စေတန်ရဲ့သတို့သမီး💜
💜💜💜💜
"ညီမလေး...ညီမလေးဆိုတာဘယ်သူလဲ..."
နေ...အသည်းအသန်...စဉ်းစားလိုက်မိပေမဲ့....
ခေါင်းထဲတဆစ်ဆစ်ထိုးကိုက်လာရုံကလွဲလို့...
ဘာမှထူးခြားမလာခဲ့...
"သခင်လေး..အတိတ်မမေ့ခင်တုန်းက...သခင်လေးမှာ..
အရင်းနှီးဆုံး..မိသားစုဝင်ဆိုလို့..သူဌေးကြီးနဲ့..
ကျွန်တော်ပဲရှိတာပါ..."
အန်ကယ်ဂျိမ်းပြောတဲ့စကားကိုပြန်ကြားယောင်
မိတော့..နေ..ခေါင်းကိုခါရမ်းလိုက်မိသည်။
"အန်ကယ်ဂျိမ်း..ပြောတာတေွသာ..အမှန်ဆိုရင်
ငါမြင်နေ..ကြားနေရတဲ့အရာတွေက..ဘာတွေလဲ..
ပျောက်ဆုံးနေတဲ့..ငါ့ရဲ့..၁၆နှစ်တာမှတ်ညဏ်တွေထဲ
မှာ..ဘာတွေရှိခဲ့တာလဲ...အန်ကယ်ငါ့ကိုတစ်ခုခု
ဖုံးကွယ်ထားတာလား..."
တစ်ယောက်ထဲအတွေးတွေနဲ့..ရူပ်ထွေးသွားရသည်။
ဒါပေမဲ့..အခုချိန်မှာ..သူမကသာ..အရေးကြီးဆုံးမို့
နေ..အရာအားလုံးကိုဘေးချိတ်ထားလိုက်သည်။
"မင်း..ဘာမှမဖြစ်ရဘူး...ချာတိတ်..."
💜💜💜💜
"နှလုံးခုန်တာ..ပုံမှန်ဖြစ်သွားပါပြီ..စိုးရိမ်စရာ..
မရှိတော့ပါဘူး...ဆေးရုံရောက်တဲ့အချိန်သာ...
နည်းနည်းနောက်ကျသွားရင်..လူနာမှာ..အသက်
အန္တာရယ်စိုးရိမ်ရတဲ့အခြေအနေဖြစ်လာနိုင်တယ်.."
သူမကို..ကုသပေးတဲ့တာဝန်ကျဆရာဝန်ပြောနေတဲ့
စကားကို...နားတွေကသာ..နားထောင်နေပေမဲ့...
နေ့ရဲ့..မျက်ဝန်းတွေကတော့..ဆေးရုံကုတင်ပေါ်မှာ..
လှဲလျောင်းနေတဲ့သူမဆီမှာသာစူးစိုက်နေရသည်။
"နှလုံးနဲ့ပါတ်သတ်ပြီး..ခွဲစိတ်မူ့လုပ်ထားတဲ့...
လူတွေအတွက်..ဒီလိုအခြေအနေကစိုးရိမ်စရာပဲ
နောက်ဆိုပိုပြီးဂရုစိုက်ပေးပါ..."
ဒေါက်တာ့စကားကြောင့်..နေ..ဖျပ်ခနဲလှည့်ကြည့်
လိုက်မိသည်။
"နှလုံးနဲ့ပါတ်သတ်တဲ့..ခွဲစိတ်မူ့လုပ်ထားရတယ်..
ဟုတ်လား...သူကလား..ဒေါက်တာ..."
နေ့အမေးကြောင့်..ဆရာဝန်က..နားမလည်ဟန်နှင့်
"ခင်ဗျားက...သူ့ရဲ့မိသားစုဝင်မဟုတ်ဘူးလား"
ဒေါက်တာ့အမေးကြောင့်..နေ..သူမကိုတစ်ချက်
လှမ်းကြည့်လိုက်ရင်း
"သူက..ကျွန်တော့်ချစ်သူပါ..."
"ဪ...."
ထိုအခါမှ..ဆရာဝန်ကနားလည်သွားဟန်နှင့်...
"အဲ့ဒါကြောင့်ကိုး...ပြောရရင်...သူအခုလို..ရုတ်တရပ်
ဖြစ်တဲ့..heart attack ပုံစံမျိူးက...နှလုံးနဲ့...
ပါတ်သတ်တဲ့ခွဲစိတ်မူ့လုပ်ထားရတဲ့..လူတွေမှာသာ
တွေ့ရတတ်တယ်..ကျွန်တော့အထင်သူက..ခွဲစိတ်မူ့
လုပ်ခဲ့ရတာ..နှစ်အတန်ကြာပြီနဲ့တူတယ်..."
ဆရာဝန်က..ပြောပြီးနေ့ကိုကြည့်ကာ...
"နောက်ဆို..ဒီလိုမျိုးမဖြစ်အောင်သူ့ကိုပိုပြီး...
ဂရုစိုက်ပေါ့ဗျာ..ဒီလို..heart attack မျိုးက...
အခန့်မသင့်ရင်..အသက်ပါ..ပါသွားနိုင်တယ်..."
ဆရာဝန်နှင့်သူနာပြုတွေအခန်းထဲကထွက်သွားတော့
နေ..သူမဘေးနားမှာဝင်ထိုင်ရင်း..လက်ကလေးကို
ဆုပ်ကိုင်ထားလိုက်မိသည်။
"ဒေါက်..ဒေါက်.."
ထိုစဉ်..တံခါးခေါက်သံနှင့်အတူ..ဆေးရုံခန်းထဲကို
ဇ,ဝင်လာသည်။
"Boss...ဒီညဆေးရုံမှာပဲ..နေမှာမဟုတ်လား.."
"ဟုတ်တယ်..မင်းခဏနေရင်..စံအိမ်ပြန်လိုက်တော့"
"boss..ညစာမစားရသေးဘူးဆိုတော့..ကျွန်တော်
တစ်ခုခုသွားပြင်လိုက်မယ်လေ..."
"ထားလိုက်တော့...ငါစားချင်စိတ်မရှိဘူး......"
ဒီတစ်ခါတော့..ဇ,ထပ်တွန်မတက်ရဲ...မမလေး..
အခုလိုဖြစ်နေတော့..bossကဗုန်းတစ်လုံးနှင့်
တူနေသည်။ထိလိုက်တာနှင့်ပေါက်ကွဲတော့မည်
ဆိုတာ..ဇ,သိသည်။နဂိုထဲက..bossဘယ်လောက်
ဒေါသကြီးပြီး..စိတ်ဆတ်တယ်ဆိုတာ..သူအသိဆုံး..
"ဇ,...."
"ဗျာ...boss..."
အတွေးလွန်နေစဉ်...bossကရုတ်တရပ်ခေါ်လိုက်
တော့..ဇ,ကပျာကယာထူးလိုက်မိသည်။
"အဲ့ဒီ့တစ်ယောက်.."
"ဘယ်တစ်ယောက်ကိုပြောတာလဲ...boss.."
"အသင့်ကို..အခုလိုဖြစ်အောင်လုပ်ခဲ့တဲ့..ရွှေရုပ်လွှာ
ဆိုတဲ့..မိန်းမ.."
boss...စကားဟလိုက်တာနှင့်..ဘာဆိုတာ...
ဇ,သဘောပေါက်လိုက်သည်။
"boss..သူ့ကိုဘယ်လိုဖြစ်စေချင်ပါသလဲ.."
နေ..ဇ,ကိုငဲ့ကြည့်လိုက်တဲ့..မျက်ဝန်းတွေက..
ခတ်ထန်နေလျက်...
"အဲ့ဒီ့်မိန်းမ..နောက်တစ်ခါ..အသင့်ကိုထပ်ပြီး ..
မထိရဲအောင်..ပညာပေးလိုက်..."
"ဟုတ်ကဲ့ပါ..boss..."
နေ..သူမဘက်ကိုပြန်လှည့်လိုက်ရင်း..သူမ....
လက်ဖမိုးလေးကို..နူတ်ခမ်းတွေနဲ့ထိကပ်လိုက်သည်။
ထို့နောက်..သူမဆံပင်လေးတွေကို..ပွတ်သပ်ပေး
နေမိရင်း...
"မင်းကို..ထိခိုက်အောင်လုပ်တဲ့..ဘယ်သူ့ကိုမဆို
ကိုယ်..လုံးဝခွင့်မလွှတ်ဘူး..."
💜💜💜💜💜
အသိက..ခန္တာကိုယ်မှာပြန်ကပ်သွားသော်လဲ...
တစ်ကိုယ်လုံးချိနဲ့ကာ..အားအင်ကုန်ခမ်းနေသလို
အသင်..ခံစားနေရသည်။လေးလံလှတဲ့..မျက်ခွံတွေကို
အားယူပြီးဖွင့်ကြည့်လိုက်တော့..မျက်နှာကျက်
ဖြူဖြူကိုသာ..အရင်မြင်လိုက်ရသည်။
"ငါ..ဘယ်ရောက်နေတာလဲ...ငါရုံးခန်းထဲမှာ..
အပိတ်ခံထားရတာ..မဟုတ်ဘူးလား..."
ဘေးဘီကိုလဲငဲ့မကြည့်နိုင်ပဲ..စိတ်ထဲကတွေးလိုက်
မိသည်။ထိုအခါ..နွေးထွေးစွာဆုပ်ကိုင်ထားခြင်းကို
ခံထားရတဲ့..လက်တစ်ဖက်ကြောင့်..အသင်...
ဘေးကို..ခပ်ဖြေးဖြေးခေါင်းငဲ့ကြည့်လိုက်မိစဉ်..
"ဟင်..."
ကုတင်ဘေးက..ခုံမှာထိုင်ပြီး..အသင့်ကိုကြည့်နေတဲ့
သူ့ကိုမြင်တော့..အသင်ပါးစပ်လေးအဟောင်းသား
ဖြစ်သွားရသည်။
"မင်းနိုးလာပြီလား...ဘယ်လိုနေသေးလဲ..ချာတိတ်
သက်သာရဲ့လား..."
မေးခွန်းတွေ...တရစပ်မေးပြီး..သူက..ကုတင်ပေါ်
စွေ့ခနဲ..တက်ထိုင်လိုက်ကာ..အသင့်ကို..ပခုံးနှစ်ဖက်
ကနေ..ညင်သာစွာမထူသည်။
"အသင်..ဘယ်ရောက်နေတာလဲဟင်..ရှင်ကရော
ဘယ်လိုဖြစ်ပြီး..အသင့်ရှေ့မှာရှိနေတာလား..
အသင်..အိပ်မက်မက်နေတာလား..."
အသင်..အူလည်လည်လေးနှင့်မေးလိုက်တော့..
သူကနူတ်ခမ်းမဖွင့်ပဲရယ်သည်။ပြီးတော့......
လက်တစ်ဖက်ကို..အသင့်မျက်နှာရှေ့ထိုးပေးရင်း
"အိပ်မက်ဟုတ်မဟုတ်သိချင်ရင်..ကိုယ့်လက်ကို
ထပ်ပြီးကိုက်ကြည့်လိုက်လေ..."
အသင်..သူ့ကိုကြည့်ပြီးဘာမှမပြောနိုင်ပဲဖြစ်နေ
ရသည်။သူက..မျက်လုံးလေးဝိုင်းနေသည့်အသင့်
ခေါင်းလေးကိုခပ်ဖွဖွဖိပွတ်လိုက်ရင်း...
"မင်း..အခုဆေးရုံရောက်နေတာ...မနေ့ညက...
မင်း..ဂျာနယ်တိုက်ကရုံးခန်းထဲမှာပိတ်မိနေတာလေ
မမှတ်မိဘူးလား..."
"ဒါဆို..အသင်က..ဘယ်လိုဖြစ်ပြီးဆေးရုံကို...
ရောက်လာတာလဲ..."
"ကိုယ်...မင်းကိုခေါ်လာတာ..."
"ရှင်..."
အသင်..အံ့ဩလွန်း၍ နူတ်ခမ်းလေးပွင့်ဟသွား
ရသည်။သူတစ်ကယ်ပဲထပ်ပြီး..အသင့်ဆီရောက်လာ
တာတဲ့လား...အသင့်ကိုဘယ်သူမှလာမကယ်နိုင်
တော့ဘူး..ထင်ထားပေမဲ့...သူက..အသင့်ကိုရှာတွေ့
ခဲ့တာတဲ့လား...
"ရှင်..ဘယ်လို..အသင့်ကိုရှာတွေ့ခဲ့တာလဲ...ဟင်.."
အသင်မေးလိုက်တော့..သူကခပ်သဲ့သဲ့ရယ်သည်။
"မင်းဘယ်နေရာကိုပဲရောက်နေရောက်နေ..ကိုယ်မင်းကို
တွေ့အောင်ရှာနိုင်တယ်..မင်းမေ့နေတာလား...
ကိုယ်က..satan(စေတန်)..."
သူပြောသလိုပဲ..သူက..အသင်..ဒုက္ခနဲ့ကြုံခဲ့ရတဲ့..
အချိန်တိုင်း..အသင့်ရှေ့ရောက်လာကာ..မားမား
မတ်မတ်ရပ်တည်ပေးခဲ့သည်။အသင်..ဒုက္ခရောက်တိုင်း
တမ်းတမိနေတာက..တစ်ယောက်..တစ်ကယ်တမ်း
အသင့်ရှေ့ကိုအမြဲတမ်းရောက်လာခဲ့တာကသူ...
အသင်..သူ့ကို..သတိလက်လွတ်ငေးကြည့်နေမိ
ရင်းမှ..ဖျပ်ခနဲအကြည့်လွှဲလိုက်ရင်း...
"အသင်..ဖုန်းကျန်ခဲ့လို့..ဖုန်းပြန်ယူတာ...ဘယ်သူက
အသင့်ကို..သော့ပိတ်လိုက်တာမှန်းမသိဘူး....
ပြီးတော့..မီးတွေပါမှောင်သွားတော့..အသင်အရမ်း
ကြောက်သွားတာ..အသင်..အမှောင်ကိုကြောက်တယ်
မှောင်ပြီး..ပိတ်လှောင်နေတဲ့..နေရာမျိုးဆိုပိုပြီး
ကြောက်တယ်..."
ပြောရင်း..အသင်..ညတုန်းကကြောက်ရွံ့ဖွယ်..
အဖြစ်အပျက်ကိုပြန်တွေးမိကာ..မျက်ရည်ဝဲလာ
ရပြန်သည်။သူက..အသင့်ကိုရင်ခွင်ထဲပွေ့ဖက်ထား
သည်။
"ရှင်သိလား..ရှင်သာ..အချိန်မှီရောက်မလာရင်..
အသင်..တစ်ကယ်ပဲ..သေသွားမလားမသိဘူး..."
ငိုသံပါလေးနှင့်ပြောလိုက်မိတော့..သူက..အသင့်
ဆံပင်တွေကို..ခပ်ဖွဖွသပ်တင်ပေးနေရင်း...
"ကိုယ်က..မင်းကို..အဲ့လိုအဖြစ်ခံမယ်ထင်လို့လား...
ဘယ်လိုလူမျိုးကမှ..မင်းကိုထိခိုက်အောင်လုပ်ခွင့်
မပြုနိုင်ဘူး...မင်းကို..တံခါးဘယ်သူပိတ်ထားခဲ့တယ်
လို့မင်းထင်လဲ..."
"အသင်...အသင်မသိဘူး.."
အသင်...ညာလိုက်မိသည်။တစ်ကယ်ဆို..ဘယ်သူ့
လက်ချက်ဆိုတာ..တွေးကြည့်စရာမလို..အသင့်ကို
ဂျာနယ်တိုက်တစ်ခုလုံးမှာ..ဒုက္ခပေးချင်နေတဲ့..
လူဆိုလို့....ရွှေရုပ်လွှာပဲရှိသည်။ဒါပေမဲ့..သူ့ကို
အသင်မသိစေချင်ပါ..တော်ကြာ..သူ့စိတ်နဲ့ဆို.
ရွှေရုပ်လွှာကို..ဒီအတိုင်းထားမှာမဟုတ်ဘူးဆိုတာ
အသင်သိသည်။
ရင်ခွင်ထဲမှာငြိမ်သက်ရင်း..သူမအတွေးများနေတယ်
ဆိုတာ..နေ..သိသည်။သူမရဲ့ပခုံးနှစ်ဖက်ကနေ
ညင်သာစွာခွာလိုက်ကာ..မျက်နှာလေးကို..စိုက်
ကြည့်မိကာ...
"မင်းမပြောတာနဲ့ပဲ..ကိုယ်မသိနိုင်ဘူး..ထင်နေ
တာလား...
ရွှေရုပ်လွှာ.မင်းကို..ရုံးခန်းထဲမှာပိတ်ထားခဲ့တာ..
သူမဟုတ်လား...."
သူပြောလိုက်တော့..အသင်..ထိတ်ခနဲဖြစ်သွားရကာ
"ဟင်..ရှင်..သူကိုဘာလုပ်မလို့လဲဟင်..."
အသင်..ခေါင်းလေးမော့ပြီး..မေးလိုက်မိလျှင်
သူက..နူတ်ခမ်းတွန့်ကာပြုံးသည်ဆိုရုံုလေးပြုံးသည်။
"ပြောကြည့်လေ..မင်းသူ့ကိုဘယ်လိုဖြစ်စေချင်လဲ
မင်းလိုပဲ..မှောင်မဲပြီးကြောက်စရာကောင်းတဲ့..
နေရာမှာ..သူ့ကို..တညလောက်ပိတ်ထားလိုက်ရမလား"
"အဲ့လိုမလုပ်ပါနဲ့......."
"သူကမင်းကိုဒုက္ခပေးခဲ့တာလေ..ညကကိုယ်သာအချိန်မီ
ရောက်မလာရင်..မင်းအသက်အန္တာရယ်ရှိလာနိုင်
တာကိုသိရဲ့လား..မင်းကိုဒီလောက်..ဒုက္ခပေးခဲ့တဲ့
မိန်းမကို..မင်းကခွင့်လွှတ်နိုင်တယ်ပေါ့..."
နေ..စကားကြောင့်.သူမကမျက်လွှာလေးချသွားရင်း
"ဒါပေမဲ့..အခုအသင်ဘာမှဖြစ်တာမှမဟုတ်တာ..
ပြီးတော့..အသင့်ကြောင့်ရှင့်ကိုတခြားလူတွေက
လူဆိုးလို့ထင်သွားမှာ...အသင်မလိုချင်ဘူး...."
နေ့အတွက်တွေးပေးသလိုလေး..သူမပြောတော့..
နေပြုံးလိုက်မိသည်။
"မင်းကတစ်ကယ့်...ယုန်ဖြူလေးလိုပဲ..."
ခေါင်းလေးကိုဖွဖွပွတ်ကာ...သူကပြောသည်။
"ဒါနဲ့..ရှင်..တစ်ညလုံးအသင့်ကို..စောင့်ပေးနေတာပေါ့"
"ဘာလဲ..အားနာလို့လား..ကိစ္စမရှိပါဘူး..ကိုယ်.
အကြွေးမှတ်ထားလိုက်ပြီးသား..မင်းနေကောင်းသွား
မှပေါ့..."
"ရှင်နော်..."
အသင်..ထိတ်လန့်ဟန်လေးဖြစ်သွားတော့သူက
ရယ်သည်။
"မင်း..နှလုံးနဲ့ပါတ်သတ်တဲ့ခွဲစိတ်မူ့လုပ်ခဲ့ဖူးတာလား"
"ဟင်..ရှင်ဘယ်လိုသိလဲဟင်..."
"မင်းကိုကြည့်ပေးတဲ့..ဆရာဝန်ကပြောတာ..မင်း
အခုရုတ်တရပ်ဖြစ်တဲ့..နှလုံးသွေးကြောပိတ်ဆို့မူ့က
နှလုံးနဲ့ပါတ်သတ်ပြီးခွဲစိတ်မူ့လုပ်ထားတဲ့..လူတွေ
မှာသာ..တွေ့ရတတ်တယ်တဲ့...."
နေ့..စကားကိုသူမကဆုံးအောင်နားထောင်နေပြီးမှ
"အသင်.၁၃နှစ်အရွယ်တုန်းကပါ..ဂျပန်ပြည်က
ဆေးရုံကြီးမှာ..နှလုံးခွဲစိတ်မူ့လုပ်ခဲ့ရတယ်..."
"ဂျပန်ပြည်ထိသွားပြီးခွဲစိတ်ခဲ့ရတာလား..."
"အင်း...အသင်က..မွေးရာပါ..နှလုံးမှာအပေါက်ပါတဲ့
ရောဂါရှိခဲ့တယ်..အဲ့ဒီရောဂါကမျိုးရိုးရှိလို့ဖြစ်တာလေ
အသင့်ရဲ့အမေကလဲ..အဲ့ဒီရောဂါနဲ့ပဲ..အသင်..
၇နှစ်အရွယ်မှာ..ဆုံးသွားခဲ့တာ...ပြီးတော့..အဲ့ဒီ
ရောဂါက..ဒီနိုင်ငံမှာခွဲစိတ်ရင်..အောင်မြင်နိုင်တဲ့...
ရာခိုင်နူန်းကအရမ်းနည်းတယ်လေ...အသင့်မေမေ
တုန်းကလဲ..အဲ့လိုပဲခွဲစိတ်ခန်းထဲဝင်သွားပြီး....
ပြန်မထွက်လာနိုင်ခဲ့ဘူး..အသင်နဲ့ဖေဖေ့ကိုထားခဲ့တာ"
ပြောရင်း..သူမအသံလေးတိမ်ဝင်သွားသည်။နေ
စိတ်မကောင်းစွာနှင့်သူမပခုံးလေးကိုဖွဖွဖက်လိုက်သည်။
"မေမေဆုံးသွားပြီးတော့..ဖေဖေနဲ့အဘွားက...
အသင့်ကိုဆက်ပြီးအရိပ်ကြည့်စောင့်ရှောက်လာခဲ့တာ
အသင်၁၀နှစ်အရွယ်ရောက်တော့..ဖေဖေက...
သူ့ရဲ့ငယ်သူငယ်ချင်း..အန်တီသွင်နဲ့လက်ထပ်ခဲ့တယ်
အန်တီသွင့်မှာ.အသင့်ထက်..၃နှစ်ကြီးတဲ့သား
တစ်ယောက်ပါလာတယ်လေ..သူကအသင်ပြောပြော
နေတဲ့..အသင့်ရဲ့..ကိုကို..."
သူမက..စိတ်လိုလက်ရနှင့်..မိသားစုအကြောင်းတွေ
နေ့ကိုပြောပြနေသည်။
"အန်တီသွင်ရော..ကိုကိုရောက..အရမ်းစိတ်ထား
ကောင်းကြတာ..အသင့်အတွက်..တစ်ကယ့်မိသားစု
ဝင်တွေလိုမျိုး..အချိန်ခဏလေးအတွင်းမှာ...
သံယောဇဉ်တွယ်ခဲ့မိတဲ့အထိပဲ..ဒါပေမဲ့..အသင်တို့
မိသားစုကံမကောင်းခဲ့ပါဘူး...လက်ထပ်ပြီး...
ဘယ်လောက်မှမကြာခဲ့ဘူး..အက်စီးဒင့်တစ်ခုကြောင့်
ဖေဖေနဲ့..အန်တီသွင်ဆုံးသွားခဲ့တယ်..."
နေ..ထပ်ပြီးစိတ်မကောင်းဖြစ်သွားခဲ့ရသည်။..
ဒီလိုမိန်းမငယ်လေးတစ်ယောက်ကို..ကံကြမ္မာက..
အကြိမ်ကြိမ်အခါခါထိုးနှက်ခဲ့တာတဲ့လား...
"အဲ့ဒီ့နောက်ပိုင်းမှာ..အသင့်ရဲ့ရောဂါအခြေအနေက
ပိုပြီးဆိုးလာခဲ့တယ်..အဖွားက..ရှိတဲ့ပစ္စည်းတွေ
ထုခွဲရောင်းချပြီး..ငွေနဲ့အသက်ဆက်ခဲ့ရတယ်
နောက်ဆုံး..ခွဲစိတ်မှဖြစ်တော့မဲ့အခြေအနေအထိ
ဖြစ်လာခဲ့တာ..ဒါပေမဲ့..အသင်ကံကောင်းတယ်လို့
ပြောရမလားပဲ..ဖေဖေရှိစဉ်ထဲက..အသင့်အတွက်
ဆက်သွယ်ထားခဲ့တဲ့..ဂေဟာကနေ..အလှူရှင်
ပေါ်လာခဲ့ပြီး..အသင်..ဂျပန်မှာသွားပြီးခွဲစိတ်
ခဲ့ရတာလေ..."
သူကပြောနေရင်း..ဝဲတက်လာတဲ့မျက်ရည်တွေကို
မျက်တောင်နှင့်ပုတ်ခတ်သိမ်းဆည်းသည်။နေ..
သူမကိုမျက်လုံးမလွှဲပဲ..စိုက်ကြည့်နေမိရင်း...
"မင်းရဲ့အဘွားက..ရိပ်သာမှာ..ရာသက်ပန်ယောဂီ
ဝတ်နေတာဆို..."
"အင်း..ဟုတ်တယ်..ပြောရမယ်ဆိုရင်..အဘွားက
အခုမှ..အေးချမ်းတဲ့ဘဝမျိုးနဲ့..တရားအားထုတ်
ခွင့်ရခဲ့တာပါ..ဒီနှစ်တွေမှာ..အသင့်ကြောင့်.....
အဘွားအများကြီး.ပင်ပန်းခဲ့ပြီးပြီ..အသင်....
အဖွားကို..တစ်ကယ်ပဲ..အေးချမ်းတဲ့ဘဝမျိုးမှာပဲ
နေစေချင်တော့တယ်...အဲ့ဒါကြောင့်အသင်ဘာ
အခက်အခဲနဲ့ပဲကြုံကြုံအဖွားမသိအောင်အသင်
နေခဲ့တာ..."
"မင်းရဲ့ကိုကိုဆိုတာကရော..ဘယ်ရောက်သွားတာလဲ"
"ကိုကို့်.ကို..သူ့အဖေကပြန်လာခေါ်သွားတယ်..
ခုချိန်လောက်ဆို..ကိုကိုလဲသူ့ရဲ့အဖေနဲ့ရှိနေမှာပေါ့"
ကိုကိုဆိုတဲ့လူအကြောင်းပြောလိုက်တာနှင့်...
သူမမျက်နှာလေးကဆွေးမြေ့ရိပ်တွေသမ်းလာခဲ့သည်။
"ကိုယ်မင်းကိုချီးကျူးပါတယ်..အသင်..မင်းလို..
မိန်းမငယ်လေးတစ်ယောက်က..စိတ်ဓာတ်ခိုင်ခိုင်
မာမာနဲ့..ဘဝကိုတစ်ယောက်ထဲ..ကြိုးစားရုန်းကန်
ခဲ့တာပဲ.."
သူမက..နေ့စကားကြောင့်..ခပ်ယဲ့ယဲ့ပြုံးသည်။
နေ..သူမလက်ကလေးကိုဆုပ်ကိုင်လိုက်ရင်း...
"ဒါပေမဲ့..အခုမင်းတစ်ယောက်ထဲမဟုတ်တော့ဘူး
မင်းနားမှာကိုယ်ရှိနေတယ်.."
အသင်..သူ့မျက်နှာချောချောကို ငေးကြည့်နေမိရင်း
ဘာစကားမှမဆိုနိုင်ခဲ့...တစ်ကယ်ဆို..သူနဲ့အသင့်
ကြားမှာ..ရေရာတဲ့ခေါင်းစဉ်တစ်ခုနဲ့ပါတ်သတ်မူ့
ဆိုတာက..အခုထိမရှိလာသေး..သူကအသင့်ရဲ့
ချစ်သူလား..ဟင့်အင်း..သူအသင့်ကိုချစ်တယ်လို့
တစ်ခါမှမပြောခဲ့ဖူးဘူး...
အသင်ဟာ..ဘယ်မိန်းကလေးမှမရခဲ့ဘူးတဲ့အခွင့်
အရေးတွေနဲ့..သူ့ဘေးမှာရှိနေခွင့်ရတဲ့..ပထမဆုံး
မိန်းကလေးတဲ့...သူ..အသင့်ကိုရင်ခုန်ခဲ့တယ်တဲ့လေ..
ဒါပေမဲ့..ဒီလိုမရေရာတဲ့..စကားလုံးတွေနဲ့.....
အကြိမ်ကြိမ်အခါခါ..ယစ်မူးတဲ့သူ့အနမ်းတွေနဲ့
အထိအတွေ့တွေက..ဆုပ်ကိုင်ပြလို့ရတဲ့..ချစ်သက်သေ
တွေမှမဟုတ်တာ...
သူနဲ့ပါတ်သတ်သမျှအကြောင်းတွေကိုလဲ..အသင်
အခုအချိန်ထိဘာမှရေရေရာရာသိခွင့်ရခဲ့တာလဲ
မဟုတ်..သူကအရမ်းကိုလျို့ဝှက်ချက်တွေ...
များလွန်းတဲ့လူတစ်ယောက်...သူအသင့်အပေါ်..
ဘယ်လိုသဘောထားနေတာလဲဆိုတာ..အသင်..
တစ်ကယ်ပဲသိချင်မိသည်။
"ကိုနေကုဋာ....."
တစ်ခုခုပြောရန်သူ့နာမည်ကိုခေါ်လိုက်မိတော့..
သူက..အသင့်နူတ်ခမ်းတွေကို လက်မနှင့်ဖိကပ်
လိုက်သည်။
"ဒီလောက်ဆိုတော်သင့်ပြီထင်တယ်...."
"ဘာ...ဘာကိုလဲဟင်..."
"မင်း..ကိုယ့်နာမည်ကိုအဲ့လိုအပြည့်အစုံခေါ်နေတာ
ကိုပြောတာ...ကြားရတာအဆင်မပြေတော့ဘူး..
သူစိမ်းဆန်နေတယ်..."
"ဒါဆို..အသင်ကဘယ်လိုခေါ်ရမှာလဲ..."
စိတ်လူပ်ရှားနေသလို..မျက်လုံးဝိုင်းလေးတွေနှင့်
သူမကိုကြည့်ပြီး..နေ..ပြုံးလိုက်မိကာ...ပါးဖောင်းဖောင်း
လေးတစ်ဖက်ကိုဆွဲလိုက်ရင်း...
"နေ..လို့ခေါ်...."
"..ဟင့်အင်း..ရှင်ကအသင့်ထက်အသက်ကြီး
တယ်လေ..အဲ့လိိုနာမည်မခေါ်ချင်ပါဘူး..အသင်
ငရဲကြီးမှာပေါ့..."
"အဲ့ဒါဆို..မင်းက..ကိုယ့်ကို..ကိုကိုလို့ခေါ်မှာ..
မို့လို့လား..."
"ရှင်...."
အသင်..အာမေဋိတ်သံလေးထွက်သွားခဲ့လျှင် .
သူက...ဘယ်လိုလဲဆိုသည့်သဘောနှင့်မျက်ခုံး
တစ်ဖက်ပင့်ပြသည်။
"နေ...."
ပထမဆုံး..သူမထံကကြားလိုက်ရတဲ့..ခပ်တိုးတိုး
ခေါ်သံလေး...နေ.ဟက်ခနဲရယ်လိုက်မိသည်။
"ကိုယ်သိပါတယ်...ကိုကိုလို့မင်းခေါ်မှာမဟုတ်ဘူး
ဆိုတာကိုလေ..ကိုယ်ကလဲ..မင်းရင်ထဲမှာ...ကိုယ်က
သီးသန့်ပဲရှိနေချင်တာ..ဘယ်တစ်စုံတစ်ယောက်နဲ့မှ
ရာထွေးသွားမှာကိုလက်မခံနိုင်ဘူး..."
သူ..သဝန်တိုနေတာလား.....အသင်...အတွေးနဲ့
သူ့မျက်ဝန်းတွေထဲကိုအကဲခတ်ကြည့်မိတော့...
အရိပ်အကဲဖမ်းမရလောက်အောင်...သူ့မျက်ဝန်း
တွေကတည်ငြိမ်နေခဲ့သည်။
"မင်းသိလားချာတိတ်..ကိုယ့်ကို..နေလို့ခေါ်ခွင့်
ရတဲ့သူက..ကိုယ့်ပါပါကလွဲရင်..မင်းပဲရှိတယ်...
မင်းက..ကိုယ့်အတွက်..ဘယ်မိန်းကလေးနဲ့မှ...
မတူဘူး..နိူင်းယှဉ်လို့လဲ..မရဘူး..အဲ့ဒါကို..သေချာ
မှတ်ထားလိုက်...."
အသင်က..ရှင့်အတွက်..ဘယ်မိန်းကလေးနဲ့မှ
မတူဘူးတဲ့လား...ဒီလိုအပြောတွေနဲ့သာ..မရေရာနဲ့
ပါတ်သတ်မူ့မျိုးနဲ့ရှင့်နားမှာရှိနေရတာတောင်...
အသင်ကျေနပ်နေခဲ့တာဖြစ်လိမ့်မယ်ထင်တယ်..
ထိုစကားတွေကို..အသင်..သူ့မျက်နှာကိုငေးကြည့်
နေမိရာက...စိတ်ထဲကနေဆိုလိုက်မိရင်း..
💜💜💜💜💜
ဆေးရုံမှာ...ကြာကြာမနေချင်ဘူးဆိုတဲ့..အသင့်ရဲ့
ဆန္ဒအတိုင်း...သူကချက်ချင်းပင်ဆေးရုံဆင်းဖို့
လုပ်ခဲ့သည်။
"ဆေးရုံကဆင်းလာတယ်ဆိုပေမဲ့...မင်း..ဒီ၁ပါတ်
အတွင်းအလုပ်မဆင်းရဘူး...အိမ်မှပဲ..အေးအေး
ဆေးဆေးနားရမယ်..."
ဆေးရုံကနေ..အိမ်ကိုပြန်လာခဲ့တော့...ကားထဲမှာ
သူကအသင့်ကိုကြည့်ပြီးပြောသည်။
"ဒါပေမဲ့..အသင်တို့...ဂျာနယ်တိုက်မှာ
.နှစ်ပါတ်လည်
အထူးထုတ်အတွက်အလုပ်များနေတာကို..."
အသင်..အထွန့်တက်လိုက်လျှင်..သူက..အသင့်ကို
ငဲ့ကြည့်သည်။
"ကိုယ်..မင်းအတွက်...ခွင့်တစ်ပါတ်ယူပြီးသွားပြီ.."
်"ဟင်...အယ်ဒီတာရှင့်ကိုဘာမှမပြောဘူးလား.."
အသင့်အမေးကြောင့်...သူကနူတ်ခမ်းတွန့်ပြုံးကာ
"ဘာပြောနိုင်မှာလဲ...မင်း..ရုံးခန်းထဲမှာပိတ်မိနေတဲ့
ကိစ္စနဲ့..ကိုယ်...မင်းတို့ဂျာနယ်တိုက်ကိုပြသာနာ
မရှာလိုက်တာပဲ..ကံကောင်းတယ်မှတ်လိုက်...
ဒါပေမဲ့လဲ..ကိုယ်...မင်းကိုဒုက္ခပေးတဲ့လူကို...
ဒီအတိုင်း..လွှတ်မပေးနိုင်ဘူး...."
"ဟင်....ရှင်..သူ့ကိုဘာမှမလုပ်နဲ့လို့..အသင်ပြော
ထားတယ်နော်..."
အသင်ပြောလိုက်တော့..သူကပခုံးတွန့်ပြုံးကာ..
ပြန်လှည့်သွားသည်။
"ကျွီ..."
ထိုစဉ်..ကားလေးက...မြေအောက်ကားပါကင်မှာ
ထိုးရပ်သွားပြီဖြစ်သည်။ကားပေါ်ကဆင်းလာ
ခဲ့တော့...
"နေ...အသင်ပြောတာကြားလား..ရှင်..ရွှေရုပ်လွှာကို
ဘာမှမလုပ်ရဘူးနော်..."
အသင်ထပ်ပြောလိုက်တော့..သူ့ခြေလှမ်းတွေ
ရပ်သွားကာ..အသင်ကိုလှည့်ကြည့်သည်။ပြီးတော့
အသင်ဝတ်ထားတဲ့..ကုဒ်အကျႌအနွေးထည်ရင်ဘတ်ကို
ဆွဲစေ့လိုက်ရင်း..အသင့်ကိုစွေ့ခနဲပွေ့ချီလိုက်သည်။
"ဟင်...ဘာလုပ်တာလဲ..."
"ငြိမ်ငြိမ်နေလေ...မင်းကအခုမှဆေးရုံကဆင်းလာတာ
ဆိုတော့..မင်းပင်ပန်းမှာစိုးလို့..ကိုယ်စေတနာနဲ့
ပွေ့ချီသွားမလို့..."
"ဟင့်အင်း..မလိုဘူး..အသင်လမ်းလျှောက်နိုင်တယ်
အောက်ပြန်ချပေး..."
ကားနားမှာရပ်ကျန်နေတဲ့..ဇ,ကလဲ..ရှိနေတာကြောင့်
အသင်..သူ့လက်ထဲကရုန်းနေပေမဲ့..သူကဂရုမစိုက်
စွာနဲ့ပဲ..အသင့်ကိုပွေ့ချီလျက်နှင့်..ဓာတ်လှေကားထဲ
လှမ်းဝင်လာခဲ့သည်။
သူက..အသင့်ကို..အခန်းထဲထိ...လိုက်ပို့ပြီး...
မွေ့ယာပေါ်..အသာချပေးသည်။သူအသင့်ကို..
ဂရုစိုက်တာကိုသိပေမဲ့..အသင့်ကိုတစ်ခွန်းမှ...
မပြောပဲ..သူလုပ်ချင်ရာလုပ်ခဲ့တာကြောင့်...အသင်
သူ့ကိုသိပ်ပြီးမကြည်လင်တာမို့..မျက်နှာလေးက
စူပုတ်နေရသည်။
"အဟွန်း..."
နေ...စူပုတ်ပုတ်နှင့်..နူတ်ခမ်းထော်နေသည့်.....
ဘဲပေါက်လေးကို...ငုံ့ကြည့်ကာရယ်လိုက်မိသည်။
ထို့နောက်...ကုဒ်အကျႌအိတ်ထဲမှာ...အဆင်သင့်
ထည့်ထားတဲ့..ဖုန်းကိုထုတ်ယူလိုက်သည်။
"ရော့..."
အသင်...သူလှမ်းပေးနေတဲ့..ဖုန်းကိုကြည့်လိုက်ရင်း
"ဒါက...ဘာလဲ..."
"မင်းအတွက်...မင်းရဲ့ဖုန်းကပျောက်သွားပြီ...
မဟုတ်လား...ပြန်ရမှာလဲမဟုတ်တော့..ဒီဖုန်းကို
သုံး..."
ပြောရင်း...သူက..ဖုန်းကိုအသင့်လက်ထဲထည့်ပေးသည်။
"ကိုယ့်နံပါတ်ကတော့..ထုံးစံအတိုင်း...Number 1"
အသင်လက်ထဲကဖုန်းကိုတစ်လှည့်...သူ့ကိုတစ်လှည့်
ကြည့်မိရင်း..
"ရှင်..ရွှေရုပ်လွှာကို...ထိခိုက်အောင်ဘာမှမလုပ်
ဘူးလို့...အသင့်ကိုကတိပေးပါ..."
ထိုစကားကိုပဲ...သူမထပ်ပြောသည်။နေ...သူမရဲ့
ခေါင်းလေးကို..ဖွဖွပွတ်ကာ..ပြုံးပြလိုက်ရင်း...
"မင်းနားလိုက်တော့..."
သူက..ထိုမျှသာပြောပြီး...အခန်းထဲကထွက်သွား
တော့သည်။
💜💜💜💜💜
"ဒါဆို...ဒါလေးပဲယူမယ်...."
အဖိုးတန်...ကျောက်မျက်ရတနာပစ္စည်းတွေ...
ထည်ဝါစွာရှိနေသည့်..မှန်ဗီရိုကြီးထဲက..အလှဆုံး
ကျောက်စိမ်းလည်ဆွဲလေးကို..ရွှေရုပ်..လက်ညိုး
ထိုးလိုက်သည်။
"အစ်မနဲ့..ဒီလည်ဆွဲလေးက..တစ်ကယ်လိုက်တယ်.."
ဝန်ထမ်းမိန်းကလေးကပြောရင်း...လည်ဆွဲလေးကို
ထုတ်ယူလိုက်သည်။
"ပါကင်ထုတ်ပေးလိုက်နော်..."
နောက်ထပ်ဝန်ထမ်းတစ်ယောက်ကိုပြောရင်း...
ရွှေရုပ်ကိုကြည့်ကာ...
"အစ်မ...ကဒ်နဲ့ပဲရှင်းမှာမဟုတ်လား..."
ရွှေရုပ်ခေါင်းငြိမ့်ပြလိုက်ရင်း..ဆလင်းဘတ်အိတ်ထဲက
အနက်ရောင်ကဒ်လေးကိုခပ်ကြွားကြွားလေး..
ထုတ်ယူကာ..ပေးလိုက်သည်။
"တီ..."
ကျသင့်ငွေကိုတွက်ချက်ပြီး.....ကဒ်ကိုစက်နှင့်
ဖြတ်လိုက်တော့..တီခနဲထအော်ကာ..အနီရောင်
စာတမ်းလေးကပေါ်လာသည်။
"အစ်မ...အစ်မရဲ့..ကဒ်ကသုံးလို့မရဘူး"
"ဘာပြောတယ်..."
မျက်နှာပျက်ပျက်နှင့်ပြောလိုက်သော...ဝန်ထမ်းရဲ့
စကားကြောင့်ရွှေရုပ်...ဘာခနဲဖြစ်သွားရသည်။
"ဘာလို့သုံးလို့မရရမှာလဲ...ဒါ..black cardလေ..
ရှင်တို့မသိဘူးလား...မြန်မာနိုင်ငံမှာ..ဒါမျိုးကိုင်နိုင်တဲ့
လူကလက်ချိုးရေလို့ရတယ်..."
"ဟုတ်ပါတယ်...ဒါပေမဲ့..အစ်မကဒ်က......
The S See less