🌸ကချေသည်🌸
Author ✍️ ကြွယ်
လှိုင်းတွန့် သဏ္ဌာ န်တောင်တန်း များကြားသို့ နေလုံးကြီး တဖြေးဖြေးနစ်မြုပ်ခါ ပျောက်ကွယ်လုနီးပါး ရှိပြီး ကောင်းကင်ကြီးတစ်ခုလုံးမှာ ပုစွန်ဆီရောင် သန်းနေလေသည်။…
“ဘုတ်…”
“အ…”
ထောင့်ချိုးတစ်နေရာမှ မုန်းဘုရင် လက်မောင်းအား ပွေ့ထူခါ တရွေ့ရွေ့လျှောက်လာခဲ့သည့် ရှောင်လုပုခုံးလေး ပူထူသွားရသည်။…
ဆံနွယ်လေးများ ယိမ်းခါအောင် သမင်လည်ပြန် ကြည့်လိုက်ပြီး နှုတ်ခမ်းလေးဖိကိုက် မိသည်။..
ပုခုံးချင်း တိုက်မိသည့် သူမှလည်း သူမအား မကြည်သလို မျက်နှာထားဖြင့် သမင်လည်ပြန် တစ်ချက်ကြည့်ခါ လက်ဆွဲ ခြင်းတောင်းဝိုင်းလေးထဲမှ ပြည့်လျှံခါ ပြုတ်ကျသွားသည့် မက်မွန်သီးအား ကုန်းကောက်လိုက်၏။
ထိုအကြည့်ပိုင်ရှင်ကြောင့် မျက်လုံးလေးများ ဝိုင်းစက်ခါ အံ့ဩမှုအရိပ်သန်းမိသည့် သူမ …
ထိုအကြည့်ရှင်လေးအား…
တရင်းတနှီးကို ကောင်းကောင်းကြီး သိလေခြင်းကြောင့်ပင်…
ဟင်!…အမဝေရင်..
ဟုတ်တယ် သူက ဒေါ်လေးခမ်ရဲ့ ညီမ အမဝေရင် ပဲ…
မှုန်ပြပြ အမှောင်ပြုစ အချိန်မှာတောင် လျှက်တစ်ပျက် မြင်လိုက်ရသည့် မျက်နှာလေးအား သူမ ကောင်းကောင်းမှတ်မိနေသည်။…
ထိုဝေရင်ဆိုသူမှာ ဒေါ်လေးခမ်နှင့် အသက်၁၀နှစ်ကွာခါ ရှောင်လုထက် အသက်၄နှစ်ကြီးသူ ဖြစ်သည်။..
“ရှောင်လု…ဘာရပ်လုပ်နေတာလဲ မင်းပဲ အဘွားအိမ် သွားမယ်ဆို လာလေ…”
ဘေးနားမှ သတိပေး အသံပိုင်ရှင်အား တစ်ချက်လှည့်ကြည့်ခါ လက်ကာပြ၍ ပြုတ်ကျသွားသည့် မက်မွန်သီးအား ကောက်ခါ မသိသလို ထွက်သွားဟန် ပြင်နေသူ ဝေရင်အား ဟန့်တားလိုက်သည်။..
“ဒီမှာ …ဒီမှာရှင့် ခဏနေပါဦး..”
ခေါ်သံကြောင့် မျက်လုံးလေးထောင့်ကပ်ခါ လှည့်ကြည့်လာသည်။..
ထို အကြည့်ပိုင်ရှင်အား သူမပြုံးကာ နုတ်ဆက်မိသည်။..
“အမဝေရင်…ညီမရှောင်လုလေ မမှတ်မိဘူးလား …”
နုတ်ဆက်လာသည့် သူမစကားကြောင့် ဝေရင်မှာ မယုံကြည်နိုင်သလို မျက်လုံးဝိုင်းလေးဖြင့် သင်္ကာမကင်း ကြည့်မိသည်။..
ဘယ်လိုဖြစ်နိုင်မှာလဲ ရှောင်လုက ရှာမတွေ့လို့ တစ်ရွာလုံးက သေပြီလို့အတည်ပြု လိုက်ကြပြီကို…
မဖြစ်နိုင်ဘူး ..သူဝတ်စားထားတဲ့ ပုံစံကလဲ ရှောင်လုနဲ့ လဲ မတူဘူး…
ရှောင်လုလေးက ဆင်းရဲတော့ သူ့လို လှလှပပတွေလဲ မဝတ်စားနိုင်ဘူးလေ…
နောက်ပြီး သူက ရှောင်လုထက် အများကြီးပိုလှသေးတယ်
ဟုတ်တယ် မဖြစ်နိုင်ဘူး ဒါ လုံးဝမဖြစ်နိုင်ဘူး …
“မဖြစ်နိုင်တာ ရှောင်လု ရွာကပျောက်သွားပြီးတည်းက သူ့ကို တစ်ရွာလုံးက ရှာမတွေ့တော့လို့ သေပြီလို့ကို သက်မှတ်လိုက်ကြပြီလေ…
မင်းက ရှောင်လုဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ
တကယ်ပဲ ရှောင်လုက အားလုံးသက်မှတ်ထားသလို သေသွားခဲ့ပြီထင်ပါတယ် ။…ဒါကြောင့်လဲ သူ့ကို ရှာမတွေ့ခဲ့တာပေါ့…”
အပြုံးလေးဖြင့် နုတ်ဆက်နေသည့် သူမအား …
ထိုစကားက ရင်ဝတည့်တည့်အား စောင့်ကန်လိုက်သည့်နယ် အသက်ရှုကြပ်ခါ ပူထူနာကြင်စေသည်။…
“ဘယ်လို..အမဝေရင် …သေပြီဟုတ်လား…မဟုတ်ဘူး ရှောင်လု မသေပါဘူး …ရှောင်လု မသေသေးလို့ အခုလို အမဝေရင် အရှေ့မှာ မက်တပ်ရပ်ပြီး ရှိနေသေးတာပေါ့…”
“မဖြစ်နိုင်တာ … ရှောင်လုကို ဒို့တွေအားလုံး တစ်ရွာလုံးအနှံ့ တောထဲပါမကျန် အကုန်ရှာခဲ့ပြီးပြီ လုံးဝရှာမတွေ့ခဲ့ဘူး ...သူက ပျောက်ခြင်းမလှကို ပျောက်သွားခဲ့ပြီးပြီ …အခုကျမှ ဘယ်ကနေ ဘယ်လို ပြန်ပေါ်လာနိုင်မှာလဲ …”
“အမဝေရင်ရယ်…တကယ်ပါ ရှောင်လု မသေသေးပါဘူး အမဝေရင် မယုံရင်လေ ဒီက ရှောင်လုရဲ့ကျေးဇူးရှင် လူကြီးမင်းကိုတောင် အမဝေရင် မေးကြည့်လို့ရပါတယ်…အခုတောင် လူကြီးမင်းနဲ့ရှောင်လု အဘွားကျန့် အိမ်ကိုသွားမလို့ပါ…”
ထိုစကားကြောင့် ရှောင်လု၏ နောက်ကျောဘက်တွင် ကပ်နေသည့် မုန်းဘုရင်အား လှမ်းကြည့်မိသည်။…
ရွှေကွက်ထားသည့် ကျောက်စိမ်းဆံထိုးမျှင်အား ဦးခေါင်းတွင် သေချာသက်ရပ်စွာ ထုံးဖွဲ့ထားပြီး ယောကျာ်းတန်မဲ့ ဖြူကြည်သည့် အသားရည်နှင့် ရှင်းသန့်ချောမောသည့်မျက်နှာပိုင်ရှင် မုန်းဘုရင်ကြောင့် မျက်ခုံးလေးပင့်ခါ ရှောင်လုစကားအား သူမ အနည်းငယ်တော့ ယုံချင်သလို စိတ်ဝင်စားမိသည်။
ဒီလူက ကျေးဇူးရှင်ဆိုပါ့လား
ဘယ်လို ဘယ်လို အဖြစ်ပျက်တွေကြောင့် များ ကျေးဇူးရှင်ဖြစ်ခဲ့ရတာပါလိမ့် စိတ်ဝင်စားစရာကိစ္စပဲ
ဒီလိုဆို သူပြောနေသလိုများ တကယ်ပဲ သူက ရှောင်လုအစစ်များလား….
သူမ တွေးရင်း နေဝင်ချိန်ရောက်သည်မို့ မှောင်ပြပြဖြစ်နေသည့် ကြားမှ ရှောင်လုမျက်နှာလေးအား မျက်မှောင်လေးကြုံ၍ သေချာ အားယူခါ အကဲခက်ကြည့်မိသည်..
ဟင်…တကယ်ပဲ ရှောင်လုပါ့လား…
သေသေချာ မနည်းကြည့်မှပဲ ရှောင်လုမှန်း သိသာတော့တယ် …
မထင်ရဘူး ..လုံးဝပြောင်းလဲပြီး လှလာတယ်…
သူ မသေဘူးဆိုတော့ ဘာတွေ ဘယ်လို အဖြစ်ပျက်တွေများ ဖြစ်ခဲ့လို့ပါလိမ့်…
“မင်း…မင်း တကယ်ပဲ ရှောင်လုလား တကယ်ပဲ ရှောင်လုအစစ်ပါနော်…”
“အင်း…ညီမတကယ် ရှောင်လုအစစ်ပါ..”
ဖြောင့်စင်းနေသည့် ဆံနွယ်လေးများ လှုပ်ခပ်အောင် ခေါင်းလေး တဆက်ဆက် ငြိမ့်ပြလိုက်ရင်း ဝေရင်၏ လက်ကလေးကို အားကိုးတကြီး ဆွဲကိုင်လိုက်သည်။…
“အမဝေရင် … ရှောင်လုကို မြင်မြင်ချင်းတောင် ဘာလို့ချက်ချင်း မမှတ်မိနိုင်ရတာလဲဟင် …
ညီမအရင်က အမဝေရင်နဲ့အရမ်းခင်မင် ရင်းနှီးခဲ့တဲ့ ဒေါ်လေးခမ်ရဲ့ တပည့်ရင်း ရှောင်လုလေ ..
အမဝေရင်အခုလို ရှောင်လုကို မမှတ်မိတော့ ရှောင်လုအရမ်း ဝမ်းနည်းတာပဲ..”
ညိုးနွမ်းသော မျက်နှာလေးဖြင့် လက်ကလေးကိုင်ခါ ပြောနေသည့် ရှောင်လုကြောင့် နှုတ်ခမ်းလေးကွေးခါ ပြုံးလိုက်ရင်း ..
ရှောင်လု လက်ကလေးအား သူမ ပြန်လည် ဖိဆုတ်ကိုင်လိုက်သည်။…
“ဘာလို့ မမှတ်မိရတာလဲဆိုတော့ ရှောင်လုက တော်တော် ပြောင်းလဲပြီး အရမ်းလှနေတာကိုး နောက်ပြီး ဒီအင်္ကျီ လေးနဲ့ ရှောင်လုက သိပ်ကိုလိုက်ဖက်တယ်။…
တကယ်မထင်ရဘူး သေချာသာ အာရုံစိုက် မကြည့်မိရင် အမမျက်လုံးထဲ ရှောင်လုက အခြားလူ တစ်ယောက်လိုပဲ..”
“ဟင် …အဲ့လောက်တောင် ပဲလား အမဝေရင်ရယ် …”
“ဟုတ်ပါတယ်ဆို…”
“အဟင်း…ဟုတ်ပါပြီ..အမဝေရင်ရယ်”
မမှတ်မိရသည့် အကြောင်းပြချက်ကောင်းကောင်းလေး ဝေရင် ပေးလိုက်ခါမှ ရှောင်လုရင်ထဲက တင်းခံနေသည့် အပူလုံးကြီး လျောကျသွားရသည်။…
“ဒါနဲ့ ..ရှောင်လု ..အဘွားကျန့်အိမ် သွားမလို့ဆို…”
“အင်း …ဟုတ်တယ် အမဝေရင် အဘွား နေကောင်းတယ် မဟုတ်လား..”
“ဟို…အဲ့ဒါကလေ…ဟိုလေ..ရှောင်လု…ရှောင်လု အဘွား..”
ပြောမထွက်တော့ပဲ ဆက်တငန့်ငန့်ဖြစ်နေသည့် ဝေရင်၏ မလုံမလဲ အမူရာကြောင့် ရှောင်လု တစ်ယောက် ပြုံးနေတာလေး ရပ်တန့်ခါ ရင်ထိန့်မိသည်။..
အမဝေရင် ဘာလို့ ပြောမထွက်တာလဲ အဘွားဘာများ ဖြစ်လို့လဲ…
“အမဝေရင် ဆက်ပြောလေ အဘွားဘာဖြစ်လို့လဲ…”
“ဟို..ဟိုလေ ရှောင်လု …အဘွားကျန့် အိမ်ကို အရင်သွားနှင့်ပါ .. အမဝေရင် အခု မှာထားတဲ့ မက်မွန်သီးတွေ အချိန်မှီ သွားပို့ရဦးမှာမို့ … နောက်မှ အစ်မခမ်နဲ့အတူ အမဝေရင် အဘွားကျန့် အိမ်ကို လိုက်လာခဲ့ပါ့မယ် …
အဲ့အခါမှ အမတို့ မင်းကို အကြောင်းစုံ ပြောပြပါ့မယ် နော်..ရှောင်လု..
သွားပြီနော်..”
စကားအမြန် လက်စသက်ခါ အလောတကြီး သူမ အရှေ့မှ ခပ်သွက်သွက်လေး ထွက်သွားသည့် ဝေရင်အား သူမ နားမလည်နိုင်သည့်နယ် ရပ်ကြည့် ကျန်ခဲ့သည်။…
ခဏအကြာ ရပ်ကြည့်နေပြီးမှ
သစ်ပင်လေး လက်ထောက်ခါ အားပြုရပ်နေသည့် မုန်းဘုရင်အား ပြန်လှည့်ကြည့်မိသည်။…
သူမ ပြုံးပြလိုက်ရင်း လက်မောင်းလေးအား လှမ်းဆွဲထူလိုက်သည်။…
“ဟို ရှောင်လု လေပေါနေတာနဲ့ လူကြီးမင်း အခက်တွေ့သွားခဲ့ပြီ တောင်းပန်ပါတယ်နော် …”
ခြေလှမ်းလေ တစ်ဆနှစ်ဆ တိုးလှမ်းခါ တောင်းပန်စကားပြောနေသည့် သူမ မျက်နှာလေး …
ဝဲကျနေသည့် ဆံနွယ်ရှည်တွေကြားမှ ခိုးကြည့်ရင်း ပြုံးမိသည် …
ဘာမှ ပြန်မပြောပဲ သူမ ဦးဆောင် ခေါ်ရာသို့ ခြေလှမ်းတို့က လိုက်ပါ လာခဲ့သည်….
*******
“အဘွားရေ…အဘွား …အဘွားကျန့်..”
ဖြစ်သလို ဝါးချောင်းလေးများဖြင့် ကာရံထားသည့် ယိုင်နဲ့နဲ့ ဝန်းနံရံလေးနားမှ အိမ်ထဲရှိ အဘွားကျန့်အား တဆာဆာ အော်ခေါ်နေ၏….။
မတွေ့ရသည့် ရက်ပေါင်းမှာမနည်းတော့၍ သူမ အဘွားကို လွမ်းလှပြီ…
အိမ်လေးထဲမှ ခွန်းတုံ့ပြန်မှုလည်းမရှိသလို သည်လောက်ကျယ်လောင်တဲ့ သူမရဲ့အသံကြား၍တောင် အဘွားက ထွက်မလာခဲ့….
ဒါ့အပြင် အမှောင်ကျနေသည်တောင် မီးထွန်းထားခြင်း မရှိသည့် အဘွားကျန့်အိမ်လေးမှာ အတော် ထူးဆန်းလှသည်။…
အဘွားက အိမ်ထဲကလည်း ထွက်မလာသလို အိမ်ကလည်း အမှောင်ကျနေပါ့လား ဘာလို့ပါလိမ့် ကျစ် မထူးပါဘူး အိမ်ရောက်နေပြီပဲလေ
ထွက်မလာတော့လဲ အိမ်ထဲ ဝင်ယုံပေါ့..
ထွက်မလာသည့် အဆုံး ထူးဆန်းစွာ မီးထွန်းမထားသည့် အဘွားကျန့် အိမ်လေးထဲသို့ ရင်ထိန့်စွာဖြင့် ဝင်သွားရန် ဆုံးဖြတ်လိုက်သည်။…
“လူကြီးမင်း…လာ အိမ်ထဲကြွပါ…”
နောက်ကျောဘက်တွင် ရှိနေသည့် မုန်းဘုရင်အား လှည့်ကြည့်ခါ အိမ်ထဲသို့ဝင်ရန် ဖိတ်ခေါ်လိုက်ပြီး …
အရှေ့မှ ဦးဆောင်ခါ အိမ်ထဲသို့ ဝင်သွားလိုက်၏။.
