🌸ကချေသည်🌸
“အဘိုး..ကျွန်တော့်မှာ အရေးကြီးကိစ္စနဲ့ ခရီးဆက်စရာလေးရှိသေးလို့
အဲ့ဒါ မနက်ဖြန် နံနက်ဆို ချုပ်ရိုး ဖြေလို့ ရနိုင်မလား ဆိုတာ..
ဒဏ်ရာကို တစ်ချက် ကြည့်ပေးပါလား…”
ခါးစပ်နားရှိ ချူပ်ထားသည့် ဓားဒဏ်ရာအား အင်္ကျီ စလှန်ခါ မုန်းဘုရင် ပြနေချင်းကြောင့် အဘိုးကျိုင် ထိုင်နေရာမှ အားယူခါ မျက်မှောင်ကျုံ့စွာ ကြည့်လိုက်ရင်း…
“အွန်း…ဒဏ်ရာက နောက်၂ရက်လောက်နေမှ ချုပ်ရိုးဖြေလို့ ရမယ်ကောင်လေး…
ခရီးဆက်ရမယ့် ကိစ္စက အရမ်းအရေးကြီးနေလို့လား…”
ခွဲဟထားသည့် အင်္ကျီ အားပြန် စေ့ပိတ်ခါ အဘိုးနံဘေးတွင် သူဝင်ထိုင်လိုက်ပြီး ခေါင်းလေးငြိမ့်ပြခါ….
“ဟုတ်တယ် အဘ်ိုး ကျွန်တော့်မှာ အရမ်းအရေးကြီးတဲ့ ကိစ္စရှိနေလို့ မနက်ဖြန် နံနက်ပဲ အမြန် ခရီးဆက်မှဖြစ်မယ်…”
ကြားရသည့် စကားကြောင့် အဘိုးကျိုင် အံ့ဩသင့်စွာ အာမေဋိတ် ထွက်မိသည်။..
“ဟေ.!. မနက်ဖြန် နံနက်ပဲ ခရီးဆက်တော့ မလို့လား မြန်လှချေလား ကောင်လေးရ …”
အဘိုးကျိုင် စကားအား သူခေါင်းငြိမ့်ခါ ထောက်ခံလိုက်ရင်း….
သက်ပြင်းရှည်ကြီး ချမိသည်…
ညမိုးချုပ်မလို့ မဲပြာရောင်ရှိသည့် ကောင်းကင်ကြီးမှာ စိန်ပွင့်ပမာတလက်လက် တောက်ပနေသည့် ကြယ်ရောင်စုံတို့အား ငေးမော့ကြည့်လိုက်ရင်း…
“ဟုတ်တယ်..အဘိုး…ကျွန်တော့်အတွက် အရမ်းအရေးကြီးနေလို့ မနက်ဖြန်နံနက်ပဲ မြန်မြန် ခရီးဆက်မှ ဖြစ်တော့မှာမလို့ပါ..”
အဘိုးကျိုင် ခေါင်းလေး တငြိမ့်ငြိမ့်ဖြင့်….
ကောင်းကင်သို့ ငေးမော့ကြည့်နေသည့် မုန်းဘုရင်ကြောင့် အဘိုးကျိုင်လည်း ကောင်းကင်သို့ လိုက်မော့ကြည့်ရင်း ..
“ကောင်လေး ခရီးဆက်ရင် ခလေးမကိုပါ အပါခေါ်သွားမှာမလား…”
ပြိုးပျက်လက် တောက်ပနေသည့် မှိတ်တုတ်တုတ် ကြွယ်ပွင့်လေးများအား ကြည့်နေခြင်းကို သူရပ်လိုက်ပြီး…
မျက်လွှာလေးချခါ အေးစက်စွာပြုံးလိုက်ရင်း…
“အဟင်း…အဲ့ဒါက သူမရဲ့ ရွေးချယ်မှု အပေါ်မှာပဲ မူတည်ပါတယ် အဘိုး…”
“ခလေးမကိုပါ အပါခေါ်သွားလေ…
ခလေးမက မိဘမဲ့ တစ်ကောင်ကြွက်ကလေးကွဲ့…
အရမ်း သနားစရာကောင်းတယ်…
ဒါကြောင့်လားမသိဘူး ကောင်လေးကိုခလေးမက အရမ်းအားကိုးတာ
နောက်ပြီး ကောင်လေးကို အရမ်းသံယောဇဉ်ရှိနေတာ ကွဲ့…
အဘိုး ပြောရဲတယ် ကောင်လေးသာ ခေါ်ရင် ခလေးမက မငြင်းဘူး သေချာပေါက် လိုက်မှာပါ…”
သံယောဇဉ်ရှိနေသည် ဟူသော အဘိုးစကားကြောင့် မုန်းဘုရင် ရင်ထဲအတော်ဝမ်းသာသွားခါ ပါးစပ်မစေ့နိုင်အောင် ပြုံးလိုက်မိသည်။…
“အဟင်း…ဟုတ်ကဲ့ပါ အဘိုး..
ကျွန်တော် သူ့ကိုပါ အပါခေါ်သွားပါ့မယ် “…..
•••••••••••••
တရုတ်ဖယောင်းတိုင် အတုတ်ကလေး တစ်ချောင်း ထွန်းညှိထားခြင်းကြောင့် အခန်းလေးမှာ မှိတ်ပြပြ ထွန်းလင်းနေသည်။…
ထိုအခန်းထဲတွင် ပီတုန်းရောင် ဆံကေသာရှည်တို့ ပြေကျခါ ချစ်စဖွယ် နွဲ့နှောင်းသည့်
ဟန်လေးဖြင့် အိပ်မောကျနေသည့် ရှောင်လုအနားသို့ အရိပ်တစ်ခုမှာ တရွေ့ရွေ့ဖြင့် ချင်းကပ်လို့လာနေသည်။…
ဖြေးဖြေးချင်း ထိုအရိပ်မှာ သူမ မျက်နှာအနီးသို့ တရွေ့ရွေ့တိုးကပ်လာပြီး….
သူမမျက်နှာအား သေချာ အနီးကပ်ငုံ့၍ စိုက်ကြည့်နေသလိုပင်…
တစ်စုံတစ်ခု၏ စူးစူးရဲရဲ စိုက်ကြည်နေခြင်းကို ခံရခြင်းကြောင့် မှိတ်ထားသည့် မျက်ခွံလေးမှာ တလှုပ်လှုပ်ဖြင့် ဖျက်ကနဲ ဖွင့်ကြည့် လိုက်၏။.…
ထင်းကနဲဆိုသလို မုန်းဘုရင် မျက်နှာအား အနီးကပ်မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်းကြောင့်..
သူမကိုယ်လေး သိမ့်ကနဲ့တုန်တတ်သွားခါ လန့်သွားရပြီး…
လှဲအိပ်နေရာမှ ချက်ချင်းပဲ ထထိုင်လိုက်သည်။…
“လူကြီးမင်း…လူကြီးမင်း မအိပ်သေးဘူးလား ဒီချိန်ကြီး ဘာလုပ်နေတာလဲ ..”
ချက်ချင်းပဲ ကိုယ်လေးပြန်မတ်လိုက်ခါ အေးတိအေးစက် ပြုံးလိုက်ပြီး
“အဟင်း..ကိုယ် မင်းကို အိမ်ပြန်ပို့ပေးမလို့ လာခေါ်တာပါ …လာ ကိုယ်နဲ့လိုက်ခဲ့..”
အင်္ကျီစလေးအား ကျစ်ဆုတ်ထားသည့် သွေးကြောစိမ်းလေးများပင် ပေါ်နေသည့် သူမလက်ကလေးအား လှမ်းဆွဲလိုက်ခြင်းကြောင့် နားမလည်နိုင်စွာ သူ့အားကြည့်လိုက်ပြီး…
“ဟင်!…ဒီလောက် ညဉ့်နက်ပြီး မှောင်မဲနေတာကို အိမ်ဘယ်လို ပြန်မှာလဲ အန္တရာယ်များပါတယ်။..”
ကြောင်အအဖြင့် အံ့ဩလို ကြည့်နေသည့် သူမမျက်ဝန်းအား သေချာ စိုက်ကြည့်လိုက်ပြီး…
“လာပါ…မကြောက်ပါနဲ့…ကိုယ်ရှိတယ်
မင်းဘာအန္တရာယ်မှ မဖြစ်အောင် ကိုယ်က ကာကွယ်ပေးမှာ လာ..ကိုယ့်နောက်လိုက်ခဲ့ပါ အိမ်ပြန်ပို့ပေးမယ်…”
ဇွတ်အတင်း လိုက်ဖို့ဆွဲခေါ်နေသည့် သူ့ကြောင့် ကုတင်ပေါ်မှ သူမ ကမှန်းကတမ်း ဆင်းခါ ဆွဲခေါ်ရာနောက်သို့ ပါသွားရ၏။…
အိမ်အပေါက်ဝနား ရောက်တော့ ကွတ်ပစ်တွင် ဟောက်သံထွက်အောင် အိမ်မောကျနေသည့် အဘိုးကျိုင်အား တွေ့ရခြင်းကြောင့်…
ဇွတ်ဆွဲခေါ်နေသည့် သူ့လက်ကလေးအား ခတ္တဟန့်တားခါ…
“လူကြီးမင်း ခဏနေပါဦး ပြန်ပို့မယ်ဆိုရင်လည်း အဘိုးကိုတော့ နုတ်ဆက်သွားပါရစေဦး…”
ဟန့်တားခါ ပြောလိုက်သည့် စကားကြောင့် မုန်းဘုရင်မှာ ခက်ထန်စွာ မျက်နှာပျက်သွားပြီး…
“မလိုဘူး…နုတ်ဆက်နေ စရာမလိုဘူး
မင်း သိပ်အချိန်ဆွဲတာပဲ…လာ ခဲ့
ငါ့မှာ အချိန်မရှိဘူး မင်းကို အိမ် အမြန်ပြန်ပို့ပေးမယ်။…လာ …”
အပြုအမူနှင့် လေယူလေသိမ်းတို့မှာ ချက်ချင်းပဲ သူ၏မူလ သဏ္ဌာန်ဖြင့် ကွဲပြားစွာ ပြောင်းလဲသွားပြီး…
လက်ကိုတင်းနေအောင် ဖိဆုတ်ခါ ဇွတ်အတင်းဆွဲခေါ်သွားခြင်းကြောင့် သူမတကယ်ကို နားမလည်နိုင်တော့ချေ။…
သူဘာတွေလောနေတာလဲ ငါ့ကိုလည်း ဘယ်အိမ်ကို ခေါ်သွားမလို့လဲ …
မြက်ပင်ရှည်တွေ ဖုံးလွှမ်းနေသည့် တောထဲပြန်ဝင်သည့် လမ်းကျဉ်းလေးထံသို့ ဦးတည်လျှောက်သွားနေပြီး..
မှောင်မဲနေခြင်းကြောင့် မြေပြင်တွင် ဘာရှိလို့ ရှိနေမှန်းတောင် မမြင်ရချေ။.
တရှပ်ရှပ်ဖြင့် မြက်ပင်ချင်း ပွတ်တိုက်သံတို့ ကြားနေရပြီး…
တစ်နေရာရာကို အလောတကြီး သူခေါ်သွားနေ၏။….
ဇွတ်ဆွဲခါ ခြေလှမ်းကျဲတို့ဖြင့် အမြန်သွားနေသည့် သူ့အား သူမ တကယ်ကို လိုက်လို့မမှီတော့ချေ… တဂျောက်ဂျောက်ဖြင့် ခလုတ်တိုက်ခါ ခြေထိပ်လေးများပင် နာကြင်လို့ လူမှာလည်း မောဟိုက်လို့ပင် လာသည်။…
ထို့ကြောင့် တင်းစွာဆုတ်ကိုင်ထားသည့် လက်အား ခါရုန်းလိုက်ပြီး..
“ရပ်…ရပ်..ရပ်ပါဦး လူကြီးမင်း…
ကျွန်မ..ကျွန်မမောလာပြီ…
ဖြေးဖြေး သွားလို့မရဘူးလား…
လူကြီးမင်း ဘာတွေလောနေတာလဲ…”
အမှောင်ရိပ်များ ကျနေခြင်းကြောင့် သူမအား သူဘယ်လို အကြည့်နဲ့ စိုက်ကြည့်နေမှန်း…
သဲကွဲစွာ မမြင်ရချေ…
သို့သော် သေချာတွေးကြည့်လျှင် ဒေါသအခိုးတို့ ထောင်းထောင်းထခါ စူးရဲခက်ထန်စွာ စိုက်ကြည့်နေမှန်း သိသာသည်။…
အပြုအမူတို့က မူလအသွင်နှင့်မတူ ထူးဆန်းနေခြင်းကြောင့်
သူမကျောစိမ့်သွားရ၏။…
ထိုစဉ် တဖြူးဖြူး တိုက်ခက်လာသည့် လေညင်းတို့က…
ကြောက်စိတ်ဝင်နေသည့် သူမအား
ကျောစိမ့်ချမ်းခါ ပိုပို တိုးလို့ ကြောက်လာစေခဲ့သည်။…
ခေါင်းလေးခါရန်းကာ ခြေလှမ်းတို့အား နောက်သို့ တရွေ့ရွေ့ ပြန်ဆုတ်ရင်း…
“ဟင့်အင်း…လူကြီးမင်း ကျွန်မ မလိုက်ချင်တော့ဘူး …ကျွန်မ ..မလိုက်ရဲတော့ဘူး…”
ထိုသို့ ပြောခါ ပြန်လှည့်ပြေးသည့် သူမအား အနောက်မှ ပြေးခါ ဆွဲဖမ်းလိုက်ပြီး….
ခါတိုင်းလို ကြည်လင်ပျက်သားသည့် အသံမဟုတ်တော့ပဲ ခြောက်ကပ်ကပ် အက်ကွဲကွဲအသံဖြင့်…
“မလိုက်လို့ မရဘူး ..ငါမင်းကို အိမ်ပြန်ပို့ပေးမယ်..”
မြောက်ကနဲ သူမကိုယ်အား ပွေ့ချီခါ ပခုံးပေါ် ပင့်တင်ထမ်းလိုက်ခြင်းကြောင့် သူမ လှုပ်ခါရုန်းကာ ခြေနှစ်ဖက်ကိုလည်း ရန်းခါ ရုန်းကန်နေသည်။..
“ဟင့်အင်း…မလိုက်ဘူး အောက်ချပေး…ကျွန်မကို အခုပြန် အောက်ချပေးပါ..လူကြီးမင်း ပြောနေတာ ဘယ်အိမ်လဲ…ကျွန်မနေတဲ့ အိမ်ကို လူကြီးမင်း သိရော သိလို့လား…အခု အောက်ကို ချပေးပါ…”
“ဘာမှ စကားရှည်မနေနဲ့ မင်းရဲ့ အိမ်က ဆောင်ကြာမြိုင်ပဲ…
ငါမင်းကို ဆောင်ကြာမြိုင်စီ ပြန်ပို့ဖို့ လာခေါ်တာ…
ဟား ဟား ဟား ဟား
မင်း ရုန်းကန်ပြီး ငြင်းနေလဲ အပိုပဲ..”
“ရှင်!.…”
ဆောင်ကြာမြိုင်..ဆောင်ကြာမြိုင်ကို ပြန်ပို့မယ်…
ခတ္တမျှငြိမ်ကျသွားခါ သူမတကိုယ်လုံး အေးစက်ခါ သွေးမရှိသလို ဖြူဆုတ်သွားပြီး သေလူတစ်ယောက်ပမာ အေးစက်တောင့်တင်းသွားသည်။..
ကြောက်စိတ်တို့က လူကိုဝါးမျို ကြီးစိုးခါ နဂိုထက် အစပေါင်းများစွာ လွှတ်မြောက်ဖို့ အားကုန်သုံး ရုန်းမိတော့သည်။..
“ဟင့်အင်း…ဟင့်အင်း..မလုပ်ပါနဲ့ ..လူကြီးမင်း..
ကျွန်မကို လွှတ်ပေးပါ…”
သူမ ဘယ်လောက်ပဲ ရုန်းနေပါစေ ..
သူကတော့ ရုန်းကန်တွန့်လှုပ်နေသည့် သူမ ကိုယ်လေးအား ထမ်းခါ …
လိုရာခရီးသို့သာ သွားနေ၏။…
မြက်ပင်ရှည်တွေ ဖုံးလွှမ်းနေသည့် တောလမ်းမှ အထွက်…
“တလုတ်…တလုတ်…တလုတ်..💨ဟည်းးး🐴”
မီးအိမ်ကိုယ်စီကိုင်ထားခါ မြင်းစီးလာသည့် လူအုပ်ကြီးအားတွေ့လိုက်ရသည်။….
“ဘုန်း…”
“အ့….”
ထမ်းထားသည့် သူမအား မြေပြင်ပေါ်ပစ်ချလိုက်ခါ…
“ရော့…ဒီမှာ ခင်ဗျတို့ သိပ်လိုချင်နေတဲ့ ခင်ဗျတို့လူ…ပြန်ခေါ်သွားလိုက်.
ဘယ်မှာလဲ..ကျုပ်သူ့ကို ပေးဝယ်ထားတဲ့ ရွှေတွေ….”
အမဲရောင်ဝတ်ရုံကြီးခြုံခါ ခေါင်းဆောင်းထားသည့် လူမှာ
မြင်းပေါ်မှ ဆွေ့ကနဲ့ ခုန်ဆင်းခါ မုန်းဘုရင် ရှေ့သို့ရောက်လာသည်။….
ဆောင်းထားသည့် အမဲရောင်ခေါင်းဆောင်းအား ဖယ်ချလိုက်တော့ …
ထိုသူမှာ သူမသေမတတ် ကြောက်ရွံ့ မုန်းတီးရသည့် ကျွေ့သခင်မကြီးပင်..
ရှောင်လုတစ်ယောက် မျက်လုံးများ ပြူးကျယ်ခါ အသက်ရှူရပ်မတတ် တုန်လှုပ်ချောက်ခြား သွားရပြီး…
ပြူးကျယ်နေသည့် မျက်လုံးအစုံမှ မျက်ရည်များ တစ်ပေါက်ပေါက် ပြိုကျလာသည်။…
ထိုမိန်းမကြီးက သူမဘက်သို့ လှည့်ကြည့်ခါ…
ညစ်ညမ်းစွာ ပြုံးလိုက်ပြီး…
မုန်းဘုရင်ဘက်သို့ ပြန်လှည့်သွားသည်။
“အဟင်း…မပူပါနဲ့ မင်းရဲ့ရွှေတွေ ပါခဲ့ပါတယ်။…”
“ဖြောက်…ဖြောက်..”
လက်ဖြောက်နှစ်ချက် တီးလိုက်သည်နှင့် ဝတ်ရုံအမဲနှင့် လူများမှ ရွှေအိတ်များ လာချပေးသည်။..
“မင်းပိုင်တဲ့ ပစ္စည်းတွေ ငါပြန်ပေးပြီးပြီဆိုတော့…ငါလည်း ငါပိုင်တဲ့သူမကို ပြန်ခေါ်သွားတော့မယ်…”
“ဟေ့…သူ့ကို ကြိုးတုတ်ပြီး မြင်းလှည်းပေါ် တင်လိုက်ကြ…”
အတင်းကြိုးလာတုတ်ချီနေသည့် လူများလက်ထဲမှ လူးလွန့်ရုန်းကန်နေပြီး ရွှေအိတ်များယူခါ မြင်းပေါ် ခွတတ်သွားသည့် မုန်းဘုရင်အား လှမ်းကြည့်ခါ ငိုယို တောင်းပန်နေ၏။..
“ဟင့်အင်း..လူကြီးမင်း…
ကျွန်မ အဲ့ကို ပြန်မသွားချင်ဘူး
မလုပ်ပါနဲ့…ပြန်မပို့ပါနဲ့…ဟီး…ဟီး..
ကျွန်မ အဲ့ကို ပြန်မသွားချင်ဘူး..
ကျေးဇူးပြုပြီး လူကြီးမင်း ကျေးဇူးပြုပြီး ပြန်မပို့ပါနဲ့ ဟီး..ဟီး..
ကျွန်မတောင်းပန်ပါတယ်…
ကျွန်မသေလောက်အောင် ကြောက်လို့ပါ….”
ဘယ်လောက်ပဲ ငိုယိုရုန်းကန်ခါ သူမ တောင်းပန် အော်ဟစ်နေပါစေ…
သူကတော့ တစက်ကလေးမှ အနောက်ကိုလှည့် မကြည့်ပဲ မြင်းစီးခါ ကျောခိုင်းထွက်သွားတော့သည်။…
“ဟင့်အင်းး…လူကြီးမင်း…ကျွန်မတောင်းပန်ပါတယ်…
ကျွန်မကို သူတို့နဲ့ ပြန်မထည့်ပါနဲ့…ကြောက်တယ်..ကြောက်လို့ပါ ..ပြန်လာခဲ့ပါ.လူကြီးမင်း..
ကျွန်မကို မထားခဲ့ပါနဲ့…ဟီး…ဟီး…
💢လူကြီးမင်း…💢လူကြီးမင်း..”
“ဟင့်အင်း…မထားခဲ့ပါနဲ့ …
ကျေးဇူးပြုပြီး မထားခဲ့ပါနဲ့..
လူကြီးမင်း…လူကြီးမင်းးး🗯”
အိပ်နေရင်းမှ ငိုယို အော်ဟစ်ခါ အိပ်မက်ယောင်နေသည့် သူမအား နံဘေးတွင် အိပ်နေသည့် မုန်းဘုရင်မှာ ထကြည့်မိသည်။…
မှိတ်ထားသည့် သူမမျက်လုံးအစုံမှ မျက်ရည်ကြည်လေးများ စီးကျခါ…တစ်စုံတစ်ခုကို လက်မခံနိုင်သည့်နယ် ခေါင်းကို အတွင်တွင်ခါရန်းနေပြီး…
သွယ်လျ ဖြူနုသည့် လက်တို့က စမ်းတဝါးဝါးဖြင့် ပုတ်ခက်နေသည်။…
“ရှောင်လု..ရှောင်လု..”
“အဟင့်…မထားခဲ့ပါနဲ့…
မထားခဲ့ပါနဲ့..ကျေးဇူးပြုပြီး မထားခဲ့ပါနဲ့..လူကြီးမင်းးး..🗯”
ပြောပြောဆိုဆိုဖြင့် ဖျတ်ကနဲ မျက်လုံးပွင့်ခါ မျက်ရည်စများဖြင့် လန့်နိုးလာတော့…
ထကြည့်နေသည့် မုန်းဘုရင်အား တွေ့လိုက်ရသည်။…
“ဟင်!..လူကြီးမင်း..”
မုန်းဘုရင်အား မြင်ရတော့ ချက်ချင်းပဲ သူမကောက်ထခါ လည်းပင်းမှ သိုင်းဖက်လိုက်၏။…
“ကျေးဇူးပြုပြီး ကျွန်မကို ပြန်မပို့ပါနဲ့..ပြန်မပို့လိုက်ပါနဲ့နော်…
လူကြီးမင်း..ကျွန်မကြောက်လို့ပါ…ကျွန်မကို မထားခဲ့ပါနဲ့…
ကျွန်မ လူကြီးမင်းရဲ့ အပိုင်အဖြစ်နဲ့ပဲ ရှင်သန်ပါ့မယ်…
လူကြီးမင်းအနောက်ကိုပဲ လိုက်ခဲ့ပါ့မယ်….ကျွန်မကိုတော့ ပြန်မပို့လိုက်ပါနဲ့နော်…တောင်းပန်ပါတယ်….”
တင်းနေအောင် ပွေ့ဖက်ထားရင်းမှ ရှိုက်ငိုပြောနေသည့် သူမ စကားတို့ကြောင့် နားမလည်နိုင်စွာ မျက်မှောင်ကျုံ့မိ၏။.’
သူမဘာတွေပြောနေတာလဲ ငါကကော သူမကို ဘယ်ကို ပြန်ပို့ရမှာလဲ သူမ အိမ်မက်ယောင်နေတာလား…
အိပ်မက်အား တကယ်ထင်၍ ကြောက်လန့်တုန်လှုပ်ခါ တအင့်အင့် ငိုရှိုက်နေသည့် ဖြောင့်စင်းနေသည့် သူမဆံနွယ်ရှည်တို့အား သူပွတ်သပ်ပေးရင်း ပြန်ပွေ့ဖက်လိုက်ခါ…
တီးတိုး လေသံလေးဖြင့်…
“မင်း ကိုယ့်အပိုင်အဖြစ် နေမယ်ဆိုတာ သေချာလို့လား…”
သိုင်းဖက်ထားသည့် လက်ကလေးအား သူမ ပြေလျော့ခါ
သူ့အား သေချာစိုက်ကြည့်လိုက်ပြီး…
“သေချာတယ်…ဒါပေမယ့် ကျွန်မကို ကတိတစ်ခုတော့ ပေးပါ..“
ကတိဆိုသည့်စကားကြောင့် မုန်းဘုရင် မျက်ခုံးပင့်ပြလိုက်ခါ..
“ဘာများလဲ..”
“ကျွန်မကို ဆောင်ကြာမြိုင်စီ ပြန်မပို့ပါဘူးလို့…ကတိပေးရမယ်…”
ထိုစကားကြောင့် လေးကိုင်းသဏ္ဌာန် နှုတ်ခမ်းမှာ အလိုလို ပြုံးသွားရပြီး ..
ပေါက်ကရတွေ ငါမင်းကို ပိုင်ဆိုင်ချင်လို့တောင် အသက်စွန့် ကယ်ခဲ့ပြီးတာ
ဘာလို့ အဲ့ကို ပြန်ပို့ရမာလဲ…
ပြန်ပို့ရအောင် ငါကအရူးလား..
ဟား..မင်းက ငါ့အပိုင်အဖြစ် မနေရင်တောင်…
ငါက ဇွတ်အတင်း အပိုင်သိမ်းမယ့် လူမျိုးပါ…
ဆောင်ကြာမြိုင်ပြန်ပို့ဖို့ တော့ လုံးဝ စိတ်ကူးမရှိဘူး…
မင်းက ငါ့အပိုင်..
ငါပိုင်တဲ့ သက်ရှိအရုပ်ကလေး..
ငါမြတ်နိုးတယ်လေ..
ပြန်မပို့ဘူး စိတ်ချ…
“လူကြီးမင်း…ကျွန်မ မေးနေတယ်လေ ကတိပေးမလားလို့..”
ဘာမှ ပြန်မပြောပဲ တိတ်ဆိတ်သွားသည့် သူ့အား စိုးရိမ်သလို အကြည့်တို့ဖြင့် ကြည့်ခါ မေးနေခြင်းကြောင့် ပြုံးလိုက်ပြီး…
“အင်း…ပေးတယ်..”
“ဒါဆို ကတိ..”
ခလေးဆန်သည်ဟု ပြောရမလား ကတိတောင် ရိုးရိုးပေးလို့မရဘူး…
လက်သန်းချင်း ချိတ် ၊လက်မချင်း ထိ၊ သည်လို ပေးမှ ရသည်တဲ့။…
သူမအမူအရာလေးအား သူစိုက်ကြည့်ခါ သဘောကျစွာ ထက်၍ပြုံးလိုက်သည်။….
မင်းသိပ်ချစ်ဖို့ကောင်းတယ် ရှောင်လု…ကိုယ့် ဘဝမှာ မိန်းကလေးတစ်ယောက်ကို သည်လောက်အထိ အသည်းအသန် ချစ်မိသွားလိမ့်မယ်လို့ မထင်ထားခဲ့ဖူး…
မင်းက ကိုယ့်ရဲ့အရာရာတိုင်းကို စိုးမိုးနိုင်လွန်းတယ်…
မင်း အကြည့်တွေ၊မင်းအပြုံးတွေ၊
မင်းရဲ့ အထိတွေ့ တွေတိုင်းက ကိုယ့်ကို ရိုးမသွားစေပဲ အမြဲရင်ခုန် စိတ်လှုပ်ရှားစေတယ်…
မင်းက ကိုယ့်အပိုင်နော် …
မင်းကို ကိုယ်ပိုင်သွားပြီ…
ကိုယ်ပိုင်တဲ့ အရာကို ဘယ်သူမှ လာထိခွင့်မရှိဘူး…ထိလာရင်လဲ ကိုယ်ခွင့်လွှတ်မှာမဟုတ်ဘူး..မင်းကို ကိုယ်အကောင်းဆုံး ကာကွယ်ပေးသွားမှာ…
🌸🌸🌸🌸
မနက်အလင်းရဲ့ ကျေးငှက် ဆည်းလဲသံတို့က ညံစီစွာ …
သစ်ရွက်ကြိုကြားမှ နေခြည်နုလေးများ ဖြာကျနေ၏။..
နဂိုမူလ ရောက်စက ဝတ်လာသည့် အင်္ကျီ လေးအား နှစ်ဦးသား ပြန်လဲထားကာ သက်သက်ရပ်ရပ် ပြင်ဆင်ပြီး အိမ်ပြင်သို့ ထွက်လာခဲ့ကြသည်။…
“အဟင်း…ခလေးမတို့ ပြင်ဆင်ပြီးကြပြီပေါ့…
လာ..လာ..သည်မှာ အဘိုး ခလေးမတို့အတွက် မနက်စာပြင်ဆင်ပေးထားတယ် စားသွားလိုက်ကြ…
နောက်ပြီး ဒီမှာ လမ်းကျ ဆာရင် စားဖို့ အစာခြောက်နဲ့ ဘူးသီးခြောက်ရေဘူး လဲ ထည့်ပေးထားတယ်…
ဒဏ်ရာအတွက် လိုအပ်တဲ့ ဆေးဝါးတွေ ရောပေါ့
မေ့ မသွားကြနဲ့ ဦး…”
ရှောင်လုနှင့် မုန်းဘုရင်တို့ ပြိုင်တူ ပြုံးမိလိုက်ကြပြီး…
“ “ကျေးဇူးတင်ပါတယ် အဘိုး” “
ပြိုင်တူပဲ ကျေးဇူးတင်စကား ဆိုမိကြသည်။….
“အေးပါကွယ်…ကဲ …ကဲ ခရီးမဆက်ခင် မနက်စာလေး သုံးဆောင်သွားကြ…
အဘိုးကတော့ ခလေးမတို့ မထခင်ကတည်းက အကုန်လုံးစားလို့ သောက်လို့ ပြီးပြီမို့ တောင်ပေါ် ဆေးမြစ် ရှာဖို့ သွားတော့မယ်။..
ခလေးမတို့လည်း မနက်စာစားပြီး ရွာကို အချိန်မလင့်ခင် ရောက်အောင် သွားကြနော်…”
“ဟုတ်ကဲ့ အဘိုး”
“အေးအေး..ဂရုစိုက် သွားကြ…
ကဲ…အဘိုးလည်း သွားလိုက်ဦးမယ်..။”
“ဟုတ်ကဲ့ အဘိုး…
အဘိုးလည်း ဂရုစိုက်ပါ..”
“အေးကွယ်..သွားပြီ သွားပြီ..”
လက်လေးရန်းပြခါ တောင်ပေါ်လမ်းစီသို့ အဘိုးကျိုင် ဆေးမြစ်ထည့်သည့် ခြင်းနှင့် ပလိုင်းအား လွယ်ခါ ပစ္စည်းအစုံအလင်ဖြင့် ထွက်သွားတော့သည်။..
ရှောင်လုနှင့် မုန်းဘုရင်မှာလည်း မနက်စာ သုံးဆောင်ပြီးသည်နှင့် ဆေးစရာရှိတာ သေချာ ဆေးကြော သန့်စင်ပေးခဲ့ခါ
အဘိုးထုတ်ပေးထားသည့် အစာခြောက်နှင့် ရေဘူးအား ကောက်ယူခါ ထွက်ခဲ့ကြတော့သည်။…
ဤတစ်ခါတော့ သူမခြေဗလာနှင့် မဟုတ်တော့ပဲ အဘိုးစီမှ ရလာသည့် နှီးဖိနပ်လေးစီခါ ခရီးဆက်ခဲ့ခြင်းပင်။…
🌸🌸🌸🌸
“ဝါးးး….”
အပြင်ဘက်တွင် သွားလာလှုပ်ရှာနေသည့် အသံများ ဆူညံနေခြင်းကြောင့် …
ပြတင်းပေါက်အား လှပ်ကြည့်လိုက်တော့…
တိုက်တိုက်ဆိုင်ဆိုင် မနေ့က အဒေါ်ကြီးအား ခြင်းတောင်းလေးဖြင့် တည်းခိုဆောင် အပေါ်ထပ်မှ အန်ဖောင် တွေ့လိုက်ရသည်။…
ဝမ်းသာစွာ ပြတင်းပေါက်မှ ပြုံးခါ ငေးကြည့်နေပြီး…
အန်ဖောင်တစ်ယောက် ရင်ခုန်နေရသည်။…
လှလိုက်တာကွာ…ဘယ်လို လှလို့ လှမှန်းကို တကယ်မသိတော့ဘူး…
လှတာထက် မနေ့က ကျုပ်ကို ကြည့်သွားတဲ့ အဒေါ်ကြီးရဲ့ ခပ်စူးစူးမျက်စောင်းလေးတွေကို ကျုပ် အခုထိ တကယ်ကို မေ့လို့မရဘူး…
မေ့လို့ မရတဲ့အပြင် အိပ်မက်ထဲမှာပါ ကျုပ် အဒေါ်..
“ဗြုန်း…”
“အစ်ကိုကြီး…”
တံခါးအား ညင်သာစွာဖွင့်မလာပဲ ကြမ်းတမ်းစွာ ဗြုန်းကနဲ ဖွင့်လာသည့်(…)ကြောင့် တွေးနေသည့် အရာတွေတောင် ကြက်ပျောက်ငှက်ပျောက်ခါ လန့်ဖြန့်သွားရသည်….”
“ရှီးးး…ဟေ့ကောင် မင်း တံခါးကို သာသာ ဖွင့်လို့ မရဘူးလား…
$&ကောင် …”
“ဟဲ…အစ်ကိုကြီးက နိုးနေပြီလား ကျွန်တော်က မနိုးသေးဘူးထင်လို့ တံခါးသံကြားပြီး လန့်နိုးအောင် တမင်ဝင်လာတာ ဟဲဟဲ…”
(…)မှာ တံခါးအား သေချာ စေ့ပိတ်ခါ အခန်းထဲရှိ သစ်သားစားပွဲကြီး နံဘေးက ခုံတွင် ဝင်ထိုင်လိုက်သည်။…
ပြတင်းပေါက်အား ဖွင့်ထားခါ ရပ်နေသည့် လူထွားအန်ဖောင်ကြောင့် …
(..)မျက်မှောင် ကျုံ့နှာခေါင်း ရှုံ့စွာဖြင့် …
“အစ်ကိုကြီးက ပြတင်းပေါက်မှာ ဘာရပ်လုပ်နေတာလဲ…
နေမြင့်နေပြီဗျ…
မနက်စာ ဝါးဖို့လုပ်ပြီး…ဟိုနှစ်ယောက်ကို ဆက်ရှာရဦးမယ်လေ ဗျာ…”
(…)ပြောခါမှ သူအလုပ်ကို သတိရသွားပြီး …ပြတင်းပေါက်အား ပြန် စေ့ပိတ်လိုက်ခါ…
“အေး ဟုတ်တယ် သူတို့နှစ်ယောက်ကို ရှာရဦးမယ်…”
ထိုသို့ပြောခါ (…)ငှဲ့သောက်နေသည့် ရေခရားအား ဆွဲယူခါ …
ပြတင်းပေါက်အား ပြန်ဖွင့်ခါ မျက်နှာ သစ်ချလိုက်၏။..
ထို့နောက် ခရားအိုး အား ပါးစပ်ဖြင့် တေ့ခါ မော့သောက်လိုက်ရင်း ပလုတ်ကျင်းခါ ထွေးထုတ် ပစ်လိုက်သည်။…
ထိုအဖြစ်အား (...)ကြည့်၍ ရေသီးခါ ထွေးထုတ်လိုက်ပြီး…
“ဖူးးး ..အဟွတ် အဟွတ်..”
“ဟ ..အစ်ကိုကြီး ဒါဘယ်လို ဖြစ်တာလဲ သောက်နေတဲ့ ရေတောင် သီးတယ်ဗျာ…
အောက်ထက်မှာ ကိုယ်လက်သန့်ဆင်ဖို့ ရေကန် ရှိတယ်လေဗျာ အစ်ကိုကြီးကလည်း”
“လျှာ မရှည်နဲ့ ဟိတ်ကောင်…
ငါပြီးပြီ လာသွားမယ်…
မနက်စာစားပြီး ဟိုနှစ်ယောက်ကို မတွေ့မချင်း ထက်ရှာရမယ်…”
အရှေ့မှ ဦးဆောင်ခါ လူထွား အန်ဖောက် ထွက်သွား ခြင်းကြောင့်
အနောက်မှ (…)ကောက်ကောက်ပါအောင် လိုက်သွားရတော့သည်။….
