စေတန်ရဲ့သတို့သမီး💜
💜💜💜💜
"အဖွား..လူမှားနေပြီထင်တယ်..ကျွန်တော့်နာမည်
ချမ်း..မဟုတ်ဘူး..."
"ဟင်...."
အရှေ့မှာ..ရပ်နေတဲ့..လူငယ်လေးစကားကြောင့်
ဒေါ်ငြိမ်းလှအံ့ဩသွားရသည်။တူလိုက်တာ.တစ်ကယ်ကို
တူတာပဲ..ချမ်းက..ငယ်ရုပ်မပျောက်ဘူးဆိုုတဲ့
အတွေးနဲ့ဝမ်းသာအားရလှမ်းခေါ်လိုက်မိသည့်
အထိတူလွန်းနေတာ..မျက်ခုံး၊မျက်လုံးတွေတူရုံ
သာမက..မေးစေ့အလယ်က..မေးချိုင့်လေးက..
အစတူေနတာ..
"တောင်းပန်ပါတယ်..သားရယ်..အဖွားကလေ...
အဖွားမြေးလေးနဲ့တူနေလို့..လူမှားသွားတာပါကွယ်..."
"ရပါတယ်ဗျာ.."
နေ..ဟန်မပျက်ပြောလိုက်မိပေမဲ့...အရှေ့က..
အမျိုးသမီးကြီးကိုလူစိမ်းတစ်ယောက်လို..ခံစား
မနေရတာ..ကိုယ့်ကိုကိုယ်သိသည်။အထူးသဖြင့်.
နေနဲ့..ရင်းနှီးနေသလိုခံစားနေရတဲ့...ချမ်းဆိုတဲ့
အဲ့ဒီ့နာမည်..
အတွေးတွေနဲ့ရူပ်သွားရကာ..ခေါင်းထဲမိုက်ကနဲ
ဖြစ်သွားတော့..နေခြေထောက်တွေ..ယိုင်ခနဲ.
ဖြစ်သွားရသည်။
"boss...ရရဲ့လား.."
နေ့ရဲအရိပ်အကဲကိုကြည့်နေတဲ့..ဇ,ကချက်ချင်းပင်
အနားကိုရောက်လာသည်။နေ..ဇ,ကိုလက်ကာ
ုပြလိုက်ပြီး. ...
"ခွင့်ပြုပါဦး..အဖွား..."
ထိုအမျိုးသမီးကြီးကို.နူတ်ဆက်ပြီး...နေ...လှမ်း
ထွက်လာခဲ့ချိန်..ခေါင်းထဲမှာ..တဆစ်ဆစ်ထိုးကိုက်
နေတဲ့..ဝေဒနာက..အခံရခက်လွန်းလှသည်။
"လောကကြီးမှာ..နာမည်တူမရှား၊လူတူမရှားဆိုတာ
တစ်ကယ်ကိုမှန်ပါလား.."
လှမ်းထွက်သွားတဲ့.လူငယ်လေးရဲ့ကျောပြင်ကို
ငေးကြည့်ရင်း..ဒေါ်ငြိမ်းလှခပ်တိုးတိုးရေရွတ်
လိုက်မိသည်။
"ချမ်းတစ်ယောက်ရော..အခုဆိုဘယ်မှာများ...
ရှိနေပါလိမ့်...."
💜💜💜
အသင်..ရုံးဆင်းလာခဲ့တော့..ကားနားမှာရပ်စောင့်နေတဲ့
ဇ,ကိုမြင်လိုက်ရသည်။
"မမလေး..."
ဇ,ကအသင့်ကိုမြင်တာနှင့်..နောက်ခန်းတံခါးကို
ဖွင့်ပေးသည်။အသင်..ကားထဲကိုလှမ်းကြည့်လိုက်ပေမဲ့
သူ့ကိုမတွေ့ပေ..
"ကိုနေကုဋာရော..."
"bossက..နေမကောင်းလို့..ရုံးအစောကြီးဆင်းပြီး
စံအိမ်ကိုပြန်သွားတယ်..မမလေးကိုကြိုဖို့...ကျွန်တော့်ကို
လွှတ်လိုက်တာပါ..."
"သူနေမကောင်းဘူးလား..."
အသင်စိုးရိမ်သွားရသည်။
"မမလေး..ဘယ်သွားဦးမလဲ...ကျွန်တော်ဘယ်ကို
ပို့ပေးရဦးမလဲ..."
အစက..အသင်ဆေးရုံမှာအဖွားကိုသွားတွေ့မလို့
လုပ်ထားပေမဲ့..ရုံးဆင်းခါနီးမှ..အဖွားက..ဒေါ်စိုးရဲ့
မိသားစုတွေရောက်လာတာကြောင့်..ရိပ်သာကိုပြန်
သွားပြီဆိုပြီး..ဖုန်းဆက်လာတာကြောင့်သွားစရာ
မလိုတော့ပေ...
"အသင်..ဘယ်မှမသွားတော့ဘူး...."
"ဟုတ်ကဲ့..."
အသင်ကားပေါ်တက်လိုက်တာနှင့်..ကားလေးက
မောင်းထွက်လာခဲ့တော့သည်။
💜💜💜💜
"သက်သာရဲ့လား..သခင်လေး..."
အန်ကယ်ဂျိမ်းရဲအမေးကို..နေခေါင်းငြိမ့်ရုံ..အဖြေ
ပေးလိုက်ကာ..ဆေးကုန်သွားတဲ့..ဆေးထိုးအပ်ကို
လက်ဖျံကနေဆွဲနူတ်လိုက်သည်။
"ဦးထွန်းမြတ်ကိုလာမကြည့်ခိုင်းလို့ရောဖြစ်ရဲ့လား"
"ရတယ်..အန်ကယ်..စိတ်မပူပါနဲ့..."
စိတ်မပူပါနဲ့ဆိုတဲ့..မျက်နှာက..ဖြူဖျော့နေတာကို
မြင်ရတာ.ဂျိမ်း..တစ်ကယ်စိတ်မကောင်း......
သခင်လေးအဲ့လို..ခေါင်းကိုက်ဝေဒနာကို..အပြင်း
အထန်ခံစားရတဲ့အခါတိုင်း....ဂျိမ်း..အရမ်းခံစား
ရသည်။
"ကျွန်တော်..ခဏလောက်အိပ်ချင်တယ်..."
"နားပါ..သခင်လေးနေမှမကောင်းတာ..စောစော
အနားယူမှဖြစ်မှာပေါ့..."
ဂျိမ်း..အလိုက်တသိနှင့်..အခန်းထဲကထွက်သွားရန်
ပြင်လိုက်သည်။
"အန်ကယ်..."
အခန်းတံခါးနားထိရောက်သွားတဲ့..ဂျိမ်း..နေ့
ခေါ်သံကြောင့်..အနောက်ကိုပြန်လှည့်လာသည်။
"သခင်လေး..ဘာပြောစရာများရှိလို့လဲ.."
"ကျွန်တော့်မှာ..နေကုဋာဆိုတဲ့နာမည်အပြင်...
တခြားနာမည်တစ်ခုခုများ..ရှိခဲ့သေးလား..."
"ဗျာ..."
အာမေဋိတ်သံပင်ထွက်သွားရတဲ့..ဂျိမ်း...သခင်လေး
နားကိုပြန်လျှောက်လာမိတော့..သခင်လေးက..
ဂျိမ်းကိုမော့ကြည့်လာသည်။
"ဒီနေ့..မိန်းမကြီးတစ်ယောက်က..ကျွန်တော့်ကို
လူတစ်ယောက်နဲ့မှားပြီး..ခေါ်ခဲ့တာ..အဲ့ဒီလူနာမည်က
ချမ်းတဲ့..."
သခင်လေးနူတ်ကထွက်ကျလာတဲ့စကားကြောင့်
ဂျိမ်း..ခြေထောက်တွေယိုင်ခနဲဖြစ်သွားရသည်။
ဒါပေမဲ့....ခံစားနေရတဲ့ဝေဒနာနှင့်ရင်ထဲက..ဇဝေဇဝါ
ခံစားချက်တွေရောထွေးနေတဲ့..နေကတော့...
ဂျိမ်း..အမူအယာပျက်သွားတာကို..မရိပ်မိလိုက်ပါချေ..
"ဘာ့ကြောင့်မှန်းမသိဘူး..ကျွန်တော်အဲ့ဒီ့နာမည်နဲ့
ရင်းနှီးနေသလိုခံစားရတယ်..ပြီးတော့..အဲ့ဒီ့...
အမျိုးသမီးကြီးကိုရောပဲ..."
ဂျိမ်း..ဘာမှဝင်မပြောမိ..ထိုအခါ..သခင်လေးထံက
သက်ပြင်းချသံခပ်သဲ့သဲ့ကိုကြားလိုက်ရသည်။
"သခင်လေးသိရဲ့သားနဲ့..လောကကြီးမှာက..နာမည်တူ
မရှား..လူတူမရှားလေ..ပြီးတော့..ကျွန်တော်..
သခင်လေးငယ်စဉ်ထဲက..သခင်လေးကိုစောင့်ရှောက်
လာတာ..သခင်လေးမှတ်ညဏ်တွေမပျောက်ခင်
အထိ..သခင်လေးမှာ..အရင်းနှီးဆုံးမိသားစုဝင်ဆိုလို့
သူဌေးကြီးနဲ့..ကျွန်တော်ပဲရှိတာပါ..."
"ဟုတ်ပါတယ်လေ...ကိုယ့်ကိုမွေးခဲ့တဲ့..မိခင်ရဲ့
မျက်နှာကိုတောင်..စိတ်ကူးနဲ့ပုံဖော်မကြည့်နိုင်တဲ့..
ကျွန်တော်လိုလူရဲ့..မှတ်ညဏ်ထဲမှာ..ထင်ယောင်
ထင်မှား...ဖြစ်နေတာတွေပဲဖြစ်မှာပါ.."
"သခင်လေး.."
ဂျိမ်း..ဟန့်တားသလို..ခေါ်လိုက်မိလျှင်..နေက..
ယဲ့ယဲ့ပြုံးသည်။
"အန်ကယ်သွားလို့ရပြီ..."
ပြောရင်း..နေ..ကုတင်ပေါ်လှဲချကာ..မျက်ဝန်းတွေ
မှိတ်ထားလိုက်မိသည်။ဂျိမ်း..သခင်လေးကို....
ခဏမျှရပ်ကြည့်နေမိပြီး..သက်ပြင်းချကာလှည့်
ထွက်လာမိသည်။
"ကျွန်တော့်ကို..ခွင့်လွှတ်ပါ..သခင်လေးရယ်..."
စိတ်ထဲကနေ..တောင်းပန်စကားဆိုလိုက်မိရင်း...
💜💜💜💜
"သူအရမ်းနေမကောင်းဖြစ်နေတာလား..မသိဘူး.."
အသင်..အိမ်ပြန်ရောက်ကထဲက..သူ့ရဲ့အရိပ်အယောင်ကို
မတွေ့ရသေးပင်..ညစာဆင်းစားတော့လဲ..တစ်ယောက်ထဲ
အန်ကယ်ဂျိမ်းကို..သူ့အခြေအနေဘယ်လိုလဲ..
မေးကြည့်ချင်ပေမဲ့..ကိုယ့်ကိုမနှစ်မြို့တာကို..
သိနေတော့လဲ..မမေးချင်ပေ...
"ဘန်ကောက်မှာလို..ခေါင်းတွေအရမ်းကိုက်ပြီး
အဖျားတက်နေရင်ဘယ်လိုလုပ်မလဲ..ဒီအထပ်မှာက
သူနဲ့ငါ..နှစ်ယောက်ထဲနေတာ..တော်ကြာ..တစ်ယောက်
ယောက်ကို..လှမ်းမခေါ်နိုင်လောက်အောင်..နေမကောင်း
ဖြစ်နေတာဆို..ဒုက္ခပဲ..."
ကိုယ့်ဟာကိုယ်....ရှာကြံပူပန်နေမိပြီး..အသင်..
နေလို့မရတော့...
သူ့အခြေအနေကိုသိချင်တာကြောင့်..အခန်းထဲက
ထွက်လာခဲ့သည်။သူ့အခန်းရှေ့ကိုရောက်တော့..
"ဒေါက်..ဒေါက်..."
အခန်းတံခါးကိုခေါက်လိုက်ပေမဲ့...ခဏကြာသည်
အထိ..ဘာတုံ့ပြန်မူ့မှမရှိ....အသင်..logမချထားတဲ့
အခန်းတံခါးကို..ခပ်ဖြေးဖြေးဖွင့်လိုက်ကာ..သူ့
အခန်းထဲကို..ဝင်လာခဲ့သည်။
"ဟင်း..တော်ပါသေးရဲ့ "
ကုတင်ပေါ်မှာ..အိပ်မောကျနေဟန်တူသည့်..
သူ့ကိုမြင်လိုက်ရမှ..အသင်သက်ပြင်းချနိုင်တော့သည်။
ဒါတောင်..စိတ်မချနိုင်သေးပဲ..မွေ့ယာပေါ်ခပ်ဖြေးဖြေး
ထိုင်ချလိုက်ကာ..သူ့နဖူးကိုဖွဖွစမ်းကြည့်လိုက်
သည်။
"ကိုယ်လဲမပူပါဘူး...အိပ်ပျော်နေတာပဲ..ဖြစ်မှာပါ.."
အသင်..မနက်ကနှင့်ခြားနားစွာဖြူဖျော့နေသည့်
သူ့မျက်နှာကိုကြည့်ရင်း..ရင်ထဲနင့်သွားရသည်။
"ကိုယ်..၁၆နှစ်အရွယ်တုန်းက..အက်စီးဒင့်တစ်ခုကြောင့်
ဦးခေါင်းကိုခွဲစိတ်မူ့လုပ်ခဲ့ရတယ်..."
အသင်..သူပြောတဲ့စကားကိုပြန်ကြားယောင်မိသွား
ရသည်။
"သူကအဲ့လိုပဲ..ခေါင်းကိုက်ဝေဒနာကို..ခဏခဏ
ခံစားရတယ်နဲ့တူတယ်..."
ခပ်တိုးတိုးရေရွတ်ရင်း..အသင့်လက်တွေက..
အဲကွန်းကြောင့်..အေးစိမ့်စိမ့်လေးဖြစ်နေသည့်
အခန်းထဲမှာတောင်..ချွေးစို့နေသည့်..သူ့နဖူးပြင်က
ချွေးစတွေကို..လက်ဖမိုးလေးနှင့်.တို့သုတ်ပေး
နေမိသည်။
"အဲကွန်း..အအေးတင်ပေးလိုက်ရင်ကောင်းမယ်...."
ကိုယ့်အတွေးနဲ့ကိုယ်.....သူ့ကုတင်ရဲ့..ခေါင်းရင်း
ဘောင်ပေါ်မှာတင်ထားသည့်..အဲကွန်းရီမုဒ်ကို..
သူ့ကိုကျော်ပြီး..မမှီ့တမှီနှင့်..လှမ်းယူလိုက်စဉ်..
"အို..အမေ့..."
ရုတ်တရပ်..ခါးလေးကနေ.သိမ်းဖက်ကာ..ဆွဲချ
ခံလိုက်ရတော့..အသင်..သူ့ရင်ဘတ်ပေါ်..မှောက်လျှက်
လေးကျသွားရသည်။ထိုအခါ..သူ့မျက်ဝန်းတွေက
ခပ်ဖြေးဖြေးပွင့်လာခဲ့သည်။
"မင်းရောက်နေတာလား..."
ဪ..ဖက်တုန်းကဖက်လိုက်ပြီး..မေးနေရသေးတယ်....
နေမကောင်းတာကိုသိပေမဲ့..အချိုးမပြေတဲ့သူ့
အမေးကြောင့်..အသင်..စိတ်တိုချင်ချင်ဖြစ်သွားရသည်။
"ရှင်..အိပ်ချင်ယောင်ဆောင်နေတာမလား..."
အသင်..အမေးကြောင့်..သူကခပ်ယဲ့ယဲ့ပြုံးသည်။
"ကိုယ်...တစ်ကယ်..အိပ်ပျော်နေတာ..ပီကေနံ့ရလို့
နိုးလာတာ..."
သူ့စကားကြောင့်..အသင်ပါးစပ်ကိုလက်နှင့်အမြန်
အုပ်လိုက်မိသည်။
"မင်း..ပီကေတွေစားနေပြန်ပြီလား..."
"အနံ့ကျန်နေသေးတာဖြစ်မှာပေါ့..ထွေးထုတ်လိုက်တာ
ကြာပြီ..လုစားဖို့တွေးမနေနဲ့..."
"အဟင်း..အဲ့လောက်လဲကြောက်မနေပါနဲ့..ချာတိတ်ရယ်
မင်းကျွေးရင်တောင်..ကိုယ်ကအခုစားနိုင်တဲ့..
အခြေအနေမဟုတ်ဘူး..."
တိုးဖျော့နေတာပေမဲ့..သူ့အသံကပြတ်သားကြည်လင်
နေဆဲ....
"ရှင်..သက်သာရဲ့လားဟင်......"
အသင်..မေးလဲမေး.သူ့ရင်ဘတ်ပေါ်ကလဲ..ရုန်းထရန်
ပြင်ပေမဲ့..နေမကောင်းတာတောင်..သန်မာနေဆဲ
သူ့လက်တွေက..အသင့်ကိုလွတ်မပေးပဲ..ကိုယ်ချင်း
ထပ်သွားအောင်ပါ..ဆွဲချဖက်လိုက်သည်။
"မင်း..အမြဲတမ်း..ရုန်းကန်နေတာ..မမောဘူးလား"
"ရုန်းတော့ရော..ရတာကျနေတာပဲ..."
မကျေမနပ်သံလေးနှင့်..သူမပြောတော့..နေ..
နူတ်ခမ်းမဖွင့်ပဲပြုံးလိုက်မိသည်။သူမရဲ့ဦးခေါင်း
လေးကိုရင်ဘတ်နှင့်ဖိကပ်စေလိုက်ရင်း..နွေးအိနေတဲ့
ခန္တာကိုယ်လေးကိုခပ်တင်းတင်းပွေ့ပိုက်ထားလိုက်
မိသည်။
"ကိုယ်....အခုထိခေါင်းတွေကိုက်နေတုန်းပဲ...
ဒီညကိုယ့်ဘေးမှာရှိနေပေးပါလား..."
နေ့စကားကြောင့်..သူမလန့်သွားသလို..ခန္တာကိုယ်
လေးကတွန့်ခနဲဖြစ်သွားသည်။
"ကိုယ်ကတိပေးတယ်..ကိုယ်မင်းကိုဘာမှမလုပ်ဘူး...."
"ရှင်တစ်ကယ်ပြောတာလား..."
"အင်း..."
"ရှင်..အသင့်ကိုလုံးဝမနမ်းပါဘူးလို့ကတိပေး..."
"အင်း..ကိုယ်ကတိပေးတယ် "
သူကမဆိုင်းမတွလိုက်လျောနေတာကြောင့်..
အသင်..သူ့ကိုနည်းနည်းယုံချင်ချင်ဖြစ်သွားရသည်။
တစ်ကယ်လဲ...နေမကောင်းတဲ့သူ့ကိုအသင်စိတ်မချ
နိုင်ပေ..အသင်..သူ့ကိုဘာ့ကြောင့်..ဒီလောက်ထိ..
