book

Index 12

(အပိုင်း ၁၂)

  • Author : Kyawal
  • Genres : Comedy, Drama, Action

🌸ကချေသည်🌸

Author ✍️ ကြွယ်

“ဘယ်လို ဖြစ်ရတာလဲ ရှောင်လုရယ်…
ဘာလဲ သူက ကျေးဇူးရှင်ဆိုပြီး ရှောင်လုကို အတင်းအဓမ္မ စော်ကား ခြေတော်တင်တယ်ပေါ့…
ဒါဆိုရင်တော့ နေဦး …ဒီလူစိတ်မရှိတဲ့ လူကို အမဝေရင် ကိုယ်တိုင် သွားဆုံးမပြီး အသေသတ်ပစ်ရမယ်…”

“အမဝေရင် ..အမဝေရင် မလုပ်ပါနဲ့ အဲ့လိုမဟုတ်ပါဘူး ..”

“အယ်…အယ်..ဝေရင်..ဝေရင် နင်စိတ်ထိန်းစမ်းပါ ဘယ်လိုဖြစ်လို့ ဒီလောက်စိတ်မြန်ရတာလဲ..
အခုပြန်ထိုင် ပြန်ထိုင်လိုက်…”

အိပ်ခန်းထဲတွင် အနားယူနေသည့် မုန်းဘုရင်အား လက်သီးလက်မောင်းတန်းခါ ဆုံးမရန် ထိုင်နေရာမှ ဇွတ်ထနေသည့် ဝေရင်အား ဒေါ်လေးခမ်နှင့် ရှောင်လုမှာ မနည်း တားယူလိုက်ရသည်။….

“လူကြီးမင်းက အမဝေရင်ထင်သလို ရှောင်လုကို စော်ကားခဲ့တာ မဟုတ်ပါဘူး…”

“ဒါဆို ဘာလို့လဲ…”

ဝေရင်ရော ဒေါ်လေးခမ်ပါ ရှောင်လုအဖြေအား ရင်တုန်စွာစောင့်မျှော်နေကြသည်။..
အဆုံးမှာတော့ ရှောင်လုတစ်ယောက် ရှက်ရှက်ဖြင့်သာ ဖွင့်ပြော ချလိုက်တော့သည်။…
“ချစ်လို့…ရှောင်လု လူကြီးမင်းကို ချစ်လို့ လိုက်လျော ခဲ့မိတာပါ…”

“ဟမ်!…” “ဘယ်လို!…”
ရှောင်လု အဖြေစကားကြောင့် ညီအမနှစ်ယောက်စလုံးမှာ ပါးစပ် အဟောင်းသားဖြင့် အံ့ဩမှင်သက်နေရသည်။…
ကိုယ်တွေ မျက်စိရှေ့တွင် ကလေးသာသာနေထိုင်သည့် အသက်၂၀အရွယ် ကောင်မလေးက ချစ်နေသည်တဲ့လား…
ဤစကားအား အဘွားကျန့် အသက်ရှင်၍ ကြားခဲ့လျှင် သူမ ကျောပူအောင် အရိုက်ခံရမည်။…

“ဟုတ်တယ် ရှောင်လု လူကြီးမင်းကို ချစ်နေမိလို့ပါ…”

“အစ်မခမ်.. ညီမ နားကြားများ မှားသွားတာလား…”

“မမှားပါဘူး နင်မကြားဘူးလား သူက နှစ်ခါတောင် ပြောနေတာ ဟိုမောင်ရင်ကို ချစ်နေတာတဲ့လေ…”

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …
အသက်၃၀ကျော် အစ်မခမ်တောင် မချစ်တတ်ပဲ မစွန်သေးတာ…
အခု အသက်၂၀အရွယ် ရှောင်လုက ချစ်တတ်သွားပြီတဲ့ ဒါဖြစ်နိုင်လား..
ဖြစ်ရော ဖြစ်သင့်လား”

“ဟဲ့ ..ဟဲ့ ဝေရင် နင်စကားကနော် …
ရှောင်လု ချစ်တာ ငါနဲ့ ဘာဆိုင်လို့လဲ
ဝေရင် နင်နော် ငါ့အသက်ကို လာလာမထိခိုက်နဲ့ …
ငါက အဖေနဲ့အမေကို အိမ်ထောင်မပြုပဲ ပြုစုစောင့်ရှောင့်နေတဲ့ သမီးလိမ္မာလေ…”

“ဒါဆို အစ်မခမ်က အိမ်ထောင်ပြုတဲ့ သူတွေကို သမီးဆိုးလို့ပြောချင်တာလား…”

“ဟာ…ဝေရင်ရာ …ငါအဲ့လို ပြောချင်တာလဲ မဟုတ်ပါဘူး ..”

“ဒါဆို ဘာလဲ..”

ညီမဖြစ်သူ၏ အမေးအား ပြန်မဖြေနိုင်ပဲ နှုတ်ခမ်းလေးကိုက်လိုက်ပြီး…
ခေါင်းခါရန်းလိုက်သည်။..

“ဟာ…မသိတော့ဘူး ဝေရင်ရာ
နင့်အသက်၂၅နှစ်ထဲတောင် ရောက်နေပြီပဲ ကိုယ့်ဘာသာ စဉ်းစားပေါ့…”

ညီအမနှစ်ယောက် အပြန်အလှန် ပြောနေသည့် စကားများအား ရှောင်လုကြားမှ နားထောင်ခါ ပြုံးရယ်လို့ ထိုင်ကြည့်နေမိသည်။…
ဒေါ်လေးခမ်တို့ ညီအမနှစ်ယောက်မှာလဲ ပြောလက်စ စကားတို့အား အမြန်စကားဖျတ်လိုက်ပြီး..ပြုံးကြည့်နေသည့် ရှောင်လုအား ဒေါ်လေးခမ်မှ မေးလိုက်၏။..
“ရှောင်လု ဟိုမောင်ရင်ကရော မင်းအပေါ် ဘယ်လို သဘောထားလဲ သိရပြီလား သူကကော မင်းကို ချစ်ရဲ့လား..”

ပြုံးပြခါ ခေါင်းလေးခါရန်းလိုက် သည်က ရှောင်လုပင်…
“ဟင့်အင်း..ရှောင်လု မသိရသေးပါဘူး …”

“ဟယ်…ရှောင်လုရယ် မင်းအဖြစ်က အကုန်လုံးကို သနားစရာ ကောင်းနေပါရောလား…”

“ဟုတ်ပ အစ်မခမ်ရယ်…ဒါနဲ့ ရှောင်လု ဘာပဲဖြစ်ဖြစ် သူက ရှောင်လုကို ယူမယ်လို့ တော့ ပြောတယ်မလား ဟင်”

“ဟင့်အင်း…မပြောခဲ့ဘူး”

“ ”ဘယ်လို..” ”

“ဒါပေမယ့် ရှောင်လုကို သူနေတဲ့ အိမ်တော်ကို ခေါ်သွားမယ်လို့တော့ ပြောဖူးတယ်…
အခုလည်း ဒီအိမ်မှာ တစ်ညတည်းပြီးရင် ရှောင်လု သူ့အနောက်ကို အပြီးလိုက်သွားရတော့မှာ…
ဒါကြောင့် အဘွားကျန့်ကို အကြောင်းစုံ ပြောပြပြီး လာနုတ်ဆက်ဖို့ လုပ်ခဲ့ပေမယ့်…
အဘွား…အဘွားက ဒီအိမ်လေးမှာ ရှိမနေတော့ဘူးလေ...”

ပြောနေရင်းမှ အဘွားဖြစ်သူအား သတိရခါ ငိုနေသည့် ရှောင်လု ပခုံးလေးအား ဒေါ်လေးခမ် ထွေးဖက်ပေးထားလိုက်သည်....
“မငိုပါနဲ့ ရှောင်လုရယ်…
သူကို ကြည့်ရတာ ဉပဓိရုပ် ကောင်းကောင်းနဲ့ လူကောင်းတစ်ယောက် ဖြစ်မှန်း ခန့်မှန်းကြည့်လို့ ရပါတယ်။…
သူသာ လူကောင်းတစ်ယောက် မဟုတ်ပဲ ရှောင်လုကို ခြေတော်တင်ချင်ယုံ သက်သက်သာဆို ဖြစ်ခဲ့ပြီးကတည်းက သူလိုချင်တာရလို့ ရှောင်လုကို ပစ်ထားခဲ့လောက်ပြီ မလား..
အခုတော့ ရှောင်လုကို မထားခဲ့ပဲ အနားမှာ ရှိနေသေးတာက သူရှောင်လုအပေါ် မမြင်ရတဲ့ သံယောဇဉ် တွယ်နေလို့ပေါ့
ဒေါ်လေးခမ် အကောင်းဘက်ကပဲ တွေးကြည့်လိုက်ပါတယ် ..
သူ ရှောင်လုကို သေချာပေါက် ချစ်ပြီး တာဝန်ယူမှာပါ…
ရှောင်လုလည်း သူနဲ့ အတူ လိုက်သွားပြီး…
ဘဝအသစ် တစ်ခု ပြန်စပေါ့ ရှောင်လုရယ်…
နောက်ပြီး ဒို့ကိုလည်း မေ့မသွားနဲ့ပေါ့ ကွယ်..”

“အမဝေရင်တို့ကို မေ့မသွားရဘူးနော် ရှောင်လု..”

ထွေးဖက်ထားသည့် ဒေါ်လေးခမ်ရင်ခွင်ထဲမှ ရှောင်လုပြုံးခါ ခေါင်းလေးညိမ့်ပြလိုက်သည်။..

ဒေါ်လေးခမ် ထွေးဖက်ပေးထားခြင်းအား ရပ်လိုက်ခါ ဖြစ်ကြောင်းကုန်စင် အမှန်အား သိပြီးသည်မို့ ရှောင်လုလေးအတွက် စိတ်အေးရပြီ ဖြစ်သည်။…
ထို့ကြောင့် အချိန်မလင့်ခင် အိမ်သို့ ပြန်ရန် ညီမဖြစ်သူ ဝေရင်အား လက်တို့မိသည်။..
“ဝေရင် ဒို့တွေ စကားကောင်းနေတာနဲ့ အိမ်ပြန် နောက်ကျဦးမယ်…
ရှောင်လု ကိစ္စကလဲ စိတ်အေးလက်အေး ရှိရပြီမို့ ဒို့လဲ အိမ်ပြန်ကြစို့လေ..”

“အင်း..ဟုတ်သားပဲ ..ဒါဆို ပြန်ကြစို့လေ..”

“ပြန်ကြတော့မလို့လား ဒေါ်လေးခမ်နဲ့ အမဝေရင်..”

“အင်း ပြန်တော့မယ်လေ ရှောင်လုရယ်..အိမ်မှာက အကူခေါ်ထားတဲ့ ကောင်မလေးရယ် အဖေနဲ့အမေရယ်ပဲ ရှိတာ
ဒါကြောင့် အိမ်ပြန် နောက်ကျနေလို့ မဖြစ်ဘူးလေ …
နောက်ပြီး မေမေသောက်နေကြ ဆေးကို ဝေရင်ကပဲ သိတော့ ဆေးသောက်ချိန် မကျော်ခင် အိမ်အမြန် ပြန်မှ ဖြစ်မှာမို့ပါ...”

“အဲ အစ်မခမ် ဆေးသောက်ချိန်ဆိုမှ ဟိုမှာကြည့်ဦး ဖယောင်းတိုင်တောင် တစ်ဆစ်ကျိုးသွားပြီး မေမေရဲ့ ဆေးသောက်ချိန် နီးနေပြီ လာ လာ အမြန်ပြန်ကြစို့…”

စားပွဲပေါ်ထွန်းထားသည့် ဖယောင်းတိုင် အတုတ်လေးအား လက်ညိုးထိုးပြခါ ဝေရင်တစ်ယောက် အိမ်သို့ အမြန်ပြန်ရန် အစ်မဖြစ်သူအား ပူဆာလိုက်သည်။…

“နေ ..နေပါဦး ဒေါ်လေးခမ်နဲ့ အမဝေရင်…ဟိုလေ ရှောင်လု မှာစရာလေး ရှိလို့ပါ..”

ဟန့်တားလိုက်သည့် သူမစကားကြောင့် ထထွက်နေရာမှ ညီအမနှစ်ယောက် ပြန်လှည့်ကြည့်ခါ သူမပြောလာမည့် စကားအား နားဆွင့်မိကြသည်။..
“ဘာများလဲ ရှောင်လု”

“ဟို.. အရာအားလုံး ဂရုစိုက်ပေးခဲ့မှုတွေအတွက် ဒေါ်လေးခမ်နဲ့ အမဝေရင်ကို ရှောင်လု ကျေးဇူးအများကြီး တင်ပါတယ်။..နောက်ပြီး..ရှောင်လု ဒီပြန်လာတယ်ဆိုတာ ဘယ်သူ့ကိုမှ အသိမပေးပါနဲ့နော်..အထူးသဖြင့် ဖူးခိုက်ကိုပေါ့ ..
သူ့ကို ပစ်ထားခဲ့တယ်ဆိုပြီး ရှောင်လုကို စိတ်ဆိုးနေမှာ…
ရှောင်လု ပြန်လာတာသိရင် သူ့ကို လာမတွေ့ဘူးလား ဆိုပြီး စိတ်မကောင်းဖြစ်နေဦးမှာ
ခလေးအတွေးနဲ့ ဒေါ်လေးခမ်နဲ့ အမဝေရင်ကိုလဲ ရစ်နေဦးမယ်လေ..
ဒါကြောင့် မပြောပါနဲ့နော်…
မနက်ဖြန် ရှောင်လု လူကြီးမင်းအနောက်ကို အပြီးလိုက်သွားတော့မှာမို့ ဒေါ်လေးခမ်နဲ့ အမဝေရင် ကိုလည်း နုတ်ဆက်ခဲ့ပါတယ်နော်..”

“ “ အိုး…ရှောင်လုရယ်..” “
ထိုစကားကြောင့် အိမ်ပြန်ဖို့ပြင်နေသည့် ညီအမနှစ်ယောက်စလုံးမှာ မျက်ရည်များဝဲတတ်လာခါ ရှောင်လုအား တစ်ခဏမျှ ပွေ့ဖက်ထားမိကြသည်..
ထို့နောက် နုတ်ဆက်လိုက်ကြရင်း…
ကွတ်ပစ်ပေါ် တင်ထားသည့် မီးမသေသေးသည့် လမ်းပြမီးအိမ်လေးအား ကောက်ယူခါ နေအိမ်သို့ ပြန်သွားခဲ့ကြတော့သည်။…
(ရှေးက တရုတ်လူမျိုးတို့သည် ယခုခေတ်ကဲ့သို့ ခေတ်မှီနာရီများ မရှိသေး၍ ဖယောင်းတိုင်း အတုတ် အသေး၊အကြီး၏ အရည်ပျော်မှတ် တစ်ဆစ်၊နှစ်ဆစ်ကိုသာ ကြည့်၍ အချိန်နာရီ သက်မှတ်ကြသည် ဟု တွေ့ခဲ့ရသည်)

🌸🌸🌸🌸

နန်းတော်အနီးရှိ မြို့အဝင် ဂိတ် အုပ်ရိုးကြီး၏ တစ်ဖက်တစ်ချက်စီတွင် မီးတိုင်များ ထွန်းညှိထားခါ..
ထိုမီးအလင်းတို့က တရိပ်ရိပ်ဖြင့် အမှောင်ကို အံတုနေ၏။.
စစ်မှုထမ်း တပ်သားများနှင့် တပ်သားများ၏ အကြီးအကဲ ဖြစ်ပုံပေါ်သည့် သံချပ်ကာစစ်ဝတ်စုံ ဝတ်ဆင်ထားသည့် လူမှ မြို့အဝင်အထွက် လုပ်နေသည့် ကုန်သည်နှင့် ပြည်သူတို့အား နယ်ကျော် ကူးသန်းရောင်းဝယ် ခွင့် နှင့် မြို့ဝင် တံဆိပ်ပြား ပြစေခါ စစ်ဆေးနေ၏။..

ထိုပုံရိပ်တို့အား လူထွားအန်ဖောင် နှင့် (…)က စပါးကုန်သည် တစ်ဦးလှည်းပေါ်တင် သယ်လာသည့် ကောက်ရိုးပုံ အတွင်းမှ ချောင်းကြည့်နေကြသည်။..
ကောက်ရိုးပုံ၏ အောက်ခြေတွင် ဆန်ထည့်ထားသည့် အိတ်များရှိလေခါ သူတို့နှစ်ဦးမှာ ထိုဆန်အိတ်များ အပေါ်မှ နေရာယူထား ခြင်းပင်..
“အစ်ကိုကြီး..ဖြစ်ပါ့မလား အစစ်အဆေးက ကြမ်းချက် ..ဟော ဟော ဟိုမှာကြည့်…
ကောက်ရိုးပုံကြီးကို ခရင်းခွ ကြီးနဲ့ အားရပါးရ ထိုးစွကြည့်နေတာ..
အားပါးပါး ကျုပ်တို့လှည်းကိုသာ အဲ့လို ထိုးစွရင်တော့ဗျာ…”

(..)မှ နှစ်ကိုယ်ကြားယုံမျှ တီးတိုးလေသံဖြင့် ပြောလိုက် ခြင်းကြောင့် လူထွားအန်ဖောင်မှာ စုတ်တစ်ချက် သပ်ခါ တီးတိုး မာန်မဲလိုက်သည်။...

“ကျစ်…မင်း ပါးစပ်ပိတ်ထားစမ်း ကွာ..မင်း အဲ့လိုကြောက်နေလို့ ငါကြံရာမရဖြစ်နေတာ ပိတ်ထား မင်းပါးစပ်ကို”

လူမှပူထူခါ ကြံရာမရဖြစ်နေပါသည် ဆိုခါမှ ဘေးမှ တတွတ်တွတ် ဖြင့် လှုပ်လှုပ် ယွယွပြောနေသည့်(…)အား အန်ဖောင် စိတ်မကြည်သလို ကြည့်ခါ သက်ပြင်းချရင်း အံကိုတင်းတင်းကြိတ်လိုက်သည်။..
ထိုအခါမှ (..)တစ်ယောက် တိကနဲ ပါးစပ်ကို လက်ဖြင့်အုပ်ခါ ပိတ်ကျသွား၏။..
တကယ်လို့ သူသာ ပါးစပ်မပိတ်ခဲ့လျှင် အစ်ကိုကြီး၏ လက်စာကျွေးတာကို ခံရတော့မည်။..
အစစ်ဆေးကြမ်းသည့် ဂိတ်ကြောင့် နှစ်ဦးသား ကြောက်ကြောက်လန့်လန့်ဖြင့် မတတ်သာသည့်အဆုံး ကံဆိုး /ကံကောင်းဟုသာ စိတ်တွင် မှတ်၍ အသံမထွက်အောင်ပင် နုတ်ပိတ်နေလိုက်ကြသည်။..

သို့သော် ထိုးထိုးထောင်ထောင် ကောက်ရိုးပုံ ကြားထဲ ကုန်းကုန်းကွကွ ဝတ်နေရ၍ အနေထိုင်ခက်သလို ဆူးတူးတူး ယားကျိကျိလဲ ဖြစ်ရ၏။

တဖြေးဖြေးဖြင့် သူတို့ပုန်းအောင်းနေသည့် လှည်းလေးမှာ တရွေ့ရွေ့ဖြင့် အစစ်ဆေးခံရမည့် နေရာသို့ ရောက်လာခဲ့သည်။..
“နာမည်..?”
“(…)ပါ တပ်မှူး”
“အသက်..?”
“၄၅ပါ..”
“ကုန်သွယ်မှု ပစ္စည်းက ..?”
“သည်တစ်ခါတော့ ဆန်နဲ့ဂျုံအိတ်ပါ တပ်မှူး..”

တပ်မှူးဆိုသည့်လူမှာ ကုန်သည်ကြီးပြောသည့် အရာအား စုတ်တံဖြင့် သေချာ ရေးမှတ်လိုက်ပြီး..
ခေါင်းညိမ့်ပြလိုက်သည်။…
“နှစ်မျိုးပေါ့..”
“ဟုတ်ကဲ့..”
“မြို့ဝင်ကုန်သွယ်ခွင့် တံဆိပ်ပြားပြ..”
“ဟုတ်ကဲ့..ဒီမှာပါ တပ်မှူး..”
“ဟုတ်ပြီ..”
ကိုင်ပြသည့် တံဆိပ်ပြားအား တစ်ချက်ကြည့်ခါ အချက်အလက် အစုံအလင် ရေးဖြည့်ထားသော လက်နှစ်ဖဝါးစာ ရှိသည့် ဝါညစ်ညစ် ဝါးစက္ကူကြမ်း ပေါ်တွင် မြို့ဝင်ခွင့်ပြုချက် တံဆိတ်တုန်းအား အပေါ်တစ်ချက် အောက်တစ်ချက် ဖိနိပ်၍ပေးလိုက်သည်။..
“ဒုတ်..ဒုတ် ..”
“ရော့ ..ဒါယူသွား ..”
“ဟုတ်ကဲ့…အဲ့ဒါဆို ကျွန်တော် မြို့ထဲ ဝင်လို့ ရပြီ ပေါ့ နော် တပ်မှူး..”

“အင်း …နေဦး ခင်ဗျ သယ်လာတဲ့ ပစ္စည်းတွေကို စစ်ဆေးကြည့်ရဦးမယ်။..”
“တပ်သား(..)နဲ့(…) ..”
တပ်သားနှစ်ဦး၏ နာမည်အား ခေါ်ခါ ခေါင်းတစ်ချက် ညိမ့်ပြ၍ ထုံးစံအတိုင်း စစ်ဆေးရန် အချက်ပြလိုက်သည်။..

ထိုတပ်သား နှစ်ဦးမှာ ကောက်ရိုးပုံ ကြီးအား စတင်၍ ခရင်း ခွကြီးဖြင့် တစ်ဖက် တစ်ချက်စီ မှ ထိုးသွင်း စစ်ဆေးနေကြသည်။…
မြင့်မားစွာပုံထားခါ သေချာ အစီစီ အရီရီဖြင့် သယ်လာသည့် ကောက်ရိုးပုံကြီး၏ အောက်ခြေသို့ ခရင်းခွဖြင့် ထိုးရန် တဖြေးဖြး နီးကပ်လို့လာခဲ့သည်။…

ကောက်ရိုးပုံထဲတွင် ပုန်းအောင်းနေသည့် နှစ်ယောက်မှာ ဇောချွေးများပြန်ခါ ဘယ်အချိန် ခရင်းခွထိုးခံ မိမလဲ ရင်တစ်မမဖြင့် တုန်လှုပ် ကြောက်လန့် နေကြရသည်။..
တပ်သားနှစ်ဦးမှာ ၎င်းတို့ဝတ်ခါ ပုန်းအောင်းနေသည့် ကောက်ရိုးပုံ အောက်ခြေသို့ ခရင်းခွဖြင့် ထိုးသွင်းကြည့်ရန် ရွယ်လိုက်စဉ်…
ကောက်ရိုးပုံထဲတွင် ပုန်းအောင်းနေသည့် နှစ်ဦးမှာလဲ ကြောက်ချွေးများ ချွဲစို၍ ခရင်းခွဖြင့် အထိုးခံရတော့မည် ဆိုသော စိတ်ဖြင့်
တုန်တုန်ရင်ရင် ကြောက်လန့်ခါ ဘုရားတလို့နေစဉ်…
“အာ..ဟေး ဟေး ရပ် ရပ် ဆရာတို့ ..”

ဟန့်တားလိုက်သည့် ကုန်သည်ကြီးကြောင့် တပ်သားနှစ်ဦး

ခရင်းခွအား ပြန်ချ သိမ်းခါ ရပ်လိုက်ကြပြီး…
တပ်မှူးဆိုသူမှ ဟန့်တားလိုက်သည့် ကုန်သည်ကြီးအား မျက်ခုံးထူနှစ်ဘက်အား ကျုံ့ခါ စိုက်ကြည့်လိုက်သည်။
ထိုသို့ ဟန့်တားလိုက်ခါမှ ကောက်ရိုးပုံထဲ ပုန်းအောင်း နေသည့် နှစ်ယောက်မှာ အသက်ဝဝရှူ ချရတော့၏။ ခရင်းခွ ရန်မှ လွတ်မြောက်မှုက မသေချာမရေရာ သေးသည်မို့ စိတ်မအေးရသေးချေ။
“ဘာလို့လဲ …ဘာကိစ္စနဲ့ ဟန့်တားရတာလဲ…”

ကုန်သည်ကြီးမှာ တည်ကြည်စွာ ပြုံးလိုက်ရင်း…
အမေးအတွက် အဖြေပြန် ပေးလိုက်သည်။..
“သည်လိုပါ တပ်မှူး ဟိုးအပေါ်ပိုင်းက ကောက်ရိုး ပုံတွေကို ထိုးစွ စစ်ဆေးလို့ရပေမယ့်…
သည် အောက်ဆုံးပိုင်းက ကောက်ရိုးပုံကိုတော့ ဒီခရင်းခွနဲ့ ထိုးစွပြီး စစ်ဆေးခွင့် မပြုနိုင်ပါဘူး
ဘာကြောင့်လဲ ဆိုတော့ ကုန်သွယ်မှု ဆန်နဲ့ ဂျုံအိတ်တို့ကို သည်ကောက်ရိုးပုံရဲ့အောက်မှာ ကျွန်တော် ကျကျ နန ပုံထပ်တင်လာလို့ပါ ..
တပ်မှူးတို့သာ ဒီလို ခရင်းနဲ့ထိုးစွ စစ်ဆေးလိုက်ရင် ကျွန်တော်ရဲ့ ဆန်နဲ့ဂျုံအိတ်တွေ အကုန်​ပေါက်ပြဲ ကုန်ပြီး ရောင်းတဲ့အခါ သက်မှတ်ထားသည့် စျေးကောင်းမရပဲ စျေးအနိမ်ခံရပါလိမ့်မယ်။..
ကျွန်တော်ဟာ အမြတ်ရချင်လို့ စီးပွါးရေးကုန်သည်လုပ်သည့် အတွက် စျေးအနိမ်ခံရမှာကိုတော့ လုံးဝအဖြစ်မခံနိုင်ပါဘူး…
ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ ကျွန်တော် သယ်လာတဲ့ ပစ္စည်းတွေကို မသင်္ကာလို့ စစ်ဆေးချင်တယ်ဆိုရင် ကျွန်တော် တစ်ခုချင်းစီ ဖြည်ချ ထုတ်ပြ အစစ်ဆေးခံပါ့မယ်။..
ဒီလို ခရင်းနဲ့ ထိုးစွခွင့်တော့ မပြုနိုင်ပါဘူး တပ်မှူး..”

ကုန်သည်၏ စကားကြောင့် ကောက်ရိုးပုံထဲရှိ အန်ဖောင်နှင့်(…)မှာ တစ်ဦးကို တစ်ဦးကြည့်၍ မျက်လုံးပြူး မျက်စံပြူး ဖြစ်ခါခေါင်းမီးတောက်သွားရသည်။…
(…)မှ လုံးဝသေးတိုးသော အသံလေးဖြင့်…
“အစ်..အစ်ကိုကြီး ဘယ်လိုလုပ်ကြမလဲ ပစ္စည်းတွေ ဖြည်ချ အစစ်ဆေးခံမယ်တဲ့..
ကျုပ်တို့နှစ်ယောက် ပုန်းပြီး လိုက်လာတာတော့ ဘူးပေါ်သလို ပေါ်ကုန်ပြီး မိကုန်တော့မှာပဲ အစ်ကိုကြီး ဘယ်လိုလုပ်ကြမလဲ…”
လူထွားအန်ဖောင်မှာလဲ ကြံရာမရ အတော်အခက်တွေ့ သွားသည်။

မိသွားလျှင်လဲ နှစ်ဦးသား တိုင်းနယ်မြေမတူသည့် နေရာမှ လာ၍ သူလျှိုဆိုပြီး အသတ်ခံရနိုင်သည်။..
“အစ်ကိုကြီး ..ဖြေဦးလေ ကျုပ်တို့ ဘယ်လို လုပ်ကြမလဲလို့ အမိခံလို့တော့ မဖြစ်ဘူးနော်…
ကျုပ်တို့ နှစ်ယောက်စလုံးကို သူလျှိုဆိုပြီး သတ်ကြလိမ့်မယ်။..”

“အေး…ငါလဲ မသိတော့ဘူး (…)ရာ တကယ်တမ်း မင်းစကားကို ငါနားထောင်ခဲ့ရမှာကွ အခုတော့ ငါ့အစီစဉ် အတိုင်း မင်းလိုက်လာခဲ့လို့ ဒုက္ခရောက်တော့မယ်…ငါတောင်းပန်ပါတယ်ကွာ…”

“အိုဗျာ ..မဟုတ်တာပဲ အစ်ကိုကြီးရာ အစ်ကိုကြီးကို ကျုပ် အပစ်မတင်ပါဘူးဗျ …
အစ်ကိုကြီးနဲ့ ကျုပ်က တောင်းပန်စရာ လူတွေမှ မဟုတ်တာ အစ်မကြီးကျွေ့စီ ရောက်လာကတည်းက ကျုပ်တို့ ညီအစ်ကို အရင်းပမာ နေလာခဲ့ကြတာလေ …ကျုပ် အစ်ကိုကြီးကို အပစ်မတင်ပါဘူး…ဘာပဲဖြစ်ဖြစ် အခုကိစ္စကလဲ ကံစီမံရာ အတိုင်းပဲပေါ့ဗျာ…
စိတ်မကောင်း မဖြစ်ပါနဲ့…”

ကောက်ရိုးပုံအတွင်းမှ တစ်ယောက်ကို တစ်ယောက် စိုးရိမ်မှုအပြည့် ဖြင့် အားပေးဖေးမနေရင်း…
တစ်ယောက် မျက်နှာ တစ်ယောက် သိမ်ငယ်စွာ ကြည့်နေမိကြသည်။..

တစ်ခုချင်း ဖြည်ချ စစ်ဆေးခံမည် ဆိုသည့် ကုန်သည်ကြီးကြောင့်
ဂိတ်စစ်တပ်မှူးမှာ အနောက်တွင် စစ်ဆေးဖို့ ကျန်ရှိနေသည့် ကုန်သည်နှင့် ခရီးသွား တသီတတန်းကြီးအား ကြည့်၍ ကုန်သည်ကြီး ပြောသလို စစ်ဆေးဖို့ ဆိုတာ မဖြစ်နိုင်မှန်းသိလိုက်သည်။..
ထိုသို့သာ စစ်ဆေးရလျှင် မြို့ကို ဝင်မည့် နောက်လူများ အချိန်အတော် ကြံ့ကြာသွားနိုင်သည်။..
ထို့ကြောင့် တပ်သားနှစ်ယောက်အား ..
ကောက်ရိုး အောက်မှ ပစ္စည်းတွေမှာ တကယ်ပဲ ကုန်သည်ကြီး ပြောသလို ဆန်အိတ်နဲ့ ဂျုံအိတ်တို့ ဖြစ်သလားဆိုတာသာ အပေါ်ယံ စစ်ဆေးခိုင်းရန် ဆုံးဖြတ်လိုက်တော့သည်။…
“တပ်သား(…) ၊တပ်သား(…) ကောက်ရိုးပုံအောက်က ပစ္စည်းတွေက သူပြောသလို ဆန်အိတ်နဲ့ ဂျုံအိတ်တွေ အမှန်တကယ် ဖြစ်သလား မဖြစ်သလား ဆိုတာပဲ သေချာ အတည်ပြု စစ်ဆေးပြီး လွှတ်ပေးလိုက်တော့ ကြားလား…အနောက်မှာ စစ်ဆေးဖို့ လူတွေ အများကြီးကျန်နေသေးတယ် တစ်ခုချင်း ချစစ်ဖို့ အချိန်မရှိဘူး..
အချိန်ပုတ်တယ်..”

““ဟုတ်ကဲ့ တပ်မှူး…””

အမိန့်သံအား ပြိုင်တူနာခံခါ ကောက်ရိုး အချို့အား အပေါ်ယံမှ ဆွဲခွါ ကြည့်ခါ…ဆန်အိတ်နှင့် ဂျူံအိတ် ဟုတ်မဟုတ် စမ်းဖိကိုင်၍ အတည်ပြုစစ်ဆေးခါ ကုန်သည်ကြီးအား မြို့ထဲသို့ ဝင်ခွင့် ပေးလိုက်တော့သည်။…

ထိုအခါမှ ကောက်ရိုးပုံအတွင်းရှိ ပုန်းခိုခါ လိုက်ပါလာသည့် အန်ဖောင်နှင့် (…)တို့မှာ အသက်ရှူ ချောင်သွားတော့သည်။ …
နှစ်ဦးသား သက်ပြင်းရှည်ကြီး ဆွဲချခါ ယခုမှ အသက်ကို ဝဝလင်လင် ရှူရတော့သည်။..
ယခုဆို ဒုက္ခမတွေ့ ၊လူမမိပဲ မြို့ထဲသို့ ရင်တမမဖြင့် လျောရှူစွာ ရောက်လာခဲ့ပြီမို့ အခုမှပဲ စိတ်ချလက်ချ စိတ်အေးလက်အေး ရှိတော့သည်။…
ကံသီပေလို့ပေါ့ဗျာ
မဟုတ်ရင် နှစ်ယောက်စလုံး အချုပ်ခန်းနှင့် သေဒဏ် နှစ်ခုတည်းက တစ်ခုပဲဗျ…

🌸🌸🌸🌸

စားပွဲပေါ်တွင် တင်ထားသော ဖယောင်းတိုင် အောက်ခံခွက်လေးထဲရှိ ဖယောင်းတိုင်လေးမှာ တိုင် တစ်ဝက်ကျိုးပြီး ဖြစ်သည်။..
ထိုစားပွဲ၏ နံဘေး ခုံလေးတွင်
လက်တစ်ပိုက်စာ ရှိသည့် နှီးတောင်း လေးထဲမှ သူမ အဘွားဖြစ်သူ၏ နွမ်းလျလျ အင်္ကျီ တို့အား ထုတ်ကြည့်ခါ သတိရခြင်း များစွာဖြင့် ငိုနေမိသည်။..
ဖြန့်ကြည့်နေသည့် အင်္ကျီ လေးအား တယုတယ ငုံ့နမ်းခါ ပြိုကျနေသည့် မျက်ရည်တို့အား မျက်ခွံလေးဖြင့် ဖိပိတ် ချလိုက်ရင်း…
အဘွားကျန့်နှင့် အတူ ပျော်ရွှင်ခဲ့ရသည့် ပုံရိပ်တို့အား သူမ ပြန်မြင်ရောင်ခါ လွမ်းစွတ်တမ်းတမိသည်။…
ရှောင်လု သိပ်လွမ်းတာပဲ အဘွားရယ်…

နှီးတောင်းလေးထဲမှ အဘွားကျန့် အင်္ကျီ တို့အား ထုတ်ကြည့် နေရင်းမှ အနီရောင် ဖျင်ရှုံ့အိတ် အားတွေ့လိုက်ရသည်။…
ထူးဆန်းစွာ မျက်မှောင် ကျုံ့လိုက်ရင်း… ရှုံ့အိတ်အား ဖြည်ကြည့်လိုက်ရာ ရွှေတုံးနှင့် ငွေစ တစ်ချို့အား တွေ့လိုက်ရသည်။…
ဟင်!!..ဒါ ဒါတွေက ဟိုလူကြီး ပေးသွား ခဲ့တာတွေမလား…
အဘွားက ဒါတွေကို တစ်စက်မှ မသုံးပဲ သေချာလေး သိမ်းထားခဲ့တာပါ့လား…

“ခလွတ်…ထောက် ထောက်..”

“ဟင်!…ဘာသံလဲ ..
အသံက အိပ်ခန်းထဲကပဲ…”

“ရွှတ်…ရွှတ်…
အနံ့ ညော်နံ့ ဘုရားရေ ဖယောင်းတိုင်ပြုတ်ကျ တာများလား..”

ချက်ခြင်းပဲ သူမကောက်ထခါ အိပ်ခန်းစီသို့ ပြေးသွားလိုက်သည်။..
ထင်သည့် အတိုင်း ဖယောင်းတိုင်မှာ ကုတင်တိုင် ခြေရင်းသို့ ပြုတ်ကျခါ မီး အနည်းငယ် ဆွဲနေခြင်းပင်…
ထို့ကြောင့် မီးမသေ သေးသည့် ဖယောင်းတိုင်အား အမြန်ကောက်ယူခါ အောက်ခံခွက်တွင် သေချာ တင်ထွန်းလိုက်ပြီး…
မီးဆွဲနေသည့် ကုတင်တိုင် ခြေရင်းအား နံရံတွင် ချိတ်ထားသည့် တွေ့ရာအဝတ်အား ဖြုတ်၍ ရိုက်ခါကာ အမြန် မီးငြိမ်း သတ်လိုက်သည်။…
မီးငြိမ်းခါမှ စိတ်အေးရပြီး မုန်းဘုရင် အိပ်နေသည့် ကုတင် နံဘေးတွင် ဝင်ထိုင်လိုက်သည်။…
လက်ထဲရှိ အဝတ်လေးမှာ မီးကွင်း၍ ပေါက်နေပြီး…
ထိုအဝတ်မှာ အဘွားကျန့် တောထဲသို့ ဆေးမြစ်တူးသွားလျှင် ဝတ်သွားနေကြ အပေါ်ဝတ် အင်္ကျီညို လေးပင်…
မျက်ရည်ကြည်တွေ ထက်လို့ ဝဲတတ်လာခါ..
ထို အဝတ်အား ရင်ခွင်တွင် ဖိကပ်ထားရင်း ငိုမိပြန်သည်။
ဘာလို့လဲ ဘာလို့ ငါချစ်မြတ်နိုးတဲ့ အရာတွေ မှန်သမျှ အကုန် ဖျတ်စီးခြင်းခံ နေရတာလဲ ဘာလို့လဲ ဘာကြောင့်လဲ ဘာလို့ ငါ့ကျမှ ဒီလို ဖြစ်နေရတာလဲ….အဟင့်

“အဟင်း…ဟင်း..ဖခမည်းတော်…
ခမည်းတော်ဖုရား…မလုပ်နဲ့ပါ..မလုပ်ကြပါနဲ့…”

အိပ်နေရင်းမှ ညည်းတွားနေသည့် မုန်းဘုရင် အသံကြောင့် အဝတ်လေးအား စားပွဲပေါ် လှမ်းတင်လိုက်သည်။…
တစ်ကိုယ်လုံး ချွေးစေးများ ထွက်ခါ ခါးစပ်ရှိ ဒဏ်ရာမှာလည်း သွေးများ စိမ့်ထွက်နေ၏။..
“အိုး…ဘုရားရေ ..လူကြီးမင်း…ဒဏ်ရာက သွေးတွေ အရမ်း စိမ့်ထွက်နေပါ့လား…
ငါ ..ငါ ဒေါ်လေးခမ်တို့ လာတာနဲ့ …လူကြီးမင်း ဒဏ်ရာကို ကြည့်ဖို့ မေ့သွားခဲ့တယ်…
မဖြစ်ဘူး ဘာကြောင့် သွေးထွက်သလဲ သိရအောင် ဒဏ်ကို လှန်ကြည့်မှပဲ”

“ဖြုတ်…”

သွေးထွက်နေသည့် ခါးစပ်ရှိ ဒဏ်ရာအား ပက်တီးဖြည်၍ လှန်ကြည့်လိုက်ရာ …
ဒဏ်ရာမှာ မကျက်သေးပဲ ပြင်းထန်စွာ လှုပ်ရှားမှုနဲ့ ထိခိုက်ခံထားရခြင်းကြောင့် ချုပ်ရိုးကွဲထွက်နေခြင်းပင်…
ထိုအဖြစ်ကြောင့် ဖျက်ကနဲ သူမမျက်လုံးထဲ ပြေးမြင်မိသည့် ပုံရိပ်တို့က ဒေါ်လေးခမ်အိမ်သို့ သွားရဖို့ သူ့အား ဇွတ်တရွတ် တွန်းတိုက် ထုရိုက်ခါ ရုန်းကန်နေသည့် သူမ၏ ပုံရိပ်တို့ပင်…

သူမ၏ ဇွတ်အတင်းဖိ၍ တွန်းကန်ရုန်းမှုတို့က သူ၏ ဒဏ်ရာအား လာလာထိရိုက်ခါ နာကြင်ရပေမယ့်….
သူမဟာ သူ၏ မြတ်နိုးရသူတစ်ဦးမို့ ဘာမှ မပြောပဲ အံကြိတ်ခါ တင်းခံ၍
သည်းခံခဲ့ခြင်းပင်….

မုန်းဘုရင် ခံစားရသည့် အဖြစ်အား သူမ ယခုမှ သေချာ တွေးကြည့်မိရင်း ဝမ်းနည်းမိလာသည်။…
ဘယ်လိုလူကြီးလဲ ဒဏ်ရာကို ထိခိုက်မိလို့ နာကြင်ရရင်လဲ လူကို ပြောရောပေါ့…
အခု အခုတော့ ရှင်ဖြစ်နေတဲ့ နာကြင်မှုတွေကြောင့် ကျွန်မမှာ စိုးရိမ်မှုတွေနဲ့ ပူလောင်ရပြန်ပြီ…
ရှင်ဟာ သွေးအေးပြီး သိပ်နားလည်ရခက်တဲ့ လူပဲ…

********
ဒဏ်ရာရှိ စိမ့်ထွက်နေသည့် သွေးတို့အား ဆေးကြောပေးရန် ရေနွေးအိုးတည်လိုက်ရင်း….
တစ်လက်စတည်း အိမ်ရှိရာလေးဖြင့် မုန်းဘုရင်အတွက် ဆန်ပြုတ် ပူပူလေးတစ်ခွက် ပြင်ဆင်လိုက်သည်။…
အဝတ်သန့်တစ်ခုအား ရေပူ ရေအေး ရောစပ်ထားသည့် ရေနွေးနွေးလေးထဲသို့ စိမ်ခါ ရေညစ်၍ သွေးများ စိမ့်ထွက်နေသည့် ဒဏ်ရာအား သေချာ ဂရုတစိုက်ဖြင့် သူမ ဆေးကြောသန့် စင်ပေးနေသည်။…

အတင်းဖိသုတ်မိ၍လားမသိ တချက်ချက် ခန္ဓာကိုယ်လေး တွန့်ခါ နာကြင်နေသည့် မုန်းဘုရင်အား သူမ အတော်အားနာမိသည်။…
သူမကြောင့် သူထိခိုက်ရတာတွေ များလွန်းနေပြီ မဟုတ်လား…

ဒဏ်ရာအား အဘိုးကျိုင်ထည့်ပေးလိုက်သည့် ဆေးတို့ သေချာ ထည့်လိမ်းပေးခါ ပက်တီးအသစ် ပြန်စီးပေးလိုက်ပြီး…
ခွဲဟထားသည့် အင်္ကျီအား သေချာပြန် စိဝတ်ပေးလိုက်သည်။…
ထို့နောက် ဆေးရည်သောက်ရန် အစားဝင်မှ ဖြစ်မည်မို့ ဆန်ပြုတ်တိုက်ရန် သူ့အား လှုပ်နှိုးလိုက်၏။..
“လူကြီးမင်း…လူကြီးမင်း…ထပါဦး ဒဏ်ရာအတွက် ဆေးသောက်ရအောင် အစာလေး ဝင်မှ ဖြစ်မယ်…
ဒီမှာ ဆန်ပြုတ်လေး ဝင်လောက် ထသောက်ပါဦးနော်…လူကြီးမင်း“

လှုပ်နှိုးနေသည့် သူမကြောင့် မျက်လုံးလေး ဖျက်ကနဲ ပွင့်လာခါ သူ ကမှန်းကတန်း ကောက်ထထိုင်လိုက်ပြီး မသေချာ မယေယာစကား ဆိုလိုက်သည်။…
“ခမည်းတော် ခမည်းတော်ကော ဘယ်ရောက်သွား ပြီလဲ…”

“ဟင် ဘယ်က ခမည်းတော်လဲ…
ဒီမှာ လူကြီးမင်းနဲ့ ကျွန်မကလွဲရင် ဘယ်သူမှ မရှိပါဘူး…”

ထူးဆန်းသလိုကြည့်ရင်း ခေါင်းခါရန်းကာ ပြောလိုက်သည့် သူမစကားကြောင့် အသိစိတ် ပြန်ဝင်ခါ ဦးခေါင်းရှိ သူ ထုံးဖွဲ့ထားသည့် ဆံထိုးအား ဆွဲဖြုတ်ချလိုက်သည်။…
ပီတုန်းကေသာ ဆံနွယ်ရှည်တို့က ဖြူကြည်ချောမောသည့် သူ့ မျက်နှာပေါ်သို့ ဝဲခါ ပြိုကျလာခဲ့သည်။…

အပိုင်း ၁၃ဆက်ရန်>>>
#စာဖတ်ပရိတ်သက်အပေါင်းအားလေးစားလျက်
#ခွန်းခတ္တာကြွယ်(ပဒုမ္မာကြွယ်)


rate now: