💜စေတန်ရဲ့သတို့သမီး💜
💜💜💜💜
"သခင်လေး..ဘာကိုဆိုလိုတာလဲ..."
"ကျစ်..."
အန်ကယ်ဂျိမ်း...နားမလည်သလို..ထပ်မေးတော့..
နေ..စိတ်ရူပ်သလို..စုပ်သပ်လိုက်မိသည်။ပြီးတော့
မျက်ဝန်းတွေက..ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့..
သူမဆီရောက်သွားရင်း...
"အန်ကယ်...ကျွန်တော်နဲ့..စကားနည်းနည်းလောက်
ပြောရအောင်..."
နေ..ပြောပြီး..အခန်းထဲကနေ..လှမ်းထွက်လာတော့..
ဂျိမ်း..အနောက်ကနေပါလာခဲ့ရပြန်သည်။စိတ်ထဲ
မှာတော့...ပြသာနာတစ်ခုခုဖြစ်တော့မယ်..ဆိုတာ
ကြိုသိနေသလိုပင်....
💜💜💜
မှန်နံရံနားမှာ..ခါးထောက်ရပ်ပြီး..ခြံထဲကိုငေးကြည့်
နေတာ..မိနစ်အနည်းငယ်ကြာပြီဖြစ်တဲ့..သခင်လေး
ဂျိမ်း..သခင်လေးအနောက်မှာ..လက်နှစ်ဖက်
နောက်ပစ်ပြီး..ရပ်နေမိပေမဲ့..သခင်လေးစကား..
စမပြောပဲနဲ့..မမေးဝံ့ပေ...
"သခင်လေး.."
တိတ်ဆိတ်နေတာ..အတန်ကြာတော့..ဂျိမ်း..အသိ
ပေးသလိုခေါ်လိုက်မိသည်။
"အန်ကယ်...ဘာလို့..ကျွန်တော့်ကိုညာခဲ့ရတာလဲ"
မေးခွန်းနဲ့အတူ လှည့်ကြည့်လာတဲ့မျက်ဝန်းတွေက
အသက်မဲ့လူတစ်ယောက်လို.....
"ကျွန်တော့်မှာ..ပါပါ့အပြင်တခြားမိသားစုဝင်တွေ
မရှိခဲ့ဘူးဆိုတာ..အန်ကယ်ညာခဲ့တာမဟုတ်လား"
သခင်လေး...အမေးကြောင့်..ဂျိမ်းထိတ်လန့်သွားရသည်။
"သခင်လေး..သခင်လေးကဘာကို.."
"ကျွန်တော့်မှာ..ညီမတစ်ယောက်ရှိခဲ့တယ်မဟုတ်လား"
"ဗျာ..."
ူဒီတစ်ခါ..ထိတ်လန့်သွားခဲ့ရခြင်းက..အာမေဋိတ်သံပင်
ထွက်သွားရတဲ့အထိပင်
သခင်လေးမှတ်ညဏ်တွေပြန်ရသွားတာလား..
ဟင့်အင်း..မဖြစ်နိုင်ဘူး..သခင်လေးအတိတ်ကိုသာ
ပြန်သတိရသွားရင်..ဒီလိုသွေးအေးနေမှာမဟုတ်ဘူး
ဂျိမ်း..အတွေးနဲ့မျက်ဝန်းတွေက..ယောက်ယတ်ခတ်
သွားရတာကို..နေ..ကအကဲခတ်သလိုကြည့်နေသည်။
"ကျွန်တော်မေးနေတယ်လေ..အန်ကယ်ဘာလို့ပြန်
မဖြေတာလဲ...ကျွန်တော့်မှာတစ်ကယ်ပဲညီမတစ်ယောက်
ရှိခဲ့တယ်မဟုတ်လား...ထင်ယောင်ထင်မှား....
ဖြစ်တာပါလို့တော့အန်ကယ်မပြောပါနဲ့..အာရုံထဲမှာ
မြင်ချင်ရာမြင်နေရအောင်..ကျွန်တော်ကအတိတ်
မေ့ရုံမေ့နေတာပါ..မရူးသေးဘူး"
ဒီတစ်ခါလဲ..ဂျိမ်း...ပြန်မဖြေနိုင်ပဲ..တောင်းပန်
တိုးလျိုးတဲ့မျက်ဝန်းတွေနှင့်မော့ကြည့်လိုက်မိပြန်သည်။
"သခင်လေး..ကျွန်တော်က....."
စကားမဆုံးခင်..တစ်ဝက်တစ်ပျက်နှင့်ခေါင်းငုံ့
ကျသွားရပြန်တဲ့...ဂျိမ်း...
