💞စေတန်ရဲ့သတို့သမီး💞
💞💞💞💞
A-23
အခန်းနံပါတ်ကိုကြည့်ရုံမျှနှင့်ပင်...အသင်ကျောချမ်း
သွားရသည်။
"မဝင်ပြန်ရင်လဲ...ငါ့ဆွဲကြိုးကို...အဲ့ဒီလူရူပ်ကောင်က
ပြန်ပေးမှာမဟုတ်ဘူး......"
အသင်...အခန်းရှေ့မှာခြေစုံရပ်ပြီး...ချီတုံချတုံ
ဖြစ်နေစဉ်...
"ကျွီ.."
ဖျပ်ခနဲပွင့်သွားတဲ့အခန်းတံခါးနဲ့...အခန်းဝမှာ
ပေါ်လာတဲ့သူ့ပုံရိပ်ကြောင့်...အသင်...တုန်သွားရသည်။
"ရှင်..."
တစ်ခုခုပြောရန်ပြင်ပြီး...သူ့ကိုကြည့်လိုက်ပေမဲ့..
မျက်လုံးချက်ချင်းပြန်လွဲမိသွားရသည်။
ရှပ်အကျႌတစ်ထည်ကို...ကြယ်သီးမတပ်ထားပဲ
ရင်ကွဲဝတ်ထားတဲ့...သူ့ရဲ့..ခန္တာကိုယ်အပေါ်ပိုင်းက
ကြွက်သားအမြောင်းမြောင်းနှင့်...တောင့်တင်း
ကြည့်ကောင်းနေတာကြောင့်...
နေ...အခန်းရှေ့မှာရပ်နေတဲ့ကောင်မလေးကိုကြည့်ပြီး
လှစ်ခနဲပြုံးလိုက်မိသည်။
"မင်းလာမယ်ဆိုတာ...ကိုယ်သိသားပဲ..."
"ရှင့်ဆီလာတာမဟုတ်ဘူး...အသင်အခုမှစဉ်းစား
နေတုန်းရှိသေးတာ..."
သူမကမျက်နှာလေးလွှဲထားရင်းမှပြောသည်၊
"ဘာပဲပြောပြော...မင်းအခု...အခန်းရှေ့ကို
ရောက်နေတာပဲမဟုတ်လား...လာခဲ့..."
"အို..."
သူကအသင့်ကိုအခန်းထဲဆွဲသွင်းသွားကာ...တံခါးကို
ပိတ်လိုက်သည်။
"ရှင်...လွှတ်ပါ..."
အခန်းထဲရောက်တော့...သူဆွဲလာတဲ့လက်ကို...
အသင်ဆောင့်ရုန်းလိုက်တော့...သူယိုင်ခနဲ
ဖြစ်သွားသည်။
"ဟင်..."
အသင်နည်းနည်းအံ့ဩသွားရသည်။ခါတိုင်း..
လက်တစ်ဖက်ထဲနဲ့တောင်..အသင့်ကိုကောင်းကောင်း
ချုပ်ထားနိုင်တဲ့သူက...ဒီလောက်လေးနဲ့ယိုင်နဲ့
သွားရလား...ပြီးတော့သူ့မျက်နှာကဖြူဖက်ဖြူရော်
ဖြစ်နေသလိုပင်...
"ရှင်...နေမကောင်းဘူးလားဟင်..."
အသင်မေးလိုက်တော့...သူကနဖူးကိုလက်နှင့်
ဖိထောက်ထားရင်းမှ...ဆံပင်တွေကိုခါလိုက်ကာ...
"ကိုယ်လား...ခေါင်းနည်းနည်းကိုက်နေလို့..."
ပြောရင်း...သူကကုတင်နားကိုလျောက်သွားကာ
စားပွဲပေါ်က...စီးကရက်ဘူးနှင့်ရွှေရောင်မီးခြစ်လေးကို
ကောက်ယူကာ...မီးညှိသည်။
"အသင့်ကို...ဆွဲကြိုးပြန်ပေးပါ..."
အသင်...သူ့နားကိုလျောက်သွားကာပြောလိုက်မိသည်။
သူက...စီးကရက်ကိုစတိုင်ကျကျတစ်ရိူက်ဖွာကာ..
မီးခိုးငွေ့တွေမူတ်ထုတ်လိုက်ပြီးမှ...အသင့်ကိုကြည့်သည်။
"တန်ဖိုးထားရတဲ့ပစ္စည်းလား...မင်းဒီလောက်ပျာပျာ
သလဲလဲဖြစ်နေပုံကိုကြည့်ရတာ...ဒါပေမဲ့မင်းဆွဲကြိုးက
သိပ်လဲဈေးကြီးမဲ့ပုံမပေါ်ပါဘးူ....."
"ဈေးမကြီးဆိုပေမဲ့လဲ...အဲ့ဒါအသင်အရမ်းတန်ဖိုး
ထားရတဲ့ပစ္စည်း...အသင်အရမ်းချစ်တဲ့လူက...
အသင့်ကိုလက်ဆောင်ပေးထားတာ..."
"ဘာလဲ...အဲ့ဒီသူကမင်းရည်းစားလား..."
နေ့အမေးကြောင့်...သူမကမျက်မှောင်လေးကြုံ့ကာ
နေ့ကိုကြည့်သည်။
"ရှင်သိစရာမလိုပါဘူး ဆွဲကြိုးကိုသာပြန်ပေးပါ..."
အသင်...ပြောတော့...သူကကုတက်ပေါ်မှာ..
ခြေတစ်ဖက်ချိတ်ကာထိုင်ရင်း...လက်ထဲက...
သောက်လက်စဆေးလိပ်ကိုကြွေခွက်ထဲထိုးချေလိုက်
သည်။
"အစကတော့...ပြန်ပေးမလို့ပဲ...ဒါပေမဲ့..အခုမပေးချင်
တော့ဘူး..."
"ရှင်...ရှင်...အဲ့လိုလုပ်လို့ရမလား...သူများပစ္စည်းကို..."
"မင်းပစ္စည်းပေမဲ့...ကိုယ့်အခန်းထဲမှာကျန်နေခဲ့တာလေ
အဲ့ဒီ့အတွက်ကိုယ်ပိုင်တယ်..."
သူမက...နေ့ကိုကြည့်ကာကြိတ်မနိုင်ခဲမရဖြစ်သွားသည်။
ဒီလိုပုံစံလေးကိုမြင်ချင်လို့ပဲ...တမင်တကာ..
နေ...ဒီလိုဖန်တီးလိုက်တာ...
"ဆွဲကြိုးပြန်လိုချင်ရင်တော့...ပြောထားတဲ့အတိုင်း"
ပြောရင်းထရပ်လိုက်ကာ အသင့်အနားကိုတိုးလာတော့
အသင်...ခပ်လန့်လန့်နှင့်အနောက်ကိုဆုတ်သွားရသည်။
"ဘယ်လိုလဲ..."
မျက်ခုံးပင့်လျက်သူပြောတော့...အသင်စိတ်တိုတိုနှင့်
တက်ခေါက်ရင်း..လှည့်ထွက်ရန်အပြင်...သူက..
အသင့်လက်မောင်းကိုဆွဲလှည့်ကာ...တစ်ကိုယ်လုံးကို
သိမ်းကြုံးပွေ့ဖက်လိုက်သည်။
"ကိုယ့်အခန်းထဲကိုဝင်လာပြီးမှ...ဒီအတိုင်းပြန်ထွက်
သွားလို့ရမယ်ထင်လို့လား..."
"အသင်...ရှင့်ကိုလုံးဝမနမ်းဘူး..."
သူမကခါးခါးသီးသီးငြင်းသည်။ဒါပေမဲ့..ခက်ခဲတဲ့
အရာကိုမှပိုပြီးလိုချင်တာက..နေ့ရဲ့အကျင့်...
အခုလဲ...သူမရဲ့နူတ်ခမ်းသားပြည့်ပြည့်လေးတွေကို
တမင်စိုက်ကြည့်ပစ်လိုက်ရင်း...
"မင်းမနမ်းဘူးလား...ဒါဆိုကိုယ်နမ်းမယ်..."
"ဟင့်အင်း...ဟင့်အင်း..."
နေ့မျက်နှာရိပ်ခနဲနီးကပ်သွားတော့...သူမကခေါင်ယမ်းကာ
အသည်းအသန်ရှောင်သည်။ထိုအခိျန်...နေ့ခေါင်းထဲမှာ
တရိပ်ရိပ်မူးဝေလာရပြီး...ဟန်ချက်ပျက်သွားရကာ..
နှစ်ယောက်သား...ကုတင်ပေါ်ကိုလုံးထွေးပြုတ်ကျ
သွားခဲ့သည်၊
"ရှင်...မယုတ်မာနဲ့...အသင့်ကိုလွှတ်..."
အသင့်ကိုယ်လဲ...သူ့ရင်ခွင်အောက်ရောက်နေရပြီး...
အသင့်ကိုယ်ပေါ်မှာပိနေသည့်...သူ့ကျောပြင်ကို..
တဘုန်းဘုန်းထုရိုက်နေပေမဲ့..သူကမလူပ်မယှက်ငြိမ်
သက်နေသည်။အသင်အားကုန်သုံးကာ...သူ့ကိုယ်ကြီးကို
တွန်းဖယ်လိုက်တော့...
"ဟင်..."
အသင့်ဘေးမှာပြိုကျသွားတဲ့သူက..မျက်ဝန်းတွေ
ယှက်ပိတ်ကာငြိမ်သက်နေလျက်...
"ဒီ...ဒီမှာ..."
အသင်ထထိုင်လိုက်ရင်း...သူ့မျက်နှာကိုစမ်းကြည့်လိုက်
တော့...
"ဘုရားရေ...သူကိုယ်တွေအရမး်ပူနေပါလား...
ဒီမှာ...ရှင်...ထပါဦး..."
အသင်အတင်းလူပ်နိုးပေမဲ့...သူကအဖျားကြီးပြီး
သတိလစ်သွားဟန်တူသည်။
"ရီဆက်ရှင်.. ..ရီဆက်ရှင်ကိုအကြောင်းကြားရမယ်.."
အသင်ခြေမကိုင်မိ...လက်မကိုင်မိနှင့်ဖုန်းဆီထသွားရန်
ပြင်လိုက်သည်။
"မဖြစ်သေးဘူး...သူတို့ငါ့ကိုဒီအခန်းထဲဘယ်လိုရောက်
နေတာလဲလို့မေးရင်...ငါဘယ်လိုဖြေရမှာလဲ..."
အတွေးနဲ့ကြံရခက်သွားစဉ်...မျက်လုံးတွေကသူ့ဆီ
ရောက်သွားရပြန်သည်။
"လူရူပ်ကောင်..ဒီအတိုင်းထားခဲ့လိုက်ရမကောင်း
ရှိတော့မယ်.."
စိတ်တိုတိုနဲ့ပြောလိုက်ပေမဲ့..အဲ့လောက်ထိလဲ..
အသဲမမာနိုင်သောအသင်သည်......
💞💞💞
"ဟူး...တော်ပါသေးရဲ့..ကိုယ်ပူကျသွားလို့.."
နာရီဝက်ခန့်..နဖူးပေါ်ရေဝတ်တင်ပေးလိုက်..
ရေပါတ်တိုက်ပေးလိုက်နှင့်လုပ်နေပြီးတော့..
သူအဖျားကျသွားသည်။
"အင်္သချေတို့များ..ဘယ်လောက်ကံဆိုးလဲမဆိုးလဲ..
ကိုယ့်ကိုဒုက္ခပေးတဲ့သူကိုတောင်ပြန်ပြီးပြုစုနေရတဲ့
အဖြစ်.."
ကိုယ့်ကိုကိုယ်မကျေမနပ်ပြောလိုက်မိရင်း..သူ့ကို
ခြုံပေးထားတဲ့စောင်ကိုဆွဲတင်ပေးလိုက်မိသည်။
ထိုအခါမှ..စတွေ့ကထဲကစေ့စေ့မကြည့်ရဲခဲ့သော..
သူ့မျက်နှာကိုသေချာကြည့်နေမိသည်။
"သူကအရမ်းချောတာပဲ..."
အသင်သူ့ကိုငေးကြည့်နေမိရင်း..သတိလက်လွတ်
ရေရွတ်လိုက်မိသည်။သူ့မျက်ဝန်းသူ့နူတ်ခမ်းတွေက
ကိုကိုနှင့်တူသည်။အသင့်ရဲ့ကိုကိုကလဲ..
အရမ်းကိုချောတာလေ..ပြီးတော့..မေးစေ့ချွန်ချွန်ရဲ့
အလယ်မှာထင်းနေတဲ့..ရှည်မျောမျောမေးခိျုင့်လေးက
အစတူနေသည်။
"လောကကြီးမှာနာမည်တူမရှား၊လူတူမရှားဆိုတာ
တစ်ကယ်မှန်တာပဲ..သူကငါ့ကိုကိုနဲ့ရုပ်ချင်းသာ
တူသာ..စိတ်ဓာတ်ကတစ်ခြားစီပဲ...အလကား
လူရူပ်....နှာဘူးကောင်..ချမ်းသာပြီး..ရုပ်လေးချောတာနဲ့
ရမ်းကားချင်တိုင်းရမ်းကားနေတာ...ပြီးတော့..
သူကတစ်ကယ့်လူဆိုးပဲ.."
နူတ်ကနေမကျေမနပ်ပြောနေမိပေမဲ့..အသင့်ရဲ့
မျက်ဝန်းတွေက..သူ့မျက်နှာချောချောမှာငေးစိုက်နေရ
သည်။
"သူကကိုကိုနဲ့ရုပ်ချင်းဆင်လို့..သူ့ကိုငါ..ရင်းနှီးသလို
ခံစားနေရတာဖြစ်မယ်..."
ခပ်တိုးတိုးရေရွက် လိုက်ရင်း..သူ့မျက်နှာမှာစို့လာတဲ့
ချွေးစတွေကိုသုတ်ပေးလိုက်မိသည်။ထို့နောက်
ရေဇလုံကို..သွားထားရန်အတွက်သူ့ဘေးမှအသာ
ထလိုက်စဉ်...
"မသွားပါနဲ့..."
တိုးဖွဖွရေရွတ်သံနှင့်အတူ..အသင့်လက်ကိုသူက
ဆောင့်ဆွဲချလိုက်တော့..အသင်..သူ့ဘေးမှာလဲပြိုကျ
သွားရသည်။
"အို..."
အသင်ပြန်ကြုံးထရန်ပြင်ပေမဲ့...သူကဘေးစောင်း
လာကာ...အသင့်ကိုဖက်လိုက်သည်။အသင်လက်သီးဆုပ်
လေးနှစ်ခုနှင့်ရင်ဘတ်ကိုကွယ်ထားရင်း...
မျက်လုံးလေးဝိုင်းဝိုင်းလည်သွားရသည်။
သူကတော့...မျက်လုံးတွေမှိတ်နေဆဲဖြစ်ပြီး..
ယောင်နေခြငး်သာ...
"ငါတော့...ဒုက္ခပဲ..."
အသင်...တုန်တုန်ယင်ယင်နှင့်သူ့လက်တွေကို
ဖယ်ဖို်ကြိုးစားလိုက်စဉ်...
"မသွားပါနဲ့...အနားမှာပဲနေပေးပါ..."
နောက်တစ်ကြိမ်ထပ်ယောင်လိုက်တဲ့သ့ူကြောင့်..
အသင့်လက်တွေရပ်တန့်သွားရသည်။သူ...
တစ်ယောက်ယောက်ကိုတမ်းတနေတာလား...
အသင်.. ခေါင်းလေးငဲ့ကာ...သ့ူကိုကြည့်လိုက်မိသည်။
ချွေးစတွေတွဲခိုနေသည့်...သူ့မျက်နှာချောချောကို
ငေးကြည့်ကာ..အသင်ငြိမ်သက်နေမိရင်း.......
💞💞💞💞💞💞
အသင်...သူဖက်ထားတဲ့အတိုင်းမှေးခနဲအိပ်ပျော်
သွားပြီးမှပြန်နိုးလာခဲ့သည်။
"ကိုယ်မပူတော့ဘူးပဲ..."
သ့ူနဖူးကိုစမ်းကြည့်ပြီး...အသင်သ့ူလက်ကိုဖယ်ကာ
ထထိုင်လိုက်သည်။
"ဒီအတိုင်းဆို...ငါ့ဆွဲကြိုးကိုလဲပြန်ရတော့မှာ
မဟုတ်ပါဘူး..."
စိတ်ပျက်စွာပြောလိုက်မိရင်း..သူ့ကိုစောင်ဆွဲတင်ပေး
လိုက်ကာ...ကုတင်ပေါ်ကဆင်းလိုက်သည်။
ဒီတစ်ခေါက်...ဘန်ကောက်ခရီးစဉ်က...အသင့် အတွက်
ဆုံးရူံးနစ်နာခဲ့ရတာချည်းပင်...ဘယ်သူမှန်းမသိတဲ့
ယောကျာၤးတစ်ယောက်ရဲ့အနိုင်ကျင့်...တာကို
ခံခဲ့ရရုံမက..အခုတန်ဖိုးထားရတဲ့အရာကိုပါ
ဆုံးရူံးရတော့မယ်လေ...
"အဲ့လောက်တောင်ပြန်မပေးချင်လဲ..အပိုင်သာ
ယူထားလိုက်တော့..ရှင်နဲ့ဆုံခဲ့ရတာကို..အသင်
အိပ်မက်ဆိုးမက်နေတယ်လို့ပဲသဘောထားလိုက်တော့မယ်"
အခုထိမနိုးသေးတဲ့သူ့ကိုကြည့်ကာ..အသင်မကျေမနပ်
ပြောလိုက်မိရင်း..အခန်းထဲကထွက်လာခဲ့တော့သည်။
ထိုအခါက..အိပ်မက်တစ်ခုလိုအသင်သဘောထားချင်
ခဲ့ပါသောသူက...အသင့်ရဲ့တစ်ဘဝလုံးစာအတွက်
ချည်နှောင်လာခဲ့မည်သူမှန်း..ကြိုသိခွင့်ရခဲ့ပါလျှင်...
💞💞💞💞💞💞💞
နောက်တစ်နေ့မနက်ရောက်တော့အသင်မိုးလင်းတာနှင့်
ဟိုတယ်ကနေထွက်လာခဲ့သည်။အစောဆုံးဖလိုက်နှင့်
မြန်မာပြည်ကိုပြန်ဖို့ပြင်ဆင်ထားတာမဟုတ်ပါလား..
ဟိုတယ်ရှေ့ရောက်တော့..ခမ်းနားကြီးကျယ်လှသော
ဟိုတယ်ကြီးကို...မော့ငေးကြည့်ရင်း....
"နေရစ်ခဲ့တော့...အိပ်မက်ဆိုးတွေရေ..."
မြူးတူးစွာပြောရင်း..ခရီးဆောင်သေတ္တာကိုဆွဲကာ
သွက်လက်သောခြေလှမ်းတွေနှင့်..လျှောက်လှမ်းလာခဲ့
တော့သည်။
💞💞💞💞
"အင်္သချေဆိုတဲ့...သတင်းထောက်မိန်းကလေးက
ဒီမနက်ပဲအခန်းပြန်အပ်သွားတယ်လို့ပြောပါတယ်..
အစောဆုံးဖလိုက်နဲ့..မြန်မာပြည်ကိုပြန်မှာပါတဲ့...
Boss..."
ဇ,ပြောသမျှကိုနားထောင်ရင်း..နေ..ကျစ်ခနဲစုပ်သပ်
လိုက်မိသည်။ညက..နေ..အသိနဲ့ခန္တာမကပ်နိုင်တော့တဲ့
အထိဖျားခဲ့တော့...သူမနေ့ကိုပြုစုပေးခဲ့တာကို
သိသည်။ဒါပေမဲ့...ဒီမနက်နေ...နိုးလာတော့..
သူမကိုမတွေရတော့...ဒါနဲ့ပဲ...ဇ,ကိုစုံစမ်းခိုင်းလိုက်တော့
သူမကဟိုတယ်မှာမရှိတော့...
"Bossနေရတာအဆင်ပြေရဲ့လား...ကျွန်တော့
Bossအနားမှာနေလာတာကြာပြီ...bossဒီလို
ဖျားနာတာ...ပထမဆုံးမြင်ဖူးတာပဲ..."
ဇ,စကားကြောင့်...နေ..ဆံပင်တွေထဲလက်ထုးိဖွလို်က်ရင်း
"ငါလဲ..ဒီတစ်ရက်နှစ်ရက်မှာင့ါကိုယ်ငါတော်တော်
ထူးဆန်းနေတယ်....အဲ်ဒါတွေထားလိုက်ပါ..
ငါချက်ချင်းမြန်မာပြည်ကိုပြန်မယ်...မင်းပြင်လိုက်တော့"
"bossနေလို့မှမကောင်းသေးတာ...ဖြစ်ပါ့မလား..."
"ငါ...ဘာမှမဖြစ်ဘူး...ငါပြောတဲ့အတိုင်းလုပ်ပါ "
"ဟုတ်ကဲ့ပါ boss"
ဇ,ထွက်သွားတော့မှ...နေလက်ထဲမှာဆုပ်ကိုင်ထားတဲ့
ပိုင်ရှင်မဲ့ဆွဲကြိုးလေးကိုကြည့်လိုက်မိရင်း...
"မင်းကဒီလောက်မြန်မြန်ထွက်ပြေးသွားတာလား.."
တစ်ကိုယ်တည်းရေရွတ်ရင်း..နူတ်ခမ်းတွန့်
ပြုံးလိုက်မိရင်း...
💞💞💞💞💞
"အား...ဟား...."
ဓာတ်ပုံတွေကိုကြည့်နေရငး်အာခေါင်ခြစ်အော်လိုက်
သောရွှေရုပ်လွှာ....
"ဟဲ့...ဘာဖြစ်တာလဲ..."
မေစိမ်းလန်းကရွှေရုပ်အနားကိုရောက်လာပြီး
ကပျာကယာမေးသည်။
"မေလန်းနင်ကြည့်စမ်း..နင်ဒီမှာကြည့်စမ်းပါ.."
ပြောလဲပြောLattopကိုမေလန်းရှေ့တိုးပေးရင်း
"နေကုဋာ Oneရဲ့ရတနာပြပွဲကိုတက်မယ်လို့
ငါ့အဖေဆီကနေငါသတင်းရလို့..ဘန်ကောက်က
ငါ့အဖေရဲ့လူကိုနေကုဋာရဲ့နောက်ကိုလိုက်ခိုင်း
နေတာနင်သိတယ်နော်..."
ရွှေရုပ်ရဲ့အဖေကနာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်ကြီး
တစ်ဦးဆိုတာမေလန်းကလွဲရင်တစ်ခြားလူတွေ
မသိတဲ့လိျု့ဝှက်ချက်ဖြစ်သည်။
"အဲ့ဒါဘာဖြစ်လဲ.."
"ဒီမှာသူငါ့ကိုပို့လိုက်တဲ့ပုံထဲမှာ...ဘယ်သူကနေကုဋာ့ရဲ့
ဘေးမှာရှိနေလဲ...နင်ကြည့်လို်က်စမ်း"
မေလန်းကlattopကပုံတွေကိုကြည့်လိုက်တော့...
"ဟင်...ဒါ..အ..အင်္သချေမဟုတ်လား..အိုးမိုင်ဂေါ့
သူတို့ကနမ်းတောင်နမ်းနေကြတယ်"
ကော်ရစ်ဒါဘေးကပုံကိုကြည့်ပြီးမေလန်းကထအော်သည်။
"နမ်းရုံတင်လား...အင်္သချေကပွဲပြီးတဲ့ညမှာ..
နေကုဋာ ရဲ့အခန်းထဲဝင်သွားတာ..မိုးလင်းခါနီးမှ
ပြန်ထွက်လာတာတဲ့..."
"တစ်ကယ်..."
မေလန်းကပုံတွေကိုတစ်ပုံချင်းကြည့်ပြီးမျက်လုံးပြူးသည်။
"ဒါ...အဲ့ဟာမ...နေကုဋာ မှန်းသိလို့သက်သက်
ဝင်အောင်းပြီး...စပွန်ဆာရှာတာ..."
"ဟဲ့...သူကဘယ်လိုဖြစ်ပြီးနေကုဋာမှန်းသိမှာလဲ
နင်တောင်နင့်အဖေကြောင့်နေကုဋာ့ကိုသိတာမဟုတ်လား"
"အဲ့ဒါတော့ငါလဲမသိဘူး..ငါကအထူးထုတ်အတွက်
နေကုဋာ ကိုပစ်မှတ်ထားနေမှန်းသိလို့..သူငါ့ဂွင်ကို
ဝင်ဖျက်တာ...ရွှေရုပ်လွှာအကြောင်းပြရသေးတာပေါ့.."
"နင်ဘာလုပ်မလို့လဲရွှေရုပ်..."
"ငါ့အလုပ်ကိုဝင်ရူပ်တဲ့..မိန်းမကို..ဒီမီဒီယာလောကထဲမှာ
နောက်တစ်ခါခြေချလို့မရအောင်ငါလုပ်ပြမယ်"
စကားအဆုံးရွှေရုပ်ကအရောင်လှလှလေးဆိုးထားတဲ့
နူတ်ခမ်းတွေကိုတွန့်မဲ့လို်က်ရင်း...
💞💞💞💞💞
"အသင်..ပြန်လာပြီလား..."
လေဆိပ်ကနေဌားလာတဲ့တက္ကစီက..အသင်တို့တိုက်ခန်း
ရှေ့တွင်ရပ်တန့်သွားသည်။အသင်ကားပေါ်ကဆင်းလိုက်
တာနှင့်..တို်က်ခန်းအောက်စားသောက်ဆိုင်က..
အန်တီမွန်ကနူတ်ဆက်သည်။
"ဟုတ်ကဲ့အန်တီ.."
"ဘန်ကောက်မှာပျော်ခဲ့ရဲ့လား..."
"အလုပ်ကိစ္စနဲ့သွားတာဆိုတော့...ပျော်ခိျန်လဲမရပါဘူး
အန်တီရေ...ခေါက်ဆွဲကြော်တစ်ပွဲလုပ်ထားပေးနော်
အသင်ပြီးရင်လာဆင်းယူမယ်..."
"အေး...အေး..."
အသင်မှာပြီး..အသင့်ရဲ့အခန်းရှိရာ၅လွှာသိ့ုတက်လာ
ခဲ့သည်။
"ဟင် "
၅လွှာကိုရောက်တော့..အခန်းတံခါးကြီးကပွင့်နေတာမို့
အသင်ထိတ်ခနဲဖြစ်သွားရသည်။
"မမဝင်းရောက်နေတာလားမသိဘူး..."
တိုက်ခန်းပိုင်ရှင်ရောက်နေတာလားဆိုပြီး..
အခန်းထဲဝင်လာခဲ့ရာ....
"ဒါတွေက...ဘာလဲ..."
အခန်းထဲမှာအသင့်ရဲ့ပစ္စည်းတွေအားလုံးက
ပြန့်ကျဲနေတာကိုတွေ့လိုက်ရသည်။
"အခန်းကမဆိုးပါဘူး "
စကားပြောသံတွေနှင့်အတူအတွင်းဘက်ကထွက်လာတဲ့
ယောကာျၤး၃ယောက်...
"ရှင်တို့ဘယ်သူတွေလဲ "
အသင်တံခါးဘေးကတုတ်ကိုပြေးယူပြီးမေးလိုက်တော့
"မင်းကဒီတိုက်ခန်းမှာနေနေတယ်ဆိုတဲ့ကောင်မလေးလား"
၃ယောက်ထဲကခေါင်းဆောင်ဖြစ်ဟန်တူသည့်လူက
အသင့်ကိုပြီတီတီကြည့်ရင်းမေးသည်။
"ဟုတ်တယ်...ကျွန်မကဒီတိုက်ခနး်ရဲ့အိမ်ဌားပဲ...
ရှင်တု့ိကဘာတွေလဲ...ဘာလို့သူများအခန်းကို
မပြောမဆိုဝင်နေတာလဲ..."
အသင်မေးလိုက်တော့ ထိုသူကဟက်ခနဲရယ်သည်။
"မင်းကအိမ်ဌားဆိုရင်ငါကပိုင်ရှင်ပဲ..ဒီတိုက်ခန်းပိုင်ရှင်
င့ါကိုပေးရမဲ့အကြွေးတွေအတွက်ငါဒီတိုက်ခန်းကို
သိမ်းလိုက်ပြီ..."
"ဘာ..."
💞💞💞💞💞
အပိုင်း(၇)မျှော်
အသင်တော့ဒုက္ခများပြီ😌😌
Writer by
#Hazel See less