ကချေသည်🌸
Author ✍️ ကြွယ်
နှစ်ကိုယ်ကြားယုံမျှ အသံလောက်ဖြင့် တီးတိုး စကားဆိုနေကြသည့် သူတို့..
ဗြတ်စောင်း ပိုက်ကာ ခန်းမဆောင် အတွင်းသို့ ရောက်လာခဲ့သည့် မင်းသမီးရုန်ဟွာကြောင့် အံ့ဩကာ မျက်လုံးများ ပြူးကျယ်နေကြသည်။
“သား…သားတော်ကျူ မင်းရဲ့ အစ်ကိုတော် တော်ကောက်လို့ မိဖုရားမြောက်မယ်ဆိုတာ မဟုတ်မှ လွဲရော …..”
“ “မင်းသမီး ရုန်ဟွာလား…” “
ပြိုင်တူ အသံထွက်မိကြသည်…
တီးတိုးပြောနေကြသည့် ဖန်မိဖုရားခေါင်ကြီး နှင့် မင်းသားကျူမှာ မုန်းဘုရင် တော်ကောက်မည့် သူဟာ မင်းသမီးရုန်ဟွာဟုသာ ထင်နေကြသည်….
“မင်းကြီးကို ဂါရဝ ပြုပါတယ်…”
“မယ်တော် မိဖုရားခေါင်းကြီးကိုလဲ ဂါရဝပြုပါတယ်..”
“မင်းသားကျူ ကိုလဲ အရိုအသေ ပေးပါတယ်…”
မင်းသားကျူ နှာခေါင်းရှုံ့ပြီးခါမှ မင်းသမီးရုန်ဟွာအား မလွှဲသာ၍ လုပ်ဇာတ်ဖြင့် ပြုံးပြလိုက်သည်။…
ဟင့်..ငါ့ကျမှ ဂါရဝမပြုပဲ အရိုအသေပေးတယ်တဲ့ ..ကျစ်..
အတော် ဘက်လိုက်တဲ့ မိန်းကလေးပဲ…
မုန်းဘုရင်မှာ မင်းသမီးရုန်ဟွာအား ပလ္လင်မှ ဆင်း၍ နှုတ်ဆက် ကြိုဆိုမနေတော့ပဲ…
ညာဘက်ကတ္တီပါကြမ်းခုံမြင့် ပေါ်ရှိ စားပွဲ၌ နေရာယူရန် လက်ကာ ညွှန်ပြလိုက်သည်။…
ညွှန်ပြသည့် စားပွဲတွင် ဝင်ထိုင်ကာ နေရာယူလိုက်သည့် သူမ….
လက်ထဲရှိ ဗြတ်စောင်းအား တခြားလွှတ်နေသည့် စားပွဲပေါ်တွင် တင်လိုက်သည်။
မိဖုရားခေါင်ကြီး ဖန်မှာ မင်းသားကျူဘက်သို့ မသိမသာ တိုးကပ်ကာ သေးမျှင်သော တီးတိုး လေသံဖြင့်….
“သားတော်ကျူ မင်းသမီး ရုန်ဟွာဖြစ်နေတော့ မယ်တော် စိတ်အေးရပါပြီကွယ်…”
“အဟွန်း…သားတော် ပြောသားပဲ…”
မိခင်မယ်တော်၏ စကားအား ပြုံးကာ ထောက်ခံလိုက်သူက မင်းသားကျူပင်….
အဓိက ဖိတ်ကြားထားသူ ဧည့်သည် တော်သုံးဦးမှာ ခန်းမဆောင်ထဲသို့ စုံစုံလင်လင်ဖြင့် ရောက်ရှိနေပြီ ဖြစ်သည်…
နောက်ဆုံး အနေဖြင့် အရေးကြီးဆုံး မျှော်နေမိသူက နှလုံးသားရဲ့ ပဲ့ကိုင်ရှင် ရှောက်လုကိုပင်….
ရှောင်လု မင်းဘာလို့များ နောက်ကျနေ ရတာပါလိမ့်…
ကိုယ် အချိန်ကို ကွက်တိ မှန်းဆထားတာပါ…
တကယ်ဆို မင်းက အားလုံးထက် အရင် ခန်းမဆောင်ကို ရောက်နှင့်နေရမှာလေ…
အခုတော့ ဘယ်လိုဖြစ်လို့ နောက်ကျနေရတာလဲ …
အနည်းငယ် လျောကျနေသည့် မျက်နှာဖုံးအား ပင့်တင်လိုက်ပြီး သက်ပြင်းရှည်ကြီး ဆွဲချမိသည်…
“မင်းကြီးကို ဂါရဝပြုပါတယ်…
နောက်ကျ သွားတဲ့ အတွက် ကျွန်တော်မျိုး အနူးညွှန့် တောင်းပန်ပါတယ် မင်းကြီး…”
မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ရှေ့တော်မောက်သို့ ရောက်ရှိနေသူက ချောင်အန်းပင်…
ချောင်အန်းနောက်တွင် ကပ်ပါလာချင်း မရှိသည့် ရှောင်လုကြောင့် မုန်းဘုရင် မျက်မှောင်ကျုံ့ကာ အလိုမကျဖြစ်သွားသည်…
“ချောင်အန်း..သူမကော…”
ဟင်သူမ သူမဆိုတာက ဘယ်သူလဲ..
ဖိတ်ခေါ်ခြင်း ခံရသည့် သုံးယောက်စလုံးမှာ ထိန့်ထိန့်ပြာပြာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်၍ မျက်လုံးချင်း စုံမိကြသည်….
“လိုက်ပါလာပါတယ် မင်းကြီး..”
“သခင်မလေး…မင်းကြီးအား အခစားဝင်ရန် ရှေ့တော်မောက်သို့ ကြွခဲ့ပေးပါ”
ခေါ်သံအဆုံးတွင်
အကွယ်နေရာတစ်ခုမှ လွှင့်ပျံလာသည့် နီလွှလွှ ပုဝါစနှင့်အတူ ပန်းရနံ့သင်းသင်းလေးက ခန်းမဆောင် ရှိနေသူ အပေါင်း၏ နှာဖျားထိပ်ဝတွင် ထိတို့ ကျီဆယ်ကာ နေရာ ယူပြီးဖြစ်သည်..
ခြေလှမ်း တစ်လှမ်းချင်း စီတိုင်းမှာ သိက္ခာ အလှတရားတို့ ပြည့်နပ်စွာ ရှိနေသည့် သူမ…
ဝင်လာကတည်းက မျက်လုံးကျွတ်ကျ မတတ်ငေးကြည့် နေမိသူက မင်းသားကျူပင်…
သုံးဆောင်လက်စ သံပုရာ လက်ဖက်စိမ်းရည်ကိုပင် ဆက်မသောက် နိုင်တော့ပဲ နှုတ်ခမ်းဝတွင် တစ်ဆို့နေသူက ဖန်မိဖုရားခေါင်ကြီး ဖြစ်သလို….
ပန်းသီးစိပ်လေးအား ကောက်ယူ သုံးဆောင်ရန် လက်လှမ်းနေသည့် မင်းသမီး ရုန်ဟွာမှာလဲ ရှောင်လု၏ အလှတရားတို့ကြောင့် တွန့်ဆုတ်သွားရသည်…
“မြင့်မြတ်သော အရှင်မင်းကြီးကို ကျွန်တော်မျိုးမ ဂါရဝပြုပါတယ်…”
“သားတော်ကျူ ဒီမိန်းကလေးက ဘယ်သူလဲ…”
“ဟင့်အင်း..သားတော်လဲ မသိဘူး မယ်တော်…ဒီနန်းတော်ထဲမှာလဲ တစ်ခါမှ မမြင်ဖူးဘူး…”
တီးတိုးလေသံဖြင့် သားတော်ကျူအား မေးရာဝယ် လိုချင်သော အဖြေမရ၍ စိတ်အလိုမကျ ဖြစ်ရသည်…
သူဘယ်သူလဲ ဘာလို့မင်းကြီးက သူ့ကို ဒီခန်းမဆောင်ထဲ ခေါ်စေရတာလဲ…
နောက်ပြီး ဒီနန်းတော်ထဲမှာလဲ တစ်ခါမှ မတွေ့မြင် ဖူးပါဘူး…
ရဲစိုဖက်နေသော ဝတ်စုံလေးဖြင့် လိုက်ဖက်ကာ အပစ်ကင်းစင်စွာ လှပနေသူက ရှောင်လုပင်…
ပုန်းခိုနေသည့် မနာလို ဝန်တိုစိတ်တို့က မျက်နှာ၌ အထင်းသားပေါ်ကာ နှုတ်ခမ်းအား ဖိကိုက်မိသည်….
မနှစ်မျို့စူးရှသော အကြည့်တို့ဖြင့် စိုက်ကြည့်ကာ ပေါင်ပေါ်တင် ထားသည့် လက်ကလေးမှာ အင်္ကျီစလေးအား ကျစ်နေအောင် ဆုတ်ကိုင်ထားသည်…
“မင်းကြီး ကျွန်တော်မျိုးကို ခွင့်ပြုပါဦး…”
“ကောင်းပြီ ချောင်အန်း..”
မင်းကြီးအား ဂါရဝပြု နှုတ်ဆက်ကာ ပခုံးဘေးမှ ကပ်သီလေး ယှက်ထွက်ခွါသွားတဲ့ ချောင်အန်း၏ ကိုယ်ရှိန်ကြောင့် …ပါးပြင်တွင် ပြိုကျနေသည့် ဆံနွယ်ရှည်တို့ လွှင့်ပျံသွားသလို သေးမျှင်သည့် ရွှေကြိုး နားစွဲလေးမှာလဲ ရှေ့တိုးနောက်ဆုတ်ဖြင့် လှုပ်ခါသွားရသည်…
ထို့အတူ သူထံမှ ပန်းရနံ့သင်းသင်းလေးအား အရှိုက်ထဲထိရောက်အောင် မက်မောစွာ ရှူရှိုက်လိုက်ရင်း ခန်းမဆောင်ထဲမှ သူ ထွက်သွားခဲ့တော့သည်~~~
မုန်းဘုရင်မှာ မျက်နှာအပြည့် ရွှေရောင်မျက်နှာဖုံးလွှာ အောက်မှ နှုတ်ခမ်းကွေးကာ ပြုံးလိုက်ရင်း…
“မိန်းကလေးရှောင်လု ဆင့်ခေါ်လွှာ စာတော်ထဲက အတိုင်း ဖျော်ဖြေ ကပြ ပေးရန် အသင့်ဖြစ်ပြီလား…”
“ရှင်..ဟုတ်..ဟုတ်ကဲ့ အရှင်မင်းကြီး…”
မဝင့်မရဲဖြင့် မုန်းဘုရင်အား မော့ကြည့်မိရာ…
ဆွဲဆောင်မှုရှိစွာ စူးရှတဲ့ အကြည့်..ထိုအကြည့်တို့အား သူမ ရင်းနှီးသည်
မျက်နှာပြင် အပြည့် ရွှေရောင်မျက်နှာဖုံးအား တပ်ထား၍ မည်သူမည်ဝါ မှန်းစမရသော်လည်း….
ထူးဆန်းစွာ ထိုအကြည့်တို့က လူသိတစ်ယောက်၏ စူးရှသည့် ညို့ချက်ပြင်း အကြည့်တို့နှင့် ဆင်တူနေသည်~~~
ကြည်လင်ပျက်သား ရှင်းလင်းသည့် ထိုအသံကိုလည်း ရင်းနှီးသလိုရှိသည်။…
မျက်နှာဖုံးအကွယ်မှ သဘောကျစွာ ပြုံးလိုက်ရင်း မင်းသမီးရုန်ဟွာ ဘက်သို့ လှည့်ကြည့်လိုက်သည်…
“မင်းသမီး ရုန်ဟွာ…
တေးသွား တီးခက်ပေးဖို့ အဆင်သင့် ပဲမလား…”
“ရှင်…မင်း..မင်းကြီး..”
ဦးခေါင်းငုံ့ မျက်လွှာချနေသည့် သူမ..
မင်းကြီး၏ အမေးစကားကြောင့် မယုံကြည်နိုင်စွာ မော့ကြည့်မိသည်…
ဘယ်ကမှန်း မသိတဲ့ မိန်းမတစ်ယောက် ကပြဖျော်ဖြေ ဖို့အတွက် ငါလို မင်းသမီးတစ်ပါးက တေးသွား တီးခက်ပေးရမယ် ဟုတ်လား…
မသင့်တော် လိုက်တာ…
ဒါ မင်းကြီးက ငါ့သိက္ခာကို သက်သက်မဲ့ ရိုက်ချိုးလိုက်သလိုပဲ လုံးဝ အဓိပ္ပာယ် မရှိဘူး..
“တေးသွား တီးခက်ပေးဖို့..မင်းသမီ..”
“အဓိပ္ပာယ် မရှိလိုက်တာ သားတော်ဖိန့်…ဘယ်အမျိုး အနွယ်က လာမှန်းမသိတဲ့ မိန်းမတစ်ယောက် ကပြဖျော်ဖြေဖို့အတွက် တိုင်းပြည်ရဲ့ မင်းသမီး တစ်ပါးဖြစ်တဲ့ မင်းသမီးရုန်ဟွာက တေးသွား တီးခက်ပေးရမယ် ဆိုတာဟာ…လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပဲ..
သားတော်ဖိန့် လုပ်ရပ်က မင်းသမီး ရုန်ဟွာရဲ့ ဂုဏ်သိက္ခာကို နိမ့်ကျစေသလို ဂုဏ်သိက္ခာကိုလည်း ထိပါးစော်ကား လွန်းတယ်…”
ရုတ်တရက်ထကာ ပြောလိုက်ခြင်းပင်
မထင်မှတ်ထားသည့် မိခင်မယ်တော်၏ စကားကြောင့် မုန်းဘုရင် နှင့် ရှောင်လုအပါအဝင် ကျန်နှစ်ယောက်မှာလဲ ဆွံ့အကာ ပြူးကြောင်စွာ ကြည့်နေကြသည်…
မိဖုရားခေါင်ကြီး၏ အထင်သေးသံ ပါသော စကားကြောင့် ရှောင်လုမှာ မိမိကိုယ်ကို အတော် ရှက်မိသည်…
အကြောင်းအမျိုးမျိုးသော ပျော်ပွဲရွှင်ပွဲတို့အတွက် ရွာထဲ အကမယ် ငှါးလျှင် တစ်နေ့တာ စားဝတ်နေရေးအတွက် ငွေစလေးရရန် အဘွားကျန့် မသိအောင် တိတ်တိတ်ကလေး ခိုး၍ လိုက်ကတတ်သည့် ရှောင်လုဟာ နယ်စွန်နယ်ဖျား ကျေးရွာတစ်ခုရဲ့ နာမည်မဖော်လိုသော ကချေသည်မလေး တစ်ဦးပင်
ညိုးကျသွားသည့် ရှောင်လု မျက်နှာလေးအား မကြည့်အားပဲ အပစ်တင် ပြောဆိုလာတဲ့ မိခင်မယ်တော်ရဲ့ စကားကို ခွန်းတုံ့ပြန်မိသည်။…
“မယ်တော်ဖုရား သားတော်က ဒီလို တီးခက် ဖျော်ဖြေပေးဖို့ အတွက် မင်းသမီးရုန်ဟွာကို သားတော် အစောထဲက အကူအညီတောင်း ကမ်းလှမ်းထားပြီးသားပါ..
သားတော်ရဲ့ အကူအညီတောင်း ခံမှုကို မင်းသမီးရုန်ဟွာလဲ ကြည်ဖြူစွာနဲ့ လက်ခံခဲ့ ပြီးသားပါ…မယ်တော်..”
“မင်းသမီးရုန်ဟွာ ငါကိုယ်တော် ပြောတာ ဟုတ်တယ် မလား…
အကူအညီ တောင်းခံမှုကို မင်းကိုယ်တိုင်က ကြည်ဖြူစွာနဲ့ လက်ခံခဲ့တယ် ဆိုတာလေ..”
မိခင်မယ်တော်၏ အပစ်တင် စကားအတွက် မုန်းဘုရင်မှာ မင်းသမီးရုန်ဟွာအား စကားသက်သေကူ လှမ်းတောင်းလိုက်သည်…
လူလေးယောက် အကြည့်တို့က သူမထံသို့ စိုက်ကျလာပြီး ကြက်သေသေကာ ဘာပြောရမှန်းမသိ ဆွံ့အနေသည်….
တစ်ဖက်ကလဲ အမှန် /နောက်တစ်ဖက် ကလဲ အမှန် ဖြစ်နေတာမို့ ရွေးခြယ်ရခက်ကာ စိတ်ရှုပ်ရသည်…
မိမိအား တစ်ဦးတစ်ယောက် ဖျော်ဖြေ ကပြ ပေးဖို့အတွက် နှင့်အတူ တီးခက်ဖျော်ဖြေပေးရမည်ဟု မင်းကြီးမှ ပွင့်လင်းစွာ အကူအညီတောင်း လာခဲ့လျှင် သူမ လက်ခံဖြစ် မည်မဟုတ်ပါ…
ယခုတော့ မပွင့်မလင်းလုပ်သည့် မုန်းဘုရင်အား သူမ အတော်ပင် စိတ်ခုမိသည်…
လူကို မလိမ့်တစ်ပက်ဖြင့် နားလဲ့ပါးရိုက်ခံရသည့် အလား အတော် ခံစားရခက်သည်…
သို့သော် ချစ်နေရသူ မုန်းဘုရင်နှင့် မျက်နှာ မပျက်ချင်သည့် အဆုံး မုန်းဘုရင်၏ စကားအတိုင်း သူမ ထောက်ခံ ပြောပေးလိုက်ရင်း…
တေးသွား တီးခက်ပေးရန်သာ ဆုံးဖြတ်လိုက်ရသည်…
“ဟို…ဟုတ် ဟုတ်ပါတယ် မယ်တော် မိဖုရားခေါင်ကြီး ရုန်ဟွာ ကိုယ်တိုင်က အကူအညီကို လက်ခံခဲ့တာပါ …”
ရုန်ဟွာ ထောက်ခံပေးလိုက်မှု စကားကြောင့် မိဖုရားခေါင်ကြီးမှာ မုန်းဘုရင်အား ဘာမှ ဆက်မပြောတော့ပဲ စိမ်းသက်သော အကြည့်တို့ဖြင့်သာ ကြည့်၍ နေရာတွင် ပြန်ထိုင်လိုက်သည်….
စိတ်ထဲတွင်တော့ ကြိတ်မနိုင်ခဲမရ ဖြစ်ကာ ဒေါသဖြစ်ရသည်…
မည်သိုပင် ဒီမိန်းကလေး လှပနေပါစေ သူဟာ သားတော်ဖိန့် ပြောပုံအရဆို အဆင့်အတန်း နိမ့်တဲ့ ကချေသည် တစ်ယောက်ပဲ ဖြစ်ရမယ်…
အခြေအမြစ်မရှိ ၊ အဆင့်အတန်း နိမ့်ကျတဲ့ ဒီလိုကချေသည်နဲ့ သားတော် ဘယ်လိုများ တွေ့ဆုံခဲ့ရတာလဲ…
တကယ်လို့များ သားတော် တော်ကောက်မယ့် သူက ဒီမိန်းကလေးသာ ဆိုရင်
🎶🌸~**~🎶**🌸🎶~**~🌸🎶**🌸🎶..🦋..🎶🎵..🌸..🦋🎵🎶..
ဆိုင်းမဆင့် ဘုံမဆင့်ဖြင့် သာယာလွမ်းမောဖွယ် ဗြတ်စောင်းဂီသံဟာ နားထဲသို့ စိမ့်ဝင်စီးဆင်းလာ၍ …
လူလေးယောက်၏ အကြည့်တို့က ဂီတသံလာရာ စီသို့ အကြည့်ရောက်မိကြသည်~~~
မျက်လွှာချကာ ခံစားချက်ပါပါဖြင့် တီးခက်နေသည့် ရုန်ဟွာတစ်ယောက်
တေးသွား တစ်ခုစီတိုင်းမှာ ဝမ်းနည်းဖွယ် ခံစားချက်တို့ ပါရှိနေကြောင်း သိသာစေသည်…
သို့သော် ထိုတေးသွားများက လှပသည်…သာယာ လွမ်းမောဖွယ်ရှိသည်…
နားဆင်ရသူအဖို့ တေးသွားတွင် စီးမျောကာ ခံစားနိုင်လောက်တဲ့ အထိ ဆွဲဆောင်မှုကောင်းသည်~~
ထိုတေးသွားကို ရှောင်လု ကောင်းကောင်းသိသည်~~~
သူမ၏ အကဆရာ ဒေါ်လေးခမ် ကိုယ်တိုင် ထိုတေးသွားဖြင့် …
လွမ်းမောဖွယ်ရာ ပုံဖော် ဆန်းသစ်သည့် အကများကို တစ်ပုတ်ထက် မနည်း သူမကို သင်ပေးခဲ့ဖူးသည်~~~
ဤတေးသွား၌ နက်နဲစွာ အဓိပ္ပာယ်များရှိနေသည်~~~
အတိုချုံးလို့ အဓိပ္ပာယ်ဖော်ပြရလျှင်…
မင်းသမီးလေးက ဖခင်မင်းကြီးကို လွန်ဆန်ကာ စစ်သူကြီးတစ်ဦးအပေါ် အရဲစွန့်လို့ ချစ်မိရာဝယ်..
ဘယ်လောက်ထိပဲ ပေးဆက်လို့ ချစ်နေခဲ့ပါစေ…
ဖခင်မင်းကြီး၏ အရှိန်အဝါကြောင့် စစ်သူကြီးမှာ မင်းသမီးလေး ကို ချစ်မိနေသော်ညားလဲ အနားတွင်မနေဝင့်ပဲ မနီးဆက်နိုင်ဖြစ်ကာ ဝေးကွာသွားခဲ့ရသည့် လွမ်းဆွေးဖွယ်…
အဝေးမှ ပေးဆက်ခြင်းဖြင့် ချစ်နေရသော သမိုင်းတစ်ခု၏ မင်းသမီးတစ်ပါး အကြောင်း ကို ရေးဖွဲ့ထားသော တေးသွား တစ်ပုဒ်ဖြစ်သည်~~~
နာမည်ကား-ချစ်ရပါသော စစ်သူကြီး ပင်~~
ထိုတေးသွား🎶**🌸🎶ကိုလိုက်၍ သူမပုံဖော် ကပြရပြီဖြစ်သည်~~
ဝဲလွှင့်နေသော ပုဝါနီစတို့နှင့်အတူ ထိုတေးသွား၏ လွမ်းဆွေးဖွယ် ခံစားမှုအလိုက် မျက်ဝန်းတွင်လဲ ထင်ဟက်စွာ ပုံဖော်ကပြနေသည်~~~
ကပြပုံဖော်မှုက လုံးဝ မထင်မက်ထား လောက်အောင် ကောင်းလွန်းနေသောကြောင့် ဖန်မိဖုရားခေါင်းကြီး အပါအဝင် မင်းသားကျူကပါ ညို့ငင် ပြုစား ခံထားရသည့်နယ် မျက်လုံးမခွါနိုင်လောက်အောင်ပင် သူမ အကတွေက ဆွဲဆောင်မှုရှိစွာ လှပလွန်းသည်…
တေးသွားနှင့် အင်မတန်လိုက်ဖက်လွန်းကာ ပုံဖော်ကပြ မှုတို့၏ ချစ်သော ပူဆွေးမှုတွေကို ကြည့်ရှုနေရသူအဖို့ တသီတတန်းကြီး မြင်တွေ့ ခံစားစေနိုင်သည်~~~
ပြောင်မြောက်စွာ ပုံဖော်ကနိုင်သည့် ရှောင်လု နှင့် တေးသွားတစ်ခုကို ခံစားချက်နှစ်လို့ အကောင်းဆုံး တီးခက်နေသည့် ရုန်ဟွာ …
သူတို့ နှစ်ဦး၏ ပညာရပ်နှစ်ခု ပေါင်းစပ်ကာ လိုက်ဖက်နေမှုကြီးက …
ကြည်ရှူနေသူ ပရိတ်သက်တို့အဖို့ ကြက်သီးမွှေးညှင်းများ ထလောက် အောင်ပင် ကောင်းလွန်းလှသည်~~~
အဟင်း…မထင်ထားဘူး နင်က ရိုရိုးသာမန် ကချေသည် မဟုတ်တာတော့ သေချာတယ်…
ငါ့ရဲ့ တေးသွားတိုင်းက အရမ်းခက်ခဲ နက်နဲတယ်…
ဒီတေးသွားကို အမှီ လိုက်ဖက်စွာ ပုံဖော်ကနိုင်တဲ့ သူဟာ အင်မတန်ရှားလွန်းတယ်လို့ ငါ့ကို မယ်တော်ပြောခဲ့ဖူးတယ်….
ဒီအကကို ပုံဖော်ကနိုင်တဲ့ သူဟာလဲ တော်ဝင်အမျိုးအနွယ်တို့နဲ့ ဆက်ယှက်ပြီး ထူးချွန်လှတဲ့ ကချေသည်တွေပဲ ရှိတယ်တဲ့…
ဒါဆို နင်က မျိုးရိုးမြင့် တော်ဝင်မျိုးနွယ်ထဲက ကချေသည်များလား….
ရုန်ဟွာမှာ ကပြ နေသော ရှောင်လုအား စူးစိုက်ကြည်၍ ချက်ချင်းဆိုသလို တေးသွား တစ်ပုဒ်ကို ကောက်ပြောင်း တီးခက်လိုက်သည်~~~
ဝမ်းနည်းဖွယ် တေးသွားတစ်ခုမှ ပျော်ရွှင်မှုကို ဖော်ကျူးသည့်~~~
“ကန်ရေပြင် ကြာပန်းငယ်” တေးသွားသို့ ပြောင်းလဲ တီးခက်လိုက်သည်~~~
ဤသည်ကား ကချေသည်မလေး ရှောင်လု၏ အရည်အချင်းကို စမ်းသပ်ချင်သောကြောင့်ပင်…
တရုတ်ရက် ပြောင်းလဲသွားသည့် တေးသွားကြောင့် မုန်းဘုရင်နှင့် ဖန်မိဖုရားခေါင်ကြီး အပါအဝင်..မင်းသားကျူတို့ပါ မျက်ခုံးများ ပင့်ကာ ရုန်ဟွာထံသို့ ထူးဆန်းစွာ ကြည်မိကြသည်~~~
ပျော်ရွှင်မှုကို ဖော်ကျူးသည့် “ကန်ရေပြင် ကြာပန်းငယ်” တေးသွားကို သွယ်လျသည့် လက်ချောင်းတို့အား အသုံးပြု၍ စိတ်နှစ်တီးခက်နေသည့် ရုန်ဟွာမှာလဲ တစ်မျိုးလေးတော့ ဆွဲဆောင်မှုရှိစွာ လှပသည်~~~
ရှောင်လုမှာ တရုတ်ရက် ပြောင်းလဲသွားသည့် တေးသွားအတွက် တုန်လှုပ်မှု မရှိသလို / ကနေရင်းမှ ထစ်ငေါ့သွားခြင်း မျိုးလဲ မရှိပေ~~~
ပြောင်းလဲသွားသည့် တေးသွားအပေါ်လိုက်၍သာ လှပစွာဖြင့် ပျော်ရွှင်မှုကို ဖော်ကျူး ပုံဖော် ကပြသည်~~~
ကပြပုံဖော်မှုတိုင်းတွင် မျက်နှာဟန်ပန် အမူအရာ တိုဖြင့်ပါ လှပ ပီပြင်စွာ သရုပ်ဖော်ကျူးသည်~~~
ကြည့်ရှူနေရသူ အဖို့ ရင်သက်ရှုမောစွာဖြင့် အကနှင့်အတူ သူမ၏ အလှတရားတို့တွင်လဲ စီးမျောသွားစေသည်~~~
အပစ်ထောက်စရာ မရှိလောက်အောင် ကပြပုံဖော်မှုတို့က တော်နေသည့် သူမကြောင့် …
ရုန်ဟွာမှာ ပိုလို့ မနာလိုဖြစ်လာသည်
မင်းကြီး ၊ ဖန်မိဖုရားခေါင်ကြီးနှင့် မင်းသားကျူတို့တွင်လဲ သူမ၏ အကတို့အား ကြိုက်နှစ်သက်ကြောင်း ဟန်ပန် အမူအရာတို့ ရှိနေသည်~~
အထူးသဖြင့် အိန္ဒြေဆည်မရအောင် ဖြစ်ပျက်နေသူက မင်းသားကျူပင်
ပါးစပ် အဟောင်းသားဖြင့် ရွှန်းလဲ့တောက်ပသော မျက်လုံးတို့ဖြင့် ညို့ငင် ခံထားရသူနယ် အကြည့်တို့က ရှောင်လုစီမှ လုံးဝမခွါပေ…
သူမ၏ တီးခက်မှုထက် ရှောင်လု၏ ကပြနေမှုကိုသာ အားလုံးက အရေးစိုက် နှစ်သက်ကြောင်း ဖော်ပြနေကြ၍
စိတ်ထဲတွင် မနာလို မုန်းတီးစိတ်တို့ တစ်ထောင်းထောင်းထကာ ဒေါသဖြစ်လာသည်~~~
ထို့ကြောင့် သူမမှာ နောက်ထက် ခက်ခဲသည့် တေးသွားနှင့် ပုံဖော်ကပြရန် မလွယ်ကူသော “မျက်မမြင် သူလျှိုမလေး “ဟု ဇာတ်ကြောင်းရှိသည့် တေးသွားအား ပြောင်း၍ တီးခက်လိုက်သည်~~~
ပြောင်းလဲ တီးခက်လိုက်သည့် တေးသွား အကြောင်းအား သိနှင့်ပြီးသား ဖြစ်သည့် ရှောင်လုမှာ ရင်ဘက်တွင် စည်းထားသော ကျစ်ကြိုး ပုဝါအား ကနေရင်းမှ ဖြည်ချ ဖြုတ်ယူကာ မျက်လုံးတွင် စည်းပိတ်လိုက်ပြီး မျက်မမြင်မလေး အသွင်သို့ ကူးပြောင်း ယူလိုက်သည်~~~
ကိုယ်နေဟန်ထား ၊ လက်ဟန်ခြေဟန် ၊ အမူအရာတို့က ဒေါ်လေးခမ် ကျနစွာ သင်ပြပေးထားမှုအတိုင်း အချိုးအဆစ်ညီစွာဖြင့် ဖျော်ဖြေကပြနေသည်~~
ဒေါ်လေးခမ်ထံမှ အကပညာကို စည်းစနစ်ကျစွာ သင်ယူကာ အကပညာနှင့် ပက်သက်သမျှ အကြောင်း အရာ /အဓိပ္ပာယ် မှန်သမျှကိုလည်း မချွင်းမချန်ဖြင့် သူမ လေ့လာမှတ်သားထားသည်…
ကြိုးစား သင်ယူသည်~~
ထို့ကြောင့်လည်း ထူးချွန်ကာ တော်သည်~နဂိုပါရမီ ဓာတ်ခံ ရှိတာလဲပါသည်~
တီးခက်နေသည့် တေးသွားအလိုက် လှပပီပြင်စွာ လွယ်လွယ်ကူကူ ကပြနိုင်သည့် ရှောင်လုကြောင့် ရုန်ဟွာမှာ အလွန်ပင် ဒေါသထွက်ကာ မကျေမနက် ဖြစ်လာသည်~~~~
ဟင့်…နင်က ဒီလောက်အထိ သိပ်ကိုတော် ပြနေတယ်ပေါ့လေ…
ကောင်းပြီလေ နင်ဘယ်လောက်အထိ တော်နိုင်မလဲ သိရအောင် ဒီတစ်ခါ ငါ့အတွက်လဲ အခက်ခဲဆုံးဖြစ်သလို..
နင့်အတွက်လဲ လုံးဝမကနိုင်အောင် ခက်ခဲလွန်းတဲ့ တေးသွားကို ငါတီးခက်မယ်…
ဟား ဟား ငါလို မင်းသမီးတစ်ပါးနဲ့ နင်လို အဆင့်နိမ့်တဲ့ ကချေသည်မ ပညာပြိုင်ကြတာပေါ့
အဟွန်း..သေချာတာ တစ်ခုကတော့ နိမ့်ကျတဲ့ နင်ကပဲ အရှုံးကို သေချာပေါက် လက်ခံ သွားရမှာပဲ…
အရာအားလုံးထက် ငါက ပိုတော်တယ်
အဲ့ဒါကို နင်သိအောင် ငါပြရလိမ့်မယ်
တီးခက်မှု အပိုင်းကော ၊ ကပြနိုင်မှု အပိုင်းမှာပါ အလွန်ကို ခက်ခဲသော အားလုံး၏ အချုပ် ခေါင်ဖြစ်သော ရှင်ဘုရင်၊မင်းညီ မင်းသား နှင့် မြင့်မြတ်သော တော်ဝင်အမျိုးနွယ် ဝင်တို့ အလွန် အမင်း နှစ်သက် သဘောကျကြသည့် 🦋ဖယောင်းလိပ်ပြာ🦋 တေးသွားသို့ ထက်မန် ကူးပြောင်း၍ တီးခက်လိုက်သည်~~~
ထိုတေးသွားကြောင့် အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားရသည်~~~
သူမအတွက် ပိုင်နိုင်စွာတီးခက် နိုင်ဖို့ကလဲ လုံးဝမလွယ်ကူသလို…
ရှောင်လု ကပြရန်မှာလည်း အတော်ခက်ခဲကာ လုံးဝမလွယ်ကူချေ~~
ရုန်ဟွာမှာ သူမ၏ မယ်တော်ထံမှ မြောက်များစွာသော ခက်ခဲသည့် တေးသွား တီးခက်မှု ပညာအကုန်အစုံကို သင်ယူ လေ့လာထား သူ တစ်ဦးဖြစ်သည်~~
သို့သော်လည်း သူပြောင်းလိုက်သည့် ဤ 🦋ဖယောင်းလိပ်ပြာ🦋 တေးသွားကိုတော့ သူမ ကိုယ်တိုင်လဲ သိပ်၍ တီးခက်တတ်ခြင်းမရှိပါ
အလွန်တန်ဖိုးရှိကာ မြင့်မြတ်သည့် တော်ဝင်မျိုးနွယ် တို့အတွက် နက်နယ်သော အဓိပ္ပာယ်များ အပြည့်အဝ ရှိနေသည့် 🦋ဖယောင်းလိပ်ပြာ🦋ပင်..
ဤတစ်ခါတေးသွားတွင်တော့ ရှောင်လု ထိန့်လန့်ကာ တုံ့ဆိုင်းသွားသည်
ထိုအကအား ဒေါ်လေးခမ်စီမှ သူမ သင်ယူနေတာ တစ်ဝက် တစ်ပျက်သာ ရှိသေးသည်~~~
အရမ်းလဲ ခက်ခဲသည် ပုံဖော် ကပြနိုင်ဖို့က လုံးဝမလွယ်ကူချေ~~
ထို့ကြောင့် သူမ ဆက်၍ မကပဲ ရပ်တန့်လိုက်သည်~~
သူမက ဆက်မကပဲ ရပ်တန့်သွားပါသော်လည်း ရုန်ဟွာမှာ သူမအား ပြုံး၍ စိုက်ကြည့်ကာ တီးခက်မှုကို မရပ်တန့်ပဲ ဆက်လက်လို့သာ တေးသွားတို့ကို စိတ်နှစ်လို့ တီးခက်နေသည်~~~
ထို🦋ဖယောင်းလိပ်ပြာ🦋တေးသွားကို သူမကတော့ အဆုံးအထိ သင်ယူခဲ့ဖူး၍ ခက်ခဲစွာ တီးခက်ရမှု ကလွဲလို့ ထိန့်လန့် တုန်လှုပ်စရာမရှိပေ…
သို့သော် ရှောင်လုကတော့ အဖြစ်ဆိုး ကြီးကြောင့် ဆုံးခန်းတိုင်အောင် မသင်ယူခဲ့ရချေ…
ထို့ကြောင့် သူမ၏ ဆက်၍ ကပြ မဖျော်ဖြေ နိုင်တော့မှုအတွက် စိုးရွံ့စွာဖြင့် ရှက်ကြောက်နေမိသည်~~
ဆက်လက်၍ ကပြနိုင်မှုမရှိတော့သော ရှောင်လုကြောင့် မုန်းဘုရင် ၊ ဖန်မိဖုရားခေါင်ကြီးနှင့် မင်းသားကျူတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်~~~
သူမ၏ သရုပ်ဖော်ကပြမှု ကကွက်တို့ ကြားမှာ နှစ်မျောနေရာမှ ပြောင်းလဲသွားသော အခက်ခဲဆုံး တေးသွားကြောင့် ဆက်မက နိုင်တော့ပဲ ရုတ်တရက် ရပ်တန့်ချလိုက်သည့် သူမကြောင့် ရင်ထဲ ဟာတာတာ ဖြစ်ကာ စိတ်ခုမိကြသည်~~~
ထို့ကြောင့်~~
“ရပ်..ရပ်လိုက်တော့ မင်းသမီးရုန်ဟွာ”
မုန်းဘုရင်၏ စူးရှသော အမိန့်ပေးသံကြောင့် ရုန်ဟွာမှာ တီးခက်နေသည့် တေးသွားအား ရပ်တန့်လိုက်သည်…
“ဟို..ဘာ..ဘာများဖြစ်လို့ပါလဲ အရှင်မင်းကြီး…”
သူမ၏ မေးနေမှုအား အဖြေပြန် မပေးပဲ အဝေးမှ စိုက်ကြည်လျှင်တောင် သိသာနေသည့် မုန်းဘုရင်၏ စူးရှသော အကြည့်တို့က သိသိသာသာ ညိုးကျနေသည့် မျက်နှာပိုင်ရှင် ရှောင်လု စီသို့သာ…
ဗြတ်စောင်း တီးခက်သည့် လက်တို့အား ကျစ်နေအောင် ဖိဆုတ်လိုက်ပြီး..
ရှောင်လုအား မုန်းတီးစွာကြည့်မိသည်
ဒီ..ဒီမိန်းမက ဘာမလို့လဲ..
ဘာမလို့ မင်းကြီးက မရိုးတဲ့ အကြည့်တွေနဲ့ ဒီမိန်းမကို စိုက်ကြည့်နေရတာလဲ
စိတ်ထဲတွင် အမြင်မကြည်မှု၊မကျေနပ်မှု၊မနာလို မုန်းတီးမှုတို့ ပြည့်နပ်လာသည်…
“အဟွန်း…ဒီက ကချေသည်မိန်းကလေးက ကျွန်တော်မျိုးမ တီးခက်တဲ့ တေးသွားက အရမ်းခက်ခဲနက်နဲတော့ မှီအောင် လိုက်မကနိုင်တော့လို့ ရပ်ခိုင်းလိုက်တာ လား အရှင်မင်းကြီး..”
ခနဲ့တဲ့တဲ့ ရယ်သံပါပါဖြင့် မင်းကြီးအား လျှောက်တင်လိုက်သည့် ရုန်ဟွာကြောင့်…
ညိုးငယ်သော မျက်လုံးဝိုင်းလေးဖြင့် မော့ကြည့်လာသည်..
မော့ကြည့်လာသည့် ရှောင်လုအား ညစ်ကျယ်စွာဖြင့် ရုန်ဟွာ နှုတ်ခမ်းမဲ့၍ ပြုံးပြလိုက်သည်…
“ဟုတ်တယ်…မိန်းကလေး ရှောင်လုက ဝါနုတဲ့ ကချေသည် တစ်ဦးဖြစ်လို့ ဒီလို မြင့်မြတ်တဲ့ တော်ဝင်မျိူးနွယ်တို့အတွက် တန်ဖိုးရှိလှတဲ့ အဓိပ္ပာနက်နဲတဲ့ တေးသွားကိုလိုက်ပြီး ပုံဖော်ကပြနိုင်မှု မရှိသေးဘူး ..ဒီလို ခက်ခဲလွန်းတဲ့ တေးသွားကို ကောင်းမွန် ပိုင်နိုင်စွာ တီးခက်ပြနိုင်တဲ့ မင်းရဲ့ အရည်အချင်းကိုတော့ ငါကိုယ်တော် လေးစား ချီးကျူးပါတယ် ဒါပေမယ့် အရမ်းခက်ခဲလွန်းတဲ့ ထိုတေးသွားကို လိုက်ပြီး ကပြဖော်ဖြေ နိုင်မှု မရှိတော့တဲ့ သူမအတွက် မင်းရဲ့ နားဆင်ကောင်းလှသည့် ဒီခက်ခဲသော တေးသွား တီးခက်မှုကို ငါကိုယ်တော် ရပ်တန့်ခိုင်းရခြင်းပင်..”
“အဟင်း…ကျွန်တော်မျိုးမကို ယခုကဲ့သို့ ချီးကျူး မြောက်စားလို့ ဝမ်းသာကျေးဇူးတင်မိပါတယ်အရှင်မင်းကြီး..
ဒါနဲ့ နန်းတော်မှာ တစ်ခါမှ မမြင်တွေ့မြင်ဖူးတဲ့ ဒီကချေသည်ရဲ့ အဆင့်အတန်းက ဘာများလဲ အရှင်မင်းကြီး ကျွန်တော်မျိုးမ သိခွင့်ရှိနိုင်မလားဟင်
သူမက ကျွန်တော်မျိုးမထက် အသက်ရွက် ငယ်ပုံပေါ်ကာ အကပညာ၌သေချာ မစူးစမ်း မလေ့လာ သင်ယူမှု မရှိတော့ ဒီလို အခက်ခဲဆုံး နက်နဲလှစွာ တန်ဖိုးရှိလှတဲ့ တေးသွားရဲ့ ပုံဖော်ကပြမှုကို သိမယ့် ပုံလဲ မပေါ်ပါဘူး ဖုရား…
အပြင်ပိုင်း လှယုံမျှသာ ရှိပြီး အတွင်းအသိပညာနဲ့ အရည်ချင်း ပြည့်ဝမှု မရှိတဲ့ ဒီလိုကချေသည်ကိုတော့ အရှင်မင်းကြီး ဒီလို နန်းဆောင်ထဲ ခေါ်ပြီး ဖန်မိဖုရားခေါင်ကြီးနဲ့ မင်းသားကျူ ၊နောက်ပြီး ကျွန်တော်မျိုးမတို့ ရှေ့မှာ ကပြဖျော်ဖြေစေတာက လုံးဝမဖြစ်သင့်တဲ့ အရာပါ….အဟွန်း ဂုဏ်ဖော်တယ်လို့တော့ မထင်ဝင့်လိုပါ အရှင်မင်းကြီး ကျွန်တော်မျိုးမ တီးခက်တဲ့ တေးသွားတွေဟာ အလွန် အဓိ ပ္ပာယ်ရှိကာ ကပြပုံဖော်ရန် ခက်ခဲလွန်းလှပါတယ်…ဒါကြောင့် နန်းတော်အတွင်းမှာ ဖျော်ဖြေဖို့ အရည်ချင်းပြည့်ဝတဲ့ ကချေသည်ကို ခေါ်ယူရှာဖွေမည် ဆိုလျှင် ကျွန်တော် မျိုးမကို တာဝန်ပေးအပ်လို့ ရပါတယ် အရှင်မင်းကြီး”
အထင်သေးစွာ ကြည့်၍ ပြောလာသည့် ရုန်ဟွာကြောင့် နှုတ်ခမ်းများ တဆက်ဆက်တုန်ကာ အင်္ကျီစနှင့် ထိကပ်နေသည့် လက်ကလေးအား ကျစ်နေအောင် ဆုတ်ထားမိသည်~~
မျက်ရည်ကြည်များက အလိုလို ဝဲတတ်လာသည်~~
“ဒါပေမယ့်လဲ သူမက ဘယ်အဆင့်ကမှန်း မသိတဲ့ ကချေသည်ဆိုတော့လဲ ဒီလို အဖိုးတန်တဲ့ တော်ဝင်အဆင့်မှီ အကကို မသိတာ /မက နိုင်တာ ကလဲ မဆန်းပါဘူးဖုရား…နိမ့်ကျပြီး အရည်အချင်းမှ မရှိပဲ…ဒါကြောင့်…မင်းကြီး…”
“မင်း တော်…”
“ကျွန်မ ကပြဖျော်ဖြေပါ့မယ်…”
🌸🌸🌸🌸အပိုင်း ၂၁ ဆက်ရန်>>>
#စာဖတ်ပရိတ်သက်အပေါင်းအားလေးစားလျက်
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)