book

Index 17

(အပိုင်း ၁၇)

  • Author : Kyawal
  • Genres : Comedy, Drama, Action

🌸ကချေသည်🌸


Author ✍️ ကြွယ်

“ချောင်အန်း…
မင်း ဘယ်လို လုပ်လိုက်တာလဲ…”

ခုံပေါ်တွင် ထိုင်စေခါ ပြောလိုက်သည်။

“ဟင်..ကျုပ် ဘာလုပ်လို့လဲ …
ကျုပ်ကပဲ အလုပ်ခံ ရတာလေ…
အိမ်တော်ထိန်းပဲ ကျုပ် ခြေချောင်းကို တတ်နင်းပြီး…ဟောအခု ပြောရင်းတောင် နာလာပြီ..အား..ကျွတ်..ကျွတ်
နာလိုက်တာကွာ…
အိမ်တော်ထိန်း ဘယ်မှာလဲ ဆေး
ဆေးလူးပေး မှာဆို…”

မချိုမချဉ်မျက်နှာထားဖြင့် မေးငေါ့နေသည့် ချောင်အန်းအား အိမ်တော်ထိန်းမှ…

“ဟွန်း..ဆေးဟုတ်လား..ဘာဆေးလဲ …ဘာဆေးလဲ…ကဲ..ကဲ..”
ကျောပြင်အား လက်သီးဆုတ်ဖြင့် ခပ်နာနာလေး ထုရိုက်လိုက်သည်။…

“ဘုတ်…ဘုတ်..”

“အာ့…ဟာ..အိမ်တော်ထိန်း…”

“ဘာလဲ … ဘာအိမ်တော်ထိန်းလဲ နင်ဟာလေ..ကိုယ့်သေတွင်း ကိုယ်တူးတာ သိလား..”

နားမလည်နိုင်စွာ ကြည့်မိသည်။…
“ဟာ…ကျုပ်က ဘာလုပ်လို့လဲဗျ…”

“ဘာလုပ်လို့လဲ ဟုတ်လား…
နင် စောနက ရှောင်လု ရှေ့မှာ မင်းကြီးလို့ ထွက်လိုက်တာလေ…”

ဝန်ခံပါသည်။သူမင်းကြီးလို့ ထွက်လိုက်ပေမယ့် မပီသခဲ့ပါ..
“အွန်းလေ အဲ့ဒါ ဘာဖြစ်လို့လဲ..
အိမ်တော်ထိန်းကလဲ…”

“ဘာဖြစ်လို့လဲ ဟုတ်လား…ဘာဖြစ်ရမှာလဲ…
အဲ့တာ နင့်သေတွင်းပဲဟဲ့ …နင့်သေတွင်း…”

အိမ်တော်ထိန်း၏ အရင်းမရှိ အဖျားမရှိ စကားကြောင့် ကြောင်အသွားရသည်။ ဘာကိုဆိုလိုနေမှန်း သူတကယ်ကို မသိ နားမလည်တော့ပါ…
“နားမလည်ဘူး…ဘာကို ပြောချင်တာလဲ အိမ်တော်ထိန်း..”

အူတူတူမျက်နှာထား ဖြစ်နေသည့် ချောင်အန်းအား အိမ်တော်ထိန်းမှ မုန်းဘုရင်မှာသွားသည့် ပစ်ညက်ချက် တချို့အား ရှင်းပြလိုက်သည်။…

“ဗျာ…အဲ့လိုလား…”

“အေး…ဒါကြောင့် နင် ဆက်မပြောအောင် ငါ တမင် ခြေထောက်ကို နင်းချလိုက်တာ…”

“ဟာဗျာ…ရိုးရိုး လက်တို့လဲ ရရဲ့ သားနဲ့
အခုတော့ ဗျာ ကျုပ် ခြေထောက်က အသက်လွတ် အတော်ကို နာသွားပြီ…”

ဒူးလေးတင်ခါ နာသွားသည့် ခြေချောင်းလေးအား ဖိပွတ်နေသည်။…

~~~~~~~~~

[ဟွာထန် တိုင်းပြည်]

“အရှင် မင်းကြီး…
မနေ့က ဘဏ္ဏာတော်ဆက်သခဲ့သည့် (…)ကုန်သည်မှ အရှင်မင်းကြီးအား တွေ့ခွင့် တောင်းနေကြောင်းပါ…”

ပိုးဖဲကတ္တီပါသားတို့ ဖြင့် လှပစွာ ခင်းကျင်းထားသည့် ပလ္လင်မြင့်အထက်မှ လာရောက် လျှောက်တင်သူအား ငုံ့ကြည့်လိုက်သည်။…
ရွှေရောင်နဂါးလက်စွပ် ဝတ်ဆင်ထားသည့် လက်ချောင်းဖြင့် မေးစေ့အား ပွတ်သပ် လိုက်ရင်း…
မျက်ခုံးပင့်ခါ ခေါင်းညိမ့်ပြလိုက်သည်။

“ကောင်းပြီ …ငါကိုယ်တော် ခွင့်ပြုတယ်..တွေ့ခွင့်ပြုလိုက်..”

“မှန်လှပါ အရှင်မင်းကြီး…”

ဒူးထောက် ဦးညွှန့် အရိုအသေပေးခါ တွေ့ခွင့်တောင်းလာသည့် ကုန်သည်အား ဆင့်ခေါ်လိုက်သည်။..
ထိုကုန်သည်မှာ ဝတ်ရုံ အညိုဖြင့် ရုပ်ဖျက်ထားသော မုန်းဘုရင်၏ သစ္စာခံ ညာလက်ရုံး ချွေ့သူရဲကောင်းပင်…
ချောင်အန်းကတော့ မုန်းဘုရင်၏ လူယုံတော် သစ္စာခံ ဘယ်လက်ရုံး ဟုပြောရပေမည်….

“ဂါရဝ ပြုပါတယ် မြင့်မြတ်လှသော အရှင်မင်းကြီး….”

သဘောကျစွာ နှုတ်ခမ်းအား မဲ့ပြုံးလိုက်ရင်း.. လက်ကာပြသည်။..

“လာရင်း ကိစ္စက …”

“ဟို…ကျွန်တော်မျိုး အတင့်ရဲလွန်း သည်ဟု သိပေမယ်လို့ လျှောက်တင်ခွင့်တော့ ပြုတော်မူပါ အရှင်မင်းကြီး…”

မဝင့်မရဲ ဟန်ဖြင့် လျှောက်တင်ခွင့်တောင်းသည့် ကုန်သည်၏ စကားကြောင့် ဘုရင်အိုက်ချန် မျက်ခုံးကျုံ့မိသည်။…
အဘယ်သို့သော အကြောင်းအရာအား လျှောက်တင်မည် ဖြစ်သောကြောင့် ယခုကဲ့သို့ စကားပလ္လင်ခံနည်း ဟု သူတွေးမိသည်……

“ဘာများလဲ…ကုန်သည်ကြီး..
လျှောက်တင်စေ…”

“ဒီလိုပါ အရှင်မင်းကြီး…
အရှင်မင်းကြီး၏ ဖခမည်းတော်ဟာ မည်မျှ တော်ခါ အစွမ်းထက်ပါသည် ဟူသော ဆေးသမားတော်များနှင့် ကုသ စေခါမူ
ဆေးမတိုးပဲ အလွန်အမင်း နာမကျန်း ဖြစ်ခါ ဝေဒနာခံစားနေရသည်ဟု ကျွန်တော်မျိုး ကြားသိရပါသည်….
ထိုသတင်းစကားအား ကြားသိရ၍လဲ ကျွန်တော်မျိုး အရှင်မင်းကြီး၏ ဖခမည်းတော်အတွက် အင်မတန်စိတ်မကောင်း ဖြစ်ရပါသည်။…
ထို့ကြောင့် ကျွန်တော်မျိုးဟာ ကိုယ်နှင့် မအပ်ဆက်သည့် ကိစ္စရပ် ဖြစ်ပါသော်လဲ ဝေဒနာအပြင်းအထန် ခံစားနေရသည့် အရှင်မင်းကြီး၏ ဖခမည်းတော်အား ဂရုဏာတော်သက်ခါ ခံစားရသည့် ဝေဒနာအား အမြန်ပျောက်ကင်းစေလိုသော စိတ်ဆန္ဒမေတ္တာစေတနာဖြင့် အရှင်မင်းကြီး ခွင့်ပြုပါက ကျွန်တော်မျိုး အကြံပြုလျှောက်တင်ပါရစေ အရှင်မင်းကြီး….”

“ကောင်းပြီ…
ငါကိုယ်တော် ခွင့်ပြုတယ် အမြန်လျှောက်တင်စေ…”

ဖခမည်းတော်မင်းကြီး၏ ရောဂါဝေဒနာအား သက်သာ ပျောက်ကင်းစေလိုသည် ဟူသော ကုန်သည်၏ စကားကြောင့် စိတ်ဝင်စားခါ မငြင်းဆန်ပဲ အမြန် လျှောက်တင်ခွင့် ပြုလိုက်သည်။…

“မှန်ပါ အရှင်မင်းကြီး…ဘာဆေးမှ မတိုးပဲ ဖြစ်နေသည့် အရှင်မင်းကြီး၏ ဖခမည်တော်အား ကျွန်တော်မျိုး ကုန်သွယ်ရင်း မှတဆင့် သတင်းမွှေးပျံ့ခါ ကြားသိခဲ့ရသည့် နတ်ဆေးသမားတော်ဟုပင် တင်စားခေါ်ဝေါ် ရလောက်သည်အထိ ဆေးစွမ်းကောင်းများ ပိုင်ဆိုင်ထားသည့် ဆေးသမားတော် တစ်ဦးအား ကျွန်တော်မျိုး တွေ့ရှိ ထားကြောင်းပါ အရှင်မင်းကြီး…
ကျွန်တော်မျိုး အတွေးနှင့် စေတနာမှာ ဘာဆေးမှမတိုးပဲ အလွန်အမင်း နာမကျန်းဖြစ်ခါ ဝေဒနာ ခံစားနေရသည့် အရှင်မင်းကြီး၏ ဖခမည်းတော် အား ထို နတ်ဆေးသမားတော်နှင့် တစ်ကြိမ် ၊တစ်ခါလောက်မျှ စမ်း၍ ကုသမှု ခံယူစေလိုချင်မိပါသည်…
ပထမ အကြိမ် အစမ်းကုသပေးမှုတွင် အရှင်မင်းကြီး၏ ဖခမည်းတော် ခံစားရသည့် ဝေဒနာများ သက်သာလာသည် ရှိသော် အခြား ဆေးသမားတော်များဖြင့် ကုသခြင်း ပြုမနေတော့ပဲ ထို နတ်ဆေးသမားတော်ကို သာ အမှီပြု၍ ပျောက်ကင်း သက်သာအောင် ကုသစေချင်လိုကြောင်း
ကျွန်တော်မျိုး စိတ်ဆန္ဒ စေတနာဖြင့် အကြံပြု လျှောက်တင်အပ်ပါသည်…အရှင်မင်းကြီး…”

ဤကုန်သည်အား တွေ့မြင်ရသည်မှာ ရက်သတ္တပတ်မျှ မကြာသေးသော်လည်း သူ၏ ရိုကျိုးစွာ ဆက်ဆံမှုနှင့် ကုန်သည် ပီပီ အများသူငှါ သဘောကျနှစ်သက်အောင် စကားပြောဆို ဖော်ရွေ တတ်မှုတို့ကြောင့် ဘုရင်အိုက်ချန် သဘောကျခါ တရင်းနှီးတော့ရှိမိသည်။…

“အဟွန်း ငါကိုယ်တော်…ကုန်သည်ကြီး၏ စိတ်စေတနာဖြင့် အကြံပြု လျှောက်တင်ချက်အား အားရဝမ်းသာစွာ လက်ခံပေသည်…”

လက်ခံလိုက်သည့် ထိုစကားကြောင့် ကုန်သည်ကြီးမှာ ဘုရင်အိုက်ချန် မမြင်အောင် ညစ်ကျယ်စွာ ပြုံးမိသည်။…
အင်္ကျီနား ကပ်နေသည့် လက်ခုံအား ကျစ်ကျစ်ပါအောင် ဖိဆုတ်လိုက်ရင်း…
အဟွန်း…အခုဆို ဉာဏ်နည်းခါ အယုံကြည်လွယ်ပြီး..တုန်းအလွန်းသော ဘုရင်အိုက်ချန်က ကျွန်တော်မျိုး၏ ဟန်လှည့် လျှောက်ထားချက်အား လက်ခံလိုက်ပြီ အရှင် မုန်းဘုရင်
မကြာခင်မှာ စစ်မဖြစ်မှီ ကျွန်တော်မျိုးတို့ အကြံစည် အောင်မြင်ခါ အရှင် မုန်းဘုရင်၏ ဆုံးပါးသွားသော ဖခမည်းတော်အတွက် အမြန် လက်စားချေ နိုင်တော့မှာပါ…ဟားဟား ဟား…
သစ္စာခံ သူရဲကောင်းချွေ့…
လက်စားချေနိုင်တော့မည့် မုန်းဘုရင်အတွက် တွေးခါ ဝမ်းမြောက်နေ၏…

“ကုန်သည်ကြီး…
ငါကိုယ်တော် ထိုနတ်ဆေး သမားတော်အား အမြန်ဆုံး တွေ့ချင်လှပေသည်။..
ထို့ကြောင့် ကုန်သည်ကြီးမှ တဆင့်…
ငါကိုယ်တော် ရှေ့တော်မှောက်သို့ ထိုနတ်ဆေးသမားတော်အား အမြန် အခစားဝင်ရန် ဆင့်ခေါ်စေ….

“မှန်လှပါ အရှင်မင်းကြီး….
ထိုနတ်ဆေး သမားတော်အား အရှင်မင်းကြီး၏ ရှေ့တော်မှောက်သို့ ကျွန်တော်မျိုး အမြန်ခေါ်ဆောင် လာခဲ့ပါ့မယ် အရှင်မင်းကြီး….
သို့ပေမယ်လို့ ဆင့်ခေါ်ရမည့် နယ်မြေမှာ ဝေးကွာခြင်းကြောင့် ရက်အနည်းငယ်မျှ ခတ္တ စောင့်ဆိုင်းပေးတော် မူပါ အရှင်မင်းကြီး..”

“ကောင်းပြီ ကုန်သည်ကြီး…
တစ်ရက် / နှစ်ရက် ထက်အမျှ မကြာစေနှင့်…”

“မှန်လှပါ အရှင်မင်းကြီး..
ဒါဆို ကျွန်တော်မျိုး လာရင်းကိစ္စမှာ ပြီးမြောက်ပြီ ဖြစ်သည့်အတွက် ခွင့်ပြုတော် မူပါဦး အရှင်မင်းကြီး…”

တုန်းအလွန်းသည့် ဘုရင်အိုက်ချန်မှာ ကုန်သည်ကြီးအား သဘောကျစွာ နှုတ်ခမ်းမဲ့ ပြုံးလိုက်ရင်း…
“ဟုတ်ပြီ..ကုန်သည်ကြီး…”

အရိုအသေပေးခါ ထွက်ခွါသွားသည့် ကုန်သည်၏ ကျောပြင်အား ရပ်ကြည့်နေမိသည်။..

~~~~~~~~~~~~~

နေဝင်ချိန် မရောက်သေးသော ညနေခင်းလေးတစ်ခု…
လေပြေအေးတို့က ညိုးငယ်နေသော မျက်နှာတစ်ဝှိုက် ပြိုကျနေသည့် ဆံနွယ်ရှည်တွေ လှုပ်ခက်အောင် ထိတို့ ကျီဆယ်နေသည်။
လှပသည့် ကြာပန်းများနှင့် ငါးရောင်စုံတို့ ရှိနေသည့် ကန်ရေမျက်နှာပြင်အား ဖြူဖွေး သွယ်လျနေသည့် လက်ချောင်းလေးများဖြင့် စိတ်မပါစွာ ထိတို့ ကစားနေသည်။…

“သခင်မလေး…”

အိမ်တော်ရှေ့ အလှမွေး ငါးမွေးကန်ကြီး၏ ဘောင်ပေါ်တွင် ညိုးငယ်စွာ ထိုင်နေသည့် သူမ…
နောက်ကျောဘက်မှ ခေါ်သံတစ်ခုကြောင့် လှည့်ကြည့်မိသည်။…
ရုပ်ကလေး ချောသလောက် တည်ငြိမ်မှုမရှိ ပြုံးဖြီးဖြီးဖြင့် ရယ်ပြနေသည့် ချောင်အန်းအား တွေ့လိုက်ရသည်။…
သူမအနီးသို့ တရွေ့ရွေ့လျှောက်လာခါ ရှေ့တည့်တည့်တွင် ဝင်ထိုင်လိုက်သည်။

“သခင်မလေး…ဘာတွေများ
စိတ်မကောင်း ဖြစ်စရာရှိနေလို့ ဒီမှာ တစ်ယောက်ထဲ ညိုးနွမ်းစွာ လာထိုင်နေရတာလဲ”

“ဟုတ်…ဒီလိုပါပဲ…
ဒါနဲ့ ရှင်လာတာနဲ့ အတော်ပဲ…
ကျွန်မ ရှင့်ကို မေးစရာရှိတယ်..”

“ဟုတ်မေးပါ သခင်မလေး…”

“ကျွန်မကို စောင့်ရှောက်ပေးဖို့ မနေ့က ရှင့်ကို လူကြီးမင်းက လွှတ်လိုက်တာဆိုတော့ ရှင်က လူကြီးမင်းရှိတဲ့ နေရာကို သိမှာပေါ့နော်…”

“အွန်း…ဒါပေါ့ သိတာပေါ့ သခင်မလေးရဲ့.”

ခပ်သွက်သွက်လေး ခေါင်းညိမ့်ပြလိုက်သည့် ချောင်အန်းကြောင့် ရှောင်လုမျက်နှာလေး ညိုးငယ်နေရာမှ အရောင်လက်သွားသည်။

“ဒါဆို…ကျွန်မကို တစ်ခုလောက် ကူညီပါ့လား ဟင်….”

“ဟုတ်…ကူညီပါ့မယ်..သခင်မလေး”


“အဟင်း…ဝမ်းသာလိုက်တာ ..”
သွားစွယ်လေးများ ပေါ်အောင် ရယ်လိုက်သည့် သူမ အပြုံးတို့က မြင်ရသူရင်ထဲ အေးမြစေသည်။..
အပြစ်ကင်းခါ ဖြူစင်သည်….

“ဒါနဲ့ ဘာများ ကူညီပေး ရမှာလဲ သခင်မလေး”

“ဟို…ကျွန်မကိုလေ လူကြီးမင်း ရှိတဲ့ နေရာစီ လိုက်ပို့ပေးပါလား ဟင်…”

“ဟင်!…ဗျာ..”

မထင်မှတ်ထားသည့် သူမ စကားကြောင့် ခေါင်းငယ်ထိပ် တည့်တည့် မိုးကြိုးပစ် ခံရသည့်အလား မျက်လုံးများ ပြူးကျယ်ခါ ထိန့်လန့်သွားသည်။…
သူမအား မင်းကြီးထံ ခေါ်သွားပေးရန်မှာ လုံးဝ မဖြစ်နိုင်ပါ…
အကယ်၍ သူမအား သူသာ ခေါ်သွား ပေးလိုက်လျှင် မုန်းဘုရင် ဖုံးကွယ်ထားသမျှ အဖြစ်မှန် အကုန်သိခါ သူ့အား မုန်းဘုရင် အမျတ်တော် ရှတာလဲ ခံရနိုင်သလို ကိုယ့်သေတွင်း ကိုယ်တူးသလိုလဲ ဖြစ်သွားနိုင်သည်။…

“မဖြစ်ဘူး …ဒါလုံးဝ မဖြစ်ဘူး..
သခင်မလေး..”

“ဟင်!..ဘာလို့လဲ…”
ထိန့်ထိန့်ပြာပြာ ငြင်းဆန်လိုက်သည့် ချောင်အန်းအား သူမမေးခွန်း ထုတ်မိသည်။…

“အဲ့ကိစ္စ လုံးဝ မဖြစ်နိုင်လို့ပါ သခင်မလေး..
တခြားဟာ ပြောင်းပြီး တောင်းဆိုပါ့လား သခင်မလေး…”

“ဟင့်အင်း တခြားဟာ ပြောင်းပြီး မတောင်းဆို ချင်ဘူး…ကျွန်မကို လူကြီးမင်းက ဘာမှ ပြောမသွားပဲ ဒီအိမ်တော်ကြီးမှာ ထားခဲ့တာ …
ဒီနေ့နဲ့ဆို နှစ်ရက်တောင် ပြည့်တော့မယ် နောက်ပြီး လူကြီးမင်းက အိမ်တော်ကိုလဲ ပြန်မလာဘူး
ကျွန်မ လူကြီးမင်းကို အရမ်းတွေ့ချင်တယ်…ဒါကြောင့် ကူညီပါနော်..နော်..ကျွန်မ အရမ်းတွေ့ချင်လို့ပါ

ညိုးငယ်စွာ အကူအညီတောင်းနေပြီး အားကိုးတကြီး လာကိုင်နေသည့် သူမ လက်ချောင်းတို့အား ချောင်အန်းတစ်ယောက် အားနာစွာဖြင့် မသိမသာ ဖြည်ချနေမိသည်။
“မဖြစ်နိုင်ပါဘူး သခင်မလေး ..
ဒါတော့ လုံးဝ မဖြစ်နိုင်လို့ပါ ကျွန်တော်မျိုးကို ခွင့်ပြုပါဦး…”

“ဟင်…အဲ့လို မလုပ်ပါနဲ့..နေဦးလေ..မသွားပါနဲ့

ရှေ့တည့်တည့် ထိုင်နေရာမှ ဇွတ်ထသွားသည့် ချောင်အန်း လက်မောင်းအား လှမ်းဖမ်းဆွဲရာ…
လက်မောင်းသားအား မမိပဲ လွှတ်ထွက်သွားခြင်းကြောင့် …
“ဟင်..အမေ့..!”
ရေကန်ဘက်သို့ နောက်ပြန်လှန်ကျ တော့မည့် သူမခန္ဓာကိုယ်လေးအား ချောင်အန်း အမြန် သိမ်းဖက်ထိန်း လိုက်ရသည်။…

အိကနဲဆိုသလို ရင်ခွင်ထဲ ပြိုကျလာသည့် သူမခန္ဓာကိုယ်လေးကြောင့် နွေးကနဲဖြစ်သွားသည်။..
မျက်နှာ နှစ်ခု နီးကပ်စွာ ရှိသွားပြီး..
ချောင်အန်းတစ်ယောက် ဘယ်ဘက်ရင်အုံမှ နှလုံးခုန်သံတို့ ပေါက်ကွဲထွက်မတတ် ဝုန်းဒိုင်းကျဲ ခုန်ပေါက်နေသည်။..
ရင်ဘက်ကလေး နိမ့်ခါမြင့်ခါဖြင့် အသက်ရှူနေသည့် သူမလေး၏ ဝင်လေထွက်လေ အသွယ်သွယ်တို့က နွေးကနဲ သူ့မျက်နှာပေါ် ကျရောက်နေသည်။..
ကြောင်အစွာ ရင်ခွင်ထဲမှ မတုန်မလှုပ် မျက်လုံးဝိုင်းလေးဖြင့် မော့ကြည့်နေသည့် သူမအား…
စိုက်ကြည့်နေရင်းမှ မြင်ကွင်းတို့က နှင်းဆီရောင် သန်းခါ ဖူးကြွသည့် သူမ နှုတ်ခမ်းသားလေး စီသို့ ….
ထိန်းချုပ်မှု အသိစိတ်တို့ လွတ်ထွက်ခါ ဖူးကြွနေသည့် သူမနှုတ်ခမ်းလေးအား ငုံ့နမ်းရန် ဆုံးဖြတ်လိုက်သည်။…
မသိမသာဖြင့် တဖြည်းဖြည်း ငုံ့ကျ လာပြီးခါမှ နားထဲ ပဲ့တင်ထက်အောင် ကြားလိုက်ရသည်က မုန်းဘုရင်၏ အမှာစကားး….
“ကိုယ်ထိလက်ရောက်..ရောက်..
မဆိုထားနှင့်..နှင့် ..စိတ်နှင့်တောင် ပစ်မှားပိုင်ခွင့် …ပိုင်ခွင့်..မင်းမှာ လုံးဝမရှိဘူး … လုံးဝမရှိဘူး…”

ဗြုန်းကနဲ အသိစိတ်တို့ ပြန်ဝင်လာခါ ငုံ့ကျနေသည့် ဦးခေါင်းအား ပြန်တည့်မတ်လိုက်သည်။..
ထို့နောက် ရင်ထဲ စိုးထိန့်မိသည်…
လှမ်းဖမ်းထိန်းခါ သိမ်းဖက်ပေးထားသည့် သူမကိုယ်လေးအား လွှတ်ပေးလိုက်ပြီး…..
“ကျွန်တော်မျိုး အပြုအမူ ရိုင်းသွားခဲ့လို့ တောင်းပန်ပါတယ် သခင်မလေး..
သွားခွင့်ပြုပါဦး …”

ဦးညွှန့် အရိုအသေးပေးခါ နေရာမှ အမြန်ထွက်ခွါ သွားသည့် ချောင်အန်း ကျောပြင်အား သူမ နားမလည်နိုင်စွာဖြင့် ရပ်ကြည့်ခါ နေရာတွင်သာ ကျန်နေခဲ့သည်။…
တကယ်တမ်း နှုတ်ခမ်းကို နမ်းဖို့ ကြံစည်ခဲ့သည့် သူ့လုပ်ရပ်အား သူမ သတိမထား မိခဲ့ချေ….

“ဟူး..တော်သေးတယ် အမြန် သတိကပ်လိုက်လို့ မဟုတ်ရင် ငါမှားတော့မလို့..ဟင်..ဘာလဲ …ဘာလို့လဲ
ရင်တွေ အရမ်းခုန်နေတာ ဘာကြောင့် အခုထိ မရပ်သေးတာလဲ…
ဘာလဲ ငါ သခင်မလေးကို ရင်ခုန်နေတာလား..ဟာ ဒါ..ဒါ မဖြစ်သင့်ဘူး..ဒါလုံးဝ မဖြစ်သင့်တဲ့ အရာပဲ
ဟာကွာ..မင်းကြီး ငါ့ကို ဒီလောက် အတန်တန် မှာထားတဲ့ ကြားကတောင် ငါက ငါက…သခင်မလေးကို
ဟား..ကျစ်…တော်ပါတော့ ရပ်ပါတော့ ..ရင်ခုန်နေတာတွေ ရပ်လိုက်ပါတော့ ငါမပစ်မှားသင့်ဘူး သခင်မလေးက မင်းကြီး ပိုင်တဲ့ မိန်းကလေး…
ငါ့မှာ ပစ်မှား ခွင့် မရှိဘူး…
ငါသေလိမ့်မယ်…ကိုယ့် အရှင်သခင်ရဲ့ မိန်းကလေးကို လုံးဝ မပစ်မှားသင့်ဘူး..ဟုတ်တယ် မပစ်မှားသင့်ဘူး
လုံးဝ မပြစ်မှား သင့်ဘူး… အမြန် အသိဝင်စမ်း ..အသိဝင်စမ်း..ချောင်အန်း အသိတရားရှိစမ်းပါ...မင်း အသိတရား ရှိစမ်းပါ…

ချောင်အန်းတစ်ယောက် ကိုယ့်ကိုကိုယ် နားဝင်အောင် တရားချခါ ဘယ်ဘက် ရင်အုံအား လက်ဖြင့် ဖိစမ်းရင်း…
ညာဘက်ပါးကို တဖက်ဖက်ဖြင့် ကိုယ့်ဘာသာ ရိုက်နေမိသည်။…

ရင်ခုန်မှုတိုင်းဟာ အချစ်မဟုတ်ပါ~
သို့သော် အချစ်ရဲ့ အစပျိုးမှုတိုင်းဟာ ရင်ခုန်မှုပင်~

~~~~~~~~~~~

“ဝှီး..ဝှီး…~~”

လေအေးများ တဝှီးဝှီးတိုက်ခက်နေသည့် ပြတင်းပေါက် ဘောင်ပေါ်တွင် လက်ကလေးတင်ခါ ခေါင်းလေးမှီ၍ အိပ်ပျော်နေသည့် သူမ….

တိုက်ခက်လာသည့် လေအေးတို့ကြောင့် တချက်တချက် မျက်ခုံးလေးကျုံ့ခါ ပခုံးလေးတွန့်မိသည်။…
သို့သော်လည်း မျက်ခွံများ လေးလံနေ၍ မနိုးထချေ…

သူမ ထိုသို့ အိပ်မပျော်မှီ ပြတင်းပေါက် နားထိုင်ခါ လူတစ်ဦး၏ ပြန်အလာကို စောင့်မျှော် နေခဲ့သည်။…
ထိုလူမှာ စာဖတ်သူတို့ အားလုံး ရင်းနှီးစွာ သိကြသည့် မုန်းဘုရင်ဆိုသူပင်….
ဒီနေ့လဲ ပြန်လာနိုး ဆိုပြီး ပြတင်းပေါက်လေး ဖွင့်ခါ စောင့်နေလိုက်တာ ယခုကဲ့သို့သူမ အိပ်ပျော် သွားသည့် အချိန်ထိပင်….

“ဟင်!.. ပြတင်းပေါက်ကြီး ဖွင့်ပြီး သခင်မလေး...အိပ်ပျော်နေတယ် …
ကျစ်…ဒီမြင်ကွင်းသာ အိမ်တော်ထိန်း မြင်သွားရင် သေချာပေါက် ငါတော့ အဆူခံရမှာပဲ …”

“သခင်မလေး…သခင်မလေး..”

“ဟင်…အွန်း..”

လှုပ်နှိုးလိုက်သည့် အစေခံမလေးကြောင့် အိပ်နေရင်းမှ မျက်လုံးလေး ပွတ်သပ်ခါ သူမ နိုးလာခဲ့သည်။…

“သူ..ပြန်လာပြီလား ဟင်…”

“ဟင်…သူ..သူက ဘယ်သူလဲ .. ဘယ် သူက ပြန်လာမှာလဲ သခင်မလေးရဲ့…
(…)မသိပါဘူး…”

“ဟို..အဲ့ဒါ..လူကြီးမင်း..
လူကြီးမင်းကို ပြောတာပါ..ပြန်လာပြီမလား ဟင်…”

“ဪ…သခင်မလေးရယ် သခင်ကြီးက အခုချိန်ထိ ပြန်မလာသေးပါဘူး ”

အစေခံမလေး၏ ‘ပြန်မလာသေးဘူး’ ဆိုသည့် ဖြေသံကြောင့် သူမ ရင်ထဲ ဆို့တတ်ခါ အတော်ခံစားလိုက်ရသည်။…ဒါဆို ပြန်မလာတာ နှစ်ရက်ပြည့်လို့ သုံးရက်တောင် ကူးတော့မှာပေါ့..

စိတ်မကောင်းဖြစ်ခါ မျက်ရည်ကြည်များ လည်နေသည့်သူမအား …
အစေမလေးမှ နှစ်သိမ့်သည့် အနေဖြင့်
အကြောင်းပြချက် ပေးခါ…
ပြတင်းပေါက်နား ထိုင်အိပ်နေရာမှ ထခိုင်းလိုက်သည်။…’
“သခင်ကြီး ပြန်မလာတာကလဲ အရမ်းအရေးကြီးတဲ့ ကိစ္စရှိနေလို့ နေမှာပါ သခင်မလေးရဲ့ …ကဲကဲ ထနော်..
သခင်မလေး … (…)အချိန်ကြည့်ဖို့ ထွန်းပေးထားခဲ့တဲ့ ဖယောင်းတိုင် အတုတ် တစ်ချောင်းတောင် ကုန်သွားခဲ့ပြီ သခင်မလေးရဲ့…ဒါကြောင့် အချိန် မနည်းတော့ဘူး
(…) ပြတင်းပေါက် ပိတ်လိုက်မယ်.. သခင်မလေး..အိပ်ယာမှာ သွားအိပ်လိုက်တော့နော်…အပြင်မှာ လေအေးတွေ အရမ်း တိုက်တယ်…
ဒီလိုသာ သခင်မလေး ပြတင်းပေါက် နားမှာ အိပ်နေရင်…
တော်ကြာ ဖျားနေလိမ့်မယ် နော် ..သခင်မလေး…”

“အွန်းပါ…ဒါဆိုလဲ ကျွန််မ သွားအိပ်တော့မယ်နော်..”

“ဟုတ်ကဲ့ သခင်မလေး..”

စိတ်မပါစွာ လေးပင်သော ခြေလှမ်း များဖြင့် အိပ်ယာစီသို့ လျှောက်လာခဲ့သည်။

🌸🌸🌸🌸 အပိုင်း ၁၈ >>>
#စာဖတ်ပရိတ်သက်အပေါင်းအားလေးစားလျက်
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)




rate now: