💞စေတန်ရဲ့သတို့သမီး💞
💞💞💞💞
"မေးနေတယ်လေ...ဘာလို့ပြန်မဖြေတာလဲ..."
အော်ဟောက်မေးနေတာမဟုတ်ပေမဲ့..အေးစက်
ပြတ်သားနေတဲ့သူ့အသံက...အသင့်ကိုကျောချမ်း
စေသည်။
"ဟို...အသင်...အသင်ကလေ...အသင့်ရဲ့..ပစ္စည်း..
ကျန်..ကျန်ခဲ့လို့လာရှာတာပါ..."
သူ့လက်ထဲကသေနတ်ကိုကြည့်ပြီး...စကားတွေက
အထစ်ထစ်အငေါ့ငေါ့ဖြစ်နေရသည်။သူကတော့..
အသင့်ကိုစိုက်ကြည့်နေဆဲ....
"ငါတို့ပြောတာတွေ...မင်းအကုန်ကြားတယ်မဟုတ်လား"
"ရှင်...ဟုတ်...အဲ...မဟုတ်...အမလေး..."
အယောင်ယောင်အမှားမှားနေစဉ်...နားထင်တည့်တည့်ကို
ချိန်ရွယ်လိုက်တဲ့သေနတ်ကြောင့်...လိပ်ပြာလွင့်မတတ်
အော်လိုက်မိသည်။
"ရှင်...ရှင်ကလူဆိုးလားဟင်..."
"မင်း...ဘယ်လိုထင်လို့လဲ..."
"ရှင်..လူရော...သတ်...သတ်လား..."
"ငါလား...အလကားနေရင်းတော့မသတ်ပါဘူး...
ဒါပေမဲ့...ငါ့သွားမဲ့လမ်းမှာလာရူပ်နေတဲ့လူတွေကိုတော့
ချမ်းသာမပေးဘူး...ဥပမာမင်းလိုပေါ့..."
"ရှင်..."
အထိတ်တလန့်နှင့်...သူမမျက်လုံးလေးတွေဝိုင်းစက်
သွားသည်။ဆံပင်တွေကိုပြောင်ရှင်းနေအောင်
စုသိမ်းထားတာ...ခပ်မြင့်မြင့်လေးထုံးထားတော့..
သူမမျက်နှာလုံးလုံးလေးကရှင်းနေသည်။နဂိုကထဲက
ဝိုင်းတဲ့မျက်နက်ဝန်းလေးတွေက...ကြောက်စိတ်ကြောင့်
ပိုပြီးဝိုင်းစက်နေသည်။နေ့ရဲ့လက်ထဲကသေနတ်ကို...
ကြည့်ပြီး...သူမကတံထွေးတွေလဲခဏခဏမြိုချနေသည်။
နေ....ကြောက်စိတ်လွန်နေသည့်သူမကိုကြည့်ပြီး..
ရယ်ချင်မိသွားရသည်။ထို့ကြောင့်...တမင်ခြောက်လှန့်
ချင်လို့...ချိန်ထားတဲ့သေနတ်ကို...မောင်းတင်လိုက်တော့..
"ဂျောက်..."
"အမလေး...ကိုကိုရေကယ်ပါဦး..."
ထိုနာမ်စားကိုပဲ...သူမကထပ်ပြီးတမ်းတကာ..
မျက်ဝန်းတွေကိုမှိတ်လိုက်သည်။နေ...သူမကို..
ငေးခနဲကြည့်မိသွားရသည်။
"အသင်...မသေချင်သေးဘူး...အသင့်ကိုမသတ်ပါနဲ့
ဒီကပြန်ရင်အဘွားကိုလဲသွားတွေ့ရဦးမယ်...
ပြီးတော့...တိုက်ခန်းလခတွေလဲမပေးရသေးဘူး...
အဆိုးဆုံးက...နောက်တစ်ပါတ်ဆိုလစာထုတ်ရတော့မှာ..
ဟင့်...ဟင့်...အီး..."
မျက်လုံးမှိတ်ပြီး...အော်ချင်ရာအော်နေသည့်...သူမကို
ကြည့်ပြီး...နေ...ရယ်ချင်စိတ်ကိုထိန်းမရတော့....
"ဟား...ဟား...ဟား..."
သေနတ်သံအစားရယ်သံထွက်လာတော့...အသင်
တင်းတင်းမှိတ်ထားတဲ့မျက်ဝန်းတွေကို...မရဲတရဲ
ဖွင့်ကြည့်လိုက်သည်။
"မင်းက...တော်တော်ရယ်ရတာပဲ...ချာတိတ်ရဲ့..."
