book

Index 19

(အပိုင်း ၁၉)

  • Author : Kyawal
  • Genres : Comedy, Drama, Action

🌸ကချေသည်🌸
Author ✍️ ကြွယ်

သို့ပေမယ့် အထိုအရာမှာ နန်းတော်ထဲ နေသားကျနေသည့် နန်းတွင်းသူ ၊ နန်းတွင်းသားများ အတွက်တော့ မဆန်းကျယ် လှပေ….

“အဟန်း…သခင်မလေး …”

နန်းဆောင်တော် အတွင်းသို့ တော်တော်နှင့် ဝင်မလာနိုင်ပဲ ရွှန်းလဲ့တောက်ပသည့် မျက်ဝန်းဝိုင်းလေးဖြင့် ခမ်းနားလှပနေသည့် အထက်မြင့် နန်းဆောင် များကို ငေးမော့ ကြည့်နေသည့် သူမ…

ချောင်အန်း၏ ချောင်းဟန့် ခေါ်သံကြောင့် ငေးကြည့်နေသည် များကို အမြန် ရပ်တန့်လိုက်ရသည်။…
ထို့နောက် ချောင်အန်း ဦးဆောင်ခေါ်ရာ နန်းဆောင်တော် အတွင်းသို့ လိုက်ပါသွားခဲ့သည်။…

“သခင်မလေး..ဒါကတော့ ဘုရင့်ရဲ့ နန်းဆောင်တော် မဟုတ်သေးပါဘူး…
သို့သော် သခင်မလေး ရှင်ဘုရင်မင်းမြတ်၏ ရှေ့တော်မှောက်သို့ အခစား မဝင်မှီ ဦးစွာပထမအနေဖြင့် ဤနေရာ၌ ရေချိုး သန့်စင် ခါ အဝတ်လဲ ရပါလိမ့်မယ်….”

ပြောနေတဲ့ ချောင်အန်းစကားတို့အား သူမ အရေးမလုပ် အားပါ…
မွှေးပြန့်ကြိုင်လှိုင်ခါ ခမ်းနားသည့် နန်းဆောင်တော်၏ အနုစိတ်ကျ လှပသော အပြင်အဆင်များကိုသာ စိတ်ဝင်တစားဖြင့် ရှောင်လု လိုက်လန် ငေးကြည့်နေသည်။…

“အဟန်း.အဟန်း.သခင်မလေး…”

“ရှင်…အဲ..ဟုတ်ကဲ့..”
လေသံခပ်မြင့်မြင့်ဖြင့် ချောင်းဟန့် ခေါ်လိုက်တော့မှ ရှောင်လု အသိပြန်ကပ်ခါ ချောင်အန်း ဘက်သို့ လှည့်ကြည့်လာသည်..

“ကျွန်တော်မျိုး ပြောတာ ကြားပါသလား သခင်မလေး…”

“ရှင်..ဟုတ်..ဟုတ်ကဲ့..ကြားပါတယ်…”

“ဒါဆို.. နန်းတွင်းသူတွေရဲ့ ရေချိုးသန့်စင် ပေးမှုကို သခင်မလေး ခံယူတော်မူပါ…သခင်မလေး အားလုံး အဆင်သင့် ဖြစ်ပြီဆိုခါမှ ကျွန်တော်မျိုး တစ်ခေါက် ပြန်လာခေါ်ပါ့မယ် ပြီးရင် ဘုရင့်နန်းပလ္လင် ရှိရာ ခန်းမဆောင်စီသို့ လိုက်လန်ပို့ဆောင် ပေးပါ့မယ် …အခုတော့ ကျွန်တော်မျိုးကို ခွင့်ပြုပါဦး…”

ဦးခေါင်းညွှန့် အရိုအသေ ပေးခါ ချောင်အန်း ထွက်သွားပေမယ့်…
ပြူးကြောင်ကြောင်လေး ဖြစ်ခါ ကျန်ခဲ့သည့် သူမ..
တကယ်တမ်း ချောင်အန်း ပထမ ပြောနေတဲ့ စကားတွေကို သူမ သေချာမကြားလိုက်ပေ…
ကိုယ့်အတွေးနှင့် ကိုယ် ငေးလို့ ကောင်းနေခြင်းသာ…

“မင်္ဂလာပါ သခင်မလေး…
(….)နန်းဆောင်တော်မှ ကြိုဆိုပါတယ်
ရေချိုး သန့်စင်ရန် ကျွန်တော်မျိုးမတို့ အနောက်သို့ လိုက်ခဲ့ပေးပါ…”

