💞စေတန်ရဲ့သတို့သမီး💞
💞💞💞
"ရှင်တို့ဘာတွေလာပြောနေကြတာလဲ..."
"မင်းကြည့်ရတာငါတို့ကိုမယုံတဲ့ပုံပဲ..ဟေ့ကောင်စိုးကြီး
စာချုပ်ပြလိုက်စမ်း...."
ခေါင်းဆောင်ရဲ့အမိန့်ကြောင့်...စိုးကြီးဆိုသူက..
လက်ထဲမှာကိုင်ထားတဲ့စာချုပ်ကို...ဖြန့်ပြသည်။
"ဒါ...ဒါဆို..."
"ဟုတ်တယ်...ဒီတိုက်ခန်းကအခုငါ့အပိုင်ပဲ...
အဲ့ဒါကြောင့်...မင်းပေးဖို့ကျန်နေတဲ့...တိုက်ခန်းလခတွေ
ငါ့ကိုပေးပြီးတော့...ဒီတိုက်ခန်းပေါ်ကနေဆင်းပေးရမယ်"
"ရှင်..."
အသင်...အံ့ဩပြီးဘာမှမပြောနိုင်ဖြစ်နေတော့...
ထိုလူကအသင့်ရှေ့တိုးလာသည်။
"၃ရက်ပဲ...ကောင်မလေး...၃ရက်ပြည့်တာနဲ့...
မင်းကိုငါဒီတိုက်ခန်းပေါ်မှာမမြင်ချင်ဘူး....
အဲ့လိုမှမဟုတ်ရင်တော့...ငါ့အဆိုးမဆိုနဲ့...."
ပုံစံတွေကိုကြည့်ရုံနှင့်...လူမိုက်တွေမှန်း...သိသာနေတဲ့
ထိုလူတွေ....ခြေသံခပ်ကြမ်းကြမ်းနဲ့..အသင့်ရဲ့
အခန်းထဲကနေထွက်သွားကြမှ....
"မမဝင်း...မမဝင်းဆီ..ဖုန်းဆက်ရမယ်..."
အသင်...တိုက်ခန်းပိုင်ရှင်ကိုသတိရသွားကာ...
ဖုန်းခေါ်ပေမဲ့.....
"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ...ဆက်သွယ်၍မရပါ..."
ဖုန်းထဲမှာထပ်ခါထပ်ခါကြားနေရသောအသံကြောင့်..
အသင်စိတ်ညစ်သွားရသည်။မမဝင်းရဲ့ယောကျာၤးက
လောင်းကစားမက်သူတစ်ယောက်ဟုအသင်သိသည်။
အခုသူ့ရဲအကြွေးတွေကိုဆပ်ပေးရတာပဲနေမည်...
အဲ့ဒါထက်...လက်ထဲရှိသမျှပိုက်ဆံတွေကို...
သုံးလေးလအကြွေးကျန်နေတဲ့တိုက်ခန်းလခကိုပါ
ပေးပြီး...အိမ်ပေါ်ကဆင်းရရင်...အသင်ဘယ်သွား
နေရမလဲ...
အတွေးနဲ့ငိုချင်သွားရသည်။
"ဘာလို့...ငါဒီလောက်တောင်ကံဆိုးနေရတာလဲ..."
စိတ်ပျက်လက်ပျက်ငြီးငြူလိုက်မိရင်း.....
💞💞💞💞
"ဒီတစ်ရက်နှစ်မှာ...ခေါင်းကိုက်တာကပိုဆိုးလာတယ်...
အန်ကယ်...ဘာမှန်းမပြီပြင်တဲ့...ပုံရိပ်တွေပေါ်လာတာက
လဲခဏခဏပဲ...အန်ကယ်စီစဉ်ပေးထားတဲ့ဆေးနဲ့
ကျွန်တော်မတိုးတော့တာလား..."
ဘန်ကောက်ကနေပြန်ရောက်ျရာက်ခြင်း...နေ...
နေမကောင်းတာကိုကြားတော့...အန်ကယ်ဂျိမ်းက...
ဒေါက်တာဦးထွန်းမြတ်ကိုချက်ချင်းအိမ်ကိုလာစေပြီး
နေ့ကိုကြည့်ခိုင်းသည်။
"ဆေးကတော့...သခင်လေးသုံးနေကြဆေးပုံမှန်ပါပဲ...
ဒီထက်ဆေးပြင်းပြင်းတွေသုံးလို့ရှိရင်...သခင်လေးရဲ့
ခန္တာကိုယ်က...ခံနိုင်မှာမဟုတ်ဘူး..."
"ဒီလိုနဲ့...ကျွန်တော်...မှတ်ညဏ်တွေပြန်ရလာနိုင်
မလား..."
နေ့စကားကြောင့်...အန်ကယ်ဂျိမ်းနဲ့ဦးထွန်းမြတ်
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ...
မျက်နှာပျက်သွားကြသည်။
"အတင်းကြီးမစဉ်းစားပါနဲ့...သခင်လေးအတွက်မကောင်း
ဘူး...လက်ရှိသုံးနေတဲ့ဆေးကအဆင်မပြေရင်...
ကျွန်တော်...ဆေးပြောင်းသုံးဖို့စီစဉ်လိုက်ပါ့မယ်..."
"အန်ကယ်...အဆင်ပြေသလိုလုပ်ပါ..."
အန်ကယ်...ဦးထွန်းမြတ်ထွက်သွားတော့...အခန်းထဲကို
ဇဝင်လာသည်။
"Boss...ဟန်ခေးဆီက...mailဝင်လာတယ်...
အရောင်းအဝယ်ကိစ္စတွေအားလုံးအဆင်ပြေပြေ
ပြီးသွားပါပြီတဲ့...အခုကနယ်စပ်မှာ...အစစ်အဆေးတွေ
များနေလို့...တစ်ရက်နှစ်ရက်နေရင်ပြန်ဆင်းလာခဲ့
ပါ့မယ်တဲ့..."
"ပစ္စည်းတွေကိုသေချာလုံခြုံအောင်ဂရုစိုက်ဖို့
မှာထားလိုက်...လုံခြုံရေးမပေါ့စေနဲ့...ပြီးတော့...
အခြေအနေကိုမပြတ်သတင်းပို့ဖို့...ဟန်ခေးကို
မှာထားလိုက်...."
"ဟုတ်ကဲ့ပါ...boss..."
"မနေ့က...ဝင်ထားတဲ့...သဘောၤကအစီးတွေကို...
ဈေးကွက်ထဲပို့ဖို့အန်ကယ်ဂျိမ်းပြင်ဆင်လိုက်တော့..."
"ဟုတ်ကဲ့..."
နေကုဋာ ဆိုသောသူသည်။အလုပ်လုပ်ရာတွင်
ပြတ်သားတိကျသလောက်...အမှားအယွင်းမရှိသူ
လဲဖြစ်သည်။
"ပြီးတော့...One နဲ့ပါတနာစာချုပ်အတွက်...
ကုမ္မဏီရဲ့ရှေ့နေချုပ်နဲ့တိုင်ပင်ရလိမ့်မယ်..."
"Oneနဲ့လက်တွဲဖို့ဆုံးဖြတ်ပြီးပြီလား...သခင်လေး..."
"ဟုတ်တယ်...ကြည့်ရသလောက်တော့...Oneနဲ့...
ပါတနာဖြစ်လာခဲ့ရင်...ကျွန်တော်တို့အတွက်...
အရူံးမရှိနိုင်ပါဘူး...."
အဆုံးသတ်ပြောရင်း...နေထထွက်လာခဲ့သည်။
💞💞💞💞💞
"ဟား...ဟား...နောက်ဆုံးတော့...The Sunနဲ့
လက်တွဲနိုင်ခဲ့ပြီ...ဒယ်ဒီ့ရဲ့အိပ်မက်တွေတစ်ကယ်
ဖြစ်လာခဲ့ပြီ.....သိရဲ့လာ...သလင်း..."
