💜စေတန်ရဲ့သတို့သမီး💜
💜💜💜💜
"ဒါ..ကိုနေကုဋာရဲ့ဖုန်းမဟုတ်ဘူးလား..အခုပြောနေတာ
ဘယ်သူလဲ..မသိဘူး..."
"တို့က..သူ့မိတ်ဆွေပါ..သူအခုမရှိဘူး..."
တစ်ဖက်ကမိန်းကလေးအသံက..ချိုသာသည်ထက်
ညို့ဓာတ်ပါနေသည့်အသံမျိုးဖြစ်နေတာကို...
အသင်..သတိထားလိုက်မိသည်။
"ဒါဆို...သူက..အခုဘယ်မှာလဲ..ဟယ်လို...ဟယ်လို"
အသင့်..စကားမဆုံးခင်..တစ်ဖက်ကဖုန်းချသွားသည်။
"ဟာ..ဘာလဲဟ...သူ့ဖုန်းကဘာလို့..မိန်းကလေး
တစ်ယောက်ရဲ့လက်ထဲကိုရောက်နေတာလဲ...
တစ်ကယ်ပဲ..."
အသင်..ဘာကိုအလိုမကျဖြစ်သွားရမှန်းမသိ...
စိတ်တိုသွားကာ..ဖုန်းကိုမွေ့ယာပေါ်ကိုင်ပေါက်လိုက်
သည်။
"နေပစေ...ဘာမှခွင့်မတောင်းတော့ဘူး...သူတောင်
မိန်းကလေးတွေနဲ့သွားချင်ရာသွားနေတာ..ငါလဲ
ဘာမှခွင့်တောင်းနေစရာမလိုဘူး..သွားချင်ရာ..
သွားမယ်..."
မကျေမနပ်နှှင့်..ပွစိပွစိမြည်တမ်းရင်း..အသင်..
ရေချိုးခန်းထဲဝင်လာခဲ့တော့သည်။
💜💜💜💜💜
သလင်း...သူ့ကိုလှမ်းမြင်တာနှင့်..ဖုန်းကိုချက်ချင်း
ချပစ်လိုက်ပြီး..စားပွဲပေါ်ဟန်မပျက်ပြန်တင်ထား
လိုက်သည်။
"ကိုနေ့..ဖုန်းလာလို့..အရေးကြီးဖုန်းဖြစ်မှာစိုးလို့
သလင်ဖုန်းကိုင်လိုက်တာ...ဘာမှမပြောရသေးခင်
ပြန်ကျသွားတယ်..."
နေ..စားပွဲနားကိုရောက်လာတာနှင့်..ဆီးပြောလိုက်တဲ့
သလင်း....
"ဖုန်းလာတာလား..."
နေ...စားပွဲပေါ်ပြန်ထိုင်လိုက်ရင်း..ဖုန်းကိုယူကြည့်
လိုက်တော့..သူမဆီကဖြစ်နေသည်။
"အရေးကြီးဖုန်းထင်တယ်..."
နေ့ကို...စူးစမ်းသလိုကြည့်ကာ..မေးလိုက်တဲ့သလင်း..
"ခဏနော်..သလင်း..."
နေ..သလင်းကိုလက်ကာပြလိုက်ရင်း..သူမဆီ
ဖုန်းပြန်ခေါ်လိုက်တော့..သူမကဖုန်းမကိုင်တော့...
"ကျစ်...ဖုန်းကိုဘာလို့မကိုင်ရတော့ပြန်တာလဲ.."
နေ..စိတ်ရူပ်သလို..ခပ်တိုးတိုးရေရွတ်လိုက်မိသည်။
"ဘာလို့လဲ..ကိုနေ..အရမ်းအရေးကြီးတဲ့ကိစ္စမို့
လို့လား..."
နေ..ဝင်နေပေမဲ့..မကိုင်တဲ့ဖုန်းကိုပြန်ချလိုက်ရင်း
"မဟုတ်ပါဘူး...စားလေ..သလင်း..ဟင်းတွေ..
အေးကုန်တော့မယ်..."
"ဟုတ်ကဲ့..."
လို့သာ...သလင်းပြန်ပြောလိုက်ပေမဲ့..မျက်ဝန်းတွေက
ခုနကနဲ့ခြားနားစွာ..တစ်ခုခုကိုအလိုမကျသလို
ဖြစ်နေတဲ့..သူ့ဆီမှာသာဝေ့လည်နေခဲ့သည်။
"အဲ့ဒီကောင်မလေးကဘယ်သူလဲ...ဘာလို့ကိုနေက
အဲ့ကောင်မလေးဖုန်းမကိုင်တာနဲ့.ဒီလိုပုံစံဖြစ်နေရတာလဲ"
"My Girl....(ကိုယ့်ရဲ့ကောင်မလေး)"တဲ့
ဒီလို..အမည်မျိူးနဲ့..နေကုဋာရဲ့..phone content list
ထဲမှာ..နေရာယူထားနိုင်တဲ့..သူမက..ဘယ်သူများလဲ
"ဪ..ဒါနဲ့....ကိုနေ့ကို...သလင်းပြောစရာ..
ရှိသေးတယ်..."
"ပြောလေ..သလင်း.."
"အဟင်း...အခုလာမဲ့..၃ရက်နေ့က..သလင်းရဲ့..
၂၆နှစ်ပြည့်မွေးနေ့လေ....(..........)ဟိုတယ်မှာ
ကျင်းပမှာ..ကိုနေလာဖြစ်အောင်လာခဲ့ရမယ်နော်..."
"ဘာများလဲလို့...ကိုယ်လာခဲ့ပါ့မယ်..ကိုယ်တို့
ကြော်ငြာမော်ဒယ်ရဲမွေးနေ့ပွဲပဲ..မလာလို့ဘယ်ဖြစ်
ပါ့မလဲ..."
နေ့စကားကြောင့်..သူမက..မကျေမနပ်ပုံစံလေး
ဖြစ်သွားကာ...
"အဲ့လို..အလုပ်ကြောင့်ဆိုတာထက်..သလင်းက..
ကိုယ်ရေးကိုယ်တာမိတ်ဆွေအဖြစ်ကိုနေ့ကိုတက်
စေချင်တာပါနော်..."
သလင်းစကားကိုနားထောင်ပြီး..သူက..ဆွဲဆောင်မူ့
ရှိစွာပြုံးသည်။
"Sorryပါ..ကိုယ်စကားမှားသွားတယ်..သလင်းနဲ့
ကိုယ်နဲ့ကမိတ်ဆွေတွေပဲလေ....."
ထိုအခါမှ..သူမကကျေနပ်သလိုပြုံးသည်။နေဘာမှ
ထပ်မပြောပဲပြုံးရုံပြုံးနေလိုက်သည်။အခုချိန်
နေ့စိတ်ထဲမှာရှိနေတာက..သလင်းနှင်းဆီဆိုသော..
မိန်းမလှလေးမဟုတ်.....
နေ့ရဲ့..ဖုန်းကိုတမင်မကိုင်တဲ့..ဘဲပေါက်လေး...
သူမထံမှာသာ...
"မင်းဘာတွေလုပ်နေတာလဲ...အသင်...."
💜💜💜💜
"ဟဲ့..အသင်...ငါတို့..ဒီလို..မုန့်ထွက်မစားရတာတောင်
ကြာပြီနော်..."
"အင်း..."
သဘောၤသီးသုပ်ကို..ပလုပ်ပလောင်းဝါးရင်း...
အားတက်သရောပြောလိုက်တဲ့..ကြည်နူးရဲ့စကားကို
စိတ်မပါလက်မပါပုံနှင့်တုံ့ပြန်လိုက်သူက..အသင်
ကြည်နူး..အသင့်ကိုအကဲခတ်သလိုကြည့်လိုက်ရင်း.
"ဟဲ့...မိန်းမ..."
"ဟေ..."
ပခုံးပုတ်ကာ..ခေါ်လိုက်မှ....အသင်..အသိဝင်လာရသည်။
"ဘာတွေ..အတွေးလွန်နေတာလဲ..ငါနင့်ကို..စရောက်
လာကထဲကကြည့်နေတာ...အသက်မပါတဲ့လူ..
ကျနေတာပဲ..."
ကြည်နူးပြောမှ..အသင်..ကိုယ့်ကိုကိုယ်သတိထား
မိသည်။
"ဘာလဲ..နင်ထွက်လာတာ..နင့်ရဲ့အုပ်ထိန်းသူကြီးက
ခွင့်မပြုလို့လား..."
"ခွင့်မပြုလဲ..ဂရုမစိုက်ပါဘူး..သူတောင်..သွားချင်ရာ
သွားသေးတာပဲ..."
"အသင်..နင်...နေကုဋာနဲ့ရန်ဖြစ်ထားတာလား.."
ကြည်နူးပြုံးစိစိမေးတော့..အသင်..ခေါင်းခါလိုက်ရင်း
"မဟုတ်ပါဘူးဟာ..."
"မသိပါဘူး...ငါက..နင်..သူ့ကိုများစိတ်ကောက်နေတာ
လားလို့...အဟိ..."
"မိန်းမနော်...ဘာအဟိလဲ....."
အသင်..မျက်စောင်းထိုးကာပြောလိုက်လျှင်...
ကြည်နူးက..အသင့်ပခုံးကိုမထိတထိတိုက်လိုက်ရင်း
"ငါကနင့်ကိုအားကျဝမ်းသာမိလို့ပါ..အသင်ရယ်..
နေကုဋာနဲ့ပါတ်သတ်ခွင့်ရဖို့အသည်းအသန်ကြိုးစားနေတဲ့
မိန်းမတွေဖယ်ပြီး..နင်ကသူ့ရဲ့ချစ်သူဖြစ်ခွင့်ရသွားတာလေ
အခုဆိုရင်...သူ့ရဲ့အင်တာဗျူးပါတဲ့..ငါတို့ရဲ့...
နှစ်ပါတ်လည်အထူးထုတ်ကလဲ...စံချိန်တင်..ရောင်းအား
တွေနဲ့..တစ်ပြေးနေခဲ့တာ..နင်အလုပ်ပြန်ဆင်းတဲ့နေ့
အယ်ဒီတာက...နင့်ကိုဂုဏ်ပြုပွဲကျင်းပပေးမယ်လို့
အသံကြားထားတယ်သိလား..."
ကြည်နူးကပြောနေရင်းနဲ့..အားရဝမ်းသာဟန်
တွေကအပြည့်...
"ပြီးတော့လေ..အခုဆို..ရွှေရုပ်လွှာက..အလုပ်မှာ
အရင်လို....တထောင်ထောင်..မဟုတ်တော့ဘူး..
ဟိုတစ်ခါ..အရှက်ကွဲပြီး..အလုပ်ပြန်ဆင်းတော့
ငြိမ်ကုတ်နေတာပဲ.."
"ဟုတ်မှာပေါ့..."
"ဒါနဲ့..နင်အလုပ်ကခွင့်ယူထားတာ..မနက်ဖြန်ဆို
တစ်ပါတ်ပြည့်ပြီနော်..."
"အင်း..ငါသန်ဘက်ခါအလုပ်ပြန်ဆင်းမှာ..ငါလဲ
ပျင်းလို့သေတော့မယ်..."
"ဟယ်..နင်ကလဲ...နန်းတော်လို..အိမ်ကြီးထဲမှာ
နေပြီး..ပျင်းနေရသေးလား..."
"နန်းတော်လို..အိမ်ကြီးမို့လို့ပျင်းတာပေါ့..မိကြည်နူးရဲ့
သူ့ရဲ့စံအိမ်ကြီးကလေ..ကျယ်သလောက်..လျို့ဝှက်
လိုက်တာလဲမပြောနဲ့..ငါဆို..ကိုယ့်အခန်းရှိတဲ့..
အထပ်နဲ့..အောက်ဆုံးထပ်ကလွဲရင်..ဘယ်ကိုမှ
သွားခွင့်မရှိဘူး...ပြီးတော့..အဲ့ဒီအိမ်မှာ..စုန်းထီးကြီးလဲ
ရှိသေးတယ်..."
"ဟမ်...စုန်းမ..မဟုတ်ဘူးလား..."
"မဟုတ်ဘူး..အထီးမို့လို့..စုန်းထီးကြီး...သူ့ရဲ့
အထိန်းတော်ကြီးလေ..ငါ့ကိုဘယ်လိုအမြင်မကြည်
နေမှန်းမသိပါဘူး...ယောကျာၤးကြီးတန်မဲ့..စိတ်ကုန်
ဖို့ကောင်းတယ်..ဟွန့်...."
အသင်..မဲ့ကာ..ရွဲ့ကာနှင့်ပြောတာကို..နားထောင်ပြီး
ကြည်နူးကရယ်သည်။
"ကဲ...စား..စား...ပြောနေရင်..အစားအသောက်ပျက်တယ်"
"အေးပါ..အသင်ရယ်..."
ကြည်နူးကိုသာ..အတင်းစားခိုင်းနေပေမဲ့..အသင်အခုထိ
ပန်းကန်ထဲကမလျော့သေး...နားထဲမှာ..အခုထိ
ကြားယောင်နေတာ..ညနေတုန်းက...သူ့ဖုန်းကို
ကိုင်တဲ့..မိန်းကလေး....
"အသံတောင်..ဒီလောက်သာယာနေရင်..ရုပ်ကလဲ
တော်တော်လှမှာပဲ...သူ့ဖုန်းကိုတောင်ကိုင်တယ်ဆိုတော့
တော်ရုံတန်ရုံရင်းနှီးတာ..မဖြစ်နိုင်ဘူး.."
စိတ်ထဲကနေကြိတ်၍ရေရွတ်လိုက်မိရင်း...
💜💜💜💜💜
"ဘာ...ဘယ်ကိုသွားတာ..."
သေချာကြားလိုက်တဲ့စကားတစ်ခွန်းကိုထပ်မေးလိုက်
သံက..ဒေါသအနည်းငယ်ပါနေသလိုပင်..မေနွမ်းက..
နေ့ကို..မဝံ့မရဲမော့ကြည့်ရင်း...
"ဟို..မမလေးက..သူ့သူငယ်ချင်းဖုန်းဆက်ခေါ်လို့
အပြင်ကိုမုန့်ထွက်စားမယ်ဆိုပြီးပြောသွားတာပါ..
boss...."
"အဲ့ဒါဆိုလဲ..ကျွန်တော့်ကိုဖုန်းဆက်ပြီးပြောရမှာပေါ့
ဒီကောင်မလေးကတော့ကွာ..."
"bossကိုမပြောဘူးလား...ကျွန်မက..bossကို
ဖုန်းဆက်ပြောထားတယ်ထင်နေတာ..."
ထိုအခါမှ...နေ..ညနေက..သလင်းနဲ့..ဟိုတယ်မှာ
ရှိနေတုန်း..သူမဖုန်းခေါ်ခဲ့တာကို..သတိရလိုက်
မိသည်။
"ဟို..အခုကမှောင်လဲမှောင်နေပြီဆိုတော့..မကြာခင်
ပြန်လာတော့မယ်ထင်ပါတယ်..boss..သိပ်လဲ
စိတ်မပူပါနဲ့..."
မေနွမ်း..ပြန်ဖြေသလိုပြောလိုက်လျှင်..နေ..ဖျပ်ခနဲ
အကြည့်တွေက..မေနွမ်းဆီရောက်သွားရင်း
"ပြန်လာတာ..မလာတာထက်..အခု..ခင်ဗျားတို့
မမလေးက..ကျွန်တော့်ဖုန်းကိုပါ...မကိုင်တာ...
ခင်ဗျားတို့ကလဲ..နည်းနည်းမှစိတ်မချရဘူး.."
"ရှင်...ကျွန်မတို့က..."
မေနွမ်း..စကားမဆုံးခင်..bossကခြေလှမ်းကြဲ
ကြီးတွေနှင့်..လှမ်းထွက်သွားပြီဖြစ်သည်။
"မေနွမ်း...bossက..မမလေးကိုမျက်စိအောက်ကကို
အပျောက်မခံနိုင်တဲ့..ပုံပဲနော်..."
"ဟုတ်ပ..အပြင်လေးသွားတာ..ပြန်မလာမှာကျ
နေတာပဲ..ခစ်..ခစ်"
ဝန်ထမ်းကောင်မလေးနှစ်ယောက်..သဘောကျ
သလိုပြောတော့..မေနွမ်း..ခေါင်းယမ်းလိုက်ရင်း..
"စကားအပြောအဆို..ဆင်ခြင်ကြစမ်း..boss
ကြားသွားရင်..အလုပ်ထုတ်ခံနေရမယ်..."
ခပ်ငေါက်ငေါက်ပြောလိုက်မှ..ထိုနှစ်ယောက်...
ဇက်ပုသွားသည်။
"သွား..ဒီည..boss..ဆေးရည်နဲ့ရေချိုးမှာ..ပန်းတွေ
အသင့်ပြင်ထားလိုက်..."
"ဟုတ်ကဲ့..."
နှစ်ယောက်လုံး..သံပြိုင်ဖြေကာ..ထွက်သွားတော့မှ...
"အင်း..သူတို့ပြောလဲ..ပြောချင်စရာပဲ..bossက
မမလေးနဲ့ပါတ်သတ်ပြီး..နည်းနည်းလေးမှ..အတိမ်း
စောင်းမခံဘူး...ဒီအတိုင်းဆို..အဖြူရောင်စံအိမ်မှာ
မကြာခင်..တစ်ကယ်ပဲ..အရှင်သခင်မလေးရှိလာ
တော့မယ်..ထင်တယ်...အဟင်း..."
တစ်ယောက်တည်းရေရွတ်ရင်း..မေနွမ်းလှမ်းထွက်
လာခဲ့သည်။
ထိုဖြစ်ရပ်..အစအဆုံးကို..ဧည့်ခန်းထောင့်ကနေ
ရပ်ကြည့်နေတဲ့..ဂျိမ်းကတော့..အလိုမကျသလို
မျက်ဝန်းတွေနှင့်..ခေါင်းကိုတွင်တွင်ခါရမ်းလိုက်ရင်း
"အင်္သချေ့အပေါ်..သခင်လေး..အရမ်းကိုအလေး
ထားလွန်းနေတာ..ဘေးလူတွေတောင်ရိပ်မိနေကြပြီပဲ"
💜💜💜
"အသင်...ငါစိတ်ချမယ်နော်..."
"ဪ...သွားမှာသာ..သွားစမ်းပါ..ဟိုမှာကားထွက်
တော့မယ်..ငါကတက္ကစီနဲ့ပြန်မှာ..စိတ်မပူနဲ့..."
ကြည်နူး..အသင့်ကိုစိတ်မချသလို..လှည့်ကြည့်
လှည့်ကြည့်နှင့်..ကားမှတ်တိုင်မှာရပ်ထားတဲ့...
YBSပေါ်လှမ်းတက်သွားသည်။ထုံစံအတိုင်း...
အလုပ်ပြန်ချိန်မို့..ကားတွေကကြပ်သိပ်နေသည်။
အသင်...ကြည်နူးပါသွားတဲ့ကားထွက်သွားတာနှင့်
bus stopထဲကနေလှမ်းထွက်လာခဲ့သည်။
ဆလင်းဘတ်အိတ်ထဲက..ဖုန်းကိုယူကြည့်လိုက်တော့
သူကဖုန်းနှစ်ခါ
ခေါ်ထားသည်..အသင်..တမင်တကာ..ဖုန်းသံ
တိုးထားတာ...ညနေက..အသင်ရေချိုးခန်းထဲ..
ဝင်နေတုန်းကလဲ..သူဖုန်းပြန်ခေါ်ထားသည်။
"အိမ်ရောက်ရင်..ငါတော့အဆူခံရတော့မလား
မသိဘူး..."
လုပ်ချင်ရာလုပ်ပြီးမှ..နည်းနည်းလန့်ချင်လာရသည်။
ပါးစပ်နဲ့ဆူတာပြောတာထက်...သူရဲ့အနမ်းတွေကို
အသင်ပိုကြောက်သည်။
ဒါပေမဲ့..ညနေကကိစ္စနဲ့..သူ့ကိုမကြည်လင်သေး
တာကြောင့်.ဖုန်းလဲပြန်မခေါ်ချင်ပေ.....
ပလက်ဖောင်းပေါ်ကနေ...အတွေးတွေနဲ့လှမ်းလျောက်
လာရင်းတက္ကစီတစ်စီးကိုဌားရန်ပြင်လိုက်စဉ်...
"ကျွီ..."
ရုတ်တရပ်အသင့်နားကိုထိုးရပ်သွားတဲ့..နောက်ဆုံးပေါ်
ဇိမ်ခံကားကြီးတစ်စီး...
"ဘာလဲဟ...."
အသင်..အံ့ဩသလိုကြည့်နေမိစဉ်မှာပဲ..တဖြေးဖြေး
လျောကျသွားတဲ့..ကားမှန်ပြတင်းဝမှာ..မြင်လိုက်
ရသူက
"ဟင်...ကိုနိဒါန်းသစ်..."
အသင်..အ့ံဩနေစဉ်မှာပဲ...နှစ်လိုဖွယ်အပြုံးနဲ့
သူက...ကားပေါ်ကနေဆင်းလာသည်။
"တစ်ကယ်..မင်းပဲ...ကိုယ်က..တူပါတယ်လို့...
လှမ်းကြည့်နေတာ..."
"ဟုတ်...ကိုနိဒါန်းသစ်က..ဘယ်ကိုသွားမလို့လဲ"
"ကိုယ်..အခုမှရုံးဆင်းလာတာလေ..အိမ်ပြန်မလို့
မင်းကရော..."
"အသင်လဲ..အိမ်ပြန်မလို့ပါ..."
ချစ်စရာကောင်းတဲ့..နာမ်စားလေးတစ်ခုကို..နိဒါန်း
ရှေ့မှာ..ပထမဆုံး..ထုတ်သုံးလိုက်တဲ့သူမ...
"ဒါဆိုလဲ..ကားပေါ်တက်လေ..ကိုယ်မင်းကိုအိမ်ပြန်
ပို့ပေးမယ်.."
"ရှင်..ရပါတယ်..မဟုတ်တာ..အသင်..ကိုယ့်ဘာသာ
တက္ကစီဌားပြီးပြန်မှာပါ..."
အသင်..အသည်းအသန်ုငြင်းလိုက်တော့..သူက
ရယ်သည်။
"ကိုယ့်ကိုအားမနာပါနဲ့...အမှန်တိုင်းပြောရရင်..
ကိုယ်က..မင်းကို..ဟိုတစ်ခါကိစ္စထဲက..အားနာ
နေခဲ့တာ..အခုပြန်ပေးဆပ်တယ်လို့ပဲ..သဘောထား
လိုက်ပါ....လာပါ..ကားပေါ်တက်..."
"ရှင်...အဲ့လိုမဟုတ်..."
အသင်....ငြင်းတာကိုနားမထောင်ပဲ..သူက..အသင့်
လက်ကိုဆွဲကာ..ကားတံခါးဖွင့်ပြီး..အထဲကိုဝင်
စေသည်။
"အသင့်ကိုလိုက်မပို့ပေးပါနဲ့..အသင်..ကိုယ့်ဘာသာ
ပြန်မှာပါ..."
အသင်..ပြောရင်း...ကားတံခါးကိုဖွင့်ပြီးပြန်ဆင်းရန်
ပြင်တော့...သူက...အသင့်ကိုလှမ်းဆွဲထားရင်း
"ကိုယ်နဲ့ကားတစ်စီးထဲအတူမစီးချင်လို့တော့..
မဟုတ်ပါဘူးနော်..."
"အို..အသင်က..အဲ့လို..သဘောမျိူးမဟုတ်ပါဘူး..."
လက်ခါခါနှင်ငြင်းနေတဲ့..ကောင်မလေးရဲ့ဖြူစင်တဲ့
ပုံစံလေးကြောင့်..နိဒါန်းပြုံးမိသွားရသည်။
"အသင်နော်...ကိုယ်မင်းကိုအဲ့လိုပဲခေါ်မယ်..ကိုယ့်ကိုလဲ
နိဒါန်းလို့ပဲခေါ်ပါ..."
"ဟုတ်..ဟုတ်ကဲ့..."
"ကိုယ်က..မင်းနဲ့မိတ်ဆွေတွေဖြစ်ပြီး..ရင်းနှီးချင်ရုံ
သက်သက်ပါ..တခြား..ဘာသဘောမှမပါပါဘူး"
ပြောရင်းသူကကားစက်ကိုနိူးလိုက်သည်။ဘယ့်နှယ်ကြောင့်
ငါ..ဇွတ်တရွတ်လူတွေနဲ့ပဲ..လာတွေ့နေရပါလိမ့်
အသင်..စိတ်ရူပ်စွာတွေးလိုက်မိသည်။
"မင်းရဲ့လိပ်စာကိုပြောလေ..."
အသင်..ဘယ်လိုမှပြောမရတော့မှာသိနေသဖြင့်
သက်ပြင်းချလိုက်မိရင်း...
"......................မှာပါ..."
သူမနူတ်ကရွတ်ပြတဲ့လိပ်စာ..တစ်ခုကိုနားထောင်ရင်း
နိဒါန်းအံ့ဩသွားရတာကအကြီးအကျယ်ပင်..
သူမပြောတဲ့..အိမ်လိပ်စာက..နေကုဋာရဲ့နေရာ
ဖြစ်နေခဲ့သည်လေ....
💜💜💜💜
"အဖြူရောင်စံအိမ်"
နိဒါန်းရဲ့ကားထိုးရပ်သွားတာနှင့်..သူမကနိဒါန်း
ဘက်ကိုလှည့်ကြည့်သည်။
"အသင့်ကိုလိုက်ပို့ပေးလို့..ကျေးဇူးတင်ပါတယ်
ကားကိုဂရုစိုက်မောင်းပြီးပြန်ပါ..."
ပြောပြီး..သူမကကားပေါ်ကနေဆင်းသွားတော့
နိဒါန်းပါလိုက်ဆင်းလိုက်သည်။
"မင်းက...နေကုဋာနဲ့အတူနေတာလား..."
"ဟုတ်..."
နိဒါန်း..အမေးကိုသူမက..ခပ်တိုတိုဖြေသည်။
"ကိုယ်က..မင်းနဲ့နေကုဋာရင်းနှီးတာကိုသိပေမဲ့
ဒီလိုထူးခြားတဲဆက်ဆံရေးမျိုးမှန်းမသိခဲ့ဘူး..."
နိဒါန်းစကားကြောင့်..သူမကမျက်ဝန်းစူးစူးလေးတွေနှင့်
ဖျပ်ခနဲခေါင်းမော့လာတော့..နိဒါန်းအမြန်လက်ကာ
လိုက်ရင်း...
"Sorry..ကိုယ်ပြောတာကို..တစ်လွဲမတွေးနဲ့နော်...
ကိုယ်က..မင်းတို့အတူနေတယိဆိုလို့အံ့ဩသွား
လို့ပါ...."
"ဟုတ်တယ်..ကိုနေကုဋာက...အသင်..နေစရာ
အခက်အခဲဖြစ်နေလို့..ကူညီပြီးခေါ်ထားပေးတာပါ"
"ထပ်ပြီး...sorryပါ..အသင်..ကိုယ်စကားမှားသွားရင်
တောင်းပန်ပါတယ်..နေကုဋာ့ရဲ့ဘေးမှာ..ဒီအတိုင်း
မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက်
ပြောင်းနေကြဆိုတော့...မင်းလိုဖြူဖြူစင်စင်မိန်းကလေး
တစ်ယောက်က..သူ့အနားမှာအခုလိုပုံစံမျိုးနဲ့ရှိနေတာ
မြင်တော့..ကိုယ်အံ့ဩသွားလို့ပါ...."
နိဒါန်းစကားကိုနားထောင်ပြီး...သူမမျက်ဝန်းလေးတွေ
ဖျပ်ခနဲ...လူပ်ခတ်သွားသည်။
"ကိုယ်မင်းကိုတစ်ခုလောက်မေးလို့ရမလား..."
ပြန်မဖြေပဲ..အသင်သူ့ကိုမော့ကြည့်လိုက်မိတာကို
သူကခွင့်ပြုသည်ဟုမှတ်ယူသွားလားမသိပေ
"မင်းနဲ့..နေကုဋာနဲ့က..ဘယ်လိုမျိုးပါတ်သတ်နေ
တာလဲ..."
"ရှင်.."
သူ့အမေးကို..အသင်ရုတ်တရပ်..ဘာဖြေရမလဲ
မသိဖြစ်သွားရစဉ်..
.
"ဂျိမ်း...ဝေါ.."
အလူမီနီယံခြံတံခါးကြီးက..အလယ်ကနေတအိအိ
ကွဲကာပွင့်သွားရင်း..တံခါးဝမှာ..ဘောင်းဘီအိတ်ထဲ
လက်နှစ်ဖက်ထည့်ကာ..ခပ်မတ်မတ်ရပ်နေတဲ့
အနေအထားနဲ့ပေါ်လာသူက..
"နေ..."
သူမနူတ်က..နေဆိုတဲ့နာမ်စားကိုနိဒါန်းသေချာ
ကြားလိုက်ရသေးသည်။
"မင်း..သိချင်တဲ့....မေးခွန်းကို....ငါဖြေပေးမယ်"
နှစ်ယောက်လုံးကိုဝေ့ကြည့်ပြီးတစ်လှမ်းချင်း
လှမ်းလျောက်လာတဲ့သူက..မျက်နှာချင်းဆိုင်
ရပ်နေသည့်..အသင်နဲ့နိဒါန်းရဲ့ကြားမှာ..ဝင်ရပ်လိုက်သည်။
ထို့နောက်..အသင့်ရဲ့လက်လေးတစ်ဖက်ကို...
ပိုင်နိုင်စွာဆုပ်ကိုင်လိုက်ရင်း...
"ငါ့ချစ်သူကို..အိမ်အထိပြန်ပို့ပေးလို့..ကျေးဇူးပဲ
နိဒါန်းသစ်"
"ဟင်"
သူ့အဖြေကြောင့်..အသင်..မျက်လုံးလေးဝိုင်းကာ
မော့ကြည့်လိုက်မိသည်။
ဒီတစ်ကြိမ်မှာလဲ...အံ့ဩစိတ်ကြောင့်..နိဒါန်း
မျက်ဝန်းတွေလူပ်ခတ်သွားရပြန်ရင်း...
နေကတော့...အောင်နိုင်သူရဲ့မျက်ဝန်းအစုံနှင့်
နိဒါန်းကို..အထက်စီးဆန်စွာစီးမိုးကြည့်နေခဲ့ပြီး...
💜💜💜💜💜
အပိုင်း(၃၂)မျှော်
ကဲ..၃ပွင့်ဆိုင်..၄ပွင့်ဆိုင်တွေလာပြီ😁😁
ကိုကို့ဒေါသနဲ့နောက်တစ်ပိုင်းမှာ..ငါ့ကလေးတော့..အိမ်း😂😂
Writer by
#Hazel.. See less