💞စေတန်ရဲ့သတို့သမီး💞
💞💞💞💞
"အဖြူရောင်စံအိမ်...."
နေပျောက်ပင်မထိုးနိုင်အောင်စိုက်ပျိုးထားတဲ့
သက်ရင့်ပင်များနှင့်..စိမ်းစိုလှပသော
သဘာဝအလှတရားတွေကြား...ခမ်းနား
လှပစွာတည်ရှိနေသောစံအိမ်ကြီး...
"ကျွီ..."
ထိုစံအိမ်ကြီးရဲ့မြေအောက်ကားပါကင်ထဲသို့
အနက်ရောင်ပြိုင်ကားလေးကထိုးစိုက်
သွား၏။
နေ..ကားပေါ်ကဆင်းလိုက်သည်။ပြီးတော့
ကားပါကင်ထဲကမြောက်မြားလှစွာသော
ကားတွေကိုဖြတ်ကျော်လာကာ...
ဓာတ်လှေကားထဲကိုဝင်လာခဲ့သည်။
နေ့ရဲ့အခန်းရှိနေတဲ့..4လွှာကိုနှိပ်လိုက်ပြီး..
လေလေးတချွန်ချွန်နှင့်..ဘောင်းဘီအိတ်ထဲ
လက်တစ်ဖက်ထည့်ကာ...တက်လာခဲ့သည်။
"ဝှစ်..."
ဓာတ်လှေကားပွင့်သွားတာနှင့်..မြင်လိုက်
ရတဲ့..အန်ကယ်ဂျိမ်း
"ပြန်လာပါပြီလား...သခင်လေး..."
"အန်ကယ်ဂျိမ်း ကျွန်တော့်ကိုစောင့်နေတာလား"
နေ..မေးလိုက်ရင်းဆက်လျောက်လာခဲ့တော့
အန်ကယ်ဂျိမ်းကအနောက်ကနေ..ပါလာ
သည်။
"ဖိတ်ကြားလွှာရထားပါတယ်သခင်လေး.."
"ဘယ်ကလဲ..."
"ONE လုပ်ငန်းစုရဲ့..ဘန်ကောက်မှာ..
ကျင်းပမဲ့..ရတနာပြပွဲအတွက်ပါ......
သူဌေး...ဦးကျော်မော်ကိုယ်တိုင်.သခင်လေး
ဆီကိုပို့လိုက်ပါတယ်...၄ရက်နေ့ပါတဲ့
သခင်လေးကို...အထူးဧည့်သည်တော်..
အဖြစ်ဖိတ်ကြားထားတာပါ..."
,ONEလုပ်ငန်းစုရဲ့သူဌေးဦးကျော်မော်က..
နေနဲ့..ပါတနာဖြစ်ခွင့်ရဖို့အသည်းအသန်
ကြိုးစားနေတဲ့...လုပ်ငန်းရှင်ကြီးတွေထဲက
တစ်ဦးဖြစ်သည်။
"သခင်လေး..သွားမှာပါလား..."
"ကျွန်တော်သွားမယ်...အန်ကယ်ပြင်ဆင်
ထားလိုက်ပါ...ONEရဲ့ရတနာပြပွဲက
ဘယ်လောက်အဆင့်ရှိလဲကြည့်ရတာပေါ့..
The Sunလုပ်ငန်းစုနဲ့ပါတနာဖြစ်ဖို့..
အရည်အချင်းရှိမရှိကြည့်ရမယ်.."
"ဟုတ်ကဲ့..ကျွန်တော်ပြင်ဆင်လိုက်ပါ့မယ်.."
စကားတစ်ပြောပြောနှင့် နေ့ရဲ့အခန်းရှေ့ကို
ရောက်လာပြီဖြစ်သည်။
"အချိန်မနည်းတော့ဘူး...အန်ကယ်..
သွားနားလိုက်ပါတော့..."
"ဒီနေ့..မိုးအေးတယ်..သခင်လေးလဲ..
စောစောအိပ်ပါ.."
အန်ကယ်ဂျိမ်းကစိုးရိမ်သလိုပြောတော့..
နေပြုံးလိုက်မိသည်။ပါပါမရှိတော့စဉ်ထဲက
အန်ကယ်ဂျိမ်း ကသူ့ရဲ့မိသားစုလိုမျိုး..
ရင်းနှီးရတဲ့..တစ်ဦးတည်းသောသူပင်
မဟုတ်လား...
နေ..အခန်းထဲဝင်လာတော့...အရင်ဆုံး..
စိတ်တွေနောက်ကျိနေတာမို့.....ရေချိုးခန်း
ထဲအရင်ဝင်လာခဲ့သည်။၁နာရီလောက်
ရေစိမ်နေပြီးမှ...လူကနည်းနည်းလန်းသွား
သည်။ရေချိုးခန်းထဲမှပြန်ထွက်လာတော့လဲ
အဝတ်အစားမဝတ်ဖြစ်သေးပဲ..စီးကရက်
တလိပ်ကိုမီးညှိကာ..မှန်နံရံနားကို..
လျောက်သွားရင်း..အကြည့်တွေကို..
ခြံထဲသို့ပို့ထားလိုက်သည်။
ငယ်စဉ်ဘဝကမှတ်ညဏ်တွေကိုပျောက်ဆုံး
နေခဲ့သော..နေကုဋာ ဆိုသည့်သူသည်..
အခုချိန်မှာတော့..စီးပွားရေးလောကကြီးရဲ့
ဘုရင်တစ်ဆူဖြစ်လာခဲ့ပြီဖြစ်သည်။ပါပါ့
ရဲ့ခြေရာကိုနင်းနိုင်ရုံမက..ပါပါ့ထက်ပင်
အရည်အချင်း ရှိတဲ့သားတစ်ယောက်အဖြစ်
အားလုံးကအသိအမှတ်ပြုရလောက်တဲ့
အထိ..ထက်မြတ်ပြတ်သားလွန်းတဲ့..
လူငယ်တစ်ဦး......
"နားထောင်စမ်းနေ...ရက်စက်တတ်တဲ့
လောကကြီးမှာ..နူးညံ့တတ်တဲ့လူက..
အရူံးပဲ..ချစ်ခြင်းမေတ္တာ ကထက်မြတ်တဲ့
ယောကျာၤးတစ်ယောက်အတွက်..အကြီး
မားဆုံးအားနည်းချက်ပဲ...သားဘဝမှာ..
ဘယ်သူ့ကိုမှ..မချစ်မိစေနဲ့...သားရက်စက်
တတ်ရမယ်..ပြတ်သားရမယ်...မာကျော
ရမယ်..အဲ့ဒါမှသာ..သားတစ်သက်လုံး
ဘယ်သူ့ကိုမှမရူံးနိမ့်ရမှာ..."
အခွံလွတ်ကြီးတစ်ခုလိုဖြစ်နေတဲ့...
သူ့ရဲ့ခေါင်းထဲကိုရိုက်သွင်းခဲ့တဲ့ပါပါ့ရဲ့
စကား...အခုတော့..ပါပါသိပ်ချစ်တဲ့
သားဟာ..ပါပါဖြစ်စေချင်သလို...
နတ်ဆိုးတစ်ကောင်လို...ရက်စက်တတ်တဲ့
နှလုံးသားနဲ့..မာကျောတဲ့လူတစ်ယောက်
ဖြစ်နေပြီဆိုတာ...ပါပါသိရင်...
တမလွန်ကနေကျေနပ်နိုင်မှာပါ....
အတွေးနယ်ချဲ့နေရင်း..မီးညှိထားပေမဲ့...
မသောက်ဖြစ်တဲ့..စီးကရက်..လက်ကြား
ထဲမှာပင်အညွန့်တလူလူဖြစ်နေခဲ့တာက...
နေရဲ့..ဘဝလိုပါပဲလား.....
💞💞💞
"အင်္သချေ..."
လူစုံနေတဲ့..Meetingခန်းထဲသို့နောက်အကျ
ဆုံး..ရောက်လာတဲ့အသင်..ခပ်ကုပ်ကုပ်
ဝင်လာခဲ့စဉ်..အယ်ဒီတာချုပ်ရဲ့အသံကြောင့်
တုန်တက်သွားရသည်။
"ရှင်..မမ..."
"ဘယ်..အချိန်ရှိပြီလဲ..."
စားပွဲရှည်ကြီးရဲ့ထိပ်ဆုံးမှာရှိနေတဲ့..
အယ်ဒီတာက..လက်ကနာရီကို..မြှောက်ပြ
ရင်းမေးသည်။
"ဟို..အသင်..ဘတ်စ်ကားစောင့်နေရလို့..
နောက်ကျသွားတာပါ..."
"နှစ်အစထဲကပေးလာတဲ့ဆင်ခြေကနှစ်ကုန်
တဲ့အထိမပြောင်းနိုင်သေးဘူးလားအင်္သချေ"
ခပ်မာမာပြောလိုက်တဲ့အယ်ဒီတာချုပ်
ကြောင့်..အသင်ခေါင်းလေးငုံ့သွားရသည်။
အသင့်ရဲ့သူငယ်ချင်း..ကြည်နူးကအသင့်ကို
စိတ်မကောင်းစွာကြည့်နေပေမဲ့...ဝမ်းသာ
နေတဲ့မျက်ဝန်းပိုင်ရှင်တွေလဲရှိပါသည်။
သူတို့က..ရွှေရုပ်လွှာနှင့်မေစိမ်းလန်း...
"ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ...ထိုင်တော့..
နောက်ကျနေပြီ.."
"ဟုတ်ကဲ့..."
အသင်...ကြည်နူးရဲ့ဘေးမှာအမြန်ဝင်ထိုင်
လိုက်သည်။
"အားလုံးပဲ..မကြာခင်မှာ..တို့ရဲ့..
New Star ဂျာနယ်တိုက်ကြီးဟာ...
၁၀နှစ်ပြည့်တော့မှာဖြစ်တဲ့အတွက်...
အဲ့ဒီအထိမ်းအမှတ်အထူးထုတ်မှာ..
သာမာန်နဲ့မတူတဲ့..ကဏ္႑တွေကိုထည့်ချင်
တယ်.....အဲ့ဒိအတွက်..အခုလို.Meeting
ခေါ်လိုက်တာပါ...အားလုံးရဲ့အကြံညဏ်
တွေကိုနားထောင်ကြည့်ချင်တယ်..."
အယ်ဒီတာရဲ့စကားဆုံးတော့..ကပျာကယာ
လက်ထောင်လိုက်သူက..အသင့်ရှေ့တည့်
တည့်မှာထိုင်နေတဲ့..ရွှေရုပ်လွှာ....
"၁၀နှစ်ပြည့်အထူးထုတ်မှာ..တစ်နိုင်လုံး
စိတ်ဝင်စားနေတဲ့..လူရဲ့အင်တာဗျုးကို..
ဂျာနယ်ရဲ့မျက်နှာဖုံးမှာ..ပါလာမယ်ဆိုရင်
ရွှေရုပ်တို့ရဲ့ဂျာနယ်ကအရမ်းကိုနာမည်
ကြီးသွားမှာသေချာပါတယ်...မမ.."
ရွှေရုပ်ရဲ့အကြံကို..အယ်ဒီတာကခေါင်း
တဆတ်ဆတ်ငြိမ့်သည်။
"မင်း..ပြောတဲ့အကြံမဆိုးဘူး..အဲ့ဒီ
အင်တာဗျူးအတွက်ပစ်မှတ်ထားထားတဲ့
သူရှိနေလို့လား..."
"ရှိပါတယ်...မမ...."
ရွှေရုပ်လွှာစကားကြောင့်အယ်ဒီတာ့အပြင်
အားလုံးရဲ့မျက်ဝန်းတွေက..သူမထံ..
စိတ်ဝင်တစားရောက်လာကြသည်။
ရွှေရုပ်ကအားလုံးကိုဝင့်ကြွားဟန်နှင့်..
ဝေ့ကြည့်ကာ....
"နေကုဋာ....The Sun လုပ်ငန်းစုသူဌေး
သူ့ရဲ့အင်တာဗျူးကို..ရွှေရုပ်တို့မဂ္ဂဇင်းရဲ့
မျက်နှာဖုံးမှာပါလာအောင်...ရွှေရုပ်
ကြိုးစားပေးပါ့မယ်..."
သူမစကားဆုံးတော့..Meetingခန်းတစ်ခု
လုံးတိတ်ဆိတ်သွားခဲ့ပြီး...
💞💞💞
"အရူးမ..တစ်ကယ့်အရူးမအလကားနေ
ဘဝင်လေဟပ်နေတယ်..နေကုဋာကိုဘာများ
မှတ်နေလဲမသိဘူး..ငါတို့လိုဂျာနယ်တိုက်
မပြောနဲ့..တစ်ကယ့်နာမည်ကြီးမဂ္ဂဇင်းတိုက်
ကြီးတွေတောင်..နေကုဋာနဲ့အင်တာဗျူးခွင့်
ရဖို့မကြိုးစားနိုင်တာကို..သူ့ကိုယ်သူ
ဘာထင်နေလဲမသိဘူး..."
Meetingခန်းထဲကပြန်ထွက်လာတော့..
ကြည်နူးကမကျေမနပ်ပြောသည်။
"ဒါပေမဲ့..သူပြောသွားတာအပိုင်ချည်းလိုပဲ
သူ့မှာ..အကြံရှိလို့နေမှာပေါ့ဟာ.."
"အသင်နင်ကလေ..လူတိုင်းကိုအကောင်းပဲ
မြင်နေတယ်..သူကလေ..နင့်ကိုအချိန်တိုင်း
မနာလိုဖြစ်နေတာသိရောသိရဲ့လား.."
"သိသားပဲ..အသားပဲ့ပါသွားတာမှမဟုတ်တာပဲ
ကြည်နူးရယ်..ထားလိုက်စမ်းပါ..."
"မြင်ယောင်ပါသေးတယ်..နေကုဋာ နဲ့
အင်တာဗျူးဖို့မပြောနဲ့..မျက်နှာတောင်
မြင်ရမှာမဟုတ်ဘူး..."
"အမယ်...နင်ရောနေကုဋာ့ကိုမြင်ဖူးလို့လား"
"ဪ...မေးတတ်တယ်..ဒေါ်အင်္သချေ
ငါတို့မီဒီယာလောကမှာ..နေကုဋာ ကို
မြင်ဖူးတဲ့လူဘယ်သူရှိလို့လဲ...သူကအရမ်း
ချောတယ်လို့ပဲ..ကြားဖူးတာ..."
"အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အရမ်းကို
အောင်မြင်နေတဲ့လူဆိုတော့လဲ...
အထက်တန်းလွှာတွေရဲ့ထုံးစံအတိုင်း..
ကိန်းခမ်းကြီးကြီးပဲဖြစ်မှာပေါ့ဟာ..အဲ့ဒါ
ထက်...ငါမနက်ဖြန်ကျရင်..ONeရဲ့
ရတနာပြပွဲအတွက်..သတင်းယူဖို့..
ဘန်ကောက်ကိုသွားရမှာ..တိုက်တိုက်ဆိုင်
ဆိုင်..အဘွားကိုရိပ်သာမှာပစ္စည်းသွားပို့
ပေးရမှာလဲ.မနက်ဖြန်ပဲ..အဲ့တော့ဟာ..."
"ထုံးစံအတိုင်း..ငါကနင့်အစားအဘွားကို
သွားတွေ့ပေးရမယ်ဆိုပါတော့..."
ကြည်နူးပြောတော့..အသင်သွားလေးပေါ်
အောင်ရယ်ပြလိုက်ရင်း...
"သိရဲ့သားနဲ့..သူငယ်ချင်းရယ်မနက်ဖြန်
ညနေကြရင်...အဖွားဆီ..ဆေးတွေနဲ့
ပိုက်ဆံသွားပေးပေးပါဟာ..ငါဘန်ကောက်
ကပြန်လာရင်...လာခဲ့မယ်လို့လဲ..အဖွားကို
ပြောပေးနော်..."
ကြည်နူးလက်မောင်းကိုဖက်ကာအသင်
မျက်နှာချိုလေးသွေးလိုက်သည်။
"အသင်တို့များ..ဒီတစ်ခေါက်ဘန်ကောက်မှာ
နာမည်ကြီးဟိုတယ်ကြီးမှာတည်းမယ်
ဆိုတော့..တက်ကြွနေလိုက်တာ..."
"ဪ..အဲ့ဒါကလဲ..ONEကစပွန်ဆာ
ပေးလို့လေ..နို့မို့ဆိုငါတို့အယ်ဒီတာ..
အကြောင်းသိတယ်မဟုတ်လား...
လေဆိပ်မှာအိပ်ရရင်တောင်...ကံကောင်း.."
သူငယ်ချင်းနှစ်ယောက်အတင်းပြောရင်း
ပြိုင်တူရယ်လိုက်မိသည်။
"ကော်ဖီသွားသောက်ကြမလား..."
"ကောင်းသားပဲ..."
နှစ်ယောက်သား..စကားတပြောပြောနှင့်
ထွက်လာခဲ့ကြရင်း...
💞💞💞💞
"အသင်...နေကောင်းပါတယ်..အဖွားရဲ့
စိတ်မပူနဲ့..အဖွားပဲ..ကျန်းမာအောင်နေ...
အသင်..မနက်ဖြန်ကျရင်...ကြည်နူးကို
လွတ်လိုက်မယ်သိလား...ဘန်ကောက်က
ပြန်လာမှအသင်အဖွားဆီလာခဲ့မယ်..."
"ရပါတယ်မြေးလေးရယ်...အဖွားအတွက်
ဘာမှမပူနဲ့...အဖွားကတိုက်ခန်းမှာ
တစ်ယောက်ထဲနေနေရတဲ့မြေးလေးအတွက်
သာစိတ်ပူတာ..."
အသက်အရွယ်ရတရားရှာချင်လို့ရိပ်သာ
ဝင်သွားပေမဲ့..ခုချိန်ထိအသင့်အတွက်...
ရတက်မအေးနိုင်သေးတဲ့အဖွားကြောင့်
အသင်ပြုံးမိသွားရသည်။
"အသင်က..ကလေးမဟုတ်တော့ပါဘူး
အဖွားရဲ့...အသင်ကိုယ့်ကိုကိုယ်စောင့်
ရှောက်နိုင်ပါတယ်..."
"အဖွား..မြေးလေးကိုယုံပါတယ်ကွယ်...
ကဲ...ကဲ..အဖွားလဲတရားထိုင်ရတော့မဲ့
အချိိ်န်ရောက်ပြီ...နောက်မှပြန်ဆက်လိုက်
မယ်နော်...မြေး..."
"ဟုတ်ကဲ့..အဖွား..."
အဖွား..ဖုန်းချသွားမှ...အသင်ဖုန်းလေးကို
စားပွဲပေါ်ပြန်တင်လိုက်ရင်း...မျက်ဝန်းတွေ
ကစားပွဲပေါ်ကဓာတ်ပုံလေးဆီရောက်သွား
ရသည်။ဓာတ်ပုံထဲမှာ...အသင့်ရဲ့ပခုံးလေး
ကိုဖက်ထားရင်း...ပြုံးနေတဲ့..ကိုကို့ရဲ့
မျက်နှာက...ဟိုးအရင်ကအတိုင်း
မပြောင်းလဲပဲရှိနေဆဲ
"ကိုကို..."
ဓာတ်ပုံလေးကိုလှမ်းယူလိုက်ရင်း..အသင်
လက်လေးနှင့်..ဖွဖွသပ်ကာခေါ်လိုက်မိသည်
"ဘာလို့အသင့်ကိုထားပြီးထွက်သွားရတာလဲ
အသင်..ကိုကို့ကိုအရမ်းသတိရနေတာ..
ကိုကိုသိရဲ့လား..."
အသင်..ဓာတ်ပုံလေးကိုရင်ဘတ်မှာဖိကပ်
ထားရင်း
"ကိုကိုအခုဆို..ဘယ်မှာရှိနေတာလဲဟင်..
ကျေးဇူးပြုပြီး..အသင့်ဆီပြန်လာခဲ့ပေးပါ
ကိုကိုရယ်..."
စကားအဆုံးမျက်ဝန်းတွေကိုဖိပိတ်ချလိုက်
တော့..ပူနွေးသောမျက်ရည်စီးကြောင်း
လေးက..အသင့်ရဲ့ပါးပြင်ပေါ်..ဖြတ်သန်း
စီးဆင်းသွားခဲ့ရင်း...😢😢
💞💞💞💞💞💞
"ခုလို...သူဌေးလေးကိုယ်တိုင်..
ကျွန်တော့်ရဲ့..ရတနာပြပွဲကို..တက်ရောက်
ဂုဏ်ပြုပေးတာ..တစ်ကယ်ပဲ..ဂုဏ်ယူ
စရာပါ.."
ဟိုတယ်ကြီးရဲ့..သီးသန့်ခန်းထဲမှာ..
နေ့ကိုဧည့်ခံနေရင်း..ဦးကျော်မော်က
ပြောသည်။
"သူဌေးလေး..စိတ်မပျက်ရအောင်..
ကျွန်တော်အကောင်းဆုံးပြင်ဆင်ထားပါ
တယ်..မနက်ဖြန်ကြရင်..စောင့်ကြည့်ပေးပါ
ဗျာ..."
"ONEလုပ်ငန်းစုကလဲ..ပမွှားလေးမှ
မဟုတ်တာပဲဗျာ..ကျွန်တော်နားလည်ပါ
တယ်.."
"ကျွန်တော်က...The Sunနဲ့တစ်ကယ်ကို
လက်တွဲချင်တာပါ..."
"မလောပါနဲ့..ဦးကျော်မော်..မနက်ဖြန်
ပြပွဲပြီးရင်..ကျွန်တော်..ဆုံးဖြတ်ပေးပါ့မယ်"
နေ့စကားကြောင့် ဦးကျော်မော်မျက်နှာ
ဝင်းပသွားသည်။
"စိတ်ချပါ..ONEကသူဌေးလေးကို..
စိတ်ပျက်စေမှာမဟုတ်ပါဘူး..."
နေဘာမှပြန်မပြောပဲ...ပြုံးရုံပြုံးကာ..
ဝီစကီခွက်ကိုနူတ်ခမ်းနှင့်တေ့ပြီးမော့လိုက်
သည်။
"ဒီည...ဒီဟိုတယ်မှာ..သူဌေးလေး
တည်းခိုဖို့အတွက်...ကျွန်တော်...
အကောင်းဆုံးအခန်းကိုပြင်ဆင်ထားပါတယ်
အဲ..."
ပြောနေရင်း..နေ့မျက်နှာနားကပ်၍လေသံကို
နှိမ့်ကာ...
"နတ်သမီးလေးတစ်ပါးပါအဆင်သင့်ရှိတယ်
လုံးဝအသန့်လေးနော်..သူဌေးလေးအတွက်
ကျွန်တော်သီးသန့်စီစဉ်ထားတာ..."
နေ...မျက်လွှာပင့်ကြည့်ကာ...နူတ်ခမ်းတွန့်
ပြုံးလိုက်မိသည်။
"ဘန်ကောက်ရဲ့ပျော်စရာညလေးဖြစ်ပါစေ"
ပြောရင်း...ဦးကျော်မော်က ဖန်ခွက်ကို
မြှောက်တော့...နေဖန်ခွက်ချင်းအသာ
တိုက်လိုက်သည်။
."ချလွှမ်...."
"ချီးယား..."
💞💞💞💞💞💞
လေဆိပ်ကနေ...ဟိုတယ်ကိုရောက်တော့ပဲ
၆နာရီကျော်နေပြီ...အသင်...ရီဆက်ရှင်
မှာ..စပွန်ဆာရထားတဲ့အခန်းစုံစမ်းနေစဉ်...sexyကျကျ
အနီရဲရဲဂါဝန့်လေးကိုဝတ်ထားတဲ့...
မိန်းကလေးတစ်ယောက်က..အသင့်လိုပဲ
ရီဆက်ရှင်ကိုရောက်လာသည်။
ဘန်ကောက်ကအလုပ်ကိစ္စနဲ့ခဏခဏ
ရောက်ဖြစ်နေတာမို့..ထိုင်းစကားက
အကျွမ်းကျင်ကြီးမဟုတ်ရင်တောင်..
အဆင်ပြေပြေပြောနိုင်ပါသည်။
"မင်္ဂလာပါရှင့်...ဒါစပွန်ဆာရထားတဲ့..
အခန်းသော့ပါ..ဧည့်ကြိုဝန်ထမ်းက
လိုက်ပို့ပေးပါ့မယ်...ပျော်စရာညချမ်းလေး
ဖြစ်ပါစေ..."
ရီဆက်ရှင်ကမိန်းမချောလေးက..ထိုင်း
စကားဖြင့်ပြောတော့..အသင်ပြုံးပြလိုက်
ရင်း..အညိုရောင်ကဒ်ပြားလေးကိုဆွဲယူ
ကာ..လက်ဂေ့ချ်ကိုဆွဲပြီးလှည့်ထွက်
လိုက်စဉ်...
"ဘုန်း..."
"အင့်.."
တစ်ဖက်မှ..အနီရောင်ဂါဝန်နဲ့မိန်းမချော
လေးနှင့်တိုက်မိသွားပြီးနှစ်ယောက်လုံး
လက်ထဲက..ကဒ်တွေကပြုတ်ကျသွားသည်
"မမြင်ဘူးလား..သေချာသွားလေ.."
ထိုမိန်းမလှလေးက..ထိုင်းလိုအသံစာစာ
လေးနှင့်ရန်တွေ့ရင်း..ဆတ်ခနဲသော့ကဒ်ကို
ကောက်ယူကာ..အသင့်ကိုမကျေမနပ်
ကြည့်ပြီးထွက်သွားသည်။
"ဘာလဲဟ..."
အသင်ကျန်နေခဲ့တဲ့..သော့လေးကို
ကောက်ယူလိုက်သည်။အခုချိန်ထိ..
အခန်းနံပါတ်ကိုလဲ..သေချာမကြည့်မိသေး
ထိုစဉ်..ဧည့်ကြိုဝန်ထမ်းမိန်းကလေး
ကရောက်လာကာ..အသင့်ရဲ့..ခရီးဆောင်
သေတ္တာကိုဝင်ဆွဲရင်...ဦးဆောင်ခေါ်
သွားတော့သည်။
💞💞💞
A-23
"ဝါး...မိုက်လိုက်တာ..."
အခန်းထဲကိုရောက်တာနှင့်ရင်သပ်ရူ့မော
ဖြစ်စေလောက်သည့်အပြင်အဆင်တွေနှင့်
လှပသည့်အခန်းကျယ်ကြီး...
"စပွန်ဆာက..ဒီလောက်ကောင်းတဲ့
အခန်းကြီးကိုပေးတာလား..ငါတော့..
ပွတာပဲ..အဟိ..."
သဘောကျစွာရေရွတ်ရင်း..ခရီးဆောင်
သေတ္တာကိုလွင့်ပစ်ကာ..စပရိန်မွေ့ယာ
ုကြီးပေါ်ပစ်လှဲချလိုက်သည်။
"ဝိုး..တစ်ကယ်ကောင်းတဲ့စပရိန်မွေ့ယာ
ုကြီးပဲ..."
အသင်..သဘောတွေ့သွားကာ..မွေ့ယာ
ပေါ်..ကလေးလိုပဲတက်ခုန်နေလိုက်သည်။
"ရေချိုးခန်း..ဟုတ်တယ်..."
ပြီးတော့..ကုတင်ပေါ်ကပြေးဆင်းကာ
ရေချိုးခန်းတံခါးကိုပြေးဖွင့်ကြည့်လိုက်
သည်။ပြောင်လက်သန့်ရှင်းနေသည့်
ရေချိုးခန်းကျယ်ထဲက..ပန်းပွင့်ဖတ်လေး
တွေနှင့်မွေးရနံ့သင်းပျံ့နေသော..
ရေချိုးကန်ကြီးကိုကြည့်ကာ..အသင်..
စိတ်မထိန်းနိုင်တော့...
"အား..မရတော့ဘူး..ရေချိုးချင်လာပြီ..."
ပြောရင်း..အဝတ်အစားတွေတစ်ခုချင်းဆီ
ဆွဲချွတ်လွင့်ပစ်ကာ..ရေချိုးကန်ထဲ
ခုန်ဆင်းလိုက်ရင်း....
💞💞💞💞💞
A-23
"ဒါ..ဒီဟော်တယ်ရဲ့..အကောင်းဆုံး
အခန်းပါတဲ့...Boss..."
ဇက..နေ့ကိုဟိုတယ်ခန်းရှေ့ထိလိုက်ပို့
သည်။
"မင်း..သွားနားတော့ ဇ...."
"ဟုတ်ကဲ့...လိုတာရှိရင်...ကျွန်တော့်ကို
ချက်ချင်းလှမ်းခေါ်လိုက်ပါ..Boss....
ဇထွက်သွားတော့...နေ...လက်ထဲက
ကဒ်နှင့်...သော့ကိုဖွင့်ကာ..အခန်းထဲ
လှမ်းဝင်လာခဲ့ရာ...
"ဟင်..."
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်..နေ
မျက်မှောင်ကြုတ်သွားရသည်။
ကြည့်ပါဦး...ပြန့်ကျဲနေတဲ့..မိန်းကလေး
အဝတ်အစားနှင့်အတွင်းခံတွေ...
ပြီးတော့ခပ်လှမ်းလှမ်းမှာဖြစ်သလိုလဲ
နေတဲ့ခရီးဆောင်..သေတ္တာတစ်လုံး...
နေ..ခြေထောက်နားမှာရှိနေတဲ့..အတွင်းခံ
ကိုဖိနပ်ဦးနှင့်ယူပြီးဘေးကိုကန်ထုတ်
လိုက်သည်။
"ကိုယ့်အတွင်းခံတောင်..ကိုယ်မထိန်းသိမ်း
နိုင်တဲ့..မိန်းကလေးကို..ငါ့အတွက်
ပို့ပေးလိုက်တာလား...အဟင်း...."
"ဒါ..ဒါ...ဒီ..ဒီ..."
နေ..သီချင်းညဉ်းသံခပ်သဲ့သဲ့ကြားနေရတဲ့
ရေချိုးခန်းနားကိုလျောက်သွားလိုက်သည်။
ရေချိုးခန်းတံခါးက..ခပ်ဟဟပွင့်နေပြီး...
နေလှမ်းကြည့်လိုက်တော့..မှန်ရှေ့မှာ..
တဘက်ကိုရင်လျားထားတဲ့မိန်းကလေး
တစ်ယောက်ကို..ဘေးတိုက်အနေအထား
မြင်လိုက်ရသည်။သူမက..ဆံပင်တွေကို..
တဘက်နှင့်သိမ်းပါတ်နေရင်း..နူတ်က
သီချင်းကိုခပ်တိုးတိုးညည်းနေတာ...
ပါတ်ဝန်းကျင်ကိုသတိထားမိဟန်မတူ...
"ဲကြည့်စမ်း..မှန်မကြည့်တာကြာလို့လား
မသိဘူး...ငါလေးတော်တော်ချောလာတာပဲ"
သူမက..မြန်မာလိုပြောလိုက်တာကြောင့်
နေအံ့ဩသွားရသည်။သူမကမြန်မာ
မိန်းကလေးလား....
"စနိုးဝိူက်ထဲကလို...ပြောကြည့်ကမလား
မှန်လေးရေ...ဟောဒီကမ္ဘာပေါ်မှာ..
ဘယ်သူအချောဆုံးလဲဆိုတာ..ပြောပါဦး
ကွယ်...ဟား..ဟား..."
သူ့ဘာသာပြောရင်း..သဘောကျစွာ..
ရယ်မောနေတဲ့..ကောင်မလေးကိုကြည့်ပြီး
နေ...လှစ်ခနဲပြုံးလိုက်မိတာ..ကိုယ့်ဘာသာ
တောင်သတိမထားမိလိုက်...ထိုစဉ်..
သူမက..တံခါးနားကိုပြန်လျောက်လာပြီး
ခပ်ဟဟပွင့်နေတဲ့..တံခါးကိုဆွဲဖွင့်လိုက်
ရာ...
"အား...."
နေ့ကိုမြင်တော့...သူမက..အသည်းအသန်
အော်လိုက်သည်။
"ရှင်...ရှင်...ဘယ်သူလဲ..."
နေ့ကိုလက်ညိုးတထိုးထိုးနဲ့..မျက်လုံးလေး
တွေပြူးကျယ်ဝိုင်းစက်သွားတဲ့..သူမ..
နေကုဒ်အကျႌကိုချွတ်ကာ..မှန်တင်ခုံပေါ်
လှမ်းပစ်တင်လိုက်ရင်း..နက်ခ်တိုင်ကို
ဖြေလျော့လိုက်သည်။
"ဒီမှာ..မေးနေတာ...မကြားဘူးလား..
ရှင်ဒီအခန်းထဲကို..ဘယ်လိုဝင်လာတာလဲ.."
အကာအကွယ်မဲ့နေတဲ့ရင်ဘတ်ကို
လက်နှစ်ဖက်နှင့်ယှက်ကာရင်း..သူမက
ထိုင်းလို...မေးနေပြန်သည်။နေတမင်တကာ
ပင်..သူမတစ်ကိုယ်လုံးကို..ခပ်ရိုင်းရိုင်း
ဝေ့ကြည့်ပစ်လိုက်ရင်း...
"ငါလား...ငါက...ဒီညမင်းကိုဝယ်ထားတဲ့
လူ....."
"ဟင်...ရှင်က...အမေ့..."
ထိုလူ့ဆီက..မြန်မာလိုပြောလိုက်လို့မှ
အံ့ဩလို့မဆုံးသေး..သူက..အသင့်ကို
လက်မောင်းနှစ်ဖက်ကဖိဆုပ်ကာ..
ရေချိုးခန်းတံခါးနှင့်ဖိကပ်နေအောင်တွန်း
ပစ်လိုက်သည်။
"ရှင်...ဘာလုပ်....အွန်း..."
စကားပင်မဆုံးလိုက်...အသင့်ရဲ့
ိနူတ်ခမ်းလွှာလေးတွေမှာ...ခပ်ကြမ်းကြမ်း
စုပ်ယူနမ်းရိူက်ခြင်းကိုခံလိုက်ရပြီး...
💞💞💞💞💞
အပိုင်း(၃)မျှော်
စေတန်ကတော့..အသင့်ကိုစပြီး...အနိုင်
ကျင့်နေပါပြီ😁😁
Writer by
#Hazel See less