"တစ်ကယ်ပဲ..မှန်နေတာပဲ..အန်ကယ်..ကျွန်တော့်ကို
ညာခဲ့တာကိုး...ဘာလို့..အဲ့လိုလုပ်ခဲ့ရတာလဲ..ပါပါရော
အန်ကယ်ရောက..ကျွန်တော့်အပေါ်..ဘာလို့အဲ့လို
လုပ်ရက်ခဲ့ရတာလဲ...."
ခံစားချက်တစ်ချို့ကြောင့်အက်ရှနေတဲ့..သခင်လေးရဲ့
အသံကြောင့်..ဂျိမ်း..ရင်နင့်သွားရတာက..ယောကျာၤးကြီး
တန်မဲ့..မျက်ရည်ဝဲမိတဲ့အထိ...
"သခင်လေးရဲ့..ဘဝဟာ..အတိတ်ကမှတ်ညဏ်တွေကို
ပြန်သတိမရပေမဲ့..အရာအားလုံး..တည်ငြိမ်နေခဲ့
ပြီးသားပါ..."
ပြောရင်း..မော့ကြည့်လာတဲ့..အန်ကယ့်ရဲ့မျက်ဝန်းထဲ
မျက်ရည်ဝေ့နေတာကိုကြည့်ပြီး..နေ..မျက်လုံး
လွှဲလိုက်မိသည်။
"အန်ကယ်သာဆိုရင်ရော..အန်ကယ့်ရဲ့မိသားစုနဲ့
ပျော်ရွှင်စရာအမှတ်တရတွေရှိခဲ့မယ်ဆိုရင်...
ကျွန်တော့်လိုမျိူးမှတ်ညဏ်တွေဆုံးရူံးသွားတဲ့အခါ
အဲ့ဒီအရာတွေကို...တစ်သက်လုံးမေ့ဖျောက်ပစ်ဖို့
ဖြစ်နိုင်မှာလား..."
"သခင်လေး..."
"အဲ့ဒီ့ကလေးက..ဘယ်သူလဲ...သူကတစ်ကယ်ပဲ
ကျွန်တော့်ညီမအရင်းလား..."
ဂျိမ်းရဲ့မျက်ဝန်းတွေကို..အေးစက်စွာစိုက်ကြည့်ပြီး
မေးလာတဲ့..သခင်လေးရဲ့အမေး..ဂျိမ်းမဖြေပဲ
သခင်လေးကို...ကြည့်နေမိသည်။
"အန်ကယ်..."
ဒေါသနှင့်..နေ့အသံကဟိန်းထွက်လာခဲ့သည်။
ဂျိမ်း..မျက်ဝန်းတွေကို..မှိတ်ချလိုက်ရင်း..
"အဲ့ဒီကလေးက..သခင်လေးရဲ့ညီမအရင်းမဟုတ်ဘူး
ပြီးတော့..သူက...သခင်လေးရဲ့ဘဝမှာ..ရှိမနေသင့်တဲ့
လူပဲ....သခင်လေးမေ့ပျောက်နေတဲ့မှတ်ညဏ်တွေရဲ့
တပိုင်းတစဖြစ်တဲ့..အဲ့ဒီ့ကလေးကိုသာ..သခင်လေး
ပြန်မှတ်မိတဲ့..နေ့က..တမလွန်က..သူဌေးကြီး
အတွက်..ရင်နာစရာအချိန်တွေပဲဖြစ်လိမ့်မယ်.."
"အန်ကယ်ဆိုလိုတာ..ပါပါကိုယ်တိုင်က..ကျွန်တော့်ရဲ့
အတိတ်ကိုပြန်အမှတ်မရစေချင်ဘူးပေါ့..အဲ့ဒီလိုလား"
နေ့ရဲ့အမေးအဆုံး.နေ့ရှေ့မှာ.ဒူးထောက်ချလိုက်တဲ့
အန်ကယ်...
"အန်ကယ်..ဘာလုပ်တာလဲ.."
"ကျွန်တော့်ကိုသတ်လိုက်ပါ..သခင်လေး..သခင်လေး
သိချင်တဲ့အရာတွေကို..ကျွန်တော်ဖြေပေးနိုင်မှာ
မဟုတ်ဘူး.. "
"အန်ကယ်..."
"ကျွန်တော်..သခင်လေးကိုပြောနိုင်တာတစ်ခုကတော့
သူဌေးကြီးက..သခင်လေးကိုသူ့အသက်ထက်ပိုပြီး
ချစ်တာပါ..သူလုပ်ခဲ့သမျှအရာတွေအားလုံးကလဲ
သခင်လေးအတွက်ပဲ.ဒါကိုကျွန်တော်မပြောရင်တောင်
သခင်လေး.နားလည်ပြီးသားဖြစ်မှာပါ.."
ဂျိမ်းစကားကြောင့်..နေ.တွေဝေသွားသည်။
"သူဌေးကြီးက..သခင်လေးကို..ဒီလိုထက်မြတ်တဲ့
လူတစ်ယောက်အဖြစ်ပျိုးထောင်ပေးခဲ့တယ်..သခင်လေးရဲ့
အတိတ်ကို..သူဌေးကြီးပြန်အမှတ်မရစေချင်ဘူး
ဆိုရင်တောင်..အဲ့ဒါက..သခင်လေးအတွက်ပဲ
ဖြစ်ပါလိမ့်မယ်..."
ပြောရင်း .မျက်ရည်တွေစီးကျလာတဲ့..အန်ကယ်
ဂျိမ်းကိုကြည့်ပြီး..နေ..စိတ်လျော့သလို..သက်ပြင်း
ချလိုက်သည်။
"သခင်လေးကို..သိပ်ချစ်တဲ့..နောက်ဆုံးထွက်သက်
အချိန်မှာတောင်..သခင်လေးအတွက်..စိတ်မချနိုင်
ဖြစ်ခဲ့တဲ့..သူဌေးကြီးရဲ့ချစ်ခြင်းမေတ္တာကို...တန်ဖိုးထား
ခဲ့တယ်ဆိုရင်..သခင်လေး..အတိတ်ကမှတ်ညဏ်တွေကို
ပြန်ပြီးရှာဖွေဖို့မကြိုးစားပါနဲ့..ကျွန်တော်အနူးအညွတ်
တောင်းဆိုပါတယ်.."
နေ..ဂျိမ်းကို..ခဏမျှစိုက်ကြည့်နေပြီး..ချာခနဲ
လှည့်ထွက်လာခဲ့သည်။
"သခင်လေး..."
တံခါးနားအရောက်..လှမ်းခေါ်လိုက်တဲ့..ဂျိမ်းရဲ့
အသံကြောင့်.နေ..ခြေလှမ်းတွေတုံ့ခနဲရပ်တန့်
သွားရသည်။
"သခင်လေးမေ့နေတာလား..ကျွန်တော့်ရဲ့မိသားစုက
အဖြူရောင်စံအိမ်ကလူတွေပါ..ကျွန်တော့်ရဲ့
ငယ်ရွယ်ချိန်တွေတုန်းက..သူဌေးကြီးက..ကျွန်တော့်ရဲ့
တစ်ဦးတည်းသောမိသားစုဝင်.အခုချိန်မှာ..ကျွန်တော့်ရဲ့
မိသားစုဝင်ဆိုတာကလဲ.သခင်လေးတစ်ယောက်ထဲပဲ
ရှိပါတယ်...အဲ့ဒါကို..အမြဲမှတ်ထားပေးပါ..ကျွန်တော်
သေတာတောင်..သခင်လေးနဲ့သူဌေးကြီးအပေါ်
သစ္စာဖောက်မှာ..မဟုတ်ဘူး...."
ဂျိမ်းရဲ့စကားဆုံးတာနှင့်..နေ..နားနေခန်းရဲ့တံခါး
ကိုဆွဲဖွင့်ကာ..ခြေလှမ်းကြဲကြီးတွေနှင့် လှမ်းထွက်
လာခဲ့တော့သည်။
"ကျွန်တော့်ကို..ခွင့်လွတ်ပါ..သခင်လေးရယ်.."
ထိုအချိန်..အခန်းထဲမှာ..ကျန်နေခဲ့တဲ့. ဂျိမ်းရဲ့
တောင်းပန်စကားခပ်တိုးတိုးကိုတော့..နေ.မကြား
နိုင်ခဲ့တော့ပါ...
💜💜💜💜
အသင်.အိပ်ယာကနေ..နိုးလာတော့..အနားမှာ
သူမရှိနေတော့..နာရီလှမ်းကြည့်လိုက်တော့လဲ..
၆နာရီခွဲကျော်ကျော်သာရှိသေးသည်။
"သူ..အစောကြီး..နိုးနေပြန်တာလား.."
အတွေးနဲ...အသင်ကုတင်ပေါ်ကဆင်းကာ......
နံရံကပ်မှန်ဗီရိုကြီးနားကိုလျှောက်သွားလိုက်မိသည်။
"ကြည့်စမ်း....တော်တော်ဆိုးတဲ့လူဆိုးကြီး...."
ထုံးစံအတိုင်း..သူ့ရဲ့အမှတ်အသားတွေထင်ကျန်
နေပြန်တဲ့..လည်တိုင်နှင့်ရင်ဘတ်လေးတစ်ဝိုက်ကို
ကြည့်မိရင်း..အသင်မကျေမနပ်ရေရွတ်လိုက်မိပြန်သည်။
"နမ်းလိုက်တိုင်း..ဘာလို့ကိုက်မှန်းမသိဘူး..
Vampireကျနေတာပဲ..."
"မင်းရဲ့ဆန္ဒမပါပဲ..အနမ်းထက်ပိုတဲ့ဘယ်လိုအရာကိုမှ
ကိ်ုယ်အတင်းအကြပ်မလုပ်ဘူး..."
ညကသူပြောခဲ့တဲ့စကားကိုပြန်ကြားယောင်မိတော့
ပါးပြင်လေးနှစ်ဖက်က.ပူနွေးသွားရသည်။
တစ်ကယ်ဆို..တစ်အိပ်ယာထဲအတူရှိနေပြီး..အသင့်ကို
ပွေ့ဖက်ထားခဲ့တာတောင်..သူပြောသလို..အနမ်းထက်
မပိုပဲ..သူ့ရဲ့စောင့်ထိန်းခဲ့ခြင်းက..
"မင်းက..ကိ်ုယ့်အတွက်ဘယ်မိန်းကလေးနဲ့မှနိူင်းယှဉ်
လို့မရဘူး"ဆိုတဲ့
စကားကိုသက်သေပြလိုက်တာပင်မဟုတ်လား..
အသင်..ကျေနပ်စွာပြုံးလိုက်မိသည်။
"နေပါဦး...ဘာလို့..ငါညကသူ့ကိုအဆင်သင့်မဖြစ်
သေးဘူးလို့ပြောလိုက်မိပါလိမ့်...ဒါ..အရမ်း...
ရှက်စရာကောင်းတာပဲ..."
အသင်..ပါးဖောင်းဖောင်းနှစ်ဖက်ကို..လက်နှင့်
အုပ်ကိုင်ရင်း..နူတ်ခမ်းလေးကိုဖွဖွဖိကိုက်ကာ..
ရှက်သွေးဖြာနေစဉ်
"ကျွီ..."
ပွင့်သွားတဲ့..အခန်းတံခါးနှင့်..အခန်းထဲကို.လှမ်း
ဝင်လာသည့်သူ....
"ဟင်.."
အသင်..သူ့ကိုရေချိုးခန်းထဲမှာပဲထင်နေတာကြောင့်
အံ့ဩသွားရသည်။
"မင်း..နိုးနေပြီပဲ..."
သူကလှမ်းပြောရင်း..အသင့်ရပ်နေတဲ့နားကိုလျှောက်
လာသည်။
"ရှင်..အစောကြီးနိုးပြီး..ဘယ်သွားနေတာလဲ...
Gymဆော့နေတာလား.."
အသင်မေးတော့..သူကရယ်သည်။
"ကိုယ်အခု..ချွေးတစ်စက်တောင်..မထွက်တာကို..
မင်းက..အားကစားလုပ်လာတယ်ထင်လို်လား..."
"အဟင်း..ဟုတ်သားပဲ..."
အသင်..ကိုယ့်လွဲမှားမူ့ကြောင့်..ဇက်လေးပုကာ
ရယ်လိုက်မိသည်။
"Gymကကိုယ်..နေ့တိုင်းမကစားဘူး..တစ်ပါတ်မှ
၄ရက်လောက်ပဲဆော့မယ်.."
"ဘယ်နှစ်ရက်ပဲ..ဆော့ဆော့ပါ..ရှင့်bodyက...
အရမ်းမိုက်ပြီး..ကြည့်ကောင်းနေတာပဲ..."
သတိလက်လွတ်ပြောလိုက်ပြီးတော့..ပြုံးထေ့ထေ့
မျက်နှာဖြစ်နေသည့်သူ့ကိုမြင်မှ..အသင်ရှက်သွားရသည်။
"ဟို..အသင်..အခန်းပြန်တော့မယ်.."
ကပျာကယာသူ့နားကနေလှမ်းထွက်ရန်ပြင်လိုက်တော့
သူကအသင့်ကိုလက်မောင်းကိုလှမ်းဆွဲပြီးဆွဲလှည့်
လိုက်ကာ..အနောက်ကနေသိုင်းဖက်ထားလိုက်ပြန်သည်။
"အမြဲတမ်း..ကိုယ့်ဘေးကနေ..ထွက်ပြေးဖို့ပဲ..
လုပ်နေတာ..မင်းမမောဘူးလား..."
"ထွက်ပြေးလို့ရောရလို့လား..ရှင်အမြဲတမ်းလူကို
ဖမ်းထားတာပဲမဟုတ်လား.."
နံရံကပ်မှန်ကြီးထဲမှာပေါ်နေတဲ့..နှစ်ယောက်ပုံရိပ်က
သူ့မျက်နှာကိုကြည့်ပြီး..အသင်..မကျေနပ်သလို
ပြောလိုက်တော့သူကရယ်သည်။
"မင်းသိလား..အသင်..ကိုယ်စိတ်ညစ်စိတ်ရူပ်နေတဲ့
အခါတိုင်း..ကိုယ်နာကျင်နေတဲ့အခါတိုင်း..မင်းကို
ဒီလိုမျိုးပွေ့ဖက်ထားရင်...အံ့ဩစရာကောင်းအောင်ပဲ
အရာအားလုံးကလျော့ပါးသွားသလိုပဲ.."
နားရွတ်ဖျားလေးနှင့်ဆံစလေးတွေထက်မှာ..သူ့
နှာခေါင်းချွန်ချွန်က..မထိခလုတ်ထိခလုတ်နှင့်
ကျီစယ်ရင်းသူကပြောသည်။
"ရှင်..အခုစိတ်ညစ်နေပြန်ပြီလား..."
"အဟင်း...နည်းနည်းပါ...ကိုယ်...ကိုယ့်ရဲ့ခံစားချက်
တွေကို...ဘယ်တစ်စုံတစ်ယောက်ကိုမှ..မဝေမျှခဲ့ဖူးဘူး
ဒါပေမဲ့..မင်းဆီက..စိတ်ပူသလို၊ကိုယ့်အတွက်တွေး
ပေးသလို..စကားလုံးမျိုးတွေကို..ကိုယ်အမြဲတမ်း
လိုချင်နေမိတယ်..."
ပြောနေရင်း..လက်တွေကပိုပြီးတင်းကြပ်သွားကာ
သူကပါးပြင်ချင်းတိုးဝှေ့ပွတ်သပ်နေပြန်သည်။
"ကိုယ်..တစ်ကယ်တော့..မနေ့ကသောက်လာခဲ့တာ
ကိုယ့်ရဲ့မှတ်ညဏ်တွေကြောင့်ပါ..
ကိုယ်အမြဲတမ်းတွေးနေခဲ့မိတာ..ကိုယ့်ရဲ့၁၆နှစ်တာ
မှတ်ညဏ်တွေပြန်မရရင်တောင်..ကိုယ့်ဘဝက..
ဘာမှထူးခြားလာမှာမဟုတ်ဘူးလို့လေ...ပါပါက
ကိုယ့်အတွက်..သူရဲကောင်းကြီးတစ်ယောက်လိုပဲ
ပါပါကကိုယ့်ဘဝအတွက်အဖိုးမဖြတ်နိုင်တဲ့လူပါ
ပါပါရဲ့အချစ်တွေနဲ့တင်ကိုယ့်ဘဝကပြည့်စုံပြီလို့
ကိုယ်အမြဲတမ်းတွေးခဲ့တယ်..."
ပြောရင်း..ခပ်သဲ့သဲ့သက်ပြင်းချလိုက်တဲ့သူ....
"ဒါပေမဲ့..ကိုယ့်နှလုံးသားကတစ်ခါတစ်လေနာကျင်
ရတယ်..တစ်ခါတစ်လေမှာ..ကိုယ့်ကိုတစ်ယောက်ယောက်က
စောင့်နေသလိုမျိုးကိုယ်ခံစားနေရတယ်..."
"ရှင်....ရှင့်ရဲ့မှတ်ညဏ်တွေကိုပြန်ရဖို့ကြိုးစား
နိုင်တာပဲမဟုတ်လား..."
"မနေ့ကအထိ..ကိုယ်အဲ့လိုကြိုးစားချင်ခဲ့မိလိမ့်မယ်
ဒါပေမဲ့..အခုတော့..မတူတော့ဘူး..."
"ဘာဖြစ်လို့လဲဟင်..."
"ကိုယ်ကြောက်လို့..."
"ဟင်.."
သူ့စကားကြောင့်..အသင်အံ့ဩသလိုဖြစ်သွားရသည်။
သူ့လိုလူကကြောက်တယ်တဲ့လား...
"ကိုယ်မမှတ်မိတဲ့..ကိုယ်ရဲ့မှတ်ညဏ်တွေထဲမှာ
ဘယ်လိုလျို့ဝှက်ချက်တွေရှိနေတာလဲဆိုတာ.
ကိုယ်မသိဘူး..ကိုယ်သာမှတ်ညဏ်တွေပြန်ရတဲ့အခါ
ဘာတွေထပ်ပြီးဆုံးရူံးရမလဲဆိုတာလဲ.ကိုယ်မသိဘူး
တစ်ကယ်လို့..ကိုယ်ဆုံးရူံးရမဲ့အရာက..ကိုယ်သိပ်ချစ်တဲ့..
ကိုယ့်ရဲ့ပါပါဖြစ်နေခဲ့မယ်ဆိုရင်..."
ဆက်မပြောပဲ..သူကမျက်ဝန်းတွေမှိတ်ချလိုက်သည်။
အသင်...သူ့ကိုကြည့်ပြီး..ရင်ထဲနင့်သွားရသည်။
ဒီလို..ဒွိဟ..ခံစားချက်တွေနဲ့..သူဘယ်လောက်
ရင်နာနေခဲ့ရမလဲ...
"နေ..."
နာမည်ကိုနွေးထွေးစွာ..ခေါ်လိုက်ရင်း...သူမကနေ့
လက်တွေကိုဖယ်ချကာ..နေ့ဘက်ကိုလှည့်လာသည်။
"ရှင့်ရဲ့..အတိတ်ကိုရှင်မမှတ်မိရင်တောင်..ရှင့်ရဲ့
ပစ္စုပန်နဲ့..အနာဂါတ်က..ရှင့်လက်ထဲမှာပဲရှိနေပါတယ်..
အတိတ်ကအမှတ်တရတွေကိုရှင်မမှတ်မိရင်တောင်
အခုကစပြီး..ရှင့်ဘဝရဲ့အမှတ်ရစရာ..ပျော်ရွှင်ချိန်
တွေကိုရှင်ဖန်တီးနိုင်တာပဲလေ..."
"မင်းနဲ့အတူလား..."
ကိုယ့်မေးခွန်းနဲ့ကိုယ်..အသင်ပြန်ထိသွားရသည်။
သူကအသင့်လက်လေးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်ရင်း..
"ကိုယ်က..မင်းထင်တာထက်ပိုပြီးဆိုးသွမ်းတဲ့လူ
ဖြစ်နေရင်...ဒါမှမဟုတ်..မင်းလုံးဝထင်မှတ်မထား
လောက်တဲ့အထိ...ကိုယ့်ဘဝကရူပ်ထွေးနေခဲ့မယ်
ဆိုရင်ရော..ကိုယ့်ဘေးမှာရှိနေပေးဦးမှာလား..."
မျှော်လင့်ချက်တွေပြည့်နေသည့်မျက်ဝန်းတွေနှင့်
သူ့ရဲ့အမေး..အသင်..ခန့်ညားချောမောလွန်းနေသည့်
သူ့ကိုကြည့်ပြီး..ရင်တွေခုန်လာတာကပေါက်ထွက်
မတတ်ပင်..
"ရှင်..အသင့်ကိုထပ်ပြီးမောင်းမထုတ်သ၍..အသင်
ရှင့်..နားမှာရှိနေမှာပါ..."
မျက်လွှာလေးအောက်ချကာ..ဖြေလိုက်တဲ့..သူမကို
ကြည့်ပြီး..နေ့နှလုံးသားထဲနွေးထွေးသွားရသည်။
"မင်းသာကိုယ့်အနားမှာရှိနေရင်..ကိုယ်ဘယ်လို
မှတ်ညဏ်ကိုမှပြန်မရဘူးဆိုလဲဖြစ်တယ်.."
ပြောရင်း.ခါးလေးကနေပင့်ချီလိုက်ကာ..အသင့်ကို
မှန်နံရံနှင့်ကျောပြင်ဖိကပ်နေအောင်..တွန်းပို့လိုက်တဲ့
သူ...
"ဟင့်အင်း. အသင်မျက်နှာမသစ်ရသေးဘူးနော်..."
ငုံ့ကျလာတဲ့သူ့မျက်နှာကိုလက်နှင့်အတင်းတွန်းထားရင်း
အသင်ပြောတော့..သူကထိုလက်နှစ်ဖက်ကိုပါ..
မှန်နံရံမှာ..တစ်ဖက်စီချုပ်ကိုင်လိုက်ရင်း..
"ကိုယ်..အဆင်ပြေပါတယ်.."
"ရှင်..လူကိုတွေ့တာနဲ့..ဘာလို့နမ်းဖို့ချည်းပဲတွေးနေ
တာလဲ.."
"တွေ့တာနဲ့နမ်းပစ်ချင်လောက်အောင်..မင်းက
အသည်းယားစရာကောင်းနေတာကိုး..."
အသင့်ရဲ့စူပုတ့်ပုတ်အမေးကို..သူကမချိုမချဉ်
ဖြေသည်။
"ထပ်ပြီး..ကိုက်ဖို့မစဉ်းစားနဲ့နော်..ညက..ရှင့်ကြောင့်..ဟွန့်"
စကားကိုဆုံးအောင်မပြောပဲ..သူမက..နေ့ကို..
ခေါင်းမော့ကာမျက်စောင်းထိုးသည်။နေ.သူမရဲ့
ခန္တာကိုယ်လေးထက်က..အမှတ်အသားတွေကိုကြည့်ပြီး
ပြုံးလိုက်မိကာ..
"Ok...ဒီတစ်ခါနူတ်ခမ်းကိုပဲ..နမ်းရမယ်ပေါ့..
အဲ့လိုလား..."
နေ..သူမမျက်နှာလေးနားကိုတဖြေးဖြေးတိုးကပ်
သွားတော့..သူမမျက်ဝန်းတွေက..တံခါးဆီ..ဖျပ်
ခနဲရောက်သွားရင်း..
"ဟင်...မေနွမ်း..."
မျက်လုံးပြူးသွားတဲ့သူမအမူအယာကြောင့်..
နေလှည့်ကြည့်မိလိုက်လျှင်..
"ဒုတ်..."
"အ.."
နေ့ရဲ့ညိုသကျဉ်းကိုခြေထောက်နဲ့ကန်ပြီး..လက်တွေ
ထဲက..အတင်းရုန်းထွက်လိုက်တဲ့သူမကလှည့်ပြေး
သွားသည်။
"အမလေး.."
ခြေသုံးလှမ်းပင်မပြည့်လိုက်..တစ်ပါတ်လည်သွားအောင်
ဆွဲလှည့်ခံလိုက်ရပြီး...
"ဒါ..မင်းအရင်စတာ..."
"အို..ဟင့်...."
ဟင့်အင်းလို့တောင်..ဆုံးအောင်ငြင်းခွင့်မရလိုက်
နူတ်ခမ်းနွေးနွေးလေးကို သူကအတင်းစုပ်နမ်း
ယူလိုက်ပြီးနောက်....
"............."
အမြဲတမ်း..မွန်းကြပ်လောက်အောင်ကြမ်းရှရှ
သူ့ရဲ့အနမ်းတွေထဲမှာ..အသင်....ရုန်းကန်ဖို့မေ့လျော့
နေခဲ့စွာပဲ...💏
ဤတစ်ကြိမ်မှာလဲ..အသင်ရူံးနိမ့်ခဲ့ပြန်ရင်း...
💜💜💜💜💜
"ကဒ်..."
"Ok...သလင်းရေ...အားလုံးအဆင်ပြေတယ်..."
ဒါရိုက်တာရဲ့..ကဒ်အော်သံနှင့်အတူ..စတူရီယို
တစ်ခုလုံး..အလုပ်ရူပ်သွားကြသည်။
The sun groupရဲကြော်ငြာရိုက်ကွင်းတွင်ဖြစ်သည်။
သူဌေးကိုယ်တိုင်လာကြည့်နေတာမို့..ဒါရိုက်တာနှင့်
အားလုံးကပျာပျာသလဲဖြစ်နေကြသည်။
"boss...စိတ်တိုင်းကျရဲ့လား...ခင်ဗျ...."
"အဆင်ပြေပါတယ်...ဦးတင်မောင်...နောက်ရက်
ရိုက်ကွင်းက..showroonမှာနော်..."
"ဟုတ်ပါတယ်...boss..."
"ကြိုးစားပေးပါဦးဗျာ..."
နေ.ဒါရိုက်တာ..ဦးတင်မောင်ရဲ့..ပခုံးကို..ပုတ်ကာ
ပြောရင်း...မိတ်ကပ်..ဖျက်နေတဲ့..သလင်းနှင်းဆီ
နားကိုလျောက်သွားလိုက်သည်။
"ကိုနေ...."
"သလင်း...ပင်ပန်းသွားပြီထင်တယ်..."
နေ့စကားကြောင့်..သူမက..ချွေးစတွေကြားကပြုံးကာ
"ရပါတယ်..ဒါသလင်းအလုပ်ပဲလေ..သလင်းတာဝန်
ကျေရမှာပေါ့...ကိုနေစိတ်တိုင်းရောကျရဲ့လား.."
"သလင်းက..အစထဲက..အလုပ်လုပ်တာတော်ပြီး
သားပဲ..ကိုယ်ပြောစရာတောင်မလိုဘူး..."
"အဟင်း...ဒီလိုမြှောက်နေရုံနဲ့မရဘူးနော်..သလင်း
အခုဗိုက်ဆာနေပြီ...ကိုနေ...တစ်ခုခုလိုက်ကျွေး
ရမယ်..."
ဟန်ဆောင်မူ့ကင်းမဲ့တဲ့ပုံနှင့်ပြောလိုက်တဲ့သလင်းကို
ကြည့်ပြီး...နေပြုံးရုံပြုံးလိုက်ကာ...
"Ok...ရတာပေါ့..."
"ဒါဆို..သွားကြရအောင်လေ..."
ပြောရင်း...နေ့လက်မောင်းကိုခိုတွယ်လိုက်တဲ့သူမ
နေ..သူမရဲ့ရဲတင်းလွန်းတဲ့အပြုအမူကြောင့်...
အနည်းငယ်အံ့ဩဟန်ဖြစ်သွားရသည်။စတူရီယို
ထဲက..လူတွေကလဲ..နေတို့ကိုမသိမသာကြည့်နေတာမို့
နေ..ဘာမှမပြောတော့ပဲ..ဟန်မပျက်လှမ်းထွက်
လာခဲ့သည်။
"ဟဲ့..bossနဲ့သလင်းနှင်းဆီကအရမ်းရင်းနှီးနေ
သလိုပဲနော်.."
"ဟုတ်ပ..အရမ်းလဲလိုက်တယ်နော်...နင်တို့မယုံ
စောင့်ကြည့်နေ..သူတို့မကြာခင်..ချစ်သူတွေဖြစ်သွား
လိမ့်မယ်...
သိတယ်မဟုတ်လား..ငါတို့bossက..တွဲလိုက်ရင်
နာမည်ကျော်မော်ဒယ်တွေ၊မင်းသမီးတွေ၊သူဌေးသမီးတွေ
ချည်းပဲ..သလင်းနှင်းဆီလဲ..အဲ့ဒီ့ထဲကတစ်ယောက်
ဖြစ်လာလိမ့်မယ်.."
စတူရီယိုထဲမှာ..တီးတိုးသံတေွဆူညံသွားရင်း.......
💜💜💜💜💜💜
"အခုလား...ကြည်နူး..."
"ဟုတ်တယ်...ငါအခု...သတင်းလဲယူပြီးသွားပြီ
ထင်တာထက်စောစောပြီးတယ်ဟ...အယ်ဒီတာက
ရုံးတန်းဆင်းလိုက်တော့လို့ပြောထားတာလေ..
အဲ့တော့..အချိန်တွေကပိုနေပြီ...နင်လဲအိမ်ထဲ
မှာချည်းပဲနေရတာ..ပျင်းမှာပေါ့..ထွက်လာခဲ့ပါဟာ
ငါတို့မုန့်စားပြီး...ညဈေးလေးဘာလေးလျောက်ရအောင်"
ကြည်နူးပြောတာအသင်မငြင်းမိ...တစ်ကယ်လဲ.
အိမ်ထဲမှာနေရတာပျင်းလို့သေတော့မယ်လေ...
"အေးပါ...အဲ့ဒါဆိုလဲ..ငါသူ့ဆီဖုန်းဆက်ပြီး....
လှမ်းပြောလိုက်ဦးမယ်..."
"အမလေး..အသင်ရယ်...နင့်မလဲ...အုပ်ထိန်းသူကြီးဆီ
လှမ်းပြီးခွင့်တောင်းရဦးမယ်...ဟုတ်လား.."
ကြည်နူးရဲ့..ခပ်ရွဲ့ရွဲ့အပြောကြောင့်အသင်မလုံမလဲ
ရယ်လိုက်ရင်း...
"ဒါပဲနော်...ငါ...ခဏနေ..ဖုန်းပြန်ဆက်လိုက်မယ်.."
ကြည်နူး..ဖုန်းချသွားတော့...အသင်..သူ့ဆီဖုန်းခေါ်
လိုက်သည်။
💜💜💜💜💜
"တူ...တူ....တူ...."
ဖုန်းမြည်သံက..သလင်းရဲ့အရှေ့စားပွဲပေါ်မှာ
ရှိနေသည့်...သူ့ရဲ့ဖုန်းဖြစ်သည်။
သူကတော့...သန့်စင်ခန်းသွားနေတာမို့..အနားမှာ
မရှိ....
"ဘယ်သူ့ဆီကလဲ..."
သလင်း...လက်မြန်ခြေမြန်နှင့်..ဖုန်းကိုကောက်ယူ
လိုက်သည်။
"My Girl (ကိုယ့်ရဲ့ကောင်မလေး)"
contentlist ကနာမည်ကိုကြည့်ပြီး..သလင်း
မျက်မှောင်ကြုတ်သွားရသည်။
"ကိုယ့်ရဲ့ကောင်မလေးတဲ့.....ဘယ်သူပါလိမ့်...."
သလင်း...အတွေးနဲ့ဖုန်းကိုကိုင်လိုက်သည်။
"ဟဲလို..."
ဖုန်းဝင်သွားတဲ့အချိန်...တစ်ဖက်ကကြားလိုက်ရတဲ့
မိန်းကလေးအသံကြောင့်...အသင်..မျက်မှောင်ကြုတ်
သွားရရင်း....
💜💜💜💜💜
အပိုင်း(၃၁)မျှော်
ကဲ..ဇာတ်လမ်းကစပါပြီ..နောက်ဆို..နိဒါန်းလဲ
ပါလာတော့မှာ😁😁😁
Writer by
#Hazel See less