“အဘွားရေ…အဘွား…”
တောင်နှစ်လုံးကြား နေလုံးကြီး နစ်မြုပ်သွားသည်မို့ အမှောင်ထုတို့က တဖြေးဖြေးကြီးစိုး၍ လာ၏။..
မီးထွန်းမထားသည့် အဘွားကျန့် အိမ်လေးမှာလည်း အမှောင်ဖုံးလို့နေသည်။…
အော်သာ အော်ခေါ်နေရသည် အဘွားစီမှ ဘာတုံ့ပြန်သံမှ မကြားရ၍ ရင်ထဲ စိုးတထိန့်ထိန့်ပင်…
အိမ်ထဲသို့ ဝင်ရန် အမှောင်ကျနေခြင်းကြောင့် နောက်ကျောဘက်ရှိ မုန်းဘုရင်အား အားနာနာဖြင့် အိမ်တံခါးဝ၌ ခတ္တစောင့်ပေးရန် ပြောလိုက်ရ၏။…
“လူကြီးမင်း ဒီမှာ ခဏစောင့်နေဦးနော် ရှောင်လု အိမ်ထဲမှာ ဖယောင်းတိုင်ယူပြီး ပြန်လာခဲ့ပါ့မယ်”
“ကောင်းပြီ”
ထို့သို့ပြောခါ သူမ အိမ်ထဲသို့ ဝင်လာခဲ့သည်။..
အမှောင်အတိမကျပေမယ့် မြေသားမညီ အဖုအထစ်တို့ကြောင့် တိုက်လဲမည်လဲ စိုးရသည် …
ထို့ကြောင့် အိမ်နံရံအား ဖြေးဖြေးချင်း ထိတို့စမ်းခါ ဖယောင်းတိုင်ထားသည့် နေရာလေးစီသို့ လျှောက်သွားလိုက်သည်။…
နှီးတောင်းထဲမှ မှုန်ပြပြမြင်နေရသည့် မီးခြစ်စံ ဘူးလေးအား ကောက်ယူခြစ်လိုက်ပြီး ဖယောင်းတိုင် အတုတ်တစ်ချောင်းအား ယူခါ မီးညှိလိုက်သည်။…
ထိုအခါမှ ဖယောင်းတိုင်အလင်းကြောင့် မြင်ကွင်းတို့က သေချာရှင်းလင်း ပျက်သားစွာ ….
မီးညှိထားသည့် ဖယောင်းတိုင်အား ဖယောင်းတိုင်ထွန်းသည့် အောက်ခံခွက်လေးထဲသို့ ပြောင်းထွန်းထားလိုက်သည်။..
ထို့နောက် ဖယောင်းတိုင် အပိုတစ်ချောင်း နောက်ထက်ကောက်ယူခါ မီးညှိလိုက်ပြီး နောက်ထပ် အောက်ခံခွက်ထဲသို့ ထက်ထွန်းလိုက်ပြန်သည်။
ပြီးနောက် မုန်းဘုရင်ရှိရာထံ ပြန်လျှောက်လာ၍
လက်ထဲရှိ မီးညှိထားသည့် ဖယောင်းတိုင်လေးအား ကမ်းပေးလိုက်သည်။..
“ရော့…လူကြီးမင်း…
အိမ်က သေချာမီးမထွန်းရသေးတော့ မှောင်မဲနေတာ လူကြီးမင်း သွားလိုရာ သွားတဲ့အခါ မြေမညီတော့ မမြင်ရပဲ ခလုတ်တိုက်နေမယ် ဒီမှာ အောက်ခံခွက်နဲ့ သေချာလေးကိုင်နော် လူကြီးမင်း…ပူဦးမယ်”
“အွန်း …ကျေးဇူးပဲ..”
ကမ်းပေးသည့် ဖယောင်းတိုင်ခွက်အား လှမ်းယူလိုက်ရာ မထင်မှတ်ပဲ သူမလက်ကလေးအား ထိမိသွားသည်..
သူကတော့ ဘာမှ မဖြစ်ပေမယ့် သူမလေးကတော့ တွန့်ကနဲ လန့်ခါ လက်ကို အမြန်ပြန်သိမ်းလိုက်သည်..
သူ့အားနောက်ကျော ပေးရပ်ခါ နှုတ်ခမ်းလေးဖိ ကိုက်မိသည်။..
“အိပ်ခန်းနဲ့ နောက်ဖေးမှာများ အဘွားရှိနေမလားလို့ ရှောင်လု သွားကြည့်လိုက်ဦးမယ်”
“ခဏလေး..”
ဟန့်တားမှုကြောင့် လှမ်းနေသည့် ခြေလှမ်းတို့အား ရပ်ဆိုင်းသွားပြီး လှည့်ကြည့်မိသည်။
ချက်ချင်းပဲ အိမ်တံခါးဝအား ကျော်ခါ ဖယောင်းတိုင်မီးရောင်ဖြင့် အိမ်ခေါင်မိုးပါမကျန် နေရာအနှံ့ မျက်လုံးလေး တစ်ချက်ဝေ့ကြည့်လိုက်ရင်း ဘေးနားရှိ ထိုင်ခုံအားလက်ညိုးလေးတို့၍ သပ်ကြည့်လိုက်ရာ ဖုန်တတ်နေခြင်းကြောင့်…
သူမဘက်သို့လှည့်၍ ပြောလိုက်သည်။
“အွန်…ကိုယ့် အထင်တော့ အိမ်ကလူမနေသလိုပဲနော်…
မင်းအဘွားက ဒီမှာရော တကယ်ရှိရဲ့လား..”
သုံးသပ်ချက် ပြောလိုက်သည့် မုန်းဘုရင် စကားအား ရှောင်လု အမြန် ငြင်းဆန်မိသည်
“ဟင့်အင်း..ရှိတာပေါ့ ကျွန်မနဲ့ အဘွားက ဒီအိမ်မှာ အတူနေလာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး အဘွား သေချာပေါက် ဒီအိမ်မှာ ရှိပါတယ်”
ချက်ခြင်းပဲ အဘွားကျန့်အား သူမ ပြန်အော်ခေါ်မိ ပြန်သည်။…
ရှိတယ် သေချာပေါက် အဘွားက အိမ်မှာရှိတယ်..
ဟုတ်တယ် ကျွန်မသိတယ်..
အဘွား …အဘွား….အဘွားရေ…”
သုံးသပ်ချက်အား လက်မခံပဲ အဘွားဖြစ်သူကိုသာ တဆာဆာ အော်ခေါ်ခါ ဝင်သွားသည့် သူမ ကျောပြင်အား မုန်းဘုရင်ကြည့်ခါ ခေါင်းခါရန်းမိသည်။..
ကျစ်…မင်းက ဘာမှ မစူးစမ်းပဲ ကိုယ်စိတ်ထင်ရာသာ ဇွတ်ယုံကြည်တဲ့ မိန်းကလေးပါ့လား…
မိုးချုပ်လို့ အမှောင်ကျနေတာတောင် မင်းအဘွားအိမ်က မီးထွန်း မထားတာဒါသာမန်မဟုတ်မှန်း မင်းသိသင့်တယ်လေ…
နောက်ပြီး မင်း ဖယောင်းတိုင် သွားယူတာ အိမ်က ပစ္စည်းတွေကို နည်းနည်းပါးပါး ထိကိုင်မကြည့်ဖူးလား..
ဖုန်တတ်နေပြီလေ…
ဒါလား လူနေတဲ့ အိမ်က …
ဟွန်း..မထင်ထားဘူး … မင်းအရမ်း တုံး အ လွန်းမှန်း…
ထိုစကားများအား ထုတ်မပြောပေမယ့် စိတ်ထဲမှ တီးတိုးရေရွတ်မိသည်။....
ဖယောင်းတိုင်ခွက်အား လေးထောင့်ဆန် စားပွဲမြင့်ပေါ်တင်ခါ ဖုန်သပ်ယူထားသည့် ခုံအား သေချာခါ ထိုင်လိုက်သည်။…
“အဘွား…အဘွား….
ဒီမှာ အဘွားရဲ့မြေးမလေး ပြန်ရောက်လာပြီလေ အဘွား…”
ရက်ပေါင်းအတော်ကြာ တိတ်ဆိတ်နေသည့် အိမ်လေးမှာ သူမအသံလေးကြောင့် အသက်ပြန်ဝင်ချင်သလို ရှိ၏။
သို့သော် နှစ်ပေါင်းအတော်ကြာ မိခင်တစ်ဦးကဲ့သို့ အတူနေထိုင်လာခဲ့သည့် အဘွားကျန့်မှာ အသတ်ခံရ၍ ဆုံးပါးသွားခဲ့သည်…
ဤသည်ကို သနားစရာရှောင်လု တစ်ယောက် လုံးဝ မသိသေးချေ။…
ထို့ကြောင့် ဝင်ပေါက် ညာဘက်ထောင့်ရှိ အမှောင်ရိပ်တို့ ဖုံးကွယ်နေသည့် စားပွဲပေါ်မှ အဖြူရောင်လုံးဝန်းသည့် ကြွေအိုးလေးမှာ သူမအား သတိမပြုမိစေရန် ဆုတောင်းနေသည်။…
သတိပြုမိလျှင် သူမနာကြင်ရမည်။..
ပူဆွေးငိုကြွေး ဝမ်းနည်းရမည်။..
မြေးမဖြစ်သူ ခံစားနာကြင်ရမည်ကို ကြွေအိုးထဲက အရိုးပြာ ပိုင်ရှင် အဘွားဖြစ်သူ မလိုလားသည်က အသေချာပင်….
အသံလေးနိမ့်ခါ အဘွားဖြစ်သူအား အော်ခေါ်နေရင်း…
အိပ်ခန်းစီသို့ ရောက်လာခဲ့သည်။…
“အဘွား…
ဟွန်!..အဘွားက အိပ်ခန်းထဲမှာလည်း ရှိမနေဘူး …“
အဘွားဖြစ်သူအား မတွေ့ရခြင်းကြောင့် ကုတင်နံဘေးရှိ စားပွဲခုံလေးတွင် ဖယောင်းတိုင်ခွက်လေး တင်ခါ သက်ပြင်းရှည်ကြီး ဆွဲချမိသည်။…
အဘွား …အဘွားဘယ်တွေ သွားနေတာ ပါလိမ့်
တစ်ကိုယ်တည်း တီးတိုးစကားဆိုခါ ၃ယောက် အိပ်စာမျှ ကျယ်သည့် ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။…
ထူးဆန်းစွာ ခေါက်ထပ်ထားသည့် အိပ်ယာလေးအား သွယ်လျသည့် ကလေးဖြင့် စမ်းကြည့်လိုက်ရင်း..
အတွေးစိတ်မှ မေးခွန်းထုတ်မိသည်။..
ဒါနဲ့ အိမ်ယာက ဘာလို့ ခါတိုင်း အဘွားခေါက်သလို ပုံစံမျိုးမဟုတ်ရတာလဲ…
ထက်၍ ကုတင်ပေါ်သို့ လက်ထောက်ကြည့်မိရာ အနည်းငယ်ကြမ်းရှရှရှိ နေခြင်းကြောင့် လက်ကိုယူကြည့်လိုက်ရာ…
ဖုန်မှုန့်တို့ အနည်းငယ် ကပ်ပေနေ၏။..
ဟင်!..ဖုန်တွေ..ဘာလို့ အိပ်ယာက ဖုန် တင်နေရတာလဲ…
အဘွားက အိမ်ကို အမြဲ သန့်ရှင်းရေးလုပ်တဲ့သူပါ…
ဘာတွေလဲ…ငါမရှိတဲ့ နောက်ပိုင်း အဘွားဘာတွေ ဖြစ်နေခဲ့တာလဲ..
အဘွားဖြစ်သူအား မတွေ့ရ၍ အိပ်ခန်းထဲတွင် ငူငိုင်နေသည့် သူမ…
တစ်ဖက်မှာ မုန်းဘုရင်ကတော့ ထိုင်နေရာမှ ဟိုကြည့် သည်ကြည့်ဖြင့် အကဲခက်ရင်း..
ဤအိမ်လေးက အဘိုးကျိုင်ရဲ့ တဲလေး၂လုံးစာမျှ ကျယ်သည်ဟု တွေးနေမိသည်။..
စိုးထိန့်စရာ အတွေးနယ်ချဲ့မှုအား သူမ ရပ်တန့်လိုက်သည်။…
ဖယောင်းတိုင်ခွက်အား လှမ်းယူခါ ကုတင်ပေါ် ထိုင်နေရာမှ အမြန်ထ၍ မီးဖိုခန်းနှင့် အနောက်ဘက်ရှိ ဆေးမြစ်နှင့်ဆေးရွက်တို့ အခြောက်ခံသည့် နေရာသို့ သွားကြည့်မိပြန်သည်။…
သို့သော်လည်း အဘွားကျန့်၏ အရိပ်အရောင်အား ယောင်လို့မျှတောင် မတွေ့ရချေ…
ဆေးမြစ်ဗန်းများအား ဖယောင်းတိုင်မီးလေး ထိုးကြည့်လိုက်ရာ မသိမ်းပဲ ပစ်ထားတာ ကြာပြီမို့ အလွန်ကျွတ်ခြောက်ကပ်ခါ ဖုန်များတင်နေ၏၊
ထိုအတူ ဆေးရွက်များကလည်း နေအလှန်းလွန်၍ ကျွတ်ခြောက်ခါ ကိုင်ကြည့်လျှင်ပင် တစ်ဆစီကြွေကျ နိုင်သည်။
ရင်ထဲ အခုမှ တကယ်ကို စတင်ထိန့်လန့် လာသည်။…
ဘာတွေဖြစ်နေတာလဲ…အဘွား ဘယ်တွေ သွားနေလို့လဲ..
လူကြီးမင်းပြောသလို တကယ်ပဲ ဒီအိမ်က လူမနေတော့တာလား….
ဟင့်အင်း..မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး …
အဘွားမှာ ဒီအိမ်လေးပဲ ရှိတာလေ ဒီအိမ်လေးကို ပစ်ပြီး အဘွားက ဘယ်ကို သွားနိုင်မှာလဲ…
“အဘွား…အဘွား…”
စိုးရိမ်သောကတို့ကြောင့် ချက်ချင်းပဲ မျက်ရည်များ ဝဲတတ်လာခါ အိမ်ထဲသို့ ပြန်လှည့်ဝင်ခဲ့သည်။…
ကျနေသည့် မျက်ရည်တွေကို ပွတ်သုတ်လိုက်ရင်း ….
အမှောင်ရိပ်ကွယ်နေသည့် စားပွဲသေးအနားသို့ ရောက်လာခဲ့သည်။…
ယခုမှ ဖယောင်းတိုင်အလင်းရောင်ကြောင့် စားပွဲပေါ်ရှိ အပြာရောင်ကနူတ်ပန်းဖြင့် လုံးဝန်းသည့် အိုးတစ်လုံးအား မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။…
ထိုအိုးသည်ကား အရိုးပြာအိုးတစ်လုံးပင်…
တကိုယ်လုံးအေးစက်တောင့်တင်းသွားပြီး နှလုံးသားအား ဆွဲဆုတ်ညစ်ခံ ထားရသည်နယ် နာကြင်လာသည်။…
မျက်ဝန်းတို့တွင် ဝမ်းနည်းကြေကွဲမှု အရိပ်တို့ ထင်းလျက်
လေးပင်တွဲခိုသည့် ခြေလှမ်းများဖြင့် ထိုစားပွဲစီသို့ တိုးကပ်လာရင်း စားပွဲပေါ်တွင် ဖယောင်းတိုင် ခွက်လေးအား တုန်ရင်စွာ တင်လိုက်သည်။…
ငေးငိုင်ခါ ညို့ငင်ခံထားရသည့်နယ် လေးပင်သောခြေလှမ်းတို့ ဖြင့်လျှောက်လှမ်းနေသည့် သူမအဖြစ်ကို မုန်းဘုရင် သတိထားမိသွားသည်။….
ထိုင်နေရာမှ ချက်ချင်း ထလာခါ လှဲကျမလို ယိုင်နဲ့နဲ့ ဖြစ်နေသည့် သူမအား ပုခုံးမှ လှမ်းထိန်းခါ စိုးရိမ်တကြီး မေးမိသည်။…
“ရှောင်လု …ရှောင်လု မင်းဘာဖြစ်တာလဲ…”
မေးနေသည့် မုန်းဘုရင်အား ခေါင်းလေးရန်းပြခါ အသံမထွက်အောင် လက်ဖြင့် ဖိအုပ်ငိုလိုက်ရင်း …
စားပွဲပေါ်ရှိ …ကြွေအိုးလေးအား ရင်ခွင်မှာ အမြတ်တနိုးပိုက်ခါ မြေပြင်ပေါ် သို့ အရုပ်ကြိုးပျက် ထိုင်ချလိုက်တော့သည်။…
“အ..အဘွား…”
သေးသိမ်နစ်ဝင်သည့် အသံလေးဖြင့် အဘွားဟု ရေရွတ်ရင်း…
အသံမထွက်အောင် လက်ကလေးဖိအုပ်ခါ တသိမ့်သိမ့်ငိုနေသည့် သူမ….
မဖြေဆည်နိုင်အောင် နာကြင်စွာ…
ယူကြုံးမရ ခံစားနေရ၏။…
မပွင့်တပွင့် တုန်ရင်သော အသံလေးမှာ ငိုသံတို့ဖုံးလွှမ်းခါ လက်မခံနိုင်ကြောင်း ပြောဆိုနေသည်။…
“ဟင့်အင်း ..မဟုတ်ဘူး မဖြစ်နိုင်ဘူး ဒါလုံးဝ မဖြစ်နိုင်ဘူး….ဟင့်အင်း
အဘွား မသေဘူး… မသေဘူး
အဘွား မသေဘူး…ဟင့် ဟင့် “
ကြွေအိုးလေးအား ရင်ခွင်မှာ ပိုက်ခါ ငိုနေရင်း….
ငယ်ငယ်က သူမအား စနောက်၍ ပုန်းနေတတ်သည့် အဘွားကျန့် ပုံရိပ်တို့အား ပြန်မြင်ယောင်မိသည်။…
ထို့ကြောင့် ငိုနေရင်းမှ စီးကျနေသည့် မျက်ရည်တို့အား အားယူခါ ဖိသုတ်လိုက်ရင်း…
ငိုရယ်သော မျက်နှာထားလေးဖြင့် တစ်နေရာသို့ စိုက်ကြည့်ခါ ကလေးတစ်ယောက်လို ပြောနေမိသည်။…
“ဟုတ်တယ်..အဘွားက ငယ်ငယ်ကလို ရှောင်လုကို ပုန်းနေတာပဲ…
ဟုတ်တယ်မလား အဘွား…
မပုန်းပါနဲ့တော့ အဘွားရဲ့…
ရှောင်လု အရှုံးပေးပါတယ်….
ရှောင်လု အဘွားကို လိုက်မရှာနိုင်တော့ဘူး…
မပုန်းနဲ့တော့နော် ရှောင်လုကို ထွက်တွေ့ပါတော့နော်…
ရှောင်လု ရင်ဘက်တွေ ဆူးအောင့်လို့ နာကြင်လှပြီ…အဘွားရဲ့ …
ရှောင်လု အဘွားစီ ပြန်လာပြီလေ…
ရှောင်လုကို ထွက်တွေ့လဲ့ပါ အဘွားရဲ့
နော် ထွက်တွေ့နော် ..နော်..အဘွား
ရှောင်လု တောင်းပန်ပါတယ်….
ရှောင်လု ပြန်မလာလို့ အဘွား စိတ်ဆိုးသွားတာလား အဘွားရယ်…ဟီး…ဟီး..ဟီး
စိတ်မဆိုးနဲ့တော့နော်…အဘွား
ရှောင်လု ပြန်လာပြီလေ”
“ရှောင်လု .. ရှောင်လု မင်းစိတ်အေးအေးထားပြီး သတိလေးကပ်ပါဦး … မင်းအဘွား ဆုံးသွားတဲ့အတွက် ကိုယ်လဲ တကယ်စိတ်မကောင်းပါဘူး…
ဒါပေမယ့် ဒီလိုမျိုးကြီးတော့ အရမ်းစိတ်ထိခိုက် မသွားပါနဲ့”
“ဟင့်အင်း ..ကျွန်မ အဘွား မသေဘူး အဘွားမသေဘူး အဘွားက ကျွန်မကို စိတ်ဆိုးလို့ ခဏ ပုန်းနေတာ မသေဘူး ဟီး…ဟီး
အဘွားမသေပါဘူး….”
ခေါင်းလေးကို အတွင်တွင်ခါရန်းကာ ဤဖြစ်ရပ်အား သူမ လုံးဝလက်မခံနိုင်ပေ။
ကြေကွဲစွာ မြေပြင်တွင် ထိုင်ငိုနေသည့် သူမအား မုန်းဘုရင် ပုခုံးလေးဖွဖွပုတ်ပေးရင်း နှစ်သိမ့်ပေးခါ သူမ၏ ချစ်လှစွာသော အဘွားအတွက်တော့ သူလဲ စိတ်မကောင်းပေ…
ငိုနေသည့်ကြားမှ တစ်စုံတစ်ခုကို သတိရသွားဟန်တူသည့် သူမ
ကြွေအိုးအား မြေပြင်ပေါ်ချခါ အိမ်ပြင်သို့ ပြေးထွက်သွားတော့သည်။..
ရုတ်တရက် ထ၍ ပြေးထွက်သွားသည့် သူမကြောင့် စိုးရိမ်တကြီး အနောက်မှ မျက်ခြေမပျက် ကောက်ထခါ လိုက်ခဲ့ သူက မုန်းဘုရင်ပင်….
ရှည်လျားလှတဲ့ ဆံနွယ်ရှည်တွေ လေပေါ်လွင့်တတ်နေပြီး တယိမ်းယိမ်းလှုပ်ခပ် ပြေးလွှားနေသည့် သူမ..
ဦးတည်ချက်တို့က ဒေါ်လေးခမ် အိမ်သို့သာ..
ဇွတ်ပြေးနေသည့် သူမ လက်မောင်းလေးအား အနောက်မှ အားဖြင့် ဖမ်းဆွဲခြင်း ခံလိုက်ရပြီး…
နွေးထွေးလှသည့် ရင်ခွင်ကျယ်ထဲသို့ သူမခန္ဓာကိုယ်လေး အိကနဲ ပြိုကျသွားရသည်။…
ပြိုကျသွားသည့် ရင်ခွင်ထဲမှာ ဇွတ်ရုန်းထွက်နေပြီး ဒေါ်လေးခမ် အိမ်သို့သွားရန်သာ သူမစိတ်တို့ ပြင်းပြနေသည်။..
“လွှတ်..လွှတ်ပါ …ကျွန်မကို လွှတ်ပေးပါ လူကြီးမင်းရဲ့ …
အဘွား ဘယ်လိုဖြစ်ရတာလဲ ဆိုတာ ကျွန်မ အရမ်းသိချင်နေမိပြီ…
ဒါကြောင့် လွှတ်ပါ ..”
ဇွတ်အတင်း ရုန်းထွက်နေသည့် သူမကိုယ်လေးအား ခပ်နာနာလေး သူ ဖိညစ်လိုက်သည်..
“အ…”
“နားထောင်စမ်း…
မင်းဘယ်လို မိန်းကလေးလဲ..
ဒီလောက်မှောင်မဲနေတဲ့ လမ်းကြီးကို မင်းမလို့ မကြောက်မလန့် တစ်ယောက်ထဲ ပြေးထွက်သွားရဲတယ်…
မင်းသိချင်ရင် ညနေက တွေ့ခဲ့တဲ့ တစ်ယောက်က ဒီအိမ်ကို လိုက်လာမယ်လို့ ပြောခဲ့တယ်မလား…
မင်းသိချင်ရင် အဲ့ချိန်ကြမှ မေး…
လာ ပြန်မယ်…”
အံကြိတ်သံဖြင့် ပြောလာသည့် မုန်းဘုရင်အား မျက်ရည်ကြည်များ ပြည့်လျှံဝဲတတ်နေသည့် မျက်ဝန်းတို့ဖြင့် သိုင်းဖက်ထားသည့် ရင်ခွင်ထဲမှ မော့ကြည့်ခါ နီထွေးစိုဖက်နေသည့် နှုတ်ခမ်းလေးအား ပေါက်ထွက်မတတ် ဖိကိုက်လိုက်သည်။…
“မပြန်ဘူး…လုံးဝ မပြန်ဘူး..
ကျွန်မ အရမ်းသိချင်တယ်.. သူလာတဲ့ အချိန်ထိလဲ ကျွန်မ မစောင့် နိုင်တော့ဘူး..သူတို့စီ အခုပဲ ကိုယ်တိုင် သွားမေးမယ်…
လွှတ် လွှတ်ပါ လူကြီးမင်းရဲ့..”
“ပြောမရအောင် ဇွတ်သွားချင်နေတယ်ပေါ့လေ…ရုန်း..ကြိုက်သလောက်ရုန်း…မင်း ကိုယ့်လက်ထဲက ရုန်းလို့လွတ်ရင် မင်းကြိုက်တဲ့စီသွား ကိုယ်မတားဘူး..”
“လူကြီးမင်း…ရှင် အဲ့လို မလုပ်ပါနဲ့ ..
ကျွန်မကို လွှတ်ပေးပါ…
လွှတ်ပါ…လွှတ် ကျွန်မသွားပါရစေ
လွှတ်..လွှတ်ပေးပါ”
“💢မလွှတ်ခိုင်းနဲ့ …”
ရင်ခွင်ထဲမှ ဇွတ်အတင်းရုန်းထွက်နေသည့် သူမပခုံးအား ဆွဲကိုင်လှုပ်ခါ တင်းနေအောင် ဖိညစ်လိုက်ပြီး…
အံကြိတ်ခါ ပြောလိုက်သည်။…
“မင်းကို ကိုယ် စိုးရိမ်လို့ တားနေတာ ဒီလောက်မှောင်မဲနေတဲ့ လမ်းမှာ မင်းတစ်ယောက်ထဲ တစ်ခုခုဖြစ်သွားမှာ စိုးရိမ်လို့…ကိုယ်တားနေရတာ ..
ကိုယ်အရမ်း သဘောကျတဲ့…မင်း
တစ်ခုခု ဖြစ်သွားမှာကို ကိုယ် မလိုလားလို့ ပြောနေရတာ…”
“ကြည့် …စမ်းကြည့် …မင်းစမ်းကြည့် စမ်း..”
သွယ်လျ အေးစက်နေသည့် သူမလက်ကလေးအား ဆွဲယူကာ ခါးစပ်နားရှိ ဒဏ်ရာအား ဖိစမ်းစေသည်။..
ခါးစပ်နားရှိ ဒဏ်ရာမှာ သွေးများ စိမ့်ထွက်နေပြီး…
သူ၏ ဒဏ်ရာပေါ် ဖိစမ်းစေမှုကြောင့် သူမလက်တွင် သွေးများပေကျံ ကုန်သည်။
အေးစက်စက်ဖြင့် ရေထက် ပြစ်တဲ့ အရည်တစ်မျိုးဖြင့် ထိတွေ့လိုက်ရသည့် ခံစားချက်ကြောင့် သူမ လက်ကလေးအား အမြန်ဆွဲသိမ်းခါ အမှောင်ကျနေသည့်ကြားမှ လက်လေးချောင်းပေါ်ပေနေသည့် သွေးများအား လက်မလေးဖြင့် စမ်းကြည့်လိုက်တော့ ပေကျံနေသည့် သွေးတို့က မနဲမနောဆိုတာ သူမခံစားမိလိုက်သည်…
“လူ ..လူကြီးမင်း…ဒဏ်ရာက ဒဏ်ရာက သွေး…သွေးတွေ ထွက်နေတယ်ဟုတ်တယ်..ချုပ်ထားတဲ့ ဒဏ်ရာက မင်း ဇွတ်တွန်းရုန်းတာနဲ့ သွေးပြန်ထွက်လာပြီ..
ဒဏ်ရာနဲ့ခရီးဆက်ခဲ့ ရတာကြောင့် လူလဲ အရမ်းပင်ပန်းနေပြီ...မင်းကပါ ထက်ပြီး ကိုယ့်ကို စိတ်ပင်ပန်းအောင် မလုပ်ပါနဲ့တော့…ကိုယ်တောင်းဆိုပါတယ်…”ပင်ပန်းလွန်းစွာ ညည်းတွားလိုက်သည့် ဒဏ်ရာရထားသူ မုန်းဘုရင်အား ရှောင်လုတစ်ယောက် သနားဂရုဏာသက်စွာ ကြည့်ရင်း သူမဖြစ်ချင်သည့် ဆန္ဒအား ချိုးနိမ်ခါ..မုန်းဘုရင် ပြောသည့် စကားအတိုင်း အဘွားကျန့် အိမ်သို့သာ ပြန်ခဲ့တော့သည်။…*********အိမ်သို့ ပြန်ရောက်ပြီး မကြာ အိမ်ရှေ့မှ ခေါ်သံတစ်ခုအား ကြားလိုက်ရသည်။…“ရှောင်လု…ရှောင်လု..”“ရှောင်လုရေ …အစ်မခမ်နဲ့ အမဝေရင်တို့ ရောက်လာပြီနော်…”ခေါ်သံကြောင့် အမြန်ထွက်ကြည့်လိုက်ရာ သူမအား စိုးရိမ်တကြီးကြည့်ခါ ရပ်နေသည့် ဒေါ်လေးခမ်နှင့် လမ်းပြမီးအိမ်လေးဆွဲခါ ခြံပေါက်ဝတွင် ရပ်ကြည့်နေသည့် အမဝေရင်ပင်…“ဒေါ်လေးခမ်…”ဒေါ်လေးခမ်အား တွေ့လိုက်ရ၍ အတိုင်းမသိ ဝမ်းသာခါ မျက်ရည်များ ဝဲတတ်လာပြီး ပြေး၍ထွေးဖက်မိသည်…မယုံနိုင်အောင် ပန်းဆီရောင် ဝတ်စုံလေးဖြင့် လှပနေပြီး ထွေးဖက်လာသည့် ရှောင်လုအား သူမလည်း လှိုက်လဲစွာ ပြန်၍ ထွေးဖက်ထားမိသည်…ရက်အတော်ကြာ လိုက်ရှာလို့ မတွေ့ပဲ ပျောက်သွားခဲ့သည့် ရှောင်လုအား ..ယခုလို မျက်ဝါးထင်ထင် မြင်လိုက်ရ၍ ကိုယ့်ကိုကိုယ်ပင် လုံးဝ မယုံကြည်နိုင်ချေ။“ရှောင်လု…ရှောင်လုလား..”ပြန်တွေ့ရ၍ တစ်ခဏမျှ ထွေးပွေ့ထားခြင်းအား ရပ်လိုက်ပြီး ပုခုံးလေးအား ဆွဲယူခါ မျက်နှာလေးအား ငုံ့ကြည့်လိုက်သည်။အရင်ကနွမ်းလျလျ အင်္ကျီလေးကြောင့် အလှတို့မပေါ်လွှင်ပဲ မှေးမှိန်နေသည့် သူမ …ယခုတော့ ဆင်းရဲသမလေး ရှောင်လုဟုပင် ထင်ရက်စရာမရှိအောင် လှပလွန်းနေသည်။…အနီးကပ် သေချာကြည့်မှသာ ရှောင်လုမှန်း သိသာပေမည်။…“ရှောင်လု …ရှောင်လု ဘယ်တွေပျောက်နေတာလဲ…ရှောင်လုပျောက်သွားလို့ အဘွားကျန့်ရော တို့တွေအားလုံး မင်းကို အသည်းအသန် ရွာရဲ့နေရာစုံမကျန် အကုန်လိုက်ရှာနေခဲ့တာ မင်းက ပျောက်ခြင်းမလှ ပျောက်သွားခဲ့တယ်။…တစ်ရွာလုံးက ရှာမတွေ့တော့တဲ့ မင်းကို သေပြီလို့တောင် သက်မှတ်လိုက်ကြတာ..ရှောင်လု ဘာတွေဖြစ်ခဲ့တာလဲ…နောက်ပြီး..သူကကော ဘယ်သူလဲ…”သူမမျက်ရည်စတွေ ပွတ်သုတ်လိုက်ရင်း နောက်ကျောဘက်တွင် ရပ်နေသည့် မုန်းဘုရင်အား မေးငေါ့ပြလိုက်ခြင်းကြောင့်…လှည့်ကြည့်မိသည်။…ဒဏ်ရာရထားသည့် နေရာအား ဖိဆုတ်ခါ အိမ်တိုင်လေးအား အမှီပြုနေသည့် သူ့အား အနားသို့သွားခါ လက်မောင်းလေးအား ပင့်ထူလိုက်ပြီး…ဒေါ်လေးခမ်နှင့် ဝေရင်အား မော့ကြည့်ခါ အိမ်ထဲဝင်ထိုင်ဖို့ ဖိတ်ခေါ်လိုက်သည်…“ဒေါ်လေးခမ် နဲ့ အမဝေရင် အကြောင်းစုံကို ရှောင်လု နောက်မှ ရှင်းပြပါ့မယ်.. လူကြီးမင်းမှာ ဒဏ်ရာနဲ့မို့ သက်တောင့် သက်သာ ဖြစ်အောင် ရှောင်လုအိပ်ခန်းထဲသွားပြီး အနားယူစေ လိုက်ဦးမယ် အရင်ဆုံး ဒေါ်လေးခမ်နဲ့အမဝေရင် အိမ်ထဲမှာ ဝင်ထိုင်ကြပါဦးနော်..”“ဪ…အေးအေး …အေးပါကွယ် ရပါတယ်”“လာလာ..ဝေရင် ..မီးအိမ်ကို ဒီကွတ်ပစ်ပေါ် ခဏတင်ခဲ့လိုက် …အထားမတော်လို့ တော်ကြာ ဒုတ်ကို မီးဆွဲကုန်ဦးမယ် သေချာလုပ်နော်”“ဟုတ်ကဲ့ပါ အစ်မခမ်ရဲ့…”“အေးအေး…”~~~~~~~~~ကုတင်နံဘေးရှိ စားပွဲခုံလေးတွင် ဖယောင်းတိုင် အတုတ်လေး တစ်ချောင်း မီးညှိခါထွန်းပေးလိုက်သည်။…ထို့နောက် ကုတင်ပေါ်တင်နေသည့် ဖုန်တို့အား လက်ကိုင် တံမြက်စည်း ကြမ်းဖြင့် လှည်းကျင်းခါ မုန်းဘုရင် အနားယူရန်အတွက် အိပ်ယာအား သေချာ ခင်းကျင်းပေးလိုက်သည်။….“လူကြီးမင်း…အနားယူလို့ ရပါပြီ..”အခန်းထောင့်တွင် မှီရပ်နေသည့် မုန်းဘုရင်ဘက်သို့ လှည့်ကြည့်ခါ အနားယူရန် အဆင်သင့်ဖြစ်ကြောင်း အသိပေးလိုက်သည်။..“အင်း…ကျေးဇူးပါပဲ…ရှောင်လု”“မဟုတ်တာ ကျွန်မကို ဒီအသေးအမွှား ကိစ္စလေးအတွက် ကျေးဇူးမတင်သင့်ပါဘူး … လူကြီးမင်း ကောင်းကောင်း အနားယူပါ …ကျွန်မ ဒေါ်လေးခမ်တို့နဲ့စကားသွားပြောလိုက်ပါဦးမယ်”“ဟုတ်ပြီ ...”အိပ်ခန်းတွင် မုန်းဘုရင်အား အနားယူရန် နေရာချပေးခဲ့၍ အိပ်ခန်းအပြင်သို့ ပြန်ထွက်လာခဲ့သည်။…~~~~~ဖယောင်းတိုင်ခွက် ထွန်းထားသည့် စားပွဲဘေးရှိ ခုံတို့တွင် အလျှိုလျှိုထိုင်နေသည့် ဒေါ်လေးခမ်နှင့် ဝေရင်အား မျက်နှာမကောင်းစွာ ကြည့်လိုက်ရင်း…အနားရှိ ခုံလေးတွင် ရှောင်လုဝင်ထိုင်သည်။..“ဟို…အားနာလိုက်တာ ဒေါ်လေးခမ်နဲ့ အမဝေရင်ရယ် အိမ်လေးက လူမရှိတာနေကြာတော့ ဖုန်တတ်လို့ အရင်လို လက်ဖက်စိမ်း ရေနွေးနဲ့ နို့သကြားခဲလေးတောင် ဧည့်မခံနိုင်ဘူး ဖြစ်နေတယ်…”“ဪ ရပါတယ် ရှောင်လုရယ် ဒေါ်လေးခမ်တို့လို့ လူရင်းတွေအတွက် ဒါတွေ မလိုအပ်ပါဘူး …”“ဟုတ်တယ် ရှောင်လု အမတို့အတွက် အဲ့ဒါတွေ မလိုအပ်ဘူး တကယ်တမ်း လိုအပ်နေတာက ရှောင်လု ဘယ်လိုဖြစ်ပြီး…ဘာကြောင့် ရှာလို့မတွေ့အောင် ပျောက်သွားရတာလဲ…ဆိုတာပဲ”ထိုအမေးကြောင့် စိတ်မကောင်းစွာဖြင့် သူမ ငိုင်ကျသွားသည်။…သို့သော် မေးတဲ့သူက မေးနေပြီမို့ မပြော မဖြစ်တော့ချေ။..“အဖြစ်က သည်လိုပါ ဒေါ်လေးခမ်နဲ့ အမဝေရင် ရယ်…….@&#%……”ရှောင်လုတစ်ယောက် ကြုံတွေ့ခဲ့ရသည့် အကြောင်းစုံအား ရင်ဖွင့်ပြောပြလိုက်ခြင်းကြောင့် ဒေါ်လေးခမ်နှင့်ဝေရင်မှာ မယုံကြည်နိုင်အောင် မျက်လုံးများ ပြူးကျယ်ခါ ရင်ဘက်လေးအား လက်ဖြင့် ဖိထားမိကြသည်။…“အိုး…ဘုရားရေ ဖြစ်မှ ဖြစ်ရလေ ရှောင်လုလေးရယ်…နားရှိလို့သာ ကြားရတယ်ကွယ် ဒေါ်လေးခမ်ဖြင့် တကယ်ကို မယုံကြည်နိုင်ဘူး…သူများသမီးပျို ဘဝကို ပန်းကောင်းအညွှန့်ချိုး ဖျတ်လို့ဖျတ်စီးနဲ့ ရောင်းစားရက်ကြတယ်။…”“ဟုတ်ပ အစ်မခမ်ရယ် ဘယ်လိုတောင် ယုတ်မာပက်စက်တဲ့ လူတွေပါလိမ့်…တော်သေးတာပေါ့ ရှောင်လုရယ် ကံကောင်းပေလို့ ပေါ့ ဟိုလူကြီးမင်းနဲ့ သာ မတွေ့ခဲ့ရင် ရှောင်လုဘဝဟာ မတွေးဝင့် စရာပါပဲ...”ဒေါ်လေးခမ်မှာ ရှောင်လုကြုံတွေ့ရသည့် အဖြစ်တို့အား နားထောင်ရင်း စိတ်မကောင်းဖြစ်ခါ ဝမ်းနည်းရသည်။ထိုကြောင့် မျက်ရည်ကြည်လေးများပင် တွဲခိုလို့လာ၏။…မျက်လွှာလေးချခါ သိမ်ငယ်နေသည့် ရှောင်လု လက်ကလေးအား ဖိဆုတ်ခါ…ကြင်နာမှုအပြည့်ဖြင့် ပြုံးပြရင်း အားပေးနှစ်သိမ့်ပေး၏။…”ဘာမှ မဖြစ်ဘူးနော် ရှောင်လု…ရှောင်လုအနားမှာ ဒေါ်လေးခမ်နဲ့ ဝေရင် နှစ်ယောက်လုံး ရှိသေးတယ် ..ဘာမှ အားမငယ်နဲ့နော်..”“ဟုတ်တယ် ရှောင်လု ဘာမှ အားမငယ်နဲ့နော် အမဝေရင်တို့ ရှောင်လုဘေးမှာ အမြဲရှိနေပေးမယ်…အားမငယ်နဲ့ နော် အကူညီလိုတာ မှန်သမျှ အမဝေရင်တို့ကိုပြော အမဝေရင်တို့ တတ်နိုင်သလောက် ကူညီပေးမယ်…”ထိုအခါမှ သူမအတွေးထဲ ရိပ်ကနဲ ပေါ်လာသည်က အဘွားး..အဘွားကကော ဘယ်လိုဖြစ်လို့ ဆုံးသွားရတာလဲထိုအကြောင်းအား သူမ သိချင်၍ ဒေါ်လေးခမ်နှင့် ဝေရင် ရောက်လာသည်အထိ မစောင့်နိုင်တော့ပဲဒေါ်လေးခမ်တို့ အိမ်သို့ အပြေး သွားချင်ခဲ့ခြင်းပင်။…အဓိကသိချင်နေသည့် အကြောင်းရင်းအား သူမ မေးဖို့ မေ့နေခဲ့ခြင်းပင်…ဖိဆုတ်ကိုင်ထားသည့် ဒေါ်လေးခမ်လက်အား ပြန်ကိုင်ထားလိုက်ရင်း…မျက်ဝန်းတို့က ဒေါ်လေးခမ်နှင့် ဝေရင်၏ မျက်နှာအနှံ့အား ဝေ့ကြည့်ခါ တစ်ခုခုကို အားကိုးတကြီး သိချင်နေပုံပင်။…“ဒေါ်လေးခမ်နဲ့ အမဝေရင်…အဘွားရော…အဘွားက ဘယ်လိုဖြစ်တာလဲ ..ဘယ်လို ဖြစ်ရတာလဲဟင်..ရှောင်လု သိချင်လို့ …ရှောင်လုကို ပြောပြပေးပါ…”တစ်ချက် တစ်ချက် သိမ်ဝင်သွားသည့် အသံလေးက ရင်ထဲမှာ ဘယ်လောက် နာကြင်ခံစားနေရသလဲ ဆိုတာမှန်းဆတွေးကြည့်၍ ရသည်။…ထိုအမေးကြောင့် ဒေါ်လေးခမ်ရော ဝေရင်ပါ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ခါ စိတ်မကောင်းစွာ မျက်နှာပျက်သွား ရသည်။ ရှောင်လု ပို၍ နာကြင်ခံစားရမည် စိုး၍ သူတို့ မပြောလိုပါ။..သို့သော် သူမဘက်က လိုလိုလားလား သိချင်စိတ်တို့ဖြင့် မေးလာသည် ဆိုမှတော့..မပြောချင်လဲ ပြောပြရတော့မည်။..မျက်ရည်လည်နေသည့် မျက်လုံးလေးအား ဒေါ်လေးခမ် ပုတ်ခက်ခါ သူမအား ပြောပြရန် အားယူလိုက်သည်။…“အဘွားကျန့်..အဘွားကျန့်က ရှောင်လုပျောက် သွားပြီး မကြာခင်မှာပဲ ဆုံးသွားခဲ့တာ…အဘွားကျန့် ဆုံးတာကို ဖူးခိုက် အရင်မြင်ခဲ့တာ …သူ ရွာသူကြီးမင်းနဲ့ ဒေါ်လေးခမ်တို့ကို ပြောပြချက်အရ အဘွားကျန့်က အသတ်ခံရတာတဲ့…”“အသတ်ခံရတယ်!..”သူမမယုံကြည်နိုင်စွာ အာမေဋိတ်ထွက်မိသည်။…ဘာရန်ငြိုး ရန်စမှ မရှိနိုင်တဲ့ လူအေးတစ်ယောက်ဖြစ်တဲ့ အဘွားလိုလူက အသတ်ခံရသည်တဲ့။ဒါလုံးဝမဖြစ်နိုင်ပါ ..သဘောထား ပြည့်ဝသည့် အဘွားကျန့်လိုလူက အသတ်ခံရသည်ဆိုတာ သူမ လုံးဝလက်ခံလို့ မရပါ။...“မဖြစ်နိုင်တာ..ဒါလုံးဝ မဖြစ်နိုင်တာပဲ အဘွားကျန့် အသတ်ခံရတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး…”“ရှောင်လု မဖြစ်နိုင်ပေမယ့်လဲ လက်ခံရမှာပဲ အဘွားကျန့်က တကယ်ပဲ အသတ်ခံ ခဲ့ရတာ..”“ဟင့်အင်း…ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..”“အွန်း…အစက ဒေါ်လေးခမ်နဲ့ ဝေရင်လဲ ကြားကြားချင်းမှာ ဘယ်လိုမှ မယုံကြည် နိုင်ခဲ့ဖူး ဒါကြောင့် ကိုယ်တိုင် မြင်မှ ယုံနိုင်မယ်ဆိုပြီး အဘွားကျန့် အလောင်းကို သွားကြည့်ခဲ့တယ်။တကယ်လည်း အဘွားကျန့် အလောင်းကို သွားကြည့်ရော ဖူးခိုက်ပြောပြသလို အဘွားကျန့် ခန္ဓာကိုယ်မှာ အသတ်ခံထားရတဲ့ ဒဏ်ရာတွေ တကယ်ပဲ တွေ့ခဲ့ရတယ်။…..”ရှောင်လုတစ်ယောက် ဒေါ်လေးခမ်ပြောပြချက်အရ အဘွားဟာ အသတ်ခံ လိုက်ရသည် ဆိုတာကို လက်မခံချင်ပေမယ့် လဲ လက်ခံလိုက်ရသည်။..သူမလက်တွေကို တင်းနေအောင် ဖိဆုတ်ထားရင်း…အဘွားကိုသတ်ခဲ့သည့် ထိုလူသတ်ကောင်အား လုံးဝအခဲမကျေလှချေ။…သို့သော် မည်သူမည်ဝါမှန်း မသိသည်က ခက်သား..သိခဲ့လျှင် ထိုလူသတ်ကောင်အား လုံးဝ ခွင့်မလွှတ်ပဲ ပြန်လက်စားချေ ချင်မိသည်။….အံကို တင်းတင်းကြိတ်ခါ တစ်နေရာသို့ အတွေးလွန်ခါ ငေးစိုက်ကြည့်နေသည့် သူမအား ဒေါ်လေးခမ် လက်မောင်းလေးအား ဖိကိုင်ခါ“ရှောင်လု..မင်း ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ အဘွားကျန့်လည်း မရှိတော့ဘူးဆိုတော့ ဒီအိမ်မှာ မင်းတစ်ယောက်တည်းလေ…ရွာစွန်က ဒီအိမ်မှာမိန်းမပျိုလေး တစ်ယောက်ထဲ နေလို့တော့ မသင့်လျော်ဘူး…ဒါမှ မဟုတ် ဒေါ်လေးခမ်တို့ နဲ့အတူ အိမ်မှာ လာနေပါ့လားကွယ်။…”“ဟုတ်သားပဲ …ရှောင်လုရဲ့ရှောင်လုသာ လာနေရင် အစ်မခမ်စီမှာလဲ အကသေချာသင်လို့ ရသလို အမဝေရင်အတွက်လည်း အဖော်ရတာပေါ့ … အမဝေရင်တို့နဲ့ လာနေနော် ရှောင်..”ထိုစကားကြောင့် ရှောင်လု တစ်ယောက် မျက်လွှာလေးချခါ လက်ကလေးအား ဖိဆုတ်ထားရင်းမှ လက်သည်းတို့ဖြင့် ကုတ်ခြစ်နေပြီး…မရဲတရဲ တီးတိုးလေသံဖြင့်…“ဟို…အဲ့ဒါက …မဖြစ်နိုင်ပါဘူး ဒေါ်လေးခမ်နဲ့ အမဝေရင်ရယ်..”မဖြစ်နိုင် ဆိုသည့် စကားကြောင့် ညီအမနှစ်ယောက်စလုံး ပြိုင်တူ မျက်မှောင်ကျူံ့၍ ရှောင်လုအား စိုက်ကြည့်မိကြသည်။…“ဘာလို့လဲ ရှောင်လု ဒေါ်လေးခမ်တို့ပြောတာဘာလို့ မဖြစ်နိုင်ရတာလဲ…”“ဟုတ်သားပဲ ရှောင်လုရဲ့ ဘာအကြောင်းကြောင့် မဖြစ်နိုင်ရတာလဲ..”ဒေါ်လေးခမ်နှင့် ဝေရင်အား ပြောပြ ချက်များတွင် တချို့တလေ ကိစ္စရပ်များအား အသိမပေးပဲ ရှောင်လု ထိန်ချန်ထားခဲ့သည်။ထိုကိစ္စတို့အား ပြောပြရန်မလိုဟုလည်း သူမတွေးထားသည်။ယခုတော့ မုန်းဘုရင်နှင့် သူမ ကိစ္စအား မပြောပဲ ထိန်ချန်ထား၍ မရမှန်းသိလိုက်သည်။…ထို့ကြောင့် သူမအလွယ်နည်းပဲ ပြောပြရန် ဆုံးဖြတ်ချက်ချလိုက်သည်။ချက်ချင်းပဲ ရှောင်လုမျက်နှာလေး ပြန်မော့ကြည့်ခါ မျက်ရည်လေး လည်လာသည်။…“ဟို…တကယ်တော့ တကယ်တော့လေ ရှောင်လု ရှောင်လုက အပျိုစင် မဟုတ်တော့ပါဘူး လူကြီးမင်းနဲ့ ယူရတော့မယ့် အခြေနေထိ လွန်ခဲ့ပြီးပါပြီ…”“ဘာရယ်…💢”“ဘယ်လို..💢..”လည်ချောင်းတွင် တစ်ဆို့နေသည့် တံတွေးတို့အား ခက်ခဲစွာ မျိုချလိုက်ရင်း မျက်လွှာလေးချထားမိသည်။🌸🌸🌸🌸 အပိုင်း ၁၂ ဆက်ရန်>>>#စာဖတ်ပရိတ်သက်အပေါင်းအားလေးစားလျက်#ခွန်းခတ္တာကြွယ်