💜စေတန်ရဲ့သတို့သမီး💜
💜💜💜💜
"ဒီဖုန်းကို..သေချာသတိထားတဲ့ကြားကကျန်ခဲ့
ရသေးတယ်..."
အသင်..ရုံးဆင်းပြီး..လမ်းတစ်ဝက်ရောက်မှ...ဖုန်း
ကျန်ခဲ့မှန်းသိတာမို့..ပြန်လာလှည့်ယူရခြင်းပါ...
ခါတိုင်းဆိုကြည်နူးက..အသင်ဘာပစ္စည်းမှ...
မမေ့အောင်..အနားကနေ..သတိပေးနေကြ....
ဒီနေ့မှ..ကြည်နူးကလဲ..အလုပ်မလာဘူးလေ...
"ငါ..ဒီမှာပဲထားတာပါ..ဘယ်ရောက်သွားတာလဲ.."
အသင်...စာရွတ်စာတမ်းတွေနှင့်..ရူပ်ပွနေတဲ့...
စားပွဲပေါ်မှာ..ဖုန်းကိုရှာပေမဲ့..မတွေ့....အသင်..
တခြားသူတွေရဲ့စားပွဲတွေနှင့်...အနီးအနားတစ်ဝိုက်
မှာရှာကြည့်ပေမဲ့လဲ..လုံးဝမတွေ့ပေ...
"နေပါဦး..ငါ့ဖုန်းကဘယ်ရောက်သွားတာလဲ...
ကျစ်...ငါ့ဦးနှောက်ကတော့..တစ်ကယ်ပါပဲ..."
အသင်..စိတ်ပျက်ပျက်နှင့်..ခါးထောက်ကာ..ခေါင်းကုတ်
စဉ်းစားနေမိသည်။ထိုစဉ်...အသင်ဖွင့်ပြီး..ဝင်လာခဲ့တဲ့
ရုံးခန်းတံခါးက..တဖြေးဖြေးပြန်စေ့ပိတ်သွားတာကို
သတိမထားမိလိုက်ပါချေ....
"ကလစ်..."
ရွှေရုပ်..တံခါးကိုသော့ခတ်လိုက်ပြီး..သော့ကို
ဆွဲနူတ်လိုက်သည်။
"ဟွန့်..."
နူတ်ခမ်းတွန့်အောင်..ဟွန့်ခနဲမဲ့လိုက်ရင်း...သော့ကို
တစ်လှည့်..တစ်ဖက်လက်ထဲမှာကိုင်ထားတဲ့....
အင်္သချေ့ရဲ့ဖုန်းကိုတစ်လှည့်ကြည့်ကာ..ပြုံးလိုက်မိရင်း..
"အပြောကြီးတဲ့..မိန်းမ...ဒီထဲမှာတညလောက်
နေလိုက်...နင့်ကိုဘယ်သူလာကယ်မလဲဆိုတာ...
ကြည့်လိုက်ဦးမယ်...ဟွန့်..."
ရွှေရုပ်...လက်ထဲမှာရှိနေတဲ့..အင်္သချေ့ရဲ့ဖုန်းကို
ဘထ္တရီဖြုတ်လိုက်ပြီး..ဆလင်းဘတ်အိတ်လေးထဲ
ထည့်လိုက်သည်။
"ဒီမှာပဲ..နင့်ရဲ့heroကိုစောင့်နေလိုက်တော့.....
Bye..Bye...အင်္သချေ..."
စကားအဆုံး..ရွှေရုပ်အရောင်ရင့်ရင့်ဆိုးထားတဲ့
နူတ်ခမ်းတွေကို..တွန့်ပြုံးကာ..ချာခနဲလှည့်ထွက်လာ
ခဲ့သည်။
"ဪ..ရွှေရုပ်အခုမှပြန်မှာလား..."
ထွက်ပေါက်ရှေ့မှာ..ရွှေရုပ်ကိုနူတ်ဆက်လိုက်တဲ့
လုံခြုံရေးဦးလေးကြီး...
"ရွှေရုပ်...ပစ္စည်းကျန်ခဲ့လို့လာယူတာ.."
"ဟော..ခုနကလဲ..အင်္သချေက..ဖုန်းကျန်ခဲ့လို့
လာယူတာတဲ့..ဒီနေ့ငါတို့သတင်းထောက်လေးတွေ
တယ်မေ့နေတာကိုး..ဟေး..ဟေး.."
ဦးလေးကြီးကပြောလဲပြော..ကွမ်းချိုးတက်နေသည့်
သွားတွေပေါ်အောင်ရယ်သည်။ရွှေရုပ်..ဟန်မပျက်
ပြုံးလိုက်ရင်း...
"အသင်က..ပြန်ထွက်သွားပြီလေ..."
"ဟေ...ဟုတ်လား..ဦးလေးတောင်မသိလိုက်ပါလား
ဪ...ဦးလေး..ကွမ်းထုပ်သွားယူနေတုန်း..
ထွက်သွားတာနေမယ်.."
"ဟုတ်လိမ့်မယ်...ရွှေရုပ်သွားတော့မယ်နော်...
ဦးလေး..."
"အေး..အေး..လူကုန်ပြီဆိုရင်..ဦးလေးလဲ......
မိန်းတွေချပြီး..တံခါးပိတ်လိုက်တော့မယ်.."
ပြောရင်း..ရုံးထဲကိုလှမ်းဝင်သွားတဲ့..လုံခြုံရေး..
ဦးလေးကြီးကိုကြည့်ပြီး..ရွှေရုပ်လှစ်ခနဲပြုံးလိုက်သည်။
မိန်းက..ဂျာနယ်တိုက်အောက်ထပ်၊စတိုခန်းထဲမှာ
ချရမှာမို့..ရွှေရုပ်အပေါ်ထပ်ရုံးခန်းမှာပိတ်ထားခဲ့တဲ့
အင်္သချေ..အော်ဟစ်နေရင်တောင်..လုံခြုံရေးက
ကြားမှာမဟုတ်တာသေချာနေသည်လေ...
"ဒီညတော့..နင်ဒီမှာပဲ..အေးအေးဆေးဆေးအိပ်လိုက်
တော့...အင်္သချေ..."
💜💜💜💜
"ဒုန်း..ဒုန်း..."
"အပြင်မှာဘယ်သူလဲ.အထဲမှာ..လူရှိတယ်..တံခါး
ဖွင့်ပေးပါ..."
"ဒုန်း..ဒုန်း..."
ဖုန်းမတွေ့တာနဲ့..ရုံးခန်းထဲကပြန်ထွက်ဖို့်ပြင်လိုက်တဲ့
အသင်...ကိုယ်ဖွင့်ပြီးဝင်လာခဲ့တဲ့တံခါးက..စေ့ပိတ်
နေလို့..အံ့ဩလို့မှမဆုံးသေး..ဖွင့်ကြည့်လိုက်တော့
အပြင်က..သော့ခတ်ထားမှန်းသိလိုက်ရသဖြင့်
ခေါင်းနပမ်းကြီးသွားရသည်။
"အပြင်မှာ..ဘယ်သူမှမရှိဘူးလား..အထဲမှာလူရှိတယ်
တံခါးဖွင့်ပေးပါ.."
"ဒုန်း..ဒုန်း..."
တံခါးကို..တဒုန်းဒုန်းထုရင်း..အဆက်မပြတ်အော်ဟစ်
နေမိပေမဲ့လဲ..အပြင်ကတစ်စုံတစ်ရာတုံ့ပြန်မူ့မရှိ..
"ဒုက္ခပါပဲ..ဘယ်သူက..တံခါးကိုလာပြီးသော့ခတ်
လိုက်တာလဲ...အမလေး..."
