💜စေတန်ရဲ့သတို့သမီး💜
💜💜💜💜
"သူရော..ဆင်းမလာသေးဘူးလား.."
နေ..မနက်အောက်ဆင်းလာတော့..ထမင်းစားခန်း
ထဲမှာ..သူမကိုမတွေ့တာမို့..မေနွမ်းကိုမေးလိုက်မိသည်။
"မမလေးက..အခုထိဆင်းမလာသေးဘူး..boss
ကျွန်မသွားခေါ်လိုက်ပါ့မယ်..."
နေ..ထိုင်နေတဲ့အရှေ့မှာ..ကော်ဖီခွက်ကိုလာချပေးရင်း
မေနွမ်းပြောတော့..နေ...လက်ကာလိုက်မိကာ..
"ရတယ်..မေနွမ်း..သွားမနိုးနဲ့..သူညကဝိုင်တွေ
သောက်တာများသွားလို့မထနိုင်တာဖြစ်မယ်...
ကော်ဖီခါးခါးလေးတစ်ခွက်ဖျော်ထားလိုက်ပြီးရင်
သံပုရာသီးပါထည့်ထားလိုက်..ကျွန်တော်ယူသွား
လိုက်မယ်..."
"ဟုတ်ကဲ့..."
နေ..ကော်ဖီကိုခါတိုင်းလိုအေးအေးဆေးဆေး..
မသောက်နိုင်ပဲ..မေနွမ်းသူမအတွက်..ကော်ဖီ
ဖျော်ပေးပြီးတာနှင့်..ဗန်းထဲထည့်ယူကာ..အပေါ်ကို
ပြန်တက်လာခဲ့သည်။
သူမအခန်းရှေ့ကိုရောက်တော့..တံခါးခေါက်မနေတော့ပဲ
Logမချထားတဲ့..အခန်းတံခါးကိုဖွင့်ကာအထဲကို
ဝင်လာခဲ့သည်။
"သူ..အခုထိအိပ်နေသေးတာပဲ..."
မွေယာပေါ်မှာ..ဘေးစောင်းလေးအိပ်နေတဲ့သူမကို
မြင်မှ..နေစိတ်အေးသွားရသည်။သူမအနားကို
လျောက်သွားရင်း..ကော်ဖီဗန်းကိုစားပွဲပေါ်တင်ပြီး
သူမနားမှာ..အသာလေးဝင်ထိုင်လိုက်သည်။
"အိပ်နေတဲ့အခါ..တစ်ကယ့်ကလေးလိုပဲ..အဟင်း..."
နေ..သူမဆံနွယ်လေးတွေကိုသပ်တင်ပေးလိုက်ရင်း
သဘောကျစွာရေရွတ်လိုက်မိသည်။ဝိုင်အရှိန်ကြောင့်
ထင်သည်။သူမမျက်နှာလေးကဖောင်းအစ်နေပြီး
အသည်းယားစဖွယ်...နေ..သူမပါးလေးတစ်ဖက်ကို
နှာခေါင်းချွန်ချွန်နှင့်မထိတထိတို့နမ်းလိုက်သည်။
"ချာတိတ်...ထတော့လေ...နေမြင့်နေပြီ..."
နား..နားကပ်ကာလေသံတိုးတိုးနှင့်ပြောလိုက်တော့
သူမကိုယ်လေးလူးလွန့်လာသည်။
"ဟင်..."
မျက်လုံးတွေဖွင့်လာသည့်..သူမက..နေ့ကိုမြင်တာနှင့်
ထိတ်လန့်ဟန်လေးဖြစ်သွားတော့..နေရယ်လိုက်မိကာ
"ဘာဖြစ်သွားတာလဲ..ကိုယ့်ကိုတွေ့တာ..သရဲတွေ့တာ
ကျနေတာပဲ..."
"ရှင်..ဘယ်လိုအခန်းထဲရောက်နေတာလဲ..."
အသင်..သူ့ကိုမေးရင်းထထိုင်လိုက်တော့..ခေါင်းထဲမှာ
တော်တော်လေးကိုမကြည်မလင်ဖြစ်နေတာကို
သတိထားလိုက်မိသည်။
"မင်း..ဘယ်လိုနေလဲ....ခေါင်းကြည်ရဲ့လား..."
"ဟင့်အင်း..ခေါင်းတွေထိုးနေတာ..အရမ်းပဲ..."
"ကိုယ်ပြောသားပဲ....ဝိုင်နီကအရမ်းပြင်းပါတယ်လို့
ကဲ..ကော်ဖီလေးအရင်သောက်လိုက်..မင်း..ခေါင်း
ကြည်သွားလိမ့်မယ်..."
ပြောရင်း..သူကဗန်းထဲက..ကော်ဖီခွက်ကိုလှမ်း
ယူကာ..မူတ်ပေးဟန်ပြုပြီး..အသင့်ကိုလှမ်းပေးသည်။
အသင်..ဂရုတစိုက်ရှိလွန်းနေတဲ့သူ့ကြောင့်..ထူးဆန်း
သလိုကြည့်နေမိသည်။ညကလေးတင်..အသင့်အပေါ်
ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့တဲ့သူမဟုတ်သလိုပင်
"ဟင့်အင်း..အသင်မသောက်ချင်ဘူး..."
သူမက..နေ့ကိုစူးစမ်းသလိုလေးကြည့်နေရာက..
ခေါင်းယမ်းသည်။
"ဘာလဲ..မင်းကိုယ့်ကိုစိတ်ဆိုးနေသေးတာလား.."
"အသင်ရှင့်ကို..စိတ်မဆိုးပါဘူး...ဒီအတိုင်း....
ရှင့်ဘေးမှာ..ရှိနေရတဲ့..အသင့်ရဲ့နေရာကို..အသင်
ခေါင်းစဉ်ရှာမရလို့...ကိုယ့်ကိုကိုယ်မကျေမနပ်
ဖြစ်မိတာပါ..."
နေ..သူမပြောတာကိုနားထောင်ပြီး..ကော်ဖီခွက်ကို
စားပွဲပေါ်ပြန်တင်လိုက်သည်။
"ကိုယ့်ရဲ့မိန်းကလေးလို့..ကိုယ်ကိုယ်တိုင်သတ်မှတ်
ပေးထားခဲ့တဲ့..မင်းရဲ့နေရာက..မင်းအတွက်..
လုံလောက်တဲ့ခေါင်းစဉ်တစ်ခုမဟုတ်ဘူးပေါ့..."
နေ့စကားကြောင့်..ဖျပ်ခနဲခေါင်းမော့ကြည့်လာတဲ့
သူမ...
"မင်းကကိုယ့်အတွက်..ဘယ်မိန်းကလေးနဲ့မှ..
နိူင်းယှဉ်လို့မရတဲ့..ကိုယ့်ရဲ့ခံစားချက်က..မင်း
အတွက်မလုံလောက်သေးတာလား..."
နေ..ပြောတာကိုနားထောင်ပြီး..သူမကမျက်လုံးလေး
လွှဲသွားကာ...
"ရှင်က..အဓိကအကြောင်းအရာကိုဖယ်ကြဉ်ထား
ခဲ့တာပဲ..နေ..အသင်..ရှင့်ကိုညတုန်းကမေးခဲ့တဲ့
မေးခွန်းအတွက်..ရှင့်မှာအဖြေမရှိဘူးမဟုတ်လား..
ဒါမှမဟုတ်..နားဝင်မချိုနိုင်တဲ့အဖြေမို့်..ရှင်တမင်
မဖြေချင်တာလား..."
သူက..အသင့်ကိုဘာမှပြန်မပြောပဲစိုက်ကြည့်နေသည်။
"ရင်ခုန်တယ်ဆိုတိုင်း..အချစ်မဟုတ်ပါဘူး..နေ..အသင်
နားလည်ပါတယ်..အသင်က..ရှင့်တွေ့ဖူးခဲ့တဲ့..
မိန်းကလေးတွေနဲ့မတူလို့..ရှင့်အတွက်အသစ်အဆန်း
ဖြစ်နေခဲ့တာ..ခဏတာအထိအတွေ့မှာသာယာမိလို့
ဖြစ်ပေါ်လာတဲ့..အနမ်းတွေကလဲ..အွန့်..."
စကားမဆုံးခင်..ခြေမြန်လက်မြန်နှင့်မျက်နှာလေးကို
မော့ယူပြီး..နူတ်ခမ်းနွေးနွေးလေးကို....သူကနူတ်ပိတ်
သလို..သူ့နူတ်ခမ်းတွေနှင့်အတင်းဖိကပ်ပစ်လိုက်သည်။
"........"
စက္ကန့်ပိုင်းလေးမျှသာ..ထိကပ်လိုက်တဲ့သူက..
နူတ်ခမ်းတွေကိုပြန်ခွာလိုက်ပေမဲ့..ကကြီးပုံ...
နူတ်ခမ်းပြည့်ပြည့်လေးမှာ..လက်ချောင်းသွယ်သွယ်
တွေက..မထိတထိတို့ကစားနေရင်း...
"ကိုယ့်မှာအဖြေမရှိတာလဲ..မဟုတ်ဘူး..တမင်မဖြေ
ချင်တာလဲမဟုတ်ပါဘူး..အသင်...ကိုယ်..နားမလည်ဘူး
အချစ်ဆိုတဲ့အရာက..ဘာလဲ...အချစ်ဆိုတဲ့စကားလုံးက
ကိုယ့်ဘဝအတွက်စိမ်းသက်လွန်းနေတယ်.."
ပြောရင်း..သူက..သက်ပြင်းတစ်ချက်ရိူက်လိုက်ကာ
"၁၆နှစ်တာ..မှတ်ညဏ်တွေပျောက်ဆုံးနေတဲ့
ကိုယ်ရဲ့ဦးနှောက်ထဲမှာရော..မွေးခဲ့တဲ့
အမေရဲ့မျက်နှာကိုတောင်..စိတ်ကူးတဲ့ပုံဖော်မကြည့်
နိုင်ခဲ့တဲ့..ကိုယ့်ရဲ့နှလုံးသားထဲမှာပါ..အချစ်ဆိုတဲ့
အရာက....တစ်ကယ့်အစိမ်းသက်သက်ပါ.."
သူ့စကားကြောင့်..အသင်..အရမ်းအံ့ဩသွားခဲ့
ရသည်၊
"ဒါဆို..ရှင်က..."
အသင်..စကားကိုဆုံးအောင်ဆက်မပြောနိုင်ခဲ့တော့
သူကခေါင်းငြိမ့်သည်။
"ဟုတ်တယ်..ကိုယ်ကမှတ်ညဏ်တွေပျောက်ဆုံး
နေတဲ့လူတစ်ယောက်ပါ.."
"အို.."
အာမေဋိတ်သံရဲ့နောက်ကွယ်မှာ..လိူက်ခနဲဝမ်းနည်း
ခံစားသွားရတာကသူ့အတွက်...
"လွန်ခဲ့တဲ့..၁၂နှစ်က..အက်စီးဒင့်တစ်ခုကြောင့်
ကိုယ်မှတ်ညဏ်တွေပျောက်ဆုံးသွားခဲ့တာ..ကိုယ်ချစ်တဲ့
ကိုယ့်မိသားစုဝင်တွေကိုတောင်..မမှတ်မိနိုင်ခဲ့တဲ့
အထိ..ကိုယ့်အတွက်..အမှတ်တရတွေအများကြီး
ရှိခဲ့နိုင်တဲ့..ကိုယ့်ငယ်ဘဝရဲ့မှတ်ညဏ်တွေအားလုံး
ကိုယ်ဆုံးရူံးလိုက်ရတယ်..အခွံလွတ်ကြီးလိုဖြစ်နေတဲ့
ကိုယ့်ခေါင်းထဲကို..ပါပါရိုက်သွင်းခဲ့တဲ့စကားတွေက
စွဲမြဲနေခဲ့တယ်လေ..."
အသင်..သူ့ကိုဘာမှမပြောနိုင်ပဲငေးကြည့်နေမိသည်။
"ထက်မြတ်တဲ့ယောကျာၤးတစ်ယောက်အတွက်..
ချစ်ခြင်းမေတ္တာဆိုတာက..ဆုံးရူံးမူ့တွေကိုသာ..
ယူဆောင်လာပေးတာ..ကိုယ့်ဘဝမှာဘယ်သူ့ကိုမှ
မချစ်မိစေနဲ့တဲ့.."
"......"
"ကိုယ်..ပါပါဖြစ်စေချင်သလို ဘဝမျိုးနဲ့ပဲနေခဲ့ရတာ
ကိုယ်ဖြစ်ချင်တာဘာလဲဆိုတာလဲ..ကိုယ်တစ်ခါမှ
မတွေးခဲ့ဖူးဘူး..အဲ့ဒီ့အတွက်လဲကိုယ်နောင်တမရ
ပါဘူး..ဒါပေမဲ့...အသင်.."
သူကနာမည်ကိုခေါ်ရင်း..ပါးပြင်လေးတစ်ဖက်ကို
ဖွဖွပွတ်သပ်နေကာ..
"မင်းရဲ့မေးခွန်းကိုကိုယ်မဖြေနိုင်ရင်တောင်..မင်း
ကျေနပ်တဲ့လောက်တဲ့သေချာခြင်းတွေနဲ့..ကိုယ့်ဘက်က
သက်သေပြနိုင်ပါတယ်...မင်းက..ကိုယ့်အတွက်..
ကိုယ့်ရင်ထဲမှာ..နေရာယူထားတဲ့..ပထမဆုံးမိန်းကလေး
ဆိုတာကိုပေါ့...."
အသင်..ခေါင်းမငြိမ့်ခေါင်းမခါမိပဲ..သူ့ကိုငေးကြည့်
နေမိဆဲ..သူကမှတ်ညဏ်တွေပျောက်ဆုံးနေတဲ့
လူတစ်ယောက်တဲ့လား...ဒါ့ကြောင့်သူကအခုလို
ဝေဒနာတွေခံစားနေခဲ့ရတာလား...
"ရှင်က..သိပ်သနားဖို့ကောင်းတာပဲနေ..."
ရှင်သိရဲ့လား...အသင့်ရဲ့မေးခွန်းကိုရှင်မဖြေခဲ့
ရင်တောင်..အသင်..ရှင်သတ်မှတ်ပေးခဲ့တဲ့အဲ့ဒီ
နေရာမှာ..အသင်ကျေနပ်နေမိမှာပါ...
အသင်က..ရှင့်ရင်ထဲမှာ..နေရာယူခဲ့တဲ့ပထမဆုံး
မိန်းကလေးဆိုတဲ့...ခေါင်းစဉ်တစ်ခုနဲ့တင်...အသင်
ရှင့်နားမှာ..ဆက်ရှိနေဖို့အတွက်လုံလောက်နေပါပြီလေ..
အသင်..ရင်ထဲကစကားများစွာကို..သူ့မျက်နှာကို
မော့ငေးကြည့်ကာ..အသံတိတ်ဆိုနေမိရင်း...
💜💜💜💜
"ဒါ..ကိုယ်တို့..ကုမ္မဏီနဲ့..သလင်းရဲ့တစ်နှစ်စာ..
စာချုပ်ပါ..သေချာဖတ်ကြည့်ပြီး...သလင်း..အဆင်
မပြေတဲ့အချက်ရှိရင်..ဆွေးနွေးနိုင်ပါတယ်..."
နေ...စားပွဲပေါ်မှာရှိနေတဲ့ စာချုပ်ကို..သူမရှေ့
တိုးပေးကာ..ပြောလိုက်သည်။
သလင်း..စာချုပ်ဖိုင်ကို..သေချာဖတ်ကြည့်နေရင်း
"အဆင်မပြေတဲ့..အချက်ကတော့..မရှိပါဘူး..ကိုနေရဲ့
ကိုနေနဲ့..လက်တွဲလုပ်ရမှာပဲ..သလင်းကပိုပြီးတောင်
ဂုဏ်ယူရဦးမှာ..."
မိတ်ကပ်အစွမ်းနှင့်..ရူ့မငြီးအောင်လှနေသည့်
မျက်နှာလေးနှင့်..သလင်း..သူ့ကိုကြည့်ကာနွဲ့နွဲ့
လေးပြောလိုက်သည်။
"ဒါဆို..ကိုယ်တို့..လက်မှတ်ထိုးကြတာပေါ့..."
စာချုပ်မှာ..ကိုယ်စီလက်မှတ်ထိုးပြီးတော့..ဇနှင့်
သူမမန်နေဂျာက..ဟိုတယ်ရဲ့သီးသန့်ခန်းလေးထဲ
ကနေထွက်သွားသည်။
"The Sun Groupရဲကြော်ငြာမော်ဒယ်ဖြစ်ရတာ
သလင်းတစ်ကယ်ပဲ...ဝမ်းသာပါတယ်..သလင်းလဲ
ကိုနေ့ဆီကလုပ်ငန်းနဲ့ပါတ်သတ်တာလေးတွေလဲ
အများကြီးသင်ယူရဦးမှာ.."
သူမစကားကြောင့်..နေပြုံးလိုက်မိကာ...
"သလင်း..ဆန္ဒရှိရင်..ကိုယ်ကူညီပေးလို့ရပါတယ်.."
နေ..ပြောလိုက်တော့..သလင်းမျက်နှာလေးဝင်းလက်
သွားကာ..
"ကိုနေ..တစ်ကယ်ပြောတာနော်..နောက်မှ..သလင်းက
အလုပ်ရူပ်တယ်လို့မမြင်ရဘူးနော်..."
"အဟင်း..မမြင်ပါဘူး...သလင်းရယ်...ကိုယ်က
အဆင်ပြေပါတယ်...ပြီးတော့သလင်းလို..internationalနဲ့
ရင်ဘောင်တန်းနိုင်တဲ့..powerရှိတဲ့မော်ဒယ်တစ်ယောက်ကို
The Sun Groupအတွက်ရွေးချယ်ခဲ့ရလို့..ကိုယ်ကလဲ
ဝမ်းသာပါတယ်..."
သလင်း...ပြုံးယောင်သမ်းနေသည့် နူတ်ခမ်းအစုံနှင့်
ခန့်ညားချောမောလွန်းနေသည့်..သူ့ကိုညို့ဓာတ်
ပါပါလေးကြည့်လိုက်မိကာ...
"သလင်းကပိုပြီးကံကောင်းခဲ့တာဖြစ်မယ်..ကိုနေနဲ့
ဆုံခဲ့ရတဲ့အတွက်လေ..."
သူမရဲ့ညို့ဓာတ်ပါတဲ့မျက်ဝန်းတွေနှင့်..မပွင့်တပွင့်
နှင့်..ဆွဲဆောင်မူ့ရှိတဲ့နူတ်ခမ်းပါးတစ်စုံကထွက်ကျ
လာတဲ့စကားလုံးတွေမှာ..အဓိပ္ပါယ်တစ်မျိူးပါဝင်
နေမှန်း..နေခံစားမိသည်။နေ..စက္ကန့်ပိုင်းမျှ...သူမ
မျက်နှာဆီရွေ့သွားတဲ့အကြည့်တွေက..ချက်ချင်း
ပြန်လွှဲလိုက်ရင်း...
"ကဲ..ဒါဆို..နေ့လည်စာအတွက်..မှာလိုက်ရအောင်
ကိုယ်တို့ရဲ့ပူးပေါင်းမူ့အတွက်..အကြိုဂုဏ်ပြု
ပွဲအတွက်.."
"ဟုတ်ကဲ့.."
💜💜💜💜💜💜
"Ok..ကျွန်တော်ရောက်ပြီ...နောက်၅မိနစ်ဆိုတွေ့မယ်"
နိဒါန်း..ဖုန်းပြောလက်စနှင့်ဟိုတယ်ထဲလှမ်းဝင်လာရင်း
တစ်နေရာအရောက်..ခြေလှမ်းတွေက တုံ့ခနဲဖြစ်
သွားရသည်။
"သူဌေး..ဘာဖြစ်လို့ပါလဲ.."
နိဒါန်းအနောက်ကပါလာတဲ့..မင်းခရဲ့အမေး...
"ကောင်းပြီ..ခဏနေတွေ့မယ်"
ဖုန်းချလိုက်ပြီး...နိဒါန်းရဲ့မျက်ဝန်းတွေက..ဓာတ်လှေကား
ထဲက..လျှောက်လှမ်းထွက်သွားတဲ့လူနှစ်ယောက်ဆီ
ကပ်ပါသွားသည်။
"နေကုဋာနဲ့သလင်းပဲ..."
နှစ်ယောက်အတူယှဉ်တွဲကာ..ရယ်ရယ်မောမောနှင့်
လှမ်းထွက်သွားတဲ့ သူတို့ကိုကြည့်ပြီး..နိဒါန်း..
မျက်မှောင်ကြုတ်သွားရသည်။
သလင်းက..The Sun Groupရဲ့ကြော်ငြာမော်ဒယ်
အဖြစ်..လက်ခံလိုက်ပြီလို့..နိဒါန်းသတင်းကြား
ထားတာမှ..သိပ်မကြာလိုက်..အခု..နေကုဋာ နဲ့
အရမ်းရင်းနှီးနေတဲ့ပုံမျိုးနဲ့မြင်လိုက်ရသည်။
"မင်းခ..."
"ဗျာ..သူဌေး..."
"သလင်းကို..ငါဒီတစ်ပါတ်အတွင်းချိန်းခဲ့တာ...
ဘယ်နှစ်ကြိမ်ရှိပြီလဲ..."
"၃ကြိမ်ပါ..ဒါပေမဲ့ ၃ကြိမ်လုံးလုံး...မမလေး..
သလင်းနှင်းဆီက...အချိန်ဇယားတွေပြည့်နေတယ်
ဆိုပြီးငြင်းခဲ့ပါတယ်.."
နိဒါန်း..အံကြိတ်လိုက်မိတာ..တင်းခနဲ...သလင်း
သူ့အပေါ်ဆက်ဆံတာအရင်လိုမဟုတ်တော့မှန်း
နိဒါန်းသိသည်။
"မင်းက..နေကုဋာကြောင့်..ငါ့ကိုဖယ်ထုတ်ပစ်ချင်
နေတာလား..သလင်း..."
ခံပြင်းစွာဆိုလိုက်မိရင်း..နိဒါန်းချာခနဲလှည့်ထွက်
လာခဲ့တော့သည်။
💜💜💜💜
"မင်းက..ကိုယ့်အတွက်..ကို်ယ့်ရင်ထဲမှာ..နေရာယူ
ထားတဲ့..ပထမဆုံးမိန်းကလေးပါ.."
အသင်...ခြံထဲက..ရေကူးကန်ရဲ့ဘောင်ပေါ်မှာ
ထိုင်နေရင်း..သူပြောတဲ့စကားတွေကိုပြန်ကြား
ယောင်နေမိသည်။
"ဘယ်သူကသိနိုင်မှာလဲ..သူကမှတ်ညဏ်တွေ
ပျောက်ဆုံးနေတဲ့ သနားစရာလူတစ်ယောက်ဆိုတာ"
တစ်ယောက်ထဲရေရွတ်လိုက်မိရင်း..ပြာလဲနေတဲ့
ရေပြင်ကို..အဓိပ္ပါယ်မဲ့ပုတ်ခတ်လိုက်မိသည်။
ငြိမ်သက်နေတဲ့ရေပြင်ကျယ်ကလိူင်းထသွားတာကို
ကြည့်နေမိပြန်ရင်း...
"တည်ငြိမ်နေတဲ့..ငါ့ဘဝကလဲ..သူနဲ့တွေ့မှ...
အခုလိုမျိုးလိူင်းထလာခဲ့တာ..."
"မမလေး.."
တစ်ယောက်ထဲအတွေးလွန်နေစဉ်..သစ်သီးစိတ်
လေးတွေထည့်ထားတဲ့..ဗန်းကိုကိုင်ပြီး..မေနွမ်း
ရောက်လာသည်။
"အသီးလေးစားလိုက်ပါဦး..."
မေနွမ်းက..သစ်သီးပန်းကန်လေးကို..ရေကူးကန်
ဘေးက..ဒရင်းဘတ်နားမှာရှိနေသည့်စားပွဲလေး
ပေါ်ကိုတင်လိုက်သည်။
"ကျေးဇူးပဲနော်...မေနွမ်း..."
အသင်..ထိုင်နေရာကနေထလာပြီး..မေနွမ်းနားကို
လျှောက်သွားလိုက်မိသည်။
"မမလေး...ပျင်းနေပြီလား..."
"အင်း...ဒီလိုပါပဲ...သူကခြံထဲဆင်းခွင့်ပေးခဲ့လို့
တော်သေးတယ်...မဟုတ်ရင်..အသင်အခန်းထဲမှာ
တစ်ကယ်ပျင်းလို့သေတော့မယ်..."
အသင်ပြောရင်းပန်းသီးစိတ်လေးကိုယူစားလိုက်
သည်။
"ဒါနဲ့..မေနွမ်း..ဒီမှာအလုပ်လုပ်တာကြာပြီလားဟင်"
"ဟုတ်ကဲ့..၁၀နှစ်လောက်တော့ရှိပါပြီ...ကျွန်မအရင်
ဒီမှာအိမ်တော်ထိန်းတစ်ယောက်ရှိခဲ့တယ်..သူအလုပ်
ထွက်သွားတော့..အန်ကယ်ဂျိမ်းက..ကျွန်မကို..
အဖြူရောင်..စံအိမ်ကိုခေါ်လာခဲ့တာ..."
"အန်ကယ်ဂျိမ်းက...ဒီအိမ်မှာ..တော်တော်ဩဇာ
ရှိတာပဲနော်..."
"ရှိတာပေါ့ မမလေးရဲ့..အန်ကယ်ဂျိမ်းကဆုံးသွားတဲ့
သူဌေးကြီးရဲ့..လူယုံတော်လေ..bossကိုလဲ...
ငယ်ငယ်လေးထဲကသူပဲစောင့်ရှောက်လာတာ.."
"ရှင်တို့..bossမှာက..သူ့အဖေအပြင်တခြားမိသားစု
ဝင်တွေမရှိဘူးလား..."
မေနွမ်းက..အသင့်အမေးကိုတစ်ခုခုဖြေရန်ပြင်
လိုက်စဉ်...
"မေနွမ်း..."
ခပ်မာမာခေါ်လိုက်သံနှင့်အတူ..အသင်တို့ရှိနေသည့်
နားကိုရောက်လာပြန်တဲ့..အန်ကယ်ဂျိမ်း..
"သခင်လေးရဲ့..နားနေခန်းကို..သန့်ရှင်းရေး..
လုပ်လိုက်ဦး..ဒီမှာအချိန်ဖြုန်းမနေနဲ့..သွား.."
"ဟုတ်ကဲ့..အန်ကယ်ဂိ်ျမ်း..."
မေနွမ်း..ခပ်ကုပ်ကုပ်နှင့်ထွက်သွားသည်။အန်ကယ်ဂျိမ်းက
အသင့်ကိုမျက်ဝန်းစူးစူးတွေနှင့်လှမ်းကြည့်တာကို
အသင်မသိချင်ယောင်ဆောင်ပြီး..ပန်းသီးကို..
ဆက်စားနေလိုက်သည်။
"တစ်ချို့လူတွေက..စည်းဆိုတဲ့အဓိပ္ပါယ်ကို..
သေချာနားမလည်ကြဘူးပဲ.."
ထိုစကားကိုအနှောင့်အသွားမလွတ်သလိုပြောရင်း
ထိုလူကြီးပြန်ထွက်သွားတော့..အသင်ဟွန့်ခနဲ
မဲ့လိုက်မိသည်။
"သူတို့သခင်လေးအကြောင်းကို..ငါသိသွားမှာ...
တော်တော်ကြောက်နေပုံပဲ..တစ်ခုခုမေးမယ်မကြံ
လိုက်နဲ့..ရောက်လာပြီ...ဘယ်လိုလူကြီးမှန်းကို
မသိဘူး.."
အသင်..အသီးတွေကိုပါးစပ်ထဲတစ်ခုပြီးတစ်ခု
ထိုးထည့်နေရင်း...
:"ကြည့်နေပါ..ကျွန်မနာမည်အင်္သချေ..သိချင်တဲ့
အရာမှန်သမျှမသိရဘူးဆိတာမရှိစေရဘူး.."
အသင်စိတ်ထဲကနေကြုံးဝါးလိုက်မိရင်း...
💜💜💜💜💜
"ဒေါက်..ဒေါက်...ဒေါက်..."
မွေ့ယာပေါ့်မှာ..မှောက်လျက်လေး..ပုံပြင်စာအုပ်
ဖတ်နေတဲ့..အသင်...တံခါးခေါက်သံကြောင့်..
ကုတင်ပေါ်ကအမြန်ဆင်းကာ..တံခါးကိုသွားဖွင့်
ပေးလိုက်သည်။
"ဟင်.."
အခန်းရှေ့မှာ..ရပ်နေတာက..သူ...
"ရှင်..ရုံးဆင်းပြီလား..အစောကြီးပဲနော်.."
အသင်..မေးလဲမေး..မျက်လုံးတွေကသူကိုင်ထားတဲ့
အိတ်ဆီရောက်သွားရသည်။
"အဲ့ဒါ..ဘာလဲဟင်.."
အသင်မေးလိုက်တော့..သူကလက်ထဲကအိတ်ကို
မြှောက်ပြကာ...
"ရေခဲမုန့်..."
မုန့်ဆို၍သူမမျက်နှာလေးဝင်းပသွားသည်။
"အသင့်အတွက် လား..ပေးလေ..."
အသင်..သူ့လက်ထဲကအိတ်ကိုလှမ်းယူရန်ပြင်တော့
သူကလက်ကိုအပေါ်မြှောက်လိုက်ရင်း..
"မင်းပုံစံက..ဘာဖြစ်နေတာလဲ..ရေမချိုးရသေး
ဘူးလား..."
သူမေးလိုက်မှ..အသင်..ကိုယ့်ကိုကိုယ်ပြန်ကြည့်
လိုက်မိသည်။မနက်ကထဲက...ဖြစ်သလိုထုံးထားတဲ့
ဆံပင်တွေက..ဖရိုဖရဲနှင့်ဟိုကျဒီကျ....
ပေါင်လယ်ထိရှည်ကျနေတဲ့..တီရှပ်အကျႌပွပွ့ကြီးနှင့်
ဂျင်းဘောင်းဘီတိုလေးကိုဝတ်ထားတဲ့အသင့်
ပုံစံက..ဗရုတ်သုတ်ခဖြစ်နေမှာ..အမှန်ပင်...
အသင်..မသိမသာလေး..အနောက်ဆုတ်သွားလျှင်
အသင့်ကိုခြေဆုံးကြည့်နေတဲ့သူက..မျက်မှောင်
ကြုံ့သွားရင်း...
"ကိုယ်အနံ့တစ်ခုရနေတယ်..."
"ဘာ..ဘာအနံ့လဲဟင်..."
အသင်..အထစ်ထစ်အငေါ့ငေါ့ နှင့်မေးလိုက်လျှင်
သူ့မျက်နှာကမချိုမချဉ်ဖြစ်လာခဲ့ရင်း
"Pineapple(နာနတ်သီး)နံ့...မင်းပီကေတွေ...
စားနေတာမဟုတ်လား..."
"ရှင်..."
သူ့စကားကြောင့်..အသင်..ပါးစောင်မှာကပ်ကာ
ဖွက်ထားမိတဲ့..ပီကေရှိနေတဲ့..ပါးစပ်ကိုလက်နှစ်ဖက်
နှင့်..အမြန်အုပ်လိုက်မိရင်း....
💜💜💜💜
အပိုင်း(၂၇)မျှော်...
အမှတ်မရှိသော..ခလိန်းနှင့်
ပီကေဝယ်မစားနိုင်ရှာသော..ကိုကို😂😂
နောက်တစ်ပိုဒ်မှာဘာတွေဆက်ဖြစ်လာမှာလဲ😜
Writer by
#Hazel See less