💜စေတန်ရဲ့သတို့သမီး💜
💜💜💜💜💜💜
"ဘာလို့သုံးလို့မရရမှာလဲ...ဒါ..black cardလေ..
ရှင်တို့မသိဘူးလား...မြန်မာနိုင်ငံမှာ..ဒါမျိုးကိုင်နိုင်တဲ့
လူကလက်ချိုးရေလို့ရတယ်..."
"ဟုတ်ပါတယ်...ဒါပေမဲ့..အစ်မကဒ်က......
The Sun Groupမှာ..အပိတ်ခံထားရပါတယ်.."
"ဘာ..."
နောက်တစ်ကြိမ်ထပ်ပြီး...အံ့ဩသွားခဲ့ရခြင်း..
"မဖြစ်နိုင်တာ..."
"ဟုတ်ပါတယ်...အစ်မရဲ့ကဒ်က...ဒီShow
Roomမှာတင်
မကဘူး...The Sun Groupနဲ့သက်ဆိုင်တဲ့...
နေရာတိုင်းမှာ..အပိတ်ခံထားရတာပါ..."
ထိုဝန်ထမ်းမလေးစကားကြောင့်..ရွှေရုပ်မျက်နှာ
ရဲတက်သွားရသည်။ဘေးနားမှာရှိတဲ့လူတွေကလဲ
သူမကို..ကွက်ကြည့်၊ကွက်ကြည့်လုပ်ကုန်ကြပြီ..
"ရှင်တို့ရဲ့..တာဝန်ခံဘယ်မှာလဲ..ကျွန်မသူနဲ့...
စကားပြောမယ်..ကျွန်မဘယ်သူလဲဆိုတာသိလား..
ကျွန်မက...ဒီshow roomရဲ့VIPပဲ...ရှင်တို့ရဲ့
တာဝန်ခံကိုအခုခေါ်ပေး..."
"စိတ်မရှိပါနဲ့ရှင်.."
ထိုဝန်ထမ်းရဲ့တောင်းပန်စကားအဆုံးတွင်.....
အနောက်တိုင်းဝတ်စုံပြည့်နှင့်..လုံခြုံရေးဝန်ထမ်း
နှစ်ယောက်ရောက်လာကာ..ရွှေရုပ်ကို..တစ်ဖက်
တစ်ချက်စီကနေ..ချုပ်ခေါ်သွားကြသည်။
"လွှတ်စမ်း...ငါ့ကိုဒီလိုအရှက်ခွဲလို့မရဘူး...လွှတ်.."
ရွှေရုပ်...အော့ဟစ်ရုန်းကန်နေပေမဲ့..ထိုလူနှစ်ယောက်ရဲ့
လက်ထဲမှာ..အသာလေးပါသွားရစဉ်
"သူ့ကြည့်ကတာ..ပိုက်ဆံရှိသားသမီးထဲကပါပဲ..
The Sun Groupကတစ်ယောက်ယောက်ကို..
အပြစ်ပြုမိလို့...အခုလိုဖြစ်ရတာနေမယ်..."
နားထဲမှာ..သေချာကြားလိုက်ရတဲ့..အမျိုးသမီး.
နှစ်ယောက်ရဲ့စကား...The Sun Groupက...
တစ်ယောက်ယောက်ကိုအပြစ်ပြုမိလို့..လူကြားထဲမှာ
အခုလိုအရှက်ကွဲပြီး..ဆွဲထုတ်ခံခဲ့ရတာတဲ့လား..
💜💜💜💜
"ဘုန်း...အ..."
ချုပ်ကိုင်လာတဲ့လူနှစ်ယောက်က..ကားပါကင်မှာ
ရွှေရုပ်ကိုပစ်စလတ်ခတ်ပစ်ချလိုက်သည်။
"ရှင်...ရှင်တို့..."
ထိုလူတွေက..သူတို့အလုပ်ပြီးတာနှင့်...ရွှေရုပ်ကို
တစ်ချက်တောင်လှည့်မကြည့်ပဲထွက်သွားကြသည်။
"တောက်..."
ရွှေရုပ်...ဒေါသတကြီးတက်ခေါက်လိုက်ပြီး...ကြုံးထ
လိုက်သည်။
"ဟင်..."
ရပ်ထားတဲ့ကားဆီမျက်လုံးဝေ့ကြည့်လိုက်မိတဲ့.
ရွှေရုပ်...မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်..ပါးစပ်.
အဟောင်းသား...
"ငါ့ကား...ငါ့ကား..."
အသည်းအသန်အော်ဟစ်ပြီး..ကားနားကိုပြေး
သွားလိုက်မိသည်။ကားမှန်တစ်ခုလုံး..ရစရာမရှိ
အောင်...မွကြေနေလျက်...ကြောင်ကြောင်ကြားကြား
မူတ်ဆေးတွေက...ကားbodyတစ်ခုလုံးကြည့်ချင်
စရာမရှိ...ဒါ...ဒါတွေအားလုံးက.....
"အား...ဟား...."
ရွှေရုပ်...အရူးလိုအသံကုန်အော်ဟစ်လိုက်မိရင်း..
"အင်္သချေ...ဒါတွေအားလုံးကနင့်ကြောင့်ပဲ.. ..
နင့်ကြောင့်ငါအခုလိုအရှက်ကွဲရတာ..."
💜💜💜💜💜
"ငါသက်သာပါတယ်ကြည်နူးရဲ့..ဘာမှစိတ်မပူနဲ့
အမှန်တိုင်းပြောရရင်ငါကအလုပ်တောင်ပြန်ဆင်း
ချင်နေတာ..ဒါပေမဲ့...အဲ့ဒီလူကလေ...ဟင်း...
မပြောချင်တော့ပါဘူးဟာ..."
အသင်...ဖုန်းပြောနေရင်း...စိတ်ပျက်သလိုလေး..
ုငြီးငြူလိုက်လျှင်ကြည်နူးကရယ်သည်။
"ငါလဲ..မနေ့ကရုံးလာလာချင်း..နင့်သတင်းကိုကြားပြီး
အရမ်းလန့်သွားတာ..ဒါပေမဲ့..ဘယ်ဆေးရုံမှာမှန်းလဲ
မသိ၊ဘယ်လိုက်လာရမှန်းလဲမသိ...ပြီးတော့...
ဖုန်းကလဲဆက်လို့မရဆိုတော့..ဘာလုပ်လို့လုပ်ရမလဲ
ကိုမသိပဲ..ပြာသွားတာ..."
ကြည်နူးက..အသင့်ကိုတစ်ကယ်စိတ်ပူနေတယ်ဆိုတာ
အသင်သိပါသည်။
"ဒါဆို..နင်က..၁ပါတ်နေမှ..အလုပ်ပြန်ဆင်းမှာပေါ့"
"အင်း..ဟုတ်တယ်..အယ်ဒီတာ့ဆီမှာခွင့်တစ်ပါတ်
ယူထားတယ်..."
"အဖွားဆီရော..နင်ဖုန်းဆက်ပြီးပြီလား.."
"ဆက်ထားတယ်...ဖုန်းပျောက်သွားတယ်ဆိုပြီး
ဖုန်းနံပါတ်အသစ်လှမ်းပေးထားတယ်...အဘွားတို့
ရိပ်သာက..ယောဂီတွေက..ဒီ၃၀ရက်နေ့မှာ...
မော်လမြိုင်ဘက်ကို..ဘုရားဖူးသွားကြမှာတဲ့..
အဲ့ဒါ..ငါဒီတစ်ပါတ်ထဲမှာပဲ..အဘွားဆီသွားတွေ့
ရဦးမယ်..နင်လိုက်ဦးမလား..."
"အင်း...လိုက်ခဲ့မယ်လေ...ဒါနဲ့အသင်...ရွှေရုပ်လွှာလေ.."
"ရွှေရုပ်လွှာ..သူဘာဖြစ်လို့လဲ..."
အသင်..မေးလိုက်လျှင်...ကြည်နူးကဖုန်းထဲကနေ
လေသံကိုနှိမ့်လိုက်ရင်း...
"သူမနေ့က..The Sun Jewellery Showroom
မှာ..အရှက်ကွဲခဲ့တယ်တဲ့..."
"ဘယ်လို..."
"သူ့ကဒ်က..အပိတ်ခံထားရတယ်ဆိုပြီး..Showroom
ထဲကနေ..ဆွဲထုတ်ခံလိုက်ရတာ..ပြီးတော့.....
ကားပါကင်မှာရပ်ထားတဲ့သူ့ကားကလဲ..ဘယ်သူ့
လက်ချက်မှန်းမသိစုတ်ပြတ်နေတာပဲတဲ့..."
"ဟေ..."
ကြည်နူးပြောတာတွေကိုနားထောင်ပြီး..အသင်...
တစ်ခုခုကို..သဘောပေါက်သွားသလိုပင်...
"Fbပေါ်မှာပါ..အခုသူ့ပုံတွေကပျံ့နေတာလေ..
သိတယ်မလား..သူကအစထဲက..ဆယ်လီလေ..
အခုတော့..အရှက်ကွဲပြီး..အလုပ်တောင်မလာရဲဘူး
ကောင်းတယ်..သူများမကောင်းကြံတာ..နင်..ရုံးခန်း
ထဲမှာ..ပိတ်မိနေတဲ့ကိစ္စက..မပြောရင်တောင်..
သူ့လက်ချက်မှန်းအားလုံးသိတယ်...အခုလဲ...
နင့်ကိုထိလို့..နေကုဋာကသူ့ကိုပညာပေးတာပဲ
ဖြစ်မယ်..နည်းတောင်နည်းသေးတယ်..တစ်ခါထဲ
မှတ်လောက်သားလောက်အောင်လုပ်ပစ်ရမှာ..."
"ကဲ..တော်ပါတော့...ကြည်နူးရယ်..."
"အသင်..နင်လဲ..သဘောကောင်းပြီးအဆိပ်ကင်းကင်း
လုပ်မနေနဲ..နင့်နေရာမှာငါသာဆိုရင်လေ..နေကုဋာလို
လူမျိုးတစ်ယောက်သာအနားမှာရှိကြည့်လိုက်..
အဲ့လိုမိန်းမယုတ်မိျုးကိုအရှင်မထားဘူး..."
ကြည်နူးစကားကိုနားထောင်ပြီး..အသင်သက်ပြင်း
လေးချကာ..ခေါင်းယမ်းလိုက်မိသည်။
"အသင်..."
"ဟင်.."
"နင်ဟိုတစ်ခါငါ့ကိုပြောတော့..နင်နဲ့နေကုဋာက..
ဘန်ကောက်မှာ...သတင်းယူဖို့သွားရင်း...တွေ့တာဆို"
"အင်း..ဟုတ်..ဟုတ်တယ်လေ..."
"အချိန်ခဏလေးအတွင်းမှာ နင်နဲ့သူကဒီအခြေအထိ
ရင်းနှီးသွားခဲ့တာပဲ..သူကနင့်ကိုအရမ်းဂရုစိုက်မဲ့
ပုံပဲနော်..နင်အရမ်းကံကောင်းတာသိလား..."
အသင်ကြည်နူးကိုဘာမှပြန်မပြောမိ..တစ်ကယ်ဆို
သူနဲ့တွေ့ဆုံခဲ့ရတာက..အသင့်အတွက်..ကံကောင်း
တာလား..ကံဆိုးတာလားဆိုတာ..အသင်ကိုယ်တိုင်လဲ
မဝေခွဲတတ်နိုင်ခဲ့ပါ....
💜💜💜
"ဂျပန်က..ဖိတ်ကြားလွှာရောက်ပါပြီ..သခင်လေး..
တွေ့ဆုံပွဲက..၇ရက်နေ့အဖြစ်သတ်မှတ်လိုက်ပါပြီ.."
ဂျိမ်း..ပြောရင်း..ဖိတ်စာကို..သခင်လေးစားပွဲပေါ်
လှမ်းတင်လိုက်ပေမဲ့..lattopစက္ကရင်ဆီမှာသာ..
အာရုံစိုက်ထားတဲ့..သခင်လေးကမော့ကြည့်မလာခဲ့
သခင်လေးများ..တစ်ခုခုပြောဦးမလားဆိုပြီး...
ဂျိမ်း..ရပ်နေခဲ့ပေမဲ့လဲ..သခင်လေးဆီကဘာစကားမှ
ထွက်မလာခဲ့ပေ...
"သခင်လေး..."
ဂျိမ်း..ထပ်ခေါ်လိုက်မှ..နေကမော့ကြည့်လာသည်။
"အန်ကယ်..တစ်ခုခုပြောစရာရှိသေးလို့လား..."
မျက်ဝန်းတည်တည်တွေနှင့်မေးလိုက်တဲ့ပုံက...
ပြောစရာမရှိရင်သွားတော့လို့နှင်လိုက်သလိုပင်...
သခင်လေး..ဘာဖြစ်နေတာလဲ..သခင်လေး....
ဂျိမ်းအပေါ်..ဒီလိုသူစိမ်းဆန်ဆန်တစ်ခါမှမဆက်ဆံ
ဘူးခဲ့..ဟိုမိန်းကလေးဆေးရုံကဆင်းလာကတည်းက
သခင်လေး..ဂျိမ်းအပေါ်ဆက်ဆံတာက..အခုလို
ပုံစံမျိုးဖြစ်နေတာကိုသတိထားမိသည်။
"မရှိတော့ပါဘူး..သခင်လေးညည့်နက်တဲ့အထိ..