"နေကုဋာ နဲ့လက်တွဲရမှာကို...ဒယ်ဒီအဲ့လောက်တောင်
ပျော်လား..."
သမီးဖြစ်သူရဲ့စကားကြောင့်...ဦးကျော်မော်ကရယ်သည်။
"သန်းပေါင်းများစွာသောအမြတ်အစွန်းတွေကိုရလာတော့
မှာကို...ဘယ်မပျော်ပဲရှိပါ့မလား...သလင်းရယ်...
The Sun ကမြန်မာပြည်ရဲ့...ကျောက်မျက်ရတနာ
ဈေးကွက်တစ်ခုလုံးကိုချုပ်ကိုင်ထားတာ...
မြန်မာပြည်တင်မဟုတ်ဘူး...ပြည်ပနိုင်ငံတွေအထိပါ...
The Sun ရဲ့.Jewellery Showrooms တွေက
ဘယ်သူမှမယှဉ်နိုင်ဘူး...ပြီးတော့...နေကုဋာ က
နိုင်ငံခြားနဲ့ဖက်စပ်လုပ်ငန်းတွေမှာအရမ်းကိုအောင်မြင်
နေတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလေ...သူနဲ့
လက်တွဲရတာ...ဒယ်ဒီ့အတွက်အံ့မခန်းပဲ..."
ဝမ်းသာမဆုံးနိုင်ဖြစ်နေတဲ့...အဖေဖြစ်သူကိုကြည့်ပြီး...
သလင်းက...နူတ်ခမ်းမဖွင့်ပဲရယ်သည်။
"နေကုဋာ ကိုချီးကျူးတာတွေကမကုန်နိုင်သေးဘူးလား
ဒယ်ဒီရယ်..."
"ချီးကျူးထိုက်သူမို့ချီးကျူးတာပဲ...ပြီးတော့...သမီးကိုလဲ
ဒယ်ဒီတစ်ခါထဲမှာထားရဦးမယ်...အခုခိျန်ကစပြီး..
နေကုဋာနဲ့ ရင်းနှီးအောင်နေရမယ်...သူ့ကိုသမီးဘက်
ပါအောင်...ဆွဲဆောင်နိုင်ရင်တော့အကောင်းဆုံးပဲ..."
"လွယ်ပါ့မလား...ဒယ်ဒီ..သူ့ကိုကြည့်ရတာ...
မိန်းကလေးတွေနဲ့ပါတ်သတ်ပြီးအတွေ့အကြုံတော်တော်
ရှိတဲ့ပုံပဲ...တော်ရုံတန်ရုံမာယာလော်နဲ့တော့...
ပျော်ဝင်သွားမှာမဟုတ်လောက်ဘူး..."
"ဒယ်ဒီ့သမီးကဘယ်သူမို့လို့လဲ...နာမည်ကျော်
အလှဘုရင်မသလငး်နှင်းဆီပဲလေ...နိဒါန်းသစ်လို...
မြာပွေတဲ့...ဟိုက်ဘော့စ်တစ်ယောက်လုံးတောင်...
ငါ့သမီးအလှမှာမူးယစ်စွဲလမ်းသွားခဲ့တာပဲလေ...
နေကုဋာကရော...ဘာသားနဲ့ထုထားတာမို့လို့လဲ..."
ဒယ်ဒီ့စကားကြောင့်...သလင်းခပ်လွင့်လွင့်ရယ်လိုက်မိသည်။
"မကြာခင်ကျရောက်တော့မဲ့...သမီးရဲ့မွေးနေ့ပါတီမှာ
နေကုဋာ့ကိုငါ့သမီးရဲ့လူဖြစ်သွားအောင်ကြိုးစား
လိုက်စမ်းပါ..."
သလင်းအနေနဲ့ကရော...ဒီလိုဥစ္စာပေါရုပ်ချော
ဟိုက်ဘော့တစ်ယောက်ကိုလက်လွတ်ခံစရာလား...
နေကုဋာနဲ့ ယှဉ်လိုက်ရင်...နိဒါန်းသစ်က...
ဆွဲဆောင်မူ့ရှိတာချင်းရော...ကြွယ်ဝတာချင်းပါ....
အပုံကြီးကွာသည်။
"စိတ်ချ...ဒယ်ဒီ...နေကုဋာ ဆိုတဲ့မင်းသားလေးမကြာခင်
သလင်းလက်ခုပ်ထဲကရေဖြစ်လာစေရမယ်..."
သလင်းစကားကြောင့်...ဒယ်ဒီကသဘောအကျကြီး
ကျသွားကာ...ခေါင်းတဆတ်ဆတ်ငြိမ့်သည်။
သလင်းကတော့...ပန်းဆီရောင်နူတ်ခမ်းပါးလေးတွေကို
လှပစွာတွန့်ပြုံးလိုက်ရင်း....
"ရှင်က...သလင်းအတွက်ပဲဖြစ်ရမယ်...ကိုနေ...."
💞💞💞💞💞
"🎵🎵🎵🎵🎵"
သခင်လေးရဲ့နားနေခန်းရှေကဖြတ်သွားစဉ်...
ကြားလိုက်ရတဲ့...စန္ဒယားသံကြောင့်...ဂျိမ်းခြေလှမ်းတွေ
တုံ့ခနဲဖြစ်သွားသည်။
"သခင်လေးစန္ဒယားတီးနေတာလား..."
ဂျိမ်း...အံ့ဩသွားရသည်။သခင်လေးကအင်မတန်
စိတ်ကြည်လင်နေတဲ့အချိန်မိျုးမှသာ...စန္ဒယား
တီးတတ်တာ....ဒီလိုနေမကောင်းတဲ့အချိန်မှာတောင်...
စန္ဒယားရှေ့ထိုင်နေတာလား...အတွေးနဲ့...
"ဒေါက်...ဒေါက်..."
တံခါးကိုခေါက်ကာအသိပေးလိုက်ရင်း...အခန်းတံခါးကို
ဖွင့်ကာဝင်လာခဲ့သည်။
နားနေခန်းရဲ့ထောင့်ကစန္ဒယားခုံပေါ်မှာထိုင်နေတဲ့...နေ...
သွယ်လျတဲ့...လက်ချောင်းရှည်ရှည်တွေက...
စန္ဒယားခလုတ်တွေပေါ်မှာပြေးလွှားနေရင်း...
ငြိမ့်ညောင်းသောသံစဉ်တွေကိုဖြစ်ပေါ်စေသည်။
".............."
ဂျိမ်း...သခင်လေးကိုတိတ်ဆိတ်စွာရပ်ကြည့်နေမိသည်။
သခင်လေးကိုဒီလိုပေါ့ပါးတဲ့ပုံစံနှင့်စန္ဒယားရှေ့ထိုင်နေတာ
မမြင်ခဲ့ရတာဘယ်လောက်ကြာပြီလဲမမှတ်မိတော့...
စေတန်လို့...အများကခေါ်ဝေါ်ကြတဲ့အတိုင်း...
အမြဲတမ်းနူးညံ့မူ့တွေပျောက်ဆုံးနေတဲ့မျက်နှာက...
အရယ်အပြုံးဆိုတာမရှိသလောက်နည်းခဲ့ပေမဲ့...
ဒီနေ့တော့...ကြည်လင်တောက်ပနေသလို....
ပြုံးယောင်သမ်းနေသလိုထင်ရသည့်လေးကိုင်းသဏ္႑ာန်
နူတ်ခမ်းနှစ်လွှာက..အပြုံးရိပ်တွေက...ဒီနေ့မှပိုပြီး
အသက်ဝင်နေသလိုထင်ရသည်။
ငယ်ငယ်လေးကထဲကစောင့်ရှောက်လာတဲ့သူမို့...
မျက်နှာရိပ်မျက်နှာကဲတွေကို...ဂျိမ်းကောင်းကောင်း
အလွတ်ရနေပါပြီ...အခုဂျိမ်းမြင်နေရတဲ့..သခင်လေးသည်
သွေးအေးရက်စက်တတ်သည့်...နေကုဋာဆိုသည့်
လူတစ်ယောက်ထက်...လွန်ခဲ့တဲ့၁၂နှစ်က...
မှတ်ညဏ်တွေမပျောက်ဆုံးသေးခင်အချိန်တုန်းက
တွေ့ခဲ့ရသည့်...ချမ်းဆိုသည့်...ကောင်လေးနှင့်ပိုပြီး
တူနေသည်လေ....
"အန်ကယ်ဂျိမ်း..."
ထိုစဉ်...စန္ဒယားသံတိခနဲရပ်သွားကာ...နေက...
သူ့ကိုလှည့်ကြည့်ပြီးခေါ်သည်။
"တောင်းပန်ပါတယ်...သခင်လေး...စန္ဒယားသံက
ကောင်းလွန်းလု့ိ...ကျွန်တော်အသံမပေးပဲ
ရပ်နားထောင်နေမိတာ..."
အန်ကယ်ဂျိမ်း ရဲ့တောင်းပန်စကားကြောင့်...
နေ...စန္ဒယားခုံမှာတင်ထားသည့်ဝီစကီခွက်ကိုကိုင်
ပြီးထရပ်လိုက်သည်။
"စန္ဒယားမတီးဖြစ်တာကြာလို့ထင်တယ်...ဒီေ့န
နည်းနည်းမျောသွားတယ်..."
"သခင်လေးကြည့်ရတာစိတ်ကြည်နေတဲ့ပုံပဲ...
ဘန်ကောက်မှာပျော်စရာတွေ့ခဲ့လို့လား..."
အန်ကယ့်ရဲ့စကားကြောင့်..နေ..လက်ထဲကဝီစကီကို
မော့ကာပြုံးလိုက်မိသည်။
"ဒီလိုပါပဲ..ဘန်ကောက်မှာထူးဆန်းပြီးရယ်စရာကောင်းတဲ့
မိန်းကလေးတစ်ယောက်နဲ့ဆုံခဲ့လို့..."
"ဗျာ..."
ဂျိမ်းထပ်ဆင့်အံ့ဩသွားရသည်။သခင်လေးအခုလို
ထူးထူးဆန်းဆန်းကြည်လင်နေတာ..မိန်းကလေး
တစ်ယောက်ကြောင့်တဲ့လား...
"သူကကျွန်တော်တွေ့ဖူးတဲ့မိန်းမတွေနဲ့မတူဘူး...
ထူးဆန်းတယ်...ပြီးတော့သူ့ကိုတွေ့လိုက်တိုင်း
အမြဲတမ်းပြသာနာတွေနဲ့ရယ်စရာကောင်းနေတာ...
အဟင်း..."
ပြောနေရင်း..အသံထွက်အောင်ရယ်လိုက်သည့်..
သခင်လေးကို..ဂျိမ်းဘာမှမပြောနိုင်ပဲကြည့်နေမိသည်။
ဒါ..သခင်လေးနူတ်ကပထမဆုံးအကြိမ်မိန်းကလေး
တစ်ယောက်အကြောင်းကိုကြားရတာဖြစ်သည်။
ချမ်းသာပြီးအောင်မြင်နေတဲ့လူတစ်ယောက်မို့...
ယောကျာၤးသဘာဝအတိုင်းတစ်ခါတစ်လေအပျော်ရှာပေမဲ့
ဒီနေ့ထက်ထိ...သခင်လေးဘေးမှာရှိခွင့်ရတဲ့..
မိန်းကလေးဆိုတာတစ်ယောက်မှမရှိခဲ့
နာမည်ကျော်မော်ဒယ်မင်းသမီးတွေ၊အထက်တန်းလွှာ
အသိုင်းအဝိုင်းကမိန်းကလေးတွေတောင်..သခင်လေးရဲ့
နှလုံးသားကိုမသိမ်းပိုက်နိုင်ခဲ့တာ...အခုက...
ဂျိမ်း..တိတ်ဆိတ်ကာအတွေးလွန်နေစဉ်မှာပဲ..
နေ..ကတော့..ဝီစကီခွက်ကိုကိုင်ထားလျက်နှင့်ပင်
လသာဆောင်တံခါးကိုဖွင့်ပြီးဝရန်တာမှာသွားရပ်နေသည်။
"အသင့်...ဆွဲကြိုးပြန်ပေးပါ..."
မျက်လုံးဝိုင်းဝိုင်း..နူတ်ခမ်းကိုင်းကိုင်းလေးနဲ့
ကောင်မလေးရဲ့မျက်နှာကိုမြင်တော့..နူတ်ခမ်းတွန့်
ပြုံးလိုက်မိသည်။ထို့နောက်...ဘောင်းဘီအိတ်ထဲမှာ
ရှိနေတဲ့ဆွဲကြိုးလေးကိုထုတ်ယူလိုက်ပြီး...
"အင်္သချေ..."
နာမည်ကိုခေါ်လိုက်ရင်း ဆွဲကြိုးလေးကိုစိုက်ကြည့်
နေမိသည်။
"ကိုယ့်ခွင့်ပြုချက်မရှိပဲ...ကိုယ့်အနားကိုရောက်လာပြီး
ခွင့်မတောင်းပဲပြန်ထွက်သွားရဲတဲ့..မိန်းကလေးက
မင်းပထမဆုံးပဲ..ဒါပေမဲ့ပြသာနာမရှိပါဘူး...
ကိုယ်အမဲလိုက်ရတာကိုသဘောကျတယ်..."
တစ်ကိုယ်ထဲရေရွတ်ရင်း..နေ့ရဲ့မျက်ဝန်းတွေက
ဆွဲကြိုးလေးဆီမှာစူးစိုက်နေခဲ့ပြီး
"မင်းတန်ဖိုးထားရတယ်ဆိုတဲ့အရာလေးကို..ကိုယ့်ဆီမှာ
ထားခဲ့မှတော့..ကိုယ်နဲ့နောက်တစ်ခါပြန်ဆုံဖို့ရေစက်
ရှိနေသေးတယ်လို့ကိုယ်သတ်မှတ်လိုက်ပြီ...မင်းကိုယ့်ကို
အရူးလုပ်သွားခဲ့တဲ့အကြွေးကိုတော့..အဲ့တော့မှပဲ
စာရင်းရှင်းကြတာပေါ့..."
စကားအဆုံးနူတ်ခမ်းလူပ်ရုံပြုံးလိုက်မိရင်း....
💞💞💞💞💞
"မီဒီယာလောကရဲ့အကျင့်ပျက်ဝန်ထမ်း"
ရှည်လျားစွာရေးထားတဲ့သတင်းစာသားနှင့်
ဓာတ်ပုံတွေကိုကြည့်ပြီးရွှေရုပ်..မဲခနဲပြုံးလိုက်မိသည်။
"ရွှေရုပ်..နင်အဲ့လောက်ထိလုပ်တော့မလို့လား..."
အနားမှာထိုင်နေတဲ့ မေလန်းကမျက်နှာပျက်ပျက်နှင့်
မေးသည်။
"ငါ..သူ့ကိုမီဒီယာလောကမှာခြေချစရာနေရာမရှိအောင်
လုပ်မှာလို့ပြောပြီးသားပဲ..."
"နင်...သူ့ပုံတွေနဲ့သတင်းလုပ်ပြီး..Facebookက
Pageမှာတင်ခိုင်းတာပြသာနာမဟုတ်ဘူး..ဒါပေမဲ့
ဒီမှာနေကုဋာလဲပါနေတယ်လေ...သူ့ကိုသွားထိလို့
မဖြစ်ဘူးနော်.."
မေလန်းစိုးရိမ်သလိုပြောတော့..ရွှေရုပ်ကခပ်ဟက်ဟက်
ရယ်သည်။
"နင်ကလည်မလိုလိုနဲ့တော်တော်နုံပါလားမေလန်းရဲ့..
နေကုဋာ့ရဲ့ပုံတွေကငါမျက်နှာဝါးထားတယ်လေ..
သူမှန်းဘယ်သူသိမှာလဲ..ပြီးတော့ဒီသတင်းတွေတက်
လာတော့ရော....သူ့ဂုဏ်သိက္ခာသူအထိခိုက်ခံပြီး
ရှေ့ထွက်လာမယ်လို့ထင်လို့လား.သူတို့လိုသူဌေးတွေ
အတွက်...အင်္သချေလိုမိန်းကလေးမိျုးတွေက
အပေါဆုံးပဲ..."
"ဒါပေမဲ့.."
မေလန်းစကားမဆုံးခင်...ရွှေရုပ်ကလက်ကာသည်။
"တော်ပြီ...ဘာမှထပ်မပြောနဲ့..နင့်ဘာသာဒီအတိုင်း
ဘေးမှာပွဲကြည့်ပရိတ်သတ်လုပ်နေ..မနက်ဖြန်ကျရင်
အရမ်းကိုစိတ်ဝင်စားစရာကောင်းတာတွေဖြစ်လာတော့မှာ
အင်္သချေတော့ဘယ်လိုတွေအရှက်ကွဲမလဲဆိုတာ
နင်စောင့်ကြည့်လိုက်မေလန်း...
💞💞💞💞
"နောက်ကျနေပြီ...ငါတော့ထပ်ပြီးအဆူခံရတော့မယ်..."
ထုံးစံအတိုင်း...ကားနောက်ကျလို့အသင်..ဂျာနယ်တိုက်
အဆောက်အဦးထဲကိုခပ်သွက်သွက်နှင့်အပြေးတစ်ပိုင်း
ဝင်လာခဲ့တော့..လက်ထဲမှာဖုန်းကိုယ်စီနှင့်..
ဝန်ထမ်းတွေကအသင့်ကိုကွက်ကြည့်...ကွက်ကြည့်
လုပ်သွားကြသည်။
"ဘာလဲဟ..."
ငါများဘာလွဲနေလို့လဲဆိုပြီး..လှမ်းလက်စခြေလှမ်းကို
ရပ်ကာ..ကိုယ့်ကိုကိုယ် သေချာပြန်ကြည့်မိသော်လဲ
အားလုံးပုံမှန်ပင်..ဒါနဲ့ပဲ..ဓာတ်လှေကားရှိရာကို
အပြေးတစ်ပိုင်းလျောက်လာစဉ်..ထောင့်အကွယ်မှာ
ရပ်နေတဲ့တစ်စုံတစ်ယောက်ရဲ့ဖြူသွယ်သွယ်ခြေထောက်
တစ်ဖက်ကအသင့်ရှေ့မှာခြေထိုးခံလိုက်ရာ...
"ဘုန်း...."
"အ..."
အသင်...ပုံလျက်သားလဲကျနေရာမှ..ခြေထောက်ပိုင်ရှင်ကို
ဒေါသတကြီးမော့ကြည့်လိုက်တော့..
"ရွှေရုပ်လွှာ...နင်ဒါဘာလုပ်တာလဲ..."
အသင်...ဒေါသတကြီးနှင့်ထရပ်ပြီးမေးလိုက်မိတော့
မထီတရီမျက်နှာထားနှင့်အသင့်ရှေ့မှာ..ရပ်နေတဲ့
ရွှေရုပ်လွှာကလက်နှစ်ဖက်ကိုခပ်လျော့လျော့ပိုက်ကာ
"အရှက်မရှိတဲ့နင့်ကိုငါတို့ဂျာနယ်တိုက်ထဲကို
အဝင်မခံချင်လို့လုပ်လိုက်တာ..."
"နင်ဘာပြောတယ်..."
"ခုမှမသိချင်ယောင်ဆောင်မနေနဲ့အင်္သချေ...ဘန်ကောက်
မှာ...သတင်းယူဖို့သွားတုန်း..နင်စပွန်ဆာရှာခဲ့တဲ့ကိစ္စက
အခု..facebookမှာပျံ့နေပြီ..."
"ဘာ...နင်ဘာတွေပြောနေတာလဲ...."
အသင်...သူပြောတာတွေကိုနားမလည်နိုင်
ဖြစ်နေတော့သူမကလက်ထဲကဖုန်းကိုအသင့်ကို
လှမ်းပေးသည်။အသင်လှမ်းယူကာကြည့်လိုက်မိသည်။
ထိုအချိန်တစ်စစနဲ့ကုမ္မဏီကလူတွေကအသင်တု့ိနားကို
ဝိုင်းအုံလာကြပြီဖြစ်သည်။
"ဟင်..."
မီဒီယာလောကရဲ့အကျင့်ပျက်ဝန်ထမ်း...ဆိုတဲ့
Hot New pageအောက်မှာ...hitဖြစ်နေတဲ့သတင်း
"ဒါ...ဒါဘယ်လိုဖြစ်တာလဲ.."
ထင်မှတ်မထားတဲ့ကိစ္စမို့အသင်ဖုန်းကိုင်ပြီးကြောင်
နေမိစဉ်..သူမက..အသင့်လက်ထဲကဖုန်းကို
ဆတ်ခနဲပြန်ဆွဲယူလိုက်သည်။
"နင်.ဘာငြင်းဦးမလဲ...ကော်ရစ်ဒါမှာတောင်...အရှက်မရှိ
ဖြစ်ပျက်နေတဲ့နင့်ရဲ့ဓာတ်ပုံတွေ...ပြီးတော့
VIPခန်းထဲကခိုးကြောင်ခိုးဝှက်ထွက်လာတဲ့ပုံတွေရော
နင်ဘာငြင်းဦးမလဲ...."
ပြောလိုက်တဲ့အသံကရောမျက်နှာမှာပါ..
လှောင်ရိပ်တွေကအပြည့်..မခံချင်ဒေါသနှင့်
အသင်..လက်သီးကိုတင်းခနဲဆုပ်ထားမိသည်။
"ငါနင့်ကိုဒီလောက်ထိအရှက်မဲ့လိမ့်မယ်လို့ထင်မထားဘူး
နင်..အမြင့်ကိုရောက်ဖို့ဘယ်လိုနည်းလမ်းကိုမဆို
အသုံးပြုနိုင်တာပဲလား...."
"ဘာ..."
ဒီလောက်ထိစော်ကားနေတာကိုသည်းမခံနိုင်တော့ပဲ
အသင်လက်တစ်ဖက်မြှောက်တက်သွားသည်။
"ဖြန်း..."
ခနဲမြည်သံနှင့်အတူ ရွှေရုပ်လွှာရဲ့မျက်နှာလည်ထွက်
သွားခဲ့သည်။
"နင်...နင်ကများငါ့ကို...."
ရွှေရုပ်လွှာ...ဒေါသတကြီးနှင့်..အသင့်မျက်နှာကို
ပြန်လွှရိုက်သည်။ဒါပေမဲ့သူမရဲ့လက်ကအသင့်ဆီ
ရောက်မလာပဲတစ်စုံတစ်ယောက်ရဲ့ဖမ်းချုပ်ခြင်းကို
ခံလိုက်ရကာလေထဲမှာရပ်တန့်သွားခဲ့ပြီး.....
💞💞💞💞💞💞
အပိုင်း(၈)မျှော်
အိမ်း...ဘယ်သူလေးရောက်လာတာပါလိမ့်😁😁?