💜စေတန်ရဲ့သတို့သမီး💜
💙💙💙💙
"ဟင့်အင်း..အသင်ပီကေမစားပါဘူး...မစားဘူး.."
အသင်ပြောလဲပြော..တံခါးကိုလဲ..ပြန်ပိတ်လိုက်တော့
အသင့်ထက်လက်မြန်တဲ့သူက..တံခါးကိုတွန်းလိုက်သည်။
အားချင်းမမျှတာကြောင့်..အသင့်ကိုယ်လေး..
တံခါးနားကနေ..နှစ်လှမ်းလောက်ဆုတ်သွားရပြီး
သူကတော့..အခန်းထဲကိုဝင်လာခဲ့ပြီဖြစ်သည်။
"ငါတော့..သွားပြီပဲ..."
အမြန်ပဲပါးစပ်ထဲကပီကေကို..လက်ထဲအမြန်
ထွေးထုတ်ပြီး..လက်နှစ်ဖက်လုံး..အနောက်ကို
ပစ်ထားလိုက်တော့..သူကအသင့်နားကို..တစ်လှမ်း
ချင်းလျှောက်လာသည်။
အသင့်ရှေ့မှာ..သူခြေစုံရပ်လိုက်တာနှင့်..အသင့်
ခန္တာကိုယ်လေး..တုန်တက်သွားရသည်။
နေ..အကြောက်လွန်နေတဲ့..ကောင်မလေးကိုကြည့်ပြီး
ရယ်လိုက်မိသည်။အသည်းယားစရာကောင်းလှတဲ့
သူမကို..ခပ်ကြမ်းကြမ်းနမ်းရိူက်ပစ်လိုက်ချင်သော်လဲ
ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ထားရင်း...
"ရော့..."
လက်ထဲက..ရေခဲမုန့်ဘူးထည့်ထားတဲ့..အိတ်လေးကို
လှမ်းပေးလိုက်တော့..သူမမျက်လုံးဝိုင်းလေးနှင့်
အံ့ဩသလိုမော့ကြည့်လာသည်။
"ဘာကြည့်နေတာလဲ..မယူဘူးလား..."
နေ..ထပ်ပြောလိုက်မှ..သူမကလက်တုန်ခြေတုန်နှင့်
လှမ်းယူသည်။
"နှစ်ပွဲဝယ်ခဲ့တယ်..မင်းမဝမှာစိုးလို့..."
အသင်..သဘောကောင်းနေတဲ့..သူ့ကိုကြည့်ပြီး..
အံ့ဩနေရသည်။တော်ပါသေးရဲ့..ဒီလူဒီနေ့...
ဘာစိတ်ကူးပေါက်နေလဲမသိဘူး...
အသင်တွေးနေစဉ်မှာပဲ..သူကအသင့်ကုတင်နားကို
လျှောက်သွားကာ..မွေ့ယာပေါ်တက်ထိုင်ရင်း...
အသင်ဖတ်နေတဲ့ပုံပြင်စာအုပ်ကိုယူကြည့်သည်။
"မင်းက..ဒီအရွယ်ပဲရောက်နေပြီ...ပုံပြင်တွေက..
ဖတ်တုန်းလား..."
အသင်..လက်ထဲကပီကေကိုအမိူက်ပုံးထဲ..သွား
ထည့်ရင်း..ရေခဲမုန့်စားနေရင်းနဲ့..သူ့နားမှာ....
သွားထိုင်လိုက်သည်။
"ရှင်မှမသိတာ..ပုံပြင်တွေက..အရမ်းစိတ်ဝင်စား
စရာကောင်းတာ..."
သူမကပြောလဲပြော..ပါးစပ်နဲ့အစားနဲ့ကလဲမပြတ်..
နေ..သူမကိုသဘောကျစွာကြည့်နေမိရင်း...
"ဪ..မေ့တော့မလို့..."
သူ..ရုတ်တရပ်ပြောလိုက်တော့..အသင်...ရေခဲမုန့်ကို
ပါးစပ်ထဲထည့်ရင်းသူ့ကိုကြည့်မိကာ..
"ဘာကိုလဲဟင်"
"ကိုယ်မင်းကိုပေးစရာရှိတယ်.."
ပေးစရာရှိတယ်ဆိုပြီး..ထိုင်နေရာကနေထကာ..
အသင့်ရှေ့မှာ..ခြေဖျားထောက်ထိုင်လိုက်တဲ့
သူ့ကြောင့်..အသင်ကြောင်သွားရသည်။
"ဟင်.ရှင်ဘာလုပ်တာလဲ.."
သူက..အသင်မေးတာကိုမဖြေပဲ..ခပ်ပြုံးပြုံးနှင့်
အသင့်..ခြေထောက်လေးတစ်ဖက်ကို..ဆွဲယူကာ..
သူ့ပေါင်ပေါ်တင်လိုက်သည်။နောက်တော့..ကုဒ်အကျႌ
အိတ်ကပ်ထဲကိုနိူက်ယူလိုက်တဲ့..သူ့လက်ထဲမှာ
ပါလာတာက..အရမ်းကိုလှပတဲ့..foot chainလေး
တစ်ကြိုး....
အသည်းပုံကွင်းသေးသေးလေးတွေနှင့်ဆက်ထားတဲ့
ပလက်တီနမ် ခြေကျင်းလေးမှာ..တွဲလောင်းချ
ထားတဲ့ကြိုးသေးသေးလေးရဲ့ထိပ်မှာကကြယ်ပွင့်
ပုံစံလေးနှင့်ဖြစ်သည်။ထိုကြယ်လေးရဲ့အလယ်မှာ
စိန်ပွင့်သေးသေးလေးလဲပါသေးသည်။
"အရမ်းလှတာပဲ.."
အသင်..မနေနိုင်ပဲ..ပါးစပ်ကချီးကျူးလိုက်မိတော့..
သူကမော့ကြည့်ပြုံးပြကာ..
"သဘောကျလား...မင်းအတွက်..ကိုယ့်ရဲ့လက်ဆောင်"
ပြောရင်း..သူက..အသင့်ခြေကျင်းဝတ်လေးထက်မှာ
foot chainလေးကိုသေချာဝတ်ပေးသည်။ပြီးတော့
ဝင်းမွတ်နေတဲ့..ခြေသလုံးသားလေးတွေကိုသူ့
လက်ချောင်းသွယ်သွယ်တွေက..ထိတွေ့ပွတ်သပ်နေရင်း
"ဒီခြေကျင်းလေးကိုလုံးဝမပျောက်စေနဲ့..ဒါလေးကိုသာ
မင်းအမြဲဝတ်ထားရင်..မင်းဘယ်မှာပဲရှိနေရှိနေ..
ကိုယ်ရအောင်ရှာနိုင်တယ်.."
"ရှင်."
အသင်..သူ့စကားကိုနားမလည်သလိုလေးဖြစ်
သွားတော့..သူကအသင့်ခေါင်းလေးကို..လှမ်းပုတ်ရင်း
ရယ်သည်။
"လုံးဝမပျောက်စေနဲ့နော်..."
သူထပ်ပြောတော့..အသင်..ခေါင်းလေးဖွဖွငြိမ့်
လိုက်မိသည်။ပြုံးယောင်သမ်းသည့်နူတ်ခမ်းအစုံနှင့်
အသင့်ကိုမော့ကြည့်နေတဲ့သူ့ရဲ့မျက်နှာချောချောကို
ကြည့်ပြီး..ရင်တွေခုန်နေရတာလဲ..ပေါက်ထွက်
မတတ်ပင်...
"ကိုယ့်ကိုပီကေမကျွေးချင်ဘူးလား.."
"ဟင်..."
နေ့စကားကြောင့်သူမထိတ်လန့်ဟန်လေးဖြစ်သွားကာ
"ပီ..ပီကေကထွေးထုတ်လိုက်ပြီ.."
အသင်ပြောလိုက်တော့သူကသဘောကျသလို
ရယ်သည်။
"ကိုယ်ကရော..မင်းပါးစပ်ထဲကပီကေကို..ကျွေးပါလို့
ပြောလို့လား.."
ပြောရင်း..သူက..စာအုပ်နားမှာချထားသည့်...
ပီကေဘူးကိုမျက်စပစ်ပြသည်။
"ဪ..အင်း..အင်း..."
အသင်..ထိုအခါမှ..အသက်ရဲရဲရူဝံ့ကာ..ပီကေဘူးကို
လှမ်းယူရင်း..နာနတ်သီးအရသာတစ်ခုထုတ်ယူကာ
သူ့ကိုပေးလိုက်သည်။
"Pineapple...မင်းကကိုယ့်အကြိုက်ကိုမှတ်ထားတာပဲ"
ပီကေကိုလှမ်းယူကာ..သူကခပ်ပြုံးပြုံးနှင့်စသည်။
"ခုနက..မင်းလဲဒီပီကေစားနေတာမဟုတ်လား..
မဟုတ်မှလွဲရော..ကိုယ့်ကိုမြူဆွယ်မလို့တော့..
မဟုတ်ပါဘူးနော်.."
"မဟုတ်ပါဘူး..အသင်ကဘာလို့အဲ့လိုလုပ်ရမှာလဲ
ကိုယ့်သေတွင်းကိုယ်တူးစရာလား..ရှင်မလာလောက်
သေးဘူးထင်ပြီး.."
"ခိုးစားနေတာပေါ့..ဥပမာပေးတဲ့စကားလုံးကလဲ
မိုက်တယ်နော်.."
သဘောကျသလိုပြောရင်း.သူက..ပီကေကိုဖြေဝါးကာ
အသင့်ဘေးနားမှာပြန်လာထိုင်သည်။အသင်သူ့ကိုလဲ
မကြည့်ရဲတော့ပဲ..ရေခဲမုန့်ကိုသာဆက်စားနေလိုက်သည်။
သူကတော့..ပီကေကိုတလူပ်လူပ်ဝါးကာ..ပုံပြင်
စာအုပ်ကို..ဟိုလှန်၊ဒီလှန်လုပ်နေသည်။
"ရှင်ဝယ်လာတဲ့..ရေခဲမုန့်က..အရမ်းစားကောင်း
တယ်.."
"ဟုတ်လား..ပြကြည့်ပါဦး..ကိုယ်လဲမြည်းကြည့်
ရအောင်..."
"ဟင်..မရှိတော့ဘူးလေ..ကုန်သွားပြီ..."
မရှိတော့တဲ့ဘူးလေးကိုပြကာ..သူမပြောတော့
နေသဘောကျစွာရယ်လိုက်မိသည်။
"မင်းက..တစ်ကယ်စားနိုင်တယ်.."
ပြောရင်း..နေ့ရဲ့မျက်လုံးတွေက..ရေခဲမုန့်စတွေ
ပေနေတဲ့သူမနူတ်ခမ်းနားလေးတစ်ဝိုက်ကို..ရောက်
သွားရပြန်ကာ..
"ကလေးလဲမဟုတ်ပဲ..အမြဲတမ်း..ပေအောင်စားတယ်
မင်းတော့လေ.."
စားပွဲပေါ်က..တစ်သျူးကိုလှမ်းယူရင်း..သူမမျက်နှာ
လေးကို..မေးဖျားကနေ ညှစ်ကိုင်ဆွဲမော့လိုက်တာက
ပေနေတာတွေကိုသုတ်ပေးရန်ဖြစ်ပေမဲ့..........
ကကြီးပုံထူပြည့်ပြည့်နူတ်ခမ်းလေးတွေကိုစိုက်ကြည့်
မိပြန်တော့..မြန်ဆန်လာရပြန်တဲ့..ရင်ခုန်သံတွေ...
"နေ..."
တစ်သျှူးကိုကိုင်ပြီး..အသင့်ကိုငေးစိုက်ကြည့်နေတဲ့
သူ့ကြောင့်..အသင်ရင်တွေတဒိတ်ဒိတ်ခုန်လာရကာ
သူ့ကိုအသိပေးသလိုလေးခေါ်လိုက်မိလျှင်သူ့မျက်နှာက
အသင့်မျက်နှာလေးနားကိုတဖြေးဖြေးတိုးကပ်လာရင်း
ရေခဲမုန့်တွေပေနေတဲ့..နူတ်ခမ်းနားလေးတစ်ဝိုက်ကို
Tongue(လျှာ)နှင့်မထိတထိတို့လျှက်လိုက်သည်။
"တစ်ကယ်ချိုတယ်..ရေခဲမုန့်က..."
နေ့..စကားကြောင့်..အရောင်တင်လိုက်သလို...
ရဲတက်သွားတဲ့..သူမရဲ့မျက်နှာလေး..အရင်လို..
ဟင့်အင်းလို့တွင်တွင်မငြင်းတဲ့...သူမရဲ့..မပွင့်တပွင့်နှင့်
စွဲမက်စရာနူတ်ခမ်းလေးကို..နေ..နူတ်ခမ်းချင်း
မထိတထိတိုးတိုက်လိုက်ရင်း..
"ပီကေစားမလား.."
ပြန်ဖြေတာလဲမဟုတ်ပဲ..မော့ကြည့်လာတဲ့..မျက်ဝန်း
လေးတွေက..အထိတ်တလန့်နှင့်ဝိုင်းစက်နေခဲ့သည်။
သူမရဲ့ထိုပုံစံလေးကပဲ..နေ့ကိုပိုပြီးအသည်းယား
အောင်လုပ်နေသလိုပင်....
"French Kissအကြောင်းမင်းကိုပြောပြမယ်.."
ပီကေကိုမူတ်ပြကာ..မထီတရီမျက်ဝန်းတွေနှင့်သူက
ပြောသည်။အသင်..သူ့ကိုကြည့်ကာ..ငြင်းဆန်ဖို့.
သတိလွတ်နေခဲ့စဉ်...
နေကတော့..ရေခဲမုန့်ကြောင့်အနည်ငယ်အေးစက်စက်
လေးဖြစ်နေသည့်..သူမရဲ့နူတ်ခမ်းလေးကို..စုပ်ယူ
သိမ်းပိုက်လိုက်ပြီဖြစ်သည်။
"..........."
နူးညံ့တဲ့..နူတ်ခမ်းလွှာလေးတွေကို..တစ်ချက်ချင်း
ဖြေးညှင်းစွာစုပ်နမ်းနေတော့..သူမမျက်တောင်လေး
စင်းကျသွားသည်။
ထုံးစံအတိုင်း..နူးညံ့မလိုနဲ့ကြမ်းတမ်းလာပြန်တဲ့
သူ့ရဲ့အနမ်းတွေက...သူကျွမ်းကျင်တဲ့..french
Kissအဖြစ်အသက်ဝင်လာပြန်တဲ့အခါ..အသင်..
သူ့အကျႌရင်ဘတ်ကိုအတင်းဆုပ်ဆွဲထားလိုက်မိသည်။
နေ..သူမကိုယ်လေးကိုသိမ်းကြုံးပွေ့ဖက်ထားရင်း
ယစ်မူးနေမိတဲ့အနမ်းတွေက..မရပ်တန့်နိုင်ခဲ့...
နှစ်ယောက်ကြားမှာကူးချည်သန်းချည်ဖြစ်နေတဲ့
ပီကေလေးကသနားစရာကောင်းနေသလိုပင်...
အနမ်းကျွမ်းကျင်သူကြီးကတော့..အသင့်ရဲ့...
ရင်ခုန်သံတွေ...သူ့အနမ်းေတွနဲ့အပိုင်သိမ်းထားခဲ့ရင်း....
💜💜💜💜💜
"မင်း...ဒါဘာလုပ်တာလဲ..သလင်း..မင်းကိုယ့်ကို
ဘာအချိုးချိုးတာလဲ..."
နိဒါန်း....ဒေါသတကြီးဖြစ်နေခဲ့ရသလောက်...
အလှမပျက်ပဲ...ကြွကြွလေးရှိနေသူက..သလင်း..
"မင်း..နေကုဋာကိုကပ်ချင်တာနဲ့..ကိုယ့်ကိုမင်း
ဘေးကနေခွာထုတ်ဖို့လုပ်နေတာကိုယ်မသိဘူးများ
မှတ်နေတာလား..."
နိဒါန်းစကားကို..နားထောင်ပြီးသလင်းကမော့မော့
လေးပြုံးသည်။
"ရှင့်ကြည့်ရတာအရမ်းဒေါသတွေကြီးနေတယ်..
နိဒါန်း..သလင်းကိုအဲ့လိုပြောဖို့..ရှင့်မှာအခွင့်အရေး
မရှိဘူး..သလင်းကရှင့်ချစ်သူမှမဟုတ်တာ..သလင်း
ဘယ်သူနဲ့တွဲတွဲ..ဘာပဲလုပ်လုပ်..ရှင့်မှာပြောပိုင်
ခွင့်မရှိဘူး."
အခွင့်အရေးမရှိဘူးတဲ့လား..ပြောလဲပြောရဲတဲ့..
မိန်းမ..
"တောက်..."
နိဒါန်း..တက်တစ်ချက်ခံပြင်းစွာခေါက်လိုက်သည်။
ပြီးတော့..သူမကိုစူးရဲစွာစိုက်ကြည့်မိရင်း..
"ကိုယ်ကမင်းနဲ့ဘာမှမသက်ဆိုင်ဘူးတဲ့လား..မင်း
ဒီနေရာထိရောက်လာတဲ့မင်းရဲ့အောင်မြင်မူ့တွေက
ဘယ်သူ့ကြောင့်လဲဆိုတာမေ့နေပြီလား..ဒေဝါလီ
ခံရတော့မဲ့..မင်းအဖေရဲ့..ကုမ္မဏီကို...ဒီအခြေအနေထိ
ရောက်လာအောင်ကယ်တင်ထားခဲ့တဲ့သူကဘယ်သူလဲ
ဆိုတာရော..မင်းမေ့နေပြီလား.."
နိဒါန်း စကားကြောင့်..သလင်းမျက်နှာဖျပ်ခနဲ
ပျက်သွားသည်။
"မင်းကို..ကိုယ်တစ်ကယ်စိတ်ဝင်စားခဲ့တာ..အဲ့ဒါကြောင့်လဲ
ဒီအချိန်ထိ..မင်းကိုယ့်ကိုကြိုးရှည်ရှည်နဲ့လှန်ထားမှန်း
သိလျက်နဲ့..အရူးလိုမျိူး..စောင့်နေခဲ့တာ..မင်း
ဘာလုပ်လုပ်..ကိုယ်သည်းခံခဲ့တယ်..ဒါပေမဲ့...
နေကုဋာနဲ့တတွဲတွဲလုပ်နေတာကို..ထိုင်ကြည့်
နေရလောက်တဲ့အထိကိုယ်မအ..သေးဘူး.."
"အဲ့တော့ရှင်က..ဘယ်လိုဖြစ်စေချင်တာလဲ.."
မျက်တောင်ဖျားများစင်းချလျက်..နူတ်ခမ်းတင်းတင်း
စေ့ကာမေးလိုက်ပုံက..ဘာမဆိုရင်ဆိုင်ဖို့..အဆင်သင့်
ရှိနေပုံ...
"ပြောရရင်..ရှင်ကသလင်းကိုစိတ်ဝင်စားတယ်သာ
ပြောနေတာ..ရှင့်ဘေးမှာတစ်ပါတ်ကိုတစ်ယောက်မက
ပြောင်းနေတဲ့..မိန်းမတွေကရေတွက်လို့တောင်
ရမှာမဟုတ်ဘူး..ရှင့်အတွက်..အပေါဆုံးကမိန်းမပဲ
မဟုတ်လား..သလင်းတို့ရဲ့ဆက်ဆံရေးကလဲ..
အပေးအယူသက်သက်ပဲလေ.."
"မင်း..ဘာပြောတယ်.."
"အဲ့ဒါကိုမှ..ရှင်က...ကျေးဇူးတရားဆိုတဲ့အရာနဲ့
သလင်းကိုချုပ်ကိုင်ချင်နေတာဆိုရင်တော့..စိတ်ကူး
ယဉ်မနေနဲ့နိဒါန်း..သလင်း..ဒီနေ့ကစပြီး...
ကိုယ်ဖြစ်ချင်တဲ့အတိုင်းလုပ်မှာ..ရှင်မကျေနပ်လဲ
သလင်းမတတ်နိုင်ဘူး.."
ပခုံးတွန့်ပြောရင်း..ထိုင်ရာကထကာ..နိဒါန်းနားကို
တစ်လှမ်းချင်းလျှောက်လာတဲ့သူမ...
"အဲ့တော့..သလင်းနားမှာအရင်လို..ရှင်မနေနိုင်ဘူး
ဆိုရင်..ချက်ချင်းပြန်လှည့်သွားနိုင်တယ်..သလင်းကို
ခွင့်ပြုပါဦး.."
ပြောရင်း..သလင်းက..ဆလင်းဘတ်အိတ်လေးကို
ကောက်ယူကာ..ကြွရွစွာလှမ်းထွက်သွားသည်။
နိဒါန်းဘာမှမပြောပဲခြေစုံရပ်ကျန်နေခဲ့ရင်း...
"ဪ..."
တံခါးနားရောက်မှ..တစ်ခုခုကို..သတိရသွားသလို
သလင်းကလှည့်ကြည့်သည်။
"နောက်ဆို..သလင်းတို့အခုလိုနှစ်ယောက်ထဲတွေ့ဖို့.
သိပ်မဖြစ်နိုင်တော့ဘူးထင်တယ်..သလင်းက..
The sun groupရဲ့မော်ဒယ်ဖြစ်သွားပြီဆိုတော့...
အလုပ်အရမ်းများသွားပြီလေ.."
ခပ်ထေ့ထေ့အပြုံးလေးနှင့်ပြောပြီး..သူမကအခန်းထဲမှ
လှမ်းထွက်သွားသည်။
"တောက်..ဟာကွာ.."
သူမရှေ့မှာ..ကိုယ့်သိက္ခာအတွက်ထိန်းချုပ်ထားတဲ့
ဒေါသတွေက..အခုမှပေါက်ကွဲခွင့်ရသလို..ဟိုတယ်ခန်း
ထဲကပစ္စည်းတွေထံပုံကျနေခဲ့သည်။
"နေကုဋာ...နေကုဋာ ဘာလို့အမြဲတမ်း..မင်းပဲ
ဖြစ်နေရတာလဲ....."
လုပ်ငန်းနဲ့ပါတ်သတ်ပြီးတော့..အမြဲတမ်း..နေကုဋာ ထက်
ခြေတစ်လှမ်းနောက်ကျခဲ့တဲ့နိဒါန်း..ဒီတစ်မှာလဲ
သလင်းနဲ့ပါတ်သတ်ပြီးခံလိုက်ရပြန်ပြီ..
"မင်းနဲ့ငါကတစ်ကယ့်ရေစက်ဆိုးပဲ..နေကုဋာ..
အမြဲတမ်း..ငါမင်းကြောင့်ဆုံးရူံးရတာတွေများနေပြီ
အဲ့ဒီ့အတွက်..မင်းပြန်ပေးဆပ်ရမယ်.."
တစ်ကိုယ်တည်းရေရွတ်ရင်း..လက်သီးကို..
ဆုပ်ထားမိတာက..တင်းကြပ်စွာ...
"မင်းတန်ဖိုးအထားရဆုံးအရာကို..ငါမင်းဆီကနေ
လုယူပြမယ်...မင်းစောင့်ကြည့်နေလိုက်....နေကုဋာ "
💜💜💜💜
"Morning..."
,မနက်စာစားဖို့..ထမင်းစားခန်းထဲဝင်ခဲ့တော့..
ကော်ဖီသောက်ရင်း..သတင်းစာဖတ်နေသည့်သူက
နူတ်ဆက်သည်။
"လာလေ..ကိုယ့်နားကို.."
သူလှမ်းခေါ်တော့..အသင်သူ့နားကို..သွားထိုင်
လိုက်သည်။
"ညကအိပ်ပျော်ရဲ့လား.."
အသင့်ကိုကြည့်ပြီး သူမေးတော့..အသင်ခေါင်းငြိမ့်
ြ့ပလိုက်သည်။ထိုအခုသူကပြုံးပြီး..မျက်ဝန်းတွေက
သတင်းစာဆီပြန်ရောက်သွားသည်။
"မမလေးအတွက်..ထမင်းကြော်ထားတယ်..ပြင်လိုက်
မယ်နော်.."
"အင်း.."
ထမင်းကြော်စောင့်နေရင်း..အသင်သူ့ကိုမသိမသာ
ခိုးကြည့်လိုက်မိသည်။ဒီနေ့မှသူ့မျက်နှာက..ပိုပြီး
ကြည်လင်တောက်ပကာကြည့်ကောင်းနေသလိုပင်..
အသင်..သူ့ကိုခိုးကြည့်နေမိရင်း..မျက်ဝန်းတွေက
သူ့နူတ်ခမ်းတွေဆီအရောက်မှာ..ရပ်တန့်သွားရသည်။
ပြုံးယောင်သမ်းနေသည့်..လေးကိုင်းသဏ္႑ာန်
နှစ်ခမ်းနှစ်လွှာကိုငေးကြည့်ပြီး..အာရုံထဲမှာ..
ပေါ်လာတဲ့..ပုံရိပ်တွေက မနေ့က💏
"အင်္သချေ...နင်ရူးနေပြီလား..."
ကိုယ့်ကိုကိုယ်စိတ်ထဲကနေ..သတိပေးလိုက်မိစဉ်...
ဖျပ်ခနဲ..အသင့်ဆီအကြည့်တွေရွေ့လာသည့်...သူ
"ကိုယ်ကဈေးကြီးတယ်နော်..ခွင့်မတောင်းပဲ...
ကြည့်နေရင်တော့..တစ်ခုခုပြန်ပေးရမယ်..."
"အသင်..ရှင့်ကိုကြည့်တာမဟုတ်ပါဘူး..ဟိုမှာ..
သတင်းစာက..ခေါင်းစဉ်ကိုကြည့်နေတာ..."
အသင်..ခေါင်းငုံ့ကာသတင်းစာကို..ဟိုကြည့်ဒီကြည့်
လုပ်မိတော့..သူကရယ်သည်။ထိုစဉ်..ထမင်းကြော်လဲ
ရောက်လာပြီမို့..အသင်ထမင်းကြော်စားလိုက်ရင်း
"အသင်...ဒီနေ့အပြင်ခဏလောက်သွားမလို့.."
"ဘယ်ကိုလဲ.."
"အဘွားနဲ့..သွားတွေ့မလို့ပါ...ပြီးတော့..ပစ္စည်းတွေ
အပ်ထားတဲ့အိမ်မှာ..ဓာတ်ပုံတွေလဲသွားယူရဦးမယ်"
"ကိုယ်လိုက်ပို့ပေးမယ်"
"ဟင့်အင်း..ရပါတယ်..ရှင်...ကုမ္မဏီသွားရမှာကို.."
"ရတယ်..အရေးမကြီးဘူး...ပြီးတော့..ကိုယ်မင်း
အဘွားနဲ့လဲတွေ့ချင်သေးတယ်..."
သူ့စကားကြောင့်...အသင်လန့်သွားရသည်။
"ရှင်က..အသင့်အဘွားကို..ဘာလို့တွေ့ချင်တာလဲ"
"ကိုယ့်ကောင်မလေးရဲ့အဘွားဆိုတော့..တွေ့ချင်မိ
ရုံပါ..."
"ဟင့်အင်း...မရဘူး..အဘွားရှေ့မှာ..အသင်က
ရှင့်ကို..."
"မင်းရဲ့မိတ်ဆွေလို့ပြောလိုက်ပေါ့..."
စကားမဆုံးခင်..သူပိတ်ပြောလိုက်တဲ့စကားကြောင့်
အသင်ဘာဆက်ပြောရမလဲပင်မသိတော့...
"မင်းလဲအရွယ်ရောက်တဲ့..မိန်းကလေးဖြစ်နေပြီပဲ
ယောကျာၤးလေးမိတ်ဆွေထားတာလောက်တော့
မင်းအဘွားနားလည်ပေးနိုင်မှာပါ..မဟုတ်ဘူးလား"
အသင်သူ့ကိုဘယ်လိုမှပြောလို့မနိုင်တော့ပေ..
မလိုက်ပါနဲ့လို့ပြောလို့မရမှာကိုလဲသိနေတာမို့..
အဖွားရှေ့ရောက်ရင်သာ..ဘယ်လိုပြောရမလဲလို့
ကြိုတွေးကာစိတ်ပူသွားမိရင်း...
💜💜💜
အပိုင်း(၂၈)မျှော်
Writer by
#Hazel See less