စိတ်ပူနေရသလဲဆိုတာ..ကိုယ့်ကိုကို်ယ်လဲ..မသိတော့ပါ.
💜💜💜💜💜
မီးရောင်ခပ်ဖျော့ဖျော့သာရှိနေတဲ့အခန်းကျယ်ကြီးထဲက
ဖြူစွတ်နေတဲ့မွေ့ယာကြီးထက်မှာ..နေ့ကိုကျောပေးလျက်
လှဲလျောင်းနေတဲ့သူမ..
နေ့ရဲ့..လက်မောင်းတစ်ဖက်ကို..သူမကို
ခေါင်းအုံး
ထားစေပြီး..နောက့လက်တစ်ဖက်က..သူမရဲ့
ခါးလေးကိုပွေ့ဖက်ထားတာမို့..သူမကနေ့ရဲ့..
ရင်ခွင်ထဲ..ရောက်နေသည်။
"ချာတိတ်...."
"ဟင်.."
နေ..ခေါ်လိုက်တော့..သူမကချက်ချင်းထူးသည်။
"မင်းအိပ်နေပြီလား..."
သူမအိပ်မပျော်သေးဘူးဆိုတာ..သိလျက်နှင့်....
နေမေးလိုက်မိသည်။ခါတိုင်း..အနားမှာရှိနေရင်..
စကားများလွန်းလှတဲ့သူမ..အခုလိုတိတ်ဆိတ်နေ
တော့..နေ..မနေတတ်သလိုဖြစ်နေမိသည်။
"မင်းအိပ်မပျော်သေးဘူးမဟုတ်လား..ဘာလို့ငြိမ်
နေတာလဲ.."
"ရှင်မှနေမကောင်းတာ..အသင်က..ရှင်..အနှောင့်
အယှက်ဖြစ်မှာစိုးလို့ပါ.."
"အဟင်း..အခုမှအလိုက်သိတတ်နေလိုက်တာ.."
"ရှင်နော်..လူကိုမရွဲ့ပါနဲ့..အနားမှာနေပေးဆိုလို့လဲ
နေပေးနေရသေးတယ်..."
သူမကမကျေမနပ်လေးပြောတော့..နေ..သူမဦးခေါင်း
လေးကို..ပါးပြင်နှင့်ထိကပ်ထားလိုက်သည်။
"ထူးဆန်းတယ်..မင်းကိုအခုလိုလေးဖက်ထားရတာ
ကိုယ်ခံစားနေရတဲ့ဝေဒနာတွေ..သက်သာသွား
သလိုပဲ."
ခပ်တိုးတိုးပြောနေတဲ့..သူ့ရဲ့လေငွေ့နွေးနွေးတွေက
လည်ဂုတ်သားဝင်းဝင်းလေးထက်မှာတိုးဝှေ့ကျီစယ်
နေတော့..အသင်ကြက်သီးထသွားရသည်။အသင်
သူကလွဲရင်ဘယ်ယောကျာၤးနဲ့မှ..မနီးစပ်ခဲ့ဖူးတာ
အမှန်ပါ...
"လျှောက်ပြောမနေပါနဲ့..အသင်..ဆရာဝန်မှ
မဟုတ်တာ.."
ကိုယ့်အတွေးနဲ့ကိုယ်မို့..သူ့စကားကို..တစ်အောင့်
ကြာမှ.ပြန်လည်ချေပနိုင်သည်။
"မင်းက..ကိုယ့်အတွက်..ဒေါက်တာတွေထက်ပိုပြီး
အစွမ်းထက်နေတာဖြစ်မယ်..."
နေ..ပြောရင်း..သူမရဲ့ဂုတ်သားလေးကို..နူတ်ခမ်း
တွေနှင့်ဖိကပ်နမ်းလိုက်တော့...သူမပခုံးလေး..
ကျုံ့သွားကာ....
"ရှင်..အသင့်ကိုဘာမှမလုပ်ဘူးလို့ကတိပေးထား
တယ်နော်..."
"ဒါ..နမ်းတာမှမဟုတ်တာ..နူတ်ခမ်းနဲ့ထိလိုက်တာ"
"ဘာပြောတယ်.."
အသင်..စိတ်တိုတိုနှင့်..သတိလက်လွတ်သူ့ဘက်ကို..
လှည့်ကြည့်လိုက်မိလျှင်...အနောက်မှာ..ကပ်ကပ်လေး
ရှိနေသည့်..သူ့မျက်နှာနှင့်..လက်တစ်လုံးပင် ..
မကွာတော့တဲ့အထိ..နီးကပ်သွားရတာမို့..လန့်ဖျပ်
သွားရသည်။
"ရှင်..ယောကျာၤးဆိုကတိတည်ပါ..."
ပြုံးယောင်သမ်းနေသည့် သူ့နူတ်ခမ်းတွေကိုကြည့်ပြီး
ရန်တွေ့လိုက်ပေမဲ့..အသံကမမာထန်နိုင်ခဲ့ပေ...
"ကိုယ့်ကို..ယောကျာၤးမစစ်ဘူးလို့မင်းကထင်လို့လား"
ညစ်ကျယ်ကျယ်အပြုံးနှင့်သူမေးလိုက်တော့..အသင်
ကိုယ်စကားမှားသွားမှန်းသိကာ..ရင်ထဲမှာ....
ပျာယာခတ်သွားရသည်။
"ပြောကြည့်..ကိုယ်ဘယ်လောက်ယောကျာၤးပီသ
ကြောင်းပြရမလား..ကိုယ်နေမကောင်းပေမဲ့လဲ....
မင်းကိုသက်သေပြနိုင်တယ်နော်..."
"ရှင်..ရှင်..မညစ်ပါတ်နဲ့နော်..အသင်ပြောတာ...
အဲ့လိုမဟုတ်ဘူး..."
အသင်.သူ့ရင်ဘတ်ကို..လက်နှစ်ဖက်နှင့်စုံတွန်း
ထားမိရင်း..အသည်းအသန်ပြောလိုက်မိသည်။
ဒါပေမဲ့..ပြုံးယောင်သမ်းနေဆဲနူတ်ခမ်းတွေနဲ့သူ့ရဲ့
လက်ချောင်းသွယ်သွယ်တွေက..အသင့်ရဲ့..
နူတ်ခမ်းသားလေးတွေကို..မထိတထိကြည်စယ်
လာခဲ့ချိန်...
"ဟင့်အင်း..တော်ပြီ...အသင်ရှင့်နားမှာမနေတော့ဘူး"
အသင်..သူ့လက်ကိုအတင်းဖယ်ချပြီး..ရုန်းထလိုက်
ပေမဲ့..သူကအတင်းပြန်ဆွဲချကာဖက်ထားသည်။
"လွှတ်..အသင့်ကိုလွှတ်..."
နေ...ရင်ခွင်ထဲမှာရုန်းကန်နေတဲ့ကောင်မလေးကို
မလူပ်နိုင်အောင်..တင်းကြပ်စွာဖက်ထားလိုက်သည်။
"ကျေးဇူးပြုပြီး..ငြိမ်ငြိမ်လေးနေပါလားကွာ...
ကို်ယ်..တစ်ညလုံးမင်းကိုဒီလိုဖက်ထားပြီး..ကိုယ့်ကတိ
ကိုယ်တည်အောင်..မနည်းထိန်းချုပ်ထားရမှာ...
မင်းအလိုက်မသိရင်တော့.ကိုယ်လဲအာမမခံနိုင်ဘူး"
နေ.ခြိမ်းခြောက်လိုက်မှ..သူမကြောက်ပြီးငြိမ်
သွားသည်။
"အဟင်း..."
နေ..သဘောကျသလိုရယ်လိုက်မိရင်း..ချက်ချင်းပင်
ငြိမ်သက်သွားသည့်..သူမရဲ့ဆံပင်တွေကို..ဆံပင်တွေကို
တိုးဝှေ့နမ်းရိူက်နေမိရင်း..တသိမ့်သိမ့်လူပ်ခတ်လာတဲ့
ရင်ခုန်သံတွေရဲ့စေစားမူ့ကို..ကြိုးစားထိန်းချုပ်
နေခဲ့ရသည်။
"မင်းသိရဲ့လား...ချာတိတ်..မင်းက..တစ်ကယ့်
ဂြိုလ်သူမလေးပဲ..ကိုယ့်လိုနတ်ဆိုးတစ်ကောင်ကို
ရင်ခုန်တတ်အောင်သင်ပေးဖို့အတွက်..ကိုယ့်ကမ္ဘာ
ကိုရောက်လာတဲ့..ဂြိုလ်သားမလေး...."
နေ..အသံတိတ်ဆိုလိုက်မိရင်း....
💜💜💜💜
"ကိုကို...ကိုကို....."
နားထဲမှာ..ကြားနေရတဲ့..အသံသေးသေးလေး
တစ်ခုကြောင့်..နေ..မျက်လုံးတွေကိုကြိုးစား
ဖွင့်ကြည့်ဖို့ကြိုးစားပေမဲ့လဲ..မရ....
"ကိုကို.."
"ချမ်း...သားရဲ့ညီမလေးစောင့်နေတယ်လေ...
သား..သူ့ဆီပြန်သွားရမယ်...မဟုတ်လား..."
နေ..ကြားနေရတဲ့..အသံတွေနဲ့..မျက်လုံးမဖွင့်နိုင်ပဲ
ခေါင်းကိုဘယ်ညာခါရမ်းနေမိစဉ်..အာရုံထဲမှာ..
ပီပြင်စွာပေါ်လာတဲ့ပုံရိပ်တွေ......
"ချမ်း..."
"သားလေး...ချမ်း...."
"ကိုကို...."
ခန့်ညားသည့်လူကြီးတစ်ဦးနှင့်၊ချောမောလှပသော
အမျိုးသမီးတစ်ဦး..သူတို့နှစ်ယောက်ရဲ့အလယ်မှာ
အဖြူရောင်ဂါဝန်လေးနှင့်ရပ်နေတဲ့..၁၃နှစ်အရွယ်
ချစ်စရာကလေးမလေးတစ်ယောက်.....
"ကိုကို....."
ထိုကလေးမလေးက...ချိုသာသောအပြုံးလေးနှင့်
နေ့ထံဝမ်းသာအားရဟန်နှင့်..ပြေးလာနေစဉ်..
"အ...ကျစ်..."
နေ..အိပ်ယာကနေ..ဖျပ်ခနဲလန့်နိုးသွားခဲ့သည်။
လူတစ်ကိုယ်လုံးချွေးတွေရွဲနစ်နေပြီး..ခေါင်းထဲက
တဆစ်ဆစ်ထိုးကိုက်လာတဲ့..ဝေဒနာက...စာဖွဲ့
ပြလို့မရအောင်ပင်...
သူမကတော့..နေ့ဘေးမှာ..ဘေးစောင်းလေး...
အိပ်မောကျနေသည်။
"ချမ်း...ချမ်းတဲ့..သူတို့ငါ့ကို...ချမ်းလို့ခေါ်နေတာ
ငါ့နာမည်ကချမ်းလား..."
နေ..ဦးနှောက်ကိုအသည်းအသန်အလုပ်ပေးလိုက်မိစဉ်
ခေါင်းထဲကမခံမရပ်နိုင်အောင်..ထိုးကိုက်လာခဲ့ပြီး...
"အား..."
💜💜💜💜
အပိုင်း(၂၂)မျှော်
Hazelမနက်ဖြန်စာမတင်ဖြစ်ဘူးနော်..စောင့်နေမှာ
စိုးလို့ကြိုပြောထားတာ...☺☺
Writer by
#Hazel See less