🌸ကချေသည်🌸
Author ✍️ ကြွယ်
အိပ်ဆက် အနားယူပြီးမကြာ စူးရှသည့် ရနံ့သင်းသင်း တစ်ခုက နှာဖျားဝသို့ ထိတို့ ရိုက်ခက်လာသည် ။
ထိုရနံ့ သူမ မှတ်မိသည် တစ်ယောက်သောသူ၏ ကိုယ်သင်းရနံ့ …
မျက်ခွံလေးများ လှုပ်ခပ်ခါ ဖျတ်ကနဲ မျက်လုံးလေး အမြန်ပွင့် လာခဲ့သည်။…
စူးရှစွာ ရနေသည့် ထိုရနံ့ကြောင့် သူမ ငေါက်ကနဲ အမြန် ထထိုင်လိုက်ရာ စိတ်ထင်ထားသော ထိုရနံ့ပိုင်ရှင်အား မတွေ့ရချေ…
စိတ်ထင်နေတာလား…
ဘေးဘီဝဲယာသို့ ဝေ့ဝဲကြည့်ရာ မည်သူမျှမရှိ လူရိပ်ဆို၍ ယောင်လို့မျှတောင် မတွေ့ရ။ ထူးဆန်းလိုက်တာ ဒါဆို ဒီရနံ့က ဘယ်ကရနေတာလဲ…
စူးရှသည့် ရနံ့သင်းတစ်ခုအား ယခုချိန်ထိ နှာဖျားထိပ်ဝမှာ အဆက်မပျက် ရရှိနေပြီး လူကိုတော့ မတွေ့မြင်ရပေ ထို့ကြောင့် စိုးရိမ်စွာ မျက်နှာလေး ညိုးကျသွားရင်း နှုတ်ဖျားမှ တမ်းတအော်ခေါ်မိသည်။…
“လူကြီးမင်း…လူကြီးမင်းမလားဟင်…
လူကြီးမင်း ပြန်ရောက်နေတာမလား…ကျွန်မသိတယ်နော် ထွက်ခဲ့ပါ…”
“ဂျလောက် ထောက်…ထောက် ..ထောက်..”
“ဟင်….”
ရွက်လှေသဏ္ဌာန် ရွှေခဲတစ်ခဲ လိမ့်ကျလာတာဖြစ်ပြီး ထိုလိမ့်ကျလာသည့် ရွှေခဲမှာ သူမခြေဖျားထိပ်နှင့် တိုက်၍ ရပ်ကျသွားသည်။….
ထူးဆန်းစွာ ကြည့်ရင်း…
ခြေဖျားနား လိမ့်ကျလာသည့် ထိုရွှေခဲအား ကောက်ယူကာ လိမ့်ကျလာရာ ဘက်သို့ မျက်လုံးဝေ့ ကြည့်လိုက်သည်။မျက်လုံးအစုံ ပြူးကျယ်သွားရပြီး လူသေကောင် သဖွယ် တစ်ကိုယ်လုံး အေးစက်ခါ ခြောက်ခြားသွားသည်။…
ညစ်ကျယ်ကျယ် အပြုံးတို့ဖြင့် အေးစက်စွာ သူမအား စိုက်ကြည့်နေကြသည့် လူနှစ်ယောက်….
ထိုလူနှစ်ယောက်မှာ သူမ သေမတတ်ကြောက်ခါ ရွံ့မုန်းလှသည့် ဆောင်ကြာမြိုင် သခင်မကြီး နှင့် လည်ပင်း ဓားဖြတ်ရာနှင့် သူဌေးမင်းပင်….
စူးရှသည့် အမွှေးနံ့သင်းသင်းကို ရနေ၍ သူမ စိတ်ထဲ လူကြီးမင်းဟုသာ ထင်ထားခဲ့သည်…
ယခုတော့ ထင်ထားတာနဲ့ မြင်နေတာက တလွဲစီဖြစ်ခါ တတ်တတ်ဆင်လွဲမှားနေသည်။….
ကြောက်စိတ်တို့ တဖြေးဖြေး ကြီးစိုးကာ ကျက်သီးမွေးညှင်းများ ထလာသည်။
မြင်တွေ့လိုက်ရသည့် ထိုနှစ်ဦးအား ကြောက်ရွံ့တုန်လှုပ်ခါ ကြက်သေ သေသွားရပြီး မငိုချင်ပါ သော်လည်း ကြောက်စိတ်တို့ကြောင့် မျက်ရည်များ က အလိုလို စီးကျ လာသည်။
ခေါင်းကို အတွင်တွင် ခါရန်းလိုက်ရင်း
အနောက်သို့ ခြေတစ်လှမ်း ဆုတ်မိသည်။…
ဟင်!..ဒါ..ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ သူ.သူတို့ နှစ်ယောက်က ဘယ်လို လုပ်ပြီး ဒီကို ရောက်နေရတာလဲ…နောက်ပြီး..ဟို ..ဟို...သူဌေးမင်းက သေသွားပြီ မဟုတ်လား..ဘယ်လို လုပ်ပြီး..ဒီကို..ဟင့်အင်း မဖြစ်နိုင်ဘူး…
“အဟွန်း နေလို့မှ ကောင်းရဲ့လား ရှောင်လု ..ဒို့ကမင်းကို သတိရနေတာ..ဒါကြောင့် မင်းကို ပြန်လာခေါ်တာ..
မင်း အခုပဲ ငါတို့နဲ့ ဆောင်ကြာမြိုင်ကို ပြန်လိုက်ခဲ့ရမယ်…
မင်း အိမ်ပြန်လာဖို့ အချိန်ကျပြီ ရှောင်လု…
အဟွန်း..ဟား ဟား ဟား…”
ကျယ်လောင် အက်ကွဲနေသည့် ထိုရယ်သံကြီးကို သူမကြောက်ခါ မုန်းသည်။…
ထိုသို့ရယ်မောခါ ဆောင်ကြာမြိုင် သခင်မကြီးမှ သူမစီသို့ တရွေ့ရွေ့တိုးကပ်လာ၍ အနောက်သို့ တရွေ့ရွေ့ ဆုတ်နေရသည်။
“ဟင့်အင်း…မလိုက်ဘူး..ဆောင်ကြာမြိုင်က ကျွန်မအိမ်မဟုတ်ဘူး…မလိုက်ဘူး”
လည်ချောင်းတွင် တစ်ဆို့နေသည့် တံတွေးတို့အား ခက်ခဲစွာ မျိုချရင်း ထိန့်လန့်ခြောက်ခြားစွာ ငြင်းဆန်နေသည် ။
ဟင့်အင်း…ပြန်မလိုက်ဘူး မလိုက်ချင်ဘူး သူတို့…သူတို့ကို ကျွန်မကြောက်တယ် အရမ်းကြောက်တယ် …မလိုက်ဘူး လုံးဝ ပြန်မလိုက်ဘူး…
ထို့အတူ လည်ပင်း ဓားဖြတ်ရာနှင့် သူဌေးမင်းမှ သူမအား နီရဲဆွေးသော မျက်လုံးများဖြင့် မသတီဖွယ်ပြုံး ကြည့်ခါ….
“အဟင်း..မိန်းကလေး…ဟေ့ာဒီမှာ ကြည့်စမ်း ငါ့လည်ပင်းက ဓားဖြတ်ရာ မှတ်မိတယ်မလား ဒီဒဏ်ရာ ဘယ်လို ဖြစ်လဲ ဆိုတာ …ငါဒီလို မရှုမလှ ဖြစ်ရတာ ညီးကြောင့်..ညီးကြောင့် ငါအခုလို ဖြစ်ရတာ အဲ့အတွက် ညီးဘဝနဲ့ရင်းပြီး ငါ့ကို ပြန်ပေးဆက်ရမယ် လာ …ပြန်လိုက်ခဲ့…”
ခြောက်ကပ် အက်ကွဲသော အသံနှင့် လူကို အသေရရ / အရှင်ရရဆွဲစား မည့်ဟန်ဖြင့် တဖြေးဖြေး ချဉ်းကပ်လာနေပြီး…ရုတ်တရက် ဆိုသလို ထိုလူကြီး၏ လည်ပင်း ဓားပျက်ရာမှ သွေးများ စီးကျလာသည်။…
“အားး..ဟင့်အင်း…မလာနဲ့ မလာနဲ့ ရှေ့တိုးမလာနဲ့ ဘာကို ပြန်ပေးဆက်ရမှာလဲ ဟင့်အင်း ကျွန်မမလုပ်ဘူး မပေးဆက်ဘူး ဘာမှ မပေးဆက်နိုင်ဘူး…မလာကြပါနဲ့ …ကျေးဇူးပြုပြီး ရှေ့တိုးမလာကြပါနဲ့…”
ထိုသူဌေးမင်းမှာ တဖြေးဖြေး ကြောက်မက်ဖွယ် မသတီစရာ မျက်နှာသို့ပြောင်းလဲသွားပြီး သူနှင့်အတူ ဆောင်ကြာမြိုင် သခင်မကြီးမှာလည်း သူမစီသို့ တိုးကပ်လာသည်မှာ ယခုဆို အိပ်ယာပေါ်သို့ နောက်ပြန်လှဲ ထိုင်ချမိသည် အထိပင်…
အဟင့် ဟင့် ဟီးဟီး…မလာနဲ့ မလာနဲ့ …
လူကြီးမင်း..လူကြီးမင်း ရှင်ဘယ်တွေ ရောက်နေတာလဲ အဟင့် ဟင့်..ဒီမှာ ကျွန်မဒုက္ခတွေ့နေပြီ …ကယ်ပါဦး…သူတို့ တဖြေးဖြေး ကျွန်မအနား တိုးကပ် လာနေကြပြီ လူကြီးမင်း…
“ဟ…ဟား ဟား ဟား…ရှောင်လု မင်း ငါတို့နဲ့ အတူပြန်လိုက်ခဲ့ ရမယ်…လာ..လာခဲ့”
“ဟင့်အင်း …မလိုက်ဘူး မလိုက်ဘူးး…
လူကြီးမင်း..လူကြီးမင်းး..ကယ်ပါဦး..ဟီး..ဟီး..”
ဗြုန်းကနဲ ဆိုသလို လူသေကောင် သဖွယ် အေးစက်လှသည့် လက်ဖြင့် အကြမ်းပတမ်း ဆွဲကိုင်ခြင်း ခံလိုက်ရသလို ကြောက်မက်ဖွယ် မသတီစရာ မျက်နှာကြီးအား အနီးကပ် တွေ့လိုက်ရ၍….
“အားး..လူကြီးမင်း..လူကြီးမင်း..ကျွန်မကို ကယ်ပါဦး..အားး…လွှတ်…လွှတ်..မကိုင်နဲ့…မကိုင်နဲ့”
“ရှောင်လု…ရှောင်လု…ကိုယ်ပါ..”
မျက်လုံးထောင့်မှ မျက်ရည်များ စီးကျနေသည့် သူမ လက်ကောက်ဝတ်လေးအား တင်းစွာ ဖိဆုတ်၍ ခေါ်လိုက်ခြင်းကြောင့်…
အတင်း ဇွတ်မှိတ်ထားသည့် မျက်လုံးလေးမှာ ဖွင့်ကြည့်လာသည်။…
“ဟင်!..လူကြီးမင်းး…လူကြီးမင်း ပြန်ရောက်နေတယ်..”
“အင်း…ကိုယ်ပြန်လာပြီ..”
“လာထ..ဒီမှာ ခဏမှီ ထိုင်နေဦး…
ကိုယ် မင်းအတွက် ရေယူပေးမယ်..”
ချွေးစေးများ ပြန်ခါ ထိန့်လန့်နေသည့် သူမအား သက်တောင့်သက်သာ မှီထိုင်စေသည်။…
ထို့နောက် သူမအနားမှ ထခါ စားပွဲပေါ်ရှိ အဖြူရောင်ကြွေရေခရားထဲမှ ကြွေခွက် ထဲသို့ ရေအနည်းငယ် ငှဲ့ထည့်လိုက်ပြီး အိပ်ယာထဲရှိ သူမအား ခပ်တိုက်လိုက်သည်။..
“ရှောင်လု ဒီမှာ ရေလေး သောက်လိုက်ဦး..မင်းချွေးတွေ ပြန်ပြီး အရမ်း လန့်နေတယ်…”
ခေါင်းလေး ညိမ့်ကာ ကမ်းပေးနေသည့် ကြွေခွက်ထဲရှိ ရေအား အမြန်မော့သောက်လိုက်သည်။…
ကြွေခွက်လေးအား အိပ်ယာနံဘေးသို့ ပြန်ချလိုက်ပြီး…
အိပ်မက်ဆိုး မက်၍ ထိန့်လန့် ကြောက်ရွံ့ကာ မျက်ရည်များစီးကျနေသည့် သူမအား လက်မောင်းလေးမှ ဆွဲယူကာ ရင်ခွင်ထဲ ထွေးပွေ့ သိမ်းဖက်လိုက်ရင်း….
“အိပ်မက်ဆိုးတွေ မက်နေတာလား ရှောင်လု..မင်းဒီလို အိပ်မက်ဆိုးတွေ မက်ပြီး ကြောက်နေမှာကို ကိုယ်သိသိရပ်နဲ့ ပစ်ထား ခဲ့မိလို့ တောင်းပန်ပါတယ်..ကိုယ့်မှာ အရမ်းအရေးကြီးတဲ့ ကိစ္စတွေ ရှိနေလို့ မင်းကို အကျိုးအကြောင်း မပြောပဲ ထားခဲ့ရပြီး အိမ်တော်က အမြန် ထွက်သွားခဲ့ရတာပါ…အဲ့အရေးကြီး ကိစ္စတွေကြောင့် ကိုယ် အိမ်တော်ကိုလဲ ပြန်မလာ နိုင်ခဲ့ဘူး…အဲ့အတွက် ကိုယ်တောင်းပန်ပါတယ် ရှောင်လု ကိုယ် မင်းကို ပစ်ထားခဲ့ မိတယ်…”
ထွေးပွေ့ သိမ်းဖက် ပေးထားသည့် လူကြီးမင်း ရင်ခွင်ထဲတွင် အားရစွာ သူမ ရှိုက်ငိုချလိုက်ရင်း..
တောင့်တင်းသည့် ရင်အုပ်ကျယ်ကြီးအား လက်သီးဆုတ်လေးဖြင့် တဘုတ် ဘုတ် ထုရိုက်နေသည်။…
“ဘုတ်..ဘုတ်….”
“အဟင့်…ဟင့်..ဟီးဟီးး..ပစ်ထားတယ် လူကို ပစ်ထားခဲ့တယ် ဘာမှမပြောခဲ့ပဲ လူကို အိမ်တော်ကြီးမှာ တစ်ယောက်တည်း ထားသွားခဲ့တယ်…ဟီး..ဟီးး…လူကြီးမင်း အဲ့လို ပစ်ထားခဲ့တော့ ကျွန်မ ရင်ထဲ ဘယ်လောက်ထိ ပူလောင်ပြီး ကြောက်နေရလဲ သိရဲ့လား…အဟင့် ဟင့်…”
လွမ်းစွတ် တမ်းတကာ တွေ့မြင်ချင်လှသူအား မြင်တွေ့ရ၍ မျက်ရည်ကျခါ အတိုင်းမသိ သူမ ဝမ်းသာပါသော်လည်း စိတ်အေးချမ်းမှု မရှိသေးသလို ကြောက်စိတ်တို့လဲ မပြယ်သေးပေ…
အကြောင်းမှာ မက်ခဲ့သည့် အိမ်မက်ဆိုးကြောင့်ပင်…
ထွေးဖက်ပေးထည့်သည့် လူကြီးမင်းခါးအား ပြန်သိုင်းဖက်ကာ မော့ကြည့်လိုက်ရင်း…
“လူကြီးမင်း…ကျွန်မကို ဒီလိုမျိုး ထက်ပြီး ပစ်ထား မသွားပါနဲ့နော် …ပစ်ထား မသွားပါနဲ့နော်...ကျွန်မကြောက်လို့ပါ..နော်..ထက် ထားမသွားပါနဲ့နော်…”
သနားစဖွယ် မျက်နှာငယ်ဖြင့် ပြောလာသည့် သူမစကားကြောင့် လူကြီးမင်း စိတ်မကောင်းစွာ ပြုံးမိသည်။…
ရှောင်လု မင်းဟာ တကယ့်ကို ကြောက်တတ်လွန်းတဲ့ ကလေးလေးပဲ…အဟွန်း…တကယ်လဲ ကလေးပါပဲ…ဘာတဲ့ အသက်ကလေးက၂၀ပဲ ရှိသေးတယ် ဟုတ်လား..အဟား..မင်းကိုယ့်ထက် ငယ်သေးတယ်…
မုန်းဘုရင် အသက်မှာ ၂၆ရှိပြီဖြစ်၏။
အမှန်တကယ်ဆို သူမ အသက်အား သူမသိပါ သို့သော် သူမ အဘွားအိမ်တွင် သူ ဒဏ်ရာကြောင့် အိပ်ခန်းထဲ လှဲနားနေရင်းမှ အိပ်မပျော်ခင် အထင်းသား ကြားနေရသည့် သူမနှင့်ဒေါ်လေးခမ်တို့ စကားကြောင့်ပင်…
သူ့အား ချစ်နေသည် ဆိုသည့် သူမ၏ စကားကိုလည်း သေချာ ရှင်းလင်းစွာ ကြားလိုက်ရသည်…ထို့ကြောင့်လဲ သူအတိုင်း မသိ ဝမ်းသာခဲ့ရသည်..သူမကိုလည်း သူ အရမ်းချစ်သည်…သူမ ချစ်တာထက်ကို ပိုသည်...သို့သော် စကား အသုံးနှုန်းလေး ကွဲပြားသွားယုံပင်…
ချစ်တယ် = သဘောကျ၏…-_-
“ရှောင်လု မင်း ကိုယ့်ကို သဘောကျလားဟင်…”
“ရှင်!…”
အာမေဋိတ်ထွက်လိုက်သည့် သူမမေးဖျားလေးအား ညင်သာစွာ ဆွဲကိုင်မော့လိုက်သည်။…
“ဖြေပါ မင်းကိုယ့်ကို သဘောကျလား…”
တိတ်ဆိတ်ငြိမ်ကျ သွားပြီး …အတန်ကြာမှ ဆွဲကိုင်မော့ထားသည့် လူကြီးမင်း လက်အား သွယ်လျ ဖြူဖွေးသည့် လက်နုနုလေးဖြင့် ပြန်လည် ဆုတ်ကိုင်လိုက်ရင်း…
“ဟင့်အင်း…သဘောမကျဘူး …ရှောင်လုက လူကြီးမင်းကို ချစ်တာ…”
“အဟက်…ရှောင်လုကလဲကွာ အတူတူပဲကို…”
“ဟင့်အင်း…ဘယ်တူပါ့မလဲ..လူကြီးမင်းရယ်…ချစ်တာနဲ့ သဘောကျတာက အကွာကြီးပါ။…
ချစ်တယ်ဆိုတာဟာ တစ်သက်တာ တစ်ဘဝလုံးစာ အတွက် ရင်ခုန်နှစ်သက်လို့ ကောင်းအတူ/ဆိုးအတူ၊ အေးအတူ /ပူအမျှ ရည်ရွယ်ပြီး ရွေးချယ်မှု
သဘောကျတယ် ဆိုတာဟာ အပေါ်ယံ လှပမှုနဲ့ သူ့ရဲ့ ချစ်စဖွယ်အကျင့်ကောင်းလေးကို တစ်ခဏမျှ ခုန်မင်လို့ အနားမှာရှိစေချင်တဲ့ ရွေးချယ်မှု…
မတူဘူး လူကြီးမင်းရဲ့…”
အသက် ၂၀ အရွယ် ရှောင်လုစီမှ ထိုသို့ ရှင်းပြမှုအား ကြားရ၍ မိမိ၏ နှလုံးသားရေးရာ အချစ်နှင့်ပက်သက်ပြီး တုန်းအ ညံ့ဖျင်းမှုကို ရှက်ရွံ့မိသည်…
ထို့ကြောင့်လည်း အရှက်ပြေ ရယ်မိပြန်သည်
“အဟွန်း…ဟုတ်သားပဲ…ရှောင်လု အခုလို သေချာပြောပြမှပဲ..ကိုယ် သေချာသဘောပေါက်တော့တယ်…အဟက် ..ကိုယ်ကလေ အဲ့နှစ်ခုကို အတူတူလို့ သက်မှတ်ထားခဲ့တာ
တကယ်တမ်းကျ…မတူဘူးဆိုတာ ကိုယ် အခု ရှောင်လု ပြောလို့ သေချာ သိသွားပြီ…”
ခန့်ညားချောမောသည့် မျက်နှာအား ရယ်ကျဲကျဲဖြင့် ပြောနေသည့် လူကြီးမင်းအား ကြည့်ခါ ရှောင်လု ပြုံးမိသည်။…
အချစ်မှာ စကားလုံး တစ်ခုရဲ့ အဓိပ္ပာယ်ကိုတောင် သေချာ သဲကွဲစွာ မဖွင့်ဆိုတတ်တော့ တဲ့ အထိ အဲ့သလောက်တောင် တုန်းအရသလား လူကြီးမင်းရယ် အဟင်း…
“ဒါဆို..လူကြီးမင်းက အဲ့နှစ်ခုကို အတူတူလို့ သက်မှတ်ထားလို့ ရှောင်လုကို သဘောကျတယ်လို့ ခဏခဏ ပြောနေတာ လားဟင်…”
“အင်း..ဟုတ်တယ် ရှောင်လု…
တကယ်တမ်းကျ ကိုယ်က ရှောင်လုကို ချစ်တယ်ပြောခဲ့တာ ကြာပြီ”
“အဟွန်း…ဖြစ်ရလေ လူကြီးမင်းရယ်..”
မေးဖျားလေးအား ကိုင်ထားသည့် သူ့လက်အား ဆုတ်ကိုင်ခါ ရယ်နေသည့် သူမလေးအား သူအတော် အူယားသည်။…
“ရှောင်လု …ကိုယ့်ကို လူကြီးမင်းလို့ မခေါ်ပါနဲ့ တော့..ကိုယ့် နာမည်အရင်းကို ရှောင်လုကို ပြောပြထားဖူးတယ်လေ…
မမှတ်မိတော့ဘူးလား…”
“ကျန့်ဖိန့်ကျူးလား…လူကြီးမင်း”
“ကြည့်စမ်း မှတ်မိတယ် သားနဲ့ ကောင်မလေးက တမင် လူကို လူကြီးမင်းလို့ ခေါ်နေတယ်…”
“ရှောင်လုအတွက် ကတော့ လူကြီးမင်းလို့ ခေါ်တာက ပိုကောင်းတယ် နှုတ်လဲ ကျိုးနေပြီလေ…”
“မရဘူး ရှောင်လု…ကိုယ်တို့က အခုဆို သက်ဆိုင် သူတွေ ဖြစ်သွားပြီ ဒါကြောင့် ရှောင်လု ကိုယ့်ကို တရင်းတနှီးနဲ့ အစ်ကိုဖိန့်လို့ ခေါ်ရမယ်…”
“ဟင်..ဒါပေမယ့် ရှောင်လုက …လူကြီ..”
“ရှောင်လု…”
နှုတ်ခမ်းဖျားလေးအား ကန့်လန့်ဖြတ် လာထောက်သည့် လက်ညိုးလေးကြောင့် ပြောနေသည့် စကားများရပ်ခါ နှုတ်စေ့ပိတ်သွားသည်။…
“နော် …ကိုယ်ပြောတာ နားထောင်ပေးပါ ကိုယ့်ကို အစ်ကိုဖိန့်လို့ပဲ တရင်းတနှီးခေါ်ပေးပါ…ခေါ်ကြည့်ပါ..ကိုယ့်ကို အစ်ကိုဖိန့်လို့…”
“ဟုတ်…အစ်ကိုဖိန့်….”
မဝင့်မရဲ မျက်လုံးဝိုင်းလေးဖြင့် ကြည့်ခါ ခေါ်လိုက်သည့် သူမကြောင့် ရင်ထဲ လှိုက်ကနဲဆိုသလို ဝမ်းသာသွားရသည်။…
“အဟင်း…အခုလို ခေါ်လို့ ဝမ်းသာလိုက်တာ ရှောင်လုရယ် ကိုယ် မင်းကို အရမ်းချစ်တယ်နော်…ကိုယ့်အနားကနေ ဘယ်တော့မှ ထွက်မသွားရဘူးနော်…အရမ်းချစ်တယ် ရှောင်လုရယ်…”
ပြောပြောဆိုဆိုဖြင့် သူမအား ပခုံးလေးမှ သိုင်းဖတ်ခါ ရင်ခွင်ထဲ ခတ္တမျှအထွေးပွေ့ထားလိုက်ပြီး…
ခဏအကြာ ထွေးဖက်ထားသည့် သူမပခုံးလေးအား ညင်သာစွာ ဆွဲယူလိုက်ပြီး…
“ရှောင်လု…ကိုယ် မင်းနဲ့ လက်ထက်ပွဲ အမြန် ကျင်းပမယ်…”
“ဟင်..ဘယ်လို …အစ်ကိုဖိန့်…”
မထင်မှတ်ထားသည့် အစ်ကိုဖိန့် စကားကြောင့် ရှောင်လု မျက်လုံးလေး ပြူးကျယ်ခါ ဝိုင်း စက်သွားသည်။…
“ဟုတ်တယ် ရှောင်လု…ကိုယ် မင်းနဲ့ မဝေးချင်ဘူး နောက်ပြီး ကိုယ်မင်းကို အဆုံးရှူံး မခံနိုင်ဘူး…ဒါကြောင့် ကိုယ် မင်းနဲ့ အမြန်ဆုံး လက်ထက်ပွဲ ကျင်းပမယ်…လက်ထက်ပွဲကိုလည်း ဒီရက်သတ္တပတ် အတွင်းပဲ လုပ်မယ် သိပ်မကြာတော့ဘူး…”
ကြောင်အကာ ရှောင်လု ဘာမှမပြောနိုင်တော့ပဲ ကြက်သေသေသွားရပြီး…
မျက်ရည်များ ဝဲတတ်လာကာ ခေါင်းလေးသာ အသာလေး ညိမ့်ပြလိုက်သည်။…
ဘာလို့ တွန့်ဆုတ်နေဦးမှာလဲ ရှောင်လုလဲ အစ်ကိုဖိန့်နဲ့ မဝေးချင်ဘူးလေ
ဒီတော့ လက်ထက်ပွဲကို ကြည်ဖြူစွာ လက်ခံပါတယ်…သိပ်ချစ်တယ် အစ်ကိုဖိန့်ရယ် ….
အစ်ကိုဖိန့်ခေါ် မုန်းဘုရင်မှာ ဟွာထန်တိုင်းပြည်ရှိ ချွေ့သူရဲကောင်း၏ ခိုဖြူဖြင့် ဆင့်ခေါ်စာလွှာ ရောက်လာ၍ သွားရမည်က မကြာတော့ချေ။…
ထိုသို့ မသွားမှီ သူ စိတ်အေးရအောင် သူမလေးအား တော်ကောက်လို့ မိဖုရားမြောက်ခါ အမြန်ဆုံး လက်ထက်ခဲ့ချင်သည်…
ထို့ကြောင့် မနက်ရောက်လျှင် သူမစီသို့ ချောင်အန်းမှ တစ်ဆင့် နန်းတွင်း ဆင့်ခေါ်စာလွှာ ပေးပို့မည် ဖြစ်သည်။…
အဆုံးရှုံး မခံနိုင်တော့လောက်အောင် ချစ်မိနေသည့် သူမအား လိမ်လည် မထားတော့ပဲ သူ့ဘဝ အမှန်အား သိခွင့် ပေးရန် အချိန်တန်ပြီဟု သူထင်သည်….
ဆက်၍ လိမ်လည်ထားလျှင် မလိုလား အပ်သည့် ပြဿာနာတွေ ပေါ်မလာနိုင်ဟု သူ မပြောနိုင်ပေ…
ထို့ကြောင့် သူမအား အမှန်တိုင်း ချပြရန် ဤသို့ ဆုံးဖြတ်ချက် အမြန်ချရခြင်းပင်…
အချိန်မတော် နန်းတော်မှ လူသူမသိအောင် ခိုးထွက်လာသည့် မုန်းဘုရင်မှာ
အမှန်တကယ်လဲ အရေးကြီးကိစ္စများ ရှိနေ၍ နန်းတော်မှ အိမ်တော်သို့ မလာအား ဖြစ်နေခြင်းပင်…
ယခုကဲ့သို့ အချိန်မတော်မှ အိမ်တော်သို့ ရောက်လာခဲ့ ခြင်းမှာ သူကိုယ်တိုင်ကလဲ သူမလေးအား မတွေ့ရ မနေနိုင်အောင် လွမ်းစွတ် တမ်းတ လှပြီဖြစ်သောကြောင့် ဖြစ်သည်…
ယခုတော့ သူမအား စိတ်အေးစွာ သူ ပြန်အိပ်စေပြီး အိမ်တော်မှ အမြန်နန်းတော်သို့ ပြန်ရမည်ဖြစ်သည်။….
ထို့ကြောင့် ရှောင်လုအား
စိတ်အေးလက်အေးဖြင့် ပြန်လည်အိပ်စက် အနားယူစေသည်။
ရှောင်လု အိပ်မောကျ သွားတဲ့ အချိန်ထိ ခတ္တမျှ ထိုင်စောင့် ကြည့်နေရင်း…
မျက်လွှာလေးချကာ ချစ်စဖွယ် အမူရာဖြင့် အိပ်ပျော်နေသော သူမ နဖူးပြင်ရှိ ပြိုကျနေသည့် ဆံနွယ်ရှည်တို့အား ဖယ်သပ်သိမ်းခါ…ပြုံးကြည့်နေရင်းမှ တယု တယ ငုံ့နမ်းလိုက်သည်။…
ထို့နောက် အိပ်စက်အနားယူ သွားပြီဖြစ်တဲ့ ရှောင်လုအား မုန်းဘုရင်မှ ဂွမ်းသိပ်ကတ္တီပါ စောင်ပါးလေးအား ရင်ဘက်အထိ လုံအောင် အပေါ်သို့ ပင့်တင်ခြုံပေးခဲ့ခါ နန်းတော်သို့ ညတွင်းချင်း အမြန် ပြန်သွားတော့သည်။..
~~~~~~~~~~~
🌥🌥🌥🌥
သို့…..
သူရဲကောင်းချွေ့ ….
ခိုဖြူဖြင့် ပို့လိုက်သော သင်၏ ဆင့်ခေါ်စာအား ငါကိုယ်တော် လက်ခံရရှိ ပြီးဖြစ်သည် …
ငါကိုယ်တော် သင်၏ စာထဲကအတိုင်း ဟွာထန်တိုင်း ပြည်သို့ ဆေးသမားတော် အယောင်ဆောင်ခါ ရောက်ရှိလာမည် ဖြစ်သည်..
သို့သော် ယခုချက်ချင်းတော့ မဟုတ်သေးပေ… ငါကိုယ်တော် နန်းတော်တွင် အရေးကြီး ကိစ္စရပ် တစ်ခုအား စီစဉ်ရဦး မည် ဖြစ်၍ ရက်အနည်းငယ်မျှ ကြာဦး မည်ဖြစ်သည်။…
ထို့ကြောင့် ဟွာထန်မင်းအား သင်၏ စကားအလှဖြင့် နားလည် သည်းခံ စောင့်ဆိုင်း ပေးစေလိုကြောင်း တောင်းပန်လျှောက်ထား အပ်ရန် ငါကိုယ်တော် သူရဲကောင်းချွေ့အား တောင်းဆိုလိုက်သည်….
ဘုရင်ကျန့်ဖိန့်ကျူး(မုန်းဘုရင်)
စာကြောင်း ဆုံးသည်နှင့် သူရဲကောင်းချွေ့မှာ နားလည်စွာ ခေါင်းညိမ့်လိုက်ပြီး စာလိပ်အား ပြန်ခေါက်သိမ်းလိုက်သည်။…
~~~~~~~~~~
အိမ်တော် အတွင်းတွင် ပြာပြာ သလဲ ပြေးလွှား လိုက်ရှာနေသည့် ရှောင်လု …
သူမ အိပ်ယာမှ နိုးထလာရာ နံဘေးတွင် မုန်းဘုရင် ရှိမနေခြင်းကြောင့် ဖြစ်သည်…
အိမ်တော်ထိန်းနှင့် အိမ်တော် တစ်ခုလုံးရှိ အစေခံများ အားလုံးကို မုန်းဘုရင်အား လိုက်လံမေးရာဝယ် …
မနေ့ညက သူပြန်ရောက် လာခြင်းကိုတောင် အိမ်တော်ရှိ တစ်ဦးတစ်ယောက်မျှ သိမနေကြ၍ လိုက်မေးရသည့် သူမခမျှ အရူးတစ်ယောက်လိုပင်…..
ထို့ကြောင့် အားလုံးကို သူမ စိတ်တိုရသည် …အထူးသဖြင့် သူ့ကို ပို၍ စိတ်တိုသည်…သည်လောက် အတန်တန် ပစ်မထားခဲ့ပါနဲ့လို့ ပြောထားသည့် ကြားမှ …
ယခု ထက်၍ သူမအား အကျိုးအကြောင်း မပြောခဲ့ပဲ အိမ်တော်တွင် ပစ်ထားခဲ့ပြန်သည်။…
သူ့အား တွေ့လျှင်တော့ ကျော ပေါက်အောင် စိတ်ရှိလက်ရှိ ထုရိုက်ပစ်ချင်သည်။….
အိမ်တော်တွင် လိုက်လံမေးမြန်းခါ ရှာလို့ မတွေ့သည့် အဆုံး သူမလည်း မကျေ မချမ်းဖြင့်သာ အခန်းသို့ ပြန်ထိုင် နေလိုက်သည်။…
“ဂျလောက်..”
“သခင်မလေး ရှောင်လု…”
ချောင်အန်း၏ ခေါ်သံကြောင့် လှည့်ကြည့်လိုက်ရာ လက်တွင် ရွှေဘောင် ကွတ်ထားသည့် စာလိပ်တစ်ခုအား အထင်းသား မြင် တွေ့လိုက်ရသည်။…
“ဒါနဲ့…ဒီဟာက…”
“ဟုတ်ကဲ့..ဒါက သခင်မလေးထံ နန်းတော်က ဆင့်ခေါ်လိုက်တဲ့ စာလွှာပါ…”
ရွှေဘောင်ကွတ်ထားသည့် စာလိပ်အား ရှောင်လုထံ အမြန် ကမ်းပေးလိုက်သည်…
မျက်နှာလှလှ နှင့် သူမလေးအား မြင်၍ မလုံမလဲ ဖြစ်လာသည့် စိတ်တို့ကြောင့် နေရာမှ ထွက်သွားရန် ပြင်လိုက်သည်။…
“နေ..နေပါဦး…ကျွန်မ နားမလည်တာရှိလို့ မေးရအောင် ခဏနေပါဦး…”
သူမ၏ ဟန့်တားမှုကြောင့် ခြောကပ်နေသည့် လည်ချောင်းအား စိုစွတ်အောင် တံတွေးမျို ချလိုက်ရင်း..
ထွက်သွားဖို့ လှမ်းထားသည့် ခြေလှမ်းတို့အား နောက်ဆုတ်ခါ ပြန်ရုတ်သိမ်းလိုက်သည်။…
“ဟုတ်ကဲ့…သခင်မလေး..”
ပေးပို့လာသည့် စာလိပ်အား သူမ ဖြည်ဖတ်ကြည့်ရာ..
မျက်လုံးများ ပြူးကျယ်ခါ အံ့ဩမှင်သက်သွားရပြီး ကျောက်ရုပ်ပမာ ငြိမ်ကျသွားသည်။…
ထိုစာလွှာတွင် တိုင်းပြည်၏ အရှင်သခင် မုန်းဘုရင် မင်းမြတ်မှ သူမအား ယခုချက်ချင်း နန်းတော်သို့ အခစားဝင်စေခါ ကပြဖျော်ဖြေ ပေးရန် ဆင့်ခေါ်ထား ခြင်းကြောင့်ပင်…
ဆင့်ခေါ်လွှာအား အဆုံးထိ ဖတ်ပြီးသည်နှင့် စာလိပ်အား မူလအတိုင်း သေချာ ပြန်လိပ် ခေါက်ကာ…
မျက်လွှာ ချထားသည့် ချောင်အန်းထံ အကြည့် ရောက်မိသည်။…
ထူးဆန်းလိုက်တာ ငါကတတ်မှန်း အရှင်မင်းမြတ်က ဘယ်လို လုပ်ပြီး သိရတာလဲ…
“ဒီမှာ…အရှင်မင်းကြီးက ကျွန်မကို ဘာလို့ သိနေရတာလဲ…”
“သခင်မလေး ဘုရင်မင်းမြတ်၏ ဆင့်ခေါ်စာအား လက်ခံရရှိပြီး ဖြစ်လို့ စာထဲက အကြောင်းအရာအတိုင်း မင်းကြီးထံ အခစားဝင်ရန် ကျွန်တော်မျိုး အနောက်သို့ လိုက်ခဲ့ပေးပါ…”
သူမ၏ အမေးအား မျက်ကွယ် ပြုခါ ပြန်မဖြေပဲ နန်းတော်သို့ အခစားဝင်ဖို့ ပြောခါ အခန်းပြင်သို့ ထွက်ရန် ပြင်လိုက်သည့် ချောင်အန်းအား…
“ကျွန်မ မေးတာကို ဖြေပါဦး…
ဘာလို့ မင်းကြီးက ကျွန်မကို သိနေရတာလဲ လို့…”
လက်မောင်းလေးအား ဖမ်းဆွဲခါ မေးလိုက်သည့် သူမကြောင့် ချောင်အန်း မျက်နှာ ကွက်ကနဲ ပျက်သွားသည်…
အတတ်နိုင်ဆုံး သူမနဲ့ အသားချင်း မထိမိအောင် ရှောင်နေရာမှ ယခုကဲ့သို့ သူမဘက်က ကိုယ်ထိ လက်ရောက် မေးမြန်းလာ၍ စိတ်မယိုင်မိအောင် မနည်း ထိန်းချုပ်နေရသည်။..
“သခင်မလေး ကျွန်တော်မျိုး လက်မောင်းကို လွှတ်ပါ
ယခုလို ဖြစ်ရပ်က မြင်သူ မသင့်တော်ပါဘူး …”
ထိုအခါမှ ဖမ်းဆွဲထားမိသည့် လက်မောင်းအား လွှတ်ပေးလိုက်ခါ အနောက်သို့ ခြေတစ်လှမ်းပြန် ဆုတ်မိသည်…
“ဟို..တောင်းပန်ပါတယ်..
ကျွန်မ မရည်ရွယ်ပါဘူး..”
“ရပါတယ်..သခင်မလေး..နန်းတော်သို့ အခစား ဝင်ရန်သာ လိုက်ခဲ့ပေးပါ…”
“ဒါပေမယ့်…ကျွန်မ..မေးနေ..”
“တောင်းပန်ပါတယ် သခင်မလေး..ကျွန်တော်မျိုးလဲ အဲ့အကြောင်းရင်း ကိုတော့ တကယ် မသိပါဘူး …ဒါကြောင့် ဆက်မေးမနေတော့ပဲ မင်းကြီး၏ ဆင့်ခေါ်စာ အတိုင်း လုပ်ဆောင်ရန် ကျွန်တော်မျိုး အနောက်သို့ လိုက်ခဲ့ပေးပါ သခင်မလေး…”
မျက်မှောင်လေး ကျုံ့ခါ နားမလည် နိုင်စွာဖြင့် သူမ တွေဝေမိသည်။…
~~~~~~~~~~~~~
[ဟွမ်ကုံ နန်းတော်]
“ ဖန်မိဖုရားခေါင်ကြီးထံသို့ ..အရှင် မင်းကြီး ကြွချီလာပါပြီ🗯”
“ဟင်…သားတော် ဖိန့် နန်းဆောင်ကို ကြွချီလာတယ် ဆိုပဲ..ဘာအကြောင်း ကိစ္စများ ရှိပါလိမ့်..”
“မယ်တော် ဖုရား နေကောင်း ကျန်းမာပါရဲ့လား..”
တွေးမဆုံးသေး နှုတ်ခွန်းဆက်သံကြောင့် လှည့်ကြည့်လိုက်ရာ ရွှေရောင် မျက်နှာဖုံးအား အရင်လို မျက်နှာတစ်ဝက် တပ်ထားခြင်းမျိူး မဟုတ်တော့ပဲ မျက်နှာအပြည့် တပ်ဆင်ထားသည့် မုန်းဘုရင်ကြောင့် မိဖုရားခေါင်ကြီးဖန်မှာ ထူးဆန်းမိသည်။…
ဟင် ဘယ်လို ဖြစ်တာလဲ သားတော်က
ခါတိုင်းဆို ရွှေရောင် မျက်နှာဖုံးကို မျက်နှာတစ်ဝက်ပဲ တပ်ထားတတ်တာပါ..အခုကျမှ ဘာလို့ မျက်နှာအပြည့် တပ်ထားရတာ ပါလိမ့်…
“နေကောင်း ကျန်းမာပါတယ် သားတော်… ဒါနဲ့ ဘာအကြောင်းကြောင်း ကြောင့်များ လူမလွှတ်ပဲ နန်းဆောင်သို့ ကိုယ်တိုင် ကြွချီလာရပါသလဲ သားတော်ဖိန့်…”
စူးစမ်း သိချင်လိုသော မျက်နှာထားဖြင့် မေးလာသည့် မိခင်မယ်တော်အား ..
မုန်းဘုရင်မှာ မျက်နှာဖုံး ချွတ်၍ ပြုံးပြမိသည်။
ထို့နောက် စားပွဲ နံဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်ခါ…
ထက်၍ ပြုံးလိုက်ပြန်သည်။…
တစ်ခါမှ မပြုမူဖူးသည့် အပြုမူများကို ပြုလုပ်နေသည့် သားတော်မင်းကြီးကြောင့် မိဖုရားခေါင်ကြီးမှာ အထူးအဆန်း ဖြစ်ကာ သံသယဝင်မိသည်။…
ထူးဆန်းလိုက်တာ သားတော် ဘာဖြစ်နေတာလဲ တစ်ခါမှ ကြည်ကြည်လင်လင် ပြုံးမပြဖူးတဲ့ သူက အခု စိတ်ပါလက်ပါနဲ့ကို နှစ်ကြိမ်တောင် ပြုံးတော် မူလိုက်သေး…
သေချာပေါက် အံ့ဖွယ် ကိစ္စရပ် တစ်ခုခု ရှိနေတာ သေချာတယ်…
“ချစ်လှစွာသော မယ်တော် ဖုရား …သားတော် မိန်းကလေးငယ် တစ်ဦးအား လွန်စွာနှစ်သက် ချစ်ခင်ဆုံမက်မိ၍ ဤရက်သတ္တပတ်တော် အတွင်းမှာ ထိုမိန်းကလေးငယ်အား တော်ကောက်လို့ မိဖုရားမြောက်ခါ မင်္ဂလာပွဲ အမြန်ဆုံး ကျင်းပမည် ဖြစ်သည်…ထို့ကြောင့် သားတော်၏ မင်္ဂလာပွဲအား မယ်တော် ဖုရား ကြည်ဖြူစွာ ကောင်းချီးမင်္ဂလာ ပေးအပ်လို့ လက်ခံပေးရန် သားတော်မှ ဦးတိုက်လျှောက်ထား ပါရစေ...”
“ဘယ်…ဘယ်လို သားတော်…ရက်သတ္တပတ်အတွင်းမှာ တော်ကောက်လို့ မိဖုရားမြောက်ခါ မင်္ဂလာပွဲ အမြန်ကျင်းပမယ် ဟုတ်လား သားတော်…”
လုံးဝ မထင်မှတ်ထားသည့် ချစ်ခင်နှစ်သက်သည် ဟူသော စကားအား သားတော် ပါးစပ်မှ ပြောထွက် လာသည်ကို နားနှင့် ဆက်ဆက်ကြားလိုက်ရ၍ ကိုယ့်နား ကိုယ်ပင် လုံးဝမယုံကြည် နိုင်ချေ…
ကြားသိရသည်အား နားကြားများ လွဲလေသလား ဟုပင် ထင်မိသည်…
~~~~~~~~~~~~~~~~~
“သခင်မလေး…
ဒီဘက်နန်းဆောင်တော်ကို ကြွပါ …”
ချောင်အန်းဖိတ်ခေါ်သည့် နန်းဆောင်တော်ကြီးမှာ အင်မတန်အနုစိတ်မြောက် လှပခါ ခမ်းနားလွန်းသည်။…
မြင်ရသူအဖို့ ရင်သက်ရှူမော ငေးမောစေနိုင်သည်။…
🌸🌸🌸🌸 အပိုင်း ၁၉ ဆက်ရန် >>>
#စာဖတ်ပရိတ်သက်အပေါင်းအားလေးစားလျက်
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)~