💜စေတန်ရဲ့သတို့သမီး💜
💛💛💛💛
"ငါ..သူ့ဆီ..ဘာကိစ္စနဲ့ရောက်လာပါလိမ့်.."
မျက်လုံးလေး...ပေကလပ်၊ပေကလပ်နှင့်......
အူလည်လည်လေးဖြစ်နေတဲ့..သူမကိုကြည့်ပြီး..
နေ..ရယ်ချင်စိတ်ကို..ဘယ်လိုမှထိန်းမရတော့...
"အဟွန်း..."
သူ့ဆီက..ရယ်သံထွက်လာမှ..အသင်....သတိကပ်
သွားရကာ..ဖက်တွယ်ထားတဲ့သူ့လက်တွေကနေ
ရုန်းထွက်ရင်း..အနောက်သို့ဆုတ်သွားရသည်။
"ဘာဖြစ်သွားတာလဲ..လန့်သွားတာလား..အဲ့ဒါ.."
ပြောရင်း..သူကအရှေ့ကိုတိုးရင်း..အသင့်လက်မောင်း
တစ်ဖက်ကိုလှမ်းဆွဲထားသည်။
"နောက်တစ်ခါ..အသင့်ကိုအဲ့လိုကြီးမနမ်းပါနဲ့..."
ခုထိမတည်ငြိမ်သေးတဲ့..အသံလေးနှင့်..အသင်..
ပြောလိုက်မိတော့..သူ့ဆီကခပ်သဲ့သဲ့ရယ်သည်။
"ကိုယ်သိပါတယ်..မင်းကအတွေ့အကြုံမရှ်တဲ့
ယုန်ဖြူမလေးဆိုတာလေ..ဒါပေမဲ့..ကိုယ်ကတော့
အဲ့လိုအနမ်းမျိူးကိုပဲ..သဘောကျတယ်..."
မျက်လုံးချင်းဆုံကြည့်ကာ..တည့်ပင်နေပြောလိုက်တော့
သူ့မရဲ့ပါးပြင်လေးနှစ်ဖက်အရောင်တင်စရာမလိုပဲ
နီရဲတက်သွားသည်။
"တခြားမိန်းကလေးတွေနဲ့ရော..ရှင်အဲ့လိုပဲ......
နမ်းတာပဲလား..."
မေးနေရင်း..မျက်မှောင်လေးမသိမသာကြုံ့သွားတဲ့
သူမ...နေ..မဖြေပဲ..မျက်ခုံးတစ်ဖက်တွန့်ပြလိုက်ကာ
"မင်းဘယ်လိုထင်လို့လဲ..."
သူ့ကိုမေးတာကို..မေးခွန်းပြန်ထုတ်ခံလိုက်ရ၍..
အသင်..စိတ်တိုသွားရသည်။
"ဘယ်လိုမှ..မထင်ဘူး..ရှင့်ဘာသာ..ဘယ်သူနဲ့နမ်းနမ်း
အသင့်ကိစ္စလဲမပါဘူး..ပြီးေတာ့..နောက်တစ်ခါ
ပီကေစားချင်ရင်ပြောပါ..သူများပီကေကိုလုမစား
ပါနဲ့..ရှင်မို့..မရွံတတ်တယ်...ဟွန့်..."
"ကိုယ်က..မင်းဆီကပဲ..စားချင်တာ..."
ပြောရင်း..သူကပီကေကို..မူတ်ပြသည်။
"ပီကေထက်..မင်းရဲ့နူတ်ခမ်းတွေက..ပိုပြီး.....
အရသာရှိတယ်..."
ဗုဒေါ္ဓ...ဘယ်လိုတောင်..အပြောရဲတာပါလိမ့်..
"ကဲ..အခုပြောလို့ရပြီလား..ကိုယ့်ကိုအကူအညီ
တောင်းမယ်ဆိုတဲ့ကိစ္စ..."
အသင်..ထိုအခါမှ..ကိုယ့်ကိစ္စကိုယ်သတိရသွားကာ
မျက်နှာကိုအနည်းငယ်လျော့လိုက်မိသည်။...
ကိုယ်က..အကူအညီတောင်းရမဲ့သူမဟုတ်လား..
"ဟို..အဲ့ဒါက..ဒီလိုပါ.."
ချက်ချင်းပင်..သူမက..မျက်နှာပြောင်းသွားကာ
အစချီသည်။နေ..သူမကိုလွတ်လိုက်ကာ..လက်
ပိုက်လိုက်ရင်း..ပြောဆိုသည့်သဘောနှင့်..မေးဆတ်
ပြလိုက်သည်။သူမက..နေ့ကိုမဝံ့မရဲဟန်လေးနှင့်
ကြည့်ကာ...
"ဒီလိုပါ..အသင်တို့..ဂျာနယ်တိုက်က..မကြာခင်
နှစ်ပါတ်လည်အတွက်..အထူးထုတ်..ထုတ်ဝေတော့မှာ
အဲ့ဒါ..အဲ့ဒီအထူးထုတ်အတွက်..အဓိကဏ္႑ဏ
အနေနဲ့..ရှင့်ရဲ့အင်တာဗျူးကို..ထည့်ချင်လို့ပါ..
ရှင်..အသင်တို့..ဂျာနယ်တိုက်ကို..အင်တာဗျူးခွင့်
ပေး..ပေးနိုင်မလား.."
သူမအကူအညီတောင်းမည်ဆိုကထဲက..ဒီကိစ္စ
ဖြစ်မည်မှန်း..နေသိပြီးသား..New Starက...
ခုရက်ပိုင်းမှာ..နေ..နဲ့အင်တာဗျူးခွင့်ရဖို့...အထပ်ထပ်
ဆက်သွယ်နေခဲ့တာကို..နေသိထားသည်။
"မင်းတို့..ဂျာနယ်တိုက်ရဲ့အင်တာဗျူးကမ်းလှမ်းမူ့ကို
ကိုယ်ပါယ်ချခဲ့ပြီးပြီလေ..မင်းမသိဘူးလား.."
သူမက..မျက်နှာလေးငယ်ပြီး..ဘာမှမပြော..နေ..
လက်ပိုက်လျက်နှင့်..စားပွဲကိုမှီရပ်လိုက်ရင်း...
"မင်းတို့..ဂျာနယ်တိုက်မှမဟုတ်ဘူး..ကိုယ်....
ဘယ်ဂျာနယ်..ဘယ်မဂ္ဂဇင်းတိုက်နဲ့မှ..အင်တာဗျူး
မလုပ်ခဲ့ဘူး..ကိုယ်..မီဒီယာသမားတွေနဲ့..ရူပ်ရူပ်
ယှက်ယှက်တွေကို..အမုန်းဆုံးပဲ..."
"အသင်..သိပါတယ်..အဲ့ဒါကြောင့်လဲ..အသင်..
ရှင့်ကိုအကူအညီတောင်းနေတာပါ..အင်တာဗျူးက
ရှင့်စိတ်တိုင်းကျဖြစ်စေရမှာပါ..ရှင်ခွင့်မပြုတဲ့..
ဘယ်လိုမေးခွန်းမျိူးကိုမှ..မမေးပါဘူး..တတ်နိုင်မယ်
ဆိုရင်..အသင့်ကိုအကူအညီပေးပါ..ကိုနေကုဋာ
အသင်တို့ဂျာနယ်တိုက်ရှေ့ဆက်ဖို့က..ရှင့်အပေါ်မှာ
မူတည်နေတာပါ.."
သူက..အသင့်စကားတွေကို..ဆုံးအောင်နားထောင်ရင်း
ရိပ်ခနဲပြုံးသည်။
"ဒါ..အလွဲသုံးစားလုပ်တာပဲ..."
"ရှင်..ဘာကိုလဲဟင်..."
အသင်..နားမလည်သလိုမေးလိုက်လျှင်..သူက..အသင့်
ရှေ့ကိုတိုးလာပြန်ကာ...
"အခု..ကိုယ်တို့နှစ်ယောက်ကြားက..ပါတ်သတ်မူ့ကို
အသုံးချပြီး..မင်းတောင်းဆိုနေတာ..ဒါ..ကိုယ့်
ခံစားချက်ကို..မင်းအလွဲသုံးစားလုပ်တာပဲ...
မဟုတ်လား..."
"အို..အဲ့လို..မဟုတ်ပါဘူး.."
အသင်..လက်လေးနှစိဖက်ခါရင်း..အသည်းအသန်
ုငြင်းလိုက်မိသည်။
"အသင်က...အဲ့လိုအခွင့်အရေးသမားမဟုတ်ပါဘူး
ရှင်..လက်မခံနိုင်ဘူးဆိုရင်လဲ..အသင်ထပ်မပြော
တော့ပါဘူး.."
ပြောရင်း..သူမက..ညိုးငယ်သောမျက်နှာလေးနှင့်
လှည့်ထွက်ဟန်ပြင်သည်။
"နေဦး..."
သူ့ဟန့်တားသံကြောင့်..အသင်ခြေလှမ်းတွေတုံ့ခနဲ
ရပ်သွားရသည်။
"ရှင်..လက်ခံမှာလားဟင်.."
မျှော်လင့်ချက်လေးနှင့်..နောက်လှည့်ပြီးမေးလိုက်တော့
သူကပခုံးတွန့်ပြုံးသည်။
"ကိုယ်က..အဲ့ဒီအင်တာဗျူးကို..လက်ခံမယ်ဆိုရင်ရော
ကိုယ့်အတွက်..ဘာအကျိုးအမြတ်ရမှာလဲ....."
"ရှင်..."
"ကိုယ်အခု..ဘယ်သူ့ကိုမှ..မပေးခဲ့တဲ့..အခွင့်အရေး
မင်းကိုပေးရမှာလေ..အဲ့ဒီ့တော့..မင်းကရော...
ကိုယ့်ကိုဘာပြန်လုပ်ပေးမှာလဲ.."
"အသင်က..ဘာ..ဘာလုပ်ပေးရမှာလဲ.."
မထီတရီအပြုံးနှင့်သူစိုက်ကြည့်နေတော့..
အသင်..စကားတွေ..အထစ်ထစ်အငေါ့ငေါ့...
ဖြစ်ကုန်ရသည်။သူက..အသင့်လည်တိုင်လေးကို
ငုံ့ကြည့်ကာ..လက်ချောင်းသွယ်သွယ်တွေက..
ရင်ဘတ်လေးထက်မှာ..မထိတထိကျီစယ်သွားရင်း
"ကိုယ်..ဘာလိုချင်တယ်ဆိုတာ..မင်းသိပါတယ်.."
"ဘာပြောတယ်.."
ရင်ဘတ်ကို..လက်နှစ်ဖက်နှင့်ယှက်ကာရင်း...
အသည်းအသန်နောက်ဆုတ်သွားတဲ့သူမ....
"ရှင်..မဟုတ်မဟတ်တွေစဉ်းစားမနေနဲ့..ရှင်လိုချင်တာ
အသင်မပေးနိုင်ဘူး...."
ယောက်ယတ်ခတ်နေတဲ့ကောင်မလေးကိုကြည့်ပြီး
နေရယ်လိုက်မိသည်။
"ကိုယ့်ကိုအဲ့လောက်တောင်ကြောက်လား..."
သူမက..မဖြေပဲ..ပေကြည့်နေသည်။
"Okလေ..မင်းရဲ့ကမ်းလှမ်းချက်ကို..ကိုယ်လက်ခံ
ပါတယ်..."
"တစ်ကယ်..."
သူမဝမ်းသာအားရဟန်လေးဖြစ်သွားသည်။နေ..
သူမခေါင်းလေးကို..လှမ်းပုတ်လိုက်ရင်း...
"ဒါပေမဲ့..သိတဲ့အတိုင်းပဲ..ကိုယ်ကဈေးကြီးတယ်နော်
အဲ့ဒီ့တော့....အပေးအယူတော့ရှိတယ်..."
နေ့စကားကြောင့်..သူမလန့်သွားသလို..မျက်လုံး
အဝိုင်းသားလေးဖြစ်သွားသည်။ ထိုစဉ်.....
"ဒေါက်..ဒေါက်..."
တံခါးခေါက်သံကြားလိုက်ပြီး..ခဏအကြာ....
ဗန်းတစ်ချပ်ကိုကိုင်ပြီး..မေနွမ်းအထဲကိုဝင်လာသည်။
"boss..ပန်းနဲ့..ဆေးရည်အဆင်သင့်ဖြစ်ပါပြီ..."
မေနွမ်းကိုင်ထားတဲ့..ဗန်းထဲမှာ..ကြက်သွေးရောင်
ကတ္တီပါနှင်းဆီပွင့်ဖတ်လေးတွေထည့်ထားပြီး..
ဘေးမှာ..ပန်းရောင်ဖျော့ဖျော့ အရည်တွေ....
ထည့်ထားသည့်..သေးသေးရှည်ရှည်ဖန်ပုလင်းလေး
တစ်လုံးကိုတွေ့ရသည်။
"ဘာတွေလဲ..မသိဘူး..."
အသင်..မေနွမ်းကိုင်ထားသည့်..ဗန်းကိုကြည့်ပြီး
အသံတိတ်..ရေရွတ်လိုက်မိသည်။
"ကျွန်မ..ရေချိူးဖို့..ပြင်လိုက်ရတော့မလား..."
မေနွမ်းမေးလိုက်လျှင်..သူ့အကြည့်တွေက..အသင့်ဆီ
ရောက်လာပြီး...
"ထားလိုက်..မေနွမ်း..အဲ့ဒါတွေ..အသင့်ကို.....
ပေးခဲ့လိုက်..."
"ဟုတ်ကဲ့..."
သူ့အမိန့်ကြောင့်..မေနွမ်းက..လက်ထဲကကိုင်ထားတဲ့
ဗန်း..ကိုအသင့်ဆီလာပေးသည်။အသင်..ယောင်နန
နှင့်လှမ်းယူလိုက်ရင်း.....
"ဒါ..ဘာတွေလဲဟင်...အသင်က..ဒါတွေနဲ့.....
ဘာလုပ်ရမှာလဲ..."
"ကိုယ့်နောက်လိုက်ခဲ့..."
သူက..အသင်မေးတာကိုမဖြေပဲ..အသင့်လက်ကို
ဆွဲကာ..အလုပ်ခန်းထဲကနေထွက်လာခဲ့သည်။
သူ့ရဲ့ဦးတည်ရာက..သူ့ရဲ့အခန်းကျယ်ကြီးဆီသို့...
💜💜💜
"ဘာ..အသင်က..ရှင်ရေချိူးဖို့်ပြင်ပေးရမယ်...
ဟုတ်လား..."
အသင်..အလန့်တကြားနှင့်မေးလိုက်မိလျှင်...
ပြုံးထေ့ထေ့မျက်နှာနှင့်သူက..ခေါင်းကိုငြိမ့်သည်
ဆိုရုံငြိမ့်သည်။ထို့နောက်..အသင်လက်ထဲကကိုင်
ထားတဲ့..ဗန်းကို..မျက်စပစ်ပြရင်း...
"အဲ့..ဆေးရည်က..တရုတ်ပြည်က..လာတဲ့ဆေးရည်
ခန္တာကိုယ်အတွက်..အကျိုးပြုတယ်..ပြီးတော့..
သူက..ကတ္တီပါနှင်းဆီနဲ့ဆိုပိုပြီးအာနိသင်ရှိတယ်...
ကိုယ်က..တစ်ပါတ်တစ်ခါလောက်..အဲ့ဒီဆေးနဲ့
ရေစိမ်ချိုးဖြစ်တယ်..အခုကစပြီး..အဲ့ဒီတာဝန်ကို
မင်းယူရမယ်..."
"ဒါဆို..အသင်က..ရှင့်ကို..တစ်ပါတ်တစ်ခါ..ဒီဆေးရည်နဲ့
ရေစိမ်ချိူးပေးရမှာပေါ့..ဟင့်အင်းမလုပ်နိင်ပါဘူး
အသင်..မလုပ်ဘူး..."
အသင်..အသည်းအသန်ငြင်းရင်း..လက်ထဲက..
ဗန်းကိုစားပွဲပေါ်လှမ်းတင်လိုက်ကာ..လှည့်ထွက်ရန်
ပြင်သည်။
"မင်းမလုပ်နိုင်ရင်...ကိုယ်လဲ..မင်းတို့..ဂျာနယ်တိုက်ရဲ့
အင်တာဗျူးက်ုလက်မခံနိုင်ဘူး..."
သူ့စကားကြောင့်..အသင့်ခြေလှမ်းတွေတုံ့ခနဲရပ်
သွားရသည်။ဒါ..သက်သက်အကြပ်ကိုင်တာ...
အသင်..သူ့ကိုဆတ်ခနဲလှည့်ကြည့်လိုက်မိတာ..
မကျေမနပ်နှင့်ဖြစ်သည်။
"ရှင်..ဒါ..သက်သက်အကျင့်ယုတ်တာ.."
အသင်ကြိတ်မနိုင်ခဲမရဖြစ်သွားတာကို..သူက..
သဘောကျသလိုပြုံးကာ..လက်တစ်ဖက်နှင့်...
ဇက်ပိုးကိုအုပ်ကိုင်ရင်း..ဇက်ကိုဘယ်ညာလှည့်
ချိုးသည်။
"ကိုယ်..အကြောအချင်တွေ..တော်တော်တောင့်နေပြီ..
သွား..ကိုယ်ရေချိုးဖို့သွားပြင်လိုက်တော့..."
"ရှင်..ရှင်..."
လက်ညိုးတထိုးထိုးနှင့်သူမက..နေ့ကို..အစိမ်းလိုက်
ဝါးစားပစ်ချင်ပုံနှင့်ကြည့်သည်။နေ..သူမနားကို
တိုးကပ်သွားရင်း..သူမကိုငုံ့ကြည့်လိုက်သည်။
"ပထမဆုံး..ရေပူနဲ့ရေအေးကို..နွေးနွေးလေးဖြစ်
သွားအောင်အချိုးကျစပ်လိုက်...ပြီးရင်....အဲ့ဒီ
ဆေးရည်ထည့်...ခဏနေတော့..ပန်းတွေထည့်လိုက်
အဲ့ဒါဆိုရပြီ..ဘယ်လိုလဲ..အဲ့လောက်ကတော့..
မင်းလုပ်တတ်မှာပါနော်..."
အသင်သူ့ကိုဘာမှပြန်ပြောမနေတော့ပဲ..မျက်စောင်း
ထိုးကာ..စားပွဲပေါ်တင်ထားတဲ့..ဗန်းကိုပြန်ကောက်
ယူလိုက်သည်။
"လူယုတ်မာကြီး..."
ပါးစပ်ကလဲပွစိပွစိရေရွတ်ရင်း..မကျေမနပ်ခြေဆောင့်ပြီး
ရေချိုးခန်းထဲဝင်သွားတဲ့..သူမကိုကြည့်ကာ...
နေ..ပြုံးလိုက်မိရင်း...
💜💜💜💜
"တော်တော်အကျင့်မကောင်းတဲ့လူ..အခွင့်အရေးကို
ရတာနဲ့...ယူတော့တာပဲ..နည်းနည်းလေးမှ...လက်လွတ်
မခံဘူး.."
အသင်..သူပြောတဲ့အတိုင်း..ရေချိုးတဲ့ကြွေကန်
ထဲမှာပြင်ပေးနေရင်း..နူတ်ကလဲ..မကျေမနပ်နှင့်
တရစပ်ရေရွတ်နေမိသည်။
"ငါ့ကိုများ...သူ့ရဲ့ရံရွေတော်များမှတ်နေလား
မသိဘူး..ကိုယ့်မှာလဲ..လက်တွေခြေထောက်တွေ
ပါတာပဲ..ကိုယ့်ဘာသာလုပ်ပါတော့လား...နှာဘူး
အကျင့်မကောင်းတဲ့ကောင်၊လူရမ်းကား..ရတာနဲ့
ပြန်လုပ်ပေးရတာနဲ့..မကာတောင်မကာမိဘူး...
သူအင်တာဗျူးရမှာနောက်..လောလောဆယ်..
အရင်အသားယူခံနေရတာကငါ...တစ်ခါထဲဆေးရည်
မထည့်ဘဲ..ငရုတ်သီးရည်တွေထည့်ထားရမှာ..
ကဲ..ကဲ..."
"ဗွမ်း...ဗွမ်း....."
အသင်..စိတ်တိုတိုနှင့်..ပန်းပွင့်ဖတ်လေးတွေနဲ့
ပြည့်နေသည့်..ရေကိုတဗွမ်းဗွမ်းနဲ့ရိုက်လိုက်မိသည်။
"ဆေးရည်အနံ့ကအရမ်းမွှေးတာပဲ..."
နှင်းဆီပန်းရနံ့ရော..ဆေးရည်အနံ့ပါ..ရောနေတော့
ရေချိုးခန်းတစ်ခုလုံး..သင်းပျံ့ပျံ့လေးမွှေးနေသည်။ထိုစဉ်...
"ကျွီ..."
ရေချိုးခန်းတံခါးကပွင့်သွားပြီး..သူဝင်လာတာကြောင့်
အသင့်..ကြွေကန်ရဲ့ဘောင်ပေါ်မှာထိုင်နေရာက..
ကပျာကယာထရပ်လိုက်သည်။..
"ဒီမှာ..ပြင်လို့ပြီးသွားပြီ..အသင်..သွားလို့ရပြီ
မဟုတ်လား..."
ပြောရင်း..အသင်သူ့နားကနေကပ်လျှောက်သွားတော့
သူကအသင့်လက်မောင်းကိုဆောင့်ဆွဲလိုက်တာမို့
အသင့်ကိုယ်လေးအနောက်ကိုပြန်ရောက်သွားရသည်။
သူက..ရေချိုးခန်းတံခါးကိုနောက်ပြန်ပိတ်လိုက်ရင်း
"ကိုယ်..ရေချိုးလို့မပြီးမချင်း..မင်းဘယ်မှသွားလို့
မရဘူး...."
"ဟင်..ဘာဆိုင်လို့လဲ..."
အသင်မကျေမနပ်နှင့်ဆင်ခြေတက်လိုက်မိလျှင်
သူကအသင့်မေးဖျားလေးကို..ဆွဲညှစ်လူပ်ခါလိုက်ရင်း
"ကိုယ်နဲ့..အင်တာဗျူးလုပ်ချင်တယ်ဆို..ကိုယ်
ပြောတဲ့အတိုင်းလုပ်..."
အဲ့ဒါနဲ့ပဲ..ခြိမ်းခြောက်နေတဲ့သူ့ကြောင့်..အသင်..
ငိုချင်လာရသည်။
"ကိုယ့်ကိုအကျႌချွတ်ပေး..."
"ရှင့်ဘာရှင်လုပ်လေ..ရှင့်မှာလဲ..လက်ပါတာပဲ.."
သူက..ပြောမရပြန်ဘူးလားဆိုသည့်အကြည့်နှင့်
အသင့်မျက်နှာလေးကိုခပ်စူးစူးကြည့်လာလျှင်
အသင်..ကျောချမ်းသွားရသည်။တုန်ရီနေတဲ့..
လက်အစုံက..သူ့ဆီမလှမ်းချင်လှမ်းချင်လှမ်း
သွားရပြီ။
ကြယ်သီးတစ်လုံးဖြုတ်လိုက်တိုင်း..ဖြူဝင်းနေသည့်
ရင်အုပ်ကျယ်ကြီးက..တဖြေးဖြေးပေါ်လာခဲ့သည်။
ကြွက်သားအမြောင်းမြောင်းနှင့်..သူ့ရဲ့six-pack body
ကိုကြည့်ပြီး..လည်ချောင်းတွေပင်ခြောက်ကပ်လာ
သလိုပင်...
"တဘက်..."
အကျႌချွတ်ပြီးတော့..သူကတဘက်ကိုလှမ်းတောင်းသည်။
အသင်..လက်တုန်၊ခြေတုန်နှင့်ပင်..စင်ပေါ်တင်
ထားတဲ့မွေးပွ..တဘက်ကြီးကိုလှမ်းပေးလိုက်သည်။
"ခဏစောင့်နေ..."
တဘက်ကိုယူပြီး..သူကဘေစင်ဘက်ကိုလျောက်
သွားသည်။အသင်သူ့ကိုလှည့်လဲမကြည့်ရဲ..ခဏနေတော့
တဘက်ကိုခါးမှာပါတ်ထားတဲ့..သူကအနားကို
ပြန်လျှောက်လာသည်။
"ကိုယ့်ကို..ဆေးရည်နဲ့နည်းနည်းလောက်နှိပ်ပေးပါ"
ပြောရင်း..သူကရေချိူးကန်ထဲဆင်းလိုက်သည်။
"ငါကမာဆတ်ကလားဟင်..သူ့ကိုယ်သူ..သွားနေကြ
အနှိပ်ခန်းကိုရောက်နေတယ်များထင်နေလား..
မသိဘူး..."
စိတ်ထဲကနေ..မကျေမနပ်ရေရွတ်လိုက်မိပေမဲ့..
လက်တွေ့မှာတော့ အသင်..ရေချိူးကန်ရဲ့ဘောင်ပေါ်
တင်ပါးလွှဲလေးတက်ထိုင်လိုက်ရသည်။
"သေနာကြီး..."
သူမကြားဘူးထင်ပြီး..ခပ်တိုးတိုးကျိန်ဆဲလိုက်ပေမဲ့
"ဘာလဲ..မင်းဘာပြောလိုက်တာ..."
"ဪ..ဘာမှမဟုတ်ဘူး..ဆေးရည်ကအရမ်း...
မွှေးတယ်လို့ပြောတာ..."
သူမဘာပြောလိုက်တယ်ဆိုတာကို..နေ..သေချာ
ကြားလိုက်တာမို့..သူမပေးတဲ့ဆင်ခြေကိုနားထောင်ပြီး
ရယ်လိုက်မိသည်။ထိုအချိန်..သူမရဲ့..နူးညံ့သော
လက်ကလေးတွေက..နေ့ရဲ့ခန္တာကိ်ုယ်ထက်မှာ..
မနှိပ်တတ်နှိပ်တတ်နှင့်ပြေးလွှားနေခဲ့သည်။
"ရှင့်ကျောက..တတ်တူးရဲ့အဓိပ္ပါယ်က..ဘာလဲဟင်"
အသင်..သူ့ရဲ့လက်ပြင်နေရာမှာ..ရှိနေတဲ့...ကျောက်ဆူး
ပုံစံတက်တူးကိုကြည့်ပြီးမေးလိုက်မိသည်။ကျောက်ဆူးမှာ
Satanဆိုတဲ့အင်္ဂလိပ်စာလုံးကိုလဲပါတ်ပြီး....
ထိုးထားသည်။
"စေတန်တဲ့..အဲ့ဒါနတ်ဆိုးဆိုတဲ့..အဓိပ္ပါယ်မဟုတ်လား"
ထုံးစံအတိုင်း..စပ်စုတတ်တဲ့သူမက..ပါးစပ်ငြိမ်ငြိမ်
မနေပဲ..နေ့ကိုမေးခွန်းထုတ်လာပြန်သည်။
"အဲ့ဒါ..ကိုယ့်ရဲ့နာမည်နောက်တစ်မျိုး.."
"ဒါဆို..ရှင့်မှာနာမည်တွေအများကြီးရှိတာပေါ့...
Satanဆိုတာ..ဘယ်လိုအဓိပ္ပါယ်နဲ့ပေးထားတာလဲ..
အဲ့ဒီနာမည်က...အား..."
"ဗွမ်း..."
စကားများလို့မှမဆုံးလိုက်..ရုတ်တရပ်သူက...
အသင့်ကိုရေချိုးကန်ထဲဆွဲချလိုက်သည်။
"ရှင်.ဘာလုပ်တာလဲ..ဒီမှာအကုန်ရွဲကုန်ပြီး...အား
တစ်ကယ်ပဲ.."
အသင်..ရေချိုးကန်ထဲက..သူ့ကိုယ်ပေါ်ကို..ပစ်စလတ်ခတ်
ြ့ုပုတ်ကျနေတာမို့..ပြန်ကြုံးထဖို့ပြင်ပေမဲ့..သူက.
အသင်..လူပ်လို့မရအောင်ချုပ်ကိုင်ထားသည်။
"မင်းအရမ်းစကားများတယ်..."
အသင့်တစ်ကိုယ်လုံး..ရေတွေစိုရွဲနေရကာ..သူ့ရင်ခွင်
ထဲမှာ..ကိုယ်ချင်းထပ်ပြီးရှိနေရသည်။ထိကပ်မိနေတဲ့
ရင်ဘတ်နှစ်ခုက..တစ်စုံတစ်ရာသောကြားခံနယ်
မရှိအောင်ပင်...ဝတ်ထားတဲ့..အသားပျော့ပျော့
တီရှပ်ပါးလေးက..ရေစိုသွားတဲ့ခန္တာကိုယ်ပေါ်..
ချပ်ကပ်သွားတာက..လျို့ဝှက်အပ်သောအလှတရား
တွေက..အထင်းသားပေါ်နေတဲ့အထိ....
"ရှင်..ရှင်..အဲ့လိုမကြည့်နဲ့နော်.."
နေ..သူမကိုစိုက်ကြည့်နေေတာ့..သူမက..လက်နှစ်ဖက်နှင့်
ခန္တာကိုယ်ကိုယှက်ကာလိုက်ရင်း..မျက်နှာလေး
ရဲကာပြောနေသည်။နေ.သူမလက်ကောက်ဝတ်
နှစ်ဖက်ကိုဆွဲခွာချုပ်ကိုင်လိုက်ရင်း.....
"မင်း..ဒါ..သက်သက်..ကိ်ုယ့်ကိုမြူဆွယ်တာ.."
"ဟင့်အင်း..မဟုတ်ဘူးနော်..ရှင်...."
သူက..အသင့်လက်နှစ်ဖက်ကို.လက်တစ်ဖက်ထဲနှင့်
ချုပ်ကိုင်လိုက်ပြီး..လက်တစ်ဖက်က..ရေစက်တွေ
ခိုသီးနေသည့်..မျက်နှာလေးတစ်ဝိုက်ကိုပွတ်သပ်
နေသည်။
"ကိုယ့်ကိုကြောက်နေတာလား.."
"ကြောက်တယ်..."
ငိုတော့မဲ့မျက်နှာလေးနှင့်..သူမဖြေတော့..နေ..နူတ်ခမ်းတွေ
ရိပ်ခနဲပြုံးမိသွားရသည်။ထို့နောက်..မျက်နှာလေး
ပေါ်က..လက်တွေက..လက်မောင်းသားလေးတွေကို
ပွတ်သပ်နေမိပြန်ရင်း...
"ဘာလို့ကြောက်တာလဲ..."
"ရှင်က..အရမ်းကြမ်းတယ်.."
သူမက....နေ့ထံမှမျက်နှာလွှဲပြီးဖြေသည်။
"ကိုယ်...နူးညံ့မယ်ဆိုရင်ရော..."
ပြောရင်း..သူ့မျက်နှာက..ရိပ်ခနဲနီးကပ်လာခဲ့လျှင်...
"ဟင့်အင်း..."
မျက်လုံးမှိတ်ငြင်းဆန်လိုက်တော့..သူလက်က..
မျက်နှာလေးကိုခပ်ဖွဖွညှစ်ကိုင်ထားရင်း...
"အနမ်းထက်ပိုတဲ့..ဖြစ်ရပ်ကိုမင်းမလိုချင်ဘူး..
မဟုတ်လား.."
"ဟင်..."
နေ့စကားကြောင့်..သူမအထိတ်တလန့်နှင့်မျက်လုံး
ဖွင့်လာသည်။
"အဲ့ဒါဆို..ကိုယ်နမ်းတဲ့အခါ..ငြိမ်ငြိမ်ေလးနေ..
မင်းအတင်းရုန်းကန်နေရင်..ကိုယ်အသိစိတ်...
လွတ်သွားလိမ့်မယ်..."
ပြောပုံက..အသင်ကပဲ..သူဘာလုပ်လုပ်ငြိမ်ခံ
နေရတော့မလို...အသင်..သူ့ကိုမကျေနပ်တာက
တစ်ဖက်..ရင်ခုန်နေရတာကတစ်ဖက်နှင့်..ရေထဲမှာ
ရှိနေပေမဲ့..ပူလောင်နေသလို..သူ့မျက်နှာက...
တဖြေးဖြေးအသင့်နားကိုတိုးကပ်လာချိန်..
"အသင်..မလုပ်တတ်ဘူး..."
ငြင်းဆန်သလိုထပ်ပြောလိုက်မိလျှင်..သူက..
နူတ်ခမ်းမဖွင့်ပဲ..ပြုံးကာ...
"မင်းရဲ့..ရင်ခုန်သံတွေက..သင်ပေးလိမ့်မယ်..."
ထို့နောက်...ကြမ်းရှနေတဲ့အနမ်းတွေနဲ့အတူ..
သူသိမ်းပိုက်လိုက်ပြန်တဲ့..အသင့်ရဲ့..စက္ကန့်ပေါင်း
များစွာ..တစ်ကိုယ်လုံး..အေးစက်နေပေမဲ့...
အသင့်နှလုံးသားက..နွေးနေခဲ့သလို...နူးညံခြင်း...
မမြည်တဲ့..သူ့အနမ်းတွေအောက်မှာ..အသင်...
မူးမူးမေ့မေ့ဖြစ်နေရရင်း...
"ဟုတ်တယ်..ရှင်က..အဲ့ဒီsatanဆိုတဲ့နာမည်နဲ့
လိုက်ဖက်တယ်..ရှင်က..နတ်ဆိုးတစ်ကောင်ပဲ.."
ထိုစဉ်က..........
အသင့်နှလုံးသားထဲမှာ..ပဲ့တင်ထပ်သွားတဲ့..စကား
သံကိုတော့..သူကြားနိုင်လိမ့်မည်မဟုတ်ပါ...
💜💜💜💜💜💜
"တောက်...ကဲကွာ..."
"ဒုန်း...ခွမ်း...ဝုန်း..."
ဒေါသတကြီး..တက်ခေါက်သံနှင့်အတူ..ဆွဲချ
ခံလိုက်ရတဲ့..စားပွဲပေါ်က..ပစ္စည်းတွေက..အောက်မှာ
ကွဲကြေပြန့်ကြဲကုန်သည်။
"နေကုဋာ...နေကုဋာ...မင်းအရမ်းတရားလွန်နေပြီ.."
နိဒါန်းမပြေနိုင်သေးတဲ့..ဒေါသနှင့်ရေရွတ်ရင်း...
အနားမှာရှိနေတဲ့..ပစ္စည်းတစ်ခုကိုလွဲကန်လိုက်သည်။
အရှေ့မှာစီတန်းပြီးခေါင်းငုံ့ရပ်နေသည့်..တပည့်တွေကလဲ
သူတို့သူဌေးရဲ့..ဒေါသကိုသိနေတာမို့..ဝင်မဆွဲရဲကြ
"ဒီတစ်ခေါက်လဲ..ငါ့ရဲ့အရောင်းအဝယ်ကို..ပိတ်ဆို့
လိုက်ပြန်ပြီ..မင်းတို့ကောင်တွေတစ်ယောက်မှ...
သောက်သုံးမကျကြဘူး...."
"တောင်းပန်ပါတယ်..သူဌေး..."
"ငါလိုချင်တာ..တောင်းပန်စကားမဟုတ်ဘူး...
ဒီတစ်ခေါက်..ငါနစ်နာခဲ့ရတဲ့..သန်းရာချီတဲ့..
ဆုံးရူံးမူ့ကို..ဘယ်သူတာဝန်ယူမှာလဲ..မင်းလား..
ူဒါမှမဟုတ်မင်းလား...ဟမ်....တောက်..."
နေကုဋာ..ရဲနောင်နဲ့ပါတ်သတ်ပြီး..ခံခဲ့ရတဲ့..ကိစ္စ
အတွက်..နိဒါန်းအပေါ်ပြန်ပြီးလက်တုံ့ပြန်နေတာ
ကိုသိသည်။ကိုယ်ရလိုက်တုန်းကတစ်ချီထဲ...အခု
ကိုယ်ပြန်ခံနေရတာ..ဘယ်နှစ်ကြိမ်မှန်းမသိတော့..
အဆိုးဆုံးက..နယ်စပ်မှာ..အရောင်းအဝယ်ပိတ်
ဆို့ခံထားရပဲဖြစ်သည်။တစ်ကယ်ဆို..နေကုဋာက
သူ့ထက်ပိုပြီး..အကွက်ရွေ့ကျွမ်းသည်။နိဒါန်း..
ဘယ်လောက်ပဲ..အလုပ်ကို..တိကျစွာလုပ်ဆောင်
တတ်ပေမဲ့....နေကုဋာ ထက်အမြဲတမ်း..ခြေတစ်လှမ်း
နောက်ကျခဲ့ရတာချည်းသာ...
"တွေ့ကြသေးတာပေါ့ နေကုဋာ....မုဆိုးလဲ....တစ်နေ့
သားကောင်ဖြစ်လာမှာပဲ..အလှည့်ကြရင်တော့
မနွဲ့စတမ်းပေါ့..."
နိဒါန်း...အံကြိတ်...ကြုံးဝါးလိုက်မိရင်း....
💜💜💜💜
"Royal...ဆေးရုံမှာလား..အဖွား..."
"ဟုတ်တယ်...မြေးရဲ့.....ချက်ချင်းပဲ..အလှူရှင်
တွေက..အထူးကုဆေးရုံကြီးမှာတင်ပေးကြတာလေ..
ခွဲစိတ်ရမယ်ထင်တယ်..."
"ဒါဆို..အဖွားက..ဆေးရုံမှာစောင့်ပေးနေတာပေါ့.."
"အင်း...ဟုတ်တယ်...မစိုးက...ရိပ်သာမှာ..အဖွားနဲ့
အရင်းနှီးဆုံးလေ..သူကအရမ်းလဲအားငယ်တတ်တာ
အခုတောင်..ခွဲစိတ်ကမယ်ဆိုတော့..မျက်နှာက..
သိပ်မကောင်းချင်ဘူး..ဒါပေမဲ့လဲ..တရားသဘောနဲ့
ကြည့်ရမှာပဲလေ..."
အဖွားတို့ရိပ်သာက..အမျိုးသမီးကြီးတစ်ယောက်.
နှလုံးဖောက်ပြီးအရေးပေါ်ဆေးရုံတင်လိုက်ရတာမို့
အဖွားက..အဖော်အဖြစ်ရှိနေခြင်းပါ...ရိပ်သာမှာက
ပင်တိုင်အလှူရှင်တွေကရှိနေတာမို့..ချက်ခြင်းပင်
Royalလိုအထူးကုဆေးရုံကြီးကို..တင်လိုက်ကြသည်။
"အသင်လဲ..ဂျာနယ်တိုက်မှာအရေးကြီးနေလို့..
ချက်ချင်းထွက်လာလို့မရဘူး..ညနေမှလာခဲ့မယ်နော်.."
"အေးပါ..မြေးရော..နေရထိုင်ရတာအဆင်ပြေရဲ့လား.."
"ဟုတ်..ပြေပါတယိအဘွား..."
"အေး..အေး..ဒါပဲနော်..မြေး..ဟိုမှာ..ဆရာဝန်တွေ
ရောက်လာပြီ..အဖွား...မစိုးကို..သွားကြည့်လိုက်
ဦးမယ်..."
"ဟုတ်ကဲ့...အဖွား..."
အသင်..အဖွားနဲ့ဖုန်းပြောပြီးတော့..ကြည်နူး
ရောက်လာသည်။
"အသင်...အယ်ဒီတာခေါ်နေတယ်..."
"ဟေ..ဟုတ်လား..."
"အေး..နင့်ကို..အင်တာဗျူး..အခြေအနေ..မေး
မလို့နဲ့တူတယ်...နင်ရော..ပြောလို့ရခဲ့လား...အခြေ
အနေဘယ်လိုလဲ..."
"အင်း..အဆင်ပြေခဲ့ပါတယ်..."
"တစ်ကယ်.."
ကြည်နူးထပ်မေးတော့..အသင်..ခေါင်းလေး...
ငြိမ့်လိုက်မိသည်။
"ဟေး..ဒါမှ..ငါ့သူငယ်ချင်းကွ..နင်လုပ်နိုင်မယ်ဆိုတာ
ငါသိသားပဲ..အသင်..."
ကြည်နူးက..တော်တော်ဝမ်းသာသွားပုံပင်..အေးလေ
ဒီအင်တာဗျူးခွင့်ရဖို့..အသင်တစ်ပါတ်တစ်ခါ..
အဲ့ဒီနတ်ဆိုးကောင်..အသားယူသမျှခံနေရတော့မှာ
သူတို့မှမသိတာပဲလေ...အသင်အီလည်လည်ပြုံးနေမိတော့
ကြည်နူးက..အသင့်လက်လေးကိုဆွဲကာ...
"လာ...အယ်ဒီတာ့ကိုအမြန်သွားပြောလိုက်..အဲ့ဒါမှ
ရွှေရုပ်လွှာရဲ့မျက်နှာ..ဘယ်လိုပုံဖြစ်သွားလဲဆိုတာ
ကြည့်ရမယ်..."
အသင့်ထက်ပိုပြီးတက်ကြွနေတဲ့..ကြည်နူးဆွဲခေါ်ရာ
နောက်ကို..အသင်ပါလာခဲ့ရင်း....
💜💜💜💜
"သခင်လေး..ကိုယ်တိုင်Royal
ဆေးရုံထိလာလိမ့်မယ်လို့
မထင်ထားဘူး...ထိုင်ပါ.သခင်လေး.."
ဆရာဝန်ကြီး..ဦးထွန်းမြတ်က..ကပျာကယာနှင့်
နေ့ကို..ဖိတ်ခေါ်သည်။နေ..ဆိုဖာပေါ်တွင်..ဝင်ထိုင်
လိုက်ရင်း....
"ကျွန်တော်..အန်ကယ်နဲ့..သီးသန့်ဆွေးနွေးစရာ
ရှိလို့ပါ.."
"ပြေ
..ဦးထွန်းမြတ်က..ကပျာကယာနှင့်
နေ့ကို..ဖိတ်ခေါ်သည်။နေ..ဆိုဖာပေါ်တွင်..ဝင်ထိုင်
လိုက်ရင်း....
"ကျွန်တော်..အန်ကယ်နဲ့..သီးသန့်ဆွေးနွေးစရာ
ရှိလို့ပါ.."
"ပြောပါ..သခင်လေး..."
"ကျွန်တော့်ရဲ့..မှတ်ညဏ်တွေက..ဒီတစ်သက်မှာ
ပြန်ရလာဖို့အလားအလာရော..ရှိသေးရဲ့လား..."
"ဗျာ..."
သခင်လေးအမေးကြောင့်..ဦးထွန်းမြတ်အံ့ဩသွား
ရသည်။
"လွန်ခဲ့တဲ့..၁၂နှစ်က..ကျွန်တော့်ရဲ့ခွဲစိတ်မူ့ကို..
အန်ကယ်ပဲ..လုပ်ခဲ့တာ..မဟုတ်လား..ကျွန်တော်
လုပ်ခဲ့ရတဲ့..အော်ပရေးရှင်းက..ဘယ်လောက်ထိ..
ကြီးမားခဲ့လို့..နှစ်တွေဒီလောက်ကြာတာတောင်..
ကျွန်တော်မှတ်ညဏ်တွေပြန်မရခဲ့သေးတာလဲ.."
"သခင်လေးက..အခုမှ..ဘာလို့..အဲ့လို..မေးရ
တာပါလဲဗျာ..."
ဦးထွန်းမြတ်စကားကြောင့်..နေ..မပွင့်တပွင့်...
ပြုံးလိုက်မိသည်။
"ထူးဆန်းတယ်...၁၂နှစ်ကြာခဲ့ပေမဲ့..ကျွန်တော့်
ဘဝမှာ..မှတ်ညဏ်တွေပြန်မရလဲ..ဘာမှ..မထူးခြား
သွားဘူးလို့..အမြဲတမ်းတွေးခဲ့တာ..တစ်ခါတစ်လေ
ဘာမှန်းမသိတဲ့ပုံရိပ်တွေကြောင့်..ကျွန်တော်...
စိတ်အနှောင့်အယှက်ဖြစ်ရတာကလွဲလို့ပေါ့..ဒါပေမဲ့
အခု..ဘာ့ကြောင့်မှန်းမသိ..ကျွန်တော်မှတ်ညဏ်တွေ
ပြန်လိုချင်မိတယ်..တစ်စုံတစ်ယောက်က..ကျွန်တော့်ကို
စောင့်နေသလိုမျိုး..ကျွန်တော့စိတ်ကခံစားနေရတာ"
"သခင်လေး.."
"ဒါက..စိတ်ခံစားချက်သက်သက်ဆိုတာ..ကျွန်တော်
သိပါတယ်..ဒါပေမဲ့လဲ..ကျွန်တော်ရဲ့၁၆နှစ်တာ
မှတ်ညဏ်တွေကို..ကျွန်တော်အခုပြန်ပြီး..ရှာဖွေ
ချင်တယ်အန်ကယ်..."
နေ..ပြောရင်း..ဦးထွန်းမြတ်ကို..စိုက်ကြည့်မိကာ
"ဦးနှောက်နဲ့အာရု့ံကြော ပါရဂူတစ်ယောက်အနေနဲ့
ကျွန်တော်ခံစားနေရတဲ့ဝေဒနာတွေကိုသက်သာ
စေရုံအပြင်...ကျွန်တော့်ရဲ့မှတ်ညဏ်တွေအမြန်ဆုံး
ပြန်ရဖို့..အန်ကယ်ဘယ်လောက်ထိဆောင်ရွတ်
ပေးနိုင်မလဲဆိုတာ..ကျွန်တော်သိချင်တယ်.."
နေ့ရဲ့အဆုံးသတ်စကားကြောင့်..ဦးထွန်းမြတ်..
ဘာစကားမှမပြောနိုင်အောင်ဖြစ်သွားခဲ့ရရင်း.......
💜💜💜💜
"boss...ကုမ္မဏီကိုပဲ..ပြန်သွားမှာမဟုတ်လား"
ဦးထွန်းမြတ်ရဲ့နားနေခန်းထဲကနေပြန်ထွက်လာတော့
ဓာတ်လှေကားထဲအရောက်..ဇ,ကမေးသည်။
"Showrooms ကိုခဏဝင်မယ်....ညနေကျရင်တော့
ရုံးစောစောဆင်းဖို့လုပ်ထားလိုက်..ဒီနေ့ညစာကို
အသင်နဲ့အပြင်မှာစားမလို့..."
"ဟုတ်ကဲ့ပါ...boss..."
ထိုစဉ်..ဓာတ်လှေကား တံခါးပွင့်သွားတာမို့..နေ
လှမ်းထွက်လာခဲ့သည်။နေ့နောက်မှာ..ဇ,ကလဲ..
ထပ်ကြပ်မကွာ..လိုက်ပါလာသည်။ထိုစဉ်...
"ချမ်း..."
နားထဲမှာ..ကြားလိုက်ရတဲ့နာမည်တစ်ခုကြောင့်..
နေ့ခြေလှမ်းတွေတုံ့ခနဲရပ်တန့်သွားရသည်။
ဘာလို့လဲ.....
နေ့ရဲ့နာမည်မဟုတ်ဘဲ..နေဘာလို့ရပ်လိုက်မိတာလဲ
"ချမ်း...သားလေး..."
ထပ်ခေါ်လိုက်တဲ့..အသံနှင့်အတူ..နေ..ရှိရာအပြေး
တစ်ပိုင်းခြေလှမ်းတွေနှင့်လျှောက်လှမ်းလာနေတဲ့
အမျိုးသမီးကြီးတစ်ဦး....
"ချမ်း..သားလေး..ချမ်း..ဟုတ်တယ်မဟုတ်လား.."
အနားရောက်လာတဲ့..ထိုအမျိုးသမီးကြီးက...
မျက်ရည်တွေဝေ့နေသည့်..မျက်ဝန်းအစုံနှင့်...
နေ့လက်တွေကိုဆုပ်ကိုင်လိုက်သည်။
"ချမ်း..ဟုတ်ပါတယ်နော်..အဘွားလေ....သား
မမှတ်မိတော့ဘူးလား..."
"ဗျာ...ကျွန်တော်.."
နေ...ထိုအမျိုးသမီးကြီးကိုကြည့်ကာ..ဘာမှမပြောနိုင်
ဖြစ်နေခဲ့ရပြီး...
💜💜💜💜💜
အပိုင်း(၂၁)မျှော်....
သနားပါတယ်ဟယ်😭😭ဘယ်သူ့ကိုသနားလို့
သနားမှန်းမသိတော့ဘူး....😌
Writer by
#Hazel See less