book

Index 2

အပိုင်း ၂

  • Author : Kyawal
  • Genres : Comedy, Drama, Action

ကချေသည်


စိမ်းစို၍ သစ်ရိပ်ဝါးရိပ်များ ဖြာကျနေသည့် တောအုပ်ထဲတွင် ကျေးငှက်သံ တကျွီကျွီကိုလည်း တစ်ဆာဆာကြားနေရသည်။...

အကိုင်းခက်တို့ ဝေဆာကျနေသည့် တောအုပ်ထဲသို့ ရှောင်လုမနက်စောစောထခါ ဆေးမြစ်ရှာရန်ထွက်လာခဲ့သည်။
သူမအတွက်မနက်စောစော သွားမှ တော်ခါကျမည် ...
ဒါမှ ဆေးမြစ်တူးပြီး အပြန် ဆန်နဲ့လဲပြီး အဘွားအတွက် မနက်စာချက်စရာရှိတာ ချက်ပြုတ်ရမည် မလား...

ဆေးမြစ်ရှာရန် ပြင်းပြသည့် စိတ်ဖြင့်လာလိုက်တာ သူမ တောအုပ်အလယ်ရှိ ရေတံခွန် အနားသို့ပင်ရောက်လာခဲ့သည်။
ဟင်...ငါဆေးမြစ်ရှာထွက်လာတာ တောအုပ်အလယ်က ရေတံခွန်စီတောင်ရောက်လာပြီပဲ...

တဖျောဖျောဖြင့် စီးကျနေသည့် ရေတံခွန်မှ ရေတို့အား သူမ မြင်တော့ သူမကိုယ်သူမ တရှုံ့ရှုံ့ဖြင့်နမ်း ကြည့်မိသည်...
ဟွန်း...နံလိုက်တာ...အတော်ပဲ ရှားရှားပါးပါး ရေတံခွန်လေး ရောက်တုန်း ရေတစ်ခါတည်း ဆင်းချိုးမှပဲ...

ပြောပြောဆိုဆိုဖြင့် သူမ ရေဆင်းချိုးရန် ပြင်လိုက်သည်...
မချိုးမှီ သူမ တောထဲမှတူးလို့ရခဲ့သည့်
ဆေးမြစ်နှင့် ဆေးရွက်တို့အား မြေကြီးနှင့်ရွှံများပြောင်စင်အောင် လှုပ်လှုပ်၍ဆေးခါ ပလိုင်းထဲသို့ ထည့်လိုက်သည်။...

ပြီးနောက် ...ဟိုကြည့်သည်ကြည့်ဖြင့် သူမကိုယ်ပေါ်မှ အဝတ်တို့အား တစ်လွှာချင်းချွတ်ချခါ အေးမြကြည်လင်သည့် ရေတံခွန်အောက်ရှိ ရေကန်ထဲသို့ ဖြေးဖြေးချင်း ဆင်းခါ ကျောက်တုံးအကွယ်တွင် နေရာယူလိုက်သည်။...
အေးစိမ့်စိမ့်ဖြင့် ကြည့်လင်သည် ရေတို့အား သူမ ကိုယ်ပေါ် လက်ခုံလေးဖြင့် ခပ်ခါ တင်လိုက်တော့ စိမ့်ကနဲ့ဆိုသလို ချမ်းသွားရသည်။..
သူမ သဘောကျစွာ ပြုံးလိုက်ပြီး...
စိတ်အေးလက်အေး ရေလေးစိမ်ချိုးလိုက်သည်။...

ရေချိုးပြီးနောက် ပုံထားသည့် အင်္ကျီလေးများအား သူမအမြန်ကောက် ဝတ်လိုက်ပြီး ပလိုင်းကို ဘေးတစ်စောင်းလွယ်ခါ အထဲရှိ သူမ ရခဲ့သည့် ဆေးမြစ်နှင့် ဆေးရွက်တို့အား ကြည့်လိုက်ရင်း...
အင်း...ဒီလောက်ဆို ဆန်နဲ့လဲဖို့ လုံလောက်သလို...ပိုတာလေးတွေ ရောင်းပြီး ရတဲ့ ပိုက်ဆံနဲ့ အိမ်အတွက် လိုအပ်တာလေးတွေ ဝယ်ပြန်ရမယ်...

တွေးရင်း သူမပြုံးလိုက်ခါ အိမ်သို့ပြန်ရန် ပြင်လိုက်သည်။...

“ဂျွတ်..ချောက် ..ချောက်..”

အနောက်ဘက်စီမှ သစ်ရွက်ခြောက်နင်းသံကြားတာကြောင့် သူမ သစ်ပင်အကွယ်တွင် အမြန်ပုန်းခါ ချောင်းကြည့်လိုက်သည်။....

“အား..ကျွတ် ကျွတ် ..အွတ်..အဟွတ် ဟွတ်...”

အပြင်းအထန် တိုက်ခိုက် ထားခံရပုံ ပေါ်ပြီး ထိုလူ၏ ပါးစပ်မှ သွေးများ စီးကျခါ ဝမ်းဗိုက်တွင်လည်း မြှားစိုက်ဒဏ်ရာဖြင့်...
ခဏကြာတော့ ဒဏ်ရာနဲ့ထိုလူမှာ ငိုက်ဆိုက်ကျခါ မြေပြင်ပေါ်တွင် လှဲကျသွားတော့သည်။...

အတန်ကြာသူမ သစ်ပင်အနောက်မှ ထိုလူအားချောင်းကြည့်နေပြီးခါမှ...
မလှုပ်မယှက်လှဲကျနေသည့် ထိုလူအနားသို့ သွားခါ ထိတို့ကြည့်လိုက် သည်။
“ဟေး..ဟေးလူ...ဟေးလူ..”

ထိတို့ကြည့်ပေမယ့် ထိုလူဟာ တုံ့ပြန်မှုမရှိ ငြိမ်သက်နေလေသည်။...
ထို့ကြောင့် မှောက်လျက်ဖြစ်နေသည့် ခန္ဓာကိုယ်အား သူမပက်လက်အနေထား ဖြစ်အောင်လှန်လိုက်ပြီး ...
နှာခေါင်းအား လက်ဖြင့် စမ်းကြည့်လိုက်သည်။...
“အသက်တော့ရှူသေးတယ် မေ့နေတာနေမှာ...
ငါဘာလုပ်သင့်လဲ သူ့ကို ကူညီသင့်လား...
ဟာ...မဟုတ်သေးပါဘူး ကူညီဖို့ မစဉ်းစားသင့်ဘူး ဒီလူက လူဆိုးလား လူကောင်းလား ငါမသိပဲ ကူညီလိုက်ရင် အလကားနေရင်း ဒုက္ခရောက်ဦးမယ် ..
မဖြစ်ဘူး သူ့ဘာသာ သူဘာဖြစ်ဖြစ်
အဲ့ဒါ သူ့ထိုက်နဲ့ သူ့ကံပဲ ..
ဟွန်း ...အိမ်ပြန်နောက်ကျလိမ့်မယ် သွားတော့မယ်...”

လှဲကျနေသည့် ထိုလူ့အနားမှ ထခါ သူမထွက်သွားရန်ပြင်လိုက်စဉ်...
သူမ၏ခြေထောက်အား တစ်စုံတစ်ခုမှ လှမ်း၍ ဖမ်းဆုတ်ထားခြင်းကို ခံလိုက်ရသည်
“အားးး...ဘာကြီးလဲ...ဟင်!”

မပွင့်တပွင့်ဖြင့် မျက်လုံးလေးပုတ်ခက်ပုတ်ခက် လုပ်ခါ...သွေးများစီးကျနေသည့် ပါးစပ်မှာ မနည်းအားယူ ပြောနေရပြီး ဖြစ်ညစ်ထုတ်နေရသော အသံဖြင့်...
“အ..င..ငါ့..ကို ကယ် ကယ်ပေးပါ..”

စကားဆုံးသည်နှင့် ထိုလူမှာ ပြန်လည်ငြိမ်ကျသွားခဲ့သည်....

သူမ အူကြောင်ကြောင် ဖြစ်သွားရပြီး...
ထိုလူ့အနားသို့ ငုပ်တုတ် ပြန်ထိုင်လိုက်ခါ ...မေ့မျောနေသည့် ထိုလူ့မျက်နှာအား ...အကဲခက် ကြည့်လိုက်သည်။...
မျက်ခုံးကောင်းကောင်း နှာတံစင်းစင်းဖြင့် ခန့်ညားခါ မျက်နှာတစ်ဝိုက်တွင် ညိုမဲဆွဲနေပြီး ဒဏ်ရာနှင့် ဒဏ်ချက်တွေကြည်ပင်...

အင်း...သူ့ဉပဓိရုပ်ကြည့်ရတာ လူဆိုးပုံစံတော့ မပေါက်ပါဘူး ဒါပေမယ့် ဘာလို့ ဒီဗိုက်မှာ မြှားစိုက်နေရတာလဲ
ကျစ်...ဒီလူက ငါ့ကို အာရုံလာစားနေတယ်။ဟူး...ဘာလဲငါက သူ့ကို ကယ်ရမှာလား ..မကယ်ရဘူးလား ...
အိုး.. မသိတော့ဘူး ... ဖြစ်ချင်တာ ဖြစ်အေ လူ့အသက်တစ်ချောင်းပဲ ကယ်ကောင်းပါတယ်လေ...

ပြောပြောဆိုဆိုနှင့် မေ့မျောနေသည့် ထိုလူအား သူမ တွဲထူခါ အိမ်သို့ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။....

🌱🌱🌱🌱🌱

‼️အဘွားကျန့်ရေ ...အဘွားကျန့်...”
“မမရှောင်လု ...‼️မမရှောင်လု “

ဖူးခိုက် အိမ်ရှေ့မှ အော်ခေါ်နေပေမယ့် အိမ်ထဲမှ တုံ့ပြန်သံက ထွက်မလာ...
ထို့ကြောင့် ဖူးခိုက် ဟိုကြည့်သည်ကြည့်နှင့် အိမ်ထဲသို့ ဝင်လာခဲ့သည်။...
အိမ်ပက်ချာလည် သူကြည့်ပေမယ့် လူရိပ်တောင် မတွေ့ရတာကြောင့်
နောက်ဖေးသို့ သူဆက်လျှောက်လာခဲ့သည်။....

ထိုအခါမှ တကုန်းကုန်းဖြင့် ဆေးရွက်များ အခြောက်ခံရန် ဖြန့်နေသည့် အဘွားကျန့်အား သူတွေ့ရသည်။...

“အဘွားကျန့်‼️...”

ဖူးခိုက်၏ ခေါ်သံကြောင့် အဘွားကျန့်တုန်ကနဲ လန့်သွားရပြီး...
“ဟေ..အမလေး လန့်လိုက်တာ ဖူးခိုက်ရယ်...မနက်စောစော ဘာကိစ္စတုန်းကွဲ့...”

အသံကြောင့် လန့်သွားသည့် အဘွားကျန့်အား သူခေါင်းလေးကုတ်ခါ ရယ်ပြလိုက်သည်
“ဟဲ..ဟဲ..မမရှောင်လုကောဟင် အဘွားကျန့်...”

“ဪ ရှောင်လုလား..ရှောင်လုတောထဲ ဆေးမြစ်ရှာ သွားတယ်ထင်တယ် အဘွားကျန့် နိုးတော့ ရှောင်လုကိုမတွေ့ဘူးကွဲ့...ဆေးမြစ်ထည့်တဲ့ ပလိုင်းလည်းမရှိဘူးဆိုတော့ တောထဲသွားတာ သေချာပါတယ်...”

“ဟင်...မမရှောင်လုက တောထဲ တစ်ယောက်တည်း သွားတာလား အဘွား..”

“အင်းလေ..”

“တော်ကြာ တစ်ယောက်ထဲသွားလို့ မမရှောင်လု အဘွားတလဲ့တုန်းကလို တောကောင်နဲ့ တွေ့မှဖြင့်..ဘယ်လိုလုပ်မလဲ အဘွားရဲ့..”

“အိုကွယ်...အဘွားက ညနေမှောင်ရီပျိုးချိန်မှ တောထဲကပြန်လာလို့ တောကောင်နဲ့တွေ့ရတာပါ ရှောင်လုက မနက်စောစောသွားတာလေ...အဲ့လို ဖြစ်လောက်မယ် မထင်ပါဘူးကွယ်”

ဆေးရွက်များဖြန့်ရင်း ပြောနေသည့် အဘွားကျန့်အား ဖူးခိုက် အားမလို အားမရ ပုံစံဖြင့်ကြည့်ခါ အနားတွင် ကပ်ထိုင်လိုက်သည်
“အဘွား....”
“ဟေ ဘာတုန်းကွဲ့...”
“အာ အဘွား...အဲ့ဒါတွေလုပ်တာ ခဏရပ်လိုက်ပါ ကျွန်တော့်ကိုကြည့်ပါ..”

ဆေးရွက်များဖြန့်နေသည့် အဘွားကျန့်လက်အား ဆွဲယူကိုင်ခါ ပြောလိုက်တာကြောင့် ...
အဘွားကျန့်မှာ သူ့အားထူးထူး ဆန်းဆန်းဖြစ်သွားရသည်။..
“ဟေ...ဖူးခိုက် ဘာဖြစ်လို့တုန်းကွဲ့..”

“အာ..ဟို...ဟိုလေ တကယ်လို့များ ကျွန်တော်က မမရှောင်လုကို လက်ထက်ချင်တယ်ဆိုရင်...အဘွားက ကျွန်တော်နဲ့မမရှောင်လုကို သဘောတူမှာလားဟင်...”

ထိုစကားကြောင့် အဘွားကျန့်မှာ ရယ်ရမလိုလို ဆူရမလိုလို ဖြစ်သွားရသည် ...မအောင့်နိုင်တဲ့ အဆုံး …
“အဟား ဟား ဟား..ဒီကလေး ဘာတွေလာပြောနေ ..အဟွန်း...ဘယ် ဘယ်လို ဖူးခိုက်..မင်းက ရှောင်လုကို လက်ထက်ချင်တယ် ဟုတ်လား...”

ရယ်နေသည့် အဘွားကျန့်ကြောင့် ဖူးခိုက် မျက်နှာကြီးနီရဲလို့လာသည်
“ဟာဗျာ အဘွားကလည်း ရယ်ရလို့လား ကျွန်တော်က တကယ်ပြောနေတာကိုဗျာ...”