ရယ်တာကိုအရှိန်မသတ်ပဲ...သူကထရပ်ရင်းပြောသည်။
ပြီးတော့သေနတ်ကို...ကုတင်ပေါ်လှမ်းပစ်လိုက်ရင်း...
"မင်း...ရှာနေတာ...ဒါလား..."
ကုဒ်အကျႌထဲကိုလက်နိူက်ယူလိုက်တဲ့သူ့လက်ထဲမှာ
ပါလာတဲ့...ဆွဲကြိုးလေးကိုမြင်တော့...အသင်
ကပျာကယာထရပ်လိုက်သည်။
"အဲ့ဒါအသင့်ဆွဲကြိုးလေး..."
အသင်...လှမ်းယူတော့...သူကလက်ကိုမြှောက်လိုက်
သည်။
"အသင့်ကိုပြန်ပေးပါ...."
အသင်...မမှီ့်တမှီလှမ်းယူရင်းပြောပေမဲ့...သူက
အရေးမစိုက်ပဲ...ကုဒ်အကျႌအိတ်ထဲပြန်ထည့်လိုက်သည်။
"ပြန်ပေးပါဆို..."
အသင်ပြောပြောဆိုဆိုနှင့်...သူ့အကျႌကိုလက်လှမ်းလိုက်
လျင်...သူကအသင့်လက်နှစ်ဖက်ကိုဖမ်းချုပ်လိုက်သည်။
"လွှတ်...အသင့်ကိုဆွဲကြိုးပြန်ပေး...."
"ဆွဲကြိုး...ပြန်လိုချင်လား...ရတယ်လေ...ငါ့ကို
နမ်းရင်...ပြန်ပေးမယ်...."
"ဘာပြောတယ်..."
သူမကမျက်လုံးလေးပြူးကာ...အော်သည်။
နေ...ကကြီးပုံနူတ်ခမ်းပြည့်ပြည့်လေးတွေကို...
စိုက်ကြည့်ရင်း....
"မင်းနူတ်ခမ်းကတစ်ကယ်အနာဖြစ်သွားတာပဲ...."
သူအ...အသင့်လက်နှစ်ဖက်လုံးကို...သူ့လက်တစ်ဖက်နှင့်
ပြောင်းပြီးချုပ်ကိုင်လိုက်ရင်း...နူတ်ခမ်းလေးကိုတို့ထိ
ကြည့်တော့...အသင်ခေါင်းလေးဆတ်ခနဲခါလိုက်သည်။
"ရှင်...အသင့်ကိုဘယ်လိုမိန်းကလေးထင်နေလဲ..."
သူမကပြောရင်းလက်ကိုဆောင့်ရုန်းသည်။နေ...
သူမခါးလေးကိုဖက်ကာ...ဆောင့်ဆွဲလိုက်တော့...
ရင်ဘတ်ချင်းဖိကပ်မိသွားရသည်။
"ဒီတစ်ခါ...ဒီအခန်းထဲကို...မင်းသဘောနဲ့မင်း
ဝင်လာတာနော်..."
"ဆွဲကြိုးလာရှာတာလို့ပြောနေတယ်လေ...."
"ဒါပေမဲ့...ပိုင်ရှင်ကိုခွင့်မတောင်းပဲဝင်လာတာ...
ရိုင်းတာပဲ...မင်းကို...ဒီအတိုင်းပြန်လွှတ်ပေးလိုက်ရင်..
ငါရာဇဝင်ရိုင်းသွားမှာပေါ့..."
"ရှင်...ရှင်...မယုတ်မာနဲ့နော်...အသင်အော်လိုက်မှာ..."
"ဟုတ်လား...အဲ့ဒါဆိုလဲ...အော်လေ..."
အော်လေဆိုပြီ...အသင့်ရဲ့နူတ်ခမ်းတွေကို...
သူက...ငုံထွေးစုပ်ယူလိုက်သည်။
"အွင်း...အွင်း..."
အသင်...လက်နှစ်ဖက်လဲ...အချုပ်ခံထားရ..
ခန္တာကိုယ်ကလဲ...လူပ်လို့မရပဲ...ဒဏ်ရာမပျောက်သေးတဲ့
နူတ်ခမ်းက...သူ့ရဲ့အနမ်းရိုင်းများကို...ခါးစည်းခံ
နေရသည်။
"ရှင်...လွှတ်..."
နူတ်ခမ်းလေးကိုသူလွတ်ပေးလို်က်တာနှင့်..အသင်
အော်လိုက်သည်။ထိုအခါ...လည်တိုင်လေးတစ်လျောက်
ကို...စုပ်နမ်းနေသည့်သူက..လည်တိုင်အရင်းလေးနားကို
သွားရာထင်သွားအောင်...ကိုက်ချလိုက်သည်၊
"အား..."
အသင်...နာကျင်သွားသဖြင့်...ငြီးငြူလိုက်မိသည်။
သူကတော့...အသင့်မျက်နှာလေးကိုမထီတရီစို်က်ကြည့်
ရင်း...
"နူတ်ခမ်းမှာ...အနာမပျောက်သေးလို့...တခြားနေရာ
ပြောင်းလိုက်တာ..."
"ရှင်...ရှင်...."
အသင်...သူ့ကိုကြည့်ပြီး...ဘာပြောလို့ပြောရမှန်း
မသိတော့...ရှက်လွန်းလို့လဲပင်သေလိုက်ချင်သည်။
ပထမတစ်ခါလူမှားတာ...ဒီတစ်ခါကတော့...သက်သက်
ကြီး...လုပ်တာ...
"ဒါ...ငါမသိအောင်...အခန်းထဲခိုးဝင်ခဲ့တဲ့အတွက်
အလျော်ပေးရတယ်လို့ပဲ...သဘောထားလိုက်...
နောက်တစ်ခါ...ဒီအခန်းထဲကိုခိုးဝင်မယ်ကြံရင်....
မှန်ထဲမှာ...မင်းကိုမင်းအရင်ကြည့်လိုက်...."
ပြောရင်း...သူကမေးဖျားလေးကိုဆွဲမော့ကာ...
"ပြီးတော့...ဒီအခန်းထဲမှာငါနဲ့ပါတ်သတ်ပြီး...
ကြားခဲ့သမျှကိုမင်းခေါင်းထဲကထုတ်ပစ်လိုက်...
အဲ့ဒါ...မင်းအတွက်အကောင်းဆုံးပဲ...နားလည်ပါတယ်
နော်..."
အသင်...သူ့ကိုဘာမှပြန်မပြောပဲမျက်မှောင်ကြုတ်
ကြည့်နေတော့...
"ဘယ်လိုလဲ...မင်းရဲ့ဆွဲကြိုးကိုပြန်ယူချင်သေးလား..."
"လူရမ်းကား...."
သူမက...နေ့လက်တွေကိုဆောင့်ရုန်းကာ...
အခန်းထဲကပြေးထွက်သွားတော့သည်။
"အဟင်း...."
အခုထိ...နွေးထွေးတဲ့အငွေ့အသက်တွေကျန်နေဆဲ...
နူတ်ခမ်းတွေကို...လက်နှင့်ထိကာ...နေပြုံးလို်က်မိရင်း...
ထိုအချိန်က...ထူးဆန်းစွာပဲ..နေ့စိတ်ထဲမှာကြည်လင်
နေခဲ့လျက်.....
💞💞💞💞💞
"နောက်တစ်ခါ...ဒီအခန်းထဲကို...ခုးိဝင်မယ်ဆို...
မှန်ထဲမှာကိုယ့်ကိုကိုယ်ကြည့်လိုက်...."
"တောက်..."
မှန်ကြည့်နေရင်း...နေ့လည်ကသူပြောခဲ့တဲ့စကားကို
ပြန်ကြားယောင်ကာ...အသင်မကျေမနပ်နှင့်
တက်ခေါက်လိုက်မိသည်။သူရမ်းကားခဲ့တဲ့
လည်တိုင်လေးတစ်လျောက်...အနီရောင်အရာလေးတွေ
ထင်ကျန်ကုန်သည်။ဒီကြားထဲအကိုက်ခံထားရတဲ့
ဒဏ်ရာကပါသေး....
"လူရူပ်ကောင်...နှာဘးူကောင်...လမ်းသွားရင်း
ခွေးချေးတက်နင်းမိပါစေ..."
စိတ်တိုတိုနှင့်ကျိန်ဆဲလို်က်မိသည်။
"ဒီအတို်င်းဆို...ငါ့ဆွဲကြိုးလေးကို...ဘယ်လိုပြန်ယူ
ရတော့မှာလဲ...တစ်ကယ်ပဲ..ဟင့်..."
အတွေးနဲ့ငိုချင်သွားရသည်။
"ကိုကိုရေ...အသင်တော့လေ..လူရူပ်ကောင်ရဲ့
အနိုင်ကျင့်တာကိုခံနေရပြီ..ကိုကိုဒီအတိုင်းကြည့်နေတော့
မှာလား..."
အနားမှာမရှိတဲ့လူကိုတမ်းတနေမိပြန်ရင်း..
နာရီကိုကြည့်လိုက်တော့..၄နာရီထိုးတော့မည်။
"ပွဲတောင်..စတော့မယ်...ငါအဆင်သင့်ဖြစ်အောင်
လုပ်ထားရမယ်..."
showပွဲကစတော့မှာမို့အသင်အမြန်ပြင်ဆင်လိုက်
ရသည်။အစကဝတ်ဖို့ရည်ရွယ်ထားတဲ့တီရှပ်လှလှလေးကို
ဘေးချိတ်ကာ...လည်ပင်းကသူ့အမှတ်အသားတွေကို
ဖုံးနိုင်ဖို့..ရှပ်အကျႌခပ်ပွပွတစ်ထည်ကိုကော်လံထိကြယ်
သီးတပ်ကာဝတ်ဆင်လိုက်သည်။ဒါတောင်တစ်စွန်းတစ်စ
မြင်နေရသေး...
"အင်္သချေ...အင်္သချေ..နင်တော်တော်ကံဆိုးနေပါလား"
တစ်ယောက်ထဲစိတ်ပျက်စွာငြီးငြူလိုက်မိရင်း...
💞💞💞💞
(One Jewellery Show)
ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံကနာမည်ကြီးမော်ဒယ်များနှင့်
တင်ဆက်မည့်..အဆိုပါရတနာပြပွဲကြီးက...
One,groupရဲ့ဦးစီးမူ့နဲ့..ဘန်ကောက်မြို့ရဲ့နာမည်ကြီး
ဟော်တယ်ကြီးမှာခမး်နားစွာဖြစ်တည်နေသည်။
အသင့်လိုမျိုးပဲ..တခြားဂျာနယ်တိုက်ကသတင်းယူမည့်
သတင်းထောက်များကိုပါ..Oneကစပွန်ဆာပေးသည်။
အသင်တို့ကတော့..ဒီပွဲကြီးရဲ့ကြီးကျယ်ခမ်းနားပုံ
အကြောင်းကို..ဂျာနယ်ထဲမှာ..အကျယ်တဝင့်ဖော်ပြ
ရမည်ဖြစ်သည်။
"ဒီပွဲမှာ...သလင်းနှင်းဆီလဲပါမှာမဟုတ်လား..."
"ပါမှာပေါ့..သူက..One,groupရဲ့သူဌေးသမီးပဲဟာ..."
"ဒါဆို..ငါတော့ကံကောင်းတာပဲ...ငါကသူနဲ့
အပြင်မှာတစ်ခါမှမတွေ့ဖူးဘူး...သူကအပြင်မှာ
အရမ်းလှတာဆို..."
"လှတာမှ...မိန်းကလေးချင်းတောင်လည်ပြန်ငေးယူ
ရတယ်..နင်မကြာခင်တွေ့မှာပါ..."
အနားမှာရှိနေတဲ့..အသင့်လိုမိျုးသတင်းထောက်
အမျိုးသမီးနှစ်ယောက်ရဲ့စကားကိုနားထောင်ရင်း
အသင်ပြုံးလိုက်မိသည်။
"သလင်းနှင်းဆီ...ကတော့ပုရိသတွေကြားမှာတင်
ရေပန်းစားတာမဟုတ်ပါလား..."
အသင်ကိုယ်တိုင်လဲ..သူမရဲ့ပရိတ်သတ်ပါ..သူမရဲ့
ညို့ဓာတ်ရှိတဲ့..စတိုင်ကိုအသင်အရမ်းကြိုက်သည်၊
အခု...ဒီပွဲမှာသူပါ..ပါတယ်ဆိုတော့..အသင်လဲ
နည်းနည်းကျေနပ်သွားရသည်။ထိုအချိန်မှာပဲ..
ဂုဏ်သရေရှိ..ဧည့်သည်တော်များအစုံအလင်နှင့်
ပြပွဲကြီးကစတင်လိုက်ပြီဖြစ်သည်။
💞💞💞💞💞💞
မော်ဒယ်တစ်ယောက်ချင်းဆီက....ရတနာဒီဇိုင်းအမျိုးမျိုး
ကိုဝတ်ဆင်ပြကြသည်။အသင်တို့ကလဲ..
မလွတ်တမ်း..မှတ်တမ်းတင်ကြသည်။ဒီပွဲကြီးကို
Channelလိုင်းတွေကလဲ...Liveလွှင့်သည်ဟုသိရသည်။
showလျှောက်တာခဏနားပြီး...အစီအစဉ်တင်ဆက်သူ
တွေတစ်လှည့်ဝင်တော့...အသင်တို့လဲခဏနားကြသည်။
"ဟင်...ဟိုလူပါလား..."
သတင်းထောက်ပီပီ..အငြိမ်မနေတတ်တဲ့မျက်ဝန်းတွေက
လျှောက်လှမ်းရဲ့တစ်ဖက်...ရှေ့ဆုံးက...VVIPတန်းမှာ
ထိုင်နေသည့်သ့ူကိုမျက်လုံးထဲတန်းမြင်သွားရသည်။
"သူကဘယ်သူပါလိမ့်...."
သူ့ကို...Oneရဲ့ပြပွဲကိုတက်တဲ့လုပ်ငန်းရှင်တစ်ဦးဦး
ဖြစ်မည်ဟုခန့်မှန်းမိသော်လဲ...ဘယ်သူဘယ်ဝါဆိုတာ
မသိပါ...ဒါပေမဲ့သူက..Golden Palace လုပ်ငန်းစုရဲ့
သူဌေး..နိဒါန်းသစ်နှင့်ဘေးချင်းကပ်ထိုင်နေတာ...
ဖြစ်ပြီး.. တစ်ဖက်မှာလဲ...One Groupရဲ့သူဌေး
ဦးကျော်မော်က..ပျာပျာသလဲဧည့်ခံနေပုံကိုကြည့်ရုံနှင့်
ဟိုက်စ်Bossတစ်ယောက်မှန်းသိလိုက်သည်။
"အဲ့ဒါကြောင့်လဲ...ဒီလောက်ရမ်းကားနေတာပေါ့..."
သူ...ကိုယ့်ကိုမမြင်နိုင်မှန်းသိသော်လဲမျက်စောငး်ထိုး
လိုက်မိသည်။ထို့နောက်အစီအစဉ်ပြန်မစခင်..
သန့်စင်ခန်းကိုထွက်လာခဲ့တော့သည်။
💞💞💞💞
"ဘယ်လိုလဲ...နေကုဋာ ရဲနောင်ကိုရှင်းပစ်လိုက်တော့..
မင်းတစ်ပါတ်ရိုက်ခံလို်က်ရတဲ့ကိစ္စကို..ဖြေသိမ့်လိုက်
နိုင်ရဲ့လား..."
ဦးကျော်မော်...နေ့အနားကနေထွက်သွားတော့..
ဘေးမှာထိုင်နေသည့်နိဒါန်းသစ်ကလေသံတိုးတိုးနဲ့
စလာသည်။
"ဖြေသိမ့်စရာမှမလိုတာပဲ..ငါ့အတွက်ဒါဟာမပြောပ
လောက်ဘူးဆိုတာမင်းသိပါတယ်..."
"မုဆိုးလဲတစ်နေ့သားကောင်ပြန်ဖြစ်တတ်တယ်ဆိုတာ
မင်းေ့မနေတာလား..နေကုဋာ "
နိဒါန်းသစ်စကားကြောင့်နေဟက်ခနဲရယ်လိုက်မိသည်။
နှစ်ယောက်သား...ခြေတစ်ဖက်စီခိျတ်ပြီးထိုင်နေရာက
ခေါင်းငဲ့ပြီးပြောနေကြပုံကမသိရင်..ရင်းနှီးတဲ့မိတ်ဆွေတွေ
စကားပြောနေသလိုပင်..
"မင်းသာ..သတိကပ်ရမှာ..နိဒါန်းသစ်..နောက်တစ်ခါ
ငါ့ပွဲကိုဝင်ရူပ်ရင်ဒီလောက်နဲ့လျော်ပေးမှာမဟုတ်ဘူး
ဆိုတာသိထားလိုက်..ရဲနောင်နေရာမှာမင်းဖြစ်ချင်
ဖြစ်သွားမှာ..သတိထားပြီးနေပေါ့ကွာ..."
"မင်း..."
နေ...ပြောပြီး...ထထွက်လာခဲ့သည်။
💞💞💞💞
"ဝိုး...အရမ်းလှတာပဲ..."
သန့်စင်ခနး်ထဲကနေပွဲထဲကိုပြန်မဝင်ခင်..
မြင်နေရတဲ့..ရတနာကြော်ငြာဘုတ်ကြီးတွေကို
ကြည့်ပြီး..အသင်တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။
"ငါလဲ..ဒီထဲကလိုရတနာပစ္စည်းတွေကိုတစ်နေ့
ဝယ်နို်င်ရမယ်...အဟိ..."
ကိုယ့်ဘာသာကြုံးဝါးရင်းရယ်လိုက်မိသည်။
"ဪ...ချမ်းသာတဲ့လူတွေများကြတော့လဲ..
ပိုက်ဆံတွေကထားစရာနေရာကိုရှိမှာမဟုတ်ဘူး.."
"မင်းပြောတာဖြစ်နိုင်တယ်..."
"အမလေး..."
တစ်ယောက်ထဲပြောနေစဉ်...နားနားကိုကပ်ပြီး
ပြောလိုက်တဲ့တစ်စုံတစ်ယောက်ကြောင့်..
အထိတ်တလန် ့ နှင့်လှည့်ကြည့်လိုက်ရာ...
မြင့်မားတဲ့ရင်ခွင်ကျယ်ကြီးထဲ..အသင်မျက်နှာ
အပ်မိသွားရသည်။
"ရှင်...လာပြန်ပြီလား..."
နေ့ကိုမြင်တာနှင့်သူမကအနောက်ကို
ခြေနှစ်လှမး်ခန့်ဆုတ်သွားသည်။
"ဘာလဲ..ချာတိတ်..မင်းကကိုယ့်ကိုကြောက်နေတာလား"
"ကြောက်စရာလား.ရှင့်ကို.."
သူမက..လေသံမာမာလေးနှင့်ပြောရင်း..အနားကနေ
သွားရန်ပြင်တော့..နေလှမ်းဆွဲထားလိုက်သည်။
"ဘာလုပ်ပြန်ပြီလဲ...လွှတ်..."
"မင်း..ဆွဲကြိုးကိုပြန်မယူချင်တော့ဘူးပေါ့.."
"ဟင်..ရှင်တစ်ကယ်ပြန်ပေးမှာလားဟင်"
သူမမျက်ဝန်းလက်လက်လေးတွေနှင့်မေးတော့
နေ..ညစ်ကျယ်ကျယ်ပြုံးလိုက်ရင်း...
"ပြောထားတဲ့အတိုင်းပဲ...ကိုယ့်ကိုနမ်းရင်..မင်းဆွဲ
ကြိုးကိုပြန်ပေးမယ်..."
"ရှင်.. ရှင်.."
သူမကြိတ်မနို်င်ခဲမရလေးဖြစ်သွားရင်းနေ့လက်ကို
ဆောင့်ရုန်းသည်။
"လူရူပ်...လူရမ်းကား"
အသင်သ့ူကိုမျက်စောင်းထိုးကြည့်မိရင်း..ပွဲထဲကို
ပြန်ဝင်လာတော့..သူကအနောက်ကနေပါလာသည်။
ထိုစဉ်...Live ရိုက်ကူးရေးဘက်ကဝန်ထမ်းတစ်ယောက်
က..ပစ္စည်းတွေမနိုင်မနင်းနှင့်သယ်လာရင်း...
"ဘေးကို...ဘေးကို.."
ပါးစပ်ကနေလဲအော်ရင်းအသင်ရှိရာတည့်တည့်ကို
လျောက်လာတော့..အသင်..ဘယ်ရှောင်လို့ရှောင်ရမလဲ
မသိဖြစ်သွားစဉ်...
"ဟေ့...."
"ဟေ့..."
ကြားလိုက်ရတဲ့အသံနှင့်အတူ..အနောက်ကနေ
တစ်စုံတစ်ယောက်ကအနောက်ကနေလှမ်းဆွဲလို်က်တော့
အသင် ထိုသူရဲ့ရင်ခွင်ထဲပြိုကျသွားရသည်။
ပွဲထဲကလူတွေအားလုံးရဲ့မျက်ဝန်းတွေကအသင့်ထံ
ရောက်လာကြသလို..အသင့်ကို..ဖမ်းပွေ့ထားတဲ့
သူက......
💞💞💞💞💞
အပိုင်း(၅)မျှော်
အသင်ကတော့..ဘယ်လိုနေနေ..ကိုကို့လက်ထဲကကို
မလွတ်ပါလားနော်😁😁
Writer by
#Hazel See less