💜စေတန်ရဲ့သတို့သမီး💜
💜💜💜💜
"အား..."
ခေါင်းထဲကမခံမရပ်နိုင်အောင်..ထိုးကိုက်နေတဲ့
ဝေဒနာကြောင့်..နေ..အံကြိတ်ကာ..ခပ်တိုးတိုး..
ငြီးငြူလိုက်မိသည်။နေ့ကြောင့်..သူမကို..အိပ်ရေး
မပျက်စေချင်တာကြောင့်..ကုတင်ပေါ်ကနေ...
ဖြေးဖြေးဆင်းလိုက်ပြီး...ယိုင်နဲ့နေတဲ့..ခြေလှမ်းတွေနှင့်
ရေချိုးခန်းထဲ..ဝင်လာခဲ့သည်။
"ဗြုတ်..ဗြုတ်..."
ဝတ်ထားတဲ့..ရှပ်အကျႌကကြယ်သီးတွေကို...
ခပ်ကြမ်းကြမ်းဆွဲဖြုတ်လိုက်ရင်း..အကျႌကို..
ချွတ်ပစ်ကာ..ရေချိုးခန်းကြမ်းပြင်ကို..လုံးထွေး
ပစ်ပေါက်ပစ်လိုက်သည်။
"ဟား..."
"ဒုန်း.."
နေ..ဒေါသနှင့်..ရေချိူးခန်းနံရံကိုလက်သီးနှင့်
ပစ်ထိုးလိုက်သည်။
နဂိုထဲက..စိတ်ကြီးသူမို့..ခံစားနေရတဲ့ဝေဒနာရော
အာရုံထဲမှာ..ထင်ရှားစွာမြင်နေရပေမဲ့..ဘယ်သူတွေ
ဆိုတာ..လုံးဝကိုစဉ်းစားလို့မရတဲ့...အခြေအနေက..
တစ်ကယ့်ကိုစိတ်ပျက်စရာ...
"ဘာတွေလဲ..သူတို့ကဘယ်သူတွေလဲ..ပျောက်ဆုံး
နေတဲ့ငါ့မှတ်ညဏ်တွေထဲမှာ..ဘာတွေရှိခဲ့တာလဲ..
သူတို့က..ငါ့ကိုဘာလို့ချမ်းလို့ခေါ်နေရတာလဲ..
ဒါမှမဟုတ်..နေ့လည်က..ငါ့ကိုလူမှားခဲ့တဲ့..အမျိုးသမီး
ကြောင့်..ငါစိတ်စွဲပြီး..ထင်ယောင်ထင်မှား..ဖြစ်
နေတာလား...ဟား..တစ်ကယ်ပဲ..."
နေ..ရေချိုးခန်းနံရံကိုလက်တစ်ဖက်ထောက်ထားရင်း
ရေပန်းကိုဖွင့်ချလိုက်သည်။အေးမြနေတဲ့ရေတွေက
ခေါင်းကနေတစ်ဆင့်..တစ်ကိုယ်လုံးကိုစီးကျနေ
သော်လဲ..နေ့ရင်ထဲမှာရော..ခေါင်းထဲမှာပါ..မီးတောက်
နေခဲ့သည်။
နေ..မျက်နှာကိုမော့လိုက်ကာ..ရေပန်းအောက်မှာ
ရပ်နေမိရင်း....
💜💜💜
"အင်း...."
အသင်..ဖျပ်ခနဲတရေးနိုးလာတော့..အနားမှာ..
သူရှိမနေတော့....
"ဟင်..ဘယ်ရောက်သွားတာလဲ.."
အသင်..မွေ့ယာပေါ်ကနေထထိုင်လိုက်ပြီး..အခန်းထဲကို
ဝေ့ကြည့်လိုက်တော့..ရေချိုးခန်းတံခါးပွင့်နေတာကို
မြင်လိုက်ရသည်။
အသင်..ကုတင်ပေါ်ကဆင်းကာ..ရေချိုးခန်းနားကို
လျှောက်သွားလိုက်တော့..အထဲကနေ..ရေသံ
ခပ်သဲ့သဲ့ကိုကြားလိုက်ရသည်။
"ဟင်..သူ..ဒီအချိန်ကြီးရေချိုးနေတာလား....နေလဲ
မကောင်းတာကို..ဒီလူကတော့..."
အသင်..သူ့ကိုစိတ်ပူသွားရတာမို့..သတိလက်လွတ်နှင့်
ရေချိုးခန်းထဲ..လှမ်းဝင်လာခဲ့မိရာ...
"ရှင်..."
အကျႌကျွတ်ကြီးနှင့်..ရေပန်းအောက်မှာ..နံရံကို
လက်ထောက်ပြီး..ခေါင်းစိုက်ရပ်နေသည့်သူ့ကို
မြင်လိုက်တော့..ရင်ထဲထိတ်သွားရသည်။
"ကိုနေကုဋာ...ရှင်အဲ့ဒါဘာလုပ်နေတာလဲ.."
အသင်..သူ့အနားကိုပြေးသွားလိုက်ကာ..ရေပန်းကို
ပိတ်လိုက်သည်။
"ရှင်နေမကောင်းတာကို..ဒီအချိန်ကြီး..ရေချိုးလို့
ရမလား...ဟင်.."
ပြောနေရင်း..အသင့်ရဲ့မျက်ဝန်းတွေက..နံရံမှာ
ထောက်ထားတဲ့..သူ့ရဲ့လက်ဆစ်နေရာက..ပေါက်ပြဲ
နေတာကိုမြင်လိုက်ရသည်။
"ရှင့်..လက်မှာသွေးတွေထွက်နေပြန်ပြီ...ရှင်ဘာဖြစ်
နေတာလဲ..အသင့်ကိုပြော.."
အသင်..ပြောလဲပြော..သူ့ကိုလဲ..အသင့်ဘက်အတင်း
ဆွဲလှည့်လိုက်သည်။
"ဟင်.."
မည်မျှကြာအောင်..ရေပန်းအောက်မှာရပ်နေလဲ
မသိ..အအေးဒဏ်ကြောင့်...သူ့နူတ်ခမ်းတွေက.....
ဖြူရော်နေသည်။စင်ယော်တောင်မျက်ခုံးတွေကို
တွန့်ချိုးကျနေသည်အထိမျက်မှောင်ကြုတ်ထားကာ
နီရဲနေသည့်...သူ့မျက်ဝန်းတစ်စုံက..ခံရခက်တဲ့.....
ဝေဒနာတစ်ခုကို..ခါးစည်းခံနေရသလိုပင်....
"ရှင်..ဘာဖြစ်နေတာလဲ..ရှင်ခေါင်းကိုက်တာ...
မသက်သာဘူးလား..အသင်..အသင်..ဘာလုပ်
ပေးရမလဲဟင်..."
အသင်..သူ့ကိုကြည့်ပြီး...ခြေမကိုင်မိ၊လက်မကိုင်မိနှင့်
ပျာယာခတ်သွားရသည်။
"အသင်..တစ်ယောက်ယောက်ကိုလှမ်းခေါ်ပေးရမလား
အ..."
စကားပင်မဆုံးလိုက်..သူကအသင့်ခန္တာကိုယ်လေးကို
လက်တံရှည်တွေနှင့်..တင်းကြပ်စွာပွေ့ဖက်လိုက်သည်။
အသင်..သူ့ရင်ခွင်ထဲမှာ..မြုပ်ကွယ်လုမတတ်
မွန်းကြပ်သွားရပေမဲ့....ရုန်းကန်ဖို့မကြိုးစားမိ...
နေ..သူမရဲ့ခန္တာကိုယ်လေးကို..ညှာတာရကောင်းမှန်း
မသိအောင်ပင်..တင်းကြပ်စွာပွေ့ဖက်ထားမိသည်။
ပြီးတော့..သူမရဲ့ဆံပင်တွေထဲ..မျက်နှာကိုအတင်း
တိုးဝှေ့နေမိရင်း
"ကိုယ့်ကိုဒီအတိုင်းလေးခဏလောက်နေပေးပါ..
မင်းကို..အခုလိုမဖက်ထားရရင်..ကိုယ်..."
စကားကိုဆုံးအောင်မပြောနိုင်ပဲ..သူမရဲ့ဆံပင်တွေကို
မျက်နှာနှင့်ဖိပွတ်နေမိရင်း...
"ခေါင်းထဲကရော..ရင်ဘတ်ထဲကပါနာတာ.....
အသက်မရူနိုင်တော့တဲ့အထိပဲ...ကိုယ်..ကိုယ်..
တစ်ကယ်ပဲ..ရူးတော့မယ်ထင်တယ်..."
အသင်..ရေစိုနေတဲ့သူ့ရဲ့ရင်အုပ်ကျယ်ကြီးထဲမှာ
မျက်နှာအပ်ထားရင်း..သူ့ရင်ဘတ်မှာကပ်ထားမိတဲ့
လက်နှစ်ဖက်က..ကိုယ်တိုင်သတိမထားမိခင်....
သူ့ကျောပြင်ကို..နှစ်သိမ့်သလို ခပ်ဖွဖွ..ပွတ်သပ်
ပေးနေမိသည်။
သူအရမ်းခံစားနေရတယ်ဆိုတာ..သိသည်။သူနာကျင်
နေသလို..အသင်လဲနာကျင်နေမိတာဘာ့ကြောင့်
ပါလိမ့်....ကိုယ့်ကိုကိုယ်မေးခွန်းပြန်ထုတ်နေမိစဉ်
ဝဲတက်လာရတဲ့မျက်ရည်တွေ...
"ရှင်အဲ့လောက်ထိခံစားနေရတာ..အသင်ဘာလုပ်
ပေးနိုင်မလဲဟင်..အသင်လေ..ရှင့်ကိုကူညီပေးလို့
ရရင်...တစ်ကယ်ပဲ..ကူညီပေးချင်တယ်..ဟင့်.."
အသံမတုန်အောင်ကြိုးစားထားတဲ့ကြားက..ရိူက်သံက
ပါသွားရသည်။ထိုအခါ..အသင့်ကိုတင်းကြပ်စွာ
ပွေ့ဖက်ထားတဲ့လက်တွေကပြေလျော့သွားကာ..
သူကလက်နှစ်ဖက်နှင့်အသင့်မျက်နှာလေးကို..
ပင့်မော့ယူလိုက်သည်။ပြီးတော့..စီးကျလုလုဖြစ်နေတဲ့
မျက်ဝန်းထောင့်ကမျက်ရည်တွေကို..လက်မနှင့်
သုတ်ဖယ်ပေးနေရင်း....
"ခေါင်းကိုက်တာက..ကိုယ်လေ...မင်းကငိုနေတာလား"
"ရှင်ကအရမ်းနာကျင်နေတာလေ..အသင်ရှင်
ခံစားနေရတာကိုမကြည့်ရက်ဘူး..."
အသင့်စကားကိုနားထောင်ပြီး..သူကခပ်ယဲ့ယဲ့ဲဲပြုံးသည်။
"ကိုယ့်ကြောင့်..မင်းခံစားနေရတာလား"
"အင်း..."
တစ်ကယ်ပင်ငိုတော့မဲ့မျက်နှာလေးနှင့်ရူံ့မဲ့နေတဲ့
သူမကိုကြည့်ရင်း..နေ..ဝေဒနာကိုခဏမေ့သွားကာ
ကျေနပ်စွာပြုံးလိုက်မိသည်။
"ရှင်သက်သာရဲ့လားဟင်...."
အနည်းငယ်အပြုံးရိပ်ထင်လာတဲ့..သူ့ရဲ့မျက်နှာကို
အသင်..လက်လေးနှင့်ဖွဖွထိကိုင်ရင်း..မေးလိုက်
မိလျှင်..သူကထိုလက်လေးကိုဖမ်းဆုပ်ထားလိုက်ရင်း
"အင်း.ကိုယ်သက်သာတယ်..."
"လိမ်နေပြန်ပြီ..မျက်နှာကဖြင့်သွေးမရှိသလို...
ဖြူစုပ်နေပြီးတော့..."
မကျေမနပ်ဟန်လေးနှင့်ပြောပြီး..ကျန်နေတဲ့..
လက်တစ်ဖက်နှင့်..သူမက..ကျလုလုဖြစ်လာပြန်တဲ့
မျက်ရည်တွေကို..ပွတ်သုတ်နေပြန်သည်။နေ...
သူမကိုကြည့်နေရင်း..ရင်ခုန်သံတွေမြန်ဆန်လာရသလိုပင်။
"ဒီလိုဆို..ကိုယ်ပိုသက်သာမယ်ထင်တယ်.."
ပြောရင်း.......
နေ.သူမရဲ့ခါးလေးကိုလက်တစ်ဖက်နှင့်သိမ်းဖက်
လိုက်က....သူမကိုနံရံဘက်ကိုတွန်းပို့လိုက်သည်။
သူမရဲ့ကျောပြင်နှင့်ရေချိုးခန်းနံရံထိကပ်မိသွားတော့
သူမကမျက်လုံးလေးဝိုင်းသွားကာ..နေ့ကို.....
အထိတ်တလန့်လေးမော့ကြည့်လာသည်။နေ...
သူမရဲ့နူတ်ခမ်းလေးကို..လက်မနှင့်ဖိပွတ်လိုက်ရင်း
"အနမ်းထက်ပိုတဲ့..ဘယ်လိုအရာမျိုးမှ..ဖြစ်မလာ
စေရဘူးလို့ကိုယ်အာမခံတယ်..."
အရင်လိုငြင်းဆန်ဖို့သူမမေ့လျော့နေခဲ့သလားမသိ
မျက်လုံးလေးဝိုင်းလျက်..နေ့ကိုကြည့်နေဆဲဖြစ်တဲ့
သူမရဲ့..ခပ်ဟဟပွင့်နေတဲ့နူတ်ခမ်းနူတ်လွှာကြား
နေ့နူတ်ခမ်းတွေတိုးဝင်သွားခဲ့ပြီးနောက်...
"..........."
ကကြီးပုံနူတ်ခမ်းပြည့်ပြည့်လေးတွေကို...တစ်ချက်ချင်း
ဖြေးညင်းစွာစုပ်နမ်းနေမိရာမှ...ရင်ခုန်သံတွေကို
မလွန်ဆန်နိုင်စွာပဲ..နေ့အနမ်းတွေက....ကြမ်းတမ်း
လာခဲ့ပြန်သည်။
"အွန့်...ဟွန့်..."
နေ့အနမ်းတွေကြောင့်...မွန်းကြပ်လာပုံရသည့်..
သူမရဲ့လက်ချောင်းလေးတွေက....အဝတ်မပါတဲ့....
နေ့ရဲ့ရင်ဘတ်ကိုကုတ်ခြစ်နေခဲ့သည်။
နေ..ရင်ဘတ်ပေါ်မှာရှိနေတဲ့..သူမရဲ့လက်နှစ်ဖက်ကို
ဆွဲခွာလိုက်ကာ..နံရံမှာ.တစ်ဖက်ဆီချုပ်ကိုင်ထားလိုက်သည်။
နူးညံ့တဲ့..နူတ်ခမ်းနွေးနွေးလေးတွေကိုစုပ်နမ်းနေရင်း
အသည်းယားလာမိကာ..တစ်ချက်၊တစ်ချက်..
သွားနှင့်မနာအောင်ခပ်ဖွဖွကိုက်မိလျှင်..သူမပခုံးလေး
ကျုံ့ကျုံ့သွားသည်။
အသက်ရူမဝအောင်...ကြမ်းရှနေတဲ့သူ့အနမ်းတွေကြောင့်
အသင်...လေဟာနယ်ထဲလွင့်ကျသွားတဲ့လူတစ်ယောက်
ပမာ..အသည်းထဲအေးခနဲ..အေးခနဲဖြစ်နေရသည်။
မထိန်းချုပ်နိုင်တဲ့..ရင်ခုန်သံများနှင့်..နေ..ကတော့
နူတ်ခမ်းလေးကိုလွတ်ပေးလိုက်ပေမဲ့..မေးဖျားလေးကို
သွားနှင့်ဖွဖွကိုက်လိုက်သည်။ထို့နောက်..သွေးကြော
စိမ်းလေးတွေယှက်ဖြာနေသည့်..လည်တိုင်ကျော့လေး..
ဖရိုဖရဲဖြစ်နေသည့်..ညဝတ်...တီရှပ်ပွပွကြောင့်..
လှစ်ဟာနေတဲ့..ရင်ဘတ်လေးနှင့်..ပခုံးလေးတစ်ဖက်ကို
စုပ်နမ်းနေပြန်သည်။
"အ....."
လည်တိုင်ရင်းလေးနားကို သူ..တအားစုပ်နမ်းလိုက်တော့
အသင်..ခပ်တိုးတိုးငြီးငြူလိုက်မိကာ..အောက်နူတ်ခမ်းကို
ဖိကိုက်ထားလိုက်မိသည်။
နေ..ဝေဒနာနှင့်အတူ..အရာခပ်သိမ်းကိုမေ့လျော့
သွားလောက်တဲ့အထိ...အနမ်းတွေနှင့်ယစ်မူး..
နေခဲ့ရင်း.......
💜💜💜
အကျင့်ရနေတဲ့..မျက်လုံးတွေက...ခန်းဆီးလိုက်ကာ
တွေကြားက..အလင်းရောင်ဖျော့ဖျော့က..အခန်းထဲကို
ကျရောက်လာချိန်မှာ..အလိုလိုပွင့်လာခဲ့သည်။
နေ...အိပ်ယာကနေ အသာထလိုက်သည်။ညတုန်းကလို
မခံမရပ်နိုင်အောင်..ခေါင်းကကိုက်မနေတော့ပေမဲ့..
မူးဝေဝေတော့ဖြစ်နေဆဲ...နေနဲ့..အနည်းငယ်ခွာပြီး
သူမက..ဘေးတစောင်းလေးအိပ်ပျော်နေသည်။
"အဟင်း..."
ဘာ့ကြောင့်မှန်းမသိ..သူမအိပ်ပျော်နေတဲ့ပုံစံလေးကို
ကြည့်ပြီး..နေ..သဘောကျမိသွားရကာ..ပြုံးလိုက်သည်။
"ဘာလို့..ဒီနူတ်ခမ်းလေးတွေကိုမှ..ကိ်ုယ်ဒီလောက်
စွဲလမ်းနေရတာလဲ..."
နူတ်ခမ်းထောင့်လေးမှာ..အနည်းငယ်ပေါက်နေသည့်
ဒဏ်ရာနှင့်..နူတ်ခမ်းလေးကိုလက်ညိုးနှင့်ဖွဖွ
တို့ထိလိုက်ရင်း...နေရေရွတ်လိုက်မိသည်။ညက..
နေ..သူမကိုနမ်းနေရင်း..အသည်းယားပြီး..ကိုက်လိုက်
မိတာ...
ပြီးတော့..သူမလည်တိုင်လေးနှင့်..ရင်ဘတ်တစ်ဝိုက်မှာ
နေ့ကြောင့်..ကျန်နေခဲ့တဲ့..အမှတ်အသားတွေ...
နေ..သူမခေါင်းလေးကိုခပ်ဖွဖွပွတ်သပ်ပေးနေမိရင်း...
အနီရောင်အရာလေးတွေ ထင်ကျန်နေတဲ့လည်တိုင်
လေးကို..ငုံ့နမ်းလိုက်သည်။
"မင်းကတော့သိမှာမဟုတ်ပါဘူး..ချာတိတ်ရယ်...
မင်းက..ကိုယ့်အတွက်..တစ်ကယ်ပဲ..ဆေးတွေ
ဒေါက်တာတွေထက်ပိုပြီး..အစွမ်းထက်နေတယ်
ဆိုတာကိုလေ..."
တစ်ကိုယ်တည်းရေရွတ်နေမိစဉ်မှာပဲ..သူမလူးလွန့်ကာ
မျက်လုံးတွေပွင့်လာခဲ့သည်....
"အမေ့..."
အသင်..မျက်လုံးတွေဖွင့်လိုက်စဉ်..နီးနီးလေး..
မြင်လိုက်ရတဲ့..သူ့မျက်နှာကြောင့်..လန့်ဖျပ်သွားရသည်။
"နိုးပြီလား..စောသေးတယ်လေ..ထပ်အိပ်ပါဦးလား"
အသင့်ကိုပြုံးကြည့်ပြီး..သူကမေးသည်။အသင်.
ခေါင်းလေးယမ်းလိုက်ရင်း..ထထိုင်လိုက်သည်။
"ရှင်...သက်သာရဲ့လားဟင်.."
"အင်း.."
"ဒါဆို..အသင်..အခန်းပြန်တော့မယ်.."
ပြောရင်း..အသင်..ကုတင်ပေါ်က..ဆင်းရန်ြ့ပင်တော့
သူက..အသင့်လက်ကိုလှမ်းဆွဲထားသည်။
"ဘာလို့..အသည်းအသန်ဖြစ်နေတာလဲ..ကိုယ့်ကို
ကြောက်လို့လား..ကိုယ်ကတိတည်တယ်နော်..."
ပြောရင်း..သူ့မျက်နှာက..မချိူမချဉ်ဖြစ်လာရင်း..
"အနမ်းထက်ပိုတဲ့..ဘယ်လိုကိစ္စမျိုးမှ...ကိုယ်..
မလုပ်ခဲ့ဘူး....."
အသင်သူ့ကိုကြည့်ပြီး..ရှက်စိတ်ကြောင့်မျက်နှာ
ဘယ်ထားရမလဲမသိဖြစ်သွားရသည်။ညတုန်းက
ခေါင်းကိုက်လို့..သေမလိုဖြစ်နေတဲ့မျက်နှာနှင့်
တခြားဆီလေ..သူ့ကိုအသနားပိုမိတာကိုတောင်
နောင်တရချင်သလိုလိုဖြစ်သွားရသည်။ဝေဒနာကို
အကြောင်းပြပြီး..အသင့်ကိုနမ်းချင်သလိုနမ်းခဲ့
တာ..နောက်တစ်ခါ..သေမလိုဖြစ်နေရင်တောင်
ဒီအခန်းထဲလုံးဝမဝင်ဘူးမှတ်...
"ဟွန့်..."
ရင်ထဲက..မကျေမနပ်စကားသံတွေနှင့်.အသင်.
အသံထွက်အောင်မဲ့လိုက်မိတော့..သူကရယ်သည်။
"ဘာလဲ..ကိုယ့်ကိုမကျေနပ်လို့လား.."
"ဟုတ်တယ်...ရှင်..အသင့်ကိုလုပ်ချင်သလိုလုပ်
နေတာအသင်လုံးဝမကျေနပ်ဘူးသိလား..."
"ဒါဆို...ညတုန်းကမင်းဘာလို့ငြိမ်နေတာလဲ.."
"ဘာ..ရှင်ပဲ..ရုန်းလို့မရအောင်..အတင်းချုပ်ထား
တာလေ.."
အသင်....ပြောရင်း..ဒေါသသံလေးပါလာတော့
သူကတဟားဟားရယ်သည်။
"ဪ..အဲ့လိုလား...ကဲပါ..ဒါဆိုလဲ..မျှတသွားအောင်
မင်း..အခု..ကိုယ့်ကိုပြန်နမ်းလိုက်..ကိုယ်လုံးဝ
မရုန်းဘူး..ငြိမ်ငြိမ်လေးနေမယ်.."
အတည်ပေါက်နှင့်မျက်နှာကို..အရှေ့သို့တိုးပေးနေတဲ့
သူ့ကိုကြည့်ပြီး..အသင်..ဒေါသတွေတလိပ်လိပ်
တက်လာရသည်။
"လူယုတ်မာကြီး..."
ခေါင်းအုံးနှင့်သူ့ကိုထုရိုက်ပစ်ပေါက်ရင်း..အသင်
ကုတင်ပေါ်ကနေ..ပြေးဆင်းလာခဲ့သည်။
💜💜💜💜
"လူရမ်းကား..အကျင့်ကိုမကောင်းဘူး...ငါ့ကိုဆို
ဘယ်လိုအသားယူရမလဲပဲကြည့်နေတယ်..သူ့ကို
သနားမိတာကိုက...ငါ့ရဲ့အမှားပဲ..."
ပွစိပွစိနှင့်ပြောရင်း..ကိုယ့်အခန်းကိုယ်ပြန်လာကာ
တံခါးကိုဆွဲဖွင့်ရန်ပြင်လိုက်စဉ်...
"အင်္သချေ..."
အနောက်ကနေကြားလိုက်ရတဲ့ အသံကြောင့်..
အသင်ချာခနဲလှည့်ကြည့်လိုက်မိလျှင်...ကော်ဖီခွက်
ထည့်ထားတဲ့..ဗန်းကိုကိုင်ထားရင်း..အနားကို
လျှောက်လာတဲ့..အန်ကယ်ဂျိမ်း...
"အန်ကယ်..."
ထိုလူကြီးရဲ့..မနှစ်မြို့တဲ့မျက်ဝန်းတွေနှင့်..မျက်မှောင်
ကြုံ့ထားတာကိုမြင်ရတော့..အသင်..သူ့အခန်းထဲက
ထွက်လာတာကိုမြင်လိုက်လို့ပဲဖြစ်မည်ဟု..အသင်
တွေးလိုက်မိစဉ်..
"မင်းက..ဘယ်လိုဖြစ်ပြီး..သခင်လေးအခန်းထဲကနေ
ထွက်လာတာလဲ..."
အတွေးမှမဆုံးလိုက်..ကြားလိုက်ရတဲ့မေးခွန်းနဲ့
အတူ..ဂျိမ်းက..အသင်ကိုခြေဆုံးခေါင်းဆုံးအကဲ
ခတ်သလိုကြည့်သည်။အသင့်..လည်ပင်းနှင့်မျက်နှာ
တစ်ဝိုက်မှာအကြည့်တွေက..ရပ်တန့်သွားကာ..
မျက်မှောင်ကြုတ်သွားပြန်သည်။အသင်..ထိုအခါမှ
သူ့ကြောင့်ကျန်နေခဲ့တဲ့အမှတ်အသားတွေကို...
သတိရသွားကာ..မလုံမလဲဖြစ်သွားရရင်း..လည်ပင်းကို
လက်နှင့်အုပ်ကိုင်လိုက်မိသည်။
"မင်း..တစ်ညလုံး..ကျုပ်တို့..သခင်လေးနဲ့..အတူ
ရှိနေတာလား..."
ထိုမေးခွန်းက..ဘယ်လိုအဓိပ္ပါယ်မျိုးလဲဆိုတာ..
အသင်နားလည်လိုက်တာမို့..မျက်နှာတစ်ခုလုံး..
ဖျင်းခနဲပူနွေးသွားရသည်။
"အန်ကယ်ထင်သလိုမဟုတ်ဘူးအန်ကယ်..ညက
သူခေါင်းတွေအရမ်းကိုက်ပြီးနေမကောင်းဖြစ်နေလို့
အသင်..သူ့ကိုစောင့်ပေးခဲ့တာ..."
အသင်..ရှင်းပြသလိုပြောလိုက်ပေမဲ့..ယုံရမှာလား
ဆိုတဲ့..မျက်နှာပေးနှင့်..နူတ်ခမ်းတစ်ဖက်တွန့်
မဲ့လိုက်တဲ့..ဂျိမ်းကိုကြည့်ပြီး..အသင်..စိတ်ထဲမှာ
ခံရခက်သွားရသည်။
"မင်းက..ငါပြောတဲ့စကားကိုအလေးမထားဘူးပဲ
အင်္သချေ...သခင်လေးနဲ့ရင်းရင်းနှီးနှီးမနေပါနဲ့လို့
ပြောထားတဲ့ကြားက..မင်းဇွတ်တိုးတယ်..ပထမ
တစ်ခါ..မင်းအိမ်ပေါ်ကဆင်းသွားတုန်းက..ငါ..
တစ်ကယ်စိတ်အေးသွားခဲ့တာ..ဒါပေမဲ့..မင်းက..
နေ့တောင်မကူးပဲအိမ်ပေါ်ကိုပြန်ရောက်လာတယ်
မင်း..တစ်ကယ်ပဲ..ငါတို့သခင်လေးဆီက..ဘာကို
လိုချင်နေတာလဲ.."
"အန်ကယ်.."
ဒေါသကြောင့် အသင့်လေသံက..ခပ်ဆတ်ဆတ်
ဖြစ်သွားသည်။ဒီလောက်ထိ..ကိုယ့်ကိုထိပါး..
စော်ကားနေမှတော့..သည်းခံနေစရာမရှိပါ....
"အန်ကယ်...လူကြီးဆိုလူကြီးစကားပြောပါ...
အသင့်ကိုဒီအိမ်ပေါ်ခေါ်လာခဲ့တာ..ရှင်တို့သခင်လေးပါ
အသင်နဲ့..ဇွတ်အတင်းပါတ်သတ်ဖို့ကြိုးစားနေတာလဲ
ရှင်တို့သခင်လေးပဲ...ပြောချင်တယ်ဆိုလဲ..ရှင်
ကိုယ်တိုင်သူ့ကိုသွားပြောလေ...အသင့်ကို..ရှင်.
ဒီအိမ်ပေါ််မှာ..မမြင်ချင်ဘူးဆိုရင်လဲ..အသင့်ကို..
မောင်းထုတ်ဖို့ရှင်သူ့ကိုသွားပြောလိုက်ပေါ့..."
"မင်း..."
ဂျိမ်း..ဒေါသနှင့်အံကြိတ်လိုက်မိသည်။ဒီကောင်မလေး
သခင်လေးအားကိုးနဲ့ဒီလိုမောက်မာလာမှာကို..
ဂျိမ်း...ကြိုသိနေသည်။
"ငါတို့သခင်လေးအကြောင်းကိုမင်းဘာမှမသိဘူး..
အင်္သချေ...သူ့ဘဝကမင်းထင်သလောက်မရိုးရှင်းဘူး
သူက..နတ်ဆိုးတစ်ကောင်လို..ရက်စက်တဲ့...
နှလုံးသားပိုင်ရှင်ပဲ..မိန်းကလေးတွေက..သူ့အတွက်
ကစားစရာသက်သက်ပဲ..မင်းကိုအခုလိုအခွင့်အရေး
ပေးနေလို့..မင်းကိုယ်မင်း..ဟုတ်လှပြီထင်မနေနဲ့...
ပြီးတော့...သူ့ရဲ့ပုံစံအစစ်အမှန်ကိုသာ..မင်းသိခဲ့ရင်
မင်းသူ့နားကနေ..ထွက်ပြေးချင်တဲ့အထိကြောက်ရွံ့
သွားမှာ..."
တစ်ကယ်ပဲပြောနေတာလား..အသင့်ကိုခြောက်လှန့်
ချင်လို့ပြောနေတာလားဆိုတာတော့အသင်မသိပေ
ဒါပေမဲ့..ကိုယ်မှန်တယ်ထင်ရာကိုဇွတ်လုပ်တတ်တဲ့
ညဉ်ရှိတဲ့အသင်ကတော့..ခေါင်းလေးမော့ကာ..
ဟွန့်ခနဲရယ်လိုက်ရင်း...
"သူ့ရဲ့ပုံစံအစစ်အမှန်တွေဘာတွေအသင်နားမလည်ဘူး
အန်ကယ်..အသင်အခု.အသင့်ရှေ့မှာရှိနေတဲ့...
နေကုဋာဆိုတဲ့လူကိုပဲမြင်တယ်...အသင်သိတဲ့
နေကုဋာက...ဝေဒနာတွေခံစားနေရတဲ့..သနားစရာ
လူတစ်ယောက်ပဲ...ရှင်တစ်ကယ်ပဲ..ရှင်တို့သခင်လေးကို
စိတ်ပူတယ်ဆိုရင်လဲ..အသင့်ကို..ဒီမှာအရေးမပါ
တာတွေလာပြောနေမဲ့အစား..သူ့ကိုသာပိုပြီး....
ဂရုစိုက်ပေးလိုက်ပါ....အသင့်ကို..ခွင့်ပြုပါဦး.."
ပြောချင်ရာပြောပြီး..လှည့်ထွက်သွားတဲ့..မိန်းကလေး
ကိုကြည့်ပြီး..ဂျိမ်း..စိတ်လျော့သလိုသက်ပြင်း
ချလိုက်ရင်း...
"မင်းက..သခင်လေးနားမှာ..တစ်ကယ်ကို..ရှိမနေ
သင့်တဲ့မိန်းမပဲ..အင်္သချေ...."
💜💜💜💜💜
"အခုလို..နေကုဋာနဲ့အင်တာဗျူးခွင့် ရအောင်..
ဆောင်ရွတ်ပေးခဲ့တဲ့..အသင့်ကို..မမက..ဂျာနယ်တိုက်
တစ်ခုလုံးရဲ့..ကိုယ်စား..အရမ်းကိုကျေးဇူးတင်ပါတယ်
ကဲ...ကဲ...အင်္သချေ့အတွက်...ဂုဏ်ပြုလက်ခုပ်သံလေး"
"ဖြောင်း...ဖြောင်း..."
အယ်ဒီတာ့စကားဆုံးတော့...Meetingခန်းထဲမှာ
လက်ခုပ်သံတွေဆူညံကုန်သည်။အားလုံးရဲ့...
မျက်နှာတွေက..ကျေနပ်ပြုံးပျော်နေပေမဲ့..ဝမ်းမသာ
နိုင်တဲ့..လူနှစ်ယောက်က..ရှိနေသေးသည်။သူတို့က
ရွှေရုပ်လွှာနှင့်မေစိမ်းလန်း....
"ကဲ...ဒါဆို...အင်တာဗျုးအတွက် မေးခွန်းပြင်ဆင်
ဖို့ကိုလဲ..အသင်ကပဲ..တာဝန်ယူပေးပါ..နည်းနည်းမှ
လွဲမှားလို့မဖြစ်တဲ့အတွက်..စိတ်ချမယ်နော်..."
"ဟုတ်ကဲ့ပါ...မမ..."
Meeting....ခန်းထဲကနေအားလုံးအလျိုလိျုထွက်
သွားကြပြီးတော့..အသင်နဲ့ရွှေရုပ်လွှာသာ..ကျန်ခဲ့သည်။
"ဂုဏ်ယူပါတယ်နော်..အသင်..ဒီအင်တာဗျူးအတွက်
နင်ဘယ်လောက်ပေးဆပ်လိုက်ရလဲ..ဪ..မေ့လို့
နင့်အတွက်တော့..သူနဲ့..ကုတင်ပေါ်မှာတညလောက်
အချိန်ကုန်လိုက်ရင်..ကိစ္စကအဆင်ပြေသွားနိုင်တာပဲ
အဟင်း...ငါတစ်ကယ်မေ့သွားတာ."
ပြောနေတဲ့..ပုံစံရော၊လေသံကိုရောက..ကုတ်ဖဲ့
ပစ်ချင်စရာကောင်းလှသည်။ဒါပေမဲ့..အသင်...
ဒေါသကိုချုပ်ထိန်းကာ..စားပွဲပေါ်က..ဖိုင်တွဲေတွကို
ကောက်ယူလိုက်ပြီး..သူမရပ်နေတဲ့နားကိုမော့မော့လေး
လျှောက်လှမ်းသွားလိုက်ကာ..
"နင်ကုတင်ပေါ်ကအကြောင်းတွေသိပ်ပြောတယ်နော်
အဲ့လိုနည်းလမ်းမျိုးတွေကိုငါကအသုံးမချဖူးတော့
မသိဘူး..နင်ကတော်တော်သိနေတာပဲ..."
"ဘာပြောတယ်.."
"ကြားတဲ့အတိုင်းပဲလေ...ဒီမှာရွှေရုပ်လွှာ..ဒီcaseကို
အပြောကြီးပြီးတာဝန်ယူလိုက်တာကနင်ပါ...
နင်အသုံးကျအောင်မလုပ်နိုင်လို့..ငါအဆင်ပြေအောင်
လုပ်ပေးခဲ့တာ..နင်ငြိမ်ငြိမ်လေးနေလိုက်တာပိုပြီး
ကောင်းမယ်ထင်တယ်.မဟုတ်ရင်..နင်အသုံးမကျတာ
လူတွေသိကုန်မှာပေါ့.."
"အင်္သချေ..."
ရွှေရုပ်လွှာက..ဒေါသနှင့်အော်သည်။အသင်သူ့ကို
ခပ်ထေ့ထေ့ပြုံးကြည့်လိုက်ရင်း...
"ဪ...ပြီးတော့...နင်နောက်ယောင်ခံလိုက်တာ..
သိပ်ညံ့လွန်းတယ်..အဲ့ဒီ့နေ့က..နင့်ကား..အနောက်ကနေ
ဝင်တိုက်ခံလိုက်ရတယ်ဆို..."
အသင့်စကားကြောင့်..ရွှေရုပ်လွှာမျက်နှာရဲတက်
သွားသည်။
"နင်..နေကုဋာ ဘယ်မှာနေလဲဆိုတာအရမ်းသိချင်
နေတယ်ဆိုတာငါသိတယ်..ဒါပေမဲ့. သူ့အကြောင်း
ကိုတော့..ငါကနင့်ထက်ပိုသိတယ်.."
အသင်ပြောရင်း..သူမနှင့်ပခုံးချင်းထိလုမတတ်
တိုးကပ်သွားလိုက်ကာ..
"သတိထားပြီးနေ..နောက်တစ်ခါဆို..နင့်ကား..
ခေါင်းချင်းဆိုင်ပြီးဝင်တိုက်ခံနေရမှာ..."
"ဘာ...နင်..."
အသင်..အနိုင်နှင့်ပိုင်းပြီးလှည့်ထွက်လာခဲ့သည်။
ရွှေရုပ်လွှာ..မကျေမနပ်နှင့်ကျန်နေခဲ့ရင်း...
"တောက်..လူပါးဝလိုက်တာ..စောင့်ကြည့်နေ..
အင်္သချေ...ငါနင်တို့နှစ်ယောက်ရဲ့အကြောင်းကို
ရအောင်ဖော်ထုတ်မှာ..နင်..နေကုဋာရဲ့အိမ်မှာ
နေ..နေတယ်ဆိုတဲ့သက်သေသာငါရရင်..နင်..
လုံးဝအရှက်ကွဲသွားစေရမယ်..."
💜💜💜💜💜
"ဟင့်အင်း..အဲ့ဒါဆို..လာမကြိုနဲ့တော့လေ....
အသင်..ဟိုတယ်ကိုလာခဲ့မယ်..."
"ဘာနဲ့လာမှာလဲ..."
"တက္ကစီ..စီးလာမှာပေါ့...ရှင့်ကုမ္မဏီနဲ့..အန်ဂျလီကာ
ဟိုတယ်ကလမ်းသင့်ပေမဲ့..အသင့်ဆီလာကြိုရင်
တကူးတကကြီးဖြစ်သွားမှာ...အသင်လာခဲ့ပါ့မယ်"
အသင်ပြောပေမဲ့...သူကကျေနပ်သေးပုံမရ....
"မင်းဖြစ်ပါ့မလား.."
"ဒီမှာ..အသင်လေ..တစ်ချိန်လုံးဘတ်စ်ကား...
စီးလာတဲ့သူပါ.တစ်ကယ်ထဲ."
မကျေမနပ်ပြောလိုက်မှ..သူကဖုန်းထဲကနေ...
ခပ်သဲ့သဲ့ရယ်သည်။
"ကိုယ်က..မင်းကိုစိတ်မချလို့ပြောတာလေ..ချာတိတ်ရဲ့"
"ရှင်စိတ်မချတာလဲ..လူကိုရွဲ့နေသလိုပဲ..ပြီးတော့
ညစာလေးတစ်ခါစားဖို့ကို..ဟိုတယ်ထိသွားနေရ
သေးတယ်.."
"မင်းမေ့နေပြန်ပြီလား..ကိုယ်က.."
"ဈေးကြီးတယ်လေ..ရှင်အဲ့ဒါပဲပြောဦးမှာမဟုတ်လား"
အသင်..ပိတ်ပြောလိုက်တော့..သူကတဟားဟားနှင့်
ရယ်သည်။
"တော်ပြီ..အသင်ဖုန်းချလိုက်တော့မယ်..အလုပ်လုပ်
ရဦးမယ်..."
"Ok..ဒါဆို..ညနေကျတွေ့မယ်...see you"
သူဖုန်းချသွားတာနှင့်...အသင်..အင်တာဗျူး ကိစ္စ
အတွက်ဆွေးနွေးရန်..အယ်ဒီတာ့ရုံးခန်းသို့...
ထွက်လာခဲ့တော့သည်။
💜💜💜💜
"ငါကတော့လေ...အရေးအကြောင်းဆို..မမေ့ရရင်
မနေနိုင်ဘူး..."
အသင်..ပွစိပွစိရေရွတ်ရင်း...အားလုံးရုံးဆင်းသွားပြီ
ဖြစ်လို့...လူတစ်ယောက်မှမရှိတော့တဲ့..ဂျာနယ်
တိုက်ထဲကိုပြန်ဝင်လာခဲ့သည်။
"ဒီဖုန်းကို..သေချာသတိထားတဲ့ကြားကကျန်ခဲ့
ရသေးတယ်..."
အသင်..ရုံးဆင်းပြီး..လမ်းတစ်ဝက်ရောက်မှ...ဖုန်း
ကျ See less