အလုပ်တွေလုပ်မနေပါနဲ့ဦး..ခေါင်းပြန်ကိုက်နေဦးမယ်"
ဂျိမ်း..ပြောပြီးအခန်းထဲကထွက်သွားသည်။နေ..
ထိုအခါမှ..lattopကိုပြန်ပိတ်လိုက်ရင်း..သက်ပြင်း
တစ်ချက်ချလိုက်သည်။
"သခင်လေးမှာ..အတိတ်မမေ့ခင်အထိ..အရင်းနှီးဆုံး
မိသားစုဝင်ဆိုလို့..သူဌေးကြီးနှင့်ကျွန်တော်ပဲ..
ရှိတာပါ.."
ထိုစကားကိုပဲပြန်ကြားယောင်နေမိရင်း..နေ..
စိတ်ရူပ်ထွေးသွားရပြန်သည်။အန်ကယ်ပြောခဲ့တဲ့
စကားတွေနဲ့..နေအာရုံထဲမှာတစ်ချက်တစ်ချက်..
ပေါ်လာတဲ့ပုံရိပ်တွေကဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
"ကိုကို.."
ဆိုတဲ့ခေါ်သံလေးနဲ့ချစ်စရာကလေးမလေးတစ်ယောက်ရဲ့
ဝိုးတဝါးပုံရိပ်...သူ့မှာတစ်ကယ်ပဲ..ညီမတစ်ယောက်
ရှိခဲ့တယ်ဆိုရင်..ပါပါကဘာလို့ဖုန်းကွယ်ခဲ့ရတာလဲ
အန်ကယ်ဂျိမ်းကရော..ပါပါ့အမိန့်ကြောင့်နေ့ကို
ဆက်ပြီးဖုန်းကွယ်ထားခဲ့တာလား..
"အ..ကျစ်..."
အတွေးများသွားရင်..ထုံးစံအတိုင်း..ခေါင်းထဲမှာ
တဆစ်ဆစ်ကိုက်လာစမြဲမို့..နေ..ဆက်မတွေးတော့ပဲ
အလုပ်ခန်းထဲကထွက်လာခဲ့တော့သည်။
💜💜💜
"ကြည်နူးပြောတာအမှန်တွေပဲ..."
အသင်..facebookကနေရွှေရုပ်လွှာအကြောင်းကို
ရှာကြည့်နေရင်း..တစ်ယောက်တည်းရေရွတ်
လိုက်မိသည်။Showroomထဲကနေဆွဲထုတ်ခံရတဲ့
ပုံတွေ၊ကားပါကင်ကပုံတွေက..မမြင်ချင်မှအဆုံး
ရွှေရုပ်လွှာက..အစကထဲက...facebookမှာ..
ဆယ်လီတစ်ယောက်လိုနာမည်ကြီးသူမို့..ဒီလောက်
အကျယ်တဝင့်အရှက်ကွဲသွားခဲ့ခြင်းပင်...
"ငါဒီလောက်..ဘာမှမလုပ်ပါနဲ့လို့..သေချာမှာထား
တာကို..ဒီလူကတော့..."
အသင်..ဆက်ပြီးကြည့်ချင်စိတ်မရှိတော့တာမို့..
Lattopကိုပိတ်လိုက်ပြီး..အခန်းထဲကထွက်လာခဲ့သည်။
"ဒီအချိန်ဆိုရင်တော့..သူအလုပ်ခန်းထဲမှာရှိမယ်
ထင်တယ်.."
အသင်..အတွေးနဲ့..သူ့အလုပ်ခန်းရှိရာကိုလျှောက်
လာခဲ့သည်။
"ဒေါက်...ဒေါက်.."
တံခါးခေါက်လိုက်ပေမဲ့..အထဲကတုံ့ပြန်သံမကြားတာမို့
တံခါးကိုဖွင့်ကြည့်လိုက်သည်။
"အထဲမှာမရှိဘူးပဲ.."
အသင်..အလုပ်အခန်းကျယ်ကြီးထဲဝေ့ဝဲကြည့်
သော်လဲသူ့ကိုမတွေ့တာမို့..တံခါးကိုအသာပြန်စေ့
ပိတ်လိုက်သည်။
"အစောကြီးရှိသေးတယ်..အိပ်ခန်းထဲပြန်သွားတာလား
ဒါမှမဟုတ်..နားနေခန်းထဲမှာလား.."
အသင်တစ်ယောက်ထဲဝေခွဲမရဖြစ်နေပြီး..နောက်ဆုံး
ခြေလှမ်းတွေက..နားနေခန်းဘက်ကိုဦးတည်လိုက်
သည်။
"ဒေါက်..ဒေါက်..."
တံခါးခေါက်အသံပေးလိုက်ပြီး..အသင်တံခါးကို
ခပ်ဖြေးဖြေးဖွင့်လိုက်သည်။
"ဪ..သူကဒီမှာပဲ..."
မှန်နံရံနားမှာရပ်ပြီး..စီးကရက်သောက်နေသည့်
သူ့ကို.အခန်းထဲဝင်လာတာနှင့်လှမ်းမြင်လိုက်ရသည်။
သူကအသင့်ကိုလှည့်ကြည့်ပြီးအနားကိုလျှောက်
လာသည်။
"မအိပ်သေးဘူးလား..."
"ဟင့်အင်း..စောသေးလို့မအိပ်ချင်သေးတာ..ရှင်ရော
ဒီနေ့အလုပ်သိမ်းတာစောတယ်နော်..."
"အင်း..ကိုယ်ခေါင်းသိပ်မကြည်လို့..."
"ဘာလို့လဲဟင်..ခေါင်းကိုက်နေပြန်ပြီလား..."
အသင်..စိုးရိမ်တဲ့ပုံလေးဖြစ်သွားတော့..သူကပြုံးသည်။
"မဟုတ်ပါဘူး..ဒီအတိုင်းနည်းနည်းပင်ပန်းနေလို့..
ကိုယ့်ဆီလာတာပြောစရာရှိလို့လား..."
သူမေးမှ..အသင်လာရင်းကိစ္စကိုသတိရသွားရကာ
မျက်နှာလေးတည်သွားရင်း...
"ရှင်..ဘာလို့်အသင်ပြောတာကိုနားမထောင်တာလဲ.."
"ဘာကိုလဲ..."
သူက..မသိသလိုမေးရင်း..စီးကရက်ကိုကြွေခွက်ထဲ
ထိုးချေကာ..နောက်တစ်လိပ်ကိုမီးထပ်ညှိသည်။
"ရွှေရုပ်လွှာကိုဘာမှမလုပ်ပါနဲ့လို့အသင်ရှင့်ကို
ပြောခဲ့တယ်လေ..."
"ကိုယ်ကရော..အခုသူ့ကိုဘာလုပ်လိုက်လို့လဲ.."
မထီတရီအပြုံးနှင့်သူကမေးသည်။အသင်..စူးရှနေတဲ့
မျက်ဝန်းတွေနှင့်သူ့ကိုကြည့်ပြီး..ပြောမဲ့စကားတွေကို
စိတ်ထဲမှာ..အရင်စီလိုက်ရသည်။
"ရှင်..သူ့ကိုလူပုံအလယ်မှာအရှက်ကွဲအောင်...
လုပ်ခိုင်းခဲ့တာမဟုတ်လား..အဲ့ဒါရှင်သူ့ကိုအပြစ်
ပေးလိုက်တာပဲလေ.."
"အဟင်း..."
အသင့်စကားကြောင့်သူကရယ်ပြီး..ဆိုဖာပေါ်မှာ
ခြေတစ်ဖက်ချိတ်လျက် ထိုင်သည်။အသင်
ဒီအတိုင်းသူ့ကိုရပ်ကြည့်နေမိတော့
"ဒါကိုအပြစ်ပေးတယ်လို့ခေါ်တာလား..သူလုပ်ခဲ့တဲ့
အပြစ်အတွက်..ကိုယ်သူ့ကိုဘာအပြစ်မှမေပးရသေးဘူး
ဒါ..သူ့ကိုသတိပေးလိုက်တာ..နောက်တစ်ခါ..
မင်းကိုဒုက္ခပေးရင်....တစ်စစီဖြစ်သွားမှာက...
သူ့ကားမဟုတ်ဘူး..သူကိုယ်တိုင်ပဲ..."
ခပ်အေးအေးပင်ပြောပြီး..သူကစီးကရက်ကို..
တစ်ရိူက်ဖွာသည်။
"မင်းကြောင့်..ကိုယ်ဒီလောက်နဲ့စိတ်လျော့လိုက်တာ
သေချာမှတ်ထားချာတိတ်..လောကကြီးမှာ...
တစ်ချို့လူတွေက...စာနာမူ့နဲ့ငဲ့ညှာခြင်းဆိုတဲ့..
အရာတွေနဲ့မထိုက်တန်ဘူး.."
အသင်သူ့ကိုငေးခနဲကြည့်မိသွားရင်း...
"ရှင်ကဘယ်လိုလူမျိုးလဲ...နေ...အသင်..အခု..
မြင်နေရတာက..ရှင့်ရဲ့ပုံစံအစစ်အမှန်ရောဟုတ်ရဲ့လား
ရှင်က..အသင့်ကိုရှင့်အကြောင်းတွေကိုသိလာဖို့
မကြိုးစားနဲ့လို့ပြောခဲ့ပေမဲ့..အသင်အခု..တဖြေးဖြေးနဲ့
ရှင့်အကြောင်းတွေကိုပိုပြီးသိချင်လာပြီ..."
နေ့ကိုငေးငေးလေးကြည့်နေရင်း..ရေရွတ်လိုက်တဲ့
သူမ...စီကရက်ကိုရိူက်ဖွာဖို့..နူတ်ခမ်းမှာတေ့လိုက်
ပေမဲ့..နေ..မရိူက်ဖြစ်တော့ပဲ..ကြွေခွက်ထဲမှာ..
ုငြိမ်းသတ်စေလိုက်ကာ..ထရပ်လိုက်သည်။ထို့နောက်..
တွေတွေလေးရပ်နေတဲ့..သူမနားကိုလျှောက်သွားရင်း
ခြေစုံရပ်လိုက်မိကာ..ဆံပင်တွေစုသိမ်းထုံးဖွဲ့ထားတဲ့
မျက်နှာလုံးလုံးလေးကိုငုံ့ကြည့်လိုက်မိသည်။
"တခြားသူတွေအတွက်..ကိုယ်ကပုံစံဘယ်နှစ်မျိုးပဲ
ရှိရှိ...မင်းရှေ့မှာတော့..ကိုယ်ကကိုယ်ပဲ...မင်းရှေ့မှာ
နူးညံ့နေရင်လဲ..အဲ့ဒါကိုယ်ပုံစံပဲ..မင်းရှေ့မှာ..
နတ်ဆိုးတစ်ကောင်လိုကြမ်းတမ်းနေခဲ့ရင်လဲ..
အဲ့ဒါကိုယ်ပဲ....."
အသင်..သူ့ကိုမျက်လုံးဝိုင်းလေးနှင့်မော့ကြည့်မိလျှင်
သူက..အသင့်မျက်နှာလေးကို..ဖွဖွညှစ်ကိုင်လိုက်ရင်း..
မျက်လုံးချင်းဆုံအောင်စိုက်ကြည့်သည်။
"မင်းကကိုယ့်မိန်းကလေးပဲ..မင်းရဲ့အရာအားလုံးကို
ကိုယ်ပိုင်တယ်...ကိုယ်မဟုတ်တဲ့တခြားဘယ်သူကမှ
မင်းရဲ့ပျှော်ရွှင်မူ့တွေကိုဖန်တီးပေးနိုင်ခွင့်မရစေရဘူး
ကိုယ်ကလွဲရင်..ဘယ်သူကမှမင်းကိုမျက်ရည်ကျအောင်
လုပ်ခွင့်မရဘူး...အဲ့လိုပဲ..ကိုယ်မဟုတ်တဲ့...
တခြားဘယ်သူကမှ..မင်းကိုနာကျင်အောင်...
လုပ်ခွင့်မရှိဘူး..မင်းကိုထိခိုက်အောင်လုပ်တဲ့...
ဘယ်သူ့ကိုမဆိုလဲ..ကိုယ်ခွင့်လွှတ်မှာမဟုတ်ဘူး..
ဒီတစ်ခါက..နောက်ဆုံးအကြိမ်ပဲဖြစ်လိမ့်မယ်..."
ပြောရင်း..နူတ်ခမ်းနွေးနွေးလေးကို..မထိတထိ
တို့နမ်းလိုက်ကာ..သူကအသင့်ကိုလွှတ်ပေးသည်။
အသင်..စိတ်လူပ်ရှားမူ့ကြောင့်မျက်လွှာလေးချကာ
ုငြိမ်သက်နေလျှင်..သူကအသင့်ခေါင်းလေးကို..
ဖွဖွ..ပွတ်ကာ...
"မင်းဝိုင်ကြိုက်လား..."
သူ့အမေးကြောင့်..အသင်ခေါင်းမော့ကြည့်လိုက်မိသည်။
သူက..အခန်းထောင့်မှာရှိနေတဲ့....ဝိုင်ဘားကို..
တစ်ချက်မေးငေါ့ပြရင်း...
"ကိုယ်..ဒီညတစ်ခွက်သောက်မလားလို့..စဉ်းစား
နေတာ..မင်းမအိပ်ချင်သေးရင်..ကိုယ့်ကိုအဖော်
လုပ်ပေးပါလား...."
အသင်..ဘာမှပြန်မဖြေမိတော့..သူကအသင့်လက်ကို
ဆွဲခေါ်လာခဲ့သည်။
💜💜💜💜
"မင်း..ဘာသောက်ချင်လဲ..."
နံရံကပ်..မှန်ခန်းကြီးထဲမှာရှိနေတဲ့..ဝိုင်ပုလင်းတွေကို
ကြည့်ကာသူကမေးသည်။အသင်..အစီအရီရှိနေတဲ့
အကောင်းစားဝိုင်ပုလင်းတွေကိုမျက်လုံးဝေ့ကြည့်
လိုက်ရင်း...
"အင်းးးးး.....အဲ့ဒါ..."
အဖုံးမှာအစိမ်းရောင်အပါတ်လေးနှင့်..ကြည်တောက်
နေသည့်..အနီရောင်ဝိုင်ပုလင်းကြီးကိုအသင်လက်ညိုးထိုးလိုက်တော့..သူက
အံ့ဩသလို..မျက်ခုံးပင့်သွားကာပြုံးသည်။
"မင်းကရွေးတတ်သားပဲ..."
သူကဝိုင်ပုလင်းကိုထုတ်ယူပြီး..စားပွဲပေါ်တင်
လှမ်းတင်သည်။ပြီးတော့..ဖောက်တံနှင့်ဖန်ခွက်
နှစ်ခွက်ကိုပါ..လှမ်းတင်ပြီး..အတွင်းထဲကနေ
ပြန်ပါတ်ထွက်လာကာ..အသင့်ဘေးမှာလာထိုင်သည်။
"မင်းဝိုင်သောက်နေကြလား..."
ဝိုင်ပုလင်းကိုဖောက်တံနှင့်ဖောက်ကာ..ဖန်ခွက်
နှစ်ခွက်ထဲထည့်ပြီး..သူကအသင့်ကိုတစ်ခွက်..
ပေးသည်။
"အင်း...သောက်နေကြတော့မဟုတ်ဘူး..ဒါပေမဲ့
အသင်..ဝိုင်ချိုချိုလေးတွေကိုကြိုက်တယ်.....
ပွဲတွေဘာတွေမှာသတင်းယူဖို့သွားရင်အမြဲသောက်
ဖြစ်တယ်လေ..."
အသင်ပြောရင်း..ဝိုင်ခွက်ကိုနမ်းကြည့်လိုက်ကာ..
"ဒီဝိုင်နီကအရမ်းမွှေးတာပဲနော်..ချိုလဲချိုမဲ့..
ပုံပဲ..ဒါဘာဝိုင်လဲဟင်..."
မေးလဲမေး..အသင်..ဝိုင်ခွက်ကိုလဲမော့သောက်လိုက်
သည်။ချိုရှရှ...အရသာနဲ့အတူ..လည်ချောင်းထဲ
ပူဆင်းသွားကာ..တစ်ကိုယ်လုံးကအကြောအချင်တွေ
နိုးကြွသွားသလားထင်မှတ်ရသည်။
"ရူး.....အား..ဝိုင်ကအရမ်းပြင်းတာပဲ..."
မျက်နှာလေးရူံ့မဲ့သွားတဲ့အသင့်ကိုကြည့်ကာ..သူက
ရယ်သည်။ပြီးတော့ဝိုင်ခွက်ကိုစတိုင်ကျကျ....
မော့လိုက်ရင်း...
"မင်းမသောက်နိုင်ရင်လဲပြောလေ..ကိုယ်တစ်ခြား
ဝိုင်ပုလင်းထုတ်ပေးမယ်..."
နေ..ပြောလိုက်တော့..သူမကလက်ကလေးကာသည်။
"ဟင့်အင်းရတယ်..အသင်...ဒီအရသာကိုကြိုက်တယ်"
သူမကပြောလဲပြော..ဝိုင်ကုန်သွားတဲ့ဖန်ခွက်ကို
ထပ်ဖြည့်ရန်..လက်လှမ်းသည်။
"ဟိတ်..ဖြည်းဖြည်းသောက်လေကွာ..ဒါဝိုင်..
အချိုရည်မဟုတ်ဘူး..."
နေ..သူမလက်လေးကို..လှမ်းကိုင်ပြီးပြောလိုက်တော့
သူမကနေ့လက်ကိုဖယ်ချသည်။
"ကြိုက်လို့ပါဆို..."
နေ..ပြောလို့မနိုင်တဲ့သူမကိုကြည့်ကာခေါင်းယမ်း
လိုက်မိသည်။နေ..ဖန်ခွက်ထဲကဝိုင်ကမလျော့ခင်
မှာပဲ..သူမကသုံးခွက်လောက်သောက်ပြီးနေပြီ....
တဖြေးဖြေး..အရှိန်ရလာတော့..သူမမျက်နှာလေး
ဝိုင်အရှိန်ကြောင့်နီမြန်းမြန်းလေးဖြစ်လာကာ..
နှာခေါင်းတရူံ့ရူံ့ဖြစ်လာသည်။နေ..တစ်ကယ်ပင်
သောက်နိုင်တဲ့သူမကိုကြည့်ပြီးလက်မြှောက်ရတော့မလို
"နေ..."
ခပ်လေးလေး...အသံနှင့်သူမခေါ်တော့..နေငဲ့ကြည့်
လိုက်မိသည်။
"ဒါဘာဝိုင်လဲ..ဘာလို့သောက်ပြီးရင်းသောက်ချင်
ဖြစ်အောင်..ဆွဲဆောင်ထားရတာလဲ..."
နေ့ကိုမေးသလိုလေးပြောကာ..သူမကဝိုင်ပုလင်းဆီ
လက်ထပ်လှမ်းသည်။နေ..သူမလက်လေးကို...
ဆုပ်ကိုင်လိုက်တော့..သူမကဖျပ်ခနဲမျက်လွှာပင့်ကြည့်
သည်။
"ဒါ...Venusဝိုင်နီလေ...ချစ်သူစုံတွဲတွေအတွက်
အသင့်တော်ဆုံးပဲ..သူက..ယောကျာၤးနဲ့မိန်းမကြားထဲက
အချစ်စိတ်ကိုနိုးကြွစေတယ်..."
နေ့စကားကြောင့်..သူမမျက်နှာနီမြန်းမြန်းလေးက
ပိုပြီးရဲတက်သွားသည်။နေ့လက်ထဲက..သူမလက်ကို
အတင်းရုန်းပြီး..ဝိုင်ကုန်သွားတဲ့ဖန်ခွက်ကို..နေ့ဘက်
တွန်းရွေ့လိုက်သည်။
"မသောက်တော့ဘူးလား..."
နေ..သူမမျက်နှာလေးကိုငုံ့ကြည့်ပြီးမေးလိုက်တော့
သူမကခေါင်းယမ်းကာ...မျက်နှာလေးကတစ်ဖက်
လှည့်သွားသည်။ရှက်သွှေးမွှန်သွားတဲ့..သူမရဲ့..
ချစ်စရာပုံစံလေးကြောင့်..ပြုံးလိုက်မိကာ..ဖန်ခွက်
ထဲက..လက်ကျန်ဝိုင်ကို..တစ်ချက်ထဲမော့ချ..
လိုက်သည်။
"ကိုယ်တို့..အတူတွဲကကြမလား..."
"ဟင့်အင်း..အသင်မကတတ်ဘူး..ကလဲ..မကဖူးဘူး"
အသင်..ခေါင်းလေးယမ်းပြီးပြောလိုက်မိလျှင်...
သူက..ထိုင်ခုံရှည်ပေါ်ကနေဆင်းသွားကာ..အခန်း
ထောင့်မှာရှိတဲ့..ဓာတ်ပြားစက်ကိုသွားဖွင့်လိုက်သည်။
ငြိမ့်ညောင်းတဲ့..အနောက်တိုင်းတီးလုံးသံစဉ်က...
အခန်းထဲကိုပျံ့လွင့်လာခဲ့သည်။ထိုနောက်..သူက
နံရံကခလုတ်တစ်ခုကိုနှိပ်လိုက်ရာ..မီးရောင်ဖွေးဖွေးနဲ့
လင်းနေတဲ့အခန်းကျယ်ကြီးက..ချက်ချင်းပင်..
အနီရောင်ဖျော့ဖျော့အလင်းရောင်များနှင့်......
ဖြန့်ကျက်ပြောင်းလဲသွားသည်။ထိုအခါ..သူက..
အသင့်နားကိုပြန်လျှောက်လာရင်း..လက်တစ်ဖက်ကို
အသင့်ထံ...ကမ်းပေးကာ...
"ကိုယ်နဲ့အတူ..တွဲကပေးနိုင်မလား..."
"အသင်..အသင်..မကတတ်ဘူး..."
အသင်..ထပ်ငြင်းလိုက်တော့..သူကရယ်ကာ..
အသင့်လက်လေးကိုဆွဲကာ....ထိုင်ခုံရှည်ပေါ်က
ဆင်းစေသည်။
"ကိုယ်သင်ပေးမှာပေါ့...."
အသင့်လက်လေးကိုဆွဲခေါ်လာကာ..သူက..အခန်းရဲ့
အလယ်မှာခြေစုံရပ်သည်။
"အဆင်သင့်ပဲမဟုတ်လား..."
ပြုံးယောင်သမ်းနေသည့်နူတ်ခမ်းတွေနှင့်သူ့ရဲ့
ခပ်တိုးတိုးအမေး..အသင့်ရဲ့လက်လေးတစ်ဖက်ကို
သူကဆွဲယူပြီး..သူ့ရဲ့ပခုံးပေါ်တင်လိုက်သည်။
ထို့နောက်သူ့ရဲ့လက်တစ်ဖက်က..အသင့်ရဲ့...
ကျောပြင်လေးကိုဖွဖွသိုင်းဖက်လာခဲ့သည်။
ကျန်နေတဲ့လက်လေးတစ်ဖက်ကိုသူ့ရဲ့လက်ဖဝါးထဲ
ဆုပ်ကိုင်လိုက်ကာ..အပေါ်ကိုတဖြေးဖြေးမြှောက်
လိုက်သည်။
"စိတ်ကိုလျော့ထား..ကိုယ့်ရဲ့လူပ်ရှားမူ့နောက်ကိုပဲ
လိုက်..အဆင်ပြေသွားလိမ့်မယ်..."
အသင်..ညို့မျက်ဝန်းတွေနှင့်သူ့မျက်နှာချောချောကို
ငေးစိုက်ကြည့်နေရင်း..စိတ်လူပ်ရှားမူ့ကြောင့်
ခေါင်းငြိမ့်လိုက်ဖို့ပင်မေ့လျော့နေခဲ့သည်။
တီးလုံးသံနှင့်အတူ..စည်းချက်ညီစွာလူပ်ရှားနေတဲ့
သူ့ရဲ့လူပ်ရှားမူ့နှင့်..အသင်လိုက်လျောညီထွေ..
ဖြစ်ဖို့မနည်းကြိုးစားနေရသည်။သူ့ခြေထောက်ကို
တက်နင်းမိတာလဲ..ဘယ်နှစ်ခါမှန်းမသိ....တစ်ခါ
တစ်ခါ..ခြေလှမ်းမှားသွားတဲ့..အသင့်ကိုယ်လေးကို
သူဆွဲဖက်ထိန်းလိုက်သည့်အခါ..ရင်ဘတ်ချင်း..
မထိတထိခလုတ်တိုက်မိနေရတာလဲ..အကြိမ်ကြိမ်...
တစ်ကြိမ်မှာတော့...ခြေလှမ်းမှားပြီး..ယိုင်လဲမလို
ဖြစ်သွားတဲ့အသင့်ကို..သူကခါးလေးကနေ...
ဆောင့်ဆွဲယူလိုက်တော့...အသင့်ခန္တာကိုယ်လေး
သူ့ရင်ခွင်ထဲ..ပစ်စလတ်ခတ်ဝင်ရောက်သွားရသည်။
"ဆော.ဆောရီး..."
အသင်..အထစ်ထစ်အငေါ့ငေါ့လေးနှင့်..သူ့ရင်ခွင်ထဲက
ရုန်းထွက်ဖို့ကြိုးစားတော့..သူလက်တွေက..အသင့်ကို
သိမ်းကြုံးပွေ့ဖက်လာသည်။
"မင်းစိတ်လူပ်ရှားနေတာလား..."
သူ့ရင်ခွင်ထဲမှာ..မျက်နှာဘယ်ထားရမလဲသိနေသည့်
ကောင်မလေးကိုကြည့်ပြီး..နေ.မေးလိုက်တော့
သူမကဖျပ်ခနဲမျက်လွှာလေးပင့်ကြည့်လာပြီး..
ချက်ချင်းမျက်လွှာပြန်ချသွားသည်။
"ဝိုင်..ဝိုင်ကြောင့်ဖြစ်မယ်ထင်တယ်..."
အဖျားခတ်တုန်ယင်နေတဲ့..လေသံတိုးတိုးလေးကို
နားထောင်ရင်း..နေပြုံးလိုက်မိသည်။
"ကိုယ်မင်းလောက်မသောက်ထားဘူး...ဒါပေမဲ့.
ကိုယ်စိတ်တွေအရမ်းလူပ်ရှားနေတယ်..."
"ဟင်..."
စိုးရွံ့မူ့တွေနှင့်မော့လာတဲ့မျက်နှာလေးကို..
နောက်တစ်ကြိမ်ပြန်မငုံ့သွားအောင်..နေ..မေးဖျား
လေးကနေ..ညှစ်ကိုင်ထားရင်း...ကကြီးပုံ....နူတ်ခမ်း
ပြည့်ပြည့်လေးကို..စူးစိုက်ကြည့်မိသည်။
"မင်းရဲ့နူတ်ခမ်းတွေက...စွဲမက်စရာကောင်းတယ်.."
နူတ်ခမ်းသားလေးကို..လက်မနှင့်ဖိပွတ်ကာ...
ပြောလိုက်မိလျှင်..သူမပခုံးလေးကျုံ့သွားသည်။
"အနမ်းအကြောင်းမင်းသိချင်တယ်မဟုတ်လား.."
"ဟင့်အင်း..မသိချင်ဘူး.."
သူမကအသည်းအသန်ငြင်းသည်။..နေ..သူမျက်နှာ
လေးနားကိုတိုးကပ်သွားရင်း...
"ဒီနေ့တော့..အနမ်းထက်မပိုဖို့..ကိုယ်အာမမခံနိုင်
ဘူး..."
"ရှင်..."
အထိတ်တလန့်နှင့်ဝိုင်းစက်သွားတဲ့မျက်ဝန်းလေး
တွေနှင့်..သူမရဲ့နူတ်ခမ်းလေးနူတ်လွှာကို..နေ..
မေးဖျားလေးကနေ..ဆွဲချပွင့်ဟစေလိုက်ပြီး...
"အွန်း....."
စွဲလမ်းခဲ့ရတဲ့..နူတ်ခမ်းနွေးနွေးလေးတွေကို...
နေ..ခပ်ကြမ်းကြမ်းစုပ်ယူနမ်းရိူက်လိုက်သည်။
နေ့ရင်ခွင်ထဲမှာ..မရုန်းသာ၊မလွန့်သာတဲ့သူမက..
နေပြုသမျှနုနေရတဲ့အရုပ်လေးတစ်ရုပ်သဖွယ်..
နေ..နမ်းနေရင်း..သူမခန္တာကိုယ်လေးကိုဆွဲလှည့်
ယူလိုက်ကာ...ခြေလှမ်းလိုက်တော့..သူမ.......
အနောက်သို့ဆုတ်ရင်း..ဆုတ်ရင်း..နံရံနှင့်ကျောပြင်
ထိကပ်သွားသည်။
"အဟွန့်...ဟွန့်..."
အရမ်းမွန်းကြပ်လာပုံရတဲ့သူမကနေ့ရင်ဘတ်ကို
အတင်းတွန်းေနတော့..သူမနူတ်ခမ်းလေးတွေကို
နေ..လွတ်ပေးလိုက်သည်။
ဒါပေမဲ့မရပ်တန့်နိုင်တဲ့ရင်ခုန်ခြင်းတွေနှင့်ထိန်းချုပ်မရတဲ့
စိတ်ကြောင့်..လည်တိုင်ကျော့လေးဆီ..နေမျက်နှာ
အပ်လိုက်မိပြန်သည်။
"နေ..ဟင့်အင်း...."
အသင်..ငြင်းဆန်ရင်း..သူ့ကိုအတင်းတွန်းနေပေမဲ့..
အသင်နဲ့..ခန္တာကိုယ်ချင်းတသားထဲဖြစ်လောက်တဲ့အထိ
ဖိကပ်ထားတဲ့သူ့ကြောင့်..အသင်..မရုန်းသာ..
မလွန့်သာ...ဖြစ်နေသည်။လည်တိုင်လေးကိုအတင်း
တိုးဝှေ့နမ်းရင်း...တဖန်..နူတ်ခမ်းလွှာလေးတွေကို
ထပ်မံသိမ်းပိုက်လိုက်ပြန်ရင်း....
ထုံးစံအတိုင်း...အနမ်းကျွမ်းကျင်သူကြီးရဲ့...
နူတ်ခမ်းတွေတင်မက..tongue(လျှာ)ကပါ...
french.Kissအဖြစ်အသက်ဝင်လာတဲ့အခါ...
အသင်..သူ့ရင်ခွင်ထဲမှာ..သူ့အနမ်း၊သူ့အထိအတွေ့
တွေကြား..မူးမူးမေ့မေ့ဖြစ်သွားခဲ့ရင်း...
နမ်းနေရင်း...သူ..အသင့်ကိုပွေ့ယူလိုက်တာကိုလဲ
သိသည်။ထို့နောက်..အိစက်နေတဲ့ဆိုဖာရှည်ကြီး
ထက်မှာ..အသင့်ကိုယ်လေးကိုချလိုက်တာကိုလဲ
သိသည်။ထို့နောက်..သူ့လက်ချောင်းသွယ်သွယ်
တွေက..အသင်ဝတ်ထားတဲ့..ရှပ်အကျႌပါးလေးရဲ့
ကြယ်သီးတွေကိုတစ်လုံးခြင်းဖြုတ်ပစ်လိုက်တဲ့အခါ
"............"
အသင်မျက်ဝန်းတွေကိုတင်းတင်းမှိတ်လိုက်မိသည်။
အသင်သူ့ကိုဘာလို့မငြင်းဆန်နိုင်ရတာလဲ..
ကိုယ့်ပျော့ညံ့မူ့အတွက်..ဝမ်းနည်းသွားရစဉ်...
အကာအကွယ်မဲ့သွားပြီဖြစ်တဲ့..ခန္တာကိုယ်လေး
ထက်မှာ..နေရာယူတိုးဝှေ့နေတဲ့..သူ့ရဲ့နူတ်ခမ်း
နွေးနွေးတွေ....
"ရှင်..အသင့်ကိုချစ်လို့လား..."
အားငယ်ဝမ်းနည်းနေသလို..ဖျော့တော့တဲ့အသံလေးကို
ကြားလိုက်တဲ့ခဏ..နေ့ရဲ့လူပ်ရှားမူ့တွေအားလုံး
တုံ့ခနဲရပ်တန့်သွားရသည်။
"အချစ်မပါပဲ..ရှင်နဲ့အတူ..အိပ်ယာပေါ်ထိရောက်...
ခဲ့ဖူးတဲ့..မိန်းမတွေထဲမှာ..အသင်ကဘယ်နှစ်ယောက်
မြောက်လဲ..."
သူမရဲ့ထိုစကားတစ်ခွန်းက..နေ့ရင်ကိုချွန်ထက်သည့်
လက်နက်တစ်ခုနဲ့ထိုးစိုက်လိုက်သလိုပင်....
နေ..သူမကိုချုပ်ကိုင်ထားတဲ့လက်နှစ်ဖက်ကို...
လွတ်
သူမရဲ့ထိုစကားတစ်ခွန်းက..နေ့ရင်ကိုချွန်ထက်သည့်
လက်နက်တစ်ခုနဲ့ထိုးစိုက်လိုက်သလိုပင်....
နေ..သူမကိုချုပ်ကိုင်ထားတဲ့လက်နှစ်ဖက်ကို...
လွတ်ပေးရင်း..ထထိုင်လိုက်သည်။
"Sorryကွာ...ကိုယ်..."
စကားကိုဆုံးအောင်မပြောနိုင်ပဲ..အကျႌကိုအတင်း
ဆွဲစေ့ကာထလာသည့်သူမရဲ့ခန္တာကိုယ်လေးကို
ပွေ့ဖက်ထားလိုက်မိသည်။
"ရှင့်အတွက်အသင်က..တခြားမိန်းကလေးတွေနဲ့.
မတူဘူးလို့ရှင်ပြောခဲ့တယ်မဟုတ်လား...ဒါဆို..
ဘာလို့..အခုလို..ဟင့်..ဟင့်..."
အသင်..စကားကိုဆုံးအောင်မပြောနိုင်ပဲရိူက်ငို
လိုက်မိသည်။နောက်တစ်ကြိမ်..သူ့ထံမှာ...အသင်က
တန်ဖိုးမဲ့တဲ့သူတစ်ယောက်ဖြစ်သွားရသလိုခံစား
နေရသည်။
"မငိုပါနဲ့ချာတိတ်ရယ်..ကိုယ်တောင်းပန်ပါတယ်.."
နေ..တစ်ကယ်လဲ..သူမမျက်ရည်တွေကို...မမြင်ချင်ပါ
သူမကျောပြင်လေးကိုခပ်ဖွဖွ..ပုတ်ကာနှစ်သိမ့်
ပေးနေမိရင်း...ရင်ခွင်ထဲကမျက်နှာလေးကို...
ပင့်မော့ယူကာ..မျက်ရည်တွေကိုညင်သာစွာ..
သုတ်ဖယ်ပေးနေမိသည်။
"မင်းက..ကိုယ့်အတွက်ဘယ်မိန်းကလေးနဲ့မှ
..
မတူဘူး..အဲ့ဒါ..အမှန်တရားပဲ....တစ်ကယ်လို့..
မင်းမကြိုက်တာတွေကို...ကိုယ်အတင်းအကြပ်
လုပ်ခဲ့မိတယ်ဆိုရင်တောင်....မင်းအပေါ်..ရင်ခုန်
ယစ်မူးတဲ့စိတ်နဲ့..ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ခဲ့ရုံ
သက်သက်ဆိုတာမင်းကိုသိစေချင်တယ်..."
အသင်..သူ့ကိုကြည့်နေရင်းမှ...မျက်လုံးလွှဲလိုက်ကာ
တစ်ချက်ရိူက်လိုက်သည်။
တစ်ကယ်တမ်း..ရှင်နဲ့အသင့်ကြားမှာလိုအပ်နေတဲ့
စကားလေးကတစ်ခွန်းထဲပါ..ရှင်မသိဘူးလား
နေ...မင်းကိုချစ်တယ်လို့..ရှင်ဘာလို့မပြောနိုင်ရ
သေးတာလဲ..ဒါမှမဟုတ်..အသင့်အပေါ်အဲ့လောက်ထိ
ရှင့်ခံစားချက်တွေက..မလေးနက်သေးတာလား..
စိတ်ထဲကနေသာပြောလိုက်မိတဲ့..စကားတွေနဲ့
ငြိမ်သက်သွားသည့် အသင့်ရဲ့မျက်နှာလေးကို..
သူကစိုက်ကြည့်သည်။
"မင်းအပေါ်ထားတဲ့..ကိုယ့်ရဲ့ခံစားချက်ကို..ဘယ်တော့မှ
သံသယမဝင်ပါနဲ့ "
အသင်...သူ့လက်ထဲက..ရုန်းဟန်လေးပြုတော့..
သူကအသင့်ကိုလွှတ်ပေးကာ..တစ်ဖက်လှည့်
သွားသည်။အသင်..အကျႌကြယ်သီးတွေကိုပြန်
တပ်လိုက်ပြီး..သူ့ဘေးကနေထထွက်ရန်ပြင်လိုက်တော့
သူကအသင့်ကိုလှမ်းဆွဲထားသည်။
"ခဏနေဦး...ဝိုင်နီကအရမ်းပြင်းတယ်..မနက်ကျရင်
မင်းခေါင်းတွေကိုက်နေမှာ..ကိုယ့်ဆီက..ဆေး
ယူသွား..."
ပြောရင်း..သူကထသွားကာ..စားပွဲအံဆွဲထဲက..
ဆေးကဒ်လေးကိုယူလာကာ..အသင့်ကိုပေးသည်။
"ဆေးသောက်ပြီးမှ..အိပ်နော်..goodnight...
ချာတိတ်.."
နေ..ခေါင်းလေးကိုဖွဖွပုတ်ကာ..ပြောလိုက်လျှင်
သူမက..နေ့ကိုမော့ကြည့်ပေမဲ့..ဘာမှမပြောပဲ
အခန်းထဲကနေထွက်သွားတော့သည်။
"ဟူး.."
သူမထွက်သွားမှ..နေ..သက်ပြင်းတစ်ချက်ကို
မူတ်ထုတ်လိုက်ပြီး...ဆိုဖာပေါ်အရုပ်ကြိုးပြတ်
ထိုင်ချလိုက်သည်။
"ရှင်..အသင့်ကိုချစ်လို့လား"
သူမနေ့ကိုမေးခဲ့တဲ့စကား...ဒီလိုမေးခွန်းမျိုး...
နေ..ကိုယ့်ကိုကိုယ်တောင်တစ်ခါမှပြန်မမေးဖူးခဲ့...
သူမကတစ်ခြားမိန်းကလေးတွေနဲ့မတူ..သူမကို
နေရင်ခုန်သည်။သူမကိုနေစွဲမက်သည်။သူမကို
နေ..အနားမှာရှိစေချင်သည်။
အချစ်...အချစ်ဆိုတာ..ဘယ်လိုအရာမျိုးလဲ....
နေ..နားလည်မခံစားတတ်ခဲ့..နေ့ဘဝမှာဘယ်သူ့ကိုမှ
မချစ်ခဲ့ဖူးတာသေချာနေသည်လေ...အခု..သူမက
နေ့ကိုမေးခဲ့သည်။
တစ်ကယ်ဆို..ဒီမေးခွန်းက..နေ့ဘဝမှာပထမဆုံး
အဖြေရှာမရတဲ့မေးခွန်းမျိုး....
"အချစ်ဆိုတာဘာလဲ..."
💜💜💜💜💜💜
အပိုင်း(၂၆)မျှော်...
ကိုကိုက..လက်သွက်ခြေသွက်ရှိပါသော်လဲ..
ကလေး..မေးခွန်းကသတ်သွားသောအခါ😭😭
လိုရင်းမရောက်လိုက်ပြန်ဘူး...ပြောတော့စေတန်တဲ့
မိန်းကလေးတစ်ယောက်ကိုတောင်မချုပ်တတ်ဘူး😒
ငါလေး..ငါ့မင်းသားမို့အဲ့လောက်ပဲပြောတော့မယ်
ဝိုးဒယ်😂😂
Writer by
#Hazel See less