book

Index 19

အပိုင်း(၁၉)

💙​စေတန်​ရဲ့သတို့သမီး💙


💙💙💙💙


"နှစ်​ပါတ်​လည်​အထူးထုတ်​အတွက်​..​နေကုဋာနဲ့

အင်​တာဗျူးခွင်​့ရဖို့ကြိုးစား​နေတာ...ဘယ်​အ​ခြေအ​နေ

ရှိသွားပြီလဲ..​ရွှေရုပ်​လွှာ..."


Meetingခန်​းထဲမှာ..ရုတ်​တရက်​​မေးလိုက်​သော..

အယ်​ဒီတာ့အ​မေး​ကြောင်​့..ဆုံလည်​ကုလားထိုင်​မှာ

​ခပ်​​လျော့​လျော့မှီထိုင်​ရင်​း..လက်​ထဲက​ဘောပင်​ကို

တ​ဒေါက်​​ဒေါက်​..လှည်​့​နေသည်​့..​ရွှေရုပ်​..မတ်​ခန​ဲ

ဖြစ်​သွားရသည်​။


"အဲ့ဒါက​လေ..မမ..​ရွှေရုပ်​..The Sun Groupရဲ့

အတွင်​း​ရေးမှူးဌာနကို..သုံးကြိမ်​တိုင်​တိုင်​...ဆက်​သွယ်​

ခဲ့​ပေမဲ့..အခုထိအ​ကြောင်​းပြန်​မရ​သေးပါဘူး..."


​ရွှေရုပ်​စကား​ကြောင်​့..အယ်​ဒီတာ..မျက်​နှာပျက်​

သွားသည်​။


"မင်​း​ပြော​တော့..​သေချာလုပ်​​ပေးနိုင်​ပါတယ်​ဆို..

အခု​တော့..အချိန်​ကကပ်​​နေပြီ..အခုထိ..ဆက်​သွယ်​

လို့​တောင်​မရ​သေးဘူးဆို​တော့..မင်​းအလုပ်​ကို..

ဘယ်​လိုလုပ်​​နေတာလဲ..."


"​တောင်​းပန်​ပါတယ်​...မမ.."


​ရွှေရုပ်​လွှာ..မျက်​နှာငယ်​​လေးနှင်​့​ခေါင်​းငုံ့သွားသည်​။


"​ကောင်​းတယ်​..ဆရာကြီးစတိုင်​နဲ့..လုပ်​ချင်​ဦး..."


အသင်​့..နားမှာထိုင်​​နေတဲ့ကြည်​နူးက..မကြားတကြား

​ပြော​​တော့..အသင်​လက်​ကုပ်​ကာ..​ခေါင်​းယမ်​း

ပြလိုက်​သည်​။ထိုစဉ်​..​ခေါင်​းပြန်​​မော့လာတဲ့..

​ရွှေရုပ်​လွှာရဲ့အကြည်​့​တွေက..သူ့​ရှေ့မှာ..ထိုင်​

​နေတဲ့..အသင်​့ဆီ​ရောက်​လာရင်​း...


"ဒါ​ပေမဲ့..ဒီကိစ္စကို..လုပ်​နိုင်​တဲ့လူတစ်​​ယောက်​​တော့

ရှိပါတယ်​..မမ..."


"ဘယ်​သူလဲ.."


အယ်​ဒီတာက​မေးလိုက်​လျှင်​..သူမကအသင်​့ဆီမှ

အကြည်​့မလွဲပဲ...


"အင်္သ​ချေ..."


"ဘာ​ပြောတယ်​.."


အသင်​..​ယောင်​ပြီး​ဒေါသနှင်​့ထရပ်​လိုက်​ပြီးကာမှ

အားလုံးဝိုင်​းကြည်​့​နေတာ​ကြောင်​့..ပြန်​ထိုင်​လိုက်​

ရသည်​။


"​ပြောရရင်​..အင်္သ​ချေက..​နေကုဋာနဲ့ထူးခြားတဲ့

ဆက်​ဆံ​ရေးမျိုးရှိတာပဲ​လေ..​ရွှေရုပ်​တို့ဂျာနယ်​မှာ

အင်​တာဗျူးပါဝင်​ဖို့အတွက်​..​ပြော​ပေးရမှာ..

သူ့အတွက်​..သိပ်​ခက်​ခဲတဲ့ကိစ္စမှ..မဟုတ်တာပဲ..

ဟုတ်​တယ်​​နော်​..အသင်​..."


"​ရွှေရုပ်​..နင်​.."


အသင်​..​ဒေါသနှင်​့..လက်​သီးကိုတင်​း​နေ​အောင်​

ဆုပ်​လိုက်​မိသည်​..ဘာလို့..ဒီမိန်​းမအသင်​့ကိုမှ...

အမြဲတမ်​း​ချောက်​ချချင်​​နေရတာလဲ..နိဒါန်​းသစ်​

ကိစ္စတုန်​းကလဲတစ်​ခါ..အခု​ရော...


"​ရွေ​ှရုပ်​လွှာ​ပြောတာ..မှန်​တယ်​..အင်္သ​ချေ.."


"ရှင်​..."


"မမတို့ဂျာနယ်​အတွက်​..​နေကုဋာနဲ့..အင်​တာဗျုး

ခွင်​့ရဖို့..မင်​းကူညီ​ပေးနိုင်​မလား.."


"ဟို..မမ..အသင်​က​လေ..."


အသင်​..စကားမဆုံးခင်​..အယ်​ဒီတာက..လက်​ကာသည်​။


"တတ်​နိုင်​ရင်​​တော့..မငြင်​း​စေချင်​ဘူး..အင်္သ​ချေ

အားလုံးသိတဲ့အတိုင်​း..ဂျာနယ်​အသစ်​​​တွေက..

တစ်​​စောင်​ပြီးတစ်​​စောင်​ထွက်​​ပေါ်လာတာ..မမတို့

New Star ဂျာနယ်​က..​ရောင်​းအားကျ​နေပြီ...

ဒီတစ်​​ခေါက်​နှစ်​ပါတ်​လည်​အထူးထုတ်​က..မမတို့

ဂျာနယ်​..ဒီမီဒီယာ​လောကကြီးမှာ..ဆက်​ပြီး..

ရပ်​တည်​ဖို့..အဆုံးအဖြတ်​ဖြစ်​ချင်​ဖြစ်​သွားနိုင်​တယ်​

အဲ့ဒါ့​ကြောင်​့..ကူညီ​ပေးဖို့..မမမင်​းကို​တောင်​းဆို

ပါတယ်​..အင်္သ​ချေ..."


တစ်​ခါမှ..အ​ရေးမလုပ်​ခဲ့ဖူးတဲ့အယ်​ဒီတာကပါ..

အသင်​့ကိုခခယယ​တောင်​းဆိ​ု​နေခဲ့သည်​။အသင်​့ကို

ဒီလို..အ​ခြေအ​နေဆီတွန်​းပို့ခဲ့တဲ့..​ရွှေရုပ်​လွှာရဲ့

ရည်​ရွယ်​ချက်​က..အ​ကောင်​းမဟုတ်​မှန်​းသိ​သော်​လဲ

လက်​​တွေ့မှာ​တော့..အသင်​..မငြင်​းဆန်​နိုင်​​တော့တာ

​သေချာ​နေပါသည်​။


💜💜💜


"အဲ့ဒီ့မိန်​းမအရမ်​းလွန်​တာပဲဟာ...အစထဲက..

သူ့ဘာသာအ​ပြောကြီးပြီးတာဝန်​ယူထားတဲ့..ကိစ္စ​လေ

အခုမှ..နင်​့ကိုလွှဲချလိုက်​တယ်​..."


Meeting...ခန်​းထဲကအလျိုလျို..ထွက်​လာကြ​တော့

​ကျေနပ်​​သေးပုံမရသည်​့ကြည်​နူးက​ပြောသည်​။

အသင်​..ကိုယ်​တိုင်​လဲ..​ရွှေရုပ်​လွှာရဲ့လုပ်​ရပ်​ကို

မ​ကျေနပ်​​ပေမဲ့..အယ်​ဒီ့တာ့ကိုမငြင်​းဆန်​နိုင်​​တော့

ဘာမှမတတ်​နိုင်​ခဲ့ဘူး​လေ..ပြီး​တော့..၄နှစ်​လုံးလုံး

သံ​ယောဇဉ်​တွယ်​လာရတဲ့..ဂျာနယ်​တိုက်​ရဲ့..

အထူးထုတ်​အတွက်​..အများနဲ့မတူ​အောင်​..ဖြစ်​

​စေချင်​တဲ့..​စေတနာကလဲ..ရှိ​နေ​သေး​သည်​။


"အသင်​..နင်​..ကို​နေကုဋာကို​ပြောကြည်​့လို့​ရော

ရပါ့မလား..."


"မသိဘူးဟာ..ကြိုးစားကြည်​့ရမှာ​ပေါ့..."


သူငယ်​ချင်​းနှစ်​​ယောက်​..စကားတစ်​​ပြော​ပြောနှင်​့

ဆက်​ပြီး​လျှောက်​လှမ်​းလာခဲ့ကြ​တော့သည်​။


"ဟွန်​့..."


လှမ်​း​လျှောက်​သွားတဲ့..၂​ယောက်​ရဲ့​ကျောပြင်​ကို

ကြည်​့ပြီး..​ရွှေရုပ်​..ဟွန်​့ခနဲနှာ​ခေါင်​းရူံ့လိုက်​မိသည်​။

ထိုအခါ..အနားမှာရှိ​နေတဲ့..​မေလန်​းက...


"​ရွှေရုပ်​..နင်​ဘာလို့..သူ့ကိုအခွင်​့အ​ရေး​ပေးလိုက်​

ရတာလဲ..သူတို့နှစ်​​ယောက်​က..တစ်​ကယ်​ပဲတွဲ​နေ

ကြတာဆိုရင်​..​နေကုဋာက..သူ့​ကြောင်​့..အင်​တာဗျူးကို

လက်​ခံမှာပဲ​လေ..."


"နင်​..ဘာမှမသိပါဘူး..​မေလန်​းရာ..အင်္သ​ချေ့

အတွက်​..အဲ့ဒါ..အခွင်​့အ​ရေးမဟုတ်​ဘူး..​......

​ထောင်​​ချောက်​ပဲ..."


"နင်​..ဘာ​တွေ​လျောက်​ပြီးလုပ်​ဦးမလို့လဲ..."


"အဲ့ဒါ​တော့..ဆက်​ပြီး​စောင်​့ကြည်​့​ပေါ့..."


စကားအဆုံး..​​ရွှေရုပ်​က...ကြွရွလှပစွာ​လျှောက်​လှမ်​း

ထွက်​လာခဲ့ရင်​း....


💜💜💜💜💜


"ဂုဏ်​ယူပါတယ်​..ဒယ်​ဒီ့ရဲ့..သမီး​လေး..The Sun

Groupရဲ့..​ကြော်​ငြာ​မော်​ဒယ်​အဖြစ်​ကမ်​းလှမ်​း

ခံခဲ့ရတဲ့အတွက်​..."


ဦး​ကျော်​​မော်​..သမီးဖြစ်​သူကို​ပွေ့ဖက်​ပြီး..ဝမ်​းသာ

အားရ​ပြောသည်​။


"အခု..အလုပ်​သ​ဘောအရ...သမီးက..သူနဲ့.....

ပါတ်​သတ်​ခွင်​့ရပြီဆို​တော့..သိပ်​မကြာခင်​...သူရဲ့

ဘဝထဲကိုပါတ်​သတ်​ခွင်​့ရ​အောင်​ကြိုးစားရမယ်​..

​နေကုဋာ့​ဘေးက..လွတ်​လပ်​​နေတဲ့.ပါတနာ​နေရာက

ငါ့သမီးအတွက်​ပဲ.."


"အဟင်​း...ဒယ်​ဒီရယ်​...​အဲ့​လောက်​​တောင်​မှ...

​နေကုဋာ့ကိုအပိုင်​ဖမ်​းချင်​​နေတာလား.."


သမီးဖြစ်​သူရဲ့..အ​မေး​ကြောင်​့..ဦး​ကျော်​​မော်​..

ပြုံးလိုက်​သည်​။


"​နေကုဋာက..ဒယ်​ဒီထင်​ထားတာထက်​..ပိုပြီး

ပြီးပြည်​့စုံတဲ့လူတစ်​​ယောက်​ပဲ..သလင်​း...

သူ့ရဲ့ကြွယ်​ဝမူ့၊ထက်​မြတ်​ပြတ်​သားမူ့..အဲ့လို

အရာ​တွေက..ဘယ်​လိုလူမျိုးကမှ..ယှဉ်​နိုင်​မှာ..

မဟုတ်​ဘူး..အ​တွေးမမှားနဲ့..ဒယ်​ဒီ့ရဲ့သမီး​လေး"


"သလင်​းသိပါတယ်​..ဒယ်​ဒီရဲ့..သလင်​းလဲ..သူ

သလင်​းအ​ပေါ်..စိတ်​ဝင်​စားလာ​အောင်​လုပ်​ယူမှာပါ.."


သလင်​း..စကား​ကြောင်​့..ဒယ်​ဒီသ​ဘောကျသွားပုံ

ရသည်​။


"အခုချိန်​ကစပြီ..နိဒါန်​းသစ်​အပါအဝင်​..သမီးနားမှာ

ဝဲ​နေတဲ့..လိပ်​ပြာ​တွေအကုန်​လုံးကိုဝဲပစ်​ပြီး...

​နေကုဋာ တစ်​​ယောက်​ထဲကိုသာ..အာရုံစိုက်​ဖို့

ပြင်​ထားပါ..ဒယ်​ဒီ​ပြောတာ..နားလည်​ရဲ့လား..."


ဒယ်​ဒီက​ပြောရင်​း..သလင်​းရဲ့ပခုံး​လေးကိုဖွဖွ

ဖက်​သည်​။


"ဒယ်​ဒီတို့..One Groupရဲ့..​အောင်​မြင်​မူ့နဲ့....

အနာဂါတ်​က..​နေကုဋာရဲ့လက်​ထဲမှာပဲ..အဲ့ဒါကို

မ​မေ့နဲ့..သလင်​း..."


ဒယ်​ဒီ့စကားဆုံး​တော့..သလင်​းပြုံးကာ​ခေါင်​းငြိမ်​့

လိုက်​သည်​။


"စိတ်​ချ..ဒယ်​ဒီ..ဘယ်​လိုနည်​းလမ်​းမျိုးကိုပဲ...

အသုံးပြုရ..ပြုရ..​နေကုဋာက..သလင်​းရဲ့.....

လူဖြစ်​လာ​စေရမယ်​..."


💜💜💜💜

"ငါ..သူ့ကို..ဘယ်​ကစ​ပြောရင်​​ကောင်​းမလဲ.."


သူ..အသင်​ကို..ဂျာနယ်​တိုက်​က​နေလာကြိုပြီး

စံအိမ်​ကိုပြန်​လာခဲ့တဲ့..လမ်​းတစ်​​လျှောက်​..အသင်​

သူ့ကို..ခဏခဏ..လှည်​့ကြည်​့ပြီး..စဉ်​းစား​နေမိသည်​။


သူက​တော့..အလုပ်​​တွေ​တော်​​တော်​ရူပ်​​နေဟန်​

တူသည်​..ကား​နောက်​ခန်​းမှာ..lattopတစ်​လုံးနှင်​့

အသင်​့​ဘေးမှာထိုင်​ပြီး..အသင်​့ကိုအ​ရေးလုပ်​​ဖော်​

မရ....


"Boss..."


ထိုစဉ်​..ကား​မောင်​း​နေတဲ့..ဇ,က..​နောက်​ကြည်​့မှန်​

ထဲက​နေ..လှမ်​းကြည်​့ကာ​ခေါ်မှ..သူက​မော့ကြည်​့သည်​။


"ဘာလဲ..ဇ,...."


"​နောက်​​ယောင်​ခံလိုက်​တဲ့လူရှိ​နေတယ်​..."


"ဘာ..."


"အ​နောက်​က..မာ့ခ်​တူးကား..ကျွန်​​တော်​တို့ကား

စထွက်​လာကတည်​းက..အ​နောက်​ကပါလာတာ"


ဇ,စကား​ကြောင်​့..သူ​ရော..အသင်​ပါ..အ​နောက်​ကို

လှည်​့ကြည်​့လိုက်​သည်​။


"ဟင်​..အဲ့ဒါ..."


အသင်​..အ​နောက်​က​နေလိုက်​လာတဲ့ကားကိုမြင်​ပြီး

အံ့အားသင်​့သွားရသည်​။


"မင်​းသိတဲ့လူလား..အသင်​..."


"အဲ့ဒါ..​ရွှေရုပ်​လွှာရဲ့ကား..."


"ဘာလဲ..မင်​းနဲ့..ဟိုတစ်​ခါပြသာနာဖြစ်​တဲ့တစ်​​ယောက်​

လား.."


သူ​မေး​တော့..အသင်​​ခေါင်​းငြိမ်​့လိုက်​မိသည်​။


"သူက..ဘာလို့..အသင်​တို့​နောက်​ကိုလိုက်​လာတာလဲ"


"ကျစ်​..ဒီလိုအ​ရေးမပါ​တာ​တွေကတစ်​​မှောင်​့..."


သူက..စိတ်​ရူပ်​သလို​ပြောရင်​း..အ​ရှေ့ကိုပြန်​လှည်​့

သွားသည်​။


"မျက်​ခြည်​ဖြတ်​လိုက်​​တော့..ဇ,.."


"ဟုတ်​ကဲ့..boss.."


သူ့အမိန်​့ဆုံး​တော့..ဇ,ကear phoneကို..​ကောက်​

တပ်​လိုက်​ကာ..


"bossကား​နောက်​ကို..​နောက်​​ယောင်​ခံတဲ့လူ..

ရှိ​တယ်​..ကြည်​့ရှင်​းလိုက်​ကြ..."


ထို့​နောက်​..ကား​လေးက...အ​နောက်​ကကားကို..

မျက်​​ခြေဖြတ်​ရန်​..ဦးတည်​ရာ​ပြောင်​းလိုက်​ရင်​း...

💜💜💜💜


"ဟန်​​ခေး...ပြန်​​ရောက်​​နေပါပြီ..သခင်​​လေး...

ပစ္စည်​း​တွေလဲ..လာအပ်​ပြီးပါပြီ..."


"အားလုံး..အဆင်​​ပြေတယ်​မဟုတ်​လား..."


"​ပြေပါတယ်​......ဒီတစ်​​ခေါက်​..အ​ရောင်​းအဝယ်​က

ဘာအမှားအယွင်​းမှမရှိဘူး..ဒါ​ပေမဲ့..နယ်​စပ်​က..

မိုတယ်​မှာ..ဟန်​​ခေးတို့အဖွဲ့​နောက်​ကို..လိုက်​​နေတဲ့

လူ​တွေရှိတယ်​လို့​ပြောတယ်​..."


"နိဒါန်​းသစ်​ရဲ့လူ​တွေပဲဖြစ်​မှာပါ..ဒီတစ်​​ခေါက်​..

သူ​တော်​​တော်​အထိနာသွားမှာ..ရဲ​နောင်​ဆီက...

ရခဲ့တဲ့..ပစ္စည်​း​တွေထက်​..သူပိုပြီးဆုံးရူံးသွားရတာ​လေ

​နောက်​ထပ်​လဲ..နယ်​စပ်​မှာ..သူအ​ရောင်​းအဝယ်​မလုပ်​

နိုင်​​အောင်​..အတတ်​နိုင်​ဆုံးပိတ်​ဆို့ထားပါ..​စေတန်​ရဲ့

ပွဲကို..ဝင်​ရူပ်​ခဲ့တဲ့ရလာဒ်​က..ဒီ​လောက်​နဲ့မပြီး​သေးဘူး

ဆိုတာ..သူမှတ်​​လောက်​တဲ့အထိ..ပြန်​​ပေးဆပ်​ခိုင်​း

ရမယ်​..."


"တရုတ်​က..ကုန်​သည်​​တွေနဲ့..ဆက်​သွယ်​ဖို့က​ရော.."


"ပြသာနာမရှိဘူး..အဲ့ဒါကျွန်​​တော်​့လုပ်​မယ်​..အန်​ကယ်​က

ဟန်​​ခေး..လာအပ်​ထားတဲ့..ပစ္စည်​း​တွေကို..ပန်​းတိမ်​ကို

ပို့ဖို့ပြင်​လိုက်​ပါ..."


"ဟုတ်​ကဲ့ပါ..သခင်​​လေး..."


​"​ဒေါက်​...​ဒေါက်​..​ဒေါက်​..."


ထိုစဉ်​..တံခါး​ခေါက်​သံကြားလိုက်​ရသည်​။


"ကျွန်​​တော်​..သွားကြည်​့လိုက်​မယ်​.."


ဂျိမ်​း..​ပြောရင်​း..သခင်​​လေးအလုပ်​စားပွဲနားက​နေ

တံခါးဆီ​လျှောက်​လာခဲ့ပြီး..တံခါးကိုဖွင်​့လိုက်​သည်​။


"မင်​းကိုး.."


အသင်​့ကိုမြင်​တာနှင်​့..မျက်​ဝန်​း​တွေက..ချက်​ချင်​း..

မနှစ်​မြို့ဟန်​ဖြစ်​သွားတဲ့..အန်​ကယ်ဂျိမ်​းကို...

အသင်​ပြုံးပြလိုက်​သည်​။


"ဘာကိစ္စနဲ့..သခင်​​လေးရဲ့..အလုပ်​ခန်​း​ရှေ့ကို

​ရောက်​လာတာလဲ.."


"အသင်​..ကို​နေကုဋာနဲ့ စကားနည်​းနည်​း​လောက်​

​ပြောချင်​လို့ပါ.."


"သခင်​​လေး..အလုပ်​​တွေရူပ်​​နေတယ်​..မင်​းနဲ့...

စကား​ပြောဖို့..မအားဘူး.."


"ဒါ​ပေမဲ့..."


"အသင်​လား..ဝင်​လာခဲ့..."


အထဲက​နေလှမ်​း​ပြောလိုက်​တဲ့..သူ့အသံ​ကြောင်​့

အသင်​..ဘယ်​လိုလဲဆိုသည်​့အကြည်​့နှင်​့..အန်​ကယ်​

ဂျိမ်​းကိုလှမ်​းကြည်​့လိုက်​​သည်​။အန်​ကယ်​ဂျိမ်​းက

မ​ကျေမနပ်​မျက်​နှာနှင်​့...တံခါးဝက​နေဖယ်​​ပေး​တော့

အသင်​သူ့ရဲ့အလုပ်​ခန်​းထဲလှမ်​းဝင်​လာခဲ့သည်​။


"ရှင်​..အလုပ်​​တွေအရမ်​းများ​နေတာလား..."


"နည်​းနည်​းပါ..မင်​းကိုယ်​့ကို​ပြောစရာရှိလို့လား.."


သူက..အသင်​့ကို​မေးရင်​း..အ​နောက်​မှာရပ်​​နေသည်​့

အန်​ကယ်​ဂျိမ်​းကိုလှမ်​းကြည်​့သည်​။


"အန်​ကယ်​..သွားနားလို့ရပြီ..."


"သခင်​​လေး..အရမ်​းညဉ်​့နက်​တဲ့အထိအလုပ်​မလုပ်​ပါနဲ့

​ခေါင်​​း​တွေပြန်​ကိုက်​​နေဦးမယ်​..."


သူ​ခေါင်​းငြိမ်​့​တော့..အန်​ကယ်​ဂျိမ်​းက..အသင်​့ကို

တစ်​ချက်​​ဝေ့ကြည်​့ရင်​း..အခန်​းထဲကထွက်​သွားသည်​။


"ကဲ..ချာတိတ်​..မင်​းကိုယ်​့ကိုဘာ​ပြောစရာရှိလို့လဲ

​ပြော..."

​ပြောဆိုပြီး..သူက..lattopကို..ကျကျနနပိတ်​

လိုက်​ကာ..စားပွဲက​နေထလာပြီး..အသင်​ရပ်​​နေတဲ့

နားကို​လျှောက်​လာသည်​။


"ဟို..​ပြောစရာဆိုတာထက်​..အကူအညီ​တောင်​း

စရာပါရှိလို့ပါ....."


"အကူအညီ​တောင်​းစရာဟုတ်​လား..."


သူ​မေး​တော့..အသင်​​ခေါင်​းငြိမ်​့လိုက်​မိသည်​။..


"​ပြောပါဦး..ဘာအကူအညီများ​တောင်​းမလို့လဲ.."


"အင်​း..ဟို..အဲ့ဒါက​လေ..."


အသင်​..ဘယ်​ကဘယ်​လိုစ​ပြောရမှန်​းမသိပဲ...

တဟိုဟိုဖြစ်​​နေ​တော့..သူကစိတ်​မရှည်​ဟန်​နှင်​့..

ခါး​ထောက်​လိုက်​ကာ..အသင်​့ကိုငုံ့ကြည်​့သည်​။


"မင်​း..ပီ​ကေ​တွေစား​နေတာလား..."


သူ​မေးလိုက်​​တော့..အသင်​..သူ့​ရှေ့မှာမဝါးပဲ..

ပါး​စောင်​မှာကပ်​ထားတဲ့ပီ​ကေကို..သတိရသွားကာ

ပါးပြင်​​လေးတစ်​ဖက်​ကို..လက်​နှင်​့အုပ်​ကိုင်​လိုက်​

မိသည်​။


"ရှင်​..ဘယ်​လိုသိသွားတာလဲ..."


"ကိုယ်​..ပီ​ကေနံ့ရ​နေတယ်​..စ​တော်​ဘယ်​ရီနံ့..

ကိုယ်​့အကြိုက်​ပဲ..."


မချိုမချဉ်​မျက်​နှာနှင်​့..သူ​ပြော​တော့..အသင်​...

လန်​့သွားရသည်​။


"​ထွေးထုတ်​ဖို့​မေ့ခဲ့တာ..အခုသွား​ထွေးလိုက်​မယ်​​နော်​"


ကပျာကယာ​လေး​နောက်​လှည်​့​ပြေးဖို့ပြင်​လိုက်​လျှင်​

သူက..အသင်​့လက်​​မောင်​းကိုလှမ်​းဆွဲလိုက်​ကာ..

ခန္တာကိုယ်​​လေးကိုသိမ်​းကြုံး​ပွေ့ဖက်​ထားလိုက်​သည်​။


"မင်​းကို...ပီ​ကေ​တွေခဏခဏမစားနဲ့လို့...ကိုယ်​..

​ပြောထားတယ်​မဟုတ်​လား..."


"အကျင်​့ပါ​နေတဲ့ဥစ္စာ..ချက်​ချင်​းပြင်​လို့..ဘယ်​

ရမှာလဲ..."


နူတ်​ခမ်​း​ထော်​ပြီး..ဆင်​​ခြေ​ပေး​နေတဲ့..​ကောင်​မ​လေးရဲ့

​မေးဖျား​လေးက​ိုဆွဲညှစ်​ကာ..မျက်​နှာ​လေးကို..

ပင်​့​မော့လိုက်​သည်​။အဲ့ဒီ့မျက်​ဝန်​း..အဲ့ဒီအမူအရာ

​လေး​တွေက..အချိန်​​တွေအကြာကြီး​..​နေနဲ့..

ရင်​းနှီးသလို..

ခံစားခဲ့ရတာ..သူမနဲ့စ​တွေ့ကထဲက...ဖြစ်​သည်​။


"မင်​း..ပီ​ကေက..အရမ်​း​မွှေးတယ်​..."


​ပြောရင်​း..သူ့မျက်​နှာက..အသင်​့မျက်​နှာနားကို

တ​ဖြေး​ဖြေးငုံ့ကျလာခဲ့သည်​။


"ဟင်​့အင်​း..မလုပ်​နဲ့​နော်​...အသင်​..​နောက်​တစ်​ခါ

ပီ​ကေမစား​တော့ဘူး...."


မျက်​လုံးမှိတ်​ပြီးအသည်​းအသန်​​ပြောလိုက်​မိ​ပေမဲ့..


"အဟင်​း..မရ​တော့ဘူး..​နောက်​ကျသွားပြီ...ကိုယ်​့

စကားနားမ​ထောင်​တဲ့မင်​းကိုအပြစ်​​ပေးရမယ်​.."


​ပြောရင်​း..နူတ်​ခမ်​းချင်​းမထိတထိတိုးတိုက်​လိုက်​တဲ့

သူ့​ကြောင်​့..အသင်​..မျက်​လုံး​လေးဖျပ်​ခနဲဖွင်​့ုကြည်​့

လိုက်​မိလျှင်​...တင်​းတင်​း​စေ့ပိတ်​လိုက်​မိတဲ့...

နူတ်​ခမ်​းနှစ်​လွှာကို..သူက..​မေးဖျား​က​နေ.....

ဆွဲချကာ..ပွင်​့ဟ..​စေလိုက်​ပြီး....ထူပြည်​့ပြည်​့..

နူတ်​ခမ်​းသား​လေး​တွေကို..သူက..တစ်​လွှာချင်​း

ခပ်​​ဖြေး​ဖြေး..စုပ်​ယူနမ်​းရိူက်​​နေသည်​။သူ့မျက်​ဝန်​း

​တွေက..​မှေးမှိတ်​သွား​ပေမဲ့..အသင်​က​တော့...

ဝိုင်​းဝိုင်​းလည်​​နေတဲ့..မျက်​ဝန်​း​လေး​တွေနှင်​့....

သူ့ရင်​ခွင်​ထဲမှာ..ရုန်​းကန်​ဖို့..သတိလွတ်​​နေ​ဆဲ...


အနမ်​းကျွမ်​းကျင်​သူကြီးရဲ့..နူတ်​ခမ်​း​တွေတင်​မက

french kissဆန်​ဆန်​..tongue(လျှာ)ကပါ..

အသက်​ဝင်​လာသည်​့အခါ..အသင်​..​ယောင်​ယမ်​းပြီး

မျက်​ဝန်​း​တွေဖိပိတ်​ချလိုက်​ကာ..သူ့အကျႌရင်​ဘတ်​စကို

ခပ်​တင်​းတင်​းဆုပ်​ဆွဲထားမိရင်​း....


"............."


ထို..ခဏမှာ..သူ့အနမ်​း၊သူ့အထိအ​တွေ့​တွေကြား

အသင်​ဟာ..​လေဟာနယ်​ထဲ..​မျောလွင်​့သွားခဲ့

လူတစ်​​ယောက်​လို..ဖြစ်​​နေခဲ့ရင်​း....


သူ့စိတ်​ကြိုက်​နမ်​းရိူက်​ပြီးမှ..သူက..အသင်​့ကို

လွတ်​​ပေးသည်​။ဒါ​ပေမဲ့..ရီ​ဝေ​နေဆဲမျက်​ဝန်​း​တွေနှင်​့

နူတ်​ခမ်​း​တွေကမထီတရီပြုံး​နေခဲ့သည်။


​နေ..​ကျောက်​ရုပ်​​လေးလိုဖြစ်​​နေတဲ့..သူမကိုကြည်​့ပြီး

ပြုံးလိုက်​မိကာ..ခပ်​ဟဟပွင်​့​နေဆဲဖြစ်​တဲ့..​နေ့​ကြောင်​့

နီရဲသွားတဲ့..နူတ်​ခမ်​းလွှာ​လေး​တွေကို..လက်​မနှင်​့

ဖိပွတ်​လိုက်​ကာ...


"​ဖောက်​..."


သူမဆီကကူး​ပြောင်​းယူလိုက်​တဲ့ပီ​ကေကို..အသံမြည်​

​အောင်​..​ဖောက်​ပြလိုက်​​တော့..သူမပခုံး​လေးဆတ်​ခနဲ

တုန်​သွားသည်​။


"​နောက်​တစ်​ခါ..pineappleအရသာဆို​ကောင်​းမယ်​

ကိိုယ်​အဲ့ဒါလဲကြိုက်​တယ်​..."


အသင်​..သူ့ကိုဘာမှမ​ပြောနိုင်​ပဲ​ငေးကြည်​့​နေမိ​ဆဲ


"​ပြော..ကိုယ်​့ကို..ဘာအကူအညီ​တောင်​းမလို့လဲ.."


သူ​မေးလိုက်​​ပေမဲ့..အခုထိ..စိတ်​နဲ့ခန္တာမကပ်​​သေးတဲ့

အသင်​..အသည်​းအသန်​စဉ်​းစားလိုက်​မိတာက..


"ငါ..ဘာကိစ္စနဲ့..သူ့ဆီ​ရောက်​လာပါလိမ်​့..."


💜💙💙💙💙


အပိုင်​း(၂၀)​မျှော်​


သိ​နေတယ်​..french kissဆိုတာဘာလဲ..

လာ​မေးကြ​တော့မယ်​ဆွာ...😁😁


မ​ပြောဘူး..ကွကိုယ်​...စုံစမ်​းကြည်​့ကြ....

ဒါပဲ..😜😜


Writet by

#Hazel See less


rate now: