💜စေတန်ရဲ့သတို့သမီး💜
💜💜💜💜
"သခင်လေးရဲ့..မှတ်ညဏ်တွေကို...နိူးဆွပေးနိုင်တဲ့
သူ့ရဲ့အတိတ်က...အမှတ်တရတွေ..ဒါမှမဟုတ်..
သူအတိတ်မှာ..ပါတ်သတ်ခဲ့ဖူးတဲ့..သူတွေ..အဲ့ဒီ
အရာတွေသာ..သခင်လေးနားမှာ..ရှိနေရင်....
သခင်လေးက..အနှေးနဲ့အမြန်..မှတ်ညဏ်တွေ
ပြန်ရလာမှာပဲ..ဂျိမ်း..."
"ဒါဆို..ခင်ဗျားပြောချင်တဲ့..သဘောက...သခင်လေး
အခုလို..အတိတ်နဲ့ပါတ်သတ်တဲ့မှတ်ညဏ်တွေ...
တစွန်းတစပြန်ပြန်ပေါ်လာတာက..သူ့မှတ်ညဏ်တွေကို
နိူးဆွပေးနေတဲ့..တစ်စုံတစ်ရာကသူ့အနားမှာ..
ရှိနေတယ်လို့ပြောချင်တာလား...ဦးထွန်းမြတ်.."
"ဟုတ်တယ်..သခင်လေး..အဲ့ဒီနေ့ကကျုပ်ဆီလာပြီး
သူ့ရဲ့မှတ်ညဏ်တွေပြန်ရအောင်ကူညီပေးဖို့...
ပြောခဲ့တဲ့အချိန်တုန်းက..ကျုပ်အရမ်းလန့်သွားခဲ့တာ
သခင်လေးသာ..မှတ်ညဏ်တွေပြန်ရသွားပြီး...
အကြောင်းစုံသိသွားခဲ့ရင်..ကျုပ်ကိုချမ်းသာပေးမှာ
မဟုတ်ဘူး..."
ပြောရင်းနဲ့..ထိတ်လန့်သလိုဖြစ်လာသည့်..ဦးထွန်းမြတ်ရဲ့
စကားတွေကို..နားထောင်ရင်း..ဂျိမ်းသက်ပြင်း
ချလိုက်မိသည်။
"ခင်ဗျား..ဘာမှမပူပါနဲ့..ကျုပ်တို့က..ဆုံးသွားတဲ့
သူဌေးကြီးရဲ့အမိန့်ကိုနာခံပြီး..သခင်လေးကို..
စောင့်ရှောက်နေကြတာ.."
"သခင်လေးက..အဲ့လိုတွေးမယ်လို့..ခင်ဗျား...
ထင်နေလို့လား...သူမှတ်ညဏ်တွေပြန်ရသွားရင်
ကျုပ်ကိုအရင်ဆုံးသတ်မှာ..."
ဦးထွန်းမြတ်..စိုးရိမ်နေတာကို..ဂျိမ်းနားလည်ပေး
နိုင်သည်။တစ်ကယ်တမ်းလဲ..သခင်လေးသာ..
မှတ်ညဏ်တွေပြန်ရသွားရင်..ဖြစ်လာမဲ့အကျိုးဆက်
တွေကမတွေးရဲစရာပင်...ဂျိမ်း..တခြားအရာတွေထက်
သခင်လေးရဲ့စိတ်နှလုံးသားနာကျင်ရမှာကို....
ပိုပြီးစိတ်ပူသည်။
ဘာလို့များ..သခင်လေးရဲ့..အသားကျနေတဲ့..
ဘဝထဲကို..ဒီလိုရိုက်ခတ်မူ့တွေကြုံတွေ့လာရတာလဲ...
"ခင်ဗျား..တစ်ခြားတွေတွေးပြီး..စိတ်ပူမနေပါနဲ့..
သခင်လေးရဲ့..ခေါင်းကိုက်ဝေဒနာကို..ထိန်းချုပ်
နိုင်အောင်..ဆေးကိုသေချာစီစဉ်ပေးပါ..အခုချိန်မှာ
အရေးကြီးဆုံးက..သခင်လေးပဲ..ကျုပ်ပြောတာ
နားလည်ရဲ့လား..."
"ကောင်းပါပြီ..."
ဦးထွန်းမြတ်..ဖုန်းချသွားတော့..ဂျိမ်းစိတ်မောစွာ
သက်ပြင်းရှည်ကြီးချလိုက်မိသည်။
"မှတ်ညဏ်တွေကို..နိူးဆွပေးနိုင်တဲ့..အတိတ်က
အမှတ်တရ..တစ်စုံတစ်ရာတဲ့လား...အဲ့ဒီ့အမှတ်တရ
ဆိုတာက..အဲ့ဒီမိန်းကလေးအပြင်ဘာများဖြစ်
နိုင်ဦးမှာလဲ..."
စိတ်ရူပ်စွာ..ရေရွတ်လိုက်ရင်း..မျက်ဝန်းတွေကို
ဖိပိတ်ချလိုက်သည်။
အင်္သချေဆိုတဲ့..မိန်းကလေးနဲ့ပါတ်သတ်ခဲ့ပြီးတဲ့
နောက်..အရာရာပြောင်းလဲလာတဲ့သခင်လေး...
"မင်း..ဘာလို့..သခင်လေးရဲ့ဘဝထဲကို..နောက်တစ်ကြိမ်
ပြန်ဝင်လာခဲ့ရတာလဲ..မင်းနဲ့ပါတ်သတ်တဲ့အရာ
အားလုံးကို..သခင်လေးပြန်မှတ်မိတဲ့နေ့က..သူ့
နှလုံးသား..တစ်စစီကွဲကြေရတဲ့နေ့ပဲဖြစ်လိမ့်မယ်
ဆိုတာ..မင်းမသိနိုင်ပါဘူး..ကလေးမရယ်..."
💜💜💜💜💜💜
"ရှင်..တစ်ကယ်ပဲ..အဖွားနဲ့တွေ့မလို့လားဟင်..."
အသင်....မေးလိုက်လျှင်..ကားမှန်ကနေ..အပြင်ဘက်ကို
ငေးကြည့်နေရာမှ...ဖျပ်ခနဲအသင့်ကိုငဲ့ကြည့်သည်။
"ကားပေါ်ပဲရောက်နေပြီ..ဘာတွေ..အူကြောင်ကြောင်မေး
နေပြန်တာလဲ...ဘာလဲ..မင်းကကိုယ့်ကို..မင်းအဖွားနဲ့
ပေးမတွေ့ချင်လို့လား..."
"အဲ့လို..မဟုတ်ပေမဲ့လဲ.."
အသင်..ဆက်မပြောပဲ..သူ့ဆီကအကြည့်လွှဲလိုက်
မိသည်။အသင်..အခုထိ..သူနဲ့အဖွားကိုပေးတွေ့သင့်လား
မတွေ့သင့်လား..ဝေခွဲမရသေး။တော်ကြာ..အဖွား
ရှေ့မှာအကုန်ပေါ်ကုန်မှအခက်မဟုတ်လား...
"ဒီမှာ..ရှင်..အဖွားရှေ့မှာ..ဘာမှမပြောမိပါစေနဲ့နော်.."
အသင်သူ့ကိုလှည့်ကြည့်ပြီးပြောလိုက်မိတော့..
သူကပြုံးထေ့ထေ့နှင့်ကြည့်ကာ
"ဘာကိုလဲ..."
"ဘာပဲဖြစ်ဖြစ်..ဘာမှမပြောမိပါစေနဲ့နော်...တော်ကြာ
အသင်ရှင့်အိမ်မှာနေနေတဲ့အကြောင်း..အဖွားသိလို့
လုံးဝမဖြစ်ဘူး..."
ပြူးတူးပျာတာ ဖြစ်နေသောသူမပုံစံလေးကိုကြည့်ပြီး
နေခေါင်းယမ်းလိုက်ကာ..လက်တစ်ဖက်ကို...
မြှောက်ပြလိုက်ရင်း...
"Ok...မင်းသဘောအတိုင်းပဲ..."
သူမက..ထိုအခါမှကေျနပ်သွားဟန်တူသည်။
"ပြီးရော..."
"တူ..တူ..တူ.."
ထိုစဉ်..တရိပ်ရိပ်ပြေးလွှားနေတဲ့ ကားထဲမှာ...
ပျံ့လွင့်လာတဲ့..ဖုန်းသံ...
"ဟဲလို..."
ဖုန်းကိုင်လိုက်သူက..ကားရှေ့ခန်းမှာ..ကားမောင်း
နေတဲ့..ဇ,ရဲ့ဘေးမှာထိုင်နေသည့်..သူ့ရဲ့bodyguard
နောက်တစ်ယောက်ဖြစ်သည်။
"ဘာ...ဘာပြောတယ်..."
ထိုသူရဲ့..အထိတ်တလန့်အသံကြောင့်..သူရော
အသင်ပါ..လှမ်းကြည့်လိုက်မိသည်။
"..........."
"အင်း...bossကိုအခုချက်ချင်းပြောလိုက်မယ်.."
"ဘာဖြစ်တာလဲ...သုတ..."
သူမေးလိုက်လျှင်...သုတက.ဖုန်းချလိုက်ပြီး....
မျက်နှာပျက်ပျက်နှင့်သူကိုလှည့်ကြည့်ကာ....
"ပြသာနာဖြစ်ပြီ...boss...The sun jewellery
Showrooms (3)မှာ..ပေါက်ကွဲမူ့ဖြစ်လို့တဲ့.."
"ဘာ..."
သူ့ရဲ့..ဒေါသသံကြောင့်..အသင်တုန်တက်သွားရသည်။
"မီးခိုးဗုံးလို့ပြောပါတယ်..."
"တောက်..အခုချက်ချင်းကားပြန်လှည့်လိုက်ဇ,.."
"ဟုတ်ကဲ့...boss..."
သူ့ရဲ့..အမိန့်သံအဆုံး..ကားလေးက..ဦးတည်ရာ
ပြန်ပြောင်းလာခဲ့ရင်း....
💜💜💜💜
Showroomကြီးရဲ့ရှေ့ကိုကားရပ်သွားတာနှင့်
သတင်းထောက်တွေရော..ရဲတွေပါ..ရောက်နေတာကို
တွေ့ရသည်။ထို့အပြင်..စုရုံးစုရုံးလုပ်နေတဲ့...
လူတွေကလဲ..အုံဖွဲ့နေသည်။
"boss...လာပြီ..."
သူ့ကားရပ်လာတာကိုမြင်သည်နှင့်...လုံခြုံရေးတွေက
အပြေးအလွှားနှင့်ရောက်လာပြီး..လမ်းရှင်းပေးကြသည်။
"ကိုယ့်ကို..ကားထဲမှာပဲ..စောင့်နေ...."
အသင်..ခေါင်းငြိမ့်ပြလိုက်လျှင်..သူက..ဇ,တို့နှင့်
အတူ..ကားပေါ်က..ဆင်းသွားသည်။
အသင်..ရူပ်ရှတ်ခတ်နေသည့်..လူအုပ်ကြီးကို...
ကားထဲကနေ..လှမ်းကြည့်မိရင်း...
"ဘာတွေဖြစ်ကုန်ပါလိမ့်...."
💜💜💜💜💜💜
"မီးခိုးဒဏ်ကြောင့်..ဝန်ထမ်းတွေနဲ့..ဧည့်သည်တစ်ချို့
ကိုတော့..ဆေးရုံချက်ချင်းပို့လိုက်ရပါတယ်..boss
ကြီးကြီးမားမားထိခိုက်မိတာကတော့..မရှိပါဘူး.."
Showroomရဲ့တာဝန်ခံမန်နေဂျာ..မျက်နှာငယ်နှင့်
ရှင်းပြသမျှကို...ဒေါသမျက်ဝန်းတွေနှင့်နားထောင်
နေတဲ့....နေ....
"လုံခြုံရေးဝန်ထမ်းချည်းပဲ..အယောက်၃၀လောက်
ရှိနေတဲ့..showroomထဲမှာ..ဒီလိုကိစ္စဖြစ်သွား
ရအောင်..ခင်ဗျားတို့အလုပ်လုပ်တာ..ပေါ့လျော့
လှချည်လား..."
"တောင်းပန်ပါတယ်...boss..."
"တောင်းပန်စကားကို..ကျွန်တော်လိုချင်တာမဟုတ်ဘူး
ခင်ဗျားကို..အချိန်(၂)နာရီပေးမယ်...အဲ့ဒီအချိန်
အတွင်း..Showroomထဲမှာ ရှိတဲ့CCTVတွေ
အားလုံးကို..စစ်ဆေးပြီး..တရားခံကိုတွေ့အောင်
ရှာပါ....တရားခံကိုမရှာနိုင်ရင်...ခင်ဗျားနဲ့.....
လုံခြုံရေးဝန်ထမ်းတွေအားလုံးကို..အလုပ်ထုတ်
ပစ်မယ်...."
နေ့စကားကြောင့်..မန်နေဂျာထိတ်လန့်သွားပြီ...
"စိတ်ချပါ..boss..ကျွန်တော်..အခုချက်ချင်း...
သွားလိုက်ပါ့မယ်..."
မန်နေဂျာနဲ့...သူ့လက်ထောက်နှစ်ယောက်..ပျာပျာ
သလဲလဲထွက်သွားမှ..နေ..ဒေါသတကြီးနှင့်....
အနားမှာရှိနေတဲ့..ဆိုဖာကိုလွှဲကန်လိုက်သည်။
"boss...."
ခေါ်သံနှင့်အတူ..အနားကိုရောက်လာတဲ့ဇ,....
"ဒီဇိုင်းအသစ်မိတ်ဆက်တော့မဲ့အချိန်တိုင်း..ဒီလို
ပြသာနာကြုံရတယ်..မှတ်မှတ်ရရတစ်နှစ်က..
စကာၤပူက showroomမှာလဲ...ဒီလိုမီးခိုးဗုံးနဲ့..
နှောင့်ယှက်ခံခဲ့ရတယ်..."
"ထုံးစံအတိုင်း...ပြိုင်ဘက်ကုမ္မဏီတွေက..ကျွန်တော်
တို့..showroomကိုနာမည်ပျက်အောင်ကြံတာပဲ
နေမှာပါ..."
"ငါ..ရဲတွေနဲ့..ရူပ်ရူပ်ယှက်ယှက်မဖြစ်ချင်ဘူး...ဇ"
"ကျွန်တော်နားလည်ပါပြီ...boss...ကျွန်တော်
ခုချက်ချင်းသွားရှင်းလိုက်ပါ့မယ်..."
ဇ,ထွက်သွားပြီးမှ...နေ..သူမကို...သတိရသွားသည်။ထိုစဉ်
"ကလောင်..."
နေ့ဖုန်းထဲကို..ဝင်လာတဲ့..massage တစ်စောင်
နေကြည့်လိုက်တော့..သူမဆီကဖြစ်နေသည်။
"ရှင်..အရမ်းအလုပ်များနေမယ်..ထင်လို့..အသင်
ရှင့်ကိုမစောင့်တော့ဘူး...အဖွားနဲ့တွေ့ဖို့..နောက်
တစ်ခေါက်...ကြုံဦးမှာပါ..."
နေ..မက်ဆေ့ချ်ကိုဖတ်ပြီး..သူမဆီတစ်ခုခု..ပြန်
ပို့ရန်ပြင်လိုက်စဉ်....
"Boss..."
ရေးကြီးသုတ်ပျာနှင့်..အခန်းထဲဝင်လာတဲ့..တာဝန်ခံ
မန်နေဂျာ....
"ဗုံးလာထားသွားတဲ့..လူကိုတွေ့ပါပြီ...."
"ဘာ....."
💜💜💜💜💜
"ရှင်...အဖွားကကိုကိုနဲ့..တူတဲ့လူတစ်ယောက်ကို
တွေ့ခဲ့တယ်..ဟုတ်လား..."
အသင်..တအံ့တဩအမေးကို..အဖွားက..ခေါင်း
ငြိမ့်ရင်း...
"တစ်ကယ်ကိုတူတာမြေးရဲ့..အဖွားက...ချမ်းလေး
ငယ်ရုပ်မပျောက်ပါလားဆိုပြီး..ဝမ်းသာအားရ
လှမ်းခေါ်လိုက်မိတဲ့အထိပဲကွယ်..."
ပြောရင်း..အဖွားမျက်နှာက...ညိုးသွားကာ...
"ဒါပေမဲ့..အဲ့ဒီသူငယ်လေးက..ချမ်းမဟုတ်ဘူးလေ
အင်း..လောကကြီးမှာ...လူတူမရှား..နာမည်တူ
မရှားဆိုတာ..တစ်ကယ်မှန်တယ်..မြေးရဲ့..."
"အဖွား..အသင်တို့တွေ...ကိုကို့ကိုဒီလောက်သတိရ
နေကြတာ..ကိုကိုလဲ..အသင်တို့ကိုသတိရနေမှာ
ပေါ့နော်...ဒါနဲ့တောင်...ဘာလို့..အသင်တို့ဆီ...
တစ်ခေါက်တောင်လာမတွေ့ခဲ့ရတာလဲ..မသိဘူး.."
ပြောရင်း..မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်
လုပ်နေသည့်..မြေးဖြစ်သူကိုကြည့်ကာ..ဒေါ်ငြိမ်းလှ
ရင်နင့်သွားရသည်။
"ဒီအကြောင်းတွေ..အသင်လုံးဝမသိစေရဘူးလို့
ကတိပေးပါ.."
ချမ်း..မှာခဲ့တဲ့..စကားလေးတစ်ခွန်းနဲ့..နှစ်ပေါင်း
များစွာ..သိမ်းဆည်းလာရတဲ့..လျို့ဝှက်ချက်တွေက
ရင်နဲ့အပြည့်...သူသိပ်ချစ်တဲ့..ညီမလေးကို...
ကယ်တင်နိုင်ဖို့.......တစ်သက်လုံးပြန်မသွားချင်ခဲ့တဲ့
ဖခင်ရဲ့အနားကိုပြန်သွားဖို့ဆုံးဖြတ်ခဲ့တဲ့..ချမ်း...
ဒေါ်ငြိမ်းလှကိုယ်တိုင်လဲ..ချမ်းရဲ့ဖခင်က..ဘယ်သူ
ဘယ်ဝါဆိုတာ..တိတိကျကျမသိခဲ့ပေ..အရမ်းကို
ချမ်းသာတဲ့..သူဌေးကြီးတစ်ယောက်လို့ပဲ..သိခဲ့တာ
ဒေါ်ငြိမ်းလှသိတာတစ်ခုက...ဒီအကြောင်းတွေသာ
မြေးမလေး..သိသွားခဲ့ရင်..နာကျင်ခံစားရမှာကိုပင်
"အသင်ကတော့လေ..ကိုကို..အသင့်ဆီပြန်မလာ
ခဲ့ရင်တောင်..တစ်နေရာရာမှာ..ပျော်ပျော်ရွှင်ရွှင်နဲ့
ရှိနေဖို့ပဲ..မျှော်လင့်တယ်..ပြောလို့မရဘူး..ကိုကိုက
အခုဆို..သူ့ကိုချစ်တဲ့လူတွေနဲ့..ပျော်ရွှင်တဲ့ဘဝလေးမှာ
ရှိရင်ရှိနေမှာ...အသင်လေ..အများကြီးမမျှော်
လင့်ပါဘူး...အသင်တို့မိသားစုတွေရဲ့..ပျော်ရွှင်
စရာအချိန်လေးတွေကို..ကိုကိုသတိရနေရင်ပဲ
ကျေနပ်ပါပြီ....."
"မြေးရယ်..."
ဒေါ်ငြိမ်းလှ..စိတ်မကောင်းစွာနဲ့ပဲ..မြေးဖြစ်သူရဲ့
ခေါင်းလေးကိုဖွဖွပွတ်သပ်လိုက်မိသည်။
အသင်..အဖွားစိတ်မကောင်းဖြစ်သွားတာကိုသိ၍
ဝဲတက်လာတဲ့..မျက်ရည်တွေကို..မျက်တောင်နှင့်
ပုတ်ခတ်သိမ်းဆည်းလိုက်ရင်း..ပြုံးလိုက်မိသည်။
"အဖွား..ကျန်းမာရေးဂရုစိုက်နော်..ခရီးသွားနေ
ရတယ်ဆိုပြီး...ဆေးသောက်ဖို့..မမေ့နေနဲ့ဦးနော်...
အသင့်ဆီလဲ...ဖုန်းမှန်မှန်ဆက်..."
"အေးပါ..မြေးရယ်..အဖွားအတွက်စိတ်မပူနဲ့...
မြေးသာ..တစ်ယောက်ထဲ..အဆင်ပြေအောင်နေ..
ဟုတ်ပြီလား..."
အဖွားရဲ့တစ်ယောက်ထဲအဆင်ပြေအောင်နေဆိုတဲ့
စကားကြောင့်..အသင်..မလုံမလဲပြုံးလိုက်မိရင်း...
💜💜💜💜
"Sorryပါ...အသင်ရယ်...ငါလိုက်ခဲ့မယ်ဆိုပြီး..
မလိုက်ပေးနိုင်ဘူးဖြစ်သွားတယ်..."
"ရပါတယ်..ကြည်နူးရဲ့..."
"ဒါနဲ့..နင်မနက်ကပြောတော့..ကိုနေကုဋာက..နင့်ကို
လိုက်ပို့ပေးမယ်ဆို..."
"ဟုတ်တယ်...သူshowroomမှာပြသာနာပေါ်လို့
ငါတစ်ယောက်ထဲသွားလိုက်တာ..."
"Showroomမှာ..ပေါက်ကွဲမူ့ဖြစ်တယ်ဆိုတာမလား
ငါတို့လဲကြားလိုက်တယ်...ဟဲ့...ဒါပေမဲ့.........
The Sun groupက တော်တော်ကို..ပါဝါကြီးတာနော်
ဒီလိုသတင်းမျိုးကို..နေ့တောင်မကူးပဲချက်ချင်း
ပိတ်ပစ်လိုက်နိုင်တယ်...."
"ဟုတ်တယ်..သူကတခြားလူမှမဟုတ်တာ.....
နေကုဋာပဲလေ..."
"အေးပေါ့လေ..သူကလက်ညိုးညွှန်ရာ..ရေဖြစ်နေတဲ့
လူပဲ...နင်ရော..အခုအိမ်တန်းပြန်မှာလား.."
"ငါ..အန်တီမူတို့ဆီမှာ..အပ်ထားတဲ့..ဓာတ်ပုံအိတ်ကို
သွားယူမလို့..."
"တစ်ယောက်ထဲ..သတိထားပြီးသွားဦးနော်..အသင်
နင်က..ဆေးရုံကဆင်းလာတာကြာသေးတာမဟုတ်ဘူး"
"အေးပါဟာ..ငါ့ကိုစိတ်မပူနဲ့..ဒါပဲနော်...ငါဖုန်းချ
လိုက်တော့မယ်..."
"အေး..အေး.."
ကြည်နူးနဲ့..ဖုန်းပြောပြီးတော့..အသင်..တက္ကစီ
တစ်စီးကိုလှမ်းတားလိုက်သည်။
".......................ကို...ပို့ပေးပါ..."
💜💜💜💜💜💜
"အား....."
စူးရှ..နာကျင်စွာ..အော်ဟစ်လိုက်သော..အသံ...
ဇ,လက်ထဲမှာ..ကိုင်ထားတဲ့...ချိန်းကြိုးကတစ်ချက်
လွှဲသွားတိုင်း..အရှေ့မှာ..လက်နှစ်ဖက်ကိုတွဲလောင်း
အနေအထားနှင့်ကြိုးချည်ခံထားရတဲ့..လူထံက..
သွေးစတို့ကလွင့်စင်ထွက်လာသည်။
"ပြောစမ်း...showroomမှာ..ဗုံးထောင်ဖို့...မင်းကို
ဘယ်သူခိုင်းခဲ့တာလဲ..."
ထိုသူက..မပြောပဲ..သွေးအလိမ်းလိမ်းမျက်နှာနှင့်
ဇ,ကိုပေကြည့်သည်။
"ကဲကွာ..."
ဇ,ဒေါသတကြီးနှင့်..ချိန်းကြိုးကမြောက်တက်
သွားပြန်သည်။
"ဝှီး..."
"အား..."
"တော်ပြီ...ဇ,..."
ဟန့်တားလိုက်သံနှင့်အတူ...မာန်မဲသံတွေ၊အော်ဟစ်
သံတွေဆူညံနေသည့်..မြေအောက်ခန်းထဲကို...
လူနှစ်ယောက်နှင့်အတူ..ဆင်းလာသည့်နေ....
"သူ..အခုထိ..မပြောသေးဘူး...boss..."
နေ..ဘာမှမပြောဘဲ..သွေးအလိမ်းလိမ်းနဲ့လူကို
တစ်ချက်ကြည့်ကာ..ဇ,လက်ထဲက..ချိန်းကြိုးကို
ယူပြီးလွင့်ပစ်လိုက်သည်။
"မလိုအပ်ပဲ..အားကုန်မခံနဲ့...အဲ့လောက်ထိ...
အရေးပါတဲ့ကိစ္စမဟုတ်ဘူး...သူ့ကိုကြိုးဖြေပေးလိုက်"
"ဟုတ်ကဲ့...boss..."
ကြိုးဖြေပေးလိုက်တာနှင့်..ထိုလူကြမ်းအြင်ပေါ်
ပုံကျသွားသည်။နေထိုသူရဲ့ရှေ့မှာ..ခြေဖျားထောက်
ထိုင်လိုက်ပြီး..သွေးအလိမ်းလိ်မ်းနဲ့မျက်နှာကို..
ဆွဲမော့ယူလိုက်သည်။
"စေတန့်ရဲ့..ဒေါသကိုလာဆွပြီး..မင်းဘယ်နှစ်နာရီ
လောက်..ပုန်းနိုင်မယ်လို့ထင်နေတာလဲ..."
"၂၄နာရီမပြည့်ခင်..ခင်ဗျားလက်ထဲမှာ..ကျုပ်
ဖမ်းမိမယ်ဆိုတာ...ကြိုသိပြီးသား..."
ထိုလူရဲ့စကားကြောင့်...နေ..ဟက်ခနဲရယ်လိုက်
မိကာ...
"ဒါဆို...အခုလိုနှိပ်စက်ခံရမှာကို...ကြိုသိနေရင်လဲ
မီးခိုးဗုံးမဟုတ်ပဲ..မီးလောင်ဗုံးသုံးခဲ့ရမှာ..အဲ့ဒါမှ
မင်းခံစားရတာနဲ့..ညီမျှမှာမဟုတ်လား...."
ထိုလူက..ဘာမှမပြောပဲ...နေ့ကိုမျက်လုံးစူးစူးတွေနှင့်
ကြည့်နေသည်။
"နောက်ဆုံးမေးမယ်..မင်းကိုငါ့ရဲ့showroomမှာ
ဗုံးထောင်ဖို့..ဘယ်သူခိုင်းခဲ့တာလဲ..."
"..........."
"မဖြေချင်တာလား....ရယ်စရာကောင်းတယ်...
မင်းမဖြေတာနဲ့..ငါကမသိနိုင်ဘူးလို့ထင်နေတာပေါ့.."
ပြောရင်း..နေ..ထရပ်လိုက်တော့..ထိုသူရဲ့မျက်ဝန်း
တွေက..ကပ်ပါလာသည်။
"နိဒါန်းသစ်...မင်းကိုခိုင်းခဲ့တာသူမဟုတ်လား.."
နေ့စကားကြောင့်...ထိုသူမျက်လုံးပြူးသွားသည်။
"မင်းကသူ့စပိုင်လေ..ငါကောင်းကောင်းသိတာပေါ့
ဒီလို.အလုပ်မျိုးတွေကမင်းကသူ့အတွက်လုပ်ပေး
နေကြပဲ..ဟုတ်တယ်မဟုတ်လား...ဩဇာ"
"ဟင်..."
နာမည်ကိုခေါ်လိုက်၍..သွေးပျက်သွားတဲ့ထိုလူရဲ့
မျက်ဝန်းတွေကိုကြည့်ပြီး...နေ.ခပ်ဟက်ဟက်
ရယ်လိုက်မိကာ...
"မိတ်ဆက်တာပြီးပြီဆိုတော့..စာရင်းရှင်းကြတာပေါ့"
ပြောရင်း...နေ..လက်ဖြန့်လိုက်လျှင်..ဇ,က..အသံတိတ်
ပြောင်းတပ်ထားတဲ့..ပစ္စတိုတစ်လက်ကိုနေ့လက်ထဲ
လာထည့်ပေးသည်။
"မင်းကို..အေးအေးဆေးဆေးအနားယူခိုင်းလိုက်မယ်
စိတ်ချပါ..မင်းရဲ့အလောင်းကိုတော့..နိဒါန်းသစ်ဆီ
ငါပြန်ပို့ပေးပါ့မယ်..."
ပြောရင်း...နေ..ဩဇာရဲ့နဖူးတည့်တည့်ကိုသေနတ်နှင့်
တေ့ချိန်လိုက်သည်။
"နောက်ဘဝဆိုတာရှိရင်..အဲ့လိုလူမျိုးဆီမှာ..
အလုပ်မလုပ်မိစေနဲ့..goodbye"
နူတ်ဆက်စကားဆိုပြီး..လက်ညိုးကိုတဖြေးဖြေး
ကွေးလိုက်စဉ်....
"တစ်ခုလောက်တောင်းဆိုပါရစေ..."
ဩဇာဆီကကြားလိုက်ရတဲ့အသံကြောင့်..နေ..
လက်ညိုးရပ်တန့်သွားခဲ့သည်။
"နောက်ဆုံးအနေနဲ့..ဖုန်းဆက်မှဖြစ်မဲ့လူရှိနေလို့ပါ.."
"အဟက်..နောက်ဆုံးဆန္ဒလား...Okလေ..ငါလဲ
ဒီနေ့စိတ်ကြည်နေတာဆိုတော့..လိုက်လျောပေး
ရမှာပေါ့...ဇ,...."
နေ...ဇ,ကိုမျက်စပစ်ပြလိုက်လျှင်...ဇ,ကဩဇာရဲ့
ဖုန်းကိုယူလာပြီးပေးသည်။ဩဇာက..contantlist
ထဲမှာရှိနေတဲ...နံပါတ်တစ်ခုကိုနှိပ်ကာခေါ်ပြီး
သည်နှင့်..ဇ,ကဖုန်းကိုပြန်ယူလိုက်ကာ..စပီကာ
ဖွင့်လိုက်သည်။
"ဟဲလို..."
တစ်ဖက်က..ကြားလိုက်ရတဲ့..အသံသေးသေးလေး
တစ်သံ...
"ဟဲလို...ညီမလေး..."
"ကိုကို..."
အပြန်အလှန်ခေါ်နေကြတဲ့အသံတွေကိုနားထောင်
ရင်း..နေ..ခြေလှမ်းတွေယိုင်ခနဲဖြစ်သွားရသည်။
"ကိုကို...ဒီနေ့...ညီမလေးဆီလာခဲ့မယ်လို့ပြောထား
တယ်မဟုတ်လား..မိုးပဲချုပ်တော့မယ်..ဘာလို့
မလာသေးတာလဲဟင်.."
"တောင်းပန်ပါတယ်..ညီမလေးရဲ့..ကိုကိုဒီတစ်ခေါက်လဲ
ပြန်လာနိုင်ဦးမှာ..မဟုတ်ဘူး..."
"ဟင်း..ကိုကိုကတိပျက်ပြန်ပြီ...ကိုကိုပြောတော့
ဒီတစ်ခေါက်အလုပ်ပြီးတာနဲ့..ညီမလေးနားမှာပဲ
နေပေးတော့မှာဆို..ကိုကိုကတိမတည်ဘူး..."
ပြောရင်း..ငိုသံလေးပါလာတဲ့..ကလေးမလေး....
"စိတ်မဆိုးနဲ့နော်..ကိုကိုမကြာခင်ပြန်လာခဲ့မယ်..
အဖွားစကားကိုနားထောင်ပြီး..လိမ်လိမ်မာမာ
နေနော်..ညီမလေး..."
ဖုန်းပြောနေတဲ့..ဩဇာကိုကြည့်ပြီး..ဇ,ကနေ့ကို
လှမ်းကြည့်သည်။ထိုအချိန်...နေ့ခေါင်းထဲမှာ..
တဆစ်ဆစ်ထိုးကိုက်လာနေလျက်....
"ကိုကို...."
အာရုံထဲမှာမြင်လာရပြန်တဲ့..ချစ်စရာကလေးမလေး
ထိုအချိန်..ဖုန်းပြောလို့ပြီးသွားပြီဖြစ်တဲ့...ဩဇာ
ကတော့...နေ့ကိုမော့ကြည့်လာလျက်...
"ခင်ဗျား...ကျုပ်ကိုသတ်ချင်သတ်လို့ရပြီ..."
နေ...သူ့ကိုချိန်ထားတဲ့..သေနတ်ကို...ခလုတ်ညှစ်
လိုက်ဖို့ရာ..ခဏမျှတုံ့ဆိုင်းနေခဲ့ပြီး...
"ဒုတ်..."
"ထန်...ချွမ်..."
အော်သံအစား...နံရံနှင့်ကျည်ဆန်ထိမှန်သွားသံသာ
ထွက်ပေါ်လာခဲ့ပြီး....
ဇ,အပါအဝင်အားလုံးက..နေ့ကိုအံ့ဩသလိုကြည့်
လာကြသည်။ဩဇာကိုယ်တိုင်လဲ..သူ့အစား...
နံရံကိုသာပစ်လိုက်တဲ့..နေ့ကိုမယုံနိုင်သလိုကြည့်
နေခဲ့သည်။
"ဩဇာဆိုတဲ့...နိဒါန်းသစ်ရဲ့လက်အောက်ခံလူတစ်ယောက်
ကိုငါသတ်လိုက်ပြီ...အခု...မင်းညီမလေးရဲ့အစ်ကို..ကို
ငါချမ်းသာပေးခဲ့တာ..မင်းဘာလုပ်ရမယ်ဆိုတာ..
သိလိမ့်မယ်လို့ငါယုံကြည်တယ်..."
နေ..လက်ထဲက..သေနတ်ကို..ဇ,ကိုပစ်ပေးပြီး..
"သူ့ကိုလွှတ်ပေးလိုက်..."
ထိုစကားကိုသာ..ဆိုပြီး..တဆစ်ဆစ်ထိုးကိုက်နေတဲ့.
ခေါင်းကြောင့်...ပျက်ချင်နေတဲ့..ခြေလှမ်းတွေကို
ကြိုးစားထိန်းကာ..လှမ်းထွက်လာခဲ့ရင်း..
"ဘာလို့ငါ့မှာလဲ...ငါ့ကိုစောင့််မျှော်နေတဲ့..ညီမလေး
တစ်ယောက်ရှိတယ်လို့ထင်နေရတာလဲ...ဒါမှမဟုတ်
ဒါဟာ..တစ်ကယ်ပဲလား..တစ်ယောက်ယောက်က
ငါ့ကိုတစ်ကယ်ပဲစောင့်နေခဲ့တာလား...."
💜💜💜💜💜
အပိုင်း(၂၉)မျှော်
ငိုချင်လာပြီ😭😭
Writer by
..#Hazel See less