💞စေတန်ရဲ့သတို့သမီး💞
💞💞💞
ဘယ်လိုမှကို..ထင်မှတ်မထားတဲ့အဖြစ်အပျက်ကြောင့်..
အသင်..အထိတ်တလန် ့နှင့်.မျက်လုံးတွေပြာဝေ
သွားရသည်။
"အွန်း...အွန်း..."
သူ့ရင်ဘတ်ကိုဘယ်လိုပင်ထုရိုက်ရုန်းကန်နေပေမဲ့လဲ
မရ...နူတ်ခမ်းတွေကိုတင်းတင်းစေ့ပိတ်ဖို့ကြိုးစား
ပေမဲ့လဲ..အရာမထင်..မြင့်မားတဲ့ရင်ခွင်ကျယ်ကြီးထဲ
မှာ...အရုပ်တရုပ်လိုဖြစ်နေရတဲ့..အသင်....
"........."
ထူပြည့်ပြည့်...နူတ်ခမ်းသားနွေးနွေးလေးတွေကို..
သူကတစ်လွှာချင်း..ကြမ်းရှစွာနမ်းရိူက်နေသည်။
ကြာတော့..အသင်..ဒူးပင်မခိုင်ချင်တော့ပဲပျော့ခွေ
ကျချင်လာရသည်။သူက...အသင့်နူတ်ခမ်းတွေကို..
စိတ်ကြိုက်အနမ်းခြွေပြီး...အောက်နူတ်ခမ်းကို..
သွားနှင့်ဖိကိုက်ချလိုက်သည်။
"အ...."
မျက်နှာချင်းခွာလိုက်သော်လဲ...သူကအသင့်မျက်နှာနား
မှာလက်တစ်ဖက်ထောက်ထားရင်း...ကို်ယ်ကိုကိုင်းကာ
အသင့်ကို..ငုံ့ကြည့်သည်။ပြီးတော့...အထိတ်တလန့်
မျက်နှာလေးနှင့်..တဆတ်ဆတ်တုန်နေတဲ့...
သွေးစို့နေတဲ့...နူတ်ခမ်းလေးကို..လက်မနှင့်..ဖွဖွတို့ထိ
လိုက်ရင်း....
"ဘာလို့...အတွေ့အကြုံမရှိတဲ့ပုံစံမျိုးလုပ်ပြနေတာလဲ...
စိတ်ဝင်စားစရာမကောင်းဘူး...."
"ရှင်...ရှင်...ဘာတွေပြောနေတာလဲ..."
"မြန်မာမိန်းကလေးဖြစ်ပြီး...သူများနိုင်ငံမှာ..
ဒီလိုအလုပ်လုပ်စားနေတာမရှက်ဘူးလား..."
"ဘာ..."
သူပြောတာတွေကို..အသင်သေချာနားမလည်သော်လဲ
သူ့ရဲ့ရမ်းကားမူ့အတွက်...တစ်ခုခုတုံ့ပြန်ရမည်ဆိုတဲ့
အတွေးကဝင်လာကာ...လက်တစ်ဖက်က
မြှောက်တက်သွားရင်း...
"ဖြန်း..."
ခနဲမြည်သံနှင့်အတူ...နေ့ကဲမျက်နှာ...တစ်ဖက်သို့
ဒီဂရီအနည်းငယ်မျှစောင်းသွားရသည်။နေ...ပူခနဲ
ဖြစ်သွားတဲ့ပါးတစ်ဖက်ကိုလက်နှင့်ထိကိုင်ကာ
ပြုံးလိုက်ရင်း...
"မင်းကငါ့ဒေါသကိုလာဆွနေတာပဲ..."
ပြောရင်း...သူမဘက်ကိုမျက်နှာပြန်လှည့်လိုက်ကာ
"ငါ့ပါးကိုရိုက်ရဲတဲ့မိန်းမကမင်းပထမဆုံးပဲ...မင်းရဲ့
ရဲရင့်မူ့အတွက်ဆုချရမှာပေါ့..."
"အို..."
ပြောရင်း...သူကအသင့်ကို...ပခုံးပေါ်ကောက်ထမ်း
လိုက်သည်။
"ရှင်...ဘာလုပ်တာလဲ...လွှတ်...လွှတ်လို့ပြောနေတာ
မကြားဘူးလား...."
"ဘုန်း..."
မွေ့ယာကြီးပေါ်...သူကအသင့်ကိုအရုပ်တရုပ်လို
ပစ်ချလိုက်တော့..အသင့်ကိုယ်လေးမြှောက်ခနဲ
ဖြစ်သွားရသည်။
"ဗြုတ်..ဗြုတ်..."
သူကနက်ခတိုင်ကိုဆွဲချွတ်ပစ်လိုက်ရင်း...ဝတ်ထားတဲ့
ရှပ်အကျႌကကြယ်သီးတွေကိုဆွဲဖြုတ်ပစ်လိုက်သည်။
"ရှင်..."
ကုတင်ပေါ်ကနေဆင်းပြေးရန်ပြင်နေသည့်အသင့်ကို
သူက...တွန်းလှဲချလိုက်ရင်း...အသင့်ကိုယ်ပေါ်ရောက်
လာကာ...လက်ဖဝါးနှစ်ဖက်ကိုမွေ့ယာနှင့်ဖိချုပ်ထား
သည်။
"ကယ်ကြပါဦး.. .မလုပ်နဲ့..."
အော်ဟစ်အကူအညီတောင်းရန်ပြင်လိုက်သည့်...
နူတ်ခမ်းတွေကို...သူကခပ်ကြမ်းကြမ်းနမ်းသည်။
"မလုပ်ပါနဲ့..."
ထို့နောက်...အနမ်းမမြည်တဲ့ထိတွေ့ခြင်းမျိုးနဲ့...
လည်တိုင်လေးနဲလရင်ဘတ်တစ်ဝိုက်မှာ...သူ့နူတ်ခမ်း
တွေကနေရာယူနေခဲ့သည်။...အသင့်တစ်ကိုယ်လုံးကို
ထိတွေ့နေသည့်...သူ့ရဲ့လက်တွေကလဲ...ခြောက်ခြား
ဖွယ်ကောင်းလှသည်။အသင်...သူ့လက်ထဲကနေ...
ဘယ်လိုမှရုန်းလို့မရတော့မှန်းသိသည်။....အသင်ဟာ..
တိုင်းတပါးမြေမှာ...ဘယ်သူမှန်းမသိတဲ့...ယောကျာၤး
တစ်ယောက်ရဲ့လက်ထဲမှာ...ဘဝပျက်ရတော့မှာလား...
ဝမ်းနည်းစိတ်နဲ့ပြည့်အိုင်လာတဲ့မျက်ရည်တွေ....
"ကိုကို...အသင့်ကိုကယ်ပါဦး....ဟင့်...ဟင့်..."
အားငယ်ချိန်တိုင်းတမ်းတနေမိတဲ့လူကိုပဲ...နူတ်ကနေ
နောက်ဆုံးတမ်းတလိုက်တဲ့အသင်...
ထို...အားငယ်ဖျော့တော့နေသည့်အသံလေးက...
နေ့ရဲ့...အထိမ်းအကွပ်မဲ့နေတဲ့စိတ်ရိုင်းတွေကို...
တုံ့ခနဲရပ်တန့်သွားစေသည်။
"အီး...ဟင့်...ဟင့်...."
ပခုံးလေးတုန်အောင်...တသိမ့်သိမ့်ရိူက်င်ုနေတဲ့...သူမကို
လွတ်ပေးလိုက်ရင်း...နေ...ထရပ်လိုက်မိသည်။
ထိုအချိန်...ခေါင်းထဲမှာ...ဝိုးတဝါးပေါ်လာတဲ့ပုံရိပ်တွေနဲ့
အတူ...လူကမိုက်ခနဲဖြစ်သွားတော့...စားပွဲခုံ...အစွန်းကို
လှမ်းကိုင်ထားလိုက်ရသည်။
"အဟင့်...ဟင့်...ဟီး..."
သူမက...ပြေကျလုလုဖြစ်နေတဲ့...ရင်ဘတ်ကသဘက်စကို
တင်းကြပ်စွာဆုပ်ကိုင်ထားရင်း...ဘေးလေးစောင်းကာ
ငိုကြွေးနေဆဲ...နေ...ခေါင်းကိုလက်နှင့်ဖိကိုင်ထားရင်း
ခါထုတ်လိုက်သည်။
"ဘာလို့အဲ့လောက်တောင်ငိုနေရတာလဲ...မတိတ်နိုင်
သေးဘူးလား...."
နေ့စကားကြောင့်...သူမကဖျပ်ခနဲခေါင်းမော့လာကာ...
ကုတင်ပေါ်ကနေပြေးဆင်းသွားရင်း...အဝတ်အစားတွေကို
ကောက်ယူကာ...ရေချိုးခန်းထဲပြေးဝင်သွားသည်။
"တစ်ခုခုတော့မှားနေပြီ..."
အတွေးနဲ့ကုတင်ခြေရင်းမှာရှိနေတဲ့...ဆလင်းဘတ်အိတ်ကို
ကောက်ယူလိုက်ပြီးဖွင့်ကြည့်လိုက်မိသည်။
"အင်္သချေ..."
အိတ်ထဲမှာတွေ့လို်ရတဲ့...ပတ်စ်ပို့တွေဝန်ထမ်းကဒ်တွေ
"သူကသတင်းထောက်ပဲ...ဒါဆို...ဒီအခန်းထဲကို
ဘယ်လိုရောက်လာတာလဲ..."
"ကျွန်မပစ္စညး်တွေပြန်ပေးပါ..."
အသံနဲ့အတူအနးာရောက်လာတဲ့သူမကနေ့လက်ထဲက
အိတ်ကိုလှမ်းယူပြီး...အနောက်ကိုခြေ၃လှမ်းခန့်
ဆုတ်သွားသည်။(နေ့ကိုအလွန်ကြောက်နေပုံနှင့်...)
"ရှင်...ကျွန်မအခန်းထဲကိုဘယ်လိုဝင်လာတာလဲ...
အခုထွက်သွား..."
ရဲရဲလဲမော့မကြည့်ပဲသူမကလက်ညိုးထိုးကာ
ထွက်သွားခိုင်းသည်။နေ...လက်ပိုက်ကာ...သူမရှေ့ကို
ခြေတစ်လှမ်းတိုးလိုက်ရင်း...
"ဒီမှာ...ချာတိတ်...မင်းပြောင်းပြန်တွေပြောမနေနဲ့...
မငး်အခုရောက်နေတာ...င့ါရဲ့အခန်း..."
"မဖြစ်နိုင်တာ..."
ခေါင်းမော့ကာအော်လို်က်ရင်း..နေစိုက်ကြည့်နေတာ
မြင်တော့...ခေါင်းပြန်ငုံ့သွားပြန်သည့်သူမရဲ့အမူအယာ
ကြောင့်...နေဖျပ်ခနဲပြုံးလိုက်မိသည်။
"ဒါ...အသင်...စပွန်ဆာရထားတဲ့အခန်းပါ...ဘယ်လိုလုပ်
ရှင့်အခန်းဖြစ်သွားရတာလဲ...ယုံတမ်းစကားတွေ
ပြောမနေနဲ့...ရှင်ထွက်သွားပါ...မဟုတ်ရင်..ရီဆက်ရှင်ကို
အကြောင်းကြားရလိမ့်မယ်..."
"မင်းကြည့်ကတာနားမလည့်သေးတဲ့ပုံပဲ..မင်းအခု
ရောက်နေတာဒီဟိုတယ်ရဲ့...VVIPခန်း...တစ်ရက်တည်းခို
ခ...ဒေါ်လာ( )ရှိတယ်...ဒီလိုအခန်းကို...ဘယ်သူက
စပွန်ဆာပေးမှာလဲ...မင်းနားမလည်ဘူးလား..."
နားထင်ကိုလက်ညိုးနဲ့ဖိတွန်းရင်းပြောလို်က်ပုံက...
မသိရင်ပဲအရမ်းရင်းနှီးနေသလို...
"ကောင်းပြီလေ...ဒါဆိုလဲ...မင်းပြောသလို...ရီဆက်ရှင်ကို
ခေါ်ပြီး...ရှင်းခိုင်းတာပေါ့...."
သူကပြောရင်း...ဖုန်းရှိရာကိုလျှောက်သွားလိုက်သည်။
💞💞💞💞
"အခန်းမှားသွားတဲ့အတွက်တောင်းပန်ပါတယ်...သူဌေး
စိတ်မရှိပါနဲ့ရှင်...ခွင့်လွတ်ပေးပါ..."
ရီဆက်ရှင်ကရောက်လာပြန်တော့လဲပျာပျာသလဲ
တောင်းပန်ခံရတဲ့သူက...ထိုလူပဲဖြစ်နေပြန်ကာ..
တစ်ကယ်တမ်းနစ်နာခဲ့ရတဲ့အသင့်ကြတော့..
တောင်းပန်မဲ့သူကမရှိ...ဟိုတယ်ဝန်ထမ်းတွေ
ဒီလောက်ပျာယာခတ်နေတာကိုကြည့်ရုံနဲ့..သူက
တော်တော်ကို...အရေးပါတဲ့ဧည့်သည်တော်တစ်ယောက်
ဖြစ်မည်မှန်း..အသင်ခန့်မှန်းမိလိုက်သည်။
"ကဲ..ချာတိတ်...ဒီလောက်ဆိုရှင်းပါပြီနော်.."
သူကလက်ပို်က်ရပ်နေရငး်မှ...အသင့်ကိုခပ်ထေ့ထေ့
ကြည့်ကာမေးသည်။ပုံစံကိုက...အသင်ကအခန်းမှား
ဝင်လာခဲ့လို့...သူပြုသမျှနုရမယ်ဆိုတဲ့ပုံမိျုးဖြစ်သည်။
အသင်..သူ့ကိုမျက်စောင်းထိုးကြည့်လိုက်မိပေမဲ့..
ဘာမှပြန်မပြောဖြစ်တော့...
"ကျွန်မတို့နဲ့လိုက်ခဲ့ပါမိန်းကလေး...အခန်းလိုက်ပြပေးပါ့
မယ်..."
"ကျေးဇူးတင်ပါတယ် "
အသင်..ခရီးဆောင်သေတ္တာနှင့်ဆလင်းဘတ်အိတ်ကို
ယူကာ..ဝန်ထမ်းတွေနောက်လိုက်လာခဲ့စဉ်...
VIPအခန်းကျယ်ကြီးနှင့်သ့ူကိုကျောချမ်းသလို..
တစ်ချက်ဝေ့ကြည့်လိုက်မိရင်း..
💞💞💞💞💞
"ဟူး....."
နေ...ဝန်ထမ်းတွေနောက်ပါသွားတဲ့ကောင်မလေးကို
ကြည့်ကာ..သက်ပြင်းချလိုက်မိသည်။ထို့နောက်
ဖုန်းကိုကောက်ယူလိုက်ပြီး...
"ဇ...ငါ့အခန်းကိုဘယ်သူမှမလာစေနဲ့တော့.."
ဖုန်းချလိုက်ပြီး...နေ..စိတ်ရူပ်စွာနှင့်..ရေခိျုးခန်းထဲ
ဝင်လာခဲ့သည်။ဘေစင်မှာလက်ထောက်ရင်း..
မှန်ထဲက..ကိုယ့်မျက်နှာကိုယ်ပြန်ကြည့်လိုက်သည်။
"မလုပ်ပါနဲ့..ကယ်ကြပါဦး "
မျက်ရည်တွေနဲ့ကူကယ်ရာမဲ့..မျက်နှာလေးကို
မြင်ယောင်မိတော့..စိတ်ထဲမှာတစ်မျိုးဖြစ်သွားရသည်။
"ငါ...ဘာလို့သူ့ကိုရင်းနှီးနေသလို..ခံစားနေရတာလဲ...
ကျစ်..အလကား...အရေးမပါတာတွေတွေးနေမိပြန်ပြီ.."
တစ်ယောက်ထဲရေရွတ်နေမိစဉ်..မျက်ဝန်းတွေက
ဘေစင်ပေါ်မှာရှိနေသည့်..တစ်စုံတစ်ခုဆီရောက်သွား
ရသည်။
"ဒါက..."
နေ...ဆွဲကြိုးလေးကိုလှမ်းယူလိုက်သည်။သံစဉ်ပုံ
လော့ကဒ်သီးလေးနှင့်...ပလက်တီနမ်ကြိုးလေးက
ပိုင်ရှင်မဲ့တော့မဖြစ်နိုင်...
"ဒါ...ဟိုကောင်မလေးပစ္စည်းလား....."????
💞💞💞💞💞
"ငါ..ဘာလို်ဒီနေ့ဒီလောက်တောင်ကံဆိုးနေရတာလဲ...
အ...."
နူတ်ခမ်းကအကိုက်ခံထားရတဲ့ဒဏ်ရာကိုဆေးထည့်
နေရင်း..အသင်စိတ်ပျက်စွာရေရွတ်လိုက်မိသည်။
"တော်တော်လက်ရဲဇက်ရဲနိုင်တဲ့လူ...ငါတော့...
ဘဝပျက်တော့မလို့သီသီလေးပါလား..."
အတွေးနဲ့ကျောချမ်းသွားကာ..ပခုံးလေးကျုံ့သွားရသည်။
"ချမ်းသာပြီးရုပ်ချောတဲ့လူတွေအားလုံးကဘာလို့လူရူပ်
လူပွေတွေချညး်ဖြစ်နေရတာလဲ...ဒါင့ါရဲ့ပထမဆုံးအနမ်း
ငါ့ရဲ့နူတ်ခမ်းသန့်သန့်လေးက..အဲ့ဒီလူရူပ်ကြောင့်
ညစ်ပါတ်ကုန်ပါပြီ..."
မှန်ကြည့်ကာပြောနေမိရင်း..မြင်နေရတဲ့ကိုယ့်ကိုကိုယ်
တစ်ခုခုလိုနေသလိုခံစားနေရသည်။
"ငါ့ကြည့်ရတာတစ်ခုခုလိုနေသလို...ဟင်..ဆွဲကြိုး.."
ထိုအခါမှ...ရေခိျုးတုန်းကချွတ်ထားတဲ့ဆွဲကြိုးကို
သတိရသွားသည်။
"ဒုက္ခပဲ...ဟိုအခန်းမှာကျန်ခဲ့တာပဲ...အဲ့ဒီလော့ကတ်သီး
လေးက..ကိုကိုပေးထားတာ..ပျောက်လို့မရဘူး..."
အသင့်အတွက်တန်ဖိုးကြီးပစ္စည်းမို့..အသင်အကြံရ
ခက်သွားစဉ်..ဟိုတယ်ဝန်ထမ်းတွေကိုပြန်မပေးလိုက်ရ
သေးတဲ့..ဟိုအခန်းသော့ကိုသတိရသွားပြန်သည်။
"အခုကမိုးချုပ်နေပြီ...မနက်ကျမှ..သူအခန်းထဲမှာ
မရှိတဲ့အချိန်ကိုချောင်းပြီး...ငါ့ပစ္စည်းကို..ဝင်ယူရမယ်"
ကိုယ့်အတွေးနဲ့ကိုယ်ကြံစည်လိုက်မိပြန်ရင်း....
💞💞💞💞💞
"ဟိုလူတော့..သ့ူရဲ့ဘော်ဒီဂတ်တွေနဲ့အပြင်ထွက်သွားပြီ
ဘယ်သွားတာလဲမသိဘူး...သူပြန်မလာခင်ငါဝင်ရှာမှ
ဖြစ်မယ်..."
မနက်ရောက်တော့..အသင်တခိျန်လုံးသ့ူအခန်းကိုပဲ
ချောင်းနေရင်း..သူလစ်တာနဲ့အခနး်ထဲကိုဝင်လာခဲ့တော့
သည်။ဒါပေမဲ့..ရေခိျုးခန်းထဲမှာဆွဲကြိုးကိုမတွေ့
"ငါမနေ့က..ဒီဘေစင်မှာတင်ထားတာပါ..ဟိုလူများတွေ့လို့
သိမ်းသွားတာလား..."
အတွေးနဲ့အသင်အခန်းထဲဟိုဟိုဒီဒီလိုက်ရှာကြည့်သော်လဲ
မတွေ့ပေ...
"မဟုတ်မှလွဲရော ဒီလူင့ါဆွဲကြိုးကိုလွင့်ပစ်လိုက်တာတော့
မဟုတ်ပါဘူးနော်.."
ပြောရင်း..အသင်ကုတင်ဘေးမှာရှိနေတဲ့စားပွဲရဲ့
အံဆွဲအထပ်တွေကိုဖွင့်ကြည့်လိုက်စဉ်..
"ဟင်.."
အောက်ဆုံးအံဆွဲထဲမှာတွေ့လိုက်ရတဲ့..ပစ္စတိုသေနတ်
တစ်လက်နှင့်ကျည်ကတ်တွေ...
"သေ...သေနတ်ကြီးပါလား..ဒါဆိုဒီလူ..လူကောင်း
မဖြစ်နိုင်ဘူး..."
အသင်ထိတ်လန့်မိသွားရစဉ်...
"ဟန်ခေးတို့အဖွဲ့ဆီက..သတင်းရပြီလား..ဇ..."
"ရပါပြီ...Boss..."
တံခါးဖွင့်သံနှင့်အတူ..အခန်းထဲသို့လျှောက်ဝင်လာတဲ့
အသံတွေကိုကြားလိုက်ရသည်။
"ဒုက္ခပဲ...သူပြန်လာပြီ...ငါ...ငါပုန်းမှရမယ်..."
အသင်အလျှင်အမြန်ပဲကုတင်အောက်ဝင်ပုန်းနေလိုက်
သည်။ထိုစဉ်ခြေသံတွေကနီးကပ်လာပြီး...ကုတင်ပေါ်
တစ်ယောက်ယောက်ကတက်ထိုင်လိုက်သလို
သိမ့်ခနဲဖြစ်သွားသည်။အသင်မြင်နေရတဲ့
ခြေထောက်တွေကိုကြည့်ပြီး...သွေးပျက်ချင်လာရသည်။
"သဘောၤကဒီနေ့စိုက်မှာမဟုတ်လား..."
"ဟုတ်ပါတယ်..Boss"
"ဒီတစ်ခါ..အစီးဘယ်လောက်ဝင်မှာလဲ..."
"၃ဝဝပါ..."
"အန်ကယ်ဂိျမ်းကို...ဟိုဘက်ကကိုယ်စားလှယ်နဲ့
သေချာဆွေးနွေးခိုင်းလိုက်ပါ..ဒီတစ်ခေါက်အစစ်အဆေး
တွေများတော့..တစ်ခုခုမှားယွင်းသွားလို့မဖြစ်ဘူး"
"ဟုတ်ကဲ့..."
"
"ပြီးတော့...ဟန်ခေးတို့အဖွဲ့ကိုလဲ...ဒီတစ်ခါရဲနောင်လို
ကိစ္စမျိုးထပ်မဖြစ်စေနဲ့လို့ပြောလိုက်...ဒီတစ်ခေါက်တော့
အရိုင်းတုန်းတွေကိုဘယ်သူ့လက်မှအပါမခံနိုင်ဘူး...
လူရောလက်နက်ပါအင်အားဖြည့်ပြီး..အခြေမဟန်ရင်
အားလုံးကိုရှင်းပစ်ခိုင်းလိုက်.."
"နိဒါန်းသစ်ကလဲ..ONEရဲ့ပြပွဲအတွက်ဘန်ကောက်ကို
ရောက်နေပြီလို့ကြားပါတယ်..boss..ပွဲမှာ
ကျွန်တော်လုံခြုံရေးတင်းကြပ်လိုက်ပါ့မယ်..."
"မလိုဘူး...ဒီလောက်ကြီးကျယ်တဲ့ပွဲမှာတော့..သူင့ါကို
ဘာမှမလုပ်ရဲပါဘူး"
အသင်သူတို့ပြောသမျှကိုနားထောင်နေရင်း
"ဒီလူတွေက..မှောင်ခိုလုပ်နေတဲ့လူဆိုးတွေဆိုတာ
သေချာတယ်..."
"မင်းသွားတော့..ဇ..."
"ဟုတ်ကဲ့..boss"
ဇ ထွက်သွားတော့..နေ..စီးကရက်တစ်လိပ်ကို
မီးညှိကာ..တစ်ရိူက်ဖွာပြီး..လက်ကြားညှပ်လိုက်သည်။
ထို့နောက်...အရာယွင်းနေသည့်စားပွဲပေါ်ကပစ္စည်းတွေကို
ကြည့်ပြီး..အံဆွဲထဲကသေနတ်ကိုထုတ်ယူလိုက်သည်။
"ကဲ..အခုလောက်ဆိုရင် ထွက်လာလို့ရပြီ"
"ဗုဒေ္ဓါ..သူဘယ်သ့ူကိုပြောတာလဲ"
ထိတ်လန့်စိတ်နှင့်အသံတိတ်ဆိုလိုက်မိစဉ်
"ကုတင်အောက်ကတစ်ယောက်..မင်းကိုပြောနေတာ.."
သူ့စကားကြောင့်အသင်အလန့်တကြားဝပ်နေရာမှ
ခေါင်းထောင်ကြည့်လိုက်ရာ...
"အား...အု..."
ခေါင်းနဲ့ကုတင်နဲ့ဆောင့်မိသွားတာကြောင့်
ယောင်ပြီးအော်လိုက်မိတဲ့..ပါးစပ်ကိုအမြန်အုပ်လိုက်ရ
သည်။
"လုပ်မနေနဲ့..ချာတိတ်..ကုတင်အောက်မှာမင်းရှိနေတာ
ငါသိတယ်..ထွက်လာခဲ့..."
"ဘုရားရေ..သူဘယ်လိုသိသွားရပြန်တာလဲ"
"၁ကနေ၃အထိရေလို့မှထွက်မလာရင်..ငါ့အဆိုးမဆို
နဲ့နော်...၁.၂..."
"လာပြီ..လာပြီ..."
အသင်.တွားသွားပြီးကုတင်အောက်ကနေထွက်လာ
တော့..ကုတင်ဘေးမှာခြေစုံရပ်နေတဲ့သ့ူအနားကို
ရောက်သွားရသည်။
"အား..လား..လား..သေပါပြီ.."
နာကျင်သွားတဲ့တံတောင်နှစ်ဖက်ကိုလက်နှင့်ပွတ်ရင်း
ညည်းညူတော့..သူကအသင့်နားမှာ
ခြေဖျားထောက်ကာထိုင်လိုက်ရင်း...
"ပထမတစ်ခါကအခန်းမှားတာ...ဒီတစ်ခါရော
ဘယ်လိုဆင်ခြေနဲ့င့ါအခန်းထဲကိုရောက်နေတာလဲ
ပြောကြည့်ပါဦး"
လက်ထဲကသေနတ်ကိုဆကြည့်ကာ..သူကအသင့်ကို
မျက်ခံးုပင့်မေးသည်။
အသင်သူ့ကိုတစ်လှည့်..လက်ထဲကသေနတ်ကို
တစ်လှည့်ကြည့်ကာ..မျက်လုံးလေးဝိုင်းပြီး
ဘာမှမပြောနိုင်ဖြစ်နေခဲ့ရငး်....
💞💞💞💞💞
အပိုင်း(၄)မျှော်
ကိုကိုကလဲ...ကြောက်ပါတယ်ဆိုသေနတ်ကြီးနဲ့😂😂
Writer by
#Hazel See less