“အွန်း ..ရယ်ရတယ် အရမ်းရယ်ရတယ် အဟွန်း ဟား ဟား ဟား...မင်းက ကလေးပဲရှိသေးတာ ကို လက်ထက်ဖို့တောင် စိတ်ကူးယဉ်နေပြီပေါ့လေ ဟုတ်လား ဟား ဟားဟား”

“ဟာဗျာ ..အဘွားနော် ဘာကိုကလေးလဲဗျ ကျွန်တော့်အသက်၁၅ရှိနေပြီ အရွယ်ရောက်တဲ့ လူဖြစ်နေပါပြီ..ကျွန်တော်က မမရှောင်လုကို တာဝန်ယူနိုင်ပါတယ် အဘွားရ ကျွန်တော့်အဖေနဲ့အမေကလည်း ချမ်းသာတယ်လေ နောက်ပြီး..ကျွန်တော် နဲ့ မမရှောင်လုက ကြားမှာ ၅နှစ်ပဲ ကွာတာပါ သိပ်အကွာကြီးမဟုတ်ပါဘူး နော် နော် အဘွား သဘောတူမယ် မဟုတ်လား”

“အဟွန်း ... ကောင်လေး မင်းကငယ်ပါသေးတယ် ရှောင်လုလဲ ငယ်ပါသေးတယ်ကွယ် မဟုတ်တာတွေ မစဉ်းစားနဲ့ ဟုတ်ပြီလား...မင်း ရှောင်လုကို သဘောကျနေရင်လဲ ဒီတိုင်း စိတ်ထဲပဲထားထား ဟုတ်ပြီလား..ရှောင်လုကို ဖွင့်မပြောနဲ့ မင်းတို့နှစ်ယောက်စလုံးက အဘွားအတွက်တော့ အရမ်းငယ်သေးတယ် ... မင်းကဆို ပိုတောင်ငယ်သေးတယ်ကွယ် အဘွားအတွက် ကလေးတစ်ယောက်လိုပဲ ဒါကြောင့် မဟုတ်တာတွေ မစဉ်းစားနဲ့နော်...မင်းအသက်ရွယ် တစ်ခုရောက်လာပြီး ကိုယ်ပိုင်အခြေခိုင်အောင် ကြိုးစားနိုင်တဲ့အခါမှ ဒီကိစ္စတွေ ပြန်စဉ်းစား ပေါ့နော် ...ကြားလား အဘွားပြောတာ”

ခေါင်းလေးပုတ်ခါ ပြောလာသည့် အဘွားကျန့်ကြောင့်..သူခေါင်းလေးငုံ့ခါ ငိုင်ကျသွားသည်
“ဟွန်း..ဟုတ်ကဲ့....အဘွား..”

ထိုစကားကြားတော့ အဘွားကျန့်မှာ ဖူးခိုက် ခေါင်းလေးကို ပွတ်သပ်ပေး လိုက်သည်
“အဟွန်း..လိမ္မာလိုက်တဲ့ကောင်လေး...”

‼️အဘွားရေ...အဘွား ‼️ဒီမှာ သမီးကို လာကူပါဦး”

အိမ်ရှေ့မှ ရှောင်လု၏ ခေါ်သံကြောင့် အဘွားကျန့်ကော ဖူးခိုက်ပါ ထွက်လာခဲ့သည်။...
သွေးမရှိသလို ပျော့ခွေနေသည့် ဒဏ်ရာ ဗလပွဖြင့် လူအား ရှောင်လုမှ တွဲခေါ်လာတာကြောင့်...
အဘွားကျန့်ကော ဖူးခိုက်ပါ တအံ့တဩဖြစ်သွားကြရသည်...
“မမရှောင်လု..!”

“အော...မင်းရောက်နေတာလား..”

“ရှောင်လု.!..ဒါ..ဒါက ဘယ် ဘယ်သူလဲ..”

“အာယ အဲ့ဒါတွေ နောက်မှမေးပါ အဘွားရယ်...ဒီမှာ ရှောင်လုကို လာကူပေးပါဦး လေးလှပြီ တောထဲကပြန်လာ ကတည်းက တွဲလာရတာ ပုခုံးတွေ နာလှပြီ လာကူပါဦး ...”

“အော..အော..”

သူမစကားကြောင့် အဘွားကျန့်ကော ဖူးခိုက်ပါ ထိုသယ်လာသည့် ဒဏ်ရာနဲ့လူကြီးအား ဝိုင်းကူတွဲခါ အိမ်ရှေ့ ကွက်ပစ်တွင် လှဲချလိုက်သည်...။

အဘွားကျန့် ရှောင်လုဘက်သို့ မျက်နှာလှည့်ခါ သင်္ကာမကင်း ကြည့်လိုက်သည်
“ရှောင်လု ဒါဘယ်သူလဲ ...”

“အော...ရှောင်လုလဲ မသိဘူး သူက ရှောင်လုခြေထောက်ကို လှမ်းဖမ်းပြီး သူ့ကို ကယ်ပေးပါလို့ ပြောလာလို့ သနားလို့ ခေါ်လာတာ...”

“ကျစ်...ရှောင်လုတို့ကတော့ လုပ်ပြီ ဘယ်ကလူမှန်းမသိ၊ လူဆိုးလား ၊လူကောင်းလားလဲ မသိပဲ ဇွတ် ကယ်တင်ရှင်ကြီး လုပ်လာတယ်...”

ရှောင်လုပြောစကားအား အဘွားကျန့် နားထောင်ခါ စုတ်တစ်ချက်သက်လိုက်သည်...

“ဪ..အဘွားရယ် လူ့အသက်တစ်ချောင်းပဲ ကယ်ကောင်းပါတယ် ...”

“အဲ့ဒါတော့ အဘွားလဲ သိတာပေါ့...ကဲ..ခေါ်လာပြီးပြီ ဆိုမှတော့ ဘာပြောလို့ ရဦးမှာလဲ သွား သွား အင်္ကျီမှာသွေးတွေပေနေတယ် သွားလဲချီ...”

အဘွားကျန့် ရှောင်လုအား မျက်စောင်း ခပ်ယဲ့ယဲ့လေးထိုးခါ...ပြောလိုက်သည်

“ဟုတ်ကဲ့ အဘွား..ဟီး..”

အဝတ်လဲဖို့ အိမ်ထဲသို့ဝင်ရန် ပြင်လိုက်တော့ သူမ စိုက်ကြည့်နေသည့် ဖူးခိုက်အား တွေ့လိုက်ရသည်။..

“အယ်...ဖူးခိုက် ..ဘာကြောင်ကြည့်နေတာလဲ ဟိုမှာ ငါလူနာသယ်လာလို့ အဘွားကို လိုအပ်တာလေး မင်း ကူညီပေးလိုက်ပါဦးနော် ငါ့အဝတ်စားတွေ ပေကျံနေလို့ သွားလဲ လိုက်ဦးမယ်”

လှမ်းပြောသည့် သူမအား ဖူးခိုက် မကြည်သလို ပြန်ကြည့်လိုက်သည်
“ဟွန်း...ဟုတ်ကဲ့ပါဗျာ..”

နှုတ်ခမ်းဆူခါ ပြန်ဖြေသည့် ဖူးခိုက်အား သူမ သွားစွယ်လေးများ ပေါ်အောင် ရယ်ပြလိုက်သည်..
“အဟွန်း..လိမ္မာတယ်..”

အိမ်ထဲသို့ဝင်ပြီးခါမှ သူမပြန်ထွက်လာခါ ..
ကွက်ပစ်နားတွင် လူနာအား အခြေနေဘယ်လိုရှိသလဲ သိအောင်စမ်းကြည့် နေသည့် အဘွားကျန့်အား..လှမ်းအော်ပြောလိုက်သည်
“အဘွား သမီး အဝတ်စားလဲပြီးရင် ရွာထဲက စျေးမှာ ဆေးမြစ်သွားရောင်းရင်း ဆန်နဲ့လဲလိုက်ဦးမယ်နော်..”

ကွက်ပစ်နားမှာ လူနာစမ်းသပ်နေသည့် အဘွားကျန့်မှ သူမဘက်သို့ ပြန်လှည့်ကြည့်ခါ
“အေး...အေး .. ရွာစျေးသွားရင်း .. ကုထုံ စီက ဆေးပက်တီးစီးဖို့ ပက်တီးစဝယ်ခဲ့ဦး ဒီကောင်လေး မြှားဒဏ်ရာကို စီးရအောင်..”
ဆေးပက်တီးဝယ်ခဲ့ဖို့ မှာလိုက်သည်
ရှောင်လု ခေါင်းလေး တစ်ညိမ့်ညိမ့်ဖြင့် “ဟုတ်ကဲ့ ဟုတ်ကဲ့”

“ဖူးခိုက် အဘွားကို ဒီလူနာအိမ်ထဲ ရွှေ့ရအောင် ကူပါဦးကွယ်..”

ကွက်ပစ်နားတွင် မိန့်မိန့်ကြီး ရပ်ကြည့်နေသော ဖူးခိုက်အား အဘွားကျန့်မှ တွဲကူရန် အကူအညီတောင်းလိုက်သည်

ဖူးခိုက် ရပ်ကြည့်နေရာမှ အဘွားကျန့် ၏ အကူညီတောင်းမှုကြောင့် ထိုလူနာအား ကူသယ်ပေးလိုက်သည်။....

🌱🌱🌱🌱🌱

ရှင်ဘုရင်တို့၏ သည်းသန့် စာ​ကြည့်ခန်းအတွင်းတွင် တိုက်ခိုက်ရေး စာအုပ်များအား တစ်အုပ်ပြီး တစ်အုပ်စိတ်ဝင်တစား ချော င်အန်းဖတ်ရှူနေစဉ်
''ဟိတ်....အကိုတော်မင်းကြီး...ဘာတွေဖတ်နေတာလဲ..''

ချောင်အန်း တုန်လှုပ်ခါ အနည်းငယ်လန့်သွားရပြီး...
သူ့အား လာချောက်လန့်သူက မုန်းဘုရင်၏ ညီတော်မင်းသားကျူပင်..



''အဟန်း...ညီတော်ကွာ နဲနဲပါးပါး​အ​သံပေးဝင်လာမှပေါ့ အဆောင်ရှေ့မှာ အစောင့်တွေမရှိလို့လား ညီတော်”

အသံအနေထားအား အတတ်နိုင်ဆုံး မုန်းဘုရင်နှင့် တူအောင်လုပ်ခါပြောရသည်

''မဟုတ်ပါဘူး ရှိပါတယ် အကိုတော်မင်းကြီး.. ညီတော်က တမင်သက်သက် စချင်လို့ သူတို့ကို မပြောခိုင်းတာပါ..အမျက်တော် မရှပါနဲ့နော်”

“ဪ..ညီတော်က တမင်အကြံစည်နဲ့ကိုး...”

“အဟွန်း...ဒါနဲ့...အကိုတော်မင်းကြီးရဲ့ အသံက တစ်မျိုးပဲနော် ..နေမကောင်းဘူးလား အကိုတော်မင်းကြီး..”
မင်းသားကျူတစ်ယောက် မုန်းဘုရင်၏ အသံမှာ ခါတိုင်းသူကြားနေကြ အသံပုံစံမဟုတ်တာကြောင့် မေးလိူက်ခြင်းပင်..

“အဟွတ်..အဟွတ် ဟုတ်တယ်..အကိုတော် သိပ်နေလို့ မကောင်းဘူး ရဲမက်တွေကို စစ်ရေး ကိုယ်တိုင်လေ့ကျင့်ပေး တုန်းက အမိန့်တွေအော်ပေး ရလွန်းလို့ အသံတွေနာနေတာ ...”

အသံအား ရိပ်မိသွားဟန်တူသောကြောင့် ချောင်အန်းမှာ ချောင်း တစ်ဟွတ်ဟွတ် ဆိုးပြလိုက်ရသည်

ထိုအခါမှ မင်းသာကျူက သံသယကင်းသော အသံဖြင့်ပြောလာသည်
“ဪ ...ဒါကြောင့်ကိုး အဲ့ဒါကြောင့် ခါတိုင်း ကြားနေကြအသံနဲ့ မတူပါဘူးလို့ ကြည့်နေတာ အဟွန်း..နေလို့ သိပ်မကောင်းရင်လဲ စာတွေ သိပ်မဖတ်နဲ့လေ တော်ကြာ မျက်ရိုးတွေပါ ကိုက်လာမယ် အကိုတော်..”

“အင်းပါ ဒါနဲ့ ညီတော်..ဒီကိုလိုက်လာတာ ကိစ္စရှိလို့လား..”

“အာ..မရှိပါဘူး အကိုတော် တကယ်က ညီတော် မယ်တော်နန်းဆောင်စီ သွားမလို့ပါ အဲ့ဒါ အကိုတော် စာကြည့်ခန်းမှာရောက်နေတာ မြင်လို့ လမ်းကြုံဝင် နုတ်ဆက်တာပါ...ဒါဆို ညီတော်သွားတော့မယ်နော် အကိုတော်''

“ဪ..အင်း ဟုတ်ပြီ ညီတော်ကျူ”

မင်းသားကျူ စာကြည့်ခန်းအတွင်းမှ ထွက်သွားခါမှ ချောင်အန်း အသံရှုရချောင်သွားတော့သည်။..
“ဟူး....မင်းကြီးခိုင်းလို့သာ မလွှဲသာလို့ ဟန်ဆောင်နေရတာ ငါ့အတွက်တော့ တကယ်ကို မလွယ်လှဘူး ... တော်သေးတယ် ငါ့အကြောင်း ပြချက်ကောင်းသွားပေလို့သာ...မဟုတ်ရင် မလွယ်ဘူး”

ချောင်အန်းတစ်ယောက် သက်ပြင်းရှည်ကြီး ဆွဲချခါ ...
ဖတ်လက်စ စာအုပ်အား စားပွဲပေါ် မေးလေးထောက်ခါ ပြန်ဖတ်နေလိုက်သည်။...

🌱🌱🌱🌱🌱

တူးရသမျှ / ခူးရသမျှ ဆေးမြစ်နှင့်ဆေးရွက်တို့အား တစ်ဝက်ကို ဆန်နဲ့လဲခါ တစ်ဝက်ကိုတော့ ရောင်းလိုက်တာကြောင့် ရှောင်လုလက်ထဲ ငွေပေါ်လာပြီဖြစ်သည်။...

လက်ထဲရှိရလာသည့် ငွေစလေးများအား ရေတွက်ခါ ပြုံးပျော်လို့ မဆုံးသေး...
“ဟိတ်...ပေးစမ်းအဲ့ ပိုက်ဆံတွေ..”

“ဟင်...မပေးပါဘူး..ရှင်..ရှင်တို့ ..”
ဆွဲလုသော သူတို့အား ကြည့်လိုက်တော့ သူမမျက်လုံးလေး ဝိုင်းစက်သွားရပြီး ပိုက်ဆံလုသူမှာ အခြားသူမဟုတ်ပဲ ...ဒေါ်အွမ်၏ လူမိုက်နှစ်ကောင်ပင်...
“အဟွန်း...ငါတို့ ဘယ်သူတွေလဲ နင်ကောင်းကောင်း သိတယ်မလား ပေး နင့်လက်ထဲက ပိုက်ဆံတွေ..”

“ဟင့်အင်း ... မပေးဘူး ဒါကျွန်မ အိမ်အတွက် လိုအပ်တာတွေ ဝယ်ဖို့ ..”

“လျှာမရှည်နဲ့ ပေးဆိုပေး ငါပိတ်တီးလိုက်ရ..”

“ဟင့်အင်း..မ မလုပ်ပါနဲ့ရှင် ကျွန်မတို့မှာ ဒီနေ့အတွက်စားဖို့ ဒါလေးပဲရှိတာပါ ရှင်တို့ သူဌေးမကြီး အကြွေးကို ကျွန်မနောက်နေ့မှ ဆေးမြစ်များများ ရှာပြီး ရောင်းပေးပါ့မယ် နော် အခုတော့...”

“ဟာ..ဒီကောင်မ အတော်ပြောရခက်တဲ့ဟာ..ကဲကွာ”

“ဟင်!...”

ရိုက်ရန်ရွယ်လိုက်သည့် လက်ကြောင့် သူမမျက်လုံးလေး မှိတ်ခါကာလိုက်ပြီး လက်မှာ သူမအပေါ်ကျ မလာတာကြောင့်
အတင်းဖိမှိတ်လိုက်သည့် မျက်လုံးလေးအား ပြန်ဖွင့်ကြည့်မိတော့....
မျက်နှာတစ်ဝက်အုပ်သည့် အမဲရောင်မျက်နှာဖုံး တပ်ထားသည့် လူမှ
သူမကို ရိုက်ဖို့ရွယ်သည့် အကွေ့၏ လက်အား ဖိဆုတ်ဖမ်းထားခြင်းပင်..

“အ...အားး..နာ...နာတယ် နာတယ်...”

ထိုအသံကြောင့် ဖမ်းဆုတ်ထားရာမှ လွှတ်ပေးလိုက်သည်
“ခင်ဗျတို့ ဒါဘာလုပ်တာလဲ အားနွှဲ့တဲ့ မိန်းမသားတစ်ယောက်ကို ဒီလို အနိုင်ကျင့်ပြီး မဖြစ်စလောက် ငွေကို လိုချင်နေတယ်ပေါ့...”

အကွေ့ နာနေသည့် လက်ကို ဖိကိုင်ရင်းမှ...
“မင်း ဘာသိလို့လဲကွ သူက ငါတို့သူဌေးမကြီးစီက ငွေချေးထားတာ ဒါကြောင့် အကြွေးပြန်မပေးတဲ့ သူ့ကို အနုနည်းနဲ့ မရလို့ အကြမ်းနည်း သုံးတောင်းနေတာကွ နားလည်လား..”

ထိုစကားကြောင့် မုန်းဘုရင် လေးကိုင်းသဏ္ဌာန် နုတ်ခမ်းအား ကွေးခါပြုံးလိုက်သည်
“အဟင်း..အဲ့ဒါတွေ ကျုပ် မသိဘူး သန်မာတဲ့ ယောကျာ်းရင့်မာ ကြီးတွေက ဘယ်လိုနေနေ မိန်းကလေးတစ်ယောက်ကို ဒီလို ကိုယ်ထိလက်ရောက်တော့ အနိုင်မကျင့်သင့်ဘူး ..”

မျက်နှာဖုံးတပ်ထားခါ ကယ်တင်ရှင် လူစွမ်းကောင်း လုပ်နေသည့် မုန်းဘုရင်အား ..အကွေ့နှင့်ဝူဖန့် လူမိုက်နှစ်ကောင်မှာ အတော်ကြည့်မရ ဖြစ်သွားသည်....
“ဟာကွာ..ဒီ မျက်နှာဖုံးစွပ်နဲ့ကောင်က အတော် ဆရာလာလုပ်ချင်နေတယ်..
လာကွာ ငါတို့ သူ့ကို ပညာပေးလိုက်ကြစို့..”

“အေးကွာ လာ သူများကိစ္စ အတော် ဝင်ရှုပ်တဲ့ကောင်”

“ရား..ရိ.. ရော့ကွာ”

နှစ်ယောက်ပေါင်းပြီး လက်သီးချက်တွေ ကျွေးနေပေမယ့် မုန်းဘုရင်ကိုတော့ တစ်စက်မျှမထိ...

“ဟ...ဒီကောင်အတော် အရှောင်ကောင်းနေတယ် အကွေ့ မင်းသူ့ကို ဖမ်းချုပ်ထားလိုက် ငါသူ့ကို ပညာပေးမယ်”

“အေး..ဟုတ်ပြီ ဝူဖန့်”

အကွေ့ဆိုသူမှာ မုန်းဘုရင်အား အနောက်မှ သိုင်းဖက်ခါ ချုပ်ထားလိုက်ပြီး..
ဝူဖန့်ဆိုသူက မုန်းဘုရင်အား လက်သီးဖြင့် ထိုးရန် ချိန်ရွယ်လိုက်သည်။...

“ရား...ရော့ကွာ ဒီတစ်ခါတော့ မင်းသေချာပေါက် ငါ့ရဲ့ အပြင်စား လက်သီးကို မြည်းကြည့်လိုက်စမ်း..”

လျင်မြန်စွာ မုန်းဘုရင် ရှောင်လိုက်တာကြောင့် ထိုလက်သီးချက်မှာ ဖမ်းချုပ်ထားသော အကွေ့အား ထိုးမိသွားသည်။...

“အားးး...”

“ဟာ...အ အကွေ့...”

ထိုးချက်ကြောင့် အကွေ့ဆိုသူမှာ နှာခေါင်းသွေးများ လျှံကျလာသည်
“ဟင်...ငါ ငါနှာခေါင်းသွေးတွေ ထွက်လာပြီ...”

နှာခေါင်းသွေးများ ထွက်နေသော အကွေ့အား ဝူဖန့်ကြည့်ခါ အားနာသလို ထိုမျက်နှာဖုံး စွပ်နဲ့လူကို လည်း အတော် ဒေါသပုန်ထသွားတော့ သည်။
“တောက်...ဒါ ဒီမျက်နှာဖုံးနဲ့ကောင်ကြောင့် ဖြစ်ရတာ အဲ့ကောင်ကို ငါသတ်မယ်...”

ပြောပြောဆိုဆိုနှင့် သူတတ်မြောက်သည့် သိုင်းကွက်များဖြင့် မုန်းဘုရင်အား အပြင်းထန် တိုက်ခိုက်တော့သည်။...
မုန်းဘုရင်မှာ ကိုယ်နေဟန်ထားမပျက် ရှောင်တိန်းရင်း...
အထိနာစေရန် ဝူဖန့်၏ ရင်ဘက်တည့်တည့်သို့ ခြေနှင့်ပိတ်ကန်လိုက်ရာ လွှင့်ထွက်သွားပြီး...ပါးစပ်မှ သွေးစလေးများ ပြိုကျလာသည်။...

လျင်မြန်ဖျတ်လက်ပြီး သိုင်းပညာကို အတော်ကျွမ်းကျင်သည့် မုန်းဘုရင်အား ရှောင်လု ကြည့်ခါ ပါးစပ်အဟောင်းသားဖြစ်နေရသည်။....
ဝါး...လူကြီးမင်းက တော်လိုက်တာ ...

အားမလျော့ပဲ ထက်တိုက်ခိုက်ရန် လုပ်နေသည့် ဝူဖန့်အား အကွေ့မှ လှမ်းဆွဲ၍တားလိုက်သည်...
“ဝူဖန့်တော်တော့ ဒီလူ့ကြည့်ရတာ သာမန်လူတော့ မဟုတ်လောက်ဘူး သိုင်းပညာကို တစ်ဖက်ကမ်းခက် ကျွမ်းကျင် တတ်မြောက်ထားပုံ ရတယ်/နောက်ပြီး ဝတ်ထားတဲ့အဝတ်စားနဲ့ ပုံစံက ဟော်နန်းသခင်တွေနဲ့တူတယ် ငါတို့သူ့ကို ဆက်တိုက်ခိုက်လဲ ခံရမှာက ငါတို့ပဲ ဒါကြောင့် တော်လိုက်တော့ ငါတို့ အမအွမ်စီကိုသာ ပြန်ကြရအောင် နောက်မှ ဒီဟာမလေးကို အမအွမ်နဲ့အတူ အကြွေးသွားတောင်းရင်း ပညာပြကြတာပေါ့ လာ သွားစို့”

နှစ်ကိုယ်ကြားယုံမျှအသံဖြင့် တွန့်ဆုတ်တွန့်ဆုတ်လုပ်ခါ ထိုနေရာမှ လစ်ကနဲ ထွက်သွားတာကြောင့် ..
မုန်းဘုရင်မှာ သူ၏အင်္ကျီတွင် ပေနေသည့် ဖုန်များကို ခါထုတ်ခါ ထိုနေရာမှ ထွက်သွားဖို့ ပြင်လိုက်သည်။...

“အယ်...အယ်..နေပါဦး လူကြီးမင်း “

တိကနဲလှမ်းနေသည့် ခြေလှမ်းများအား ရပ်လိုက်ပြီး...
ခေါင်းလေးစောင်းယုံမျှ လှည့်ကြည့်လာသည်....”ဘာကိစ္စလဲ...”

“ဟို...အခုလို့ ကူညီပေးလို့ လူကြီးမင်းကို ကျေးဇူးတင်ပါတယ်ရှင့် “

မျက်နှာအား အရှေ့သို့ပြန်လှည့်သွားသည်...
“မလိုပါဘူး ...အမြင်မတော်လို့ ဝင်ပြောယုံပါ...”

ထိုသို့ပြောခါ မုန်းဘုရင်ခြေလှမ်းတို့က ရှေ့သို့ ဦးတည် ဆက်လျှောက်သွားတော့သည်။...
မုန်းဘုရင်တစ်ယောက် နန်းတော်တွင်မနေပဲ မြို့ရွာအလိုက် ခရီးလည်ပက် နေခြင်းပင်...

ကျောခိုင်းခါ မုန်းဘုရင်ထွက်သွားသည်က မြန်ဆန်လှသည်။....
“အဲ.အဲ....ဟွန်း...မြန်လိုက်တာ လူကြီးမင်းရဲ့ နာမည်လေးတောင် မမေးလိုက်ရဘူး ...ဟူး“

သူမနှုတ်ခမ်းလေးဆူခါ ခေါင်းလေးကုတ်လိုက်ရင်း....
ဆေးမြစ်နှင့်လဲလာသည့် ဆန်အိတ်အား ပိုက်ခါ ဆေးပက်တီး ဝယ်ရန် ကုထုံ၏ဆိုင်ဘက်သို့ ဦးတည်ခဲ့တော့သည်။...

🌱🌱🌱🌱🌱အပိုင်း ၃ဆက်ရန်>>>


rate now: