book

Index 15

(အပိုင်း ၁၅)

  • Author : Kyawal
  • Genres : Comedy, Drama, Action

🌸ကချေသည်🌸

Author ✍️ ကြွယ်

အဘွားကိုသာ နိပ်နယ်ပေးခဲ့ ဖူးသည့် သူမ…
ကိုယ်တိုင်တော့ တစ်ခါမှ အနိပ်နယ် မခံခဲ့ရဖူးချေ…
ထို့ကြောင့် တစ်ခါလောက် စမ်း၍ အနိပ်နယ်ခံကြည့်ချင်မိ၏…
ထို့ကြောင့် အနိပ်ခံ ကုတင်ပေါ်တွင် သူမနေရာယူလိုက်သည်။…
အစေခံမလေးမှ လည်ဂုတ်တစ်ဝိုက် အား ဦးစွာ နိပ်နယ်ပေးလိုက်ပြီး…
ကျောပြင်တလျှောက်အား နိပ်နယ်ပေးရန် အတွက် မှိန်းအိပ်နေသည့် သူမအား နိုးမိသည်…
“သခင်မလေး ကျောပြင်တစ်လျှောက် နိပ်နယ်ပေးဖို့အတွက် အင်္ကျီ ကြိုးလေး အနည်းငယ်မျှ ဖြည်လျော့ပေးဖို့ လိုပါတယ်…”

မျက်လုံးလေး မှိတ်ခါ မှိန်းအိပ်နေသည့် သူမ အစေခံမလေး၏ စကားကြောင့် မျက်လုံးလေးဖွင့် ကြည့်မိသည်။…
ထို့နောက် ပြောသည့်အတိုင်း သူမ အင်္ကျီ ကြိုးအား လျော့ပေးလိုက်ရာ..
ကျောပြင် တစ်ခုလုံး ပေါ်အောင် ဆွဲဖော်လိုက်ခြင်းကြောင့် လွတ်ထွက်သွားသည့် ရင်ဘက်မှ အင်္ကျီ စတို့အတွက် အမြန်လက်နှစ်ဖက်ဖြင့် ကာထားမိသည်။..

“ဟင်..အဲ့လောက်ကြီးကျ...”

“သခင်မလေး လန့်သွားစေမိလို့ တောင်းပန်ပါတယ် ပန်းနံ့သာဆီ လိမ်းပြီး နိပ်နယ်မှာ ဖြစ်လို့ ဒီလောက်ဖော်ထားမှ (…)နိပ်နယ် ပေးရတာ အဆင်ပြေမှာမို့ပါ…”

မျက်လုံးဝိုင်းလေးနှင့်သူမ
အစေခံမလေးအား နားလည်သွားသလို ပုံစံလေးဖြင့် ပြန်ကြည့်ခါ
ဘာမှ အတွန့်တတ် ပြောမနေတော့ပဲ ငြိမ်ငြိမ်လေးသာ ပြန်မှောက်အိပ်လိုက်သည်။…
အချိန်အတော်ကြာ အနိပ်နယ် ခံယူနေသည့် သူမ …
ပုံမှန် မဟုတ်သည့် နိပ်နယ်ပေးမှုတို့ကြောင့် ထူးဆန်း လာသည်။…
နှာဖျားဝသို့ ထိတို့ ကျီဆယ် လာသည့် စူးရှသည့် မွှေးရနံ့တစ်ခု…
ထိုရနံ့ သူမ ရင်းနှီးသလိုရှိသည်။…
နိပ်နယ်ပေးနေသည့် လက်တို့က တဖြေးဖြေး ဟန်ချက်ပျက်လာသည်..
ဖြူဝင်းမွှတ်နေသည့် သူမ၏ ကျောပြင်အား ထိုနိပ်နယ်သလို ရှိသည့် လက်ချောင်းတို့က ညင်သာစွာ ပွတ်သပ်ပေးနေ၏။
ထူးဆန်းလာသည့် အပြုအမူတို့ကြောင့် မျက်လုံးလေး မှိတ်ထားရာမှ သူမ ဖွင့်ကြည့်မိသည်။…
တဖြည်းဖြည်း သူမအား ရဲတင်းစွာ ပြုမူလာခြင်းကြောင့် မှောက်အိပ်နေရာမှ အင်္ကျီ လေး အမြန်ဆွဲတင်ခါ ထထိုင်လိုက်ရာ….

အတွင်းဝတ် မပါ ဗလာကျင်းဖြစ်ခါ အပေါ်ဝတ် အင်္ကျီအား ဖုထစ်သော ကြွက်သားစိုင်များ ရှိသည့် ရင်အုပ်ကျယ်ကြီးပေါ်အောင် ခွဲဟထားပြီး ခါးတစ်ဝက်ကြိုးစီး အင်္ကျီကို ဆွဲဆောင်မှု ရှိရှိ ဝတ်ထားသည့် မုန်းဘုရင်…
ရီဝေသော အပြုံးတို့ဖြင့် သူမအား ကြည့်နေသည်ကို တွေ့လိုက်ရသည်။…

“လူကြီးမင်း.. ဒီကို ဘယ်လိုလုပ်ပြီး…ရောက်နေတာလဲ…”

“ဒါက ကိုယ့် အခန်းလေ …
ကိုယ့်အခန်းမှာ ကိုယ်ရှိနေတာ ထူးဆန်းလို့လား…”

ပြောနေရင်းမှ သူမအနားသို့ တိုးကပ်လာခြင်းကြောင့် ပခုံးပေါ် လျောကျနေသည့် အင်္ကျီ စလေးအား ကမန်းကတန်းပင့်တင်လိုက်သည်။…
ဘာပြောလို့ ပြောရမှန်းမသိအောင် အခက်တွေ့သွားရပြီး…
ခွဲဟထားသည့် အင်္ကျီ ကြားမှ ကြွက်သားအမြိုင်းမြိုင်း ထနေသည့် သူ၏ ရင်အုပ်ကျယ်ကြီးအား အကြည့်ရောက်သွား၍ ဆန့်ကျင်ဘက်သို့ မျက်နှာ လွှဲလိုက်သည်။…
ထို့နောက် မေးဖို့သတိိရသွားသည်က ချုပ်ထားသည် ခါးစပ်နားကဒဏ်ရာ…

“လူကြီးမင်း…အွန့်..”

ဖောင်းအိသည့် နှုတ်ခမ်းသားပေါ် နွေးကနဲ ကျလာသည့် အရာတစ်ခုကြောင့်
မျက်လုံးအစုံ ပြူးကျယ်သွားရသည်။…
အခိုက်တန့်မျှ ကြောင်အ ထိန့်လန့်သွားရာမှ သတိဝင်ခါ နှုတ်ခမ်းခြင်းထိ ကပ်နမ်းနေသည့် သူ့အား တွန်းထုတ်လိုက်သည်။…
ထို့​နောက် ကုတင်ပေါ်မှ အမြန်ထခါ ပြေးထွက်သွားဖို့ ပြင်လိုက်သည့် သူမ…
အနောက်မှ သိုင်းဖက်ခါ ဆွဲချုပ်ထားခြင်း ခံလိုက်ရသည်။…
ကောက်ညှင်းထုတ် စီးသလို …
သူမခန္ဓာကိုယ်အား ကျစ်ထုတ်အောင် သိုင်းဖက်လိုက်ပြီး…

“ဘယ်ပြေးမှာလဲ….”

ခပ်စောင်းစောင်း ဖြစ်နေသည့် သူမလည်တိုင်နား မေးဖျားတင်ခါ မေးလိုက်သည်။..

“လူကြီးမင်း လွှတ်ပါ …”

“မလွှတ်ဖူး….
ကိုယ်နဲ့ ရေအတူ ချိုးမယ်..”

“ဟင်…အမေ့!”

ဆွေ့ကနဲ့ လေပေါ်မြောက်တတ်သွားသည့် ခံစားချက်ကြောင့် အာမေဋိတ်ထွက်မိသည်။…
အိထွေးလှသည့် သူမခန္ဓာကိုယ်အား ပွေ့ချီခါ ရေငွေ့များ တထောင်းထောင်း ထနေသည့် ကန်ရေပြင်စီသို့ ဦးတည်ခေါ်ဆောင်သွားသည်။…
နှင်းဆီပွင့်ချက်နှင့် အခြားအဖိုးတန် ပွင့်ဖက်များထည့် စိမ်ထည့်ထားသည့် ကန်ရေပြင်ကျယ်ထဲသို့ တဖြေးဖြေး နစ်မြုတ်အောင် သူမ အား ပွေ့ချီဆင်းနေသည့်် မုန်းဘုရင်အား
မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေမိသည်။…

“လူကြီးမင်း…လူကြီးမင်း…ရှောင်လုကို အောက်ချ ပေးပါ…”

ကန်ရေပြင်အလယ် ဗဟို တည့်တည့်ရောက်ခါမှ ပွေ့ချီထားသည့် သူမအား လွှတ်ချပေးလိုက်သည်။…
ရင်ခေါင်းတစ်ဝက်မျှ နစ်မြုတ်သွားပြီဖြစ်တဲ့ ရေကန်ထဲမှ..
အပေါ်သို့ ပြန်တတ်ရန် ပြင်နေသည့် သူမ လက်ကောက်ဝတ်အား ဆွဲဖမ်းထားလိုက်သည်။…

“လွှတ် …လွှတ်ပါ လူကြီးမင်းရဲ့…
ရှောင်လု လူကြီးမင်းနဲ့အတူ ရေမချိုးချင်ဘူး ..လွှတ်ပါ…”

“မရဘူး….”

အေးစက်စက်ပြုံးကာ ရုန်းခါနေသည့် သူမအား ဆွဲလှည့်ကာ ခါးမှသိမ်းဖက်လိုက်ပြီး…
မေးဖျားလေးအား လက်ညိုးလေးဖြင့် ကိုင်မော့လိုက်သည်။…
ရှက်သွေးများ ဖြာနေသည့် သူမမျက်နှာအနီးသို့ တဖြေးဖြေး တိုးကပ်ကာ ငုံ့ကျလာသည့် သူ၏ ဦးခေါင်းကြောင့် မျက်နှာကို ဆန့်ကျင်ဘက်သို့ အမြန်လှည့်လိုက်သည်။…

"အဟင်း…
ရှောင်လု…ဘယ်လို ဖြစ်နေတာလဲ..
ရေအတူ ချိုးမယ်လို့ ကိုယ်ပြောနေတယ်လေ…"

“ဟင့်အင်း...လူကြီးမင်း ရေတော့ အတူ မချိုးပါရစေနဲ့...”

“ဘာလို့လဲ…”

မဝင့်မရဲဖြင့် နှုတ်ခမ်းလေးတစ်ချက် ဖိကိုက်လိုက်ပြီး…
“ဘာ..ဘာလို့လဲဆိုတော့..ရှောင်လု…ရှောင်လု ရှက်လို့ပါ"

ပြောပြောဆိုဆိုဖြင့် မျက်နှာလေးရဲတတ်ခါ ရှက်နေသည့် သူမ …
အခုချိန်ထိ သူ့အား ရင်နှီးမှု မရှိသေးပါ။…

မပွင့်တပွင့် အသံလေးဖြင့် ပြောလာသည့် သူမအား စိတ်မရှည်စွာ သူ့ဘက်သို့ မျက်နှာလေး ပြန်လှည့်စေပြီး…

"ရှောင်လု မင်းက ကိုယ့်အပိုင်နော်
အတူလဲ နေခဲ့ပြီးပြီ…
ဘာမှ ရှက်နေစရာ မလိုဘူး…။
နောက်ပြီး မကြာခင်မှာ မင်းက ကိုယ့်ဇနီး ဖြစ်လာတော့မှာ…”

“ရှင်!..လူကြီးမင်း”

အလိုမကျသည့် မျက်နှာထားဖြင့် ပြောလာသည့် မုန်းဘုရင်အား အံ့ဩမှင်သက်စွာ မျက်လုံးဝိုင်းလေးဖြင့် ရှောင်လု မော့ကြည့်မိသည်…

“ဇနီး…ဟုတ်လား လူကြီးမင်း..”

“ဟုတ်တယ်…မကြာခင်မှာ မင်းက ကိုယ့်ဇနီးဖြစ်တော့မှာ…
မင်းကို ဘာကြောင့် ကိုယ့်ဇနီးအဖြစ် ရွေးချယ်တာလဲဆိုတော့…
သဘောကျလို့..
ကိုယ်မင်းကို အရမ်း သဘောကျလို့..
ဒါကြောင့် မင်းကို ကိုယ့်ဇနီးအဖြစ် လက်ထက်မယ် …”

သဘောကျတယ် သဘောကျယုံ သက်သက်ပဲလား လူကြီးမင်းရယ် ..
ရှောင်လုကို နည်းနည်းလေးမှတောင် မချစ်နှစ်သက်ဖူးလား…
လူကြီးမင်း နှုတ်ဖျားက ရှောင်လုကို သဘောကျတယ်လို့ပဲ ပြောတာကို အခါခါကြားနေရပြီး…
ချစ်တယ်ဆိုတဲ့ စကားလေးကိုတော့ ယောင်လို့တောင် ရှောင်လု အခုချိန်ထိ မကြားရသေးပါ့လား…
ဘာလို့လဲ ရှောင်လုက နိမ့်ကျတဲ့သူမို့ ချစ်တယ်ပြောဖို့ မထိုက်တန်လို့လားဟင်…

“မင်း..ကိုယ့်ကို ကြည်ကြည်ဖြူဖြူနဲ့ လက်ထက်မယ် မဟုတ်လားဟင်..”

ချောမောပြေပစ်လွန်းသည့် သူ့မျက်နှာအား စိုက်ကြည့်ခါ မေးနေသည်ကို မဖြေပဲ ငြိမ်ကျနေသည့် သူမအား ပခုံးလေးကိုင်လှုပ်မိသည်။…

“ရှောင်လု…ရှောင်လု …ကိုယ်မေးတာဖြေပါဦး…”

“ရှင်…ဟုတ်ကဲ့
လူကြီးမင်း ဘာမေးလိုက်တာလဲ ဟင်..”

“ရှောင်လု ဘာတွေများ အတွေးလွန်နေတာလဲ..
မင်းက ကိုယ့်အပိုင်လဲ ဖြစ်နေပြီလေ ကိုယ်ပြောသလိုပဲ
ကိုယ့်ကို ကြည်ကြည်ဖြူဖြူနဲ့ လက်ထက်မယ် မဟုတ်လားဟင်..”

“ဟို..ဟို ..အဲ့ဒါက ..”

“ဘာလဲ ရှောင်လုက ကိုယ့်ကို ငြင်းချင်တာလား…
ဒါမှ မဟုတ် ကိုယ့်ကို လက်မထက်ပဲ
ဆောင်ကြာမြိုင်ကို ပြန်သွား ချင်တာလား…”

“ရှင်!..လူ ..လူကြီးမင်း…
ရှောင်လုကို အဲ့လို မပြောပါနဲ့…
ဆောင်ကြာမြိုင်ကို ရှောင်လု သေမတတ် ဘယ်လောက် ကြောက်လဲဆိုတာ လူကြီးမင်းလဲ သိရဲ့သားနဲ့
ဒီလိုစကားနဲ့ ရှောင်လုကို အနိုင်မပိုင်းပါနဲ့…”

“သိပါတယ် သိလို့ တမင်ခြောက်တာ..”

“လူကြီးမင်း…”

တင်းမာသွားသည့် ရှောင်လုမျက်နှာလေးကြောင့် မုန်းဘုရင် နှုတ်ခမ်းလေး တစ်ဖက်စောင်းကာ သဘောကျစွာ ပြုံးလိုက်သည်။…

“အဟက်…စိတ်လျော့ပါ…
မင်းဘက်က မကြည်ဖြူရင် ကိုယ်မင်းကို…လက်..”

“လူကြီးမင်း သဘောအတိုင်းပါ…”

မိမိ စကားမဆုံးသေး..
နှုတ်ခမ်းဖျားမှ ခပ်သွက်သွက်လေး ပွင့်ကျလာသည့် ရှောင်လုစကားကြောင့် …
မုန်းဘုရင် မျက်ခုံးပင့်ခါ ကျေနပ်စွာ ပြုံးမိသွားသည်။..

“အဟင်း…ဒါဆို ကိုယ်တို့ ရေအတူ ချိုးလို့ ရပြီပဲ…”

“လူကြီးမင်း…”

ခါးလေးအား နဂိုထက် တင်းနေအောင် သိုင်းဖက်ခါ မျက်နှာအနီးသို့ ငုံ့ကျလာသည့် မုန်းဘုရင်ရင်အား ရင်ဘက်အား လက်ထောက်ခါ တွန်းမိသည်။..

ဘာလို့လဲ…
မကြာခင်မှာ မင်းကို ကိုယ့်ဇနီးအဖြစ်တောင် လက်ထက်တော့မှာ
ကိုယ်က မင်းရှက်ကြောက်နေရမဲ့ လူလား
ကိုယ်က မင်းမငြင်းဆန်ပဲ လက်ခံသင့်တဲ့ လူဖြစ်နေပြီနော်..
မင်းရဲ့ အမျိုးသားဖြစ်တော့မှာ..”

နုနယ်လှပလွန်းလေး ရှောင်လု …
မုန်းဘုရင်အား ချစ်မိနေပေမယ့်
ဒီလိုမျိုး ကိစ္စတွေတော့ အတော်ရင်တုန်ခါ ကြောက်မိသည်။…
ပထမဆုံးတွေ့ဆုံမှုမှာတွင် မှားခဲ့ကြပေမယ့် မလွဲသာသည့် အခြေနေတစ်ရက်ကြောင့် ဖြစ်သလို သူ့၏ ညို့ချက်ပြင်းပြင်းအကြည့်တို့ အောက်မှာ ကျရှူံး၍ သူမရင်ခုန်မိခြင်းကြောင့်လည်း ပါသည်။…
နောက်ထက် နောက်ထက် သူနဲ့ ရင်ခုန်စရာ ဖြစ်ရပ်မျိုးတွေ မရှိစေဖို့ ဆုတောင်းမိနေပေမယ့်…
သူမ၏ အဝယ်တော် သူကတော့ ရင်ခုန်အောင် အမြဲလုပ်တတ်ပြီး…
အခါခါ သိမ်းပိုက်ဖို့လဲ လမ်းစပျိုးတတ်သည်။…

ခေါင်းလေးငုံ့ခါ ဘာမှပြန်မပြောပဲ ငြိမ်ကျနေသည့် သူမအား…
မေးဖျားလေးမှ ကိုင်မော့ခါ နှုတ်သား ဖောင်းဖောင်းလေးအား ဆွဲယူနမ်းလိုက်သည် ..
နမ်းလိုက်သည့် မုန်းဘုရင်ကြောင့် ခန္ဓာကိုယ်လေး လူးလွန့်တွန့်ခါကာ ရုန်းမိပြန်သည်။…

ကြမ်းရှတဲ့ အနမ်းရိုင်းတွေနဲ့ ရင်ထိန့်အောင် အမြဲလုပ်တဲ့ လူကြီးမင်းကို ရှောင်လု ကြောက်တယ် ၊ ရင်တုန်တယ်
ဒါပေမယ့် ချစ်တယ်။..

တဖြေးဖြေး အနမ်းတို့က ပိုမိုပြင်းထန်စွာ နက်ရှိုင်းလာသည်နှင့် အမျှ သူမ၏ရုန်းခါမှုတို့က အင်အားလျော့ကျ လာသည်။
သူမကို ပိုင်သလို …
ချစ်နေရသူလဲ ဖြစ်တာမို့…
ငြင်းဆန်မနေတော့ပဲ ….
သူ့စိတ်ကြိုက် ပြုသမျှကို နုလိုက်တော့သည်။…

“အွန့်…”

နာကြင်စေလို စိတ်မရှိပေမယ့် …
တချက်တချက် ကြမ်းရှ သွားတဲ့ သူ့ အနမ်းရိုင်းတို့ကြောင့်…
ကျော့လေးကော့ခါ အနောက်သို့ တွန့်ဆုတ်မိသည်။…
မငြင်းဆန်ပဲ လက်ခံလာသည့် သူမအား ကန်နံရံသို့ ကျောလေး တွန်းကပ်ခါ ….
ကြိုးချည်ထားသည့် သူ၏ အင်္ကျီ အား ချွတ်ချလိုက်သည်။…
အလားတူ သူမ အင်္ကျီလေး အား ကြိုးဖြည်ချခါ အသက်ရှုနှုန်းတို့ မြန်ဆန်နေသည့် သူမအား လည်တိုင်တစ်လျှောက်နှင့် ပခုံးသား တို့အား နှုတ်ခမ်းသားဖြင့် ဖိကပ်ခါ လိုက်လန် အနမ်းခြွေမိသည်။…

ချစ်ရသူမို့ မငြင်းဆန်နိုင်တော့တာ အပြစ်မဟုတ်ဘူး မလားဟင်
ရှောင်လု လူကြီးမင်းကို သိပ်ချစ်မိနေပြီ…
တကယ်လို့ ရှောင်လုက လူကြီးမင်းရဲ့ ခဏတာ အသုံးတော် ခံဆိုရင်တောင် ကျေကျေနပ်နပ်ကြီး ခံယူလိုက်ပါ့မယ်။
ဒါပေမယ့် လူကြီးမင်း ရှောင်လုကိုတော့ ပစ်ထားမသွားပါနဲ့နော်…
ခန့်ညားပြီး ညို့ချက်ပြင်းလွန်းတဲ့ လူကြီးမင်း အကြည့်တွေအောက်မှာ ရှောင်လု ဒူးထောက်လို့ အရှုံးပေးခဲ့ရတယ်။…
အခုကစလို့ ရှောင်လုကို လူကြီးမင်း ကြိုက်သလို ပိုင်ဆိုင်ပါ…
ရှောင်လု ပိုင်ဆိုင်ခွင့် ပြုပါတယ်….
ပိုင်ဆိုင်ခွင့် ပြုပေမယ့် နိမ့်ကျတဲ့ ဘဝမှာ ရှင်သန်လာတဲ့ ရှောင်လု လူကြီးမင်းစီက အချစ်ကို မဝင့်မရဲနဲ့ လိုလားတောင်းတမိတယ်။…
ဒါကသိပ်ကို ရယ်စရာကောင်းနေတယ် မဟုတ်လားဟင်…
ရယ်ပါ ရယ်နိုင်ပါတယ်..
ဒါပေမယ့် ရှောင်လု ရင်ထဲက နှလုံးသားဟာ လူကြီးမင်းရဲ့ အချစ်တွေကို တကယ်ပဲ လိုလားတောင်းတနေပါတယ်…
လူကြီးမင်းရဲ့ အချစ်တွေဟာ ရှောင်လုအတွက် ဖြစ်ခွင့်ရှိ မလားဟင်…

မုန်းဘုရင်မှာ ထင်ထားသလို ခူးဆွတ်မှု မပြုပဲ …
ရင်ခုန်ဖွယ် မွှတ်သိပ်သည့် အနမ်းများသာ သူမအတွက် ဖန်တီးပေးရင်း..
အတူရေစိမ် ချိုးယုံ တမယ်ပင်….
မြင့်မြတ်သော မင်းကြီး ပထမဆုံးအကြိမ် သူမနဲ့ တွေ့ဆုံမှုမှာ…
စိတ်မထိန်းနိုင်ပဲ ခရီးလွန်ခဲ့မိပေမယ့်..
စိတ်အရင်းမှန်ကတော့ သူမကို မြင်မြင်ချင်း ချစ်မြတ်နိုးစွာ ပိုင်ဆိုင်ချင်မှု တစ်ခုသာ…
မတရားသော ရယူ ပိုင်ဆိုင်ခြင်းမျိုး သူမပြုလိုပါ …
သို့သော်..သူမလဲ အခက်တွေ့ ဒုက္ခရောက်နေသလို ကိုယ်တိုင်ကလဲ သူမအပေါ် မေတ္တာမျှခါ အဆုံးရှုံးမခံနိုင်သည့် စိတ်ကြောင့် ငွေပေးဝယ်ပါသော်လည်း မရောင်းသည့်အဆုံး….
အသက်အန္တရာယ်များသည့် ကြားမှ ဆောင်ကြာမြိုင်မှ သူမအား ဇွတ်ခိုးယူခဲ့ခြင်းပင်။…
ချစ်တယ်ဆိုသည့် စကားလုံး နှင့် သဘောကျသည် ဟူသော စကားလုံးအား အတူတူ ဟုသာ သူခံယူသက်မှတ်ထားသည်။..
မုန်းဘုရင်မှာ စစ်ရေးစစ်ရာနှင့် တိုင်းရေးပြည်ရာ
အခြား ကိစ္စရပ်တို့တွင် သူမတူအောင် ထူးချွန် ကျွမ်းကျင်မယ့်လို့…
နှလုံးသားရေးရာ ကိစ္စရပ်တွင် စကားလုံး တစ်ခု၏ အဓိပ္ပာယ်ကိုတောင် သေချာ မဖော်ကျူးတတ်သည့် တုန်း အ သည့် လူသားတစ်ယောက်ပင်..,,

~~~~~~~~~~~
သည်လိုနှင့် အိမ်တော်ကြီးတွင် နှစ်ဦးသား အချိန်တွေ ကုန်လွန်ခဲ့ကြသည်မှာ လနဲ့ချီလို့ ကြာခဲ့ပြီဖြစ်သည်…။
တစ်ဖက်နန်းတော်ရှိ ချောင်အန်းမှာလည်း မုန်းဘုရင်အဖြစ် ဟန်လုပ်သရုပ်ဆောင်နေရသည်မှာ နေသားပင် ကျလို့ မင်းကြီးအစား အားလုံးကိုပင် စည်းစနစ်ကျစွာ ထိန်းချုပ်တတ် နေပြီဖြစ်သည်။
မုန်းဘုရင်မှာ ခရီးမှသူပြန်ရောက်တာ ကြာလှပေမယ့် နန်းတော်ကိစ္စနှင့် ပက်သက်လျှင် သူမအား ပစ်ထားခဲ့ရမည် ဆိုသည့် စိတ်ဖြင့် နန်းတော်ကို မပြန်ဖြစ်ပဲ ဒီအတိုင်းသာ ပေကပ်၍ နေခဲ့သည်မှာ လနဲ့ချီလာ၍ မပြန်မဖြစ် အခြေအနေတွေ ရှိသေးတာမို့ နန်းတော်သို့ ပြန်ရတော့မည်ဖြစ်သည်။…

~~~~~~~~~~~~~~~

ညနေ နေစောင်းချိန်လေးတွင်
ရှောင်လု အိပ်ယာမှ နိုးထလာသည်။..
နံဘေးရှိ လစ်ဟာနေသည့် ကွက်လပ်တစ်ခုကြောင့် သူမ မုန်းဘုရင်အား လိုက်လန် ရှာဖွေမိသည်။…
ထိုစဥ် သူမအနားသို့ အစေခံမိန်းကလေးတစ်ဦး ရောက်လာကာ...
"သခင်မလေး ဘာများအလိုရှိပါသလဲ"

"ဟင်..."
အံ့ဩသံနှင့် အတူ မုန်းဘုရင်အား မေးမိသည်။…
"ဟို..လူကြီးမင်း ဘယ်ရောက်သွားတာလဲ ဟင်…"
"ဪ..လူကြီးမင်းဆိုတာ သခင်ကြီးကို ပြောတာထင်တယ် ..သခင်ကြီးက ကိစ္စ တစ်ခုကြောင့် အပြင်သွားပါတယ် ၊သခင်မလေး လိုအပ်တာ ခိုင်းဖို့ နဲ့ အနီးကပ်စောင့် ရှောက်ပေးဖို့ (…)ကို မှာသွားခဲ့ပါတယ် "

"အို...ဟိုလေ..ကျွန်မကို သခင်မလေးလို့ မခေါ်ပါနဲ့လား ကျွန်မ မနေတတ်လို့ပါ..."

အိမ်တော်ကြီးတွင် နေထိုင်သည်မှာ ကြာသော်လည်း ယခုချိန်ထိပင်အခေါ်အဝေါ်ကို စိမ်းသက်ကာ သူမ ကျင့်သားမရသေးပေ…

"ဒါပေမယ့် သခင်ကြီးက အဲ့လိုပဲ ခေါ်ဖို့ မှာသွားလို့ပါ"

မှာသွားသည် ဆိုမှတော့ ရှောင်လုမှာ ဘာမှ ပြောမနေတော့ပဲ ခေါင်းလေးညိမ့်ပြခါ အခန်းစီသို့သာ ပြန်လာခဲ့သည်။…

လူကြီးမင်း..ဘယ်များ သွားတာပါလိမ့်
စိတ်ထဲတွင် ထားသွားခဲ့လေ မလားဆိုသည့် စိုးရိန်မှုဖြင့် အတွေးဝင်စေခဲ့သည်…

🌸🌸🌸🌸

[ဟွာထန်တိုင်းပြည် ]

လူအများ စီးကားသိုက်မြိုက်စွာဖြင့် အခမ်းနားဆုံး ပွဲတော်ကြီး ကျင်းပနေလေသည်။
ထို ပွဲတော်ကား ဟွာထန်ဘုရင်အဖြစ် ထီးနန်းဆက်ခံကြောင်း ခမ်းနားစွာ ကျင်းပနေသည့် နန်းတတ်ပွဲကြီးပင်…

"ဟွာထန် တိုင်းပြည်၏ ရှင်ဘုရင်အဖြစ် ထီးနန်းဆက်ခံသူ အိမ်ရှေ့စံ မင်းသား အိုက်ချန် နန်းတက်မည် ဖြစ်ပါသောကြောင့် ကန့်ကွက်မည့်သူ ရှိပါသလား ..."

အုပ်အုပ်သောင်းတင်း လူအုပ်ကြီးထံမှ ကန့်ကွက်သူမရှိပဲ ထောက်ခံကြောင်းသာ ဆူညံနေလေသည်။

"မင်းသား အိုက်ချန် ဟွာထန် တိုင်းပြည်ကြီးကို မင်းလုပ်အုပ်ချုပ်ပေးလို့ စောင့်ရှောက်တော်မူပါ…”

“မင်းသား အိုက်ချန် သက်တော်ရာကျော် ရှည်ပါစေ...''
"မင်းသား အိုက်ချန် ကျန်းမာပါစေ"
"မင်းသား အိုက်ချန် အောင်မြင်ပါစေ"

အားပေးသံ များကြောင့် ဆူညံနေသော ပြည်သူများအား ဟွာထန် အိမ်ရှေ့စံ မင်းသား အိုက်ချန် လက်ပြနုတ်ဆက်ကာ အောင်ပွဲခံနေလေသည်။ထိုအခြေအနေအား အခမ်းနား၏ အကွယ် နေရာတစ်ခုမှ ဝတ်ရုံအနီဖြင့်လူတစ်ဦးမှ လှမ်းကြည့်ကာ နှုတ်ခမ်းမဲ့၍ ပြုံးလိုက်သည်။
ဟွာထန်မင်းကြီး ကျန်းမာရေးအခြေအနေဆိုးရွားနေခြင်းကြောင့် သူ၏သားတော်အား နန်းအရိုက်အရာဆက်ခံစေကာ ထီးနန်းလွှဲပြောင်းပေးခြင်း ဖြစ်သည်။…..

ဝတ်ရုံနီဖြင့် လူမှာ နန်းတတ်ပွဲကြီးမှ အမြန်ထွက်ခွါခါ လူသူမရှိ တိတ်ဆိတ် ငြိမ်သက်သည့် နေရာတွင်
လက်ခေါက်တစ်ချက် မှုတ်လိုက်ရာ…
စာပို့ ခိုဖြူ တစ်ကောင်ရောက်လာခဲ့သည်။…
ထို စာပို့ ခိုဖြူ၏ ခြေထောက်တွင် စာလိပ်သေးတစ်ခု ထည့်ချည်ပေးခါ ဟွမ်ကုံနန်းတော်စီသို့ ပြန်သန်းစေလိုက်သည်။….

🌸🌸🌸🌸 အပိုင်း ၁၆ ဆက်ရန်>>>
#စာဖတ်ပရိတ်သက်အပေါင်းအားလေးစားလျက်
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)


rate now: