book

Index 1

အပိုင်း (၁)

  • Author : Kyawal
  • Genres : Comedy, Drama, Action

ကချေသည်

ဟွမ်ကန်ဟု နာမည်ရသည့် ကျေးရွာလေးရှိ ထောင့်စွန်းတစ်နေရာတွင် ရှောင်လုတို့မြေးဘွား နှစ်ယောက် နေထိုင်ကြသည်။
ရှောင်လုဟာ မိဘမဲ့တစ်ယောက်ဖြစ်ပြီး တောထဲတွင် ဆေးမြစ်ရှာ/ထင်းခွေသွားရင်း သူမအား စွန့်ပစ်ထားသည်ကို အဘွားကျန့်တွေ့၍ ကောက်ယူမွေးစားခဲ့ခြင်းပင်....
ယခုဆို သူမအသက်မှာ ၂၀ဝန်းကျင် ရှိနေပြီဖြစ်သည်။
သူမ အသက်၁၉မှာ အဘွားကျန့် တောထဲ ဆေးမြစ်ရှာသွားရာမှ ကျားလိုက်လို့ ပြေးရှောင်ပုန်းရင်း လှဲလိုက်တာ ဒူးနာသွားလို့ တောထဲ ဆေးမြစ်ရှာ မထွက်နိုင်တာတောင် အတော်ကြာခဲ့ပြီဖြစ်သည်။

ရှောင်လုဟာ ငယ်ကတည်းက အကမှာအလွန်ဝါသနာကြီးသူဖြစ်ခါ အကကိုနှစ်သက်သူဟုလည်း ဆိုနိုင်သည်။
အိမ်၏ ၃အိမ်ကျော်လောက်တွင် မင်းညီ/မင်းသားတို့အား ကပြဖျော်ဖြေရသည့် အကမယ်တို့အား သင်ကြားပေးရသည့် အကဆရာမဟောင်း ဒေါ်ခမ်ရှန်း ရှိတာကြောင့်
အဘွားလစ်လျှင် လစ်သလို သူမထိုအိမ်သို့သွားခါ ဝိုင်းကူ ဝိုင်းလုပ်ဖြင့် အကကို အတတ်နိုင်ဆုံး ကြိုးစား သင်ယူလေ့ရှိသည်။...
အကသင်ဖို့ ကြေးမတတ်နိုင်တာကြောင့် သူမ ဒေါ်ခမ်ရှန်းအိမ်အလုပ်များအား ကူလုပ်ပေးခါ သင်ယူရခြင်းသာ..
ဒါအပြင် သူမက ရွာထဲပျော်ပွဲရွှင်ပွဲအတွက် အကမယ်ငှါးရမ်းလျှင်လဲ အဘွားကျန့်မသိအောင် တိတ်တိတ်လေးခိုးလို့ လိုက်ကတတ်သေးသည် ၊ ဤသည်က အိမ်စရိတ်အတွက် အပိုဝင်ငွေလေးရစေတယ်မလား…
သူမ၏ ငွေကြေးအခက်ခဲကို ဒေါ်ခမ်ရှန်းသိသလို သူမလေးက ယဉ်ကျေးခါ အလိုက်သိတတ်မှုရှိတာကြောင့် သဘောကျ ချစ်ခင်လှသည်။
ထို့ကြောင့် သူမအား ဒေါ်ခမ်ရှန်းက အကများကို စေတနာပါပါဖြင့် သင်ကြားပေးသည်။
သင်လျှင်သင်သလောက် တတ်လွယ်ခါ ထူးချွန်သည့် ရှောင်လုအား ဒေါ်ခမ်ရှန်းအတော် သဘောကျသည်။
ထို့ကြောင့် သူမအား သူတတ်မြောက်သည့် အကမှန်သမျှကို ဆရာသားမကျန် အကုန်သင်ပေးလေသည်။...

တိတ်ဆိတ်ငြိမ်သက်ခါ အဆောင်ပြင်ကျယ်၏ ဘေးပက်လှည်တွင် ပုဒုမ္မာရွှေကြာပန်းများ ပွင့်နေသည့် ကန်ရေပြင်ကျယ်ကြီး ရှိနေလေသည်။...

“ရှောင်လု ညာလက်ထားပုံ မှားနေတယ် နောက် ခါး အနေထားလည်း မကြိုက်ဘူး...နောက်ပြီး ခန္ဓာကိုယ်ကို တောင့်မထားနဲ့လေ...ဒေါ်လေးခမ် သင်ပေးလာထဲက ပြောထားတယ်မလား ကရင် ခန္ဓာကိုယ်ကို ဖယောင်းကို အပူပေးပြီး ကွေးညွှန့် သလို့ ပျော့ပြောင်း ထားရမယ်လို့”

အမှားမှားယွင်းယွင်းဖြစ်နေသည့် သူမအား ဒေါ်ခမ်ရှန်းမှ ဆေးပန်းချီယက်တောင်လေး ကိုင်ခါ တစ်ထောက်ထောက်ဖြင့် သူမအား စည်းစနစ်ကျစေရန် သင်ပြနေလေသည်။....

“ဟုတ်ကဲ့ ဒေါ်လေးခမ် သမီးမှတ်ထားပါတယ် ဒါပေမယ့် ဒီအကက အရမ်းခက်တော့...”

“ကျစ်....ဒါဘယ်လိုလေသံနဲ့ပုံစံလဲ စိတ်ပျက် အားလျော့တဲ့ အသံလား ရှောင်လု”

“အာ..မဟုတ်ပါဘူး မဟုတ်ပါဘူး ဒေါ်လေးခမ်ရယ်...”

ခေါင်းလေးငုံ့သွားသည့် သူမအား ဒေါ်ခမ်ရှန်းမှ ယက်တောင်ပိတ်ထားသည့် ဝါးဆစ်လေးဖြင့် မေးမှာတေ့ခါ မော့စေလိုက်သည်....
“ရှောင်လု ဒေါ်လေးခမ်က သင်ပေးသင့် သင်ပေးအပ်တာတွေကို ဆရာသားမချန်ပဲ မင်းကို သင်ပေးနေတာနော်....
စိတ်ပျက်အားလျော့တဲ့ ပုံစံ ဒေါ်လေးခမ်ရှေ့မှာ လာမလုပ်နဲ့ မသင်ပေးတော့ပဲ နေလိုက်မယ်”

“အယ်...အဲ့လိုမလုပ်ပါနဲ့ ဒေါ်လေးခမ်ရဲ့ ဟွန်း...ရှောင်လုစိတ်ပျက်အားလျော့တာ မဟုတ်ပါဘူး ရှောင်လုလဲ ကြိုးစားသင်ယူတာပဲ ဒါပေမယ့် ဒီတစ်ခါ အက က တကယ်ကို ခက်လို့ပါ...”

ယက်တောင်လေးပြန်ဖြန့်ခါ ခပ်လိုက်ရင်း ဒေါ်လေးခမ် သူမ၏စကားကြောင့် ပြုံးလိုက်မိသည်။..
“အဟင်း...ဒါတော့ဟုတ်တယ် ရှောင်လု ဒီအက က လူတိုင်းမက နိုင်ဘူး။လှပကျွမ်းကျင်စွာနဲ့ ကြည့်ရတဲ့သူ မျက်စိ ဗဓာသဖြစ်အောင် ကတတ်တဲ့ သူကလည်း ၁၀၀မှာ ၅ယောက်လောက်ပဲ ရှိလောက်တဲ့ အထိကိုရှားတယ်...ဒီအက ကလေ နန်းတွင်းဘုရင် /မိဖုရားတွေ အလွန်နှစ်သက်တဲ့ အက ပဲ....ရှောင်လု
နာမည်လေးက ဖယောင်းလိပ်ပြာတဲ့”

“ဖယောင်းလိပ်ပြာ...နာမည်လေးက ဆန်းလိုက်တာ ဒေါ်လေးခမ်...”

“အင်း ...အဲ့အက က နန်းတွင်းထဲမှာရှိတဲ့ မင်းညီ/မင်းသားတွေရဲ့ နှလုံးသားကို ရိုက်ခက်သွားစေ နိုင်လောက်အောင်ကို ထူးခြားစွာ အဓိပ္ပာယ်တွေ ရှိတယ် ရှောင်လု....”

“အာ..ဒါဆို ဒီအက က နန်းတွင်းမျိုးရိုးနွယ်ဝင်တွေအတွက် အဓိပ္ပာယ်အများကြီး ရှိစေတယ်လို့ ပြောလို့ရတာပဲနော်...”

“အင်းဟုတ်တယ်...ဒါကြောင့် ဒီအကကို အားမလျော့ပဲ တတ်မြောက်အောင် ဒေါ်လေးခမ် ရှောင်လုကို ကြိုးစားသင်ယူ စေချင်တယ် ဒါက ဒေါ်လေးခမ် မင်းကို ပေးနိုင်တဲ့ အကြီးမားဆုံး လက်ဆောင်ပဲ ရှောင်လု /ဒီအကဟာ တစ်နေ့ မင်းအတွက် သေချာပေါက် အသုံးဝင်လာလိမ့်မယ်လို့ ဒေါ်လေးခမ်ပြောရဲတယ် ....ရှောင်လုကို ဘာလို့ ဒေါ်လေးခမ် ဆရာသားမချန်ပဲ အကုန်သင်ပေးနေ ရတာလဲဆိုတော့ ရှောင်လုဟာ ဒေါ်လေးခမ်ခြေရာကို မှီအောင် လိုက်နိုင်တဲ့ တစ်ဦးတည်းသော ပါရမီရှင်လေးမလို့ပဲ ....နားလည်လား ရှောင်လု”

မျက်လုံးဝိုင်းလေးဖြင့် သူမ ဒေါ်လေးခမ်ကို ကြည့်မိသည်။
“ဟုတ်ကဲ့ ဒေါ်လေးခမ် ရှောင်လု အကောင်းဆုံးကြိုးစားပြီး တတ်မြောက်အောင် သင်ယူပါ့မယ် ဒေါ်လေးခမ်”

“အဟင်း...ကောင်းတယ် ရှောင်လု”

‼️မမရှောင်လု....မမရှောင်လု ‼️

အလောတကြီးအော်ခေါ်နေသည့် အသံကြောင့် သူမ အသံလာရာသို့ လှည့်ကြည့်လိုက်တော့ ဖူးခိုက်ပင်...
“ဟယ်..ဘာဖြစ်လာတာလဲ...ဖူးခိုက်”

ကောင်လေးမှာ ပြေးလာရ၍ ချက်ချင်းစကားမဆိုနိုင် အမောကသောဖြစ်ခါ ဟောဟဲလိုက်နေပြီး မျက်နှာမှာလဲ ချွေးသီးချွေးပေါက်များ ကျနေသည်
“မမရှောင်လုက ဒီမှာ အေးဆေးအက လာသင်နေတယ်...အိမ်မှာ အဘွားကျန့် ဘာဖြစ်နေလဲ သိလား...”

ထိုစကားကြောင့် ရှောင်လုရင်ထဲ ထိန့်သွားရသည်
“ဖူးခိုက် အဘွားဘာဖြစ်လို့လဲ ..”

“အကြွေးရှင် ဒေါ်အွမ်က အဘွားကို ကိုယ်ထိလက်ရောက် ဇွတ် အကြွေးပေးဖို့ တောင်းနေတယ်ဗျ မြင်လို့တောင်မကောင်းဘူး....”

“ဟင်‼️..”

ထိုစကားကြောင့် ဒူးနာနေသည့် အဘွားအား သူမစိုးရိမ်သွားလေသည်..
“ဟို...ဟို...ဒေါ်လေးခမ် ရှောင်လု နောက်နေ့မှပဲ ဒီအကကို ဆက်သင်တော့မယ်နော် အခုတော့ ရှောင်လု အဘွားကို စိတ်ပူလို့ ပြန်လိုက်ပါဦးမယ်နော်..”
“လာ ဖူးခိုက်...”

အကဆရာမ ဒေါ်လေးခမ်မှာလဲ သူမ၏အခက်ခဲကို သိသည်။ထို့ကြောင့်…
“အေး အေး ဟုတ်ပြီ ရှောင်လု ဖြေးဖြေးသွားဦး...”

ရှောင်လု ထိုနေရာမှ ချက်ချင်းဆိုသလိူ ပြေးထွက်သွားပြီးခါမှ နောက်သို့ပြန်လှည့်ကြည့်ကာ လှမ်းပြောလိုက်သည်
“ဒေါ်လေးခမ် ရှောင်လု မနက်ဖြန်သေချာပေါက် ပြန် လာခဲ့မယ်နော်”

ဒေါ်လေးခမ် နုတ်ခမ်းလေးကွေး ယုံမျှပြုံးလိုက်ပြီး...ခေါင်းညိမ့်ပြလိုက်သည်
“အေးပါကွယ် ...”

🌿🌿🌿🌿

“ခွမ်း...ခလွမ်း....လွမ်း...”

“ပြောအဘွားကြီး ကျွန်မအ​ကြွေးတွေ ဘယ်တော့ အကျေပြန် စပ်နိုင်မှာလဲ”

အိုးခွက်ပန်းကန်များအား လူမိုက်နှစ်ယောက်အား တခွမ်းခွမ်း ရိုက်ခွဲစေပြီး ဇွတ်အကြွေးတောင်းနေသူ ဒေါ်အွမ်အား အဘွားကျန့် မြေကြီးတွင် ပဆစ်တုတ်လေးထိုင်ခါ တောင်းပန်နေရှာသည်။...
“တောင်းပန်ပါတယ် အွမ်ရဲ့ အဘွားကျန့်မှာ တကယ် ပေးစရာ တစ်ပြားမှ မရှိလို့ပါ “

ဆူးရှခက်ထန်သော အကြည့်တို့ဖြင့် ဒေါ်အွမ် အဘွားကျန့်အား စိုက်ကြည့်လိုက်ပြီး...
ဒူးတစ်ဖက်ချ ထိုင်လိုက်သည်
“အဘွားကြီး ရှင်က ကျွန်မအကြွေးကျတော့ မပေးဘူး တစ်နေ့တစ်နေ့ ရှင်တို့ မြေးဘွားနှစ်ယောက် စားသောက်နေတာတွေကကျ ဘယ်ကငွေတွေနဲ့ လဲ ဟမ်..”

အဘွားကျန့် မျက်လွှာလေးချလိုက်ပြီး ဘာမှပြန်မပြောနိုင်ပဲ နုတ်စေ့ခါနေလိုက်သည်။
ဘာမှပြန်မပြောသည့် အဘွားကျန့်အား ဒေါ်အွမ် ခပ်မာမာ မျက်စောင်း ထိုးလိုက်၏။
“ဖျောက်...”
အကုန်ရိုက်ခွဲနေသည့် လူမိုက်နှစ်ယောက်ဘက်သို့ လက်ဖျောက်တစ်ချက် တီးပြလိုက်သည်...
“အကွေ့ /ဝူဖန့် ဒီနေ့ ငါသူ့အိမ်ကနေ ငွေတစ်ပြားမှ မပါပဲ မပြန်နိုင်ဘူး သူ့မှာ ရှိသလောက်ငွေ ငါရသလောက် ယူသွားရမှာပဲ အဲ့တော့ နင်တို့ ဒီအဘွားကြီး ပိုက်ဆံဘယ်မှာ ဝှက်ထားလဲ ဆိုတာ မြေလှန်ရှာကြစမ်း...”

“ဟုတ်ကဲ့ အမအွမ်”
ဗလတောင့်တောင့် လူမိုက်နှစ်ယောက်မှာ ဒေါ်အွမ်၏ အမိန့်အား နာခံခါ ချက်ချင်းပဲ လှုပ်လှုပ်ရှားရှား စရှာကြတော့သည်။..

ပဆစ်တုတ်ထိုင်နေသည့် အဘွားကျန့်ဘက်သို့ ဒေါ်အွမ် ခပ်စိမ်းစိမ်းအကြည့်တို့ဖြင့် ပြန်လှည့်ကြည့်သည်
“အဟွန်း အဘွားကြီး ရှင့်ကိုယ်ပေါ်မှာများ ပိုက်ဆံဝှက်ထားသလား ဆိုတာ ကျွန်မရှာကြည့်ရမယ် ...လာခဲ့ ..”

အဘွားကျန့် မျက်နှာလေး ပျက်သွားရပြီး လာရှာနေသည့် ဒေါ်အွမ် လက်တို့အား ခါချလိုက်သည်...
“ဟင့်အင်း ...မရှိပါဘူးကွယ် တကယ် တစ်ပြားမှ မရှိပါဘူး ယုံပေးပါ...”

“အို...အဘွားကြီး ရှိလား မရှိလားကကျွန်မရှင့်ကို ရှာကြည့်မှ သိရမှာပေါ့ ကဲလာစမ်းပါ...”

ဒေါ်အွမ် အဘွားကျန့်ကိုယ်အား ဇွတ် တရွတ်ရှာလိုက်သော်လည်း
ဘာမှ မတွေ့ တာကြောင့် မျက်နှာကိုရှုံ့မဲ့လိုက်သည်...
“ဟွန်း...မရှိဘူး ...”
ထိုစဉ်...
“အာ...အမအွမ်...ဒီမှာ ပိုက်ဆံထည့်ထားတဲ့ ဖျင်နီထုတ်တစ်ထုတ်တွေ့ပြီ”

အိပ်ယာအောက်တွင် ဝှက်ထားသည့် ပိုက်ဆံထုတ်လေးအား ရှာတွေ့သွားတာကြောင့် အဘွားကျန့် အတော်စိတ်မကောင်း ဖြစ်သွားရသည်။
ထိုပိုက်ဆံထုတ်လေးသာ ပါသွားလျှင် ဒီနေ့အဖို့ သူမတို့မြေးဘွားနှစ်ယောက် ဘယ်ဆန်ကိုဝယ်ပြီး ဘာနဲ့စားရမည်နည်း...
အိမ်တွင် ဆန်နဲ့လဲစရာ ခါတိုင်းလို ဆေးမြစ်ခြောက်နဲ့ ဆေးမြစ်တွေလဲ မယ်မယ်ရရ မရှိတော့တာကြောင့် အဘွားကျန့်အတော် အခက်တွေ့သွားရသည်။
သို့သော် တွေ့သွားသည် ဆိုကာမှဖြင့် ပြန်တောင်းလျှင်လဲ သူ့အားပေးမည် မဟုတ်တာကြောင့် အသာလေး ဘာမှမပြောပဲ ငြိမ်နေလိုက်သည်...။

ဒေါ်အွမ်တစ်ယောက် ထိုအသံကြားတော့ ကျေနပ်သွားရပြီး ထိုလူမိုက် နှစ်ယောက်အနားစီသို့ ခပ်သွက်သွက်သွားလိုက်ပြီး အထုတ်ထဲရှိ ပိုက်ဆံတို့အား သွန်မှောက်ကြည့်လိုက်သည်...
“ဟင့် သူ့စီက တစ်ပြားမှ မရပဲ ပြန်ရတဲ့နေ့ထက်ဆိုင်ရင် ဒီလောက်ရတာကတော့ စိတ်ဖြေလို့ရပါသေးတယ်....
လာ အခြားအိမ်တွေဆက်ပြီး အကြွေးတောင်းစရာ ရှိသေးတယ် သွားကြစို့”

“ဟုတ်ကဲ့ အမအွမ်...”

ခြေလှမ်းတို့က အပြင်စီရောက်ပြီးခါမှ ဒေါ်အွမ် အဘွားကျန့်ရှိရာသို့ ပြန်လှည့်လာသည်
“ဟင့် ဒီနေ့တစ်ရက်ထဲနဲ့ ပြီးသွားတာမဟုတ်ဘူးနော်...မနက်ဖြန်လဲ ထပ်လာဦးမှာ ဟင့်...အဘွားကြီး အကြွေးကျယူထားပြီး အကြွေး ပြန်တောင်းတော့ မပေးချင်လို့ ပိုက်ဆံကို တမင်ဖွက်ထားတယ် ပေါ့လေ မနက်ဖြန်ကျရင်တော့ ကျွန်မကို ဒီနေ့လိုမျိုး ဇွတ်ကိုယ့်ဘာသာ ရှာယူရအောင်မလုပ်နဲ့...
အသာတကြည်ပေး မဟုတ်ရင် ကျွန်မအဆိုး မဆိုနဲ့...”

ထိုသို့ ပြောခါ လှည့်ထွက်သည့် အထွက် ရှောင်လုနှင့် ဖူးခိုက်တို့ နှစ်ယောက် ရောက်လာခဲ့သည်။..
သူတို့နှစ်ဦးရောက်လာသည်ကို ဒေါ်အွမ်မြင်ပေမယ့် ရှောင်လုအား မျက်စောင်းတစ်ချက်ထိုးခါ ထွက်သွားလိုက်သည်။...
ရှောင်လုမှာလည်း ဒေါ်အွမ်အား မျက်မှောင်လေးကျုံ့ခါ ပြန်ကြည့်လိုက်ပြီး အဘွား ရှိရာသို့ အပြေးလေး လျှောက်သွားလိုက်သည်။

အိမ်ထဲတွင် အိုးခြမ်းပဲ့များ ၊အခြောက်ခံထားသည့် ဆေးရွက်ဗန်းများ ၊ ခွက်တွေပလုံးတွေ နှင့် ခေါင်းအုံးတို့မှာ အကုန်ပြန်ကျဲခါ ရှုပ်ပွနေလေသည်။...
ထိုမြင်ကွင်းအား မြင်တော့ ရှောင်လုနှင့် ဖူးခိုက်မှာ မျက်မှောင်ကျုံ့သွားပြီး တစ်ယောက် မျက်နှာ တစ်ယောက် ပြန်ကြည့်မိကြသည်။
ထို့နောက် မြေပြင်တွင် ပဆစ်တုတ်ထိုင်နေသည့် အဘွားကျန့်အား တွေ့တော့ သူမတို့နှစ်ဦး အပြေးလေးလျှောက်သွားပြီး ငုပ်တုတ်ထိုင်လိုက်ကြသည်။..

“အဘွား ..ဒါဘယ်လိုဖြစ်ရတာလဲ အဘွားရဲ့ ရှောင်လုကိုပြောပါဦး “

အဘွားကျန့်က ရှောင်လုအား တွေဝေစွာ ကြည့်လိုက်ရင်း...
“ရှောင်လု ဒီနေ့အတွက် အဘွားတို့ စားစရာဘာမှ မရှိတော့ဘူး ဆန်ဝယ်ဖို့ ပိုက်ဆံကိုလဲ အွမ်က ဇွတ်ရှာယူ သွားပြီ”

အားငယ်စွာပြောလာသည့် အဘွားကျန့် စကားကြောင့် ရှောင်လုမှာလည်း စိတ်မကောင်းလှချေ...။

“အိုဗျာ...ဒီနေ့အတွက် အဘွားတို့ နှစ်ယောက် စားစရာမရှိတော့လို့ မလား
ကျုပ်အိမ် လိုက်ခဲ့ ကျုပ်ကျွေးပါ့မယ် အဘွားကျန့်ရဲ့”

ဖူးခိုက် စကားကြောင့် ရှောင်လုကော /အဘွားကျန့်ပါ ကြောင်အသွားရသည်
ထို့နောက် ရှောင်လုမှ
“မဖြစ်နိုင်ပါဘူး ဖူးခိုက်ရယ် နင်ပြောသလို လုပ်ရင် တော်ကြာ နင်အဖေနဲ့အမေက ငါတို့ကို ပြောဆိုနေပါ့မယ်”

ဖူးခိုက်က ၁၅နှစ်အရွယ်ရှိသည့် လူပျိုပေါက် သူဌေးသား ပေါက်စဖြစ်ပြီး
ရှောင်လုနှင့် အသက်၆နှစ်အရွယ်မှာ စ၍သိခဲ့ကြခါ ခင်မင်ခဲ့ခြင်းပင်....

“ဟာ မဖြစ်ပါဘူးဗျာ..မမရှောင်လုက ကျွန်တော် ရေနှစ်တုန်းက ကယ်ခဲ့ဖူးတာကြောင့် အိမ်က အဖေနဲ့ အမေကလည်း ကျေးဇူးပြန်ဆပ် ချင်နေတာပါ အကူညီလိုရင် ပြောလို့တောင် ကျွန်တော့်ကို ပြောလိုက်သေး...”

ထိုစကားကြားရတော့ ရှောင်လုနည်းနည်းတော့ စိတ်အေး သွားရသည် ...
မတတ်သာတဲ့ အဆုံးတော့ ဖူးခိုက်စီက အကူညီသေချာ ပေါက်ယူရမည်..
သူမက မစားပဲနေလို့ ရပေမယ့် အဘွားကတော့ အသက်ရပြီလေ ...
တစ်နေ့စာတစ်နေ့ အဟာရရှိအောင် ကျွေးရမည်....

“အင်းပါ ဒါဆိုလည်း ဒီနေ့တစ်ရက်လောက်တော့ မင်းအကူညီကို ငါယူဦးမယ်နော်...မနက်ဖြန်တော့ ငါ အဘွားအစား တောထဲဆေးမြစ် သွားရှာရမယ်။ဒါမှ ဆန်နဲ့လဲစရာ ရှိမှာ”


ဖူးခိုက် အကူညီကို လက်ခံလိုက်သည့်
ရှောင်လု လက်လေးအား အဘွားကျန့်မှ လှမ်း၍ဆုတ်ကိုင်လိုက်သည်
“ဖြစ်ပါ့မလား ရှောင်လုရယ်...”

သူမက အဘွားဖြစ်သူအား ချိုသာသော အပြုံးလေးဖြင့် ပြန်ပြုံးပြသည်
“အဟင်း...ဖြစ်ပါတယ် အဘွားရဲ့ “

🌿🌿🌿🌿🌿🌿🌿

(ဟွမ်ကုံ နန်းတော်)...

ပြိုးပျက်လက်ထနေသည့် မှန်ဇာ စများ၏ နောက်ကွယ်တွင်
ရှည်လျားနက်မှောင်သည့် ဆံနွယ်ရှည်တွေ၊လေးကိုင်း သဏ္ဌာန် နှုတ်ခမ်းကွေးနှင့် ချောမောပြေပစ်သည့် မျက်နှာအား မျက်နှာတစ်ဝက်ရှိသည့် ရွှေရောင် မျက်နှာဖုံးအား တပ်ဆင်ထားပြီး....
လေးထောင့် ဆန်ဆန်မြင့်လှသည့် ခေါင်းအုံးပေါ်တွင် မေးထောက်မှီခါ မုန်းဘုရင် ရှိနေလေသည်။...
မှန်ဇာကြားမှ မျက်နှာအားသေချာ သဲကွဲစွာ မမြင်ရသော်လည်း ကိုယ်နေဟန်ထား မည်သို့ရှိသည်ကိုတော့ အထင်သားမြင်နေရသည်။..

"အရှင်မင်းကြီး (ဝမ်)မြို့စားမင်းက တွေ့ခွင့်တောင်းနေပါတယ်။"

အမျက်မပြေသော အကြည့်တစ်ချက်ဖြင့် ခပ်ယဲ့ယဲ့ ကြည့်လိုက်သည်
"ဘာကိစ်စတဲ့လဲ။''...
"တောင်းပန်ပါတယ် အရှင် ကျွန်တော်မျိုး မမေးမိလိုက်လို့ ခွင့်လွတ်တော်မူပါ "...
ပြိုးပျက်သည့် မှန်ဇာကြားမှ မုန်းဘုရင် လက်တစ်ချက်ကာပြခါ
'ကောင်းပြီ တွေ့ခွင့်ပြုလိုက်။''

ခွင့်ပြုချက်ရသည်နှင့် အမှုတော်ထမ်းမှာ ခေါင်းငုံ့အရိုသေပေးခါ နေရာမှ ထွက်သွားလိုက်တော့သည်။..
ခဏအကြာတွင် ဝမ်မြို့စားမင်း ဝင်လာခါ သူ့အား အရိုအသေပေးလိုက်သည်။...
''မင်းကြီး ဖန်မိဖုရားခေါင်ကြီးက နောက် ၅ရက်နေရင် မင်းကြီးအတွက် ဘုရင့်ကြင်ယာတော် ရွေးပွဲကျင်းပမှာ ဖြစ်ပါတယ်။ထိုပွဲကို မြို့နယ်အသီးသီးက မြို့စား /နယ်စားမင်းတွေ အကုန်တက်ရောက် ရမှာလည်းဖြစ်ပါတယ်၊ ထိုပွဲမှာ ဖျော်ဖြေမှုအစုံပါမှာ ဖြစ်တဲ့အတွက် အကဖွဲ့ကိုတော့ ရှန်ရင် သဘင််အဖွဲ့အပြင် နောက်ထက် အကပညာမှာ ထူးခြားကျွမ်းကျင်တဲ့ ကခြေသည်ကိုလဲ ကျွန်တော်မျိုးကို ဖန်မိဖုရားခေါင်ကြီးက ရှာခိုင်းထားပါသေးတယ်။"

ရှည်ရှည်ဝေးဝေး လျှောက်တင်နေသော ဝမ်မြို့စားအား မုန်းဘုရင် စိတ်မကြည်ဖြစ်လာသည်..
''လိုရင်းကိုသာ အမြန် လျှောက်တင်စမ်း''

ထိုအခါမှ ဝမ်မြို့စား ခပ်လန့်လန့်လေသံဖြင့် အမြန်လျှောက်တင်လိုက်သည်
''အဲ့..အဲ့..ဒါကျွန်တော်မျိုး တွေ့ရှိပြီ ဖြစ်လို့ ဖန်မိဖုရားခေါင်ကြီးကို လျှောက်တင်ပြီးပါပြီ...ဒါပေမယ့်...မိဖုရားခေါင်ကြီးက မင်းကြီးကိုယ်တိုင် ထိုကချေသည်ကို သဘောကျမှ ပွဲမှာ အသုံးပြုမယ်လို့ မိန့်လိုက်ပါတယ် အရှင်။''

''ရတယ် ငါ့အတွက်ဘာမှ မလိုဘူး...​ဝမ်မြို့စားက အရည်ချင်းရှိတဲ့ သူတွေကို မယ်​တော်အတွက် အမြဲရှာပေးနေကြမလား...ဒီတစ်ခါ ရှာပေးတဲ့ သူကလဲ အရည်ချင်းရှိသူပဲဆိုတာ ငါကိုယ်တော် ​ဝမ်မြို့စားကို ယုံကြည်တယ်။...ဒီတော့ဝမ်မြို့စားမင်း ပြန်လို့ရပြီ...ငါကိုယ်​တော်အနားယူတော့မယ်။"..

''မှန်..မှန်လှပါအရှင်မင်းကြီး...ကျွန်တော်မျိုးကို ခွင့်ပြုပါဦးအရှင်မင်းကြီး''

မြို့စားမင်း ဝမ် ထွက်သွားသည်နှင့် မုန်းဘုရင် ချက်ချင်း မေးထောက်မှီထားရာမှ ထခါ အခန်းအကွယ်တွင် ရှိနေသော ချောင်အန်း အားလှမ်းခေါ်လိုက်သည်။...
“ချောင်အန်း ထွက်ခဲ့တော့ ...”

“မှန်ပါ မင်းကြီး..”

အကွယ်နေရာတစ်ခုမှ အသံနဲ့အတူ မုန်းဘုရင်၏ ရှေ့မှောက်သို့ ချောင်အန်း ထွက်လာခဲ့သည်။
ထိုလူမှာ ဘေးတစ်စောင်း ကြည့်လျှင် မုန်းဘုရင်နှင့် အတော်ဆင်လှပြီး..
အရှေ့တည့်တည့်မှ သေချာကြည့်လျှင် မတူကွဲပြားသည်...
သို့သော် ရွှေရောင်မျက်နှာဖုံး တစ်ဝက်အား တပ်လိုက်လျှင် သေချာပေါက် မုန်းဘုရင်ဟု သာ ထင်နိုင်သည်။...

“လဲမယ် ...”

“မှန်ပါ အရှင်မင်းကြီး..”

သာမန် လုလင်ပျို တစ်ယောက်ပမာ မုန်းဘုရင်အား ချောင်အန်း ပြင်ဆင်ဝတ်ဆင်ပေးလိုက်ပြီး...
တပ်ဆင်ထားသည့် ရွှေရောင်မျက်နှာဖုံးအား ချွတ်ပေးလိုက်သည်။....
ဆူးရှပြီး ဆွဲဆောင်မှုအားကောင်းတဲ့ မျက်ဝန်းညိုတွေ/ဖွေးနုနေသည့် မျက်နှာပြင်တွင် ဖြောင့်ဆင်းနေသည့် နှာတံချွန်ချွန်လေးနဲ့ လေးကိုင်းသဏ္ဌာန် ညိုလွှလွှနုတ်ခမ်းသားတို့က မြင်ရသူ မိန်းမပျိုတို့အား ရင်သက်ရှူမော မှင်သက်သွားစေနိုင်သည်။...

“ရော့...ဒါတွေမင်း ဝတ်ပြီး ငါ့နေရာမှာ အစားထိုးနေလိုက်...
ဪ ..နောက်ပြီး..ငါ့ကို မယ်တော်နဲ့ အခြား တိုင်းရေးပြည်ရာ အရေးကြီးကိစ္စတွေရှိမှ ခေါ်ပါ ... ဒီလို ဘာမဟုတ်တဲ့ ကိစ္စတွေအတွက် ငါပြန်ပြန်လာနေရတာ အဆင်ပြေမနေဘူး ငါလည်း အာရုံနောက်တယ်..ကြားလား..ချောင်အန်း”

ဦးခေါင်းအားကွေးညွှန့်ခါ ချောင်အန်း အရိုသေ ပေးလိုက်သည်...
“မှန်ပါ အရှင်မင်းကြီး ကျွန်တော်မျိုး မှတ်ထားပါ့မယ် ”

“ကောင်းပြီ ဒါဆို ငါကိုယ်တော် သွားတော့မယ် သေချာပြီပြင်အောင်နေ...မရိပ်မိအောင်နေပါ “

“မှန်လှပါ အရှင်မင်းကြီး...”

အခြားလျှို့ဝှက် အပေါက်မှ မုန်းဘုရင် ထွက်သွားဖို့ ပြင်လိုက်စဉ်မှာပင်....
"ဖန်မိဖုရားခေါင်ကြီး..ကြွချီလာပါပြီ''

'ဟင်...မယ်တော်ကြွလာတယ်။"
အံ့​သြစွာဖြင့် မုန်းဘုရာင် စိတ်ထဲမှရည်ရွတ်လိုက်မိသည်။...

ချက်ချင်းဆိုသလို ကိုယ့်ကိုကိုယ် ပြန်ကြည့်ခါ အချိန်ခဏတွင်း အဝတ်စား အမြန်ပြန် လဲခါ...
ရွှေရောင်မျက်နှာဖုံးအား ကောက်တပ်လိုက်သည်။
ပြီးနောက် ခပ်တည်တည်အနေထားဖြင့် ပြန်ထိုင်နေလိုက်သည်။...
ဖန်မိဖုရားခေါင်ကြီးမှာ အခန်းတွင်းသို့ ဝင်လာခါ ခပ်​ပြုံးပြုံး​အနေထားဖြင့် မုန်းဘုရင်အား ကြည့်လိုက်သည်
''သားတော် နေကောင်းရဲ့လား''

အသက်မပါသောအပြုံးနဲ့ ပြန်နုတ်ဆက်လိုက်သူက မုန်းဘုရင်ပင်
''ကောင်းပါတယ် မယ်တော်...ဒါနဲ့ မယ်တော် အခုလို ကြွလာတာက ဘာကိစ္စများရှိလို့လဲ '
မျက်နှာအားတည်ခါ တွေ​ဝေစွာ​ မုန်းဘုရင်အား ဖန်မိဖုရားခေါင်ကြီးကြည့်လိုက်သည်...
''ကိစ္စကတော့ သားတော် အတွက် မယ်တော် ကြင်ယာတော်ရှာပေးဖို့ပဲပေါ့...သားတော် ဒီလို တစ်ယောက်ထဲနေလို့မရဘူးနော်...သားတော်ရဲ့မျိုးစပ်နဲ့...ဘုရင့်ရဲ့ထီးနန်းကို ဆက်ခံဖို့အတွက် မျိူးစပ်လိုအပ်တယ် ဒါကြောင့် ကြင်ယာတော်ရှာကိုရှာမှဖြစ်မယ်''

မုန်းဘုရင် ထိုင်နေရာမှ ထရပ်ခါ စိတ်မပါသော လေသံဖြင့် ...မိဖုရားခေါင်ကြီးအား ပြန်ပြောမိသည်
''အဲ့အတွက် မယ်တော် ကြင်ယာတော်ရွေးပွဲ ကျင်းပလိုက်ပြီမလား ဒီတော့ သားတော်ကို ဘာပြောစရာလိုသေးလို့လဲမယ်တော်...တကယ်တမ်း..သားတော်အတွက် အဲ့ဒါတွေမလိုအပ်ဘူး..သားတော်တစ်ယောက်ထဲပဲနေချင်တယ်..သားတော်ခေါင်းထဲမှာ တိုင်းပြည်ရဲ့လုံခြုံရေးအတွက်နဲ့ ဖမည်း​တော်အတွက် သွေးကြွေးပြန်ယူဖို့ပဲ ရှိတယ် မယ်တော်။''

စိုးရိမ်ဒေါသတို့​ဖြင့် ဖန်မိဖုရားခေါင်ကြီးမှ မုန်းဘုရင်အား လှည့်ကြည့်လိုက်သည် ''ပွဲလုပ်တယ်ဆိုတာ သားတော်ရဲ့ စိတ်ကြိုက် ကြင်ယာတော် ရွေးချယ်နိုင်အောင်လို့ ၊ မယ်တော်ပေးစားနေတဲ့ မင်းသမီးဟွာယံကိုကျ သားတော်က လက်မခံဘူးလေ...နောက်ပြီး သားတော်ရဲ့ လက်စားချေလိုမှုကို မယ်တော်မတားပါဘူး။ဒါပေမဲ့ သားတော်ကို မယ်တော်၂ နှစ်အချိန်ပေးမယ်။အဲ့ချိန်တွင်းမှာ သားတော်ဖြစ်ချင်တဲ့ ဆန္ဒတွေ ရအောင်အကုန်အကောင်ထည်ဖော်ပါ။နောက်ပြီး မယ်​တော်တို့ရဲ့ မင်းမျိုးစပ်အတွက် ကြင်ယာတော်ကိုလဲ ပွဲနေ့ကြရင် သားတော် စိတ်ကြိုက်ကို ရှာထားပါ​။ ပွဲနေ့မှာ မရှာနိုင်သေးလဲ ဘာမှ မဖြစ်ဘူး၊ ၂နှစ်အချိန်ရသေးတယ်၊ပေးထားတဲ့ အချိန်ပြည့်လို့မှ သားတော် မရှာနိုင်ဘူးဆိုရင် မယ်တော်ကိူယ်တိုင် မင်းသမီး (ရုန်ဟွာ)နဲ့ စီစဥ်မယ်။''
ထိုသို့ဆိုကာ ဖန်မိဖုရားခေါင်ကြီး နန်းဆောင်ထဲမှ ခြေလှမ်းကျဲကျဲ ဖြင့်ထွက်သွားလေတော့သည်။...
မုန်းဘုရင်မှာလဲ ထိုစကားကြောင့် စိတ်ရှုပ်သွားရသလို ဒေါသလဲ ဖြစ်ရသည်။သို့​သော်...မိဖုရားခေါင်​ကြီး ပြောသွားတာကလဲ မမှားပေ သူ၏မျိုးစပ်အတွက် ကြင်ယာတော်က အမှန်တကယ် ရှာကိုရှာရမည်မဟုတ်လား။.....

🌿🌿🌿🌿🌿🌿

[(ဝမ်)မြို့စားတို့ အိမ်]

စိတ်ရှုပ်ထွေးမှုနှင့်ပင်ပန်းမှုတို့က ဟန်မဆောင်နိုင်အောင် ဝမ်မြို့စား၏ မျက်နှာတွင် ပေါ်လွင်နေသည်။
ခြေလမ်းခပ်နုတ်နုတ်ဖြင့် ပြန်လာနေသော အဖေဖြစ်သူဝမ်မြို့စားအား သမီးဖြစ်သူ ဝမ်အိကျဲမှ အလိုက်တသိ ထွက်ကြိုလေသည်။
''အိုး...အဖေရယ်...ဒါဘယ်လိုဖြစ်တာလဲ။မနက် ထွက်သွားတုန်းက အကောင်းကြီးပါ။အခုပြန်လာခါမှ အားမရှိသလို ဖြစ်နေပါ့လား။''

''အင်း...သမီးရယ် ဖေဖေဒီနေ့ပဲ မင်းကြီးစီ အခစားဝင်ခဲ့ရလို့။''

စပ်စုချင်စိတ်တို့ဖြင့် တအံ့တဩပြန်မေးလိုက်သူက ဝမ်အိကျဲ
“ဟယ်တော်...အဖေကဘာကိစ္စအတွက်နဲ့ မင်းကြီးကိူ အခစားဝင်ရတာလဲဟင်။နောက်ပြီး မင်းကြီးက ဖေဖေ့ကို ဘာတွေများ ပြောလိုက်လို့လဲ ။မင်းကြီးကငယ်ရွယ်​ပြီးရုပ်ရည်ချောသလောက် အရမ်းဒေါသကြီးတာ/ရက်လဲရက်စက်တယ်/စာနာစိတ်လဲမရှိဘူးရော်.. လူတိုင်း သူ့ကို အခစားဝင်ရင် ကြောက်နေရတာပဲ။နောက်ပြီး...''

''အာယ...တော်ပါတော့..သမီးရယ် ဖေဖေမောလာတယ်။ သမီးစကားတွေက လိုရင်းကိုမရောက်​တော့ဘူး။ကဲ ဖေဖေ အနားယူတော့မယ်။ ဖေဖေကို ဘာမှ မမေးနဲ့တော့ကွယ်။''
ဝမ်မြို့စား သမီးဖြစ်သူအား လက်ခါပြကာ မိမိ အခန်းရှိရာသို့ဦးတည် လျှောက်လှမ်းသွားတော့သည်။

စပ်စုတတ်သူဝမ်အိကျဲမှာ အူ​ကြောင်ကြောင်ဖြင့် ကျန်ရစ်ခဲ့လေသည်။

*****အပိုင်း ၂ဆက်ရန် >>>
Show



rate now: