💞စေတန်ရဲ့သတို့သမီး💞
💞💞💞
ဘယ်လိုမှအရှိိန်ရပ်မည့်ပုံမပေါ်တဲ့ပြိုင်ကားကြောင့်
ထိုသူတွေဝရုန်းသုန်းကားပလက်ဖောင်းပေါ်တက်
ပြေးကြသည်။အသင်ကြောင်ပြီးရပ်နေမိစဉ်.တဖြေးဖြေး
နီးကပ်လာတဲ့ကားကြောင့်..အလန့်တကြားမျက်ဝန်း
တွေမှိတ်ချလိုက်စဉ်....
"ကျွီ..."
ကျယ်လောင်လှသောဘရိတ်အုပ်သံကိုကြားမှ
မရဲတရဲမျက်လုံးဖွင့်ကြည့်လိုက်တော့..အသင်နှင့်
လက်တစ်လုံးလောက်ပဲကွာတော့သည့်အကွာအဝေး
မှာရပ်သွားတဲ့..ထိုပြိုင်ကား...
"ဘာလဲဟ...ဒီကောင်..."
"မူးနေတာလား..."
မကျေမနပ်အသံတွေနဲ့အတူ..လမ်းသရဲတွေက
ပလက်ဖောင်းပေါ်ကနေပြန်ဆင်းလာကြသည်။
ထိုအချိန်....
"ဂျိမ်း..."
ခပ်ကြမ်းကြမ်းတံခါးဖွင့်သံနှင့်အတူ...မြင့်မားတဲ့
ပုံရိပ်တစ်ခုက..ကားထဲကနေထွက်လာခဲ့ပြီး....
"ဟင်..."
💞💞💞💞💞💞
ကားပေါ်ကဆင်းလာသူကိုမြင်လိုက်တဲ့ခဏ..အသင်
ဝမ်းသာအားတက်သွားရသည်။
"ကိုနေကုဋာ..."
သူ့နာမည်ကိုခေါ်ရင်း...အသင်အားကိုးတကြီး
အထုတ်အပိုးတွေဆွဲကာ..သူ့ဆီပြေးသွားလိုက်မိသည်။
"ဘာလဲကွ...heroလုပ်ချင်တာလား..."
"ဘာအထာလဲ..."
လမ်းသူရဲ၃ယောက်က...ဆိုင်ကယ်က..တုတ်ကိုယ်စီကို
ဆွဲကာ..သူနှင့်အသင့်နားကိုလျှောက်လာသည်။
အသင်ထိတ်လန့်သွားရပေမဲ့..သူ့မျက်နှာကအေးစက်နေသည်။
"ဒီမှာ..ကိုယ့်လူ..မင်းရဲ့..မင်းသားရုပ်လေးစုတ်ပြတ်
မသွားချင်ဘူးဆိုရင်..ငါတို့ဂွင်ထဲဝင်မပါနဲ့..ကိုယ့်လမ်း
ကိုယ်သွားလိုက်..."
"မင်း..ကားထဲဝင်နေလိုက်.."
သူက..ထိုသူ၃ယောက်ကိုစိုက်ကြည့်နေရင်းမှ
အသင့်ကိုလှည့်မကြည့်ပဲပြောသည်။
"ဒါပေမဲ့..."
အသင်..သူ့ကိုတစ်ယောက်ထဲ..စိတ်မချနိုင်တာမို့
အထွန့်တက်ရန်ပြင်လိုက်စဉ်...
"ကဲကွာ..."
"ဝှီး..."
"အမလေး..."
ရုတ်တရက်..၃ယောက်ထဲကတစ်ယောက်ရဲ့လက်ထဲက
ဘေ့စ်ဘောရိုက်တံကမြောက်တက်သွားသည်။
"ဘုန်း..."
"အား..."
အသင်...လန့်ပြီးအော်လိုက်မိသော်လဲ..ထိုရိုက်ချက်ကို
သူကလွတ်တယ်ဆိုရုံလေးကိုယ်ကိုလှည့်ကာရှောင်လိုက်ပြီး
မြန်ဆန်လှသောခြေကန်ချက်ကထိုသူ့ရဲ့ဝမ်းဗိုက်ဆီကို
ပြေးဝင်သွားပြီး..ထိုတစ်ယောက်လဲကျသွားတာပြန်မထ
နိုင်တော့...သူက..ထိုလူလွတ်ကျသွားတဲ့ဘေ့စ်ဘော
ရိုက်တံကိုကောက်ယူလိုက်သည်။
"ချကွာ..အဲ့ဒီကောင်ကို..."
ကျန်နှစ်ယောက်ပါသူ့ထံပြေးဝင်လာပြီး..ရုတ်ချည်းရန်ပွဲတစ်ခုဖြစ်သွားသည်။
"ဒုန်း..."
"ခွပ်..."
"အား.."
၃ယောက်တစ်ယောက်ရန်ပွဲမှာမင်းသားနိုင်တာဆိုလို့
ရုပ်ရှင်လောက်သာမြင်ဖူးခဲ့သောအသင်သည်။
မိနစ်ပိုင်းလောက်အချိန်လေးအတွင်းမှာ..၃ယောက်လုံးကို
လှဲသိပ်ပစ်လိုက်နိုင်သော..သေသပ်မြန်ဆန်လှသည့်
သူ့ရဲတိုက်ခိုက်လူပ်ရှားမူ့ကိုပါးစပ်လေးမဟောင်းသား
နှင့်ငေးကြည့်နေမိသည်။
"အား..."
"အင်း..အ..."
ခေါင်းကွဲတဲ့လူကကွဲ..လက်ကျိုးတဲ့သူကကျိုးနှင့်
လဲကျငြီးငြူနေတဲ့သူတွေကို..တစ်ချက်ဝေ့ကြည့်ရင်း
နေ..လက်ထဲကတုတ်ကိုမြေပေါ်ပစ်ချလိုက်သည်။
ထို့နောက်..ဘောင်းဘီအိတ်ထဲကပိုက်ဆံအိတ်
အပြားလေးကိုထုတ်ယူကာ..လဲကျနေသူတွေထံ
အိတ်လိုက်ပစ်ပေးလိုက်သည်။
"မင်းတို့ကြောင့်..သွေးနည်းနည်းပူသွားတယ်
ကျေးဇူးပဲ.."
အဆုံးသတ်စကားကိုဆိုပြီးပြန်လှည့်လာကာ
ကားနားမှာကျောက်ရုပ်လေးလိုရပ်နေသော.သူမကိုရော
အထုတ်တွေကိုကားထဲထိုးထည့်ပြီး..ကားပေါ်
တက်လိုက်သည်။
"ကျွီ..အီ......"
"အမေ့.."
နောက်မဆုတ်ပဲ..ကားကိုတိုက်ရိုက်ဝိုက်ကွေ့ချ
လိုက်တော့..အသင့်ကိုယ်လေးသူ့ဘက်ကိုယိုင်
သွားရသည်။သူကအသင့်ကိုလက်တစ်ဖက်နှင့်
ဖမ်းထိန်းထားရင်း..
"ခါးပါတ်ပါတ်ထားဦး.."
အသင်လက်တုန်ခြေတုန်နှင့်ခါးပါတ်ပါတ်နေစဉ်မှာပဲ..
ပြိုင်ကားလေးကဝူးခနဲမောင်းထွက်လာခဲ့ပြီဖြစ်သည်။
💞💞💞💞
"ကိုယ်..မင်းလိုဦးနှောက်မကောင်းတဲ့မိန်းကလေးကို
ပထမဆုံးမြင်ဖူးတာ.."
သူက..ကားမောင်းနေရင်း..အသင့်ကိုငဲ့ကြည့်ကာ
ပြောသည်။
"ဒီလိုအချိန်ကြီး...ဒီလိုလမ်းတွေထဲကိုလာရင်..
ဘယ်လိုအန္တာရယ်နဲ့ကြုံမလဲဆိုတာမင်းနားမလည်
ဘူးလား..."
သူကအသင့်ကို..ဆူသလိုပြောသည်။အသင်သူ့ကို
မသိမသာမျက်စောင်းထိုးလိုက်ရင်း..
"ဒီကိုမလာရင်လဲ..အသင်ဒီညသွားစရာမှမရှိတာ
ရှင်ကရော..ဒီလိုနေရာကိုဘာလာလုပ်တာလဲ"
"မင်းကိုရှာရင်းနဲ့ရောက်လာတာ..."
"ရှင်..."
အသင်မျက်လုံးပြူးသွားတော့...သူကလှည့်ကြည့်ရင်း
"ဘာလို့အဲ့လောက်အံ့ဩသွားတာလဲ..မင်းတိုက်ခန်း
ပေါ်ကဆင်းလာလို့နေစရာမရှိတော့ဘူးဆို.....
အဲ့ဒါကြောင့်..ကိုယ်မင်းကိုလာခေါ်တာ.."
"အသင်ကဘာလို့ရှင်နဲ့လိုက်ရမှာလဲ..အသင့်ကို
တည်းခိုခန်းတစ်ခုခုကိုပို့ပေး..မနက်ကျရင်..အသင်
နေဖို့အဆောင်ရှာရဦးမှာ..."
"မင်းကြည့်ရတာ နားမလည်သေးတဲ့ပုံပဲ.."
"ဘာကိုနားလည်ရမှာလဲ..."
အသင်..မေးလိုက်လျှင်သူကကားကိုလမ်းဘေး
ဆွဲချကာရပ်လိုက်သည်။ပြီးတော့အသင့်ကိုကြည့်ရင်း
"မင်းတို့ဂျာနယ်တိုက်တစ်ခုလုံးက..မင်းနဲ့ကိုယ့်ကို
ချစ်သူတွေလို့သိထားကြတာ..ကိုယ်တစ်ယောက်လုံး
ရှိနေရဲ့သားနဲ့မင်းကအဆောင်မှာစုတ်စုတ်ပြတ်ပြတ်
နေရင်...ကိုယ့်ရဲ့ lmageကိုထိခိုက်တာပေါ့.."
ကြည့်ဦး..ပြောပုံကိုက..သူသာလာမခေါ်ရင်.အသင်က
စုတ်စုတ်ပြတ်ပြတ်ပဲနေရတော့မလို..အသင်ခေါင်းလေး
တစ်ချက်ယမ်းလိုက်ရင်း..
"အဲ့ဒါသူတို့အမြင်လေ..တစ်ကယ်တမ်းရှင်နဲ့အသင်က
ဘာမှပါတ်သတ်တာမှမဟုတ်တာ..ကိုယ်နဲ့မရင်းနှီးတဲ့
ယောကျာၤးတစ်ယောက်ရဲ့အိမ်မှာကပ်နေရလောက်တဲ့
အထိ..အသင်သိက္ခာမမဲ့ဘူး.."
သူက..အသင့်စကားကိုသဘောကျသလို..ဟက်ခနဲ
ရယ်သည်။
"မင်းကတစ်လွဲမာနထားနေတာပဲ..အင်္သချေ.မင်း
သိအောင်ကိုယ်တစ်ခုတော့ပြောမယ်..နေကုဋာဆိုတဲ့
ကိုယ်က..မပါတ်သတ်ချင်တဲ့မိန်းမမျိုးဆို.ကိုယ့်ရှေ့မှာ
အခါတစ်ရာလောက်လဲသေပြလဲစိတ်မဝင်စားဘူး
ဒါပေမဲ့..."
စကားမဆုံးခင်..အသင့်နားကိုကပ်လာပြီး..
မေးဖျားလေးကိုဆွဲညှစ်မော့ယူသည်။
"ကိုယ်စိတ်ဝင်စားလာပြီဆိုလဲ..အဲ့ဒီမိန်းကလေး
ကိုယ့်နားကနေထွက်ပြေးလို့မရစေရဘူး..."
"လဲသေလိုက်ပါလား..."
ွစွာနေတဲ့နူတ်ခမ်းလေးကို..နေဖျပ်ခနဲလှမ်းကိုက်
လိုက်သည်။
"အ...ဘာလုပ်တာလဲ..ရှင်..အသင့့်ကိုအသားယူတာ
များနေပြီနော်..."
"နောက်..အဲ့ဒါထက်ပိုဆိုးမယ်..."
ထီမထင်မျက်ဝန်းတွေနှင့်သူ့ကိုကြည့်ပြီး..အသင်
ဒေါသတွေတလိပ်လိပ်တက်လာရသည်။
"တစ်လ...၁၀သိန်း.."
"ဘာပြောတယ်.."
"မင်းကိုတစ်လ၁၀သိန်းပေးမယ်..ကိုယ့်အိမ်မှာ..
မိန်းကလေးဝန်ထမ်းသိပ်မရှိဘူး..မင်းကိုယ့်စံအိမ်မှာ
အချိန်ပိုင်းအလုပ်လုပ်ပေးရမယ်..မင်းကို..နေစရာ
ပေးမယ်..စားဖို့လဲမပူရဘူး...ဘယ်လိုလဲ...
အကြောင်းမဲ့သက်သက်..ကိုယ့်အိမ်လိုက်မနေ
ချင်ဘူးဆိုရင်...ဒီအကြောင်းပြချက်ကလုံလောက်
နေပြီ..မဟုတ်လား..."
"ရှင်...ရူးနေတာလား..."
အသင်..တစ်ကယ်ပဲနားမလည်နိုင်တော့..
"ပြန်မဖြေဘူးဆိုတော့...လက်ခံတဲ့သဘောပေါ့.."
"အို...အသင်က..."
"Ok..မင်းလက်ခံတယ်လို့ကိုယ်သတ်မှတ်လိုက်ပြီ.."
သူ့ဘာသာတစ်ယောက်ထဲပြောပြီ..ဆုံးဖြတ်သွားတဲ့
သူ့ကိုကြည့်ပြီးအသင်ဘာပြောရမလဲပင်မသိနိုင်
တော့ပါ..သူကဘာကြောင့်အသင်နဲ့မှ..ပါတ်သတ်ချင်
နေရတာလဲ...မတော်တဆတွေ့ဆုံမူ့တစ်ခုကတစ်ဘဝ
လုံးစာအတွက်ရစ်နှောင်လာတော့မှာလား..
"ဒါတွေအားလုံးအိပ်မက်တစ်ခုဆိုဘယ်လောက်
ကောင်းလိုက်မလဲ.."
စိတ်ထဲကနေကြိတ်၍ဆုတောင်းလိုက်မိသော်လဲ
လက်ရှိမှာတော့..အင်္သချေဆိုသောသူမသည်။
💞💞💞💞
"အဖြူရောင်စံအိမ် "
လူနှစ်ရပ်စာမကမြင့်မားလှသောအုတ်တံတ်ုင်းကြီးတွေ
ကာရံထားသည့်...ကျယ်ဝန်းခမ်းနားလှသောခြံကြီး..
အလူမီနီယံခြံတံခါးကြီးရှေ့မှာ..သူ့ရဲ့ကားရပ်လိုက်
တာနှင့်...တံခါးကြီးကအလယ်ကနေတအိအိနှင့်
ကွဲသွားသည်။
"ဝေါ..."
"ဂျိမ်း.."
ခြံထဲကိုပြိုင်ကားလေးကဝေါခနဲမောင်းဝင်လာတာနှင့်
တံခါးကြီးကဂျိမ်းခနဲပြန်စေ့ပိတ်သွားတာကကွက်တိပင်.
"ဝါး..မိုက်လိုက်တာ..."
နေပျောက်ပင်မထိုးနိုင်အောင်စိုက်ပျိုးထားတဲ့
သက်ရင့်ပင်တွေရဲ့အလယ်မှာထီးထီးမားမားကြီး
ရှိနေတဲ့စံအိမ်ကြီးက..လှမ်းမြင်ရုံနှင့်ပင်ခမ်းနား
လွန်းနေသည်။
"ဝေါ..."
စံအိမ်ကြီးဆီကိုဦးတည်မောင်းနှင်လာတဲ့သူ့ရဲ့ကားက
အိမ်ကြီးရဲ့ပေါ်တီကိုအောက်မှာမရပ်ပဲ..ဘေးဘက်
အထိမောင်းနှင်သွားသည်။
"ကျွီ..."
စံအိမ်ကြီးရဲ့ဘေးဘက်ဂိုဒေါင်လိုနေရာကိုရောက်
ပြန်တော့..တံခါးကအလိုအလျောက်ပွင့့်သွားပြန်သည်။
"ဘယ်လိုစနစ်တွေနဲ့စီမံထားပါလိမ့်..ရုပ်ရှင်ထဲက
အတိုင်းပဲ.."
အသင်..ခပ်တိုးတိုးရေရွတ်နေစဉ်မှာပဲ..ကားလေးက
မြေအောက်ကားပါကင်ဆီဆင်းလာခဲ့ပြီဖြစ်သည်။
"ကျွီ..."
ကား..ဘရိတ်အုပ်သံကိုကြားမှ..အသင်အသိဝင်လာ
ရသည်။
"ရောက်ပြီ...ဆင်းတော့.."
အသင်..ကားပေါ်ကဆင်းကာ..အထုတ်တွေပါ
ယူလိုက်သည်။
ပလာဇာအထပ်တွေရဲ့မြေအောက်ကားပါကင်လိုမျိုး
ကားအစီးပေါင်းမြောက်များစွာရှိနေသော..ကားပါကင်
ကြီးတစ်ခု..
"အဟင်း.."
ခြံထဲကိုစဝင်လာကထဲက..အခုထိ..မျက်လုံးလေး
ဝိုင်းဝိုင်းလည်အောင်ငေးနေဆဲဖြစ်သော..သူမကို
ကြည့်ကာ..နေရယ်ချင်သွားရသည်။
"ဒါတွေအကုန်လုံးကရှင့်ရဲ့ကားတွေလားဟင်"
"ကိုယ့််အိမ်က..ကားပါကင်ထဲမှာရှိနေမှတော့
မင်းကဘယ်သူ့ကားလို့ထင်နေသေးတာလဲ"
"မဟုတ်ပါဘူး..အသင်ကလေ..ကားတွေဒီလောက်
အများကြီးပိုင်တဲ့လူကိုမမြင်ဖူးသေးလို့ပါ.."
ပွင့်လင်းလှသောသူမရဲ့အဖြေကြောင့်..နေ
ပြုံးလိုက်မိသည်။
"အခုမြင်ဖူးပြီ..မဟုတ်လား...လာခဲ့.."
နေ....သူမလက်ကိုလှမ်းဆွဲလိုက်တော့..သူမက
မျက်လုံးလေးဝိုင်းကာမော့ကြည့်သည်။
"ဘယ်ကိုလဲ..."
"အိမ်ထဲကိုပေါ့..ဘာလဲမင်းကကားပါကင်ထဲမှာ
အိပ်မလို့လား..."
"အိမ်ထဲကို..ဘယ်လိုဝင်မှာလဲ..."
သူက..အသင့်အမေးကြောင့်ခေါင်းယမ်းသည်။
"တော်တော်တုံးတဲ့ကောင်မလေး....."
အသင့်လက်လေးကိုဆွဲပြီး..သူကဓာတ်လှေကား
ုဖြစ်ဟန်တူသော..အခန်းထဲသို့ဝင်လာသည်။
"ဪ.."
ထိုအခါမှ..အသင်..သဘောပေါက်သွားရသည်။
"ခစ်.."
ကိုယ့်တုံးအမူ့ကို...ကိုယ့်ဘာသာရယ်ချင်မိသွားကာ
အသံထွက်သွားတော့..ဘေးမှာရှိနေသည့်သူက
ငဲ့ကြည့်သည်။
"ဘာလဲ.."
အသင်..ခေါင်းခါလိုက်မိသည်။ထိုစဉ်..ဓာတ်လှေကား
တံခါးကပွင့်သွားပြီး..အရှေ့မှာရပ်နေသည့်..ခေါင်းဖြူဖြူ
နှင့်ဘိုဆန်ဆန်မျက်နှာပိုင်ရှင်ဦးလေးကြီးတစ်ဦးနှင့်
သူ့ရဲ့..bodyguardကိုတွေ့လိုက်ရသည်။
"သခင်လေး..."
သူ့ကိုခေါင်းညွှတ်နူတ်ဆက်လိုက်ပြီး..ထိုလူကြီးရဲ့
အကြည့်ကအသင့်ဆီကျော်ပြီးရောက်လာသည်။
"ကျွန်တော်..ပြင်ခိုင်းထားတဲ့အခန်း..အဆင်သင့်
ဖြစ်ပြီလား.."
"သခင်လေး..ပြောထားတဲ့အတိုင်း..သခင်လေးရဲ့
ဘေးကအခန်းကို..မေနွမ်းသေချာပြင်ပေးထားပါတယ်"
သူကထိုလူတွေကိုခေါင်းတစ်ချက်ဆတ်ပြရင်း
အသင့်လက်ကိုဆွဲကာခေါ်လာသည်။ဟိုတယ်ကြီး.
တစ်ခုလိုမျိုး..ခမ်းနားလှတဲ့အထပ်ကြီးထဲမှာမြောက်မြား
လှတဲ့အခန်းတွေကိုဖြတ်ကျော်လာပြီးနောက်...
💞💞💞💞💞
"ဒါ.မင်းနေရမဲ့အခန်းပဲ..."
ပြောရင်း...အခန်းတံခါးကိုသူကတွန်းဖွင့့်လိုက်သည်၊
"ဝိုး..."
အသင်အံ့ဩမှင်သက်မိသွားရသည်။ဘန်ကောက်က
A-23 VIPခန်းကြီးထက်ပင်ခမ်းနားလှပနေသော
အခန်းကြီး.....
"ဘာလဲ..ဒီအတိုင်းရပ်နေမလို့လား.."
သူကကျောက်ရုပ်လေးလိုဖြစ်နေသောအသင့်ကို
လက်ဆွဲကာခေါ်လာသည်။
"အသင်က..ဒီအခန်းထဲမှာနေရမှာလားဟင်.."
အသင်..ခမ်းနားလှတဲ့အိပ်ခန်းကြီးကိုဝေ့ကြည့်ပြီး
မဝံ့မရဲမေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ..အရမ်းကျယ်နေလို့မနေရဲဘူးလို့တော့
မပြောနဲ့နော်..ကိုယ့်အိမ်မှာ..ဒီ့ထက်ကျဉ်းတဲ့အခန်း
မရှိဘူး...တစ်ခုတော့ရှိတယ်..ဒီအခန်းမှာတစ်ယောက်ထဲ
မနေရဲရင်.ကိုယ့်အခန်းမှာလာနေလို့တော့ရတယ်"
"ဘာရှင့်.."
အသင်...အော်လိုက်တော့..သူကအသင့်နားကနေ
ခြေနှစ်လှမ်းခန့်ဆုတ်သွားကာ..နားအူသွားဟန်နှင့်
နားကိုပွတ်ကာ..မချိုမချဉ်ရယ်သည်။
"ရှင်ကအသင့်ကို..တစ်လ၁၀သိန်းလဲပေးတယ်..
ဒီလောက်ကောင်းတဲ့နေစရာကိုလဲပေးတယ်..အသင်က
ရှင့်ဆီမှာဘာအလုပ်လုပ်ရမှာလဲ.."
အသင်..မေးလိုက်တော့..သူကအသင့်နားကို
တစ်လှမ်းချင်းတိုးလာသည်။အသင်သူ့ကိုခပ်လန့်လန့်
ဖြစ်နေတာမို့..အနောက်သို့ဆုတ်ရင်း..ဆုတ်ရင်း...
နံရံနှင့်ကျောပြင်ကထိကပ်သွားရကာ..ထပ်ဆုတ်
စရာမရှိတော့..သူကလုပ်နေကြအတိုင်း..အသင့်
မျက်နှာနားမှာလက်တစ်ဖက်တစ်ချက်ဆီထောက်ရင်း
မျက်နှာလေးကိုငုံ့ကြည့်သည်။
"မင်းလုပ်ရမဲ့အလုပ်ကလွယ်ပါတယ်..မင်းလုပ်နိုင်
မှာပါ.."
ဘာမှပြန်မဖြေပဲ...
သူမက..လည်ပင်းလေးလိမ်နေသည်အထိမျက်နှာကို
တစ်ဖက်သို့လွှဲထားသည်။ဒီလိုပုံစံမျိုးကိုမှ..နေ
စိတ်ဝင်စားတာ..ခူးပါ၊ခြွေပါဆိုပြီး..ပေးဆပ်ဖို့
အသင့်ရှိနေတဲ့..မိန်းကလေးတွေထက်..သူမထံက
မကြည်ဖြူတဲ့အနမ်းတွေ၊အထိအတွေ့တွေကိုသာ
နေ..ပိုပြီးစွဲမက်သည်။
နေ..သွေးကြောစိမ်းလေးတွေထင်နေသည့်..သူမရဲ့
လည်တိုင်လေးကို..တအားစုပ်နမ်းပစ်လိုက်သည်။
"အ..အင်း.."
ငြီးငြူသံခပ်သဲ့သဲ့နှင့်အတူ..သူမကနေ့ကိုအတင်း
တွန်းထုတ်သည်။
"ရှင်ဘာလုပ်တာလဲ..အရမ်းနာတာပဲ..ရှင့်အသား
မဟုတ်တိုင်း.."
သွေးခြေဥသွားသည့်။လည်တိုင်လေးကိုလက်နှင့်
အုပ်ကိုင်ရင်း..သူမကမျက်ရည်လေးဝေ့ကာရန်တွေ့သည်။
"မင်းမှ..ကိုယ့်မျက်နှာကိုမကြည့်တာ.အသည်းယား
အောင်..လည်ပင်းလိမ်ထားမှတော့..အပြစ်ပေး
ခံရမှာပဲ...."
"ရှင်..."
အသင်..စိတ်တိုတိုနှင့်..သူ့ကိုတွန်းဖယ်ပေမဲ့..သူက
အသင့်ရှေ့ကနေမဖယ်...
"မင်းဘာလုပ်ရမယ်ဆိုတာ..သိချင်တယ်ဆို."
ဒီတစ်ခါတော့..အသင်မျက်နှာမလွှဲရဲတော့ပဲ..သူ့ကို
မော့ကြည့်လိုက်မိသည်။
"အသင်က..ဘာလုပ်ရမှာလဲ......"
"ကိုယ့်ရဲ့မိန်းကလေး..."
"ရှင်..."
"မင်း..ဒီနေ့ကစပြီး...ကိုယ့်ရဲ့မိန်းကလေးလုပ်ပေးရမယ်"
အသင်....သူ့ကိုကြည့်ပြီး..ရုတ်တရပ်ဘာပြော
မလဲ..မသိဖြစ်နေရစဉ်..သူကအသင့်ပုံစံကိုကြည့်ပြီး
ခေါင်းယမ်းကာရယ်သည်။
"မင်းကြည့်ရတာနားမလည်တဲ့ပုံပဲ..အင်းလေ
ဒါဆိုလဲ..လက်တွေ့ပြရမှာပေါ့...လာခဲ့.."
"အို...အမေ့.."
သူက..အသင့်ကိုစွေ့ခနဲပွေ့ချီလိုက်တာမို့..အသင်
လန့်ဖြပ်ပြီးသူ့လည်ပင်းကိုသိုင်းဖက်လိုက်မိသည်။
"လွှတ်...ရှင်ဘာလုပ်တာလဲ အောက်ပြန်ချပေး"
ခြေကားယား..လက်ကားယားနှင့်ရုန်းကန်နေတဲ့
အသင့်ကို..သူကပိုင်နိုင်စွာချုပ်ကိုင်ထားရင်း..
လျှောက်လှမ်းလာတာ..အိပ်ယာဆီသို့.....
"ဟင့်အင်း...ဟင့်အင်းနော်..."
အသင်ဖြူစွတ်နေတဲ့မွေ့ယာကြီးကိုကြည့်ပြီး
သွေးပျက်စွာငြင်းဆန်နေမိစဉ်..
"ဘုတ်..."
သူက..အသင့်ကိုအရုပ်တစ်ရုပ်လိုပစ်ချလိုက်ပြီးနောက်...
💞💞💞💞💞💞
ဟိုက်..မီးပျက်သွားပြီ😂😂
အပိုင်း(၁၀)မျှော်
Writer by
#Hazel See less