တစ်ယောက်ထဲ..စိတ်ပျက်စွာရေရွတ်လိုက်မိစဉ်
ပါတ်ဝန်းကျင်တစ်ခုလုံးမှောင်အတိကျသွားတာကြောင့်
အသင်..လန့်အော်လိုက်မိသည်။
"မိန်း..မိန်းချလိုက်ပြီနဲ့တူတယ်...လာကြပါဦး..
တံခါးဖွင့်ပေးပါ..."
"ဒုန်း...ဒုန်း.."
အမှောင်ထဲရောက်သွားတာနဲ့..အလိုလို...ကြောက်ရွံ့
လာမိတဲ့အသင်..ခနကထက်အသံကိုပိုမြင့်ကာ..
အော်ဟစ်အကူအညီတောင်းနေမိပေမဲ့..ဘယ်သူမှ
ရောက်မလာနိုင်တာကိုလဲသိနေသောအခါ....
ကြောက်စိတ်ကပိုပြီးကြီးစိုးလာရပြီး..မွန်းကြပ်ကာ
အသက်ရူရခက်ခဲလာခဲ့သည်။
"တစ်ယောက်ယောက်...အသင့်ကိုအမြန်လာခေါ်ပါ.."
💜💜💜💜💜
"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်"
"ကျစ်..."
ခဏခဏလူကြီးမင်းနဲ့တိုးနေ၍..နေစိတ်မရှည်စွာပဲ
စားပွဲပေါ်ဖုန်းကိုပစ်တင်လိုက်သည်။
"နောက်ကျနေပြီ..ဒီကောင်မလေးဘာလို့မလာ
သေးတာလဲ..."
နေ..ဟိုတယ်မှာ..သူမကိုစောင့်နေတာ..၂နာရီနီးပါး
ရှိနေပြီဖြစ်သည်။အခုထိသူမရောက်မလာသေး။
"boss..မှာထားတာတွေပြင်ခိုင်းလိုက်ရတော့မလား"
ဇ,က...အနားကိုရောက်လာပြီးမေးသည်။
"ခဏနေဦး..ငါအသင့်ဆီဖုန်းဆက်လို့မရသေးဘူး"
"ဗျာ..မမလေးက..ဖုန်းမကိုင်ဘူးလား..."
"မကိုင်တာမဟုတ်ဘူး..စက်ပိတ်ထားတာ..."
ပြောနေရင်း..နေ့စိတ်ထဲမှာ..လေးလံလာရတာ
မကောင်းတာတစ်ခုခုဖြစ်လာတော့မှာကိုခံစား
နေမိသလိုပင်...
"သူ့ရုံးကနေ..အန်ဂျလီကာဟိုတယ်ကိုရောက်ဖို့
တက္ကစီစီးလာရင်..အချိန်ဘယ်လောက်လိုလဲ"
"၄၅မိနစ်လောက်ရှိပါတယ်..boss..."
ဇ,ပြန်ဖြေတော့..နေ..လက်ထဲကနာရီကိုပင့်ကြည့်
လိုက်ကာ...
"၁နာရီခွဲကြာသွားပြီ..ဇ,ငါသူ့ကိုစောင့်နေတာ...
ပုံမှန်မဟုတ်ဘူး..ပြီးတော့..သူကငါ့ဖုန်းကိုတမင်
မကိုင်ပဲ..စက်ပိတ်ထားမဲ့လူမဟုတ်ဘူး..."
"boss..ပြောချင်တာက..မမလေး..."
ဇ,စကားမဆုံးခင်..နေ..လက်ကာလိုက်မိသည်။
ထို့နောက်...စားပွဲပေါ်ကဖုန်းကိုကောက်ယူရင်း
ထိုင်ရာကနေထလိုက်သည်။
"boss...ဘယ်သွားမလို့လဲ..."
"ငါ့နောက်လိုက်ခဲ့...ဇ,...."
ပြောရင်း..ခြေလှမ်းကြဲကြီးတွေနှင့်..လျှောက်လှမ်း
လာခဲ့တဲ့..နေ့ရဲ့ဦးတည်ရာက...
💜💜💜💜
"လုံခြုံရေးဝန်ထမ်းကပြောပါတယ်...boss...
မမလေးက..ဖုန်းကျန်ခဲ့လို့..လာယူပြီး...ပြန်ထွက်
သွားပါတယ်တဲ့..."
New star ဂျာနယ်တိုက်ကိုရောက်တော့..ဇ,က..
လုံခြုံရေးဝန်ထမ်းဆီသွားစုံစမ်းပြီး..ကားနားမှာ
ရပ်နေသည့်..နေ့ထံလာပြေးပြောသည်။
"သူငယ်ချင်းတစ်ယောက်ယောက်နဲ့များလိုက်သွား
တာဖြစ်လိမ့်မယ်..."
ဇ,ကရိုးရိုးပင်တွေးသည်။နေကတော့..စိတ်ထဲမှာ
မတင်မကျနှင့်တထင့်ထင့်ဖြစ်နေသည်။
"ငါ..ဘာလို့ဒီထဲမှာ..သူရှိနေတယ်လို့ထင်နေရတာလဲ.."
မှောင်မဲနေသည့်..ဂျာနယ်တိုက်အဆောက်အဦး
ကြီးကိုကြည့်ကာ..နေခပ်တိုးတိုးရေရွတ်လိုက်သည်။
"ဗျာ..bossဘာပြောလိုက်တာလဲ..."
"ဘာမှမဟုတ်ဘူး..သွားကြရအောင်..."
"ဟုတ်ကဲ့..."
နေကားထဲဝင်ထိုင်လိုက်တော့..ဇ,ကမောင်းသူ
နေရာတွင်ဝင်ထိုင်ရင်း...
"သိပ်လဲစိတ်မပူပါနဲ့...မမလေးက..ကလေးမှ..
မဟုတ်တာ..စက်ပိတ်ထားတယ်ဆိုတာလဲ..ဖုန်း
အားကုန်နေလို့ဖြစ်မှာပါ..."
ပူပန်စိတ်နှင့်..မကြည်မလင်ဖြစ်နေတဲ့..bossရဲ့
မျက်နှာကိုကြည့်ပြီး..ဇ,လျှာရှည်လိုက်မိလျှင်
bossကဖျပ်ခနဲမျက်လွှာပင့်ကာ..ခပ်စူးစူးကြည့်
လိုက်တော့..နောက်ကြည့်မှန်ထဲကနေbossကို
ကြည့်နေတဲ့ဇ,ချက်ချင်းစတီယာရင်ဆီအကြည့်ရွေ့
သွားရကာ...
"ကားထွက်ပါတော့မယ်..boss..."
ကားထွက်သွားသည်နှင့်..နေ..ကားကူရှင်ကို..
ခပ်လျော့လျော့မှီကာ..မျက်ဝန်းတွေကိုမှိတ်ထားလိုက်
မိရင်း...
"မင်း..ဘာတွေလုပ်နေတာလဲ အင်္သချေ..."
💜💜💜💜💜
"ကယ်ကြပါဦး..အသင့်ကိုတံခါးဖွင့်ပေးပါ..."
တံခါးကိုခေါင်းနှင့်မှီရင်း..ထိုင်ချထားတဲ့..အသင့်ရဲ့
လက်တွေက..တံခါးကိုထုနေပေမဲ့..အားလျော့
နေသည်။မှောင်မဲနေတဲ့..ဒီနေရာမှာ..အသင်..
အသက်ပင်ဝအောင်ရူလို့မရ..လူတစ်ကိုယ်လုံးလဲ
ချွေးတွေရွဲနစ်နေကာ..မူးဝေဝေဖြစ်နေရသည်။
"ကိုကို...."
ခဏ...ခဏ..ပိတ်ပိတ်ကျသွားတဲ့မျက်ဝန်းတွေနှင့်
လူကသတိမလွတ်အောင်ကြိုးစားအားတင်းနေရသည်။
"အသင်အမှောင်ကိုကြောက်တယ်...မှောင်ပြီး..
ပိတ်လှောင်နေတဲ့နေရာမျိုးဆိုပိုပြီးကြောက်တယ်..
ဒါကို..ကိုကိုသိတယ်မဟုတ်လား..ကိုကို.......
အသင့်ကိုလာခေါ်ပါနော်..အသင်အရမ်းကြောက်တယ်
ကိုကို..အသင့်ဆီမြန်မြန်လာခဲ့ပါ.."
ပြောချင်တဲ့စကားများစွာက..နူတ်ခမ်းဖျားကနေ
ထွက်မလာပဲ..စိတ်ထဲကသာပြောနိုင်တဲ့အထိ..
အားအင်ကုန်ခမ်းနေခဲ့သည်။
"ကိုကိုဘယ်မှာလဲ..အသင့်ဆီမြန်မြန်လာခဲ့ပါ.. .
ကိုကိုရေ..."
ကိုကို့ကိုပဲ..တမ်းတနေမိတဲ့အသင့်ရဲ့မျက်ဝန်းထဲမှာ
တစ်ကယ်တမ်းမြင်ယောင်နေမိတာက..သူ့ရဲ့.
မျက်နှာ..
အသင်..တံခါးကိုကိုင်ကာ..အားပြုပြီးထရပ်ရန်
ပြင်လိုက်စဉ်...
"အ..."
ဘယ်ဘက်ရင်အုံဆီက..စူးခနဲအောင့်တက်သွားကာ
အသက်ရူမရတော့ပဲ..နေရာတွင်ပစ်လဲကျသွားခဲ့ရင်း
"ကိုကို..အသင့်ကိုလာခေါ်ပါ..."
💜💜💜
"အ...ကျစ်.."
ခေါင်းထဲကို..သံချောင်းတစ်ခုနဲ့ထိုးစိုက်လိုက်သလို
နာကျင်မူ့ကြောင့်..နေဖျပ်ခနဲ..မျက်လုံးဖွင့်လိုက်
မိသည်။
"boss..ဘာဖြစ်လို့လဲ..."
ကားမောင်းနေတဲ့ဇ,အမေးကို..နေ..ခေါင်းကို..
လက်နှင့်..ဖိထောက်ထားရင်းမှ..ခေါင်းခါလိုက်မိသည်။
"ဘာမှမဖြစ်ဘူး...ဇ,..."
"ဗျာ..."
"ကားကိုပြန်လှည့်လိုက်..."
"ဘယ်..ဘယ်ကိုလှည့်ရမှာလဲ..boss..."
"New star ဂျာနယ်တိုက်ကို..."
"ဗျာ..အဲ့ဒိကိုဘာလုပ်ဖို့.."
နေ...လှမ်းကြည့်လိုက်တော့..ဇ,ထပ်ပြီး..မမေးရဲ
တော့ပဲ..
"ဟုတ်ကဲ့..ကျွန်တော်အခုချက်ချင်း..ပြန်လှည့်
လိုက်ပါ့မယ်.."
ထို့နောက်ကားလေးကနောက်ကြောင်းပြန်လှည့်
လာခဲ့သည်။နေ..နဖူးကို..လက်ချောင်းတွေနှင့်
ဖိထောက်ထားကာ.မျက်လုံးတွေမှိတ်ထားမိသည်။
တစ်ယောက်ယောက်က..နေ့ကို..တမ်းတနေသလို
နေခံစားနေရတာ..တစ်ဆက်တည်းခေါင်းထဲမှာ
ပူပန်မိသွားတာက..သူမအတွက်..
"ငါဘာလို့..အသင်.အန္တာရယ်နဲ့ဲကြုံနေရတယ်လို့
ခံစားနေရတာလဲ..."
💜💜💜💜
"တစ်ကယ်...ဒီထဲမှာဘယ်သူမှမရှိတော့ပါဘူးဗျာ
ကျုပ်သေချာစစ်ပြီးမှ..ပိတ်လိုက်တာပါလို့....
အစ်ကိုလေးတို့ကို..ဘယ်နှစ်ခါပြောရမလဲ.."
လုံခြုံရေးကပြောရင်း..စိတ်မရှည်သလို...အသံက
မာလာသည်။ဇ,အနောက်မှာလက်ပိုက်ရပ်နေသည့်
နေ့ကိုငဲ့ကြည့်သည်။
"ပြီးတော့အစ်ကိုလေးတို့ပြောတဲ့..အင်္သချေက...
ဖုန်းယူပြီးတော့ပြန်သွားတာ..လူတစ်ယောက်လုံး
အထဲမှာရှိနေတာကို..တံခါးတွေပိတ်ပြီး..မိန်းချ
ထားရအောင်..ကျုပ်ကအရူးမှမဟုတ်တာ.."
"အင်္သချေ..ပြန်ထွက်သွားတာ..ခင်ဗျားမျက်လုံးနဲ့
သေချာမြင်လိုက်တယ်ပေါ့.."
နေ..ရုတ်တရပ်..ဝင်မေးလိုက်တော့..လုံခြုံရေးက
အဲ..ခနဲဖြစ်သွားသည်။
"ကျုပ်..သေချာမမြင်လိုက်ပေမဲ့..နောက်ဆုံးထွက်
လာတဲ့လူပြောတာ.."
"နောက်ဆုံးထွက်လာတာက..ဘယ်သူလဲ.."
"ရွှေရုပ်လွှာ.ကျုပ်တို့ဂျာနယ်တိုက်ကသတင်းထောက်ပဲ
သူလဲပစ္စည်းကျန်ခဲ့လို့လာယူတာတဲ့..အင်္သချေ
ထွက်သွားပြီဆိုတာလဲသူပဲပြောတာ.."
ရွှေရုပ်လွှာဆို၍..နေ့ရဲ့သံသယတွေပိုပြီးကြီးထွား
သွားရသည်။သူမက..အသင့်ကိုအမြဲတမ်း...ဒုက္ခ
ပေးဖို့.ကြံနေတယ်ဆိုတာ..နေသိထားသည်။
"ကျွန်တော်တို့်ကို..တံခါးဖွင့်ပေးပါ..ကျွန်တော်
အထဲကိုဝင်ကြည့်မှဖြစ်လိမ့်မယ်..."
"ဟာ..ဘယ်ဖြစ်မှာလဲ..တံခါးတွေအားလုံးက..
ပိတ်လိုက်ပြီလေ..အစ်ကိုလေးတို့ကိုတံခါးဖွင့်
ပေးရင်..ကျုပ်အလုပ်ပြုတ်သွားမှာပေါ့..."
နေ..ထိုလူရှေ့..ခြေတစ်လှမ်းတိုးကာရပ်လိုက်ရင်း
"ခင်ဗျား..အခု..ကျွန်တော်ကိုတံခါးမဖွင််ပေးရင်..
ခင်ဗျားတို့ဂျာနယ်တိုက်တစ်ခုလုံး..ပြုတ်သွားလိမ့်မယ်"
နေ့..စကားကြောင့်..ထိုလူကထိတ်လန့်သွားသလို
ခန့်ညားဝင့်ထည်နေသည့်..နေ့ရဲ့ပုံစံကိုခြေဆုံး
ခေါင်းဆုံးအကဲခတ်သလိုကြည့်သည်။
"အစ်ကိုလေးကဘယ်သူမို့လဲ..:"
"ကျွန်တော်..ဘယ်သူလဲဆိုတာထက်..ခင်ဗျားသာ
တံခါးကိုအရင်ဖွင့်ပေးလိုက်ပါ..ဖြစ်လာသမျှအကျိုး
ဆက်ကို..ကျွန်တော်တာဝန်ယူတယ်..ခင်ဗျား
အလုပ်မပြုတ်စေရဘူး..."
တည်ကြည်တဲ့မျက်ဝန်းတွေနှင့်နေ့ကိုကြည့်ပြီး...
လုံခြုံရေးကယုံကြည်သွားပုံရသည်။
"ကျုပ်နောက်လိုက်ခဲ့ပါ.."
ခါးမှာချိတ်ထားတဲ့..သော့တွဲကြီးကိုယူပြီး.....
ထို.ညစောင့်ဝန်ထမ်းက..နေတို့ကိုဦးဆောင်ပြီး
ခေါ်လာခဲ့သည်။
💜💜💜💜
အရင်ဆုံး..မိန်းတွေပြန်တင်ရင်း..လုံခြုံရေးက..
အပေါ်ထပ်..ရုံးခန်းတွေရှိရာကို..ခေါ်လာသည်။
"သူဖုန်းကျန်ခဲ့လို့လာယူတာဆို..သတင်းထောက်
တွေရဲ့အခန်းကဘယ်မှာလဲ.."
"ဟို..ထောင့်ဆုံးကအခန်းပါ.."
ထိုလူညွှန်ပြတဲ့အခန်းရှေ့ကိုရောက်တော့..နေ..
တံခါးလက်ကိုင်ကိုလှည့်လိုက်ပေမဲ့..ပွင့်မသွား
"သော့ခတ်ထားတာပဲ..ထူးဆန်းတယ်..အရင်က
ရုံးခန်းတွေကို..သော့မခတ်ထားပါဘူး.."
ထိုလူရဲ့စကားကြောင့်..နေပိုပြီး..သံသယဝင်သွား
ရသည်။တံခါးနားကို..နားနှင့်ကပ်လိုက်ရင်း..
"အသင်...အထဲမှာရှိနေတာလား..."
"ဒုန်း...ဒုန်း..."
"အသင်..."
နေ..တံခါးကို..တဒုန်းဒုန်း..ထုနေပေမဲ့..အထဲက
တုံ့ပြန်သံမကြားရ...
"ဒီအခန်းသော့..ခင်ဗျားဆီမှာရှိလား.."
"ရုံးခန်းသော့တွေက..ကျွန်တော့်ဆီမှာမရှိဘူး..."
"ကျစ်..."
နေ..စိတ်ပျက်သလိုစုပ်သပ်ရင်း..ပါတ်ဝန်းကျင်ကို
မျက်လုံးဝေ့ကြည့်လိုက်မိတော့..နံရံမှာ..ကပ်ချိတ်
ထားတဲ့..မီးသတ်ဆေးဘူးကိုမြင်လိုက်ရသည်။
"ခဏလေး..."
နေ..မီးသတ်ဆေးဘူးကိုပြေးဖြုတ်ယူလိုက်သည်။
"ဒုန်း...ဒုန်း..."
တံခါးလက်ကိုင်ကို..မီးသတ်ဆေးဘူးနှင့်...၁၀
ချက်လောက်..အားပြင်းပြင်းနှင့်ထုလိုက်သည်။
နေ့..လက်လဲပေါက်ပြဲသွားပြီး..တံခါးလဲ..သော့
ပွင့်သွားခဲ့သည်။
"ရပြီ..."
"ဒုန်း.."
တံခါးကိုခြေဖြင့်ကန်ဖွင့်ရင်း..အထဲကို..လှမ်းဝင်
လိုက်ချိန်...
"ဟင်..ချာတိတ်.."
တံခါးနားမှာ..ခွေခွေလေးလဲကျနေတဲ့..သူမကို
မြင်လိုက်ရတော့..နေ.မျက်လုံးတွေပြာဝေသွားရကာ
သူမကိုပြေးပွေ့ထူလိုက်သည်။
"အသင်..သတိထားပါဦး..ချာတိတ်..ကိုယ်...
ခေါ်နေတာကြားလား..."
သူမ...ခန္တာကိုယ်ကအေးစက်နေကာ..မျက်နှာလေး
တစ်ခုလုံးနီမြန်းနေသည်။နေ..သူမနှာခေါင်းဝနား
လက်တေ့ကြည့်တော့..သူမအသက်ကောင်ကောင်း
မရူနိုင်တော့..
"ဇ,အသင့်ကိုချက်ချင်းဆေးရုံပို့ရမယ်..."
"ဟုတ်ကဲ့..boss.."
နေ..သူမခန္တာကိုယ်လေးကို..ပွေ့ယူလိုက်ပြီး...
မပြေးရုံတစ်မယ်..ခြေလှမ်းကြဲကြီးတွေနှင့်......
လှမ်းထွက်လာခဲ့သည်။နေ့..ရင်ထဲမှာ..ပဲတင်ထပ်မျှ
အော်ပြောနေမိတာက..
"မင်း..ဘာမှမဖြစ်ရဘူး..ချာတိတ်..."
💜💜💜💜
"အသင်..သတိထားပါ...မင်းဘာမှမဖြစ်ရဘူးနော်
ကို်ပြောတာကြားတယ်မဟုတ်လား..."
သူမကိုတင်ခေါ်သွားတဲ့..ဆေးရုံတွန်းလှည်းရဲ့
ဘေးကနေ..နေ..သူမလက်လေးကိုဆုပ်ကိုင်ထားရင်း
လိုက်ပါလာခဲ့သည်။အောက်စီဂျင်ပေးထားတဲ့..
သူမမျက်နှာဖြူဖျော့ဖျော့လေးက..မြင်ရက်စရာ
မရှိ.....
"လူနာရှင်..နေခဲ့ပါ..ဆက်လိုက်လို့မရပါဘူး.."
နားထဲမှာကြားလိုက်ရတဲ့အသံနှင့်အတူ..နာ့စ်..
တစ်ယောက်က..နေ့ရှေ့ကနေတားဆီးသလိုရပ်
လိုက်တော့..နေ..ဆုပ်ကိုင်ထားမိတဲ့သူမရဲ့လက်ကလေးက
တဖြေးဖြေးလွတ်ထွက်သွားခဲ့ပြီး...
."ဂျိမ်း..."
ခနဲမြည်အောင်..ပိတ်သွားတဲ့အရေးပေါ်အခန်းရဲ့
တံခါးနှစ်ချပ်...နေ..ဒီလိုအခြေအနေကိုရင်းနှီးနေတယ်..
ဘယ်မှာလဲ..ဘယ်တုန်းကလဲဆိုတာ..စဉ်းစားလို့
မရ....
"ဘာမှမကြောက်နဲ့နော်..၃နာရီပဲကြာမှာပြီးတာနဲ့
ညီမလေးလုံးဝနေကောင်းသွားမှာ..."
"ကျန်းကျန်းမာမာအသက်ရှင်ပြီး..ပျော်ပျော်ရွှင်ရွှင်
နေသွားပါ..ကိုကို့ရဲ့ညီမလေး..."
နားထဲမှာကြားယောင်လာရတဲ့အသံတွေနဲ့အတူ. .
အာရုံထဲမှာမြင်လာရပြန်တဲ့ဝိုးတဝါးပုံရိပ်တွေ
နေ..ထိုးကိုက်လာတဲ့ခေါင်းကိုလက်နှစ်ဖက်နှင့်
ဖိကိုင်ထားရင်း...
"ညီမလေး..ညီမလေးဆိုတာဘယ်သူလဲ..."
💜💜💜💜💜
အပိုင်း(၂၄)မျှော်