မနက်စာစားပြီးသည်နှင့် လူထွားအန်ဖောင်နှင့် (..)တို့မှာ
မုန်းဘုရင်နှင့် ရှောင်လုအား ရှာဖွေသည့် လုပ်ငန်းကို စတင်ကြရသည်။…
လမ်းဖြတ်သွားနေသည့် လူကြီးမှအစ၊ကလေးပါမကျန် တွေ့သမျှ လိူက်လန် မေးနေပေမယ့် သူတို့ပြောသည့် ပုံစံအား သဘောမပေါက်၍ မသိ…
“မတွေ့၊မမြင် ၊မသိ”ဟုသာ ပြန်ဖြေနေကြသည်။…
ကြာလာတော့ လူထွားအန်ဖောင် စိတ်ပေါက်လာခါ…
“ဟာ …တောက်!…တကယ်ပဲ ခင်ဗျကြီးကျုပ်တို့ပြောတဲ့ ပုံစံနဲ့ လူနှစ်ယောက်ကို မတွေ့မိဘူးပေါ့…”
လည်ပင်းရှိ အင်္ကျီ စအား ဆွဲညစ်ခါ ဒေါပွ၍ စူးရဲခက်ထန်စွာ ကြောက်စရာကောင်းသည့် မျက်နှာထားဖြင့် မေးလိုက်သည့် လူထွားအန်ဖောင်ကြောင့် …
သူတို့မေးနေသည့် ရွာသားကြီးမှာ ကြောက်လန့်၍ ဒူးများပင် တုန်လာသည်။….
“တ..တကယ် ပါဗျာ..ကျွန်တော် တကယ်ကို မတွေ့မိပါဘူး…”
ဒေါသထွက်နေသည့် လူထွားအန်ဖောင်အား (…)မှ ပုခုံးလေး လှမ်းကိုင်ခါ
“စိတ်လျော့ ထားပါ အစ်ကိုကြီးရာ…
ကျွန်တော်တို့ ရှာတွေ့မှာပါ..”
(..)စကားကြောင့် အင်္ကျီ စအား ဆွဲညစ်ထားသည့် လူကို လွှတ်ပေးလိုက်တော့ ….
ထိုလူမှာ ကြောက်ကြောက်လန့်လန့်ဖြင့် တချိုးတည်း ပြေးထွက်သွားတော့သည်။…
“ဟေ့ကောင် ငါတို့ အဲ့လို တွေ့မယ် တွေ့မယ်နဲ့ တောထဲကနေ လိုက်ရှာခဲ့လိုက်တာ အချိန်သာ ၃ရက်ခွဲ ကုန်လို့ ဒီရွာသာ ရောက်လာတယ်…သူတို့နဲ့တူတဲ့ လူရိပ် တောင်မတွေ့ရဘူး ၊ သူတို့ရဲ့ ဘာသဲလွန်စမှကို မရဘူး…”
“အဟင်း…စိတ်အေးအေးထားပါ အစ်ကိုကြီးရဲ့…ကျွန်တော်တို့မှာ သဲလွန်စရှိပါတယ်…”
“ဘာကွ…”
“အဟင်း..ဟုတ်တယ်..ကျွန်တော်တို့မှာ သဲလွန်စရှိတယ်…ဒီမှာလေ..”
မြင်းပေါ်ချိတ်ထားသည့် အိတ်ထဲမှ ထုတ်ပြလာသည့် မျက်နှာဖုံးကြောင့်
အန်ဖောင် နားမလည်သလို(…)အား မျက်မှောင် ကျုံ့ခါ ပြန်ကြည့်နေခြင်းကြောင့်…
“ကျစ်…အစ်ကိုကြီးက တော့ ဝေးပါဘိ…ဒီမျက်နှာဖုံးကနေ တစ်ဆင့်…
သူတို့အနောက်ကို ခြေရာခံလို့ရတယ်..
လာ ..အစ်ကိုကြီး ကျွန်တော့်အနောက် လိုက်ခဲ့….”
ပြောပြောဆိုဆိုဖြင့် (..)မှာ မြင်းအား ကြိုးဆွဲခါ ဟွမ်ကန်ရွာရှိ အကြီးဆုံးမျက်နှာဖုံး ဆိုင်ဆီသို့ လူထွားအန်ဖောင်အား ခေါ်သွားလိုက်တော့သည်။….
မျက်နှာဖုံးရောင်းနေသည့် ဆိုင်ရှင်အား(..)မှ
“ဒီမှာ…ဒီမှာ…”
“ဪ…ဪ…ဟုတ်ကဲ့ ဟဲဟဲ လူကြီးမင်းတို့ ဘယ်မျက်နှာဖုံး အမျိုးအစား လိုချင်ပါသလဲဗျာ..ဟဲဟဲ”
ရယ်ကျဲကျဲပြောနေသည့် ဆိုင်ပိုင်ရှင်အား ….
သူတို့ပါလာသည့် မုန်းဘုရင်၏ မျက်နှာဖုံးအား ထုတ်ပြလိုက်ပြီး…
“ဒီမျက်နှာဖုံးက ခင်ဗျဆိုင်ကလား..”
ထုတ်ပြလာသည့် အနက်ရောင် မျက်နှာဖုံးအား မျက်မှောင် ကျုံ့ ၍ တစ်ချက်ကြည့်လိုက်ခါ…
“အာ..ဟဲဟဲ ဒီတိုင်းကြည့်ရင် မသိနိုင်လို့ ခဏ ပေးကိုင်ကြည့်လို့ ရမလား လူကြီးမင်းတို့ ..”
ကိုင်ကြည့်ဖို့ ခွင့်တောင်းနေသည့် ဆိုင်ရှင်အား သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မျက်ဆပစ်ပြခါ ခွင့်ပြုပေးလိုက်ကြ၏။..
မျက်နှာဖုံးအား ဟိုလှည့်ကြည့် သည်လှည့်ကြည့်ဖြင့် ထူးဆန်းသလို ကိုင်နေသည့် ဆိုင်ရှင်အား…
“ဘယ်လိုလဲ အဲ့ဒါ ခင်ဗျဆိုင်ကလား ..”
ဆိုင်ရှင်မှာ မျက်နှာဖုံးအား ကိုင်ထားရင်းမှ ခေါင်းခါရန်းလိုက်ပြီး
“မဟုတ်ဘူးဗျ…”
“ဟာ…ကျစ်..ပေးစမ်း အဲ့မျက်နှာဖုံးကို…မဟုတ်ပဲနဲ့များ ဘာလို့ခင်ဗျ ဒီလောက်ကြာအောင် လှည့်ပက်ကြည့်နေသေးလဲ..”
ဆိုင်ရှင်၏ လက်ထဲမှ မျက်နှာဖုံးအား လူထွားအန်ဖောင် ဖျက်ကနဲ ဆွဲယူလိုက်ပြီး…
“ဟေ့ကောင်(…)ဒါလဲ ဘာမှ မထူးဘူး အချိန်ကုန်တာပဲ အဖက်တင်တယ် သွားစို့..”
(
(..)မှာလည်း မချိုမချဉ် မျက်နှာထားဖြင့် ခေါင်းကုတ်ပြခါ …
ဆိုင်ထဲမှ ထွက်သွားရန် ပြင်နေသည့်
အန်ဖောင်နောက်သို့ လိုက်သွားရန်ပြင်လိုက်၏။…
ထိုစဉ် ဆိုင်ပိုင်ရှင်မှာ ထွက်သွားဖို့ လုပ်နေသည့် သူတို့နှစ်ယောက် အရှေ့မှာ ရယ်ကျဲကျဲဖြင့် ပိတ်ရပ်လိုက်ပြီး…
“အယ် …အယ်..ဟဲ ဟဲ ဟဲ နေပါဦး လူကြီးမင်းတို့ရဲ့ ..
ဟဲ..ကျုပ်ကို လူကြီးမင်းတို့ လက်ထဲက အဲ့မျက်နှာဖုံးကို ပြန်ရောင်းမလား..
ကျုပ် စျေးကောင်းပေးပါ့မယ် ဗျ…
ပြန်ရောင်းမလား…”
ဆိုင်ရှင်စကားကြောင့် အန်ဖောင်မှာ မျက်ခုံးပင့်လိုက်ပြီး…
“နေပါဦး ခင်ဗျက ဘယ်လောက်ပေး ဝယ်မှာမလို့လဲ…”
“ဟဲ..ဟဲ ဟဲ..($$)ပါ”
“ “($$)ကြီးတောင်…” “
စျေးပြောလိုက်သည့် ဆိုင်ရှင်ကြောင့် အန်ဖောင်ကော (..)ပါ မျက်လုံးကျယ်ခါ အံ့ဩမိကြသည်။..
တကယ်တမ်း အဲ့ထက်မက ပိုတန်နေသေးသည်။….
(ရှင်ဘုရင်၏ အသုံးအဆောင် ဖြစ်၍သာ)
(…)မှာ ဆိုင်ရှင့်စကားကြောင့် မမေးပဲ မနေနိုင်လွန်း၍ …
“နေ..နေပါဦး ဒီမျက်နှာဖုံးက ဘာလို့ အဲ့လောက်တောင် တန်ကြေးကြီးရတာတုန်း … ကျုပ်တို့ အမြင်တော့ ဒါက ခင်ဗျဆိုင်မှာ တင်ရောင်းနေတဲ့ သာမန် မျက်နှာဖုံးလို ပါပဲ …”
“အဟင်း… ကြည့်တော့သာ သာမန်ထင်ရတာ တကယ်တမ်းကျ အင်မတန်လက်ရာပြောင်မြောက်တယ်ဗျ…
နောက်ပြီး ဒီမျက်နှာဖုံးက အလွန်မြင့်မြတ်တဲ့ မျိုးရိုးနွယ်ဝင်တွေမှ သုံးနိုင်တဲ့ ပစ္စည်းဗျ…ခင်ဗျတို့ ဒီမျက်နှာဖုံးကို ဘယ်လို ရလာမှန်း ကျုပ်မသိပေမယ့် ကျုပ်အတွက်တော့ ဒီမျက်နှာဖုံးက အတော် တန်ဖိုးရှိတယ် …
ကျုပ်ကို ပြန်ရောင်းမလား..
ခုဏကစျေးထက် ၂ဆပိုပေးမယ်ဗျာ…”
“ဝိုး..အစ်ကိုကြီး ၂ဆကြီးများတောင်တဲ့ ရောင်းလိုက်ကြမလား ..အစ်ကိုကြီး…”
ဆက်ဖြီးဖြီးမျက်နှာထားဖြင့် လောဘတတ်နေသည့် (..)အား လူထွားအန်ဖောင် ဟန့်တားလိုက်ပြီး…
“ကျစ်..မင်း တိတ်တိတ်နေစမ်း.”
“မြင့်မြတ်တဲ့ မျိုးရိုးဆိုတာ အရမ်းချမ်းသာတဲ့ သူဌေးတွေကို ပြောတာမလား..”
“အိုဗျာ…ဘယ်ဟုတ်လိမ့်မလဲ…
ဒီမြင့်မြတ်တဲ့ မျိုးရိုးနွယ်ဆိုတာ မင်းမျိုးမင်းနွယ် အနွယ်ဝင်ဆိုလည်း ဟုတ်တယ်လို့ ပြောလို့ရတယ် ဘိုးစဉ်ဘောင်ဆက် နိမ့်ကျတဲ့သွေးမနှောပဲ ယခုချိန်ထိ အလွန်ချမ်းသာကြွယ်ဝစွာ ရပ်တည်နေတဲ့ လူမျိုးတွေပေါ့
ခင်ဗျပြောတဲ့ သူဌေးဆိုတာ မနေ့တစ်နေ့ကကျ သူဖုန်းစားဖြစ်နေပြီး ဒီနေ့ကြ အကြောင်းမျိုးမျိုးကြောင့် ပိုက်ဆံချမ်းသာသွားရင် သူ့ကိုလည်း သူဌေးလို့ ခေါ်လို့ရတယ်မလား
ဒါက အရမ်းရိုးရှင်းလွန်တယ် သာမန်လူပါပဲ သူ့မှာ ဘာမျိုးရိုး ဘာဂုဏ်မှ ရှိမနေဘူးလေ…
သူဘယ်လောက်ပဲ ချမ်းသာ နေပါစေ မြင့်မြတ်တဲ့ မျိုးရိုးနွယ်ဝင်တွေနဲ့ ယှဉ်လို့မရဘူး
သူ့ကို နိမ့်ကျတဲ့ လူအဖြစ်သာ သက်မှတ်လို့ရတယ်…”
“ဒါဆို အဲ့ မြင့်မြတ်တဲ့ မျိုးနွယ်တွေက ဒီရွာရဲ့ ဘယ်နားမှာ နေကြလဲ..”
“အဟား..ခင်ဗျက ဟာသပဲ…
မြင့်မြတ်တဲ့ မျိုးရိုးနွယ်ဝင်တွေက ဒီလို အစွန်အဖျား ဘာမဟုတ်တဲ့ ရွာလေးမှာ နေပါ့မလားဗျ…
သူတို့က ဒီတိုင်းပြည်ရဲ့ ဘုရင်နန်းတော် အနီးမှာပဲ နေထိုင်ကြတာ…
ခင်ဗျတို့က ကျုပ်ကြည်ပဲ မေးနေကြတယ် ကျုပ်မေးတာလဲ ဖြေဦး ကျုပ်ကို ပြန်ရောင်းမယ်မလားဟင်…”
“အဟင်း..လုံးဝပဲ…”
“(…)ငါသဲလွန်စ ရပြီ သွားကြစို့..”
“ဟာ..ဟေး ..ဟေး..ဟိတ်လူတွေ နေဦးလေ”
နှစ်ယောက်သား ဆိုင်ထဲမှ ဇွတ်ထွက်သွားခြင်းကြောင့် ဆိုင်ပိုင်ရှင်မှာ မျက်နှာဖုံးအား ပေးရောင်းရန် လိုက်ဟန့်တားနေပေမယ့်…အချင်းအနှီးသာ…
“ဟာကွာ..ကျစ်..
ဘယ်လိုလူတွေလဲ ငါကတော့ သူတို့သိချင်ရာသိပြီးရင် ငါ့ကို သေချာပေါက်ရောင်းမှာပဲ ဆိုပြီး ပြောပြလိုက်ရတာ သူတို့ကတော့ မရောင်းတဲ့အပြင် သိချင်ရာလှည့် ပက်မေးပြီး ဇွတ်ထွက်သွားကြတယ်…ဟွန့်..
အဖိုးတန်လေး ရတော့မယ်ဆိုပြီး ပျော်နေတာ အခုတော့ ..@& ..ပဲ”
“ဒုန်း…”
“အား..ကျစ် ကျစ် ရှီး..’”
မကျေမနပ်ဖြင့် အနီးရှိစားပွဲခြေအား ခြေဖြင့် ပိတ်ကန်လိုက်ရာ ကိုယ့်ခြေထောက်သာ ကိုယ်ပြန်နာသွားရသည်။…
စကားနှိုက်သွားသည့် ဟိုလူနှစ်ယောက်ကြောင့် ဆိုင်ရှင်မှာ အောင့်သက်သက်စိတ်တို့ဖြင့် အတော်ဒေါပွခါ ကျန်နေခဲ့တော့သည်။..
••••••
မျက်နှာဖုံးဆိုင်မှ ထွက်လာခါ မလှမ်းမကမ်း နေရာတစ်ခုသို့ရောက်တော့..
“အစ်ကိုကြီး …သဲလွန်စ ရတယ်ဆို ..”
“အေး…ဟုတ်တယ်..ငါတို့ အခုပဲ..နန်းတော်အနီးက ရွာတွေစီ ခရီးဆက်ကြမယ်..”
“ဗျာ… ဖြစ်ပါ့မလား အစ်ကိုကြီးရ နန်းတော်အနီးဆို ဂိတ်စစ် တပ်သားတွေရှိတယ်။…သူတို့ရဲ့ နယ်မြေခံ တံဆိတ်ပြား ပါမှ အဝင်ခံတာနော်…
မလွယ်ဘူး…အစ်ကိုကြီးမှာ နယ်မြေခံ တံဆိတ်ပြား ရှိလို့လား..”
“ဟာကွာ..ငါထိုးထည့် လိုက်ရ အဲ့ဒါမရှိတော့လဲ ဘာဖြစ်လဲ ငါနည်းငါ့ဟန်နဲ့ မရရအောင် ဝင်မယ် မင်းလျှာမရှည်နဲ့ နောက်က လိုက်မှာ ဖြင့်သာ လိုက်ခဲ့စမ်းပါ..”
“ဟုတ်..ဟုတ်ကဲ့ အစ်ကိုကြီး ..”
“သွားစို့…”
လူထွားအန်ဖောင်နှင့် (…)တို့မှာ မြင်းကိုယ်စီဆွဲခါ ဟွမ်ကန်ရွာမှ ထွက်ခဲ့တော့သည်။….
အဒေါ်ကြီး…ကံမကုန်သေးရင် ကျုပ် အဒေါ်ကြီးနဲ့ ပြန်ဆုံချင်သေးတယ်…
အဝေးရောက်နေတဲ့ အချိန်တိုင်းမှာ အဒေါ်ကြီး မျက်နှာလေးမြင်ယောင်ပြီး ကျုပ် လွမ်းနေမယ်…
သေချာတာတစ်ခု ကျုပ် အဒေါ်ကြီးကို မြင်မြင်ချင်း ချစ်နေမိပြီ….
🌸🌸🌸🌸
မုန်းဘုရင်နှင့် ရှောင်လုတို့မှာ ညနေ နေမဝင်မှီပဲ …
ဟွမ်ကန်ရွာသို့ ရောက်ချလာကြသည်.
နှစ်ဦးသား ခြေတိုအောင် လျှောက်ခဲ့ရ၍ ဟောဟဲလိုက်လို့ မောပန်းနေကြ၏။..
“ဟူး….မောလိုက်တာ နောက်ဆုံးတော့ ရွာကို နေမဝင်ခင် ရောက်လာခဲ့ပြီ…တော်သေးတာပေါ့
ဒါနဲ့ လူကြီးမင်းသိလား…ဒီရွာက ကျွန်မနေတဲ့ ရွာလေ..”
မုန်းဘုရင်မှာ မောပန်းလွန်းတာကြောင့် ရွာအဝင်ရှိ သစ်လုံးတိုင်ကြီးအား ကျောမှီခါ ဘာမှ ပြန်မပြောပဲ ခေါင်းသာ အသာငြိမ့်ပြလိုက်သည်။…
“လူကြီးမင်း အဲ့မှာ မှီပြီး ဘာလုပ်နေတာလဲ ရွာတောင်ရောက်နေပြီကို..မောလို့လား ..လာ…ရှောင်လုတွဲကူမယ်…
ဒီနေ့ရွာကို ရောက်တုန်းလေး
အဘွားကျန့် အိမ်မှာပဲ ဒီညတော့ တည်းကြမယ်နော်…လူကြီးမင်း…”
“ဖြစ်ပါ့မလား…”
“ဖြစ်ပါတယ် အဘွားက စိတ်သဘောထား မသေးသိမ်ပါဘူး…”
“ကောင်းပြီ ဒီညတည်းပြီးတာနဲ့ ကိုယ်တို့ မြင်းတစ်ကောင်ဝယ်ပြီး အိမ်တော်ကို ခရီးဆက်ကြမယ်..”
“အွန်းပါ…ကျွန်မ အဘွားကို အရမ်းလွမ်းလှပြီ…လာပါ …”
ဇွတ်တွဲထူခါ ရွာ၏ ထောင့်စွန်း တစ်နေရာသို့ ရှောင်လု သူ့အား တွဲခေါ်နေ၏။
“အ့…”
“အယ်…လူကြီးမင်း ရရဲ့လား..”
“ဖြေးဖြေး…ဖြေးဖြေးသွားပါကွာ ဒီမှာ ကိုယ် ဒဏ်ရာကြီးနဲ့
သိပ်သက်သာသေးတာ မဟုတ်ဘူး
တော်ကြာ မင်းဇွတ်အတင်း ဆွဲခေါ်နေတာနဲ့ ချုပ်ရိုးတွေ ကွဲကုန်ပါဦးမယ်…”
မုန်းဘုရင်သတိပေးလိုက်ခါမှ ရှောင်လု အရှိန်လျော့ခါ သူ့အား ဖြေးဖြေးချင်း တွဲထူပေးရင်း …
“အာ..ဟုတ်သားပဲ တောင်းပန်ပါတယ် လူကြီးမင်းက ဒဏ်ရာနဲ့ကို ရှောင်လု မေ့သွားတယ်။ ဒါနဲ့ လူကြီးမင်း ဒဏ်ရာချုပ်ရိုး မဖြည်ရသေးဘူးနော် အဘွားအိမ်ရောက်ခါမှ ရှောင်လု ဒဏ်ရာတစ်ချက် ကြည့်ပြီး
ချုပ်ရိုး ဖြည်လို့ ရမရ ကြည့်ပေးမယ်”
“အဘိုးကပြောတယ် ၂ရက်လောက်နေမှ ချုပ်ရိုးဖြည်လို့ ရမယ်တဲ့..”
“အော…အဲ့ဆို ၂ရက်ပြည့်မှပဲ ရှောင်လု ချုပ်ရိုး ဖြည်ပေးတော့မယ်နော်...
လူကြီးမင်း ..ဒီဘက်ကို ကွေ့ရမာပါ”
ရှောင်လုတစ်ယောက် အဘွားကျန့်ရှိရာ နေအိမ်လေးစီသို့…
မုန်းဘုရင်အား ဦးဆောင် တွဲထူခါ ခေါ်ဆောင်သွားတော့သည်။…
🌸🌸🌸🌸(အပိုင်း ၁၁ )ဆက်ရန်>>>
#စာဖတ်ပရိတ်သက်အပေါင်းအားလေးစားချစ်ခင်လျက်🌸
#ခွန်းခတ္တာကြွယ်