တူညီဝတ်စုံဖြင့် ချစ်စဖွယ်လှပသည့် နန်းတွင်းသူလေး သုံးဦးမှ
ချိုကြည်သော အပြုံးတို့ဖြင့် ပြုံးပြနှုတ်ဆက်ကာ ရေချိုးသန့် စင်ပေးရန် သူမအား တွဲခေါ် သွားကြသည်။….
~~~~~~~~~~~~~~
နွေး၍ အဖြူရောင် ရေငွေ့များ တစ်ထောင်းထောင်း ထနေသည့် လူတစ်ယောက်စိမ်စာမျှ ရှိသော ရေစိမ်ကန်ထဲသို့ သူမအား အဝတ်ဗလာဖြင့် ရေစိမ်ချိုးစေသည်။…
ဘယ်ဘက်လက် နှင့် ညာဘက်လက် တစ်ဘက်တစ်ချက် စီတွင် နန်းတွင်းသူ တစ်ဦးစီ တာဝန် ယူကာ ရေမစိုသေးသော သူမလက်အား မွှေးရနံ့ သင်းပျံ့သည့် နံ့သာဆီများ လိမ်းကျံပေးကာ နိပ်နယ်ပေး၍ သေချာ စွာ ချေးချွတ်ပေးနေသည်။..

ထို့ အပြင် သုံးယောက်မြောက် နန်းတွင်းသူလေးမှာ သူမ၏ နားထင်ကြောလေးအား ညင်သာစွာ ဖိနိပ်ပေးပြီး သည်နှင့်…
အဖိုးတန်သစ်ဉ သစ်ဖု အဆီအနှစ်တို့မှ ရရှိသည့် လျှော်ရည်ဖြင့် သူမ၏ ပီတုန်းရောင် ကေသာ ဆံနွယ်ရှည်အား နူးညံ့ညင်သာစွာ နိပ်နယ် လျှော်ချပေးသည်။..

ရေချိုးသန့် ဆင်ပေးပြီးမကြာ သူမအား အဖြူရောင် ခါးစီး ဝတ်စုံအပါးကို ခတ္တမျှ ဝတ်ဆင်စေခါ ခုံအမြင့်တွင် ထိုင်စေသည်။
ဒူးခေါင်း အထက်ထိ အဝတ်အား ပင့်တင်ကာ ဖြူနုသော သူမ၏ ခြေဖဝါး၊ခြေဖမိုး နှင့် ခြေချောင်းလေးတို့အား အဖိုးတန် ပန်းမန်ရေများဖြင့် အပူထွက်တဲ့အထိ သေချာနိပ်နယ် ဆေးကြောသန့်စင် ပေးလေသည်။
ထို ထိုနန်းတွင်းသူ သုံးဦးမှာ သူမအား လိုလေစိတ်မရှိအောင် ပြုစု လုပ်ကိုင်ပေးနေပြီး တစ်ကိုယ်ရေအတွက် ရေချိုးသန့်စင်ပေးပြီးသည်မို့ …
တောက်ပလှပသော ကျစ်ကြိုး ပုဝါစီးပါ နီရဲစိုဖက်ကာ လှပသည့် ဝတ်စုံအား သူမ၏ သေးသွယ် လုံးကျစ်သည့် ခန္ဓာကိုယ်လေးတွင် အလှဆင်ခါ ဝတ်ဆင်ပေးလိုက်သည်။…

“သခင်မလေး…
ဝတ်စုံအား စိတ်တိုင်းကျ ဖြစ်ပါရဲ့လား “
မေးနေသည်အား ခတ္တမျှ တွေဝေသွား ပြီးကာမှ ပြန်ဖြေမိသည်။
“ဟိုလေ…မှန်ထဲ ခဏကြည့် ကြည့်လို့ ရနိုင်မလား…”

“ဟုတ်ကဲ့ ရပါတယ် သခင်မလေး ဒီဘက်ကြွပါ“

နီထွေးရွှန်းစို ဖက်ကာ လှပသည့် ဝတ်စုံလေးအား ကပ်ချပ်စွာ ဝတ်ဆင်ထားရ၍ မိမိ နှင့် လိုက်ဖက်ရဲ့လား သိချင်မိသည် ။
ထို့ကြောင့် နန်းတွင်းသူလေး ညွှန်ပြခေါ်ဆောင်ရာ ကိုယ်လုံးပေါ် ကြေးမုံမှန်ကြီးရှေ့သို့ ဖြေးဖြေးချင်း တိုးကပ် လျှောက်သွားလိုက်သည် …
ရင်ခုန်သည် ဤမျှ အဖိုးတန်ခါ လှပသည့် ဝတ်စုံအား သူမဘဝတွင် ဝတ်ဆင်ရလိမ့်မည်ဟု တစ်ခါမျှ တွေးမကြည့်ခဲ့ဖူးချေ…
ထို့ကြောင့် ရင်ခုန်လှသည်..
ကိုယ်လုံးပေါ် ကြေးမုံမှန်ကြီးအား ရဲရဲဝံ့ဝံ့ မကြည့်ရဲပဲ တွန့်ဆုတ်နေမိသည်။…
သို့သော် ဖြေးဖြေးချင်း အရဲစွန့်ခါ မှန်ပြင်အား ကြည်လိုက်မိသည်….
မျက်လုံးဝိုင်းလေးဖြင့် ပါးစပ်ကလေးအား လက်ဖြင့် ပိတ်အုပ်ခါ အံ့ဩသင့်ရလောက်တဲ့ အထိ ဖြစ်ရသည်။…
နီထွေးစိုဖက်နေသော ထိုဝတ်စုံလေးနှင့် ဖြူဖွေး ဝင်မွှတ်ခါ လှပသည့် အသားရည်ရှိသည့် သူမ ….
သူမ လို့ပင် မထင်ရလောက်အောင် တကယ်ကိုပင် လိုက်ဖက်ကာ လှပလွန်းနေသည်။…

မိမိကိုယ်ကို ဒီလောက်ထိ လှပနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့သလို တစ်ခါမျှပင် တွေးမကြည့် ခဲ့ဖူးချေ…
ဤသည်မှာ ဝတ်စုံလေးဖြင့် လှယုံတမယ်သာ ရှိသေးသည်။…
ကြွေသားပမာ ချောမွေ့ဝင်းဖန့်နေသည့် သူမ မျက်နှာလေးအား အရောင်တင်ကာ မပြင်ဆင်ရသေးပေ။…

“သခင်မလေး…
ဘယ်လိုလဲ သဘောတွေ့ပါရဲ့လား ရှင့်”

အပြုံးလေးဖြင့် မေးလာသည့် နန်းတွင်းသူလေးအား ကျေနပ်စွာ ပြုံးပြလိုက်ရင်း ဝတ်စုံလေးအား ကြိုက်နှစ်သက်ကြောင်း သူမ ခေါင်းငြိမ့်ပြလိုက်သည်။…

“ဟုတ်ကဲ့ ဒါဆို…
နောက်ဆုံးအဆင့်နေဖြင့် မျက်နှာပြင်ဆင် အရောင်တင် ဖို့ နှင့် လိုအပ်သည့် လက်ဝတ်တန်ဆာများ ဆင်မြန်းရန် ဒီဘက် ခန်းကို ကြွပေးပါ သခင်မလေး….”

~~~~~~~~~~~

“ဘယ်လို အစ်ကိုတော်မင်းကြီး…
ထူးဆန်းလှ ကြည်လား…
ဒါဆိုရင်တော့ အစ်ကိုတော် မင်းကြီး တော်ကောက်မည့် မိန်းကလေးဟာ အင်မတန် ထူးခြားကာ ကံထူးသူ တစ်ဦးပဲ …”

“အဟွန်း…သေချာတာပေါ့ ညီတော်…
အစ်ကိုတော်ကို ရင်ခုန်အောင် သူမကပဲ ပြုစားနိုင်တယ်…သူမဟာ အစ်ကိုတော့် အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပဲ…”

မျက်နှာအပြည့် အုပ်ထားသည့် ရွှေရောင်မျက်နှာဖုံးအား ခွါချကာ ညီတော်ကျူအား ပြုံးရွှင် စွာပြောလာသည့် အစ်ကိုတော်မင်းကြီးကြောင့်
မင်းသားကျူ နားလည်စွာ ပြုံးလိုက်သည်။
“ဝိုး…တကယ့်ကို အံ့ဩဖွယ်ကောင်းလှ ပေတယ် အစ်ကိုတော် …
ဘယ်လိုပဲ ဖြစ်ဖြစ် ညီတော့်နန်းတော်ဆောင် အထိတောင် အစ်ကိုတော် မင်းကြီး ကိုယ်တိုင် လာရောက် ဖိတ်ခေါ်သည် ဆိုမှတော့ ညီတော်မငြင်း ဆန်ဝံ့ပါဘူး မကြာမှီ နန်းပလ္လင်ရှိရာ ခန်းမဆောင်သို့ ညီတော် အမြန်ဆုံး ကြွလှမ်း ခဲ့ပါ့မယ် အစ်ကိုတော်….”

ညီတော်ကျူ၏ စကားကြောင့် လေးကိုင်းသဏ္ဌာန် နှုတ်ခမ်းလေးမှာ အလိုလို ပြုံးမိသည်…
ခုံပေါ် ထိုင်နေရာမှ မက်တပ် ထရပ်ကာ လက်ထဲအသင့် ကိုင်ဆောင်ထားသည့် မျက်နှာအပြည့် ရွှေရောင် မျက်နှာဖုံးစွပ်အား မျက်နှာတော်တွင် ပြန်တပ်လိုက်ပြီး…
သဘောကျစွာ ကြည့်နေသည့် ညီတော်ကျူ၏ ပခုံးထောင့်အား လက်ဖြင့် ဖိကိုင်လိုက်သည်…
“အဟွန်း …ကောင်းပြီညီတော် ဆက်ဆက် လာခဲ့ပါ အစ်ကိုတော် မျှော်နေ ပါ့မယ်…”

“မှန်လှပါ အစ်ကိုတော်မင်းကြီး…”

“ဒါဆို အစ်ကိုတော် ကိစ္စတစ်ခုရှိနေသေးလို့ သွားဦးမယ်….”

“ကောင်းလှပါပြီ အစ်ကိုတော် မင်းကြီး…”

ဝတ်ရုံတော်အား သိမ်းခပ်ကာ ညီတော် ဖြစ်သူ မင်းသားကျူ၏ နန်းဆောင်အတွင်းမှ ရုန်ဟွာ မင်းသမီး စံမြန်းသည့် နန်းဆောင်တော် သို့ မုန်းဘုရင် ကြွချီ လာခဲ့သည်။…

[ရုန်ဟွာ မင်းသမီး စံမြန်းရာ နန်းတော်ဆောင်]

“ရုန်ဟွာ မင်းသမီးထံသို့ အရှင်မင်းကြီး ကြွချီလာပါပြီ🗯

အိုး…ဘုရားရေ…ထူးဆန်းလိုက်တာ ငါ့စီကို..ငါ့စီကို..မင်းကြီး ကိုယ်တိုင် ကြွချီလာတယ်…
မဖြစ်မနေ အကြောင်း ကိစ္စတစ်စုံ တစ်ရာရှိလာရင်တောင် လူလွှတ်ပြီး မိန့်တော်မူတဲ့ မင်းကြီးက
ဘာအကြောင်း ကိစ္စများ အရေးတကြီး ရှိနေလို့ ငါ့စီကို ကိုယ်တော်တိုင် ကြွလာရတာပါလိမ့်…
ငါ..ငါရင်တွေ တုန်လိုက်တာ…

“မင်းသမီး ရုန်ဟွာ…”

နောက်ကျောဘက်မှ မုန်းဘုရင်၏ ခေါ်သံကြောင့် အမြန် လှည့်ကြည့်ခါ အရိုအသေပေးလိုက်သည်။….
“မင်းကြီးကို ကျွန်တော်မျိုးမ အရိုအသေပေးပါတယ်…”

အရိုအသေ ပေးနေသည့် သူမအား ခေါင်းညိမ့်ပြခါ မျက်နှာအပြည့် ဖုံးအုပ်ထားသည့် ရွှေရောင်မျက်နှာဖုံးအား ခွါချကာ ပြုံးလိုက်သည်….

အသက်ရှူရပ်မတတ် မှင်သက်သွားသည့် သူမ …
တစ်ခါမျှ မုန်းဘုရင်၏ မျက်နှာတော် အစစ်အား မမြင်တွေ့ခဲ့ဖူးချေ…
ယခုတော့ မုန်းဘုရင်၏ ချောမော ခန့်ညားလှသည့် မျက်နှာတော်အား မျက်ဝါးထင်ထင် မြင်တွေ့ လိုက်ရပြီ ဖြစ်သည်။…

အလွန်ခန့်ညား ချောလိုက်တဲ့ မင်းကြီးပါ့လား…
ရက်စက်သူ မင်းကြီးဟုပင် ထင်ရက်စရာတောင် မရှိလှပေ…
မုန်းဘုရင်မှာ ငယ်ရွယ် ချောမောနုပျိုကာ ခန့်ညားလွန်းသည်ကြောင့် ညှာတာမှုကင်းမဲ့ ရက်စက်တတ်သော စစ်ဘုရင်ဟုပင် ထင်ရက်စရာ လုံးဝမရှိချေ…

ရင်ခုန်ရသည်က နှလုံးသားတစ်လုံး ပေါက်ထွက်တော့ မတတ်ပင်….
ရင်ခုန်မှုနှုန်းတို့ မြန်ဆန်လွန်းနေသည့် သူမ ရင်ဘက်လေးအား လက်ဖြင့် ထောက်ဖိခါ အကြည့်လွဲမိသည်။..

မင်းကြီး၏ ရွှေမျက်နှာတော်ဟာ ကျွန်တော်မျိုးမကို အသက်ရှူ မှားစေလောက်အောင်ပင် ချောမော ခန့်ညားလွန်းသည်…
တည်ကြည် ခန့်ညားလွန်းတဲ့ မင်းကြီး၏ အပြုံးဟာ ကျွန်တော်မျိုးမ၏ ရွှေရင်အစုံကို လှုပ်ခပ် ခုန်ပေါက်စေသည်…
ကျွန်တော်မျိုးမ၏ နှလုံးသားကို မင်းကြီး ရင်ခုန်အောင် ပြုစားနိုင်လွန်းလှသည်…
ရွှေရောင် မျက်နှာဖုံးလွှာ ကြားမှ မသဲမကွဲမြင်ရတဲ့ မင်းကြီးရဲ့ စူးရှတဲ့ အကြည့်တို့ အောက်မှာ ကျွန်တော်မျိုးမ ရင်ခုန်ကာ ကျရှုံး ခဲ့ရသည်မှာ ဟိုးအရင်ကတည်းကပင် ….
ကျွန်တော်မျိုးမ ရင်ခုန်ခဲ့ရသည် ထက် ချစ်နေခဲ့ရသည်ဆိုလျှင် ပိုမှန်လိမ့်မည်…

“မင်းသမီး ရုန်ဟွာ …”

“ဟုတ်ကဲ့ အမိန့်ရှိပါ အရှင်မင်းကြီး”

“မင်းသမီးရုန်ဟွာ စံမြန်းသည့် နန်းတော်ဆောင်သို့ ယခုကဲ့သို့ ကိုယ်တော်တိုင် ကြွချီ လာရသည်မှာ …
အရေးကြီး ထူးမြတ်လှသည့် အကူညီ နှင့်အတူ ဖိတ်ကြားစရာ ကိစ္စရပ် ရှိခြင်းကြောင့်ပင်…”

အရေးကြီး ထူးမြတ်လှသည့် အကူအညီ ဆိုပါ့လား ဘာများ ပါလိမ့်…
ဖိတ်ကြားစရာ ကိစ္စရပ် ဆိုတာကကော ဘာများ ဖြစ်မလဲ…

“မှန်ပါ အရှင်မင်းကြီး…
အရှင်မင်းကြီး အကူအညီ တောင်းပါက ကျွန်တော်မျိုးမ မငြင်းဆန်ဝံ့ပါ တတ်နိုင်သလောက် ကူညီဖို့ အဆင်သင့်ပါပဲဖုရား…”

“ထိုစကားအား ကြားသိရ၍ ငါကိုယ်တော် ဝမ်းမြောက်လှပေသည်…
မင်းသမီးရုန်ဟွာ၏ ဗြတ်စောင်း တီးခက် ကျွမ်းကျင်မှုမှာ နန်းတော် တစ်ခွင်တွင် သတင်းပျံ့ မွှေးကြိုင်လှပေသည်…ထို့ကြောင့် အကူအညီဆိုသည်မှာလည်း အခြားကိစ္စရပ် မဟုတ်ပေ…
များမကြာမီ အချိန်တွင် ငါကိုယ်တော်၏ နန်းပလ္လင်ရှိရာ ခန်းမဆောင်သို့ ထိုဗြတ်စောင်း နှင့်အတူ မင်းသမီး ရုန်ဟွာ လာရောက် တီးခက်ဖျော်ဖြေ ပေးရန် အကူညီတောင်းဆိုမှု နှင့်အတူ ဖိတ်ကြားအပ် ခြင်းပင်ဖြစ်သည်”

“အဟွန်း…မှန်လှပါ အရှင်မင်းကြီး…
အရှင်မင်းကြီး၏ တောင်းဆိုမှုအား ကျွန်တော်မျိူးမ ကြည်ကြည် ဖြူဖြူဖြင့် လက်ခံအပ်ပါသည်။မကြာမှီ အချိန် ကျွန်တော်မျိုးမ ဗြတ်စောင်းနှင့်အတူ အရှင်မင်းကြီး၏ နန်း ပလ္လင်ရှိရာ ခန်းမဆောင်သို့ လာရောက် ဖျော်ဖြေ ပေးမည် ဖြစ်ပါသည်…”

သူ၏ အကူညီတောင်းခံမှုအား ရုန်ဟွာ ကြည်ဖြူစွာ လက်ခံ၍ မသိမသာ ထက်၍ ပြုံးမိပြန်သည်…
ထိုအပြုံးကို မြင်ဖြစ်အောင် မြင်လိုက်သေးသည့် ရုန်ဟွာတစ်ယောက် ရင်ထဲ ရူးမတတ် ကြည်နူးဝမ်းသာနေသည်…
တီးခက်မှုကောင်းတဲ့ ရုန်ဟွာရဲ့ ဗြတ်စောင်း တီတသံ နှင့် သေသပ် လှပစွာ ကပြဖျော်ဖြေ တတ်တဲ့ ရှောင်လု
ထို နှစ်ဦး၏ ကျွမ်းကျင် ပိုင်နိုင်သည့်ပညာရပ် နှစ်ခုအား ပေါင်းစပ်၍ မျက်စိပဓာသ /နားပဓာသ သင့်အောင် အထောက်အကူ ပြုစေလိုသော ရည်ရွယ်ချက်က မုန်းဘုရင်တွင် ရှိနေသည်…

“မင်းသမီးရုန်ဟွာ ဤသို့ ကြည်ဖြူစွာ လက်ခံပေးမှုကြောင့် ငါကိုယ်တော် အတိုင်းမသိ ဝမ်းမြောက်ကာ ကျေးဇူးတင်မိသည်…”

စူးရှစွာ စိုက်ကြည့် ပြောလာသည့် မုန်းဘုရင်ကြောင့် ရုန်ဟွာ အနေခက်ကာ ရှက်သွေးဖြာမိတာတော့ အမှန်ပင်
“အို..မဟုတ်တာပဲ..
အရှင်မင်းကြီး..ကျွန်တော်မျိုးမ၏ ဗြတ်စောင်း တီးခက်မှု ဂီတသံအား အရှင်မင်းကြီး နားဆင်ချင်လျှင် အချိန်မရွေး ကျွန်တော်မျိုးမ ဆန်းသစ် လှပသော တေးသွား များကို ဖန်တီးလို့ လက်ဆောင် အဖြစ်ပေးအပ် နိုင်ပါတယ် အရှင်မင်းကြီး…”

ရုန်ဟွာ စကားကြားရ၍ မုန်းဘုရင် ပိုလို့ ပြုံးမိသည်..
ဖြူစင်စွာ ပြုံးလိုက်တဲ့ သူ့ အပြုံးတို့ အား အရောင်ဆိုးကာ တလွဲခံယူချက်ဖြင့် သဘောကျနေသူက ရုန်ဟွာပင်…


ကြက်ထုတ်ပုံစံ စည်းထားသည့် ဖောင်းအိသော အရာအား ပါးပြင်အရောင်တင်သည့် ဆေးမှုန့် ခွက်တွင် ဖွဖွလေး ဖိတို့ကာ ပါးမို့မို့ထက်တွင် အရောင်တင် လိုက်သည်။…

ထို့နောက် ခြယ်သပြင်ဆင် မှုတို့၏ အဆုံးသပ်အနေဖြင့် လေးထောင့်ဆန် ဆိုးဆေးနီ စာရွက်လေးကို ဖောင်းအိသည့် နှုတ်ဖျားပေါ်တွင် တင်ကာ ဖိပိတ် ကိုက်စေပြီး ဖူးလုံးသည့် နှုတ်ခမ်းသားလေးအား အရောင်တင် ဆေးဆိုးပေးလိုက်သည်…

“သခင်မလေး… “
🪞🪞🪞
မျက်နှာလှလှလေး အရှေ့တည့်တည့်သို့ ကနုတ်ဖော် ကြေးလက်ကိုင် မှန်ပြင်လေးအား ထောင်ပြ၍ …
မထင်မှတ်ပဲ ဖျက်ကနဲ့ ကြည့်လိုက်မိသည်။…
ဝင်ဖန့်အိစက်နေသည့် မျက်နှာလေးမှာ အရောင်အဆင်းတို့ စုံလင်စွာဖြင့် လှပကျော့ရှင်းနေလေသည်။….

“သခင်မလေးက နတ်မိမယ်လေး တစ်ပါးလိုပဲ တကယ်ကို လှပလွန်းတယ်…”

စိုဖက် လှပနေသည့် မျက်နှာလေးမှာ မှန်ပြင်တွင် ထင်ဟက်နေ၍ မိမိ ပုံရိပ်အား မယုံကြည်နိုင်စွာ ပြုံးကြည့်ရင်း ပါးပြင်လေးအား ထိတို့ကိုင်ကြည့်မိသည်..

“(…)နန်းတွင်းသူလေး… အစ်ကို ချောင်အန်းကို သခင်မလေး ပြင်ဆင်လို့ ပြီးပြီလို့ သွားပြောလိုက်ပါဦး…”

“အစ်မ(…) လက်ဝတ်တန်ဆာ ဆင်ဖို့ ကျန်နေသေးတယ်လေ…”

“ဒါက ငါနဲ့(…)ဆင်ပေးလိုက်ရင် မြန်ပါတယ် အစ်ကိုချောင်အန်းကိုသာ သွားခေါ်လိုက်ပါ…”

“ဟုတ်ကဲ့…အစ်မ(…)”

~~~~~~~~~~~

အဓိက အရေးကြီးဆုံး ဧည့်သည်တော် သုံးဦးအား နန်းပလ္လင်ရှိရာ ခန်းမဆောင်သို့ ကြွရောက်ရန် ကိုယ်တော်တိုင် အသေချာ ဖိတ်ကြားခဲ့ပြီး ဖြစ်၍
မိမိနန်းဆောင် စီသို့ ပြန်ကာ ဝတ်စုံလဲလိုက်သည်။….
ထို့နောက် ချစ်ရသူရှောင်လု အလာကို စောင့်မျှော်ရန် နန်းပလ္လင်ရှိရာ ခန်းမဆောင်သို့ ပြန်လည် ကြွချီလာခဲ့သည်။…

ကိုယ့်ရဲ့ အချစ်မိဖုရားမလေး ရှောင်လု
ကိုယ့်စီ မင်းရောက် အလာကို ကိုယ် စောင့်မျှော်နေတယ်နော်…
ကိုယ့်ရဲ့ ဖြစ်တည်မှု အမှန်တရားကို မင်း သိချိန်တန်ပြီ…
ကိုယ့်စီ အမြန် ရောက်လာလှည့်ပါ မျော်နေမယ် …
မင်းနားလည်အောင် ရှင်းပြဖို့ ကိုယ်မျှော်နေမယ်…

