🌸ကချေသည်🌸
Author ✍️ ကြွယ်
🌥🌥🌥🌥🌥
“ချောင်အန်း…”
နောက်ကျောဘက်မှ လာသော အသံကြောင့် လှည့်ကြည့်မိသည်။
“အရှင်မင်းကြီး…”
မျှော်နေသော မင်းကြီး ယခုတော့ သူ့ရှေ့မှာ မျက်ဝါးထင်ထင် ပေါ်လာခဲ့ပြီ။
“အခြေအနေတွေ ဘယ်လို ရှိလဲ…
ကြင်ယာတော် ရွေးပွဲရော ဘယ်လို ဖြစ်သွားပြီလဲ…”
“မင်းကြီး ကြင်ယာတော်ရွေးပွဲ အတွက် စိတ်မပူပါနဲ့ ကျွန်တော်မျိုး ပွဲကိုအကောင်းဆုံးနဲ့ အလှဆုံး ဖြစ်အောင် အဆုံးသက်ပေး ခဲ့ပါတယ်…
ဒါပေမယ့် တော်တော်များများကတော့ မကျေချမ်းကြဘူး မင်းကြီး…”
ချောင်အန်း စကားကြောင့် မုန်းဘုရင် မျက်ခုံးတစ်ဖက် ပင့်ကြည့်ခါ
လေးကိုင်း သဏ္ဌာန် နှုတ်ခမ်းပါးကို တစ်ဖက်စောင်းပြုံးရင်း…
မေးဆက်ပြ လိုက်သည်။
“အဟွန်း…ပြောပါဦး ဘယ်လိုများလဲ…”
“ဒီလိုပါ မင်းကြီး …. “
“……………….”
စူးရှသော မျက်ဝန်းညိုဖြင့် မေးနေသော မုန်းဘုရင်အား ချောင်အန်းလဲ အဖြစ်ပျက်မှန်သမျှ အကုန် လျှောက်တင်လိုက်သည်။…
တစ်လက်လက် တောက်ပနေသည့် မှန်ဇာအပါးအား လက်ဖမိုးဖြင့် ဘေးသို့ ဖယ်သပ်ခါ ကတ္တီပါအမှီချထားသော အခင်းမြင့်ပေါ်တွင် မေးထောက်ခါ ကျကျနန မှီထိုင်လိုက်သည်။…
“အဟွန်း …ချောင်အန်း…
မင်းတော်သားပဲ …
ငါကိုယ်တော် စိတ်ကို မင်းသိနေတယ်…
မင်းသာ ကြင်ယာတော် ရွေးပွဲမှာ တစ်ဦးတစ်ယောက်ကို ရွေးချယ်ခဲ့ရင်
ငါကိုယ်တော် မင်းကို ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး..”
“မှန်ပါ မင်းကြီး ကျွန်တော်မျိုး သိပါတယ်…ဒါကြောင့်လဲ ကျွန်တော်မျိုး ဦးလေးကွန့် အကူအညီနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။…”
“ဟွန်း…ကောင်းတယ်…”
အသံထွက်အောင် ပြုံးရယ်လိုက်ပြီးခါမှ မျက်နှာတော်ပြန်တည်ခါ ချောင်အန်းအား စူးရှစွာ စိုက်ကြည့်လိုက်သည်။
“နားထောင် ချောင်အန်း…
ငါကိုယ်တော် အရေးကြီးကိစ္စ မင်းကို တာဝန်ပေး စရာရှိတယ်…”
“မှန်ပါ မင်းကြီး ကျွန်တော်မျိုး နားဆွင့်လျက်ပါ…”
“မင်း အခုချက်ခြင်း အိမ်တော်ကို ပြန်
ငါကိုယ်တော် အကြောင်းအမျိုးမျိုးကြောင့် ခေါ်ဆောင်လာခဲ့သည့် မိန်းကလေးရှောင်လုအား မြူတစ်မှုန်မျှ အန္တရာယ် မကျရလေအောင် အနားမှာ မင်း အနီးကပ် စောင့်ရှောက်ပေးပါ။…”
“အရှင်မင်းကြီး…မိန်းကလေးရှောင်လုက…!”
အာမေဋိတ် ထွက်ရင်း..
မျက်နှာတော်အား နားမလည်နိုင်စွာ ပြန်မော့ကြည့် မေးလာသည့် ချောင်အန်းအား….
“ဘယ်လို အကြောင်းကြောင့် ခေါ်ဆောင်လာခဲ့တယ်ဆိုတဲ့ ကိစ္စအရင်းမြစ်ကိုတော့ ငါကိုယ်တော်က လွဲလို့ ချောင်အန်း…မင်း…အပါအဝင် မည်သူမှ သိစရာ မလိုအပ်ပေဘူး …
ဒါကြောင့် ငါကိုယ်တော်ပေးသည့် တာဝန်ကိုသာ ကျေပွန်အောင် ထမ်းဆောင်ပါ…”
“မှန်ပါ မင်းကြီး ပေးအပ်သည့် တာဝန်ကို ကျွန်တော်မျိုး ကျေပွန်စွာ ထမ်းဆောင်ပါမည် “
“ကောင်းပြီ…ချောင်အန်း
ဒါဆို ဝတ်စုံလဲပြီး သွားနိုင်ပြီ…”
“မှန်လှပါ မင်းကြီး…
မင်းကြီးကို အရိုအသေ ပေးပါတယ်..”
လက်တစ်ဖက် ကာပြကာ ထွက်သွားခွင့် ပြုပြီးသည်မှ ….
ဖျက်ကနဲဆိုသလို ခေါင်းထဲ သတိပေးစရာ ကိစ္စရပ်က ပေါ်လာသည်။..
ထို့ကြောင့်….
“နေဦး…ချောင်အန်း..
အရေးကြီးတာ တစ်ခု သတိပေးဖို့ ကျန်နေခဲ့တယ်”
“မှန်ပါ မင်းကြီး…”
“မိန်းကလေးရှောင်လုကို အနီးကပ် စောင့်ရှောက် ပေးတဲ့အခါ
မင်း သူ့ကို လုံးဝ ပြစ်မှားပိုင်ခွင့် မရှိဘူး…
ဘာကြောင့်လဲဆိုတော့ ရှောင်လုဟာ ငါကိုယ်တော် တစ်ဦးတည်းသာ ပိုင်တဲ့ မိန်းကလေး ဖြစ်နေလို့ပဲ….
ဒါကြောင့် မင်း သူ့ကို ကိုယ်ထိလက်ရောက်မဆိုထားနှင့်
စိတ်နှင့်တောင် ပြစ်မှားပိုင်ခွင့် မင်းမှာ လုံးဝမရှိဘူး …
နားလည်လား ချောင်အန်း…”
“မှန်ပါ ကျွန်တော်မျိုး နားလည်ပါသည် အရှင်မင်းကြီး..”
“ကောင်းပြီ…
သွားတော့…”
ချောင်အန်းတစ်ယောက် ဦးခေါင်းညွှန့် အရိုအသေပေး နုတ်ဆက်ခါ ဝတ်စုံလဲလှယ်၍ နန်းဆောင်အတွင်းမှ ထွက်ခွါသွား တော့သည်။…
~~~~~~~~~~~
“အရှင်မင်းကြီး…”
အသံကြားရာသို့ လှည့်ကြည့်ရာ ချောင်အန်းဖြစ်နေသောကြောင့် ညိုပြေပြေ မျက်ခုံးတို့အား တွန့်ကြည့်မိသည်။…
“မင်း…အခုချိန်ထိ အိမ်တော်ကို မသွားသေးဘူးလား..”
“ကျွန်တော်မျိုး သွားမလို့ပါပဲ မင်းကြီး ဒါပေမယ့် ချွေ့သူရဲကောင်းစီက ခိုဖြူနဲ့ စာရောက်လာလို့ပါ..”
“ချွေ့သူရဲကောင်း စီက စာ…”
“မှန်ပါ မင်းကြီး…”
ထိုချွေ့သူရဲကောင်းဆိုသူမှာ သူကိုယ်တိုင် ဟွာထန်တိုင်းပြည်သို့ လေ့လာစုံစမ်းရန် သွားရောက်ခြင်း မပြုခင် ကတည်းက သူလျှိုအဖြစ် သတင်းယူစေရန် ဟွာထန်နန်းတော်ထဲသို့ အရောက်ပို့ စေလွှတ်ခဲ့သည့် လူယုံတစ်ယာက် ပင်….
ကမ်းပေးသော သူ၏ လက်ထဲသို့ ရောက်လာသော စာလိပ်အား တရိုတသေ ချောင်အန်း ထည့်ပေးလိုက်သည်။
“မြင့်မြတ်လှသော အရှင်မုန်းဘုရင်
ကျွန်တော်မျိုး ဟွာထန် တိုင်းပြည်မှာ သူလျှိုအဖြစ် သတင်းယူနေတဲ့ ချွေ့ပါ ဟွာထန်တိုင်းပြည်ဟာ စစ်အင်အားညံ့ဖျင်း နေပြီဖြစ်ပါတယ်…
ယခုဆို ဟွာထန်ဘုရင်(…)ဟာလဲ အလွန် နာမကျန်းဖြစ်နေသည့် အတွက်ကြောင့်မို့ သူ၏သားတော် အိမ်ရှေ့စံမင်းသား အိုက်ချန်အား တိုင်းပြည် အုပ်ချုပ်ခွင့် ပေးခါ ထီးနန်းအမြန် လွှဲအပ် လိုက်ပြီ ဖြစ်ပါတယ်။
ထို့ကြောင့် ကျွန်တော်မျိုး ယခု ထီးနန်းလွှဲယူထားသည့် အိမ်ရှေ့စံမင်းသားအိုက်ချန်၏ အားနည်းချက်နှင့် အားသာချက်အား သိလိုစုံစမ်းရန် အတွက် ဘုရင့်ဘဏ္ဏာတော် ဆက်သသည့် ကုန်သည်အဖြစ် ဟန်လှည့်ခါ
အိမ်ရှေ့စံမင်းသား အိုက်ချန် အနီးသို့ချဉ်းကပ်နေပြီ ဖြစ်ကြောင်း အရှင်မုန်းဘုရင်အား သိထားအပ်အောင် သတင်းပို့သခြင်း ဖြစ်ပါသည်...”
“ရှင်မင်းကြီး…
သူရဲကောင်းချွေ့က ဘာတွေများ
ကျေနပ်ဖွယ် သတင်းကောင်း ပါးလိုက်ပါသလဲ…ဖုရား..”
စာလိပ်အား ပြန်လိပ်ခေါက်ကာ ကျေနပ်စွာ ပြုံးလိုက်ခြင်းကြောင့် မုန်းဘုရအား ချောင်အန်းမှ သိလိုစိတ်ဖြင့် မေးလိုက် မိသည်။…
လက်ထဲရှိစာလိပ်သေးအား ချောင်အန်းထံ ကမ်းပေးလိုက်ပြီး…
ကိုယ်တိုင်သာ ဖတ်ကြည့်စေလိုသော အကြည့်ဖြင့် မေးဆက်ပြလိုက်သည်။
ကမ်းပေးသည့် စာလိပ်အား အမြန်ယူခါ ဖြည်ဖတ်ကြည့်ရာ မုန်းဘုရင်အတွက် သေချာပေါက် ကျေနပ်စွာ သတင်းကောင်း ဖြစ်နေလေသည်။…
“အရှင်မင်းကြီး ဒါသေချာပေါက် သတင်းကောင်းပင်…”
ကျေနပ်စွာ ပြုံးမိနေသည့် ချောင်အန်းအား မုန်းဘုရင် နောက်ကျော ပေးရပ်လိုက်ရင်း…
ဖခင်မင်းကြီး၏ အဖြစ်ပျက်တို့အား ပြန်မြင်ရောင်မိသည်။….
ပြန်မြင်ရောင်နေရင်းမှ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုတ်ထားရင်း..
ဟွာထန်၏ အားနည်းချက် / အားသာချက်တို့အား အကုန်စုံသိရသည်နှင့်
စစ်သဝန်လွှာ ပေးပို့ခါ
အလစ်ဝင်တိုက်ရန် ဆုံးဖြတ်ချက် အသေအချာ ချလိုက်သည်။…
နယ်မြေ သိမ်းပိုက်ဖို့ နှင့် ဖခင်မင်းကြီးအတွက် သွေးကြွေးပြန်ယူရန် အချိန်အနည်းငယ် စောင့်၍ စစ်ကြေညာတော့မည် ဖြစ်သည်။…
ဟွမ်ကုံတိုင်းပြည်ဟာ
ဖခင်မင်းကြီး မင်းပြု အုပ်ချုပ်တော် မူစဉ် အခါကတည်းက ခိုင်မာတောင့်တင်းခါ လွယ်လွယ်ထိုးဖောက် တိုက်ခိုက်၍ သိမ်းပိုက် ယူလို့မရအောင် အင်အားကြီးမားသည်…။..
ထိုကြောင့် သိမ်းပိုက်ယူရန် မလွယ်ကူသည့် ဟွမ်ကုံတိုင်းပြည်ကိုမှ ရယူသိမ်းပိုက်လိုသည့် ဟွာထန်မင်းမှာ လူယုံတော် သူလျှိုလွှတ်ခါ ဖခင်မင်းကြီးအား လုပ်ကြံခဲ့ရာ မအောင်မြင်ခဲ့ပေ။….
ထို့သို့ လုပ်ကြံခဲ့ရာ မအောင်မြင်ခြင်းကြောင့် ဒေါသပုန်ထခါ ထွက်ပြေးတိန်းရှောင်ခါ ပြန်ရောက်လာခဲ့သည့် သူ၏ လူယုံတော် သူလျှိုအား အသုံးမကျလေခြင်းဟု ဆိုခါ သူ့လက်နှင့် ကိုယ်တိုင် အဆုံးစီရင် လိုက်ကြောင်း ကြားသိခဲ့ရသည်။…
ဘယ်လိုနည်းနဲ့ လုပ်ကြံ လုပ်ကြံ မအောင်မြင်သည့် ဟွာထန်မင်း…
တစ်နေ့တော့ ဖခင်မင်းကြီး၏ အားအကိုးရဆုံး ဝန်မင် စစ်သူကြီးအား အရ စည်းရုန်းခါ ဖခင်မင်းကြီး၏ အားသာချက် / အားနည်းချက်တို့အား သိရှိသွားခဲ့သည်။..
ထို့သို့ အားသာချက် / အားနည်းချက်တို့အား သိရှိသွားသည်နှင့် ဟွာထန်မင်းမှာ ချက်ချင်း ဖခင်မင်းကြီးထံ စစ်သဝန်လွှာ ပေးပို့ခါ ဉာဏ်နီဉာဏ်နက်တို့ဖြင့် အလစ် ဝင်တိုက်တော့သည်။….
မိမိအားနည်းချက်အား အပိုင်ချုပ်ခါ အလစ်ဝင်တိုက်သည့် ဟွာထန်မင်းကြောင့် ဖခင်မင်းကြီးမှာ စစ်ပွဲတွင် မရှူမလှဖြင့် သေဆုံးသွားခဲ့ရသည်။
ထို့ကြောင့် မုန်းဘုရင်မှာ သစ္စာဖောက် ဝန်မင် စစ်သူကြီးအား အမျတ်တော်ရှခါ သေမိန့်ပေး၍ ခေါင်းဖြတ် သတ်စေခဲ့သည်။…
ပြန်တွေးနေရင်းမှ အလိုလို ဒေါသပုန်ထခါ အပူငွေ့ တစ်ထောင်းထောင်းဖြင့် တောက်လောင်နေသည့် မီးတောက်ကြီး ပမာ….
“အရှင်မင်းကြီး …ဂါဝရ ပြုပါတယ်…
ကျွန်တော်မျိုး ပေးအပ်ထားသည့် တာဝန်အတွက် အိမ်တော်သို့ ပြန်လိုက်ပါဦးမယ် …”
ချောင်အန်း၏ စကားသံကြောင့် အနောက်သို့ ပြန်လှည့်ကြည့်ခါ ခေါင်းညိမ့်ပြလိုက်သည်။…
“ကောင်းပြီ…ငါသတိပေး ထားတာလဲ မမေ့နဲ့ပေါ့…”
“မှန်လှပါ အရှင်မင်းကြီး…”
ချောင်အန်းမှာ မင်းကြီး လချီလို့ ပြန်မလာဖြစ်သည့် အကြောင်းအရာအား မေးချင်ပါသော်လည်း မသိကျေးကျွန် ပြုခဲ့ရသည်…/..မင်းကြီးက စိတ်ဆက်သည် ၊အမျက်ကြီးသည်၊ မလိုအပ်ပဲ သိလိုစိတ်ကြောင့် မေးလိုက်လျှင် သူ့အား အမျက်ရှနိုင်သည်..။
ထို့ကြောင့်သာ…….xxx……
“မှန်လှပါ အရှင်မင်းကြီး…”
ချောင်အန်းမှာ မင်းကြီး လချီလို့ ပြန်မလာဖြစ်သည့် အကြောင်းအရာအား မေးချင်ပါသော်လည်း မသိကျေးကျွန် ပြုခဲ့ရသည်…/..မင်းကြီးက စိတ်ဆက်သည် ၊အမျက်ကြီးသည်၊ မလိုအပ်ပဲ သိလိုစိတ်ကြောင့် မေးလိုက်လျှင် သူ့အား အမျက်ရှနိုင်သည်..။
ထို့ကြောင့်သာ…….xxx……
~~~~~~~~~~~~
ချောင်အန်းတစ်ယောက် နန်းတော်မှ ထွက်ခွါကာ အိမ်တော်သို့ အလာ…
မုန်းဘုရင်၏ သတိပေး စကားသံအား နားထဲ ပဲ့တင်ထက်အောင် ကြားယောင်နေမိသည်။…
“ပြစ်မှား ပိုင်ခွင့်မရှိဘူး..မရှိဘူး..
သူ့ကို ကိုယ်ထိလက်ရောက်..ရောက်..
မဆိုထားနှင့်..နှင့် ..စိတ်နှင့်တောင် ပြစ်မှားပိုင်ခွင့် …ပိုင်ခွင့်..မင်းမှာ လုံးဝမရှိဘူး … လုံးဝမရှိဘူး…”
“ဟာကွာ…ကျစ်..”
ထိုစကားသံကြောင့် ခံပြင်းခါ စုတ်တစ်ချက် သပ်မိသည်။..
“ထူးဆန်းလိုက်တာ အ ‘မ’ဆိုလို့ ယင်မ တောင် မသန်းဖူးတဲ့ မင်းကြီးက
အခု မိန်းကလေးတစ်ယောက် အတွက် ဘယ်လိုဖြစ်ရတာလဲ…
အကြောင်း အမျိုးမျိုးကြောင့်လဲ အိမ်တော်ကိုပါ ခေါ်လာခဲ့တယ်…၊
ဒီမိန်းကလေးကို အနီးကပ် စောင့်ရှောက်ပေးဖို့လဲ ငါ့ကိုပါ လွှတ်သေးတယ် ၊
ဒါ့အပြင် မင်းကြီးက သူမက သူ့အပိုင် မိန်းကလေးမို့ ပါဆိုပြီး..
ငါ့ကိုတောင် မပြစ်မှားရဖူးလို့ ထက်ခါ သတိအတန်တန် ပေးလိုက်သေး…
ရှီး..ဘာလဲ သူမက ဘယ်လောက်များ လှနေလို့လဲ…ဟွန့်..
ထိုသို့ပြောခါ ပခုံးတွန့်၍ ခနဲ့တဲ့တဲ့ ရယ်လိုက်ပြီးခါမှ ခဏ ငြိမ်ကျသွားသည်။…
“ကျစ်…အေး …ပြောမရဘူး…
ဘယ်လောက်လှတဲ့ မင်းသမီးတွေ ၊မိန်းကလေးတွေ နဲ့ ပဲ တွေ့တွေ့ အေးဆေး တည်ငြိမ်ပြီး သွေးအေးတဲ့ကျောက်ရုပ်လို မလှုပ်မယှက်နေတတ်တဲ့ မင်းကြီးကတောင် ဒီမိန်းကလေးနဲ့ တွေ့ခါမှ …
သဝန်တို တတ်နေတယ် ဆိုတော့ …
မနေနိုင်အောင် အတော်လှလွန်းလို့ ဖြစ်မယ်…
အဟား…ဒါမယ့် ထားလိုက်ပါ…
သူမ ဘယ်လောက် လှလှပါ ..
မင်းသမီး ရုန်ဟွာရဲ့ အလှတရားကိုတော့ မှီလောက်မယ် မထင်ပါဘူး…
အဟွန်း…
တွေးနေရင်းမှ ချောင်အန်း …
နှုတ်ခမ်းအား တစ်ဖက်စောင်း ပြုံးမိသည်။…
ထို့နောက် စားဖိုစောင်မှ လမ်းကြုံဝင်နှိုက်လာသည့် ပဲစိမ်းလုံးကြော် ကျွတ်ရွရွလေးအား လေပေါ်မြောက်၍ ပါးစပ်ဟခါ တောက်စားလိုက်ရင်း…
ဦးတည်ချက် ခြေလှမ်းတို့က အိမ်တော်စီသို့….
~~~~~~~~~~~~
ဘာမပြောညာမပြောဖြင့် ထားသွားပြီး ထွက်သွားခဲ့သည့် မုန်းဘုရင်အား သူမစိတ်တိုမိသည်။…
မနေ့ညနေကတည်းက ထွက်သွားခဲ့တာ အခု မနက်မိုးလင်းလို့တောင် ပြန်ရောက်မလာခဲ့…
ဘာတွေ အရေးကြီး ကိစ္စရှိနေ သလဲဆိုတာတော့ သူမလဲ မသိပါ
အရေးကြီး ကိစ္စရှိနေရင်လဲ
သူမအား စိတ်မခုအောင် နည်းနည်းပါးပါးတော့ လက်တို့ အသိပေးခဲ့သင့်တယ် မဟုတ်လား…
အခုတော့ အသိမပေးပဲ ထားသွားခဲ့ပြီး
ပြန်ရောက် မလာသေးသည့် မုန်းဘုရင်ကြောင့် သူမ ရင်တွေ ပူရပြန်ပြီ….
မနက်မိုးလင်းလို့ ကိုယ်လက်သန့်စင် ပြီးချိန်ကတည်းက သူမကို မနက်စာစားဖို့ ခေါ်နေခဲ့တာ မနက်ခင်းရဲ့ နေခြည်နုတို့ ပျောက်ဆုံးသွားသည့် အချိန်အတော်ကြာထိပင်…
မုန်းဘုရင် ပြန်မလာ၍ မစားချင်ဘူး ဟုသာ အခါခါ ငြင်းနေသည်။..
ထို့ကြောင့် အစေခံမလေးမှာ အရဲစွန့် ၍ မနက်စာစားရန် ယခု နောက်တစ်ခေါက် ထက်၍ ပြောမိပြန်သည်။….
“သခင်မလေး မနက်စာ စားဖို့ အချိန်လွန်ကုန် ပါတော့မယ်…
သခင်ကြီး ပြန်အလာကို စောင့်မနေပါနဲ့တော့ …
သခင်ကြီးက အရေးကြီး ကိစ္စရှိနေရင် အိမ်တော်ကို ပြန်မလာဖြစ်တာ များပါတယ်…
ဒါကြောင့်မို့ စောင့်မနေပါနဲ့တော့နော်…
မနက်စာ စားရအောင်နော်…”
“ဟင့်အင်း…မစားချင်ဘူး …
လူကြီးမင်း ပြန်မလာမချင်း ကျွန်မ ထိုင်စောင့်မယ်…”
“သခင်မလေး…”
“ဒီမှာ…ကျေးဇူးပြုပြီး ကျွန်မ စားချင်စိတ် မရှိတာကို ဇွတ်အတင်း မစားခိုင်းပါနဲ့လား…”
“ဟို…အဲ့ဒါက..”
“(…)…”
ခေါ်သံတစ်ခုကြောင့် အစေခံမလေးကော သူမပါ အသံလာရာသို့ လှည့်ကြည့်မိသည်။…
အေးစက်တည်ငြိမ်သော အပြုံးဖြင့် အခန်းအတွင်းသို့ ဝင်လာသည့် အိမ်တော်ထိန်း နှင့်အတူ …
သူမ၏ အနောက်တွင် ချောင်အန်းလဲ ပါသည်။…
“သခင်မလေး…
ဒါက သခင်ကြီးက သခင်မလေး အန္တရာယ်မကျရအောင် အနီးကပ် စောင့်ရှောက်ပေးဖို့ လွှတ်လိုက်တဲ့…
သခင်ကြီးရဲ့ လူယုံ ချောင်အန်းပါ…”
“ချောင်အန်း…ဒါက သခင်ကြီး စောင့်ရှောက်ပေးဖို့ ပြောတဲ့ ရှောင်လုဆိုတဲ့ မိန်းကလေးပဲ…”
ဝင်လာကတည်းက အရှေ့သို့ တည့်တည့်မကြည်ပဲ ဟိုငေးသည်ငေးဖြင့် မျက်လုံးကစားနေသည့် ချောင်းအန်း..
ထိုင်နေရာမှ မျက်လုံးဝိုင်းလေးဖြင့် မော့ကြည့်နေသည့် သူမအား အိမ်တော်ထိန်း၏ မိတ်ဆက်မှုကြောင့် ငုံ့ကြည့်လိုက်သည်…
စိမ်းနုရောင် ဖျော့ဖျော့ အင်္ကျီကို သေးသွယ်လုံးကျစ်သည့် သူမခန္ဓာကိုယ်လေးနှင့် လိုက်ဖက်စွာ ဝတ်ဆင်ထားသည်။
မျက်လုံး၊မျက်ခုံးတို့ က လှပစွာ ဆွဲဆောင်မှု ရှိနေပြီး ဖွေးကြည်နေသည့် အသားရည် နှင့် နီထွေးစိုဖက် နေသည့် နှင်းဆီရောင် နှုတ်ခမ်းသား ရဲရဲတို့အား ပိုင်ဆိုင်ထားသည့် သူမ အား
ချောင်အန်းတစ်ယောက် အကြည့်တို့ မလွှဲဖယ် နိုင်ချေ…
အား..ပါး..ပါး..
လှရက်လိုက်တဲ့ နတ်သမီးလေး..
အခုမှပဲ နတ်သတ်ကြွေတဲ့ နတ်သမီးစစ်စစ်ကို ငါ မြင်ဖူးတော့တယ်..
တကယ်တမ်းကျ တော့…
မင်းသမီး ရုန်ဟွာက လှယုံ သက်သက်ပဲရှိပြီး…သူမလောက် လှပပြီးချစ်စရာ မကောင်းဖူးပဲ…
သူမက အစပေါင်းများစွာ ပိုလှတယ်..
“ချောင်အန်း….ချောင်အန်းး..”
ရှောင်လုအား ငေးစိုက်ကြည့်နေသည့် သူ့အား အိမ်တော်ထိန်းမှ အသံကို မြှင့်ခါ ခေါ်လိုက်ခြင်းကြောင့်…
နားထဲဆူးဝင် သွားသည်။…
ထိုအခါ မှ အတွေးလွန်နေသည်များ ရပ်တန့်သွားပြီး သတိ ပြန်ဝင်လာသည်။
“အော…ဪ..အင်း..ဟုတ်ကဲ့ အိမ်တော်ထိန်း(…)..”
“ရှင်က…လူကြီးမင်း လွှတ်လိုက်တဲ့ လူလား …”
ဖျတ်ပြောလိုက်သည့် အသံတစ်ခု…
ဆံနွယ်ရှည်တွေ လွှင့်ခါသွားအောင် ထိုင်နေရာမှ မက်တပ်ထရပ်ခါ လူကြီးမင်း ဟု ရုတ်တရက် ပြောလိုက်သည့် သူမကြောင့် …
ချောင်အန်း ကြောင်အသွားသည်။..
ခတ္တမျှ ငြိမ်ကျသွားပြီးမှ…
“လူကြီးမင်းဆိုတာ မင်းကြီ..”
“ဒုန်း....”
“အာ့…အွတ်..”
မင်းကြီးဟု ယောင်မှား အသံထွက်လာသည့် သူ့အား အိမ်တော်ထိန်းမှ တမင် ခြေချောင်းထိတ်အား ခပ်နာနာ ဖိနင်းချလိုက်သည်။..
အသံကျယ် မထွက်အောင် ချောင်အန်း ပါးစပ်အား ပိတ်အုပ်လိုက်ပြီး…
“ဪ…အဟင်း ဟင်း…
တောင်ပန်းပါတယ် ချောင်းအန်း ငါပိုးဟက်မြင်လို့ သခင်မလေး လန့်သွားမလားဆိုပြီး မပြောပဲ တတ်နင်းလိုက်တာ မင်းခြေထောက် ဖြစ်နေတယ် ..”
အိမ်တော်ထိန်းနှင့် ချောင်အန်းမှာ အတော် ရင်းနှီးကျွမ်းဝင်ကြသည့် လူရင်းများဖြစ်၍ ရင်နှီးပေါ့ပါး စွာသာ ပြောဆိုကြသည်။….
“(…)နင်လဲ ပိုးဟက်တွေ့လိုက်တယ် ဟုတ်တယ်မလား…”
မျက်နှာရိပ်မျက်နှာကဲ ပြခါ စကားကူ တောင်းလိုက်သည့် အိမ်တော်ထိန်းကြောင့် အစေခံမလေးမှာလည်း မုန်းဘုရင်ပြော ထားသည့် စကားအား ကြောက်လန့်၍ ထောက်ခံပေးလိုက်သည်။…
“ရှင်…ဪ ဟုတ်တယ် (…)မြင်လိုက်တယ်…ဟိုဘက်ကို ပြေးသွားပြီ”
“အဟင်း..ဟုတ်တယ်နော်..(…)”
“ချောင်အန်း..ငါအားနာလိုက်တာ…
အတော်နာသွားတယ် ထင်တယ် မျက်နှာတွေတောင် ရဲတတ်သွားတယ် လာ လာ ငါသေချာကြည့်ပြီး ဆေး လူးပေးမယ်…”
“(…)နင် သခင်မလေးကို မနက်စာ စားဖို့ အမြန် ခေါ်သွားလိုက်တော့
အချိန်လွန်နေပြီ ငါ ချောင်အန်း ခြေထောက်နာသွားလို့ ဆေးလူးပေးလိုက်ဦးမယ် ..သွား..သွား..“
“လာ သခင်မလေး…မနက်စာ စားမယ်နော်…”
“ဟင်…ဟို…ကျွန်မ မစား..”
“လာပါ သခင်မလေးရဲ့..နော်..”
“ဟင်..ဟို ..နေဦးလေ..”
ကြောင်အစွာဖြင့် ရှောင်လု တစ်ယောက်… ဘာမှ ပြန်မပြောနိုင်ပဲ
အစေခံမလေး ဇွတ်ဆွဲခေါ်ရာသို့
တွန့်လှုပ် ရုန်းကာ ပါသွားရသည်။….
🌸🌸🌸🌸 အပိုင်း ၁၇ ဆက်ရန်>>>
#စာဖတ်ပရိတ်သက်အပေါင်းအားလေးစားလျက်
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)