောင်းမွန်လှသည် ~~~
လေပေါ် ဝဲပျံနေသည့် ဆံနွယ်ရှည်တွေကြားက ညို့ချက်ပြင်းတဲ့ အကြည့်တွေ/ ဝဲပျံ လစ်ဟင်းသွားတဲ့ အင်္ကျီစတို့ နောက်ကွယ်တွင် ဟိုက်သွားတဲ့ ရင်ဘက်နားက ဖြူနုနု အသားရည်တွေ၊ လျောကျသွားတဲ့ အင်္ကျီ စတွေအောက်က ဖြူဝင်းမွှတ်နေတဲ့ လက်ကောက်ဝတ် နဲ့ ပခုံးသားဝင်းဝင်းတွေ/ခြေမြောက်လို့ ကလိုက်တိုင်းမှာ အထင်းသား ပေါ်လာတဲ့ ခြေသလုံးသား ဖွေးနုနု​တွေ ဒါတွေကို မုန်းဘုရင် စိတ်ခိုင်ခိုင်ဖြင့် မကြည့်ရဲတော့ပေ…
ထို့ကြောင့် မျက်နှာလွှဲမိရာ ရုတ်တရက်ဆိုသလို ပုရိသတို့ ဆွဲမက်သွားစေနိုင်သော အလှတရားတို့ ရှိနေသည့် သူမအား ညီတော်ဖြစ်သူ မင်းသားကျူမှ သဘောကျစွာ မျက်တောင် မခက် ငေးစိုက်ကြည့်နေခြင်းအား မုန်းဘုရင် မြင်တွေ့လိုက်ရသည်~~~
ထောင်းကနဲ ဆိုသလို သဝန်တိုစိတ်တို့က ပြည့်လျှံလာသည်~~
ညီတော်ရင်း ဖြစ်နေခြင်းကြောင့်
ဝန်တိုသည့် စိတ်တို့အား လျော့ချကာ အိန္ဒြေဆည် လိုက်ရသည်~~
ကနေရင်းမှ ဒေါ်လေးခမ် အကသင်ပေးခဲ့တဲ့ ကြည်နူးစရာ ပုံရိပ်တွေကို ပြန်မြင်ရောင်နေသည်..
အမှတ်ရသည် ၊ တမ်းတသည်၊သတိရသည်…
ဆုံးခန်းတိုင်အောင် ဒီအကကို မသင်ယူခဲ့ရပေမယ့် ဒေါ်လေးခမ် သင်ပေးခဲ့သည် အထိတော့ ရှောင်လု အကောင်းဆုံး ဖြစ်အောင် ကြိုးစားကမယ်…
သင်တုန်းကတော့ ခက်ခဲလွန်းလို ညည်းညူကာ အခါခါ သက်ပြင်းချခဲ့ရပေမယ့် …
ယခုတော့ သင်ပေးခဲ့တဲ့ ပုံရိပ်တို့အား အမှတ်ရကာ အများရှေ့မှာ ကိုယ်တိုင် အရည်အချင်းကို ထုတ်လို့ ကပြရာဝယ်…
ချောမွှေ့စွာ ရှိနေပြီး…
အချိုးအဆစ် / အနေအထား ၊ ကိုယ်ခန္ဓာယိမ်းနွှဲ့မှုတို့က ဟန်ချက်ကျနေသည် /အပစ်ပြောစရာ တစ်ကွက်မှ မရှိပါ

“ဖလောက်..ထွမ်..”
“အ…..”

“ “ဟင်!…မင်းသမီး ရုန်ဟွာ…” “

~~~~~~~~~~~~~~~~~~

ဆေးသမားတော်မှ လက်တွင် ဆေးထည့်ကာ ဆေးပက်တီးစည်းပေး၍ ထွက်သွားပြီမို့ မိဖုရားခေါင်ကြီးမှာ ကုတင်ပေါ်ရှိ ရုန်ဟွာ ဘေးတွင် ဝင်ထိုင်လိုက်သည်
“မင်းသမီး ရုန်ဟွာ…
လက်ကအဆင်ပြေရဲ့လား…”

“အဟင့် မယ်တော် မိဖုရားခေါင်ကြီး ရုန်ဟွာ လက်က…လက်က ..အဟင့်…”



ငိုမဲ့မဲ့ မျက်နှာလေးဖြင့် ပြောမထွက်ဖြစ်နေသည့် ရုန်ဟွာကြောင့် မိဖုရားခေါင်ကြီးမှာ စိတ်မကောင်းဖြစ်သွားသည်

“မငိုပါနဲ့ မင်းသမီးရုန်ဟွာရယ်…”
ပခုံးလေးမှ သိုင်းဖက်ကာ အားပေးနှစ်သိမ့်လိုက်သည်~~

ငြိုးဖွဲ့မုန်းတီးသည့်စိတ်တို့ဖြင့် အားထည့်လို့ တီးခက်လိုက်ရာ တီးခက်နေရင်းမှ ဗြက်စောင်းကြိုး ပျက်ထွက်၍ သူမလက်တို့အား ထိရှ သွားခြင်းဖြစ်သည်..

အသားထဲဝင်အောင် ထိရှ သွားသည့် ဒဏ်ရာတို့ကြောင့် သူမနှစ်သက်သည့် တီးခက်မှုအား ရက်အတော် ကြာတဲ့အထိ အနားယူရမည်ဖြစ်သည်၊
ထို့ကြောင့် အသံမထွက်နိုင်အောင် ရှိုက်ငိုမိသည်~~~
ဒါတွေအားလုံးက နင့်ကြောင့် အချေအမြစ်မရှိတဲ့ ကချေသည်မ ..
နင့်ကြောင့်မို့ ငါဒီလိုဖြစ်ရတာ…အဟင့် ဟင့် နင့်ကို ငါမုန်းတယ် အရမ်းမုန်းတယ်

~~~~~~~~~~~~~~~

“ဟို..အင် အစ်..ဟို…”

“သခင်မလေး..ဘာများပြောစရာရှိနေလို့ပါလဲ…”

“ဟို..အစ်ကိုချောင်အန်း…”

“ဗျာ…”
ဆွံ့အသွားရသည် ။ဟုတ်မှဟုတ်ရဲ့လား ငါ့ကို ခေါ်တယ် သခင်မလေးက အစ်ကိုချောင်းအန်းတဲ့…

“အစ်ကိုချောင်းအန်း…မင်းသမီး…မင်းသမီး အဆင်ပြေ သက်သာရဲ့လား မသိဘူးနော်”

“ဟုတ်ကဲ့ ကျွန်တော်မျိုးလဲ အခုထိတော့ မင်းသမီး သတင်းကို မရသေးဘူး..တကယ်လို့ သခင်မလေးက အရမ်းသိချင်နေတယ်ဆိုရင် ကျွန်တော်မျိုး နန်းဆောင်ဘက် သွားပြီး စုံစမ်းပေးပါ့မယ် …”

“ဟုတ် အဆင်ပြေ သက်သာရဲ့လားဆိုတာ ရှောင်လု အရမ်းသိချင်တယ် ..”

“ကောင်းပါပြီ သခင်မလေး ကျွန်တော်မျိုး သွားစုံစမ်းလိုက်ပါ့မယ်…”

“ကျေးဇူးတင်ပါတယ် အစ်ကိုချောင်အန်း…”

ခေါင်းငုံ့ အရိုအသေပေးကာ နားနေဆောင် အတွင်းမှ ထွက်သွားလိုက်သည်

တံခါးဖွင့်၍ အထွက်မှာပင် မုန်းဘုရင်အား တွေ့လိုက်ရသည်..
ဟင်..မင်းကြီးကြွ လာပါ့လား..

“မင်းကြီးကို ဂါရဝပြုပါတယ်”

ဟမ်..မင်းကြီးကြွလာတာလား…
အသံကြောင့် လှမ်းကြည့်မိရာ ထင်သည့် အတိုင်းပင် ရွှေရောင်မျက်နှာဖုံးစွတ်နှင့် မုန်းဘုရင်အား တွေ့လိုက်ရသည်~~~

“အရှင်မင်းကြီးကို ကျွန်တော်မျိုးမ ဂါရဝ ပြုပါတယ်…”

နောက်ကျောဘက်မှ ရှောင်လု၏ အသံကြောင့် ချောင်အန်းမှာ အလိုက်တသိဖြင့် နားနေဆောင်မှ ထွက်ခွါပေးရန် ပြင်လိုက်သည်…
“မင်းကြီး ကျွန်တော်မျိုးကို ခွင့်ပြုပါဦး…”

“ကောင်းပြီ…”
ခွင့်ပြုပေးမှုကြောင့် အရိုသေပေးကာ ခေါင်းငုံ့လို့ ရှောင်ထွက်သွားခဲ့သည်..

“မင်းတို့အားလို့ အပြင်မှာနေခဲ့ကြ ဘယ်သူလာလာ ငါကိုယ်တော် ခွင့်ပြုချက် မရမချင်း အထဲကို ဝင်မလာစေနဲ့..ကြားလား…”

“မှန်လှပါ အရှင်မင်းကြီး…”
နောက်လိုက်တို့အား အမိန့်ပေးကာ နားနေဆောင် အခန်းတွင်းသို့ ဝင်သွားလိုက်သည်…

~~~~~~~~~~~~~~

လက်ထဲတွင် ရွှေချည်မျှင်အိတ်နှင့် အတူ အခန်းဆောင်အတွင်းသို့ ဝင်လာသည့် မင်းကြီးကြောင့် ထူးဆန်းသလို ကြည့်ကာ သူမ အံ့ဩမိသည်…
မင်းကြီးက ငါ့ကို ဘာအကြောင်း ကိစ္စများ ပြောစရာရှိနေလို့ ကိုယ်တိုင် ဒီအထိတောင် ကြွလာ ရတာလဲမသိဘူး…
နောက်ပြီး မင်းကြီးကို ငါရင်းနှီးသလို ရှိနေရတာကလဲ ဘာကြောင့်မှန်းမသိဘူး..

“ရော့…ဒါက မင်းကို ပြန်ပေးတာ…”

“ရှင်…”

လက်ကမ်းပေးသည့် ရွှေချည်မျှင်အိတ်ကြောင့် မငြင်းဆန်ဝံ့ပဲ ကြောင်အစွာဖြင့် လှမ်းယူမိလိုက်သည်

အိတ်ကလေးအား ဖွင့်ကြည့်လိုက်ရာ..
“အိုး..ဘုရားရေ…”
များပြားလှသည့် ရွက်လှေသဏ္ဌာန် ရွှေတုံးများကို တွေ့ရ၍ အံ့ဩ မင်သက်သွားပြီး မင်းကြီးထံ အမြန် ပြန်ပေးမိသည်

“မင်းကြီး ဒါတွေက ကျွန်တော်မျိုးမ ပစ္စည်းတွေ မဟုတ်ပါဘူး
မင်းကြီး ပြန် ပေးဖို့လူမှားတာ ဖြစ်ပါလိမ့်မယ် ဒါကတွေက ကျွန်တော်မျိုးမ ဟာတွေ မဟုတ်ပါဘူး…”

မျက်နှာဖုံးလွှာကြားမှ နှုတ်ခမ်းတစ်စောင်းလို့ သဘောကျစွာ ပြုံးလိုက်ရင်း သူမဖြစ်နေသည့် ပုံစံလေးအား အသဲယားမိသည်
“ဒါတွေက မင်းပစ္စည်းတွေပါ ကိုယ်မင်းစီက ချေးထားလို့ မင်းကို ပြန်ပေးတာပါ…”

“ကိုယ်..ကိုယ်ဆိုတာ..မင်းကြီး ဘာကို ဆိုလိုတာလဲ…”
နားမလည်နိုင်သော အကြည့်တို့ဖြင့် မျက်နှာဖုံးလွှာကြားမှ မြင်နေရသည့် မုန်းဘုရင်၏ အကြည့်စူးစူးတို့အား စိုက်ကြည့်ကာ မေးမိသည်…

“ကိုယ်ဆိုတာက ..အစ်ကိုဖိန့်လေ…”

“ရှ..ရှင်!…”

ပြောပြောဆိုဆိုဖြင့် မျက်နှာဖုံးလွှာအား ခွါချပြလိုက်ရာ…
“ဒုတ်…ထလောက်..လောက်..ထောက်”
“ရှင်..ရှင် ..အစ်ကိုဖိန့်…”
လက်ထဲမှ ရွှေချည်မျှင် အိတ်ကလေးမှာ လွှတ်ကျသွားသလို ရွှေတုံးရွှေခဲများလဲ ကြမ်းပြင်တွင် လွှင့်စင်ထွက်သွားသည်…အံ့ဩမှုတွေ ၊ထိန့်လန့်မှုတွေနှင့်အတူ နာကြင်ခံစားရမှုတွေပါ ဝါးမျိူလိုက်လို့ လာသည်…
နီးစပ်ရာ ခုံလေးပေါ် ထိုင်ချမိလိုက်ရင်း…မျက်ရည်များ စီးကျလာသည်..

“ရှောင်လု..ရှောင်လု…ဘာလို့ ငိုရတာလဲ..မင်းရှေ့မှာ ရှိနေတဲ့သူက မင်းအရမ်း ချစ်တယ်ဆိုတဲ့ အစ်ကိုဖိန့်လေ…
ကိုယ်လေ..ရှောင်လုရဲ့ ဘာလို့ငိုနေရတာလဲ..ကိုယ့်ကို တွေ့ရတာ ရှောင်လု မပျော်ဘူးလားဟင်…”

“ဟင့်အင်း…မပျော်ဘူး ကျွန်မကိုလွှတ်…မထိနဲ့..”
ပါးပြင်နုလေးကို ထိတို့မိသည့် သူ့လက်တို့အား ပုတ်ထုတ် ဖယ်ချခြင်း ခံလိုက်ရသည်
“ရှောင်လု…ဘယ်လိုဖြစ်ရတာလဲ…”

“လူလိမ်…လူယုတ်မာ..လိမ်တယ်..”

“မဟုတ်ဘူး..ရှောင်လု..ကိုယ်ရှင်းပြမယ် ..”

“ဟင့်အင်း…ဘာမှ မရှင်းပြနဲ့…မကြားချင်ဘူး ..ကျွန်မ လက်ကို လွှတ် ..ကျွန်မအသားကို တစ်စက်ကလေးမှ လာ မထိနဲ့…လွှတ်..လွှတ်…”
ဆွဲကိုင်ထားခြင်း ခံရသည့် သူမလက်တို့အား ဇွတ်ဖြုတ်ကာ ခါရုန်းနေသည်…

“လွှတ်..လွှတ်လို့ပြောနေတယ်လေ…လွှတ်..ကဲဟယ်”
“ဒုန်း…”
ရုန်းခါနေခြင်းအား လွှတ်မပေးပဲ ဇွတ်ဖမ်းဆုတ်ကိုင် ထားသည့် မုန်းဘုရင်အား စောင့်တွန်းချလိုက်သည်…ကြမ်းပြင်တွင် ဖင်ထိုင်လျက် လှဲကျသွားပြီး မျက်ရည်များ စီးကျကာ ခါးသီးလွန်းနေသည့် သူမမျက်နှာအား ကြည့်မိသည်..
တစက်ကလေးမျှ သူ့မျက်နှာထံ အကြည့် မရောက်တော့ပဲ တစ်နေရာသို့သာ စိုက်ကြည့်နေပြီး နှုတ်ခမ်းအား ပေါက်ထွက်မတတ် ဖိကိုက်ထားသည်
ထို့နောက် လက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ထားပြီး စိမ်းသက်ခါးသီးစွာ ဆက်ဆံနေသည့် သူမကြောင့် …
ရှောင်လု မင်း ဘယ်လို ဖြစ်တာလဲ ဘယ်လို ဖြစ်ရတာလဲကွာ ကိုယ် မင်းအပေါ် လုပ်မိတဲ့ အရာက အဲ့လောက်တောင် အပြစ်ကြီးသွားလား…
ကိုယ် အဲ့လောက် အထိတောင် အပြစ်ကြီးသွားလား ရှောင်လုရာ..

လှဲကျနေရာမှ ပြန်ထကာ သူမစီသို့ ဒူးထောက်လျက် လျှောက်လာလိုက်ပြီး..
“ရှောင်လု မဟုတ်ဘူး ကိုယ်ရှင်းပြတာ နားထောင်ပေးပါ ကိုယ်အဲ့လို ဖုံးကွယ်ပြီး လိမ်ထားရတယ် ဆိုတာကလဲ အခြေအနေ တစ်ခုကြောင့် မဖြစ်မနေအရ မလို့ပါ ၊ကိုယ်..ကိုယ်လဲ မင်းကို ဖုံးကွယ်ပြီး လိမ်မထားချင်ခဲ့ပါဘူး ဒါပေမယ့် အခြေအနေ တစ်ခု ကြောင့်မလွှဲသာလို့သာ ကိုယ် လိမ်ထားခဲ့မိတာပါ တကယ်ပါ..ဒါက တကယ် ကိုယ့်ရဲ့ စိတ်ရင်း အမှန်ပါ..ရှောင်လု ကိုယ့်ပြောတာကို ယုံကြည်ပေးပါ ”

“မဖြစ်မနေ မလွှဲသာလို့ ဟုတ်လား…အဟွန်း..အဲ့လို မဖြစ်မနေ မလွှဲသာတာတွေကြောင့်မလို့ ကျွန်မကို ဒီလိုတွေ ဖုံးကွယ်ပြီး ကျွန်မစီကနေ အချစ်ကို လိမ်ယူခဲ့တာပေါ့လေ..ဟုတ်လား..
ဟင် ..ဟုတ်လားလို့”

“မဟုတ်သေးဘူး ရှောင်လု…မင်း ကိုယ့်ကို အထင်မလွဲပါနဲ့ ကိုယ်မင်းအချစ်ကို လိမ်ယူခဲ့တာ မဟုတ်ပါဘူး…”

“ဒါဆိုဘာလဲ ဘာလို ဖုံးကွယ်ထားရတာလဲ…ဘာလို့ လိမ်ညာထားရတာလဲ”

“ကိုယ် မင်းကို တကယ်ချစ်တာပါ တကယ် ချစ်ခဲ့တာပါ ရှောင်လု ..ကိုယ် မင်းအချစ်ကိုလဲ လိမ်ညာပြီး ရယူခဲ့တာမဟုတ်ရပါဘူး..ယုံကြည်ပေး ကိုယ်ပြောတာကို ယုံကြည်ပေးပါ ရှောင်လု…”

“မယုံဘူး လုံးဝမယုံဘူး…”

“ရှောင်လု ကိုယ်တောင်းပန်ပါတယ် အဲ့လို မလုပ်ပါနဲ့ ကိုယ် တကယ်ပြောနေတာပါ ကိုယ်ပြောနေတာတွေကို ယုံကြည်ပေးပါ..လိမ်ထားခဲ့ မိတာတွေ အတွက်လဲ ကိုယ်တောင်းပန်ပါတယ် တောင်းပန်ပါတယ်နော်…ရှောင်လု…”

“ဖယ်…”
ကျစ်နေအောင် ဆုတ်ထားသည့် လက်ကလေးအား ထိကိုင်လာသည့် မုန်းဘုရင်၏ လက်တို့အား ဖြုတ်ချ ပုတ်ထုတ်ပစ်လိုက်သည်…

“မထိနဲ့ ကျွန်မအသားကို လုံးဝ မထိနဲ့ လူလိမ်..ရှင်က လူလိမ် ..ကျွန်မ ဘဝကိုလဲ ဖျတ်စီးခဲ့တယ် …ကျွန်မအချစ်ကိုလဲ လိမ်ယူတယ်…လူလိမ် ရှင်က လူလိမ် ဟီး..ဟီး..“
“ဘုတ်..ဘုတ်..”
ထိုင်နေရာမှ ငိုယိုကာ သူ၏ ပခုံးတို့အား တဘုတ် ဘုတ်ဖြင့် ထုရိုက်နေသည်…
သူလဲ သူမ၏ ခံစားချက်ကို နားလည်ပါသည် ထို့ကြောင့် ထုရိုက်နေသည့် သူမအား သာဘာမှ မပြောပဲ ငြိမ်သက်စွာ ခံယူနေသည်…

“ဟီး..ဟီး.လူလိမ်..လူလိမ်ကြီး ကျွန်မ ရှင့်ကို လုံးဝ မယုံဘူး လုံးဝ မယုံဘူး သိလား မုန်းတယ် အရမ်းမုန်းတယ် ကျွန်မရှင့်ကို အရမ်းမုန်းတယ် အရမ်းမုန်းတယ် ရှင့်ကို သေလောက်အောင် မုန်းတယ် ဟီးဟီး.အဟင့် ဟင့် ..အင့် ..”

ထုရိုက်နေသည့် လက်တို့က အားလျော့ကာ ခန္ဓာကိုယ်လေးမှာ ပျော့ခွေကျသွားပြီး သူ့ကိုယ်ပေါ်သို့ လှဲကျလာသည်

“ဟင်..ရှောင်လု..ရှောင်လု…ဘာဖြစ်တာလဲ ရှောင်လု”

ထိန့်ထိန့်ပြာပြာ ဖြစ်ကာ မျက်နှာလေး လှုပ်လို့ ခေါ်မိသည်…
တုန့်တုန့်မှ မလှုပ်တော့ပဲ ငြိမ်ကျမေ့မျောသွားသည့် သူမကြောင့်…
“အပြင်မှာ ဘယ်သူရှိကြလဲ ဒီကို အမြန်လာကြစမ်း…”

အမိန့်သံပြင်းပြင်းဖြင့် အော်ခေါ်သံကြောင့် အခန်းဆောင်အတွင်းသို့ နောက်လိုက်များနှင့် အစောင့်တပ်သားများ မြန်မြန် မြန်မြန် ဝင်လာကြသည်…

“မင်းကြီး ကျွန်တော်မျိုးတို့”

“သမားတော် အမြန်ခေါ်..”

“ဟုတ်ကဲ့ မင်းကြီး ကျွန်တော်မျိုးတို့..”

“စကားမရှည်နဲ့ သမားတော်အမြန် ခေါ်လို့ ငါပြောနေတယ်လေ”

ပျော့ခွေကာ အားမရှိသလို ပြိုလှဲကျနေသည့် ရှောင်လု ခန္ဓာကိုယ်အား ရင်ခွင်ထဲတွင် ထွေးပွေ့ထားရင်းမှ နောက်လိုက်များနှင့် အစောင့်တပ်သားတို့အား အော်ပြောလိုက်သည်..
ဒေါမာန် အပြည့်ဖြင့် အော်လိုက်ခြင်းကြောင့် အားလုံး ကြောက်လန့် ကုန်ကြပြီး အခန်းဆောင်မှာ အမြန်ထွက်ကာသမားတော်အား အမြန်သွားခေါ်ကြတော့သည်…
“ရှောင်လု…ရှောင်လု မင်း ဘာမှ မဖြစ်ရဘူးနော် ၊ ဘာမှ မဖြစ်ရဘူး ကိုယ် သမားတော်ကို အမြန်ခေါ်ခိုင်းထားတယ်…အဆင်ပြေမှာပါ မင်းအဆင်ပြေမှာပါ ”

ပြောနေရင်းမှ မျက်ရည်များ စီးကျလာသည်…
မျက်ရည်များ စီးကျနေသည့် မုန်းဘုရင်ကြောင့် နောက်လိုက်များအားလုံး ပါးစပ် အဟောင်းသားဖြင့် အံ့ဩသင့်စွာ ကြည့်နေမိကြသည်…
ရင်ခွင်ထဲ ထွေးပွေ့ထားရင်းမှ အေးစက်နေသည့် သူမလက်ဖျားလေးအား ဖိဆုတ် ကိုင်ကာ လက်ဖမိုးလေးအား နှုတ်ခမ်းဖြင့် ဖွဖွလေး ဖိကပ်နမ်းလိုက်သည်…
ဘာမှ မဖြစ်ရဘူးနော် ရှောင်လု
ကိုယ်ရှိတယ် ကိုယ်မင်းအနားမှာရှိတယ် မင်းဘာမှ မဖြစ်စေရဘူး

မေ့မျောသွားသည့် သူမအတွက် ရင်ထဲတွင် ဘလောင်ဆူကာ အတော်စိတ်ပူနေသည်…
သူမတစ်ခုခု ဖြစ်သွားမှာကို သူအတော်ကြောက်သည်…
သူမသာ တစ်ခုခု ဖြစ်သွားခဲ့လျှင် သူသေမတတ် နာကြင်ခံစားရမည်က အသေအချာပင်…
သူမကို သူ အသက်လောက်ချစ်သည်
အသက်လောက် မြတ်နိုးသည်…
အသက်ထက် မက အဆုံးရှုံးမခံနိုင်ပေ..
~~~~~~~~~~~~~~~~

“သမားတော်ကြီး…သူမ ဘာလို့ ဒီလို တရုတ်တရက်ကြီး မေ့မျောသွားရတာလဲ..ဘာဖြစ်လို့လဲ…သူမ ဘာဖြစ်တာလဲ..”

“ဟုတ်ကဲ့…အရှင်မင်းကြီး…မိန်းကလေးမှာက…


rate now: