💜စေတန်ရဲ့သတို့သမီး💜
💜💜💜💜
ယိုင်နဲ့နဲ့ခြေလှမ်းတွေကို..မပျက်အောင်ကြိုစား
ထိန်းပြီး...ကားပါကင်ထိ..နေ..ရောက်လာခဲ့သည်။
"boss..."
အနောက်ကနေပြေးလာတဲ့..ခြေသံတဖတ်ဖတ်နှင့်အတူ
နေ့လက်မောင်းကို..လာထိန်းကိုင်လိုက်တဲ့..ဇ,
"boss..အဆင်ပြေရဲ့လား.."
မေးလဲမေး..ဇ,ကားနောက်ခန်းကိုဖွင့်ပေးရန်
ပြင်လိုက်စဉ်...
"မင်းနေခဲ့...ဇ,...."
"ဗျာ.."
နေ့စကားကြောင့်..ဇ,အံ့ဩသလိုမော့ကြည့်လာသည်။
"boss..တစ်ယောက်ထဲကားမောင်းလို့မဖြစ်ဘူး
ထင်တယ်..."
မြေအောက်ခန်းမှာကတည်းက..bossမျက်နှာ
ဖြူဖပ်ဖြူရော် ဖြစ်သွားတာ..ဇ,သိသည်။ပြီးတော့
ဩဇာလို လူမျိုးကိုချမ်းသာပေးခဲ့တာကိုလဲအံ့ဩလို့
မဆုံး...boss..ဒီလိုတွေဝေနေခဲ့တဲ့ပုံစံမျိုးကို..
ဇ,တစ်ခါမှ..မမြင်ဖူးခဲ့...
ဇ,တွေးနေမိစဉ်မှာပဲ..နေကတော့..ကားမောင်းသူ
နေရာမှာ..ဝင်ထိုင်လိုက်ပြီဖြစ်သည်။
"ဒီက..ကိစ္စကို..မင်းကြည့်ရှင်းလိုက်တော့.."
"ဟုတ်ကဲ့..boss...bossစံအိမ်ပဲတန်းပြန်မှာ
မဟုတ်လား.."
ဇ,မေးတာကို..bossပြန်မဖြေခင်မှာ..ကားက..
မောင်းထွက်သွားခဲ့ပြီ..ဖြစ်သည်။
"boss..ဘာတွေဖြစ်နေတာလဲ..."
ဇ,တစ်ယောက်ထဲ..နားမလည်သလို..ရပ်ကျန်
နေခဲ့ရရင်း...
💜💜💜💜
"၃ရက်လောက်တော့ကြာမယ်ထင်တယ်...သိတဲ့
အတိုင်း..သူတို့ကစားသောက်ဆိုင်ဝန်ထမ်းတွေကို
တစ်နှစ်တစ်ခေါက်..ခရီးပုံမှန်ပို့ပေးနေကြလေ..
ဒီတစ်ခေါက်..ချောင်းသာလို့ကြားတယ်..အသင်ရဲ့"
အသင်..အန်တီမူတို့ဆီလာတော့..စားသောက်ဆိုင်ရော
တိုက်ခန်းပါပိတ်ထားတာကြောင့်..အရင်အသင်နဲ့
အခန်းချင်းကပ်လျက်နေတဲ့..အမကြီးဆီမှာ..
စုံစမ်းကြည့်လိုက်တော့မှအကြောင်းစုံသိရခြင်း
ဖြစ်သည်။
"ဒါနဲ့..ညီမလေးက..အန်တီမူနဲ့..ဘာကိစ္စရှိလို့လဲ
အသင်.."
"အထွေအထူးတော့မဟုတ်ပါဘူး..အသင်..တိုက်ခန်း
ကနေ..ရုတ်တရပ်ရွေ့သွားရတုန်းက...ပစ္စည်းတွေကို
စားသောက်ဆိုင်မှာအပ်ခဲ့တာလေ..အဲ့ဒါအရေးကြီးတဲ့
ဓာတ်ပုံတွေပါ..ရောကျန်ခဲ့လို့..အခုမှအားလို်...
လာယူရတာ.."
"ဪ..."
"ဒါပေမဲ့..ကိစ္စတော့..မရှိပါဘူး..အသင်..နောက်မှပဲ
တစ်ခေါက်ထပ်လာခဲ့တော့မယ်..."
"အသင်က..အဆောင်မှာ..နေနေတာဆို..အဆင်
ပြေရဲ့လား..."
"ဟုတ်..ပြေပါတယ်.."
"အစ်မတို့ဆီလဲ..အားရင်လာလည်ဦးနော်..ညီမလေး
တိုက်ခန်းကနေ..ရုတ်တရပ်ပြောင်းသွားတော့..
အားလုံးကစိတ်မကောင်းဖြစ်နေကြတာ.."
"ဟုတ်ကဲ့ပါ..အသင်..လာလည်ပါ့မယ်..အခုတော့
ခွင့်ပြုပါဦးနော်.."
"အေး..အေး..မှောင်တော့မယ်..သတိထားပြန်နော်
မိုးလဲရွာတော့မယ်..ထင်တယ်..ထီးပါရဲ့လား.."
"ဟုတ်ကဲ့..သွားပြီနော်..အစ်မ.."
အသင်..နူတ်ဆက်ပြီးထွက်လာခဲ့သည်။နှစ်အတန့်ကြာ
နေခဲ့တဲ့ပါတ်ဝန်းကျင်မို့..အားလုံးကအသင့်ကို
ချစ်ခင်သံယောဇဉ်..ရှိကြပြီးသားပင်..
အသင်..မိုးသားတွေတလိပ်လိပ်တက်ကာမှောင်မဲ
လာပြီဖြစ်တဲ့..ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ရင်း
"မိုးရွာတော့မှာပဲ..."
💜💜💜💜
"ဝေါ..ဝေါ..."
"ဂျိမ်း...ဂျလိမ်း..."
ကောင်းကင်တစ်ခုလုံးမဲမှောင်ကာ..အငြိုးကြီးတဲ့
မိုးကသည်းထန်စွာရွာနေဆဲ...
"သူဘာလို့..အခုထိပြန်မလာသေးတာလဲ.."
အသင်..အခန်းထဲက..လသာဆောင်ရဲ့..ဝရန်တာ
လေးမှာရပ်ပြီး..မီးတွေထိန်လင်းနေသည့်ခြံကြီးထဲက
ကားဝင်လာမဲ့..လမ်းလေးဆီလှမ်းမျှော်ကြည့်
နေမိသည်။
"၉နာရီပဲ..ထိုးတော့မယ်..သူအခုလောက်ထိ...
တစ်ခါမှနောက်မကျဖူးပါဘူး..."
တစ်ယောက်ထဲ..ရေရွတ်ရင်း..လက်ထဲကဖုန်းလေးဆီ
အကြည့်တွေက..ရောက်သွားပြန်သည်။အသင်သူ့ဆီ
ဖုန်းခေါ်တာနှစ်ကြိမ်တိတိရှိပြီဖြစ်သည်။ဖုန်းက..
ဝင်သွားပေမဲ့..မကိုင်တာ.....
"Showroomကပေါက်ကွဲမူ့ကိစ္စကြောင့်..အရမ်း
အလုပ်များနေတာများလား....."
ဟိုတွေး၊ဒီတေွးနှင့်..အသင်ဂဏှာမငြိမ်ဖြစ်နေရသည်။
"ငါဘာလို့..သူ့ကိုဒီလောက်စိတ်ပူနေရတာလဲ..."
ကိုယ့်ကိုကိုယ်လဲနားမလည်နိုင်တော့....ထိုစဉ်...
ခြံထဲကို..မောင်းဝင်လာတဲ့ကားကို..မိုးရေတွေ
ကြားက..ရေးရေးလေး..လှမ်းမြင်လိုက်ရသည်။
"ဟင်..သူပြန်လာပြီ...ထင်တယ်..."
စိတ်ထဲမှာ..ဘယ်လိုတောင်..ဝမ်းသာသွားလဲ...
ပြောမပြတတ်အောင်ပင်..အသင်..အခန်းထဲကနေ
အမြန်ပြေးထွက်လာခဲ့ရင်း..ဓာတ်လှေကားရှိရာကို
ပြေးလာခဲ့သည်။
လက်လေးနှစ်ဖက်နောက်ပစ်ရင်း..ခြေဖျားတထောက်
ထောက်နှင့်..ပွင့်လာမဲ့ဓာတ်လှေကားကို..စောင့်
နေခဲ့ပြီး..ခဏအကြာ...
"ဝှစ်..."
ပွင့်သွားတဲ့ဓာတ်လှေကားနှင့်..အထဲကနေ..ဒယီး
ဒယိုင်ခြေလှမ်းတွေနဲ့..လှမ်းထွက်လာတဲ့..သူ...
"ဟင်..."
တစ်ကိုယ်လုံးလဲ..မိုးရေတွေရွဲရွဲစိုနေတဲ့သူ့ကိုကြည့်ပြီး
အသင်..ထိတ်ခနဲဖြစ်သွားရသည်။
"နေ..ရှင်ဘာဖြစ်လာတာလဲ..မိုးတွေလဲရွဲနေတာပဲ"
အသင်....သူ့နားကိုဖျပ်ခနဲတိုးကပ်သွားကာ....
မေးလိုက်မိလျှင်..သူကရီဝေဝေမျက်လုံးတွေနှင့်
ပြုံးကာ
"မင်းကိုယ့်ကိုစောင့်နေတာလား..သိပ်တော်တဲ့
ချာတိတ်..."
ပါးဖောင်းဖောင်းလေးတစ်ဖက်ကို..သူကအတင်း
ဆွဲညှစ်လိုက်ရင်းပြောသည်။ပုံမှန်မဟုတ်တဲ့..
သူ့ပုံစံကိုကြည့်ပြီး...
"ရှင်..မူးလာတာလား...ဘာလို့တစ်ယောက်ထဲ
ပြန်လာတာလဲ..ရှင့်လူတွေရော.."
"အားလုံးကို..ရူပ်လို့..သွားခိုင်းလိုက်တယ်..ကိုယ်
အခုချိန်မှာ..ဘယ်သူ့ကိုမှ..မမြင်ချင်ဘူး..အဟင်း
မင်းကတော့..ချွင်းချက်ပေါ့..."
ပြောရင်း..အသင့်ပခုံးပေါ်လက်တင်လိုက်ကာ..
သူ့ကိုယ်ကမှီကျလာတာမို့..အသင်..မနိုင့်တနိုင်နှင့်
သူ့ကို..ထိန်းထားရင်း
"ကားနဲ့သွားတဲ့လူက.ဘယ်လိုဖြစ်ပြီး.မိုးကမိလာရ
တာလဲ.."
အသင့်အမေးကြောင့်..သူကခပ်မဲ့မဲ့ပြုံးကာ...
"ခေါင်းထဲမှာရော....ရင်ထဲမှာပါ..အရမ်းပူနေလို့
မိုးရေထဲမှာ..လမ်းခဏဆင်းလျှောက်လာတာ.."
ပြောနေရင်း..အသင့်ပခုံးလေးကိုအတင်းဆွဲဖက်ကာ.
သူက..ပါးပြင်ချင်းထိကပ်လိုက်ပြီး..
"ကိုယ်..အခုအရမ်းမူးနေတယ်..ကိုယ့်ကိုအခန်းထဲ
လိုက်ပို့ပေးပါ.."
အသင်..သူ့ကိုဘာမှပြန်ပြောမနေတော့ပဲ..ယိုင်နဲ့နဲ့
ခြေလှမ်းတွေနှင့်သူ့ကိုတွဲကာ..အခန်းရှိရာကိုလျှောက်
လာခဲ့သည်။
💜💜💜💜
"ဘုန်း..."
ကုတင်နားရောက်လို့..အသင်.လွှတ်လိုက်တာနှင့်
မွေ့ယာကြီးပေါ်..ကန့်လန့်ဖြတ်လှဲချလိုက်တဲ့သူ...
"ရှင်..ဒီအတိုင်းမနေနဲ့လေ..အဝတ်အစားအရင်လဲ
ရမှာပေါ့..မဟုတ်ရင်..နေမကောင်းဖြစ်လိမ့်မယ်..
ထပါ..."
အသင်..သူ့ကိုအတင်းဆွဲထူတော့မှ..သူကထထိုင်
သည်။
"ရှင်..အဝတ်အစားလဲထားနှင့်နော်..အသင်....
ကော်ဖီပူပူလေးသွားဖျော်လာခဲ့မယ်..."
ပြောရင်း..သူ့နားကနေလှည့်ထွက်ရန်ပြင်တော့သူက
အသင့်ရဲ့လက်ကောက်ဝတ်လေးတစ်ဖက်ကို..
ဖျပ်ခနဲလှမ်းဆွဲထားလိုက်သည်။
"ထားလိုက်..ကိုယ်မသောက်ချင်ဘူး..ကော်ဖီသောက်လဲ
နွေးလာမှာမဟုတ်ဘူး..."
အသင်..သူ့လက်ကိုအသာဖြုတ်ချလိုက်ရင်း ..
ဆုံလည်ကုလားထိုင်ကိုဆွဲယူကာ..သူ့ရှေ့မှာ...
ထိုင်လိုက်သည်။
"ရှင်..ဘာတွေဖြစ်လာတာလဲဟင်...Showroomမှာ
ဖြစ်တဲ့..ကိစ္စကြောင့်..စိတ်ညစ်ပြီးသောက်လာတာလား"
အသင်..မေးလိုက်တော့..သူကနူတ်ခမ်းတွန့်ပြုံးကာ
"အဲ့ဒီကိစ္စလောက်က..ကိုယ်စိတ်ညစ်ခံစရာမလိုဘူး..."
"ဒါဆို..ဘာဖြစ်လာတာလဲ"
အသင်ထပ်မေးလိုက်တော့..သူကဖျပ်ခနဲခေါင်းငုံ့ကျ
သွားရင်း...
"ဒီအတိုင်း...စိတ်မကြည်လို့...."
"အသင့်ကို..မပြောပြချင်လို့လား...အင်းလေ..
အသင်..မေ့သွားတယ်...အသင်ကရှင်နဲ့ပါတ်သတ်တဲ့
အရာတွေကို..ဝင်စွတ်ဖတ်ခွင့်ရှိတဲ့လူမှမဟုတ်တာ"
ပြောရင်း..နူတ်ခမ်းထော်ကာခေါင်းငုံ့သွားတဲ့...
ဘဲပေါက်လေး..နေ..သူမရဲ့ချစ်စရာပုံစံလေးကို
ကြည့်ပြီး..ရင်ထဲကနာကျင်မူ့တွေခဏမျှသက်သာ
သွားသလိုပင်..သူမခေါင်းလေးကို ဖွဖွလှမ်းပွတ်
လိုက်ရင်း...
"မင်းက..ကိုယ့်ကိုစကားနာတောင်ထိုးတတ်နေပြီပဲ
ချာတိတ်ရဲ့..."
"စကားနာထိုးတာမဟုတ်ပါဘူးနော်..အသင်ပြောတာ
မဟုတ်လို့လား..ရှင်က..ရှင့်အကြောင်းတွေ..အသင့်ကို
သိဖို့မကြိုးစားနဲ့လို့ပြောတယ်..အခုလဲရှင်ဘာတွေ
ဖြစ်နေတယ်ဆိုတာအသင်မသိရပဲ..ဒီအတိုင်းစိတ်ပူ
နေရတာလေ.."
မကျေမနပ်ပုံစံလေးနှင့်ပြောရင်း..ပေါင်ပေါ်တင်ထားတဲ့
လက်နှစ်ဖက်ကိုအကြောင်းမဲ့..လိမ်ကျစ်နေတဲ့
သူမ...နေ..သူမလက်ကလေးကိုလှမ်းအုပ်ကိုင်လိုက်
သည်။
"အဲ့တော့..မင်းကကိုယ့်ကိုစိတ်ပူနေတယ်လို့..
ပြောတာလား.."
"ရှင်..."
အငိုက်မိသွားသောမေးခွန်းကြောင့်..အသင်..ရုတ်တရပ်
ဘာဖြေရမလဲမသိဖြစ်သွားရသည်။အသင့်ကို..
ငေးစိုက်ကြည့်နေတဲ့..သူ့ရဲ့မျက်ဝန်းတွေက...
သောက်ထားတဲ့အရှိန်ကြောင့်လား..ဒါမှမဟုတ်
ခံစားချက်တစ်စုံတစ်ရာကြောင့်လားမသိ..ရီဝေ
နေခဲ့သည်။
"မေးနေတာ..ဘာလို့မဖြေတာလဲ..မင်းကိုယ့်ကို
စိတ်ပူနေတယ်မဟုတ်လား..."
ထပ်မေးလိုက်တော့မှ..သူမကမျက်လုံးလေးမသိမသာ
လွှဲသွားရင်း...
"နည်း..နည်းနည်းပေါ့..."
"အဟင်း..."
နေ..သူမပုံစံလေးကိုကြည့်ပြီး..အသံထွက်အောင်
ရယ်လိုက်မိသည်။
"အင်း..ဒါနဲ့..မင်းကိုယ့်ကိုအခုထိမဖြေရသေးဘူးပဲ.."
"ဘာကိုလဲဟင်..."
အသင်..မေးလိုက်တော့..သူကအသင်ထိုင်နေတဲ့
ခုံကိုသူ့အနားကိုဆွဲယူလိုက်ပြီး..အသင့်ခါးလေးကို
လက်နှစ်ဖက်နှင့်သိမ်းဖက်လိုက်သည်။
"ဘာလုပ်ပြန်ပြီလဲ.."
အသင်..သူ့လက်တွေကိုဖယ်ချလျှင်..သူကမလွတ်
ပေးတဲ့အပြင်..ခုံကိုထပ်ဆွဲလိုက်တော့..မျက်နှာ
နှစ်ခုက..နီးကပ်မိလျက်သား...
"ကိုယ်..မင်းကို..စံအိမ်ကိုပြန်ခေါ်လာတဲ့နေ့က..
မေးခဲ့တယ်လေ..ကိုယ့်ကိုမင်းဘယ်လိုသဘောထား
တာလဲလို့...အခုလောက်ဆို..အဖြေပေးဖို့သင့်ပြီ
မဟုတ်လား..."
တိုးရှရှအမေးနဲ့အတူ..သူ့ဝင်သက်ထွက်သက်
နွေးနွေးတွေက..မျက်နှာလေးထက်မှာ..မထိတထိ
ဲကြည်စယ်နေသည်။ထို့အပြင်ဝတ်ထားတဲ့.....
Vလည်ပင်းပုံလည်ဟိုက်အကျႌလေးကြောင့်...
အသင်ပိုပြီးမလုံ့တလုံဖြစ်နေရသည်။
"ဟို..ရှင်..အဝတ်အစားတွေအရင်သွားလဲသင့်
တယ်ထင်တယ်..မဟုတ်ရင်..ရှင်..တစ်ကယ်ပဲ..
ဖျားသွားလိမ့်မယ်..."
သိသိသာသာပင်စကားလမ်းကြောင်းလွှဲလိုက်တော့
သူက..နူတ်ခမ်းမဖွင့်ပဲပြုံးသည်။
"မဖြေချင်တာလား..."
"မဖြေချင်တာ..မဟုတ်ဘူး..အသင်..မသိလို့..."
"မင်းမေးတာကို..ကိုယ်မဖြေလို့..ကလဲ့စားချေလိုက်
တာပေါ့..ဟုတ်လား..."
"အဲ့လိုမဟုတ်ပါဘူး...အသင်မဖြေရင်တောင်...
ရှင်သိပြီးသားဖြစ်မှာပါ..အသင်ရှင်ကလွဲရင်...
ဘယ်ယောကျာၤးနဲ့မှ..မရင်းနှီးခဲ့ဖူးဘူး..."
အသင့်အဖြေကြောင့်...သူကသဘောကျသလို
ရယ်ကာ..
"ကိုယ်သိတာပေါ့..မင်းကတစ်ကယ်ယုန်ဖြူမလေး
မင်းရဲ့ပထမဆုံးအနမ်းကိုလဲ ကိုယ်ပဲရခဲ့တယ်
ဆိုတာကို..."
"ရှင်နော်..."
အသင်..ရှက်သွားတာကိုကြည့်ပြီး..သူကမချိုမချဉ်
ပြုံးသည်။ပြီးတော့..အသင့်ခါးလေးကိုဖက်ထားတဲ့
လက်နှစ်ဖက်က..ပိုပြီးတင်းကြပ်သွားကာ.....
အသင့်...ပခုံးထက်မှာ..မျက်နှာအပ်သည်။
"ကိုယ်..ဒီနေ့စိတ်ရောလူရောအရမ်းပင်ပန်းနေတာ
အခုမင်းကြောင့်..သက်သာသွားပြီ..ကျေးဇူးပဲ
ချာတိတ်...."
ပြောရင်း..ပခုံးလေးနှင့်လည်တိုင်လေးကိုသူက..
မျက်နှာနှင့်ပွတ်သပ်နေသည်။အသင်..သူ့ကျောပြင်ကို
ခပ်ဖွဖွ..ပုတ်ပေးနေရင်း
"ရှင်အခုလို..စိတ်ပင်ပန်းနေတာ....ပျောက်ဆုံးနေတဲ့
ရှင့်ရဲ့..မှတ်ညဏ်တွေကြောင့်လားဟင်..."
အသင်..မေးလိုက်တော့..သူခဏမျှငြိမ်သက်သွားသည်။
"ရှင်သိလား.အသင်လေ..ဒီအချိန်ထိ..အခက်အခဲတွေ
အများကြီးကိုကျော်လွှားပြီး..ကြံ့ကြံ့ခံနေခဲ့တာက...
အသင့်ရဲ့..ငယ်ဘဝကပျော်ရွှင်စွာအမှတ်တရတွေကြောင့်.
အသင့်ကိုချစ်တဲ့..အသင့်မိသားစုတွေနဲ့အတူပျော်ရွှင်
ခဲ့ဖူးတဲ့အချိန်တွေကိုပြန်တွေးရင်း..အသင်..ဘဝရဲ့.
ခက်ခဲပင်ပန်းတဲ့အချိန်တွေကို..ဖြတ်သန်းနိုင်ခဲ့တာ.."
ပြောနေရင်း...အသင်သူ့ကျောပြင်ကိုဖွဖွသိုင်းဖက်
ထားလိုက်မိကာ..
"ရှင့်မှာတော့..ရှင့််အတွက်..အမှတ်တရတွေအများကြီး
ရှိခဲ့နိုင်တဲ့..ငယ်ဘဝရဲ့မှတ်ညဏ်တွေအားလုံး.
ဆုံးရူံးခဲ့ရတယ်..ရှင်ဒီနှစ်တွေမှာ..အရမ်းအထီးကျန်
ဆန်ခဲ့မှာပဲနော်...အသင်..ရှင့်ကိုဘယ်လိုကူညီ
ပေးလို့ရမလဲဆိုတာ..တစ်ကယ်ပဲမသိတော့ဘူး..."
အသင့်..စကားဆုံးတော့..သူက..ပခုံးပေါ်အပ်ထားတဲ့
မျက်နှာကိုပြန်ဖယ်ပြီး..အသင့်ကိုကြည့်သည်။
ပြီးတော့..ငိုတော့မလို..မျက်ရည်ဝဲနေတဲ့...မျက်နှာလေးကို
စူးစိုက်ကြည့်ပြီးပြုံးသည်။
"ကိုယ့်ကိုတစ်ကယ်ပဲကူညီပေးချင်တယ်ဆိုရင်..
အမြဲတမ်း..ကိုယ့်နားမှာပဲနေပေး..မင်းသာ..ကိုယ့်
ဘေးမှာရှိရင်..ကိုယ်ဒီနာကျင်မူ့တွေကိုသည်းခံ
နိုင်မယ်ထင်တယ်..."
အသင်....ခေါင်းမငြိမ့်ခေါင်းမခါပဲ..သူ့ကိုငေးကြည့်
နေမိသည်။
"ဒီည..ကိုယ့်ဘေးမှာရှိနေပေးပါလား..."
"ဟင်..."
နေ့စကားကြောင့်..သူမထိတ်လန့်သလိုမျက်လုံးလေး
ဝိုင်းသွားသည်။
"အဲ့လောက်လဲ..မလန့်သွားပါနဲ့..ချာတိတ်ရယ်..
ဒီအတိုင်းဘေးမှာ..နေပေးရုံပါ.....ကိုယ်မင်းကို..
ဘာမှမလုပ်ဘူး......"
အသင်...စိတ်ပင်ပန်းနေပုံရသည့်သူနှင့်...အတိုက်အခံ
လဲမလုပ်ချင်ပေ...ထို့ကြောင့်..သူ့ကိုမယုံရမှန်း
မသိပေမဲ့လဲ..ခေါင်းမခါနိုင်ဖြစ်သွားခဲ့ရင်း...
💜💜💜💜💜
"ဝေါ..ဝေါ..ဂျိမ်း..."
မိုးက..အခုချိန်ထိလဲ..မစဲနိုင်ပဲသည်းနေဆဲ.....
မိုးကြောင့်လား..အသင့်ကိုတင်းကြပ်စွာပွေ့ဖက်ကာ
လှဲလျောင်းနေသည့်သူ့ကြောင့်လားမသိ..အသင်..
အခုထိ..အိပ်လို့မရသေး....
"နေ...."
".........."
အသင်..ခပ်တိုးတိုးခေါ်လိုက်တာကို..သူထံက
တုံ့ပြန်သံမကြားရ
"အိပ်ပျော်သွားတာလား....."
အတွေးနဲ့..သူ့လက်မောင်းပေါ်မှာ..သူ့ကိုကျောခိုင်းလျက်.
လှဲနေရာက..အသင်....သူ့ဘက်ကိုခပ်ဖြေးဖြေး..
လှည့်ကြည့်လိုက်ရာ..
"အမေ့...."
မျက်လုံးဖွင့်ပြီး..အသင်ကိုမထိတထိပြုံးကြည့်နေတဲ့
သူ့ကြောင့်..လန့်ပင်အော်မိသွားရသည်။
"ရှင်မအိပ်သေးပဲနဲ့..အသင်ခေါ်တာ..ဘာလို့မထူးတာလဲ"
"ကိုယ်..အိပ်ပျော်နေတဲ့အခါ..မင်းကိုယ့်ကိုခိုးနမ်း
မလားလို့သိချင်လို့..."
"ဟွန့်...ဆုတောင်းလေ..."
နှာခေါင်းရူံ့ပြီးချစ်စရာကောင်းအောင်သူမကမဲ့ပြသည်။
ပြီးတော့..တစ်ဖက်ကိုပြန်လှည့်ရန်ပြင်လိုက်တာမို့
နေ.သူမကို.အတင်းပွေ့ဖက်လိုက်ရင်း...
"မင်း..အိပ်မပျော်ဘူးလား..."
"အသင်က..မိုးတွေရွာနေရင်..အိပ်မရပါဘူးဆို.."
"ဒီလို..ဖက်ထားရင်တောင်မှလား..."
ပြောရင်း..သူကအသင့်ကိုရင်ခွင်ထဲမြုပ်နေအောင်
ပွေ့ဖက်လိုက်သည်။အသင်..သူ့ရင်ခွင်ကျယ်ကြီးထဲမှာ
ရုန်းလဲရုန်းလို့မရပဲ..စိတ်တိုလာတော့..သူ့ရင်ဘတ်ကို
ကိုက်ပစ်လိုက်မိသည်။
"အား..မင်း..ကိုယ့်ကိုကိုက်တယ်..ကြည့်စမ်း..."
"ရှင်..ဘာလို့..လူကိုအတင်းဖက်ထားသေးလဲ..
အခွင့်အရေးကိုရတာနဲ့..ယူတယ်..."
အသင်..ရန်တွေ့တာကိုကြည့်ကာ..သူကရယ်ပြီး...
"ကိုယ်က..မင်းကိုယုန်ဖြူမလေးလို့ထင်ထားတာ..
လက်စသတ်တော့..မင်းက..ခွေးပေါက်လေးပဲ..."
"ဘာ..ရှင်...ကဲ...ကဲ..."
အသင်..စိတ်တိုတိုနှင့်သူ့ရင်ဘတ်ကိုထုရိုက်နေမိလျှင်..
"အမလေး..."
ရုတ်တရပ်..အသင့်လက်နှစ်ဖက်ကိုဖမ်းချုပ်လိုက်ကာ
အသင့်ကိုယ်လေး..သူ့ပေါ်ရောက်လာအောင်...
သူကသိမ်းဖက်ပွေ့ယူလိုက်သည်။
"မင်း..ကောင်းကောင်းမအိပ်ချင်ဘူးလား.."
မချိုမချဉ်မျက်နှာနှင့်..သူမေးလာတော့..အသင်.
လန့်သွားရသည်။
"နေ..ရှင်.အသင့်ကိုအနိုင်ကျင့်မယ်မစဉ်းစားနဲ့နော်
တော်ပြီ..အသင်..အခန်းပြန်တော့မယ်..အသင့်ကို
ဖယ်ပေး..."
"မဖယ်ပေးပါဘူး..မင်းဒီညကိုယ့်ဘေးမှာပဲ..အိပ်
ရမယ်..."
"ဟင့်အင်း..မအိပ်တော့ဘူး..ဖယ်...ဖယ်ပါဆို...
အ..."
အသင်..အတင်းရုန်းကန်နေတော့...သူကအသင့်ကို
ဖက်လျက်သားနှင့်..ကိုယ်ကိုလှည့်လိုက်တော့..
အသင်..သူ့ရင်ခွင်အောင်ရောက်သွားရပြန်သည်။
တစ်ဆက်တည်း..သူ့မျက်နှာကပါ..ငုံ့ကျလာခဲ့ပြီး..
"နေ..ဟင့်အင်း..မလုပ်..."
စကားမဆုံးခင်..နူတ်ခမ်းလွှာလေးတွေကို..သူက.
အကြမ်းပတမ်းစုပ်နမ်းယူလိုက်သည်။
"အွန့်..ဟွန့်..."
နေ..ရုန်းကန်နေတဲ့.သူမရဲ့လက်နှစ်ဖက်ကို..မွေ့ယာနှင့်
ဖိကပ်ချုပ်ထားရင်း...နူတ်ခမ်းနွေးနွေးလေးတွေကို
ခပ်ကြမ်းကြမ်း စုပ်နမ်းနေမိသည်။
မပြယ်သေးတဲ့အယ်ကိုဟောအရှိန်ကြောင့်လား....
ရင်ခုန်တာကြောင့်လားမသဲကွဲပဲ...နွေးထွေးနူးညံ့
လွန်းနေတဲ့..သူမရဲ့အထိအတွေ့မှာ..ရုန်းမထွက်
နိုင်အောင်ယစ်မူးနေခဲ့ရင်း...သွေးကြောစိမ်းလေးတွေ
ထင်နေသည့်..လည်တိုင်လေးနှင့်..အောက်သို့
လျောကျနေတဲ့လည်ဟိုက်အကျႌကြောင့်...မလုံ့တလုံ
ဖြစ်နေတဲ့..ရင်ညွှန့်လေးနှင့်ဝင်းမွတ်နေတဲ့အတွင်းသား
တချို့ကို..နူတ်ခမ်းတွေနှင့်စုပ်နမ်းနေတော့...
"အင်း...အ..နေ...မလုပ်နဲ့..ဟင့်အင်း.........."
သူမက...နေ့ကိုအတင်းရုန်းကန်နေရာမှ..တဖြေးဖြေး
ငြိမ်သက်သွားပြန်သည်။နေ....သူမကိုကြည့်လိုက်မိတော့
သူမက.ရူံ့မဲ့နေတဲ့မျက်နှာလေးကိုလည်ပင်းလေး
လိမ်နေသည်အထိ..တစ်ဖက်သို့လွှဲထားသည်။
နေ..ကိုယ့်ကြောင့်သွေးခြည်သွားတဲ့လည်တိုင်လေးကို
နူတ်ခမ်းတွေနဲ့ဖွဖွတို့နမ်းလိုက်တော့..သူမပခုံးလေး
တွန့်သွားပြန်သည်။
"အသင်....အဆင်သင့်မဖြစ်သေးဘူး....အဲ့လို
မလုပ်ပါနဲ့."
တောင်းပန်သလို..ခပ်တိုးတိုးလေးပြောလိုက်တဲ့
သူမရဲ့မေးဖျားလေးကို..ဆွဲလှည့်ယူလိုက်တော့
သူမမျက်လုံးလေးဖွင့်ကြည့်လာသည်။
"ဘာကို..အဆင်သင့်မဖြစ်တာလဲ..."
"မိန်းကလေးတွေက...ဒီလိုအချိန်မှာ..အဆင်သင့်.
ဖြစ်နေဖို့လိုတယ်ဆို..."
အသင့်စကားကိုနားထောင်ပြီးသူကပြုံးသည်။
"ကိုယ့်အတွက်တော့..မလိုဘူး..."
ပြောရင်း..သူ့မျက်နှာထပ်ပြီးငုံ့ကျလာတော့..
အသင်..လန့်ဖျပ်ပြီး..မျက်ဝန်းတွေမှိတ်ချလိုက်
မိပြန်သည်။
"ဟင်း...."
ဒါပေမဲ့..ထင်ထားသလိုမဟုတ်ပဲ..သက်ပြင်းချသံ
ခပ်သဲ့သဲ့နှင့်အတူ..ခပ်နွေးနွေးဖြစ်သွားတဲ့နဖူးပြင်လေး
"မင်းကြောက်နေတာလား.."
နွေးထွေးတဲ့သူ့အမေးကြောင့်..အသင်မျက်လုံး
ပြန်ဖွင့်ကြည့်လိုက်မိပြန်သည်။
"မကြောက်ပါနဲ့..မင်းရဲ့ဆန္ဒမပါပဲ..အနမ်းထက်
ပိုတဲ့ဘာကိုမှကိုယ်အတင်းအကြပ်မလုပ်ဘူး ..."
ပြောပြီး..သူက..အသင့်လက်တွေကိုလွတ်ပေးကာ
အသင့်ကိုယ်ပေါ်ကနေဖယ်ပေးသည်။ပြီးတော့
အသင့်အကျႌကိုသူကပဲသေချာပြန်ဆွဲတင်ပေးကာ
အသင့်ကိုသာသာလေးပွေ့ဖက်ထားလိုက်ပြန်သည်။
"အိပ်တော့..မင်းအိပ်ပျော်အောင်..မင်းကိုကိုလိုတော့..
ကိုယ်ပုံမပြောပြတတ်ဘူး...ဒါပေမဲ့..မင်းကိုဒီလိုမျိုး
ဖက်ထားပေးမယ်.."
အသင့်ခေါင်းလေးကိုဖွဖွနမ်းကာ..သူကရင်ခွင်ထဲ
ပွေ့ပိုက်လိုက်ပြန်သည်။အသင်..ဒီတစ်ခါတော့..
သူ့လက်ထဲကမလွတ်တော့ဟုတွေးခဲ့ပေမဲ့..သူက
အသင်နဲ့သူ့ကြားကစည်းတစ်ခုကိုစောင့်ထိန်းခဲ့ပြန်သည်။
အသင်..အခုန်မမှန်သေးတဲ့..ရင်အစုံနှင့်သူ့ရင်ခွင်
ထဲမှာ..မယုံနိုင်သလိုအိပ်ပျော်သွားခဲ့ရင်း...
"Goodnight...ကိုယ့်ရဲ့ချာတိတ်မလေး.."
နေ..သူမလေးကိုပွေ့ပိုက်ကာ..အိပ်ပျော်အောင်..
ကြိုးစားခဲ့ပေမဲ့လဲ...
💜💜💜💜
တစ်ညလုံးသူမကိုရင်ခွင်ထဲပွေ့ပိုက်ထားပြီး...
နေအိပ်မပျော်နိုင်ခဲ့ပဲ..စီးကရက်သောက်ပြီး..မိုးလင်း
ခဲ့ရသည်။
"ဒေါက်...ဒေါက်..."
ထိုစဉ်.ကြားလိုက်ရတဲ့တံခါးခေါက်သံကြောင့်..
နေ..လက်မောင်းပေါ်က..သူမခေါင်းလေးကို...
အသာချကာ..ကုတင်ပေါ်ကဆင်းလာခဲ့သည်။
တံခါးဖွင့်လိုက်တော့..အရှေ့မှာမြင်လိုက်ရတဲ့
"အန်ကယ်ဂျိမ်း..."
"သခင်လေး..ညက..သောက်လာတယ်ဆိုပြီး..ဇ
ပြောလို့..ကျွန်တော်..ပျားရည်ဖျော်လာတာပါ.."
အန်ကယ်ဂျိမ်း...က.ဗန်းထဲကဖန်ခွက်လေးကို..
ပြကာ..အထဲကိုလှမ်းဝင်ရန်ပြင်တော့..နေလှမ်း
တားလိုက်ရင်း..
"ပြန်ယူသွားလိုက်ပါ..ကျွန်တော်မသောက်ချင်ဘူး"
နေ့စကားကြောင့်.. အန်ကယ်ဂျိမ်းက..နေ့ကိုတစ်လှည့်
အခန်းထဲကိုတစ်လှည့်ုကြည့်ကာ..
"အထဲမှာ..တစ်ယောက်ယောက်ရှိနေတယ်ထင်တယ်"
"ဟုတ်တယ်..အထဲမှာ..အသင်အိပ်နေတယ်..."
ဂျိမ်းရဲ့အမေးကို..ခပ်တည်တည်ပင်ဖြေပြီး..ပြန်လှည့်ရန်
ပြင်လိုက်သည့်...သခင်လေး...
"သခင်လေး..အခုတစ်လောဘာတွေဖြစ်နေတာလဲ
ကျွန်တော့်အပေါ်ဆက်ဆံတာလဲတစ်မျိုးဖြစ်နေတယ်
ပြီးတော့..တစ်ခါမှအပြင်မှာမသောက်ဖူးတဲ့လူက
ဘားမှာမူးတဲ့အထိသွားသောက်ရလောက်အောင်
သခင်လေးမှာဘာစိတ်ညစ်စရာရှိနေတာလဲ"
ဂျိမ်း..အမေးကြောင့်..နေ့ရဲ့ခြေလှမ်းတွေတုံ့ခနဲ
ရပ်တန့်သွားပြီး...ပြန်လှည့်လာတဲ့မျက်ဝန်းတွေက
အေးစက်ခြင်းတွေနဲ့
"ကျွန်တော်..ဘာတွေစိတ်ညစ်နေလဲဆိုတာ..အန်ကယ်
တစ်ကယ်ပဲမသိတာလား..ဒါမှမဟုတ်မသိချင်ယောင်
ဆောင်နေတာလား.."
"ဗျာ..."
သခင်လေးစကားကြောင့်..ဂျိမ်းတအံ့တဩဖြစ်သွား
ခဲ့ရပြီး.
💜💜💜💜💜
အပိုင်း(၃၀)မျှော်
နေ..နဲ့တော့..နောက်အပိုင်းတွေငါလေး
ရေခဲသေတ္တာထဲဝင်နေရတော့မှာပဲနော်..😰😁😁
အသင့်အစားရင်လေးလိုက်တာ😂
Writer by
#Hazel See less