💞စေတန်ရဲ့သတို့သမီး💞
💞💞💞
"ဟင်..."
ရွှေရုပ်လွှာရဲ့လက်ကိုဖမ်းဆုပ်ထားတဲ့..ထိုလူကို
မြင်လိုက်တဲ့ခဏ..အသင်အံ့ဩလွန်း၍နူတ်ခမ်းလေး
ပွင့်ဟသွားရသည်။
"ရှင်..."
ဟုတ်ပါတယ်...သူမှသူအစစ်ပါ..ဘန်ကောက်မှာ
ဆုံခဲ့တဲ့ဟိုလူရူပ်ကောင်....
💞💞💞💞
လွန်ခဲ့တဲ့.၁နာရီခန့်က....
"boss..."
နေ့ရဲ့ရုံးခန်းထံကိုရေးကြီးသုတ်ပျာဝင်လာတဲ့..ဇ
"ဘာဖြစ်လာတာလဲ..."
"boss...မနေ့က...ကျွန်တော့်ကိုစုံစမ်းခိုင်းထားတဲ့
New Star ဂျာနယ်တိုက်ကသတင်းထောက်ကောင်မလေးက
အခုပြသာနာဖြစ်နေပြီ..."
"ဘာ..."
ဇ,စကားကြောင့်..Lattopစက္ကရင်ပေါ်မှာ
စူးစိုက်နေတဲ့နေ့ရဲ့မျက်ဝန်းတွေက..က
ဆတ်ခနဲမော့ကြည့်လာသည်။
"ဒီမှာပါ..boss..."
ဇလက်ထဲမှာကိုင်ထားတဲ့ဖုန်းကိုနေ့ထံလှမ်းပေးသည်။
"တောက်..."
,facebookကpageတစ်ခုရဲ့အောက်မှာမြင်လိုက်ရတဲ့
သတင်းကြောင့်..နေဒေါသထွက်သွားရသည်
"ဒီလို...ပုံတွေကိုဘယ်သူကဖြန့်လိုက်တာလဲ.."
"ပုံထဲမှာပါတဲ့လူက..bossမဟုတ်လား..ဒါပေမဲ့
သူတို့ကမျက်နှာကိုဖျက်ထားတယ်..ဒါ..အင်္သချေဆိုတဲ့
မိန်းကလေးတစ်ယောက်ထဲကိုပဲ..သက်သက်ဒုက္ခပေးချင်တဲ့
သဘောပဲ...boss...."
ဇ,ပြောသမျှကို...နေနားထောင်နေရင်းမှ
ဒေါသတကြီးစားပွဲခုံကိုထုလိုက်သည်။
"1နာရီပဲအချိန်ပေးမယ်ဇ,..ငါဒီpageကို
လုံးဝမမြင်ချင်ဘူး...ဒီကိစ္စကဘယ်သူ့လက်ချက်လဲ
ဆိုတာ...ငါချက်ချင်းသိချင်တယ်..."
"ဟုတ်ကဲ့...ကျွန်တော်ချက်ချင်းစီစဉ်လိုက်ပါ့မယ်"
ဇ...အခန်းထဲကနေအမြန်ထွက်သွားသည်။
"ကျစ်...ဘယ်သူကမိန်းကလေးတစ်ယောက်အပေါ်
ဒီလိုလုပ်ရတာလဲ..."
တစ်ကယ်ဆို...ဒီလိုကိစ္စမျိုးကနေနဲ့..လုံးဝကို
အနေသာကြီးဖြစ်ပြီး...ဝင်ပါစရာမလိုဘူးဆိုတာ
သိသည်။ဒါပေမဲ့...သူမအခုလိုဖြစ်ရတာ..ကိုယ့်ကြောင့်
ဆိုပြီးအပြစ်မကင်းသလိုနေ...ခံစားနေရသည်။
အခုတောင်...hot new page အောက်ကcomတွေမှာ..
သူမကိုပြောထားဆိုထားတာတွေကရစရာမရှိတော့..
"မီဒီယာလောကရဲ့အကျင့်ပျက်ဝန်ထမ်း.."
ထိုသတင်းကိုပဲထပ်ကြည့်မိကာ..နေမျက်လုံးတွေ
မှိတ်လိုက်မိသည်။ထို့နောက်..စားပွဲပေါ်ကဘဲလ်ကို
နှိပ်လိုက်ကာ...
"ငါအပြင်သွားမယ်...ပြင်ဆင်ထားလိုက်..."
နေ..စားပွဲမှထကာ..ချိတ်ထားတဲ့ကုဒ်အကျႌကိုယူပြီး
ခြေလှမ်းကြဲကြီးတွေနှင့်ရုံးခန်းကနေထွက်လာခဲ့ရင်း...
💞💞💞
"ရှင်..ရှင်ဒီကိုဘယ်လိုရောက်လာတာလဲ.."
အသင်သာမက...အနားမှာရှိနေတဲ့လူတွေအားလုံးသည်။
ရုတ်တရပ်ကြီးရောက်လာတဲ့သူ့ကိုကြည့်ကာ..
တအံ့တဩဖြစ်နေကြသည်။သူကအသင့်ကို
တစ်ချက်ကြည့်ပြီး...ရွှေရုပ်လွှာရဲ့လက်ကိုလွှတ်လိုက်သည်။
"အမေ့..."
ယိုင်ခနဲဖြစ်သွားတဲ့..ရွှေရုပ်လွှာကိုမေစိမ်းလန်းက
ဝင်ထိန်းလိုက်သည်။
"နေ..နေကုဋာပဲ...သူကဒီကိုဘယ်လိုရောက်လာတာလဲ.."
ခုထိမယုံကြည်နိုင်သေးတဲ့ရွှေရုပ်လွှာက..နှစ်ယောက်ထဲ
ကြားရုံခပ်တိုးတိုးရေရွတ်လိုက်သည်။
"မင်း...အဆင်ပြေရဲ့လား..."
သူကအသင့်ကိုကြည့်ပြီးမေးလိုက်ပေမဲ့အသင်
သူ့ကိုဘာမှပြန်မဖြေနိုင်ပဲငေးကြည့်နေမိဆဲ.ထိုအခါ
သူကအသင့်ရှေ့မှာကာရပ်လိုက်ကာ..ရွှေရုပ်လွှာတို့
အပြင်အားလုံးကိုဝေ့ကြည့်ပြီး...
"မင်းတို့..new star ဂျာနယ်ကဒီလောက်ပဲ
အဆင့်ရှိတာလား...လုပ်ဖော်ကိုင်ဖက်အချင်းချင်းတောင်
ဖေးမမူ့မရှိပဲ..ဂျာနယ်တိုက်ကြီးတစ်ခုလုံးအတွက်
ဘယ်လိုအလုပ်လုပ်နေကြလဲ.."
လေသံတင်းတင်းနှင့်ခပ်ပြတ်ပြတ်ပြောလိုက်သော
သူ့ကိုကြည့်ပြီး...အနားမှာရှိနေတဲ့လူတွေအားလုံး
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်သွားကြသည်။
"ဂျာနယ်တိုက်ကိုအရင်သိက္ခာကျအောင်လုပ်တာသူပါ
သူ့ရဲ့သတင်းကြောင့်သာ..ရွှေရုပ်တို့မီဒီယာလောက..
ထဲကလူတွေအားလုံးသိက္ခာကျရတာ.."
တစ်ယောက်ထဲအသံထွက်လာရဲသူက..ရွှေရုပ်လွှာ
ထိုအခါ..သူ့ရဲ့အကြည့်စူးစူးတွေက...ရွှေရုပ်လွှာဆီ
ဖျပ်ခနဲရောက်သွားသည်။
"ဒါဆို..အဲ့ဒီ့သတင်းကလုံးဝကို..100%အမှန်တွေပါလို့
မင်းကပြောနိုင်တယ်ပေါ့..."
"ဒါကတော့.."
"တစ်ကယ်လို့...ဒီသတင်းသာ..အမှားဖြစ်နေရင်ရော
ဒီမှာရှိတဲ့..လူတွေအားလုံးရဲ့ရှေ့မှာမင်းသူ့ကို
တောင်းပန်မှာလား..."
"ရှင်..."
ချက်ကျလက်ကျရှိသောသူ့စကားကြောင့်..
ရွှေရုပ်ဘာပြောရမှန်းမသိဖြစ်သွားသည်။
"ဒါဆို..ဒီသတင်းကအမှားဆိုတာကိုရော..သူက
သက်သေပြနိုင်လို့လား..."
"ငါ..သက်သေပြနိုင်တယ်....ဘာလို့လဲဆိုရင်
သူကငါ့ရဲ့ချစ်သူဖြစ်နေလို့ပဲ..."
"ဟာ....."
"ဟင်.."
အားလုံးရဲ့တအံ့တဩအသံတွေ..အသင်ကတော့
ဟထားတဲ့ပါးစပ်ကိုပြန်စေ့ဖို့မေ့လျော့နေခဲ့စွာ
သူ့ကိုငေးကြည့်နေမိဆဲ...
"အသင်..."
ထိုအခါမှ..သတင်းကြားပြီးရောက်လာဟန်ရှိသည့်
ကြည်နူးက..အသင့်နားကိုရောက်လာသည်။
"ဘာတွေဖြစ်နေတာလဲ အသင်...သူကရော
ဘယ်သူလဲ.."
ကြည်နူးမေးတာကိုလဲ.အသင်ပြန်မဖြေနိုင်
"ဒါဆို..ဓာတ်ပုံထဲကလူကဘယ်သူလဲ.."
ရွှေရုပ်..မခိုးမခန့်အပြုံးနှင့်သူ့ကိုကြည့်ပြီးမေးသည်။
နေကုဋာလိုလူမျိုးက...ဓာတ်ပုံထဲကလူကငါပါလို့
ဝန်ခံပြီး...သူ့ကိုယ်သူဖော်ထုတ်သွားလောက်တဲ့အထိ
အင်္သချေလို...မိန်းကလေးမျိုးအတွက်
စွန့်စားမှာမဟုတ်ပေ...သို့သော်..အထင်နဲ့အမြင်
လွဲမှားစွာပဲ..အေးစက်စွာပြုံးလိုက်သည့်သူက
"ဓာတ်ပုံထဲကလူက...နေကုဋာ.....အခုဒီမှာ
ရပ်နေတဲ့..ငါကိုယ်တိုင်ပဲ..."
"အို..."
"ဟာ..."
"နေကုဋာတဲ့..."
"ဒါဆိုသူကနေကုဋာလား..."
"အင်္သချေကနေကုဋာနဲ့...ချစ်သူတွေဖြစ်နေတာလား"
တီးတိုးသံတွေဆူညံသွားသည့်..လူတွေကိုသူက
တစ်ချက်ဝေ့ကြည့်ပြီး..အသင့်လက်ကိုဆွဲကာ
လှည့်ထွက်လာသည်။
"အသင်..အသင်...."
ကြည်နူးရဲ့ခေါ်သံကြောင့်...အသင်လည်ပြန်ကြည့်လိုက်ပေမဲ့
ခြေထောက်တွေကတော့သူဆွဲခေါ်ရာနောက်ကို
ပါလာခဲ့ရပြီဖြစ်သည်။
"ဒါ..အိပ်မက်လား...တစ်ကယ်လား..."
အခုချိန်ထိလဲ..ဝေခွဲမရသေးပါပဲ...
💞💞💞💞
ကားပါကင်မှာရပ်ထားသည့်....နောက်ဆုံးပေါ်
ဇိမ်ခံကားကြီးထဲနေသူမကိုတွန်းထည့်သည်။
ပြီးတော့..တစ်ဖက်ကကားမောင်းသူနေရာမှာ.နေ
ဝင်ထိုင်ပြီးသည်အထိ..သူမကကျောက်ရုပ်လေးလို
ငြိမ်သက်နေဆဲ..
"ဟိတ်...ချာတိတ်...."
နေ...ပခုံးကိုပုတ်ကာခေါ်လိုက်တော့..သူမတုန်
သွားသည်။
"ဘယ်လိုဖြစ်နေတာလဲ..ငုတ်တုတ်ကြီးမေ့နေတာလား"
နေ..မေးလိုက်လျှင်..သူမကခေါင်းလေးကိုဆတ်ခနဲ
ခါထုတ်ရင်း..နေ့လက်တစ်ဖက်ကိုဆွဲယူလိုက်ကာ..
"အား..."
ရုတ်တရပ်ကိုက်ချလိုက်တာမို့..နေ..နာကျင်
သွားရသည်။
"မင်း...ဘာလုပ်တာလဲ..."
သွားရာအကွင်းလိုက်ထင်သွားတဲ့လက်ကိုပွတ်ရင်း
နေ..မေးလိုက်သည်။
"ရှင်နာလားဟင်..."
"နာတာပေါ့ကွ...မင်းအရမ်းကိုက်လိုက်တဲ့ဥစ္စာ.."
"ဒါဆို...ဒါအိပ်မက်မဟုတ်ဘူးပေါ့..."
မျက်လုံးလေးကလယ်ကလယ်နှင့်အူကြောင်ကြောင်
သူမရဲ့အမူအယာကြောင့်.နေရယ်ချင်မိသွားရသည်။
အိပ်မက်ဟုတ်မဟုတ်.သူများလက်ကိုကိုက်ပြီးများ
စမ်းသပ်ရတယ်လို့...
"လူရူပ်ကောင်...အသင်ရှင့်ကြောင့်အခုလိုဖြစ်ရတာ.."
သူမက..ထိုအခါမှသတိရသွားဟန်နှင့်..နေ့ကို
ကြည့်ကာရန်တွေ့သည်။
"အဲ့ဒါကြောင့်လဲ..ငါအခုမင်းကိုလာကူညီတာပဲ
မဟုတ်လား..."
ဒါတော့...ဟုတ်သည်။သူသာရောက်မလာရင်
အသင်...အားလုံးရှေ့မှာရွှေရုပ်လွှာအရှက်ခွဲသမျှ
ခံနေရမှာ..
"ဒါဆို...ရှင်ကတစ်ကယ်ပဲနေကုဋာလားဟင်.."
အသင်.မယုံကြည်နိုင်စွာမေးလိုက်မိသည်။သူက..
တစ်ကယ်ပဲ..နေကုဋာဖြစ်နေရင်..အသင့်လိုမိန်းကလေး
တစ်ယောက်အတွက်ဒီလောက်ထိစွန့်စားခဲ့တာလား.
"ဘာလဲ...မင်းကကိုယ့်ကိုအယောင်ဆောင်လို့
ထင်နေလို့လား..."
"အဲ့လိုတော့..မဟုတ်ပေမဲ့..."
အသင်သူ့ကိုဖျပ်ခနဲငေးမိသွားရင်း..ပြောမဲ့စကားက
ထပ်ထွက်မလာခဲ့..
"အများကြီးစဉ်းစားနဲ့...မင်းနဲ့ကိ်ုယ်က..ဘယ်သူက
ဘယ်သူ့အပေါ်...ကျေးဇူးကြွေးတင်နေမှန်းမသိအောင်
ပါတ်သတ်ခဲ့မိကြတာပဲ..မင်း..ဟိုတယ်မှာကိုယ်
နေမကောင်းဖြစ်တုန်းကပြုစုပေးခဲ့တာကို..ကိုယ်
မမေ့ပါဘူး...ပြီးတော့..."
ပြောရင်း..သူကမထီတရီမျက်ဝန်းတွေနှင့်အသင့်ကို
ဲကြည့်ကာ...
"မင်းကိုယ့်ကို...အရူးလုပ်ပြီး..ထွက်ပြေးသွားတာ
ကိုရောပဲ..."
"အသင်က..ရှင့်ကိုဘယ်တုန်းကအရူးလုပ်လို့လဲ"
"ဒါပေမဲ့..မင်းကိုယ့်ကိုနူတ်မဆက်ပဲထွက်သွားတာပဲလေ"
"အသင်က..ရှင့်ကို..ဘာကိစ္စနူတ်ဆက်သွားစရာ
လိုလို့လဲ.."
အသင်..တစ်ခွန်းမကျန်ပြန်ပြောနေတာကိုကြည့်ပြီး
သူကနူတ်ခမ်းလူပ်ရုံပြုံးသည်။
"ခါးပါတ်ပါတ်ထား..."
သူက..ခါးပါတ်ကိုမျက်စပစ်ကာပြောသည်။အသင်..
ခါးပါတ်ပါတ်ပြီးတာနှင့်..သူ့ရဲ့ကားလေးကမောင်းထွက်
လာခဲ့တော့သည်။
💞💞💞
အသင်..သူ့ရဲ့ဇိမ်ခံကားကြီးပေါ်မှာ..ပထမဆုံး
အကြိမ်လိုက်စီးခဲ့ရသည်။
"ရှင်...ဘယ်ကိုမောင်းနေတာလဲ..."
"မင်းနေတဲ့..တိုက်ခန်းကိုလေ..."
"ဟင်...အသင်ဘယ်မှာနေလဲ..ရှင်သိလို့လား.."
အသင်မေးတာကို..သူကမဖြေပဲပြုံးကာ..အရှေ့ကို
ပြန်လှည့်သွားသည်။
"မဟုတ်မှလွဲရော...ရှင်..အသင့်အကြောင်းတွေ
စုံစမ်းနေတာလား..."
"မင်း...ဘယ်လိုထင်လို့လဲ..."
"ရှင်..ဘာလို့...ဂျာနယ်တိုက်ကလူတွေရှေ့မှာ..
အသင်တို့ကချစ်သူတွေလို့ပြောလိုက်တာလဲ.."
"ဘာလဲ..မင်းကနစ်နာတယ်ထင်လို့လား.."
စကားပြောပုံက..မိုးပေါ်ကကိုမဆင်းဘူး...
အသင်စိတ်တိုတိုနဲ့တွေးလိုက်မိသည်။
"စိတ်မပူပါနဲ့...ကိုယ့်ခွင့်ပြုချက်မရပဲ..ဘယ်ဂျာနယ်တိုက်
ကမှ...ကိုယ့်သတင်းကိုမတင်ရဲဘူး...ခုလောက်ဆိုရင်..
ကိုယ့်ရဲ့ရှေ့နေတွေမင်းတို့အယ်ဒီတာချုပ်ဆီရောက်နေ
လောက်ပြီ...ဒီနေ့ကိစ္စကိုအတွင်းထဲမှာပင်ဖျောက်ပစ်ဖို့လေ.
မဟုတ်ရင်...မင်းတို့ဂျာနယ်တိုက်လောက်ကတော့
နေ့ချင်းညချင်းပျောက်ကွယ်သွားအောင်ကိုယ်
လုပ်ပစ်နိုင်တယ်..."
သူ..ခြိမ်းခြောက်နေတာမဟုတ်ဘူးဆိုတာ..အသင်
သိသည်။သူ့လို..လူတစ်ယောက်အတွက်..ဒါက
ခက်ခဲတဲ့ကိစ္စမှမဟုတ်တာ...
"မင်းရဲ့သတင်းကိုတင်ခဲ့တဲ့...hot new page
ဆိုတာလဲ..နောက်ထပ်ပေါ်လာတော့မှာမဟုတ်ဘူး...
မင်းရဲ့သတင်းကသိပ်မကြာခင်ကောလဟာလ
အဖြစ်နဲ့..ပျောက်ကွယ်သွားမှာပါ..."
အသင်...သူ့ကိုငေးကြည့်ရင်း..ဘာမှမပြောနိုင်ပဲ
ရင်တွေတဒိတ်ဒိတ်ခုန်လာရသည်။သူက..အသင့်အတွက်
ကယ်တင်ရှင်ပါ..သူ့ကြောင့်သာ..အသင်အရှက်တကွဲ
မဖြစ်ရတာ..
"ကိုယ်ကဈေးကြီးတယ်နော်...ဒီလိုခွင့်မတောင်းပဲ
ကြည့်နေရင်..တစ်ခုခုပြန်ပေးရမယ်.."
"ရှင်..."
မျက်လုံးလေးပြူးကာ..မျက်နှာကိုတစ်ဖက်သို့
ချက်ချင်းလွှဲသွားသော..ကောင်မလေးကိုကြည့်ပြီး
နေ...ရယ်လိုက်မိသည်။
အသင်..သူ့ကိုလဲနောက်ထပ်မကြည့်ရဲတော့ပဲ
ကားမှန်ကိုသာမျက်လုံးစိုက်ထားပြီး..စိတ်လူပ်ရှားတိုင်း
လုပ်နေကြဖြစ်တဲ့..အိတ်ထဲကပီကေတစ်ခုကို
ထုတ်ယူကာ..ဝါးနေလိုက်သည်။
"ကျွီ..."
များမကြာမီ..သူ့ရဲ့ကားကအသင်တို့ရဲ့တိုက်ခန်း
အောက်ကို..ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်။
"ရှင်..တစ်ကယ်အသင်နေတဲ့နေရာကိုသိနေတာပဲ.."
"မင်း..ဒီနေ့တော့အိမ်ထဲမှာပဲ..အေးအေးဆေးဆေး
နားလိုက်တော့..အသင်..."
ပထမဆုံးအနေနဲ့ သူ့နူတ်ကနေအသင့်နာမည်ကို
ခေါ်တာကြားလိုက်တာမို့..အသင်ရင်တွေ..ဒိတ်ခနဲ
ခုန်သွားရသည်။
"အသင်..ရှင့်ကိုကျေးဇူးတင်ပါတယ်နော်..."
အသင့်စကားကြောင့်သူကအသင့်ဘက်ကိုလှည့်လာသည်။
"ဒါဆို..ဘယ်လိုကျေးဇူးပြန်ဆပ်မယ်စဉ်းစားထားလဲ"
"ရှင်..."
"ကျေးဇူးဆိုတာ..တင်နေရင်..ပြန်ဆပ်ရမယ်လေ..."
"ဟို..ဟို..အသင်က..အမေ့..."
တဟိုဟိုနှင့်စကားမဆက်နိုင်ဖြစ်နေတဲ့..အသင့်နားကို
သူကဖျပ်ခနဲတိုးရွေ့လာကာ..လက်ကောက်ဝတ်လေး
နှစ်ဖက်ကိုချုပ်ကိုင်လိုက်သည်။
"ကိုယ့်လက်ကိုကိုက်ခဲ့တဲ့အတွက်..ကိုယ့်ကို
ခွင့်မတောင်းပဲကြည့်ခဲ့တဲ့အတွက်..ဘန်ကောက်က
ဟိုတယ်ခန်းထဲမှာ..ကိုယ့်ကိုအရူးလုပ်သွားခဲ့တဲ့အတွက်
အဲ့ဒါတွေအတွက်ဘယ်လိုပြန်ဆပ်မယ်စဉ်းစားထားလဲ"
အသင်...နီးကပ်နေတဲ့သူ့မျက်နှာချောချောကို
ငေးကြည့်ရင်း...ဘာမှမပြောနိုင်ပဲ..ပါးစပ်ထဲက
ပီကေကိုသာကြိတ်ဝါးနေကာ..နူတ်ခမ်းတွေကတင်းတင်း
စေ့နေမိသည်။
"အဲ့ဒါကလေ..အသင်...အွင်း..."
စကားပြောဖို့ပွင့်ဟသွားတဲ့..နူတ်ခမ်းနူတ်လွှာ
ကြားမှာတိုးဝင်လာတဲ့သူ့နူတ်ခမ်းတွေကြောင့်
အသင်မျက်လုံးလေးဝိုင်းဝိုင်းလည်သွားရသည်။
နေ...သူမရဲ့နူတ်ခမ်းသားနွေးနွေးလေးတွေကို
တစ်လွှာချင်းဖြည်းညင်းစွာစုပ်နမ်းနေမိသည်။
သူမရဲ့အထိအတွေ့ကယစ်မူးဖွယ်ကောင်းသည်။
သူမကရုန်းလေ..နေ့ရဲ့အနမ်းတွေကပိုပြီးကြမ်းတမ်း
လာလေပဲဖြစ်နေသည်။
သူက..နမ်းနေရင်း..လက်နောက်ပြန်နှင့်ခလုတ်တစ်ခုကို
နှိပ်လိုက်ရာ..အသင်ထိုင်နေတဲ့..ကားကူရှင်က
အနောက်ကိုတဖြေးဖြေးလန်ကျသွားပြီး..အသင်
သူ့ရင်ခွင်အောက်ကိုရောက်သွားရသည်။
"အွင်း..ဟွင်း..."
အသင်..သူ့အနမ်းကြမ်းများအောက်မှာ..မွန်းကြပ်ကာ
အသက်ရူမဝတော့..သူ့လက်တစ်ဖက်ကလဲ..အသင့်ရဲ့
လက်မောင်းသားလေးနှင့်..ရင်ဘတ်လေးထက်မှာ
ပွတ်သပ်ထိတွေ့နေသည်။
"ဟင့်အင်း..."
အသင်..သူ့နူတ်ခမ်းတွေနှင့်လွတ်သွားအောင်
ခေါင်းကိုခါရမ်းလိုက်ကာ..သူ့လည်ပင်းကို
တအားဖက်လိုက်ပြီးမျက်နှာကိုကွယ်လိုက်သည်။
"........."
ပြင်းရှရှအသက်ရူသံတစ်ချို့ကလွဲရင်..ကားထဲမှာ
ခဏတာတိတ်ဆိတ်သွားသည်။
"Sorry ကိုယ့်စိတ်ကိုယ်မထိန်းလိုက်နိုင်ဘူး.."
တောင်းပန်စကားကိုတိုးရှရှဆိုပြီး..သူကအသင့်ကို
လွှတ်ပေးသည်။ကားထဲမှာအားလုံးပုံမှန်ပြန်ဖြစ်
သွားတော့မှ..အသင်..ဖရိုဖရဲဖြစ်သွားတဲ့အကျႌကို
သေချာဆွဲဆန့်လိုက်သည်။သူ့ဘက်ကိုလဲလှည့်
မကြည့်ရဲ..ထိုစဉ်ပါးစပ်ထဲမှာတစ်ခုခုလိုနေသလို...
"ငါ့ပီကေ..."
"ဖောက်..."
အတွေးမဆုံးလိုက်..ကြားလိုက်ရတဲ့ပီကေဖောက်သံ
ကြောင့်..အသင့်သူ့ကိုချာခနဲလှည့်ကြည့်လိုက်မိသည်။
"အမ...အု"
ပီကေကိုတလူပ်လူပ်ဝါးရင်းအသင့်ကိုမချိုမချဉ်
ကြည့်နေတဲ့သူ့ကြောင့်လန့်အော်မိမလိုဖြစ်သွားတဲ့
ပါးစပ်ကိုလက်နှင့်အမြန်အုပ်လိုက်ရသည်။
"ပီကေကသူ့ဆီရောက်သွားတာလား.."
"ဖောက်.."
မျက်လုံးလေးဝိုင်းပြီးကြည့်နေတဲ့အသင့်ရဲ့မေးဖျား
လေးကို..သူကဆွဲညှစ်လူပ်ခါလိုက်ရင်း..
"ပီကေတွေတစ်ချိန်လုံးဝါးမနေနဲ့...မင်းရဲ့ပါးဖောင်းဖောင်း
လေးတွေပိန်ကုန်လိမ့်မယ်..."
အသင်မျက်နှာလေး..ခရမ်းချဉ်သီးလိုရဲတက်
သွားသည်။ထို့နောက်...သူ့ကိုတောင်နူတ်မဆက်
နိုင်ပဲ..ကားပေါ်ကနေဆင်းပြေးလာခဲ့ရင်း....
"အဟွန့်...."
နောက်ကြောင်းကိုပြန်မကြည့်ပဲ..တစ်ချိုးထဲ
တိုက်ခန်းပေါ်တက်ပြေးသွားတဲ့သူမကိုကြည့်ပြီး..
နေ..အသံထွက်အောင်ပင်ရယ်လိုက်မိသည်။
"မင်းရဲ့နူတ်ခမ်းတွေက..စွဲမက်စရာကောင်းတယ်..
အင်္သချေ.."
💞💞💞💞
"ဘာလို့...ငါကြံစည်သမျှတစ်ခုမှဖြစ်မလာရတာလဲ.."
"ဝုန်း...ခွမ်း..."
ရွှေရုပ်ရဲ့ဒေါသက...အခန်းထဲကသက်မဲ့ပစ္စည်းတွေ
အပေါ်ပုံကျနေသည်။
"အင်္သချေ...နင်ကဘာမို့လို့..နေကုဋာနဲ့
ပါတ်သတ်နိုင်ရတာလဲ..."
"ခွမ်း..."
"အား...ဟား..."
ရွှေရုပ်ဒေါသတကြီးအော်ဟစ်ရင်း...ကုတင်ပေါ်
ဝုန်းခနဲပစ်လဲချလိုက်သည်။
"သူကငါ့ရဲ့ချစ်သူဖြစ်နေလို့ပဲ..."တဲ့
နေကုဋာ ပြောခဲ့တဲ့စကား..ဘယ်လောက်
အသည်းယားစရာကောင်းလဲ...
"နင်အမြဲတမ်း..ကံမကောင်းနိုင်ပါဘူး....
အင်္သချေ..ငါ့အလှည့်ကျရင်တော့..
နင့်ကိုခေါင်းမဖော်နိုင်အောင်လုပ်ပြမယ်...
စောင့်ကြည့်နေလိုက်..."
ဒေါသတကြီးကြုံးဝါးလိုက်မိရင်း.....
💖💖💖
"လုံးဝမီးအသေပဲအသင်ရေ...အယ်ဒီတာက
နေကုဋာ ဆီကဘယ်လိုတောင်သတိပေးခံခဲ့ရလဲ
မသိဘူး..ဒီနေ့..ကိစ္စတွေကိုဘယ်သူမှအပြင်ကို
မပေါက်ကြားစေရဘူးဆိုပြီး..တစ်ချက်လွတ်
အမိန့်ကိုထုတ်လိုက်တာ..."
ကြည်နူးပြောသမျှကိုနားထောင်ရင်း..အသင်
သက်ပြင်းချလိုက်မိသည်။
"အသင်...နင်နဲ့..နေကုဋာနဲ့ကဘယ်လိုဖြစ်ပြီးချစ်သူတွေ
ဖြစ်သွားရတာလဲ..ငါတော့လုံးဝလိုက်မမှီတော့ဘူး"
"အဲ့ဒီ့အကြောင်းကပြောရရင်ရှည်တယ်ဟ...ငါ
နောက်တော့လူချင်းတွေ့ရင်ရှင်းပြမယ်ဟာ.."
"အေးပါ...ဒါနဲ့နင်မနက်ဖြန်ရုံးတက်မှာမဟုတ်လား"
"ဟင့်အင်း..ငါခွင့်ယူထားတယ်..အဖွားနဲ့သွား
တွေ့ရမှာ..ပြီးတော့..."
နေစရာလဲလိုက်ရှာရဦးမှာဆိုတာကို..အသင်
ထည့်မပြောဖြစ်ပါ..တော်ကြာကြည်နူးက
စိတ်ပူနေဦးမည်..အသင်..ကိုယ့်ဒုက္ခကို
သူများကိုဝေမျှမပေးချင်ပါ...
"ကြည်နူး...ငါဖုန်းချလိုက်တော့မယ်ဟာ..
နည်းနည်းပင်ပန်းနေလို့...နောက်မှတွေ့မယ်"
"အေး..အေး...ကိုယ့်ကိုကိုယ်လဲဂရုစိုက်ဦးနော်..
အသင်..."
ကြည်နူးဖုန်းချသွားတော့..အသင်အရုပ်ကြိုးပြတ်
ကုတင်ပေါ်ထိုင်ချလိုက်သည်။တိုက်ခန်းပေါ်က
မနက်ဖြန်ညနေဆိုရင်ပဲဆင်းပေးရမှာ..အခုထိ
နေစရာမှရှာမရသေး..
"မနက်ဖြန်မှနေစရာရှာမရရင်..ငါတော့လမ်းပေါ်
ရောက်တော့မယ်..လက်ထဲမှာပိုက်ဆံကလဲနည်းနေ
တယ်..ငါတော့ဘာလုပ်ရမလဲမသိတော့ဘူး"
အတွေးနဲ့တင်အသင်မွန်းကြပ်လာရသည်။ထိုအခါ..ကုတင်ခေါင်းရင်းမှာရှိနေတဲ့..
သံစဉ်သေတ္တာလေးကိုဖွင့်လိုက်သည်။
"🎵🎵🎵🎵"
ငြိမ့်ညောင်းတဲ့သံစဉ်နဲ့..ချာချာလည်နေတဲ့အရုပ်
ကလေးကိုကြည့်ပြီး..အသင်မျက်ဝန်းတွေကို
မှိတ်ထားလိုက်တော့..အာရုံထဲမှာပေါ်လာတဲ့ကိုကိုရဲ့
မျက်နှာ...
"ဘယ်တွေရောက်နေတာလဲ..ကိုကိုရယ်"
💞💞💞💞💞
"မျက်နှာလေး..ချောင်သွားတယ်..အလုပ်ပင်ပန်း
လို့လား..မြေးရယ်..."
အသင့်ရဲ့မျက်နှာလေးကိုကိုင်ကြည့်ပြီး..အဘွားက
ပြောသည်။
"မဟုတ်ပါဘူး..အဘွားရယ်...အသင်..ခရီးက
ပြန်လာတာမကြာသေးတော့..ပင်ပန်းနေလို့ပါ"
"တစ်ယောက်ထဲနေရတာ..အဆင်ပြေရဲ့လား
အသင်လေး..."
"ပြေတာပေါ့...အသင်ကဘယ်သူမို့လို့လဲ...ကိုကိုချမ်းရဲ့
ညီမလေးပဲလေ..အသင်ကိုယ့်ကိုကိုယ်စောင့်ရှောက်
နိုင်ပါတယ်အဘွားရဲ့..အဘွားသာအသင့်အတွက်
စိတ်မပူပဲ..စိတ်အေးလက်အေးတရားအားထုတ်
ဟုတ်ပြီလား.."
အဘွားကအသင့်ကိုကြည့်ကာသဘောကျသလို....
ြ့ပုံးသည်။
အသင်..လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေ
အကြောင်း..အဘွားကိုမသိစေချင်ပါ..အဘွားက
ဘဝတစ်လျောက်လုံးအသင့်ကိုဒုက္ခခံပြီး..
စောင့်ရှောက်လာခဲ့ရတာ..အခုမှအေးချမ်းနေတဲ့
အဘွားရဲ့စိတ်တွေအသင့်ကြောင့်အနှောင့်ဖြစ်မှာကို
အသင်လုံးဝမလိုချင်ပါဘူးလေ.....
💞💞💞
လက်ထဲမှာ..ရှိတဲ့ပိုက်ဆံနှင့်နေဖို့ထိုင်ဖို့က..
ဘယ်လိုမှအဆင်မပြေနိုင်ပဲ...အသင်..
နေစရာမရှာနိုင်ခဲ့.....
ဒါပေမဲ့လဲ...တိုက်ခန်းပိုင်ရှင်ဆိုတဲ့လူမိုက်တွေနဲ့
မပါတ်သတ်ချင်တာမို့..အသင်..အထုတ်အပိုးတွေ
သိမ်းဆည်းကာ..ညနေစောင်းမှာပဲ..တိုက်ခန်းကနေ
ဆင်းလာခဲ့သည်။
"ငါ...အခုဘယ်ကိုသွားရမှာလဲ..."
အထုတ်အပိုးတွေနဲ့ဆင်းလာခဲ့ပေမဲ့လဲ...
သွားစရာနေရာကမရှိ..ရင်းနှီးတဲ့သူငယ်ချင်း
ဆိုလို့ကြည်နူးတစ်ယောက်ပဲရှိတာ..သူမကလဲ
နယ်ကနေတက်လာပြီးအဒေါ်တွေအိမ်ကပ်နေရတာ
"မတတ်နိုင်ဘူး..ဒီညတော့..တည်းခိုခန်းတစ်ခုခုမှာ
အိပ်ရမယ်..မနက်ကျမှဈေးသက်သာတဲ့အဆောင်
ဖြစ်ဖြစ်နေဖို့စုံစမ်းကြည့်ရမယ်.."
အဆောင်မှာလုံးဝမနေချင်လို့နောက်ဆုံးအချိန်ထိ
တင်းခံနေပေမဲ့...မရတော့ပါ...
အသင်...တက္ကစီဌားဖို့ပင်..စိတ်မပါတော့ပဲ
အထုတ်အပိုးတွေဆွဲကာ..လေးလံသောခြေလှမ်း
တွေနှင့်လျောက်လှမ်းနေခဲ့ရင်း....
💞💞💞💞
"ဘာပြောတယ်...အင်္သချေကတိုက်ခန်းပေါ်က
ဆင်းသွားပြီ...ဟုတ်လား..."
"ဟုတ်ပါတယ်...boss..သူနေတဲ့တိုက်ခန်းပိုင်ရှင်က
အကြွေးဆပ်စရာရှိလို့..တိုက်ခန်းကိုရောင်းလိုက်ပုံပဲ"
"ဒါဆို..သူအခုဘယ်မှာလဲ..."
"ကျွန်တော်စုံစမ်းမိသလောက်ကတော့..သူနေစရာ
ရှာမရသေးပါဘူး..."
"ဒါဆို...သူကဘယ်ကိုဆင်းသွားတာလဲ.."
နေ့အမေးကြောင့်.. .ဇ,ခေါင်းငုံ့သွားရင်း
"ကျွန်တော်လဲမသိပါဘူး...boss..."
"ကျစ်...ဒီကောင်မလေးကတော့..."
နေ...စိတ်ရူပ်သလိုရေရွတ်ရင်း..အပေါ်ထပ်
အကျႌကိုယူကာ..အလုပ်ခန်းထဲကနေထွက်လာခဲ့သည်။
"bossက...အင်္သချေဆိုတဲ့ဒီကောင်မလေးကိုမှ
ဘာတွေအသည်းအသန်ဖြစ်နေတာလဲ..မသိဘူး"
ဇ,တစ်ယောက်ထဲနားမလည်နိုင်စွာကျန်နေခဲ့ရရင်း.....
💞💞💞
"ဟေ့..အသည်းလေး..တစ်ယောက်ထဲလား"
"ဝူး...."
ပြီတီတီအသံတွေနှင့်အတူ..အသင့်ဘေးနားကနေ
ကပ်မောင်းသွားတဲ့..လူသုံးယောက်စီးနင်းလိုက်ပါ
လာသောဆိုင်ကယ်က..အသင်နှင့်ခပ်လှမ်းလှမ်းအထိ
မောင်းနှင်သွားပြီးမှ..ပြန်ကွေ့လာကာ...အနားမှာ
ရပ်လိုက်သည်။
"အချောလေး..တစ်ယောက်ထဲအထုတ်ေတွနဲ့
ပင်ပန်းနေပြီလား..ကိုယ်တို့လိုက်ပို့ပေးမယ်လေ..."
ဆိုင်ကယ်ပေါ်ကနေဆင်းလာတဲ့..လမ်းသရဲပုံစံနှင့်
လူငယ်၃ယောက်က..အသင့်ကိုဝိုင်းလိုက်ကြသည်။
အသင်ရောက်နေတာက..ဈေးပေါပေါတည်းခိုခန်းတွေ
ရှိနေသည့်လူပြတ်သောလမ်းမှာဖြစ်သည်။
"ရတယ်...အကူအညီမလိုဘူး...ကျွန်မရှေ့ကနေ
ဖယ်ပါ..."
အသင်...အတတ်နိုင်ဆုံးလေအေးအေးနှင့်ပြောလိုက်သည်။
"ဘာလဲ..ဈေးကိုင်တာလား..ကိုယ်တို့ကကူညီ
ချင်လို့ပါကွာ..."
"အို...ဘာလုပ်တာလဲ..."
ပြောရင်းတစ်ယောက်ကအသင့်လက်ကိုလှမ်းဆွဲတာမို့
အသင်ခါထုတ်လိုက်သည်။
"ဟား..ဟေ့ကောင်တွေ..အချောလေးက
ဒေါသကြီးတယ်ကွ..."
"လာပါ..ညီမလေးရာ..အကိုတို့နဲ့လိုက်ခဲ့စမ်းပါ
ပျော်သွားစေရမယ်..."
"မိုက်ရိုင်းလှချည်လား...လူကိုဘယ်လိုမိန်းမစား
အောက်မေ့နေလဲ...ဖယ်...လွှတ်..."
အသင်နဲ့ထိုလူတွေရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်.
"တီ..."
သံရှည်ဆွဲကာ..တီးလိုက်သောဟွန်းသံနှင့်အတူ...
ဝင်းခနဲကျရောက်လာတဲ့ကားမီးရောင်ကြောင့်
အသင်မျက်လုံးကိုလက်နှင့်ကွယ်လိုက်မိသည်။
"ဝေါ..."
ထိုအခါ...အသင်တို့ရပ်နေတဲ့ဘက်တည့်တည့်ကို
ဦးတည်မောင်းလာတဲ့..စတီးရောင်တဖိတ်ဖိတ်
လက်နေတဲ့ပြိုင်ကားလေးတစ်စီး....
"ကား...ကား..."
ဘယ်လိုမှအရှိိန်ရပ်မည့်ပုံမပေါ်တဲ့ပြိုင်ကားကြောင့်
ထိုသူတွေဝရုန်းသုန်းကားပလက်ဖောင်းပေါ်တက်
ပြေးကြသည်။အသင်ကြောင်ပြီးရပ်နေမိစဉ်.တဖြေးဖြေး
နီးကပ်လာတဲ့ကားကြောင့်..အလန့်တကြားမျက်ဝန်း
တွေမှိတ်ချလိုက်စဉ်....
"ကျွီ..."
ကျယ်လော See less