~~~~~~~~~~~~

ချောင်အန်းတစ်ယောက် နားနေဆောင်တွင် ခြေပစ် လက်ပစ် လှဲအိပ်ကာ နဖူးပေါ် လက်တင်၍ ရှောင်လု အကြောင်းကို စဉ်းစားမိသည်။
တွေ့စုံမှုက ရက်ပိုင်းမျှသာ ရှိသေးသော်လည်း သူမလေးအား ရင်ခုန်ကာ ချစ်မိနေသလို ခံစားနေရသည်။
မုန်းဘုရင်၏ သူမလေးအား အိမ်တော်ထံမှ နန်းတော်စီသို့ ဆင့်ခေါ်ကြောင်း စာလွှာပို့သမှုကြောင့် သူ့စိတ် ဘဝင်မကျ ဖြစ်နေရသည်။…
မိမိနှလုံးသားမှ ငြင်းဆန် မရအောင် လိုလို လာလာ ချစ်မိနေသည့် သူမအား ပိုင်ရှင်အစစ်ထံ ထည့်အပ်ရမည်ကို သူ၏ မသိစိတ်တွင် နမျောတွန့်တိုမိနေသည်။

“အစ်ကိုချောင်အန်း…အစ်ကိုချောင်အန်း…”

ခေါ်သံကြောင့် အတွေးစတို့ လွှင့်ပြယ်ကာ အမြန် ထထိုင်လိုက်သည်။..

“အစ်ကိုချောင်အန်း..သခင်မလေး အားလုံး ပြင်ဆင်လို့ ပြီးပါပြီ..
(…)တော့ သခင်မလေးရဲ့ အလှတရားကို အားကျလိုက်တာ…
သခင်မလေးက နတ်မိမယ်လေး တစ်ပါးလိုပဲ လုံးဝကို ဝတ်စုံလေးနဲ့ လိုက်ဖက်ပြီး လှပလွန်းတယ်…
အဟီး…”

နန်းတွင်းသူလေး၏ စကားအရ သူမလေးမှာ ပြေးမကြည့်ရင်တောင် အင်မတန်လှပနေမည် ဆိုတာ သူသေချာစွာ သိနေသည်။…
မိမိချစ်မိနေ သူအား နဂိုထက် လှပစွာဖြင့် ဦးစွာပထမ သူမြင်တွေ့ ရမည်ဖြစ်သောကြောင့် ရင်ခုန် စိတ်လှုပ်ရှားရပြန်သည်။…

“အစ်ကိုချောင်အန်း…အစ်ကိုချောင်အန်း..”

နေရာတစ်ခုသို့ ငေးစိုက်ကြည့်ခါ မတုန်မလှုပ် ငြိမ်ကျသွားသည့် ချောင်အန်းအား မျက်နှာရှေ့တွင် လက်ကလေး ခါရန်းပြသော်လဲ သတိမကပ်ချေ…
တော်တော်နှင့် အသိစိတ်မကပ်ပဲ ငေးမြဲအတိုင်း ဆက်ငေးနေသည့်
ချောင်အန်းအား
နန်းတွင်းသူလေးမှာ စိတ်မရှည်သည့် အဆုံး လက်မောင်းအား ကိုင်ကာ အသိကပ်စေရန် လှုပ်ခါလိုက်ရင်း နားအနားတွင် ကပ်ခါ အော်ချလိုက်သည်။…

“အစ်ကိုချောင်အန်းး..”

“ဟင်!..ဟာ…ဟေး..ဘယ်လို လုပ်လိုက်တာလဲ နားဆီကွဲထွက်တော့မယ်..”

“ဪ…ဒီကခေါ်နေတာတောင် မကြားနိုင်အောင် ငေးနေတာလေ ဒါကြောင့် ကြားနိုင်အောင် အနားကပ် ခေါ်ချလိုက်တာ …”

“ကျစ်..နင်ကတော့လေ..”

“ဟယ် ..နင်ကတော့လေ လုပ်မနေနဲ့ သခင်မလေးကို အစ်ကိုချောင်အန်း အမြန်ခေါ်ပြီး မင်းကြီးစီ ပို့တော့ တော်ကြာ အချိန်ကြာလို့ အစ်ကိုချောင်အန်းကို မင်းကြီးအမျက်တော် ရှနေမယ်နော်….”

“ငါသိပါတယ် ခလေးမရဲ့ ဆရာမလုပ်စမ်းနဲ့ …”

ဆံထုံး နှစ်ဖက်ထုံးကာ ဖြောင်းဆင်းသည့် ဆံနွယ်ရှည်တို့ ကျထားသည့် နန်းတွင်းသူလေး ဦးခေါင်းအား စနောက်သည့် အနေဖြင့် ဖွဖွလေးထုလိုက်ကာ
နားနေဆောင်၏ မလှမ်းမကမ်းတွင် ရှိနေသည့် ရှောင်လုရှိရာ နန်းဆောင်တော် ထဲသို့ ဝင်သွားလိုက်သည်။…

ချောင်အန်း တစ်ယောက် နန်းဆောင်တော် အတွင်း ဝင်ဝင်ချင်းမှာပင် တွေ့မြင်ရသည့် အရာကြောင့် ကျဲနေသည့် ခြေလှမ်းတို့က သေးနုတ်သွားရသည်။…

နီထွေးစိုဖက်နေသော ဝတ်စုံလေးမှာ ရွှေမှုန်စတို့ ရောယှက်ကာ တစ်လက်လက် တောက်ပနေပြီး ထိုဝတ်စုံလေးအား ကိုယ်ပေါ်တွင် ကပ်ချပ်စွာ ဝတ်ဆင် လှပလွန်း နေသည့် ရှောင်လုအား တွေ့မြင် ရခြင်းကြောင့် ပင်…

ပါးစပ်အဟောင်းသား ဖြစ်ခါ တစ်ခဏမျှ အံ့ဩမင်သက် သွားရပေမယ့်
နန်းတွင်းသူ သုံးယောက်ရှိနေ၍ အိန္ဒြေဆည်ကာ ခန္ဓာကိုယ် မက်၍ ပြန်တည်ငြိမ်လိုက်သည့် ချောင်အန်း..
အတွေး စိတ်ထဲတွင်တော့…
တကယ့်ကို နတ်မိမယ်လေး တစ်ပါးပါပဲ မင်းသိပ်လှတယ် မိန်းကလေးရယ်…
“သခင်မလေး ရှောင်လု …အဆင်သင့် ဖြစ်ပြီဆို မင်းကြီးထံ အခစားဝင်ရန် ကျွန်တော်မျိုး ခေါ်ဆောင်ရာ အနောက်သို့ လိုက်ခဲ့ပေးပါ …”

“ဟုတ်ကဲ့…”

ခေါင်းလေး ညိမ့်ပြကာ ပြုံး၍ ပြန်ဖြေလိုက်သည်။
ထိုအပြုံးလေးက သူ့ရင်ကို အထူး အေးမြစေသည်။..
တစ်ပြိုင်တည်းမှာပင် သူမ၏ မူပိုင်ဖြစ်သူ မုန်းဘုရင်ကို အားနားမိသည်။
မင်းကြီး မိန်းကလေးကို ကျွန်တော်မျိုး ချစ်မိနေပြီ…
စိတ်နဲ့တောင် မပစ်မှားမိစေဖို့ ကိုယ့်ကိုကိုယ် သတိတွေ အတန်တန် ပေးနေခဲ့ ပေမယ့် လုံးဝမရခဲ့ဖူး …
သူမ ကျွန်တော်မျိုး အပေါ် ကြီးစိုး နိုင်လွန်းတယ် သူမကို မင်းကြီးနဲ့ အပြိုင် ကျွန်တော်မျိုး ချစ်နေမိပြီ…
အဲ့အတွက် ကျွန်တော်မျိုး တကယ် တောင်းပန်ပါတယ် ကျွန်တော်မျိုးဟာ သေသင့်တဲ့ အပစ်ကိုမှ ကျူးလွန်ခဲ့မိပါတယ်…
ဒါ..ဒါပေမယ့် မင်းကြီး ကျွန်တော်မျိုးကို ချစ်ခွင့်ပြုပါ
သူမကို မသိအောင် တိတ်တိတ်ကလေး တော့ ချစ်နေခွင့်ပြုပါ …

~~~~~~~~~

ရွှေရောင် တစ်ဝင်းဝင်း တောက်ပကာ ကြီးမားထယ်ဝါလှပသည့် နန်းပလ္လင်ရှိရာ ခန်းမဆောင်တော်ကြီးမှာ အနုစိတ်ကျ လက်ရာပြောင် မြောက်လှသည့် ပန်းကနုတ်တို့ဖြင့် ပုံဖော် အလှဆင်ထားသည်။…
ထိုခန်းမဆောင်ကြီးထဲတွင် ထည်ဝါစွာ တည်ရှိနေသည်က မြင့်မြတ်လှသော ဘုရင်တို့ ထိုင်ရာ ဘုရင့်နန်းပလ္လင်တော်ကြီးပင်…
ထိုနန်းပလ္လင်တော်၏ ဘေးတစ်ဖက် တစ်ချက်စီတွင် ပလ္လင်ထက် တစ်ဆင့် နိမ့်သည့် ကြမ်းခုံမြင့်များ တည်ရှိလေသည်။
ထိုကြမ်းခုံမြင့်များပေါ်တွင် ကတ္တီပါ ကြမ်းခင်းများ ခင်းကျင်းထားကာ တစ်ယောက် ထိုင်စာမျှရှိသည့် နေရာနှင့် ပန်းကနုတ်ပါ ရွှေဘောင်ကွတ် စားပွဲခုံများလဲ ရှိလေသည်။

~~~~~~~~~~~~~~

“ခန်းမဆောင်သို့ ဖန် မိဖုရားခေါင်ကြီး …ကြွချီလာပါပြီ…🗯

မုန်းဘုရင်၏ ကိုယ်တိုင် ဆင့်ခေါ်ဖိတ်ကြားမှုကြောင့် ဦးစွာပထမ အနေဖြင့် ဖန်မိဖုရားခေါင်ကြီး အရင်
ခန်းမဆောင်ထဲသို့ မောင်းမတော် များနှင့်အတူ ကြွချီလာခဲ့သည်။….
မျက်နှာတော်မှာ မကြည်လင် လှပေ…
သားတော်မင်းကြီးက အဘယ်သို့သော မိန်းကလေးမျိုးကို တွေ့၍ နှစ်သက်ကာ အမြန်လက်ဆက်ချင်နေမှန်း မသိသောကြောင့်ပင်….
မြင့်မြတ်သော မျိုးရိုးဂုဏ်မှ ပေါက်ဖွားလာ သူကို သာ သူမ လိုလားသည်…နိမ့်ကျသော သွေး အနှော မခံနိုင်ပါ…

မိခင်မယ်တော် ကြွချီလာခြင်းကြောင့် မုန်းဘုရင်မှာ ပလ္လင်ပေါ် ထိုင်နေရာမှဆင်းကြိုကာ အရိုအသေပေးလိုက်သည်…
“မယ်တော့်ကို သားတော် ဂါရဝ ပြုပါတယ်…မယ်တော် ဒီဘက် ခုံအား ကြွပါ…”
ကတ္တီပါ ကြမ်းခုံမြင်ပေါ်ရှိ ပထမဆုံး စားပွဲတွင် နေရာယူ ထိုင်စေလိုက်လိုက်သည်။
ဖိဖုရားခေါင်ကြီး ထိုနေရာသို့ ထိုင်သည်နှင့် နန်းတွင်းသူလေး များမှ စားပွဲပေါ်တွင် လက်ဆက်သော သစ်သီးအစုံအလင်ဖြင့် အချိုတည့်စရာ စားဖွယ်အစုံ လာရောက် ခင်းကျင်းကြလေသည်။…

များမကြာမှီ….
“မင်းသားကျူ ခန်းမဆောင်သို့ ကြွချီလာပါပြီ🗯…”

ချစ်လှစွာသော ညီတော်အား မိခင်မယ်တော် နှင့် နည်းတူ ကြိုဆို၍
မိခင်မယ်တော်၏ နံ့ဘေးရှိ စားပွဲခုံတွင် နေရာယူ ထိုင်စေလိုက်သည်။….
“သားတော်ကျူ…မင်းရဲ့ အစ်ကိုတော်က ရက်ပိုင်းမကြာခင်မှာ မိန်းကလေးတစ်ဦးကို တော်ကောက်လို့ မိဖုရားမြောက်တော့မယ်တဲ့…”

“ဟုတ်တယ်လေ မယ်တော် အစ်ကိုတော်မင်းကြီးက သားတော်ကိုလဲ ထိုအတိုင်းပဲ ပြောပြထားပါတယ်…”

“ဒါဆို သားတော်ရဲ့ အစ်ကိုတော် တော်ကောက် မိဖုရားမြောက်မယ့် မိန်းကလေးကိုရော သားတော်သိလား…မြင်ဖူးလား…သူက ဘယ်မျိုးရိုးကလဲ…မြင့်မြတ်တဲ့ မျိုးရိုးကော ဟုတ်ရဲ့လား..ဘယ်ကလဲ…”

“မယ်တော်ဖုရား..မေးခွန်းတွေ များလိုက်ပါဘိ သားတော်လဲ မယ်တော်နဲ့အတူ အခုမှ သိရတာ အစ်ကိုတော် တော်ကောက် ရွေးချယ်မယ့် မိန်းကလေးကို သားတော်လဲ မြင်လဲမမြင်ဖူးဘူး သိလဲ မသိဘူး …
သားတော်လဲ မယ်တော့်လိုပဲ အစ်ကိုတော် တော်ကောက်မယ့် မိန်းကလေးကို အခုမှ ပထမဆုံး တွေ့ဖူးရမှာပဲ…”

“ကျစ်…သားတော်ကျူ မင်းကလဲ အရေးအကြောင်းဆို အားကို မကိုးရဘူး “

စုတ်တစ်ချက် သပ်ကာ ညည်းတွားလိုက်သည့် နံဘေးရှိ မိခင်မယ်တော်အား မျက်ခုံးပင့်မိသည်။
“သေချာတာကတော့ အစ်ကိုတော် တော်ကောက်မယ့် သူဟာ ဒီနန်းတော်ထဲက မင်းသမီးတစ်ပါးပါးပဲ ဖြစ်မှာပါ အစ်ကိုတော့်လို လူက ဒီနန်းတော်ထဲမှာပဲ အောင်းနေတာလေ ဒီနန်းတော်ကလွဲပြီး ဘယ်နေရာများ သွားဖူးလို့လဲ…အစ်ကိုတော် တော်ကောက်မယ့် သူက နိမ့်ကျတဲ့ သူဖြစ်စရာ အကြောင်း မရှိပါဘူး မယ်တော်ရဲ့ အစ်ကိုတော်က မာနကြီးတယ် ၊ စိတ်ကြီးတယ် ၊ ပျက်သားတယ် ၊ရက်စက်တယ်၊သားတော်လိုမျိုး ကြင်နာသနားတဲ့ စိတ်နဲ့ တွေ့ကရာ လှပတဲ့ မိန်းကလေးကို မပက်သက်တတ်ပါဘူး..အဟွန်း.ဟွန်း.”

“အရေးထဲ ဒီကလေးက တစ်မျိုး…”
ရွှံ့နောက်နောက်ဖြင့် ပြောလိုက်သည့် မင်းသားကျူအား ဖန်မိဖုရားခေါင်ကြီးမှ မျက်စောင်းလေး ပစ်ထိုးလိုက်သည်။…
“အဟီး..သားတော်က စတာပါ မယ်တော်..”

“မင်းသမီး ရုန်ဟွာ ခန်းမဆောင်သို့ ကြွချီလာပါပြီ🗯…”

“ “ဟင်!…မင်းသမီး ရုန်ဟွာ…” “

အံ့ဩမှုနှင့် အတူ ဖန်မိဖုရားခေါင်ကြီး ကော မင်းသားကျူပါ ပြိုင်တူ အသံထွက်မိကြသည်…

🌸🌸🌸🌸အပိုင်း ၂၀ ဆက်ရန်>>>
#စာဖတ်ပရိတ်သက်အပေါင်းအားလေးစားလျက်
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)
စာပေဝမ်းစာ မပြည့်လို့ စာလုံးပေါင်းနဲ့ အရေးအသားတွေ မှားခဲ့ရင်နားလည်ပေးပါနော်🙏🏻




rate now: