book

Index 14

(အပိုင်း ၁၄)

  • Author : Kyawal
  • Genres : Comedy, Drama, Action

🌸ကချေသည်🌸

Author ✍️ ကြွယ်

"ခမည်းတော်…ဖခမည်းတော်..အားးး...."

မုန်းဘုရင်၏ စူးစူးဝါးဝါး အော်သံကြောင့် နံဘေးတွင် အိပ်ပျော်နေသည့် ရှောင်လု သူ၏လက်အား လှမ်းကိုင်ဖမ်းဆုတ်လိုက်သည်။..
"လူကြီးမင်း... လူကြီးမင်း....အိမ်မက်ဆိုးတွေ မက်နေတာလား"

"ရေ..ရေ..ကိုယ့်ကို ရေတစ်ခွက်လောက် တိုက်ပါ..."
ချွေးများစို ရွှဲခါ မောဟိုက်နေသည့် သူ့အား သူမ အပြေးလေး ရေသွားခပ်တိုက်လိုက်သည်။
"ဒီမှာ ရေရပါပြီ လူကြီးမင်း သောက်လိုက်ဦး..."

"အင်း...."
လက်ကမ်းပေးသည့် ရေခွက်အား အမြန်ယူခါ လည်ချောင်းအတွင်း ရေမျိုချသံ မြည်အောင် ဆာလောင်မွတ်သိပ်နေခြင်းကြောင့် ရေကို အငမ်းမရသောက်လိုက်သည်။

“အဟွတ်..ဟွတ်..”

“ဖြေးဖြေး ..ဖြေးဖြေး လူကြီးမင်း..”
အနည်းငယ်ရေသီးသွားခြင်းကြောင့် ချောင်းဟန့်နေသည့် မုန်းဘုရင်အား ကျောပြင်လေး သပ်ခါ သတိထားသောက်ဖို့ ရှောင်လု ပြောလိုက်သည်။…

“ကျေးဇူးပါပဲ…”

“ဖခမည်းတော်ဆိုပြီး လူကြီးမင်း လန့်နိုးလာတယ်…ဘယ်လို အိပ်မက်ဆိုးတွေများ မက်လို့ လဲဟင်…
ဒါမှမဟုတ် လူကြီးမင်းက ရှောင်လု ထင်နေသလိုများ ဒီတိုင်းပြည် နန်းတော်ရဲ့ မင်းသားများလား ဟင်..
ရှောင်လုကို လူကြီးမင်းရဲ့ ဘဝအမှန် ဖော်မပြပဲ ထိန်ချန်ထားတာများ ရှိနေသလား…ဟင်”

သူမ အမေးကြောင့် တစ်ခဏမျှ ငြိမ်ကျသွားပြီး နှုတ်ခမ်းတစ်ဝိုက် စီးကျနေသည့် ရေတို့အား လက်ခုံဖြင့် ဖိသုတ်လိုက်ရင်း…
"အဟင်း…အဲ့အတွက် စိတ်မပူပါနဲ့ မကြာခင် မင်းသိရတော့မှာပါ…
ဒါနဲ့ ကိုယ် အိမ်မက်ဆိုးမက်တာနဲ့ မင်းသိပ်လန့်သွားပြီ ထင်တယ်..."

"ဟင့်အင်း..မလန့်ပါဘူး…စိုးရိန်သွားမိတာပါ...၊လူကြီးမင်း ဒဏ်ရာက မသက်သာသေးတော့ ပို စိတ်ပူတာပေါ့"

"စိတ်မပူပါနဲ့ ကိုယ့်ဒဏ်ရာက သွေးတိတ်လို့ သက်သာနေပါပြီ...
နားတော့လေ ရှောင်လု ကိုယ် ဘာမှ မဖြစ်ပါဘူး…
နားလိုက်ဦး..မနက် ခရီးဆက်ရဦးမှာ"

"အင်းပါ ဒဏ်ရာသက်သာတယ်ဆိုလို စိတ်အေးရပါတယ်...၊တကယ်လို့ မသက်သာရင် ရှောင်လုကို နှိုးလိုက်နော်...."

"ဟုတ်ပြီ ရှောင်လု အနားယူတော့.."

"ဟုတ်ကဲ့..."

ခပ်ခွါခွါ နေရာလေးမှ သူ့ဘက်သို့ မျက်နှာမူခါ ပြန်လှဲအိပ်လိုက်သည့် ရှောင်လု မျက်နှာလေးအား မုန်းဘုရင် နှုတ်ခမ်း တစ်ဖက်စောင်း ပြုံးခါ ကြည့်နေရင်းမှ အိပ်ပျော်သွားခဲ့သည်။

🌸🌸🌸🌸

မြို့ထဲသို့ ခိုးဝင်လာသည့် အန်ဖောင်တို့ နှစ်ယောက် ဟိုကြည့်ဒီကြည့်ဖြင့်
လမ်းသွား လမ်းလာလူတချို့အား မုန်းဘုရင်၏ အနက်ရောင် မျက်နှာဖုံးအားပြကာ သဲလွန်စရလို့ ရညား လိူက်၍ မေးမြန်း စုံစမ်းကြည့်နေသည်။

"ခဏ…ခဏနေဦး..ဦးလေးကြီး
မေးစရာရှိလို့…ခင်ဗျား ဒီမျက်နှာဖုံးကို သေချာကြည့် ..ဒီလိုမျက်နှာဖုံးဝတ်တဲ့ လူကိုတွေ့ဖူးသလား.."

မျက်နှာရှေ့ တိုးပြနေသည့် အနက်ရောင် မျက်နှာဖုံးအား မျက်မှောင်ကုတ်ကြည့်ရင်း....
"ဒီလိုမျက်နှာဖုံးတပ်တဲ့ လူမျိုးတော့ ကျုပ်တို့ မြို့ထဲမှာ မရှိဘူးဗျ..."
"ဒါပေမယ့်...."

ဆက်မပြောပဲ ငြိမ်ကျသွားသည့် ထိုဦးလေးကြီး အင်္ကျီစအား အန်ဖောင် စိတ်မရှည်စွာ ကိုင်ဆွဲလိုက်ရင်း…
"ဘာ ဒါပေမယ့်လဲ ဆက်ပြောလေ ဗျာ ခင်ဗျားကြီး အင်တင်တင်လုပ်မနေနဲ့...
ဆက်ပြောလေ.."

ပြောပြောဆိုဆို ဖြင့် ထိုဦးလေးကြီး အင်္ကျီအား ထက်၍ ဆွဲကိုင်မြှောက်လိုက်ပြီး သိချင်လိုစိတ်တို့ တဖြေးဖြေး တိုးလာခဲ့သည်။…

“အစ်ကိုကြီး စိတ်လျော့ပါဗျာ…
ကောင်းကောင်းလေး မေးမှ ပေါ့ဗျ…
ဒါမှ လူတွေ ဖြေချင်ကြမှာလေ…
အခု အစ်ကိုကြီး လုပ်နေတဲ့ ပုံစံက…”

“မင်း ပါးစပ်ပိတ်ထား (…)
ငါတကယ် စိတ်မရှည်တော့ဘူး
အဲ့ကောင်ကို ငါအမိဖမ်းချင်နေပြီကွ…
ဒီမှာ ငါမေးနေတယ် မင်းဝင်မရှုပ်နဲ့..”

“ပြော ခင်ဗျားကြီး
ဒါပေမယ့် ဘာဖြစ်လဲ…”

"အေး အေးပါကွယ်..ဟို...ဟို...မျက်နှာဖုံး တပ်တဲ့ လူက ဒီမြို့မှာ တစ်ဦးပဲ ရှိတယ်"

"ဘယ်သူလဲ …
ခင်ဗျားကြီး မြန်မြန်ပြော ကျုပ်စိတ်မရှည်တော့ဘူး"

"သူ သူက ဒီတိုင်းပြည်ကို အုပ်ချုပ်တဲ့ ဒီတိုင်းပြည်ရဲ့ အရှင်သခင် မုန်းဘုရင်ပဲ …”

“မုန်းဘုရင်…”

“ဟုတ်တယ် ဒီမြို့မှာ မုန်းဘုရင်ကပဲ ဒီလိုမျက်နှာဖုံးကို အမြဲ တပ်ထားတတ်တာ..."
ဘုရင်တစ်ပါးကသာ ဤကဲ့သို့မျက်နှာဖုံးအား တပ်သည် ဆိုသော ဦးလေးကြီး စကားကြောင့် လူထွား အန်ဖောင် စိတ်ထဲ စိုးထိတ်သွားရသည်။
ချက်ခြင်းပင် ထပ်မေးလိုက်သည်က…
"ဒါဆို ဒီမြို့မှာ တခြား ဘယ်သူကရော် ဒီလို မျက်နှာဖုံးတပ်တာ မြင်ဖူးသေးလဲ"
"အဲ့တာတော့ ဦးလေးလဲ မသိဘူး...မတွေ့ဖူးဘူး"

လူထွားအန်ဖောင် ခေါင်းတဆက်ဆက် ညိမ့်လိုက်ရင်း…
ထိုဦးလေးကြီး အင်္ကျီကို လွှတ်ချလိုက်ပြီး မျက်မှောင်ကျုံ့မိ၏။...
“ဟုတ်ပြီ ခင်ဗျားကြီး သွားလိုရာ သွားလို့ရပြီ…”

မေးမြန်းနေခြင်းအား ရပ်ခါ သွားခွင့်ပေးလိုက်သည့် လူထွားအန်ဖောင်အား ကျောခိုင်းခါ ခြေနှစ်လှမ်းစာ လှမ်းပြီးခါမှ…
တစ်စုံတစ်ခုအား သတိရသွားဟန်ဖြင့် ပြန်လှည့်လာသည်။…
"ဟို...မောင်ရင် "
"ဘာလဲ ဦးလေးကြီး"
"ကျုပ်အခုမှ သတိရသွားလို့ပါ..ဒီလိုမျက်နှာဖုံးတပ်ပြီး ခရီးသွားလာနေတဲ့ လူတစ်ယောက်တော့ တွေ့ဖူးတယ်"
ထိုစကားကြောင့် အန်ဖောင်ရော (…)ပါ မျက်နှာ ပြုံးရိပ်သန်းသွားသည်။...
“ဘယ်သူများလဲ…”

"သူက ကုန်သည်လိုလို ခရီးသွားလိိုလိုနဲ့....သေချာတာက ကုန်သည်ဖြစ်ဖို့ များတယ်၊ ဒီမြို့ထဲ ဖြတ်သွားတာ ကျုပ် နှစ်ခါလောက် မြင်ဖူးတယ်"

"ခင်ဗျားပြောတာ သေချာလား..."

"သေချာပါတယ် မောင်ရင်ရဲ့၊ဦးလေး မလိမ်ပါဘူး..."

အန်ဖောင် နောက်ကျောဘက်ရှိ (…)အား လှည့်ကြည့်လိုက်ပြီး …
"(…)ငါတို့တော့ သူ့ရဲ့ သဲလွန်စ ထက်ရပြီ ကွ၊ဒီကောင့်ကို မကြာခင်မှာ ငါတို့ သခင်မကြီး အတွက် ဖမ်းနိုင်တော့မှာပါ. ၊နောက်ပြီး ဆုံးသွားတဲ့ ငါ့ အစ်ကိုကြီး အတွက်လဲ လက်စားပြန်ချေ နိုင်တော့မယ်...ဟား...ဟား...ဟား"
ပြုံးရယ်ခါ ပြောလိုက်သည်။

“အဟား…မှန်တာပေါ့ အစ်ကိုကြီးရာ..”

“(…) ငါဗိုက်ဆာတယ် မနက်စာ သွားစား ကြမလား…မင်းရော…ဆာတယ်မလား”

“ကျွန်တော်လဲ ဆာပြီ အစ်ကိုကြီး…”

“အေး..ဒါဆို ဒီမြို့က စားသောက်ဆိုင် တစ်ဆိုင် သွားထိုင်ရအောင်…”

“အင်း…ကောင်းသားပဲ အစ်ကိုကြီး..”

အန်ဖောင်တစ်ယောက် (…)ပခုံးပေါ် လက်တင်ခါ မြို့ထဲရှိ စားသောက်ဆိုင်စီသို့ ဆက်လျှောက်သွားကြလေသည်။

🌸🌸🌸🌸

"ရှောင်လု....ရှောင်လု"
ပခုံးလေးအား လှုတ်နှိုးလိုက်သည့် မုန်းဘုရင်ကြောင့် မျက်လုံးဝိုင်းလေးဖြင့် ရှောင်လုလန့်နိုးသွားသည်။..
“ဟင်…”

"ရှောင်လု ထတော့ ကိုယ်တို့ ခရီးဆက်ရအောင်...၊ခရီးက ဝေးသေးတော့ ကိုယ်တို့ မြင်းတစ်ကောင်လောက် ဝယ်မှရမယ်"

"ရှောင်လုမှာ စုစောင်းထားတဲ့ ငွေစလေးများ မရှိဘူးလား၊ရှိရင် ကိုယ့်ကို ခဏ ပေးသုံးပါ ၊ ကိုယ် အိမ်တော်ကို ရောက်ရင် ပြန်ပေးပါ့မယ်"

"လူကြီးမင်း ရှောင်လုက ဆင်းရဲတယ်လေ၊စုထားတဲ့ ငွေတိုငွေစ ဘယ်ရှိလိမ့်မလဲ လူကြီးမင်းရဲ့"

ပြောပြောဆိုဆိုဖြင့် ရှောင်လု အိပ်ယာလေး ခေါက်သိမ်းလိုက်သည်။..

သူမ၏ အဝတ်နှီးတောင်းလေးထဲမှ လိုအပ်သော အဝတ်တို့ ထည့်ရန် ထုတ်လိုက်စဥ်....
မနေ့ညက အဘွားကျန့် အဝတ်နှီးတောင်းလေးထဲက ရွှေတုံးနှင့် ငွေစတို့အား သတိရမိသည်။..
ဟုတ်သားပဲ…ဟိုလူကြီးက ပေးခဲ့ပေမယ့် ငါနဲ့အဘွားကတော့ ဒါတွေကို ကိုယ်ပိုင် ဉစ္စာလို့ မသက်မှတ်လို့ အသုံးမပြုခဲ့ဘူး ဒါပေမယ့် အခုတော့ အခက်တွေ့နေလို့ ဒါတွေကို မဖြစ်မနေ ယူသုံးမှ ရတော့မယ်…

"လူကြီးမင်း ဒီမှာ ဒါလေး..”

အနီရောင် ဖျင်ရှုံ့အိတ်လေးအား လက်ကမ်းပေးလာသည်ကြောင့် မုန်းဘုရင် ယူ၍ ထုတ်ကြည့်လိုက်ရာ…
ရွှေတုံးနှင့် ငွေစများပင်…

“ဒါတွေ…ဘယ်ကရတာလဲ..ရှောင်လု!”
လက်ထဲရှိ ရွှေတုံးနှင့် ငွေစတို့အား ကြည့်၍ ရှောင်လုအား နားမလည်နိုင်စွာ မသင်္ကာသလိုကြည့်ခါ မေးလာသည့် မုန်းဘုရင်ကြောင့် သူမ ရင်ထဲ စိတ်ထိခိုက် သွားရသည်။…

“လူကြီးမင်း…ရှောင်လုကို အဲ့အကြည့်တွေနဲ့ မကြည့်ပါနဲ့…
ရှောင်လု ခိုးလာတာ မဟုတ်ပါဘူး…
ရှောင်လု တောထဲ ဆေးမြစ်ရှာသွားတုန်း လူတစ်ယောက်နဲ့တွေ့ပြီး သူ့အသက်ကို ကယ်ပေးခဲ့ဖူးတယ်၊ အဲ့လူက ရှောင်လုတို့ မြေးအဘွားက သူ့အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်တဲ့ အနေနဲ့ ရှောင်လုတို့ တင်နေတဲ့ အကြွေးကို ဆပ်ပေးခဲ့သလို ဒီရွှေတွေကိုလဲ ရှောင်လုတို့ မြေးအဘွား သုံးဖို့ အတွက် ဆိုပြီး ပေးသွားခဲ့တာ…
ဒါပေမယ့် အဘွားက ဒါတွေ လက်ဖျားနဲ့တောင် မတို့ပဲ သေချာ သိမ်းထားခဲ့တယ်…”

"ကိုယ်တောင်းပန်ပါတယ် ကိုယ့်အပြုအမူက ရိုင်းသွားခဲ့တယ် ဒါဆို ကိုယ့်ကို ဒါတွေ မြင်းဝယ်ဖို့ အတွက် ခဏပေးသုံးပါ၊ ကိုယ် အိမ်တော် ရောက်ရင် ပြန်ပေးပါ့မယ်"

"ရပါတယ် လူကြီးမင်းရဲ့ ဒါတွေကို ရှောင်လုသုံးဖို့ သိမ်းထားတာ မဟုတ်ပါဘူး၊ တကယ်လို့များ ဟို လူကြီးကိုပြန်တွေ့ခဲ့ရင် သူ့ရွှေတွေ ပြန်ပေးရအောင် သိမ်းထားယုံပါ …
အဘွားလဲ ရှောင်လုလို ပဲနေမှာ ဒါကြောင့် အခုချိန်ထိ မသုံးပဲ သိမ်းထားခဲ့တာပေါ့"

အဟင်း…လောဘမရှိတဲ့ အပြင် အပြစ်ကင်းပြီး တုန်းအ လိုက်တဲ့ မိန်းကလေး…
ရုပ်ကလေးလဲ လှသလို အတွင်းစိတ်ကလဲ အတော် နူးညံ့ဖြူစင် လွန်းတယ်…
ရှောင်လု မင်းက ကလေးတစ်ယောက်လိုပဲနော်…
မုန်းဘုရင်တစ်ယောက် ရှောင်လု၏ နူးညံ့ပြီးအပြစ်ကင်းစင်သည့် စိတ်ထားလေးအား တဖြေးဖြေး ပိုသိလာလေ သူမရဲ့ အပြစ်ကင်းဖြူစင်မှုတို့အတွက် သူပို၍ နှစ်သက် သဘောကျလာလေ ဖြစ်သည်။

“လာ ကိုယ်တို့ သွားကြစို့ …”

ဟင်..ဘယ်လဲ လူကြီးမင်းရဲ့..”

လက်ကလေးအား လှမ်းဆွဲလာသည့် မုန်းဘုရင်အား သူမ မျက်လုံးဝိုင်းလေးဖြင့် ကြည့်ခါ မေးမိသည်။…

“ကိုယ်တို့ မြင်းဝယ်ပြီးတာနဲ့ ဒီကနေ တစ်ခါတည်း ခရီးဆက်ကြစို့လေ..”

“ဟင်..ဒီလိုဆို ခဏလေး လိုအပ်တဲ့ အဝတ်လေးတွေ ရှောင်လု အမြန် ထည့်ထုတ်လိုက် ဦးမယ်..”

“ဟောင်းနွမ်းနေပြီဖြစ်တဲ့ မင်းအဝတ်တွေကို ယူမနေပါနဲ့တော့ …
မြင်းဝယ်ရင်းနဲ့ အဝတ်ဆိုင်မှာ မင်းအတွက် အဝတ်စားအသစ်တွေ ကိုယ်ဝယ်ပေးပါ့မယ်…လာ”

“အို…မဟုတ်တာ ရှောင်လုအတွက် ဒီအဟောင်းလေးတွေနဲ့ လုံလောက်ပါတယ် လူကြီးမင်းရဲ့ ..
မဝယ်ပေးပါနဲ့”

“လာပါ…ငြင်းမနေပါနဲ့
ငြင်းနေလို့ တော်ကြာ ကိုယ့် အိမ်တော်ကို အချိန်မှီ ပြန်မရောက်ပဲ ကျန့်ကြာ နေလိမ့်မယ်..လာ..သွားကြစို့…”

ဖြူဖွေးသွယ်လျသည့် သူမ လက်ကလေးအား အတင်းဆုတ်ကိုင်ခါ သူဆွဲခေါ်ရာသို့ ပါသွားရသည်။…

~~~~~~~~~

"သူဌေးမင်း...ကျုပ် မြင်းတစ်ကောင်လောက် ဝယ်ချင်လို့ပါ"

ဘာအထုတ်ကြီး အထုတ်ငယ်မှ မပါပဲ လူကြည် သက်သက်လာသည့် မုန်းဘုရင်နှင့်ရှောင်လုအား မြင်းရောင်းသည့် သူဌေးမှာ နှာရှုံ့ကြည့်ခါ…မြင်းဇောင်းထဲရှိ မြင်းတို့အား လိုက်လံ ပြသ လေသည်။
စျေးအနိမ့်ဆုံး ဖြစ်ပြီး သန်မာကြံ့ခိုင်မှု အားနည်းသည့် မြင်းတို့ကိုသာ လိုက်ရွေးပြ နေသည့် ထို မြင်းရောင်းသည့် သူဌေးအား မုန်းဘုရင်မှ…
“သူဌေးမင်း…ဒီထက် ကြံ့ခိုင်တဲ့ မြင်းတွေ မရှိတော့ဘူးလား..”
အခြားမြင်းကောင်း မြင်းသန့်တို့အား ပြပေးစေလို၍ စကားလမ်းစခင်းလိုက်သည်။..
မြင်းရောင်းသည့် သူဌေးမှာ မုန်းဘုရင်အား မျက်ခုံးပင့်ခါ နှာရှုံ့ရင်း…
“အခြားမြင်း တွေက စျေးလဲကြီးတယ် … မင်း ဝယ်နိုင်မှာ မဟုတ်ဘူး…
ဒီအထဲကပဲ မင်းကြိုက်တဲ့ အကောင် ရွေးလိုက်ပါ…”

ထိုစကားကြောင့် မုန်းဘုရင်စိတ်ထဲ အောင့်သက်သက်ဖြစ်ခါ ခံပြင်းမိသည်။…
အဟင်း…လက်စသက်တော့ ဘာအထုတ်မှ မပါပဲ လာလို့ ငါတို့ကို သူက အထင်သေးနေတာပဲ…
အထုတ်အထေး အပြည့်စုံနဲ့ ပြောင်ပြောင်ရောင်ရောင် လာမှ ငွေပါတယ်ထင်တဲ့ လူပဲ…
တော်တော် အပေါ်ယံကြည့်တဲ့ လူကြီး…

“အဟွန်း..အဲ့အတွက် စိတ်မပူပါနဲ့..
ဒီမှာတွေ့လား …
ဒီအိတ်ထဲမှာ အလုံအလောက်ပါတယ်…
ဒါကြောင့် သူဌေးမင်းပြောတဲ့ စျေးကြီးတယ် ဆိုတာထက် ပိုစျေးကြီးတဲ့ မြင်းကောင်းမြင်းသန့်ကိုပဲ ကျုပ်ကို လိုက်ပြပေးပါ..”

“ဪ…အဟင်း ဟင်း..ဟုတ်ကဲ့ …
ဟုတ်ကဲ့ လူကြီးမင်း…
ခုဏက အပြောအဆိုများ ရိုင်းသွားခဲ့ရင် တောင်းပန်ပါတယ် လူကြီးမင်း..
ခွင့်လွတ်ပေးပါ အဟင်း…ဟင်း
သန်မာကြံ့ခိုင်ပြီး စျေးကောင်းတဲ့မြင်းတွေက ဒီဘက်မှာပါ …ဒီဘက်မှာပါ..
ဒီဘက်ကို ကြွပါ လူကြီးမင်း…”

ငွေထုတ်မြင်တော့ ချက်ချင်းပဲ လေသံနှင့်အချိုးတို့ ပြောင်းလဲသွားသည့် မြင်းရောင်းသည့် သူဌေးအား မဲ့ပြုံးလိုက်ရင်း…
အကောင်းဆုံးနှင့် အသန်ဆုံးဖြစ်သည့် လှပသည့် မြင်းညိုကြီးအား ရွေးချယ်လိုက်သည်။…

"ဒီကောင်ကြီး ကျုပ် ယူမယ် ၊ ဘယ်လောက်ပေးရမလဲ "

"ငွေစ ($)အပြတ်ပါ"

စျေးနှုန်းသိရသည်နှင့် မုန်းဘုရင် အိတ်ထဲမှ ရွှေနှစ်တုံး ထုတ်ပေးလိုက်ကာ...
"ဒီရွှေ ဘယ်လောက်တန်လဲ သူဌေးမင်းသိမှာပါ၊ သူဌေးမင်းက အဝတ်အထည်တွေနဲ့ စားဖွယ်စုံလဲ ရောင်းချတော့ ကျုပ်ကို ပိုတဲ့ ငွေစနဲ့ အဝတ်အစားအချို့နဲ့ အစာခြောက် တစ်ချို့ပါ ထည့်ပေးပါ"

“ဟုတ်ကဲ့...ဟုတ်ကဲ့ လူကြီးမင်း မှာတဲ့အတိုင်း ကျုပ်အကုန် ဖြစ်အောင် စီစဉ်ပေးပါ့မယ်..
စိတ်ချပါ…အဝတ်စားက ဒီကညီမငယ် အတွက်ကောလား…”

“ဟုတ်ပါတယ် ကျုပ်တို့ နှစ်ယောက်စလုံးအတွက်ပါ…”

“ဪ..အဟင်း ဟင်း..
ဟုတ်ကဲ့ လူကြီးမင်း…ဒါဆို ဟော ဟိုက ထိုင်ခုံလေးမှာ အေးဆေးလေး ထိုင်စောင့်ပေးပါ အဝတ်စားအတွက် ကိုယ်တိုင်းယူဖို့ ခဏနေ လူလွှတ်လိုက်ပါ့
မယ် ဒါမှ လူကြီးမင်းတို့ ကိုယ်နဲ့ သင့်မဲ့ အဝတ်ကို ထည့်ပေးလို့ ရမှာ မလား အဟင်း ဟင်း…ထိုင်ကြပါ ထိုင်ကြပါ.”

ရွှေတုံးဘယ်လောက်တန်လဲ သိတဲ့ မြင်းဇောင်း ပိုင်သည့် သူဌေးမှာ ပြာပြာသလဲဖြင့် မုန်းဘုရင်နှင့် ရှောင်လုအား ခဏထိုင်စောင့်ရန် နေရာချပေးလိုက်သည်။…....

မျက်လုံးဝိုင်းလေးဖြင့် ရှောင်လု
ကြောင်အမ်းအမ်းဖြစ်ကာ ထိုရွှေက အဲ့လောက်တောင် အဖိုးတန်မှန်း တကယ် မသိခဲ့ပေ။

**********
မြင်းရသည်နှင့် တစ်ပြိုင်နက် ခရီးဆက်ခဲ့ကြပြီး…
မြင်းပေါ်နှစ်ဦးသား အတူစီးနှင်းကြရ ၍ နီးကပ်သည့် ခံစားချက်တို့ကြောင့် ရင်ခုန်ရပြန်သည်။…

"ရှောင်လု..."

"ဟုတ်ကဲ့....လူကြီးမင်း"

"အိမ်တော်ကို ရောက်ရင် မင်း ကိုယ့်အခန်းမှာပဲ နေရမယ်…”

“ရှင်…ဒါ..ဒါကမဖြစ်နိုင်..”

“ရှူးး….မငြင်းနဲ့…
မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး…
မင်းကို ကိုယ်ပိုင်တယ်…
ကိုယ် စီစဉ်တာ မင်းလက်ခံရမယ်”

နှုတ်ခမ်းလေးနား ကန့်လန့်ဖြတ် လာထောက်သည့် လက်ချောင်းလေးကြောင့် ဆက်မပြောပဲ နှုတ်စေ့ခါ ခေါင်းညိမ့်လိုက်ရသည်။…

“အထူးသဖြင့် မှာချင်တာက…
ကိုယ်မသိပဲ ဘယ်ကိုမှ လျှောက်ထွက်မသွားနဲ့ ရှောင်လု…
ကြားလား "

"ဟုတ် ဟုတ်ကဲ့ လူကြီးမင်း
စိတ်ချပါ ရှောင်လု ဘယ်ကိုမှ ထွက်မသွားပါဘူး"

~~~~~~~

သန်မာ လျင်မြန်သည့် မြင်းကောင်းတစ်လက် မြင်းညိုကြီးဖြင့် ခရီးဆက်ခဲ့တာ ယခုဆို နန်းတော်အနီး သူ၏အိမ်တော် တည်ရှိရာ မြို့အဝင်ဝသို့ ရောက်လာခဲ့သည်။…

ထုံးစံအတိုင်း စစ်ဆေးသည့် ဂိတ်စောင့်တပ်မှူးအား မြို့ဝင် တံဆိပ်ပြားထုတ်ပြကာ အစစ်ဆေးခံယူပြီး မြို့ထဲသို့ ဝင်လာခဲ့သည်။..

သူတို့နှစ်ဦးအား လိုက်လန် မေးမြန်း ရှာဖွေနေသည့်
လူထွား အန်ဖောင်တို့နှင့်လဲ သီသီလေး ကပ်လွဲသွားသည်။…

ခမ်းနားကြီးကျယ်လှသည့် လူဂုဏ်ထံအသိုင်းအဝိုင်းများသာ နေထိုင်သည့် နေရပ်သို့ ရောက်လာသည်။..

တံခါးအဆင်သင့်ဖွင့် ထားသော ကျယ်ပြန့်သည့် အိမ်တော်ခြံဝန်းကြီးထဲသို့ မြင်းစီးဝင်သွားလိုက်ပြီး…
အိမ်တော် အရှေ့သို့ရောက်သည်နှင့် စီးနင်းလာသည့် မြင်းအား ရပ်ခါ ရှောင်လုအား မြင်းပေါ်မှ ပွေ့ချီခါ မြေပြင်သို့ ချပေးလိုက်သည်။…
"ရှောင်လု... ဒါက ကိုယ့်ရဲ့အိမ်တော် မင်းနေရမဲ့ အိမ်ပဲ”
သူညွှန်ပြသည့် ထိုအိမ်ကြီးမှာ အထပ်၃ထပ် ရှိသည့် အိမ်တော်ကြီးဖြစ်ခါ …
အတွင်းမပြောနှင့် အပြင်ကကြည့် ရသည်တောင် အလွန်းကြီးမားခါ ခမ်းနားလှပလွန်းသည်။..

“ရှောင်လု..ဘာတွေ ငေးနေတာလဲ အိမ်တော်ရောက်ပြီလေ လာ.…"

"ဪ..ဟုတ်ကဲ့.ဟို ..အိမ်တော်က အရမ်းလှပြီး ခမ်းနားလွန်းတော့ ရင်သက်ရှုမော ဖြစ်ရလို့ပါ…
ဝါး….လူကြီးမင်းရဲ့ အိမ်တော်က တကယ်ကို အကျယ်ကြီးပဲနော်
အရမ်းလဲ လှပတယ်"

“အဟင်း…မင်း အလှကိုတော့ မမှီပါဘူး…”

အတည်ပေါက်ဖြင့် စနောက်လိုက်သည့် မုန်းဘုရင်ကြောင့် သူမ ပြုံးရယ်မိသည်။..
ခမ်းနားလွန်းလှသည့် ဤအိမ်တော်ကြီးတွင် နေရလိမ့်မည်ဟု သူမဘဝတွင် တစ်ခါမျှ အိပ်မက်ပင် မမက်ခဲ့ဖူးသလို လုံးဝလဲ မထင်ထားခဲ့ချေ။
ယခု ဤအိမ်တော်ကြီးတွင် နေထိုင်ရမည် ဆိုသောကြောင့် အိပ်မက်လားဟုပင် သူမ ပါးပြင်လေးအား ပုတ်ခါ စမ်းကြည့်မိသည်။…
မုန်းဘုရင်အား သာမန်ခရီးသွား တစ်ဦးဟုသာ သူမ ထင်မှတ်ထားခဲ့သည်။
ယခုတော့ သူဟာ သူမ ထင်မထားလောက်အောင် ချမ်းသာကြွယ်ဝလွန်းသည့် မြင့်မြတ်သည့်မျိုးရိုး အသိုင်းဝိုင်းကြီးကမှန်း အခုမှ သိတော့သည်။…

“မင်းကြီး…အိမ်တော်သို့ ပြန်လာပါပြီလား”

အစေခံ၏ မဆင်မချင် ခေါ်လိုက်သည့် အသံကြောင့် မုန်းဘုရင် မျက်နှာတင်းခါ ဒေါသဖြစ်သွားသည်။…
အနောက်သို့ လှည့်ကြည့်လိုက်ရာ
ရှောင်လု သူနှင့်ကပ်မပါလာ၍ တော်သေးသည်။…

“တိတ်စမ်း… ငါ့ကို မင်းကြီးလို့မခေါ်နဲ့ …
အထူးသဖြင့် သူမ ရှေ့မှာ
စကားကိုဆင်ခြင် …
နောက်တစ်ခါ ဒါမျိုး မဆင်မခြင်ခေါ်ရင် မင်းလျှာကို ငါဖြတ်ပစ်မယ်”

“ရှင်…မလုပ် မလုပ်ပါနဲ့ မင်းကြီး..”

“ကျစ် …ငါပြောနေတယ်လေ မင်းကြီးလို့ မခေါ်နဲ့လို့..လျှာအဖြတ်ခံချင် နေပြီထင်တယ်…”

“မ…မဟုတ်ပါဘူး သခင်ကြီး..”

အစေခံမလေးမှာ မုန်းဘုရင်၏ စကားကြောင့် ကြောက်ဒူးများပင် တုန်လာသည်။

ပြောရင် ပြောသည့်အတိုင်း တကယ် လုပ်တတ်သည့် မုန်းဘုရင်အား အိမ်တော် တစ်ခုလုံးရှိ မင်းကြီးမှန်း သိထားသည့် အစေခံများနှင့်အတူ တိုင်းသူပြည်သားများပါ မကျန် အကုန်ကြောက်ကြသည်။

မုန်းဘုရင်ဟာ ဟွမ်ကုံမင်းဆက်၏ အသက်ငယ်ဆုံး နှင့် အုပ်ချုပ်မှု စနစ်ကောင်းသည့် မင်းဖြစ်ခါ တိုင်းသူပြည်သားများအတွက် ကောင်းကျိုးများစွာ ဖြစ်ထွန်းအောင် လုပ်ဆောင်ပေးသည့် မင်းကောင်းမင်းမြတ် တစ်ပါးလည်း ဖြစ်ပေသည်။…

သို့သော် မုန်းဘုရင်တွင် ဆိုးရွားရက်စက်လွန်းသည့် သမိုင်းတစ်ခုလည်း ရှိပေသည်။…
ဤသည်မှာ မုန်းဘုရင်ဟာ ဟွာထန်စစ်ပွဲတွင် ဖခင်မင်းကြီး ရန်သူဘုရင်၏ လက်ချက်ဖြင့် ဆုံးပါးသွားခြင်းကြောင့် အမျတ်တော်ရှခါ အလွန်အကျွံ ဒေါ်သပုန်ထခဲ့သည်။
ထို့ကြောင့် ဆုံးပါးသွားသည့် ဖခင်မင်းကြီးအစား လက်စားချေရန် ဟွာထန်ဘုရင်နှင့် စစ်ပွဲ ဆင်နွှဲခဲ့ရာ
ဟွာထန်စစ်သည်ပေါင်း တစ်သောင်း၏ ဦးခေါင်းအား ဖျတ်၍ သတ်စေခဲ့သည် …
မည်သည့် ဦးခေါင်းတို့အား မည်သို့ပင် ဖျတ်သတ်ခဲ့ရာမူ
မုန်းဘုရင်မှာ ဟွာထန် ဘုရင်၏ ဦးခေါင်းကိုသာ အဓိကထား လိုချင်ခဲ့သည်။..
သို့သော် စစ်ပွဲသာနိုင်သွားခဲ့သည်
အကာကွယ်ကောင်း၊ အပြေးကောင်း လှသည့် ဟွာထန်ဘုရင်၏ ဦးခေါင်းကိုတော့ မဖျတ်နိုင်ခဲ့ချေ။…
ဟွာထန်မင်းမှာ မုန်းဘုရင်၏ တိုက်ရည်ခိုက်ရည်နှင့် အစွမ်းစမှာအင်မတန်တော်ခြင်းကြောင့် တော်တော်နှင့် စစ်မဖြစ်ရဲတော့ပဲ ရပ်နားခဲ့သည်မှာ ၄နှစ်ရှိခဲ့ပြီ ဖြစ်သည်။…

ထိုသို့ သူ၏ရက်စက်သည့် သမိုင်းမှာ တိုင်းနိုင်ငံအတော်များသို့ သတင်းပျံ့နှံ့သွားခဲ့သည်။…
ထို့ကြောင့် သူ၏တိုင်းပြည်အား မည်သူမျှ လာရောက် ကျူးကျော် ထိပါးခြင်း မပြုရဲကြချေ…
ဤသမိုင်းကြောင်းအား ပြည်သူများ သိရှိကြ၍ မုန်းဘုရင်အား သေလောက်အောင် ကြောက်ကြခြင်းလည်း ဖြစ်သည်…

“ဟွန်း…ဟုတ်တယ် ငါ့ကို သူမ အရှေ့မှာဆို သခင်ကြီးလို့ပဲ ခေါ်…
အခြား အစေခံတွေကိုလဲ သိအောင် သေချာပြောပြထားလိုက်…
တကယ်လို့ အခြားအစေခံတွေစီက ငါ့ကို မင်းကြီးလို့ ခေါ်သံကြားတာနဲ့ မင်းရဲ့ လျှာရော၊လည်ပင်းပါ ပျက်ပြီသာမှတ်..
ကြားလား…”

“ဟုတ် ..ဟုတ်ကဲ့ သခင်ကြီး..”

“အိမ်တော်ထိန်း ဒေါ်(…)ဘယ်မှာလဲ
ငါပြန်လာတာတောင် ဘာလို့ ထွက်မလာတာလဲ…”

“ကျွန်တော်မျိုးမ ရှိပါတယ် သခင်ကြီး..”

မေးနေစဉ်အတွင်း အနောက်မှ ရောက်လာသည့် အိမ်တော်ထိန်း ဒေါ်(…)အား လှမ်းကြည့်မိသည်။..
သခင်ကြီးဟု အလိုက်တသိခေါ်၍ အိမ်တော်ထိန်းဒေါ်(…)အတွက် သူစိတ်အေးရသည်။
ဒေါ်(…)မှာ ထက်မြတ်သည့် အမျိုးသမီးကြီး ဖြစ်သောကြောင့် သူမမှာလည်း ချောင်အန်းကဲ့သို့ မုန်းဘုရင်၏ လက်ဆွဲတော်ပင်…

“ရှိနေရင် ခင်ဗျက ဘာလို့ အရင်ထွက်မလာတာလဲ..”

“တောင်းပန်ပါတယ် သခင်ကြီး…
ဟိုအိမ်ရှေ့ရေကန်နားမှာ ရပ်နေတဲ့မိန်းကလေးနဲ့ သခင်ကြီး မြင်းအတူစီးပြီး အိမ်တော်ထဲ ဝင်လာကတည်းက
ကျွန်တော်မျိုးမ ၃ထပ်ဆောင်မှ မြင်၍ အဆင်သင့် အနားယူ နိုင်အောင် အခန်းပြင်ဆင်ပေးနေခြင်းကြောင့်ပါ..”

“အဟင်း…ကောင်းတယ် အလိုက်သိတယ်..”

“သူမကို ကျုပ် အခန်းထဲ ခေါ်သွားလိုက် နောက်ပြီး ရေစိမ်ချိုးဖို့ သေချာပြင်ဆင်ပေးထား..
ဒီအိမ်တော်မှာရှိတဲ့ အစေခံတွေ အားလုံး သူမကို သခင်မလေးလို့ခေါ်ကြရမယ်
ကျုပ်လိုပဲ သူမကို ရိုရိုသေသေ ဆက်ဆံကြရမယ်။ ကျုပ်မရှိချိန်၌ သူမကို မြူတစ်မှုန်မျှ မထိခိုက်မိအောင် သေချာ စောင့်ရှောက်ကြရမယ်
သူမ တစ်ခုခုဖြစ်ရင် ခင်ဗျားတို့ အားလုံး အသက်တွေ မလွယ်ဘူးမှတ်ပါ..”

“ဟုတ်ကဲ့ နားလည်ပါပြီ သခင်ကြီး…”

အိမ်တော်ထိန်းအပါအဝင် အစေခံမလေးက ဦးခေါင်းညွှန့် အရိုအသေပေးလိုက်သည်။…
ဤအစေခံများသည်ကား သူဤသို့နေထိုင်ခြင်းအား ပြင်ပလူ တစ်ဦးတစ်ယောက်မှ မသိစေရ /နန်းတွင်းနှင့် သက်ဆိုင်သူ မှန်သမျှထံ မပေါက်ကြားစေရ ဟု သစ္စာဆိုထားရသည့်
သစ္စာခံ အစေခံများပင်…
ထိုသစ္စာဆိုထားမှုထဲတွင် အိမ်တော်ထိန်း ဒေါ်(…)လဲ ပါဝင်လေသည်။..

“သခင်မလေး.ကျွန်တော်မျိုးမ အနောက်ကို လိုက်ခဲ့ပေးပါ…”

“ရှင်..”

မျက်လုံးပြူးလေးဖြင့် ပြန်ကြည့်သည့် သူမအား အိမ်တော်ထိန်းမှ ပြုံးပြခါ လိုက်သွားပေးဖို့ တိုက်တွန်းလိုက်သည်။..
“လိုက်သွားပေးပါ သခင်မလေး..”

~~~~~~

ပန်းရနံ့များဖြင့် ကြိုင်လှိုင် သင်းပြန့်နေပြီး အခန်းကြီးမှာ သူမတို့ တဲလေး၂လုံးစာမျှ ကျယ်ဝန်းလှသည်။…
ခမ်းနားလှပမှုတို့ အပြည့်နှင့် အစေခံမလေး သူမအား ဦးဆောင်ခေါ်သွားသည်က အခန်း၏ ချိုးရေကန်ရှိရာသို့ပင်…

ထိုရေကန်ကြီးမှာ ရေငွေ့တထောင်းထောင်းဖြင့် ချိုးချင်စဖွယ်ကောင်းလှပြီး ကန်ထဲတွင် နှင်းဆီပွင့်ဖက်နှင့် အခြား တန်ဖိုးကြီးပွင့်ဖက်များလည်း ထည့်စိမ်ထားလေသည်။…

“ဟင်..”

အစေခံမလေးမှ သူမအား မပြောမဆိုဖြင့် ပခုံးလေးအား ကိုင်ခါ အခန်းထောင့်ရှိ ခုံလေးပေါ်တွင် ထိုင်ခိုင်းစေခြင်းကြောင့် သူမကိုယ်လေးတွန့်ခါ လန့်သွားသည်။…

“မကြောက်ပါနဲ့ သခင်မလေးအတွက် သခင်ကြီးက ပြင်ဆင်ခိုင်းထားလို့ပါ “

လူကြီးမင်းက ပြင်ဆင်ခိုင်းသည် ဆို၍ သူမလည်း ဘာမှ အတွန့်တတ်မနေတော့ပဲ စိတ်ချ လက်ချ ဖြင့်
အစေခံမလေး ပြုသမျှ ကို ခံယူလိုက်သည်။..
အစေခံမလေးမှ သူမဦးခေါင်းမှ ထုံးဖွဲ့ထားသည့် ကျစ်ဆံမြှီး ဆံထုံးမှန်သမျှ ညှင်သာစွာ ဖြေချပေးလိုက်ရင်း ဆံနွယ်ရှည်တို့အား ဖီးသပ်၍ ရှင်းပေးလေသည်။

“သခင်မလေး (…) အင်္ကျီ ချွတ်မယ်နော် …”

“ရှင် …ဘာ ဘာလို့လဲ…ကျွန်မ အင်္ကျီကို ဘာလို့ချွတ်ရမှာလဲ”

“သခင်မလေး ဒီဝတ်စုံ ဝတ်ဆင်ရပါမယ်…”
ပြောပြောဆိုဆိုဖြင့် သူမအပေါ် အင်္ကျီလေးအား ချွတ်ပေးနေ၍ ..
“နေနေ…ကျွန်မဘာသာ ဝတ်ပါ့မယ်..”

“သခင်မလေး သဘောအတိုင်းပါ…
ဒါပေမယ့် ဒီဝတ်စုံက အတွင်းခံ အင်္ကျီ ထည့် ဝတ်စရာ မလိုဘူးနော်…”

“ရှင်…ဒါ ဒါဆို အတွင်းပိုင်း ဗလာကျင်းနဲ့ပေါ့..”

ကြောင်အ သွားသည့် ရှောင်လုပုံစံလေးအား ကြည့်ခါ အစေခံမလေး ပြုံးမိသည်။…

“ဟုတ်ပါတယ် သခင်မလေး ဒီဝတ်စုံကို ရေမချိုးခင် နိပ်နယ်ပြီး…
ရေချိုးတဲ့အခါ အလွယ်တကူ ချွတ်ချိုးလို့ရအောင် ဝတ်ဆင်ရတဲ့ အရာမို့ပါ..”

“ဪ…အဲ့လိုလား ဟုတ်ကဲ့..”

ခေါင်းလေးညိမ့်ပြ၍ အဝတ်လဲသည့် နေရာလေးသို့ သွားခါ ထိုဝတ်စုံအား သူမ ဝင်လဲလိုက်သည်။…
အဝတ်လဲ၍ ပြန်ထွက်လာသည့် သူမ
အတွင်းခံ အင်္ကျီ မပါပဲ ဝတ်ရ၍ ခိုးလို့ခုလု ဖြစ်ခါ မလုံမလဲဖြစ်နေသည်…

အစေခံမလေးမှ …
“သခင်မလေး…ဒီမှာ မှောက်လျက် အနေအထား အိပ်ပေးပါ…
ကျွန်တော်မျိုးမ ရေမချိုးခင် အကျောဖြေ နိပ်နယ်ပေးဖို့ အတွက်ပါ..”

🌸🌸🌸🌸အပိုင်း ၁၅ဆက်ရန်>>>
#စာဖတ်ပရိတ်သက်အပေါင်းအားလေးစားလျက်
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)


rate now: