💙စေတန်ရဲ့သတို့သမီး💙
💜💜💜💜
"ဝေါ..ဝေါ...ဂျိမ်း..ဂျလိမ်း..."
အငြိုးကြီးစွာနှင့်..တညလုံးမိုးကမစဲနိုင်ပဲ..သည်းထန်စွာ
ရွာနေဆဲ...အသင်..မွေ့ယာပေါ်မှာ..အရုပ်လေး
ပိုက်ပြီး..ထိုင်နေမိသည်။မိုးတွေအရမ်းရွာတဲ့..
ညမျိုးဆို..အသင်အိပ်မပျော်တာများသည်။
ငယ်ငယ်တုန်းကဆိုရင်တော့..မိုးရွာတဲ့ညတွေ
အသင်အိပ်မပျော်တိုင်း....ကိုကိုကပုံပြင်တွေ..
ပြောပြပြီး..အသင်.....
အိပ်ပျော်တဲ့အထိ..အနားမှာရှိနေပေးတတ်တာလေ
ကိုကို့အကြောင်းတွေးလိုက်မိတာနှင့်..ရင်ထဲမှာ
နွမ်းလျသွားခဲ့သည်။
"သမီးရဲ့ကိုကိုကလေ..သူ့ရဲ့အဖေနဲ့အတူပြန်လိုက်
သွားတာ..အသင်လေးရဲ့..ချမ်းလေးရဲ့အဖေက..
ကျန်းမာရေးမကောင်းဘူးလေ..အဲ့ဒါကြောင့်..
ချမ်းလေးကိုအနားမှာရှိနေစေချင်လို့တဲ့..သမီးကိုကိုက
ပြောသွားတယ်..မကြာခင်..အသင်လေးဆီ..
ပြန်လာခဲ့မှာမို့..ကျန်းကျန်းမာမာနဲ့..ပျော်ပျော်ရွှင်ရွှင်
နေပြီး..ကိုကို့ကိုစောင့်နေပါတဲ့..."
လွန်ခဲ့တဲ့..၁၂နှစ်က..ဂျပန်ပြည်ကဆေးရုံကြီးမှာ
အသင်..ခွဲစိတ်မူ့အပြီး..တစ်ပါတ်ကြာမှ..သတိ..
ပြန်လည်လာခဲ့သည်။ဒါပေမဲ့..အနားကနေဘယ်တော့မှ
ခွဲမသွားပါဘူးလို့..ကတိတွေပေးခဲ့တဲ့..ကိုကိုက..
အသင့်နားမှာရှိမနေတော့..
"အဘွား..ကိုကိုက..တစ်ကယ်ပြန်လာမှာပါနော်.."
အသင်..မျက်ရည်တွေဝဲပြီးမေးမိလျှင်..အဘွားက
အသင့်ကိုပွေ့ဖက်ထားရင်း....
"ပြန်လာမှာပေါ့..သမီးကိုကိုက..သမီးကိုပေးထားတဲ့
ကတိကိုဘယ်တုန်းကပျက်ဖူးလို့လဲ..ချမ်းကလေ
သမီးဆီ..သေချာပေါက်ပြန်လာမှာ..."
ထို..စကားတစ်ခွန်းကိုယုံကြည်ပြီး....၁၂နှစ်ကြာအောင်
တစ်ရက်မပျက်စောင့်မျှော်နေခဲ့ပေမဲ့..ကိုကိုက..
အသင့်ဆီပြန်မလာနိုင်ခဲ့တော့ပါ..
"ဘယ်တွေရောက်နေတာလဲ ကိုကို..အသင့်ကိုရော
သတိရသေးရဲ့လား.."
တစ်ကိုယ်တည်းရေရွတ်မိရင်း..ဝမ်းနည်းစိတ်ကြောင့်
မျက်ရည်တွေကဝဲတက်လာရပြန်သည်။အသင်..
စားပွဲပေါ်က..သံစဉ်သေတ္တာလေးကိုလှမ်းယူပြီး
အဖုံးဖွင့်လိုက်သည်။
"ကိုကိုသိလား..အသင်လေ..ကိုကိုနဲ့တူတဲ့လူတစ်ယောက်
ကိုတွေ့တယ်..သူ့မျက်ဝန်း..သူ့အပြုအမူတွေက.
ကိုကိုနဲ့အရမ်းတူတယ်..ပြီးတော့..သူကလေ..
အသင်ဒုက္ခရောက်ချိန်တိုင်း..အသင့်ရှေ့မှာ..အမြဲ
ပေါ်လာပြီး..အသင့်ရှေ့မှာ..မားမားမတ်မတ်နဲ့
ရပ်တည်ပေးခဲ့တယ်....သူကတစ်ကယ်ပဲ..အသင့်အတွက်
ယုံကြည်ရတဲ့..လူတစ်ယောက်ဖြစ်လာနိုင်ပါ့မလားဟင်
အသင်လေ...သူ့ကို..ယုံလဲယုံချင်တယ်..ယုံလဲ
မယုံရဲဘူး....ကိုကို..အသင့်နားကိုအမြန်ပြန်လာပြီး
အသင့်ကိုယ်စား..သူ့ကိုအကဲခတ်ပေးမယ်မဟုတ်လား"
တစ်ယောက်ထဲအတွေးလွန်နေရင်း..ဗိုက်ထဲက
ဆာသလိုလို..ရှိလာရသည်။တညနေလုံးဘာမှ.
မစားထားရသေးဘူးလေ...နာရီကိုကြည့်တော့လဲ
၁၂နာရီထိုးခါနီးနေပြီ....
"အားလုံးအိပ်နေလောက်ပါပြီ..ဒီအချိန်မှတော့.."
ကိုယ့်အတွေးနဲ့ကိုယ် သံစဉ်သေတ္တာလေးကို...
ပြန်ပိတ်ရင်း..အခန်းထဲကထွက်လာခဲ့တာ.....
မီးဖိုဆောင်ထဲမှာ..စားစရာတစ်ခုခုသွားယူရန်
ရည်ရွယ်ချက်နှင့်ဖြစ်သည်။
💜💜💜💜
"🎵🎵🎵🎵"
အခန်းထဲကထွက်လာလာချင်းကြားလိုက်ရတဲ့
ငြိမ့်ငြောင်းလှတဲ့..စန္ဒယားသံ...
"စန္ဒယားသံပါလား..ဘယ်သူတီးနေပါလိမ့်.."
ပြောမဲ့သာပြောရတာ..ဒီအထပ်မှာ..သူနှင့်အသင်.
နှစ်ယောက်ထဲသာ..နေတာကိုသိထားသည်။
"သူတီးနေတာပဲ..ဖြစ်မယ်...သူဒီအချိန်ထိ..မအိပ်
သေးဘူးလား..."
အသင့်ရဲ့ခြေလှမ်းတွေက..ဓာတ်လှေကားရှိတဲ့.
ဘက်ကိုမဟုတ်ပဲ..အသံလာရာဆီသို့...လျှောက်လှမ်း
လာခဲ့မိသည်။
"ဒီအခန်းထဲကလာတဲ့အသံပဲ.."
အထပ်ကြီးရဲ့ထောင့်ဆုံးခန်းရှေ့မှာ..အသင်..
ခြေစုံရပ်လိုက်မိရင်း..ခပ်ဟဟပွင့်နေတဲ့..တံခါးကနေ
အထဲကိုချောင်းကြည့်လိုက်မိသည်။
"ဟင်.."
ထင်တဲ့အတိုင်း..နားနေခန်းဖြစ်ဟန်တူသည့်. ...
အခန်းကျယ်ကြီးထဲမှာ..စန္ဒယားခုံမှာထိုင်ပြီး...
တီးခတ်နေတဲ့သူ...မီးရောင်ခပ်မှိန်မှိန်သာထွန်းထားတဲ့
အခန်းထဲမှာ...သူ့ပုံစံကရှင်းလင်းနေသည်။
"သူကစန္ဒယားလဲတီးတတ်တာပဲလား..သူ့လက်သံက
အရမ်းနားထောင်လို့ကောင်းတာပဲ.."
အသင်..ခပ်တိုးတိုးရေရွတ်လိုက်စဉ်..စန္ဒယားသံက
တိခနဲရပ်သွားသည်။ထို့နောက်..သူကထိုင်ရာကနေ
ထပြီးလျှောက်လာတာ..အသင်ရပ်နေတဲ့..တံခါးနားကို..
"ဟင်...ဒုက္ခပဲ.."
အသင်..ဘယ်ပြေးလို့ပြေးရမလဲမသိဖြစ်သွားစဉ်..
ခပ်ဟဟပွင့်နေတဲ့..တံခါးကိုသူကဆွဲဖွင့်လိုက်သည်။
"ထင်တဲ့အတိုင်း မင်းကိုး..ဘာရပ်လုပ်နေတာလဲ
ခိုးကြောင်ခိုးဝှက်နဲ့.."
အသင်..စပ်စပ်စုစုနဲ့ဒီအထိရောက်လာမိတာကို..
သူစိတ်ဆိုးသွားမလားလို့..စိုးရိမ်လိုက်မိပေမဲ့...
သူ့ပုံစံကပကတိကြည်လင်နေခဲ့သည်။
"အသင်..အိပ်မပျော်လို့အပြင်ထွက်လာတာ..
အဲ့ဒါ..စန္ဒယားသံကြားတာနဲ့..."
သူမက..စကားကိုဆုံးအောင်မပြောပဲ..နေ့ကိုမျက်နှာ
ငယ်လေးနှင့်မော့ကြည့်သည်။
"အသင်..တမင်..သက်သက်လိုက်စပ်စုတာမဟုတ်ပါဘူး
စန္ဒယားသံကလေ..အရမ်းနားထောင်လို့ကောင်းလို့ပါ."
အသည်းအသန်ရှင်းပြနေသောကောင်မလေးကို
ကြည့်ပြီး..နေပြုံးလိုက်မိကာ..
"ညဉ့်ပဲနက်နေပြီ..မင်းကဘာလို့အိပ်မရသေးတာလဲ
တစ်နေကုန်လဲ..ဟိုတိုက်ခန်းကိုရှင်းလင်းခဲ့ရလို့..
ပင်ပန်းနေတာမဟုတ်လား..."
"အသင်က..မိုးတွေ..အရမ်းရွာနေတဲ့ညတွေဆို
အိပ်မရတာများတယ်.."
တစ်နေနေရာမှာကြားဖူးနေသလို..ခံစားလိုက်ရတဲ့
သူမရဲ့စကား...ဘယ်မှာလဲ..နေဘယ်မှာကြားဖူး
နေတာလဲ..ရုတ်တရပ်စဉ်းစားမရပဲ..ခေါင်းထဲက
ဆစ်ခနဲထိုးသွားတော့..နေမျက်မှောင်ကြုတ်မိ
သွားရသည်။
"ရှင်...ဘာဖြစ်လို့လဲဟင်.."
သူမစိုးရိမ်တကြီးလှမ်းမေးတော့..နေ..မျက်နှာကို
ချက်ချင်းပြင်လိုက်ရင်း..
"ဘာမှမဖြစ်ပါဘူး..လာ...အခန်းထဲဝင်လေ.."
"ရှင်.."
နေ့စကားကြောင့်..သူမကမျက်လုံးလေးဝိုင်ကာ
အနောက်ကို..ခြေနှစ်လှမ်းလောက်..ဆုတ်သွားသည်။
"ဘာလဲ..ဘာဖြစ်တာလဲ.."
အထိတ်တလန့်ဟန်လေးဖြစ်သွားတဲ့သူမကြောင့်
နေ..ရယ်ချင်မိသွားရသည်။
"ဟို..အသင်သွားအိပ်တော့မှာ..ရှင့်ကို..မနှောင့်ယှက်
တော့ပါဘူး.."
ပြောရင်း..ကပျာကယာလေးလှည့်ပြေးရန်ပြင်နေသည့်
သူမကို..နေလှမ်းဆွဲထားလိုက်ရင်း...
"ခုနကပြောတော့..အိပ်မရလို့ဆို..."
"ဟို..အဲ့ဒါက..."
"စိတ်ချ..ကိုယ်မင်းကိုဘာမှမလုပ်ဘူး..ဝင်လာခဲ့.."
ပြောလဲပြော..အထဲကိုလဲဆွဲခေါ်ကာ..သူကတံခါးကို
ပိတ်လိုက်သည်။
အမြဲတမ်း..အနက်ရောင်တွေသာအဝတ်များတဲ့
သူက..ဒီနေ့မှာ..ဖြူလွနေသည့်ရှပ်အကျႌတစ်ထည်ကို
ရင်ဘတ်တစ်ဝက်လောက်ထိ..ကြယ်သီးဖွင့်ထားပြီး
လက်ကိုလဲကြယ်သီးမတပ်ပဲ..ဖြစ်သလိုခေါက်တင်
ထားတာမို့..ပေါ့ပေါ့ပါးပါးနှင့်ကြည့်ကောင်းနေပြန်သည်။
အသင်..သူ့ကိုခဏမျှ..သတိလွတ်ငေးမိသွားရင်း
ချက်ချင်းအကြည့်လွဲလိုက်သည်။သူက..အသင့်ကို..
ဆွဲခေါ်လာကာ..အခန်းထောင့်က..ဆိုဖာပေါ်မှာ
ထိုင်စေသည်။ပြီးတော့..မှန်စားပွဲပေါ်တင်ထားတဲ့
စီးကရက်ဘူးနဲ့မီးခြစ်ကိုကောက်ယူမီးညှိရင်း
အသင့််ဘေးမှာဝင်ထိုင်သည်။
"ရှင်က...pianoလဲတီးတတ်တာပဲနော်..."
အသင်အမေးကိုသူကခေါင်းငြိမ့်သည်။
"ကိုယ်..တစ်ခါတစ်လေ..စိတ်ကြည်မှတီးဖြစ်တာပါ"
"ဒါဆို..ရှင်က..ဒီနေ့စိတ်ကြည်နေတာပေါ့..."
အသင်ထပ်မေးတော့..သူကမဖြေပဲ..အသင့်ကို..
ငဲ့ကြည့်ကာ..ပြုံးပြီး..အရှေ့ကိုပြန်လှည့်သွားသည်။
အသင်..အခန်းကျယ်ကြီးကိုဝေ့ဝဲကြည့်လိုက်မိသည်။
သူကစာဖတ်တော်တော်ဝါသနာပါပုံတော့
ရသည်။
စာအုပ်စင်ကြီးက..အကြီးကြီး.....အခန်းရဲ့..
တစ်ဖက်ထောင့်မှာလဲ..မှန်ရိူးကေ့ကြီးထဲမှာ..
ထည့်ထားတဲ့ဝိုင်ပုလင်းတွေနှင့်..ဘားတစ်ခုလို..
ပြင်ဆင်ထားတာလဲတွေ့ရသည်။
"ဒါရှင့်ရဲ့နားနေခန်းပေါ့..."
"အင်း..."
"ဒီစံအိမ်ကြီးမှာ..အခန်းတွေအများကြီးပဲနော်..ဒါနဲ့
ရှင်ကပရိုဂရမ်မာလားဟင်..."
အသင်မေးလိုက်လျှင်..သူက..စီးကရက်ကို.....
တစ်ရိုက်ဖွာရင်း..အသင်ကိုငဲ့ကြည့်ပြန်သည်။
"ဪ..ဒီလိုပါ..ဒီစံအိမ်ကြီးမှာလေ..တံခါးတွေ
အားလုံးက..အလိုအလျောက်စနစ်တွေနဲ့ချည်းပဲလေ
ပြီးတော့..လုံခြုံရေးစနစ်တွေကလဲ..အဲ့ဒီအတိုင်းပဲနော်."
"ဟုတ်တယ်..ကိုယ်က..ပရိုဂရမ်မာ..ဂျပန်နည်းပညာ
တက္ကသိုလ်မှာဘွဲ့ယူခဲ့တာ...ကိုယ့်အိမ်ကကားတွေနဲ့
ခြံတံခါးတွေမှာ..အလိုအလျောက်တုံ့ပြန်တဲ့..
စနစ်တွေရှိတယ်..ကိုယ့်စံအိမ်ထဲက..ကားတွေကလွဲရင်
အပြင်ကကားတွေက..ခြံထဲကိုဒီအတိုင်းဝင်လို့မရဘူး.."
"ဒါဆို..ဒီစံအိမ်ကြီးမှာ..လျို့ဝှက်ခန်းတွေရောရှိမှာပေါ့"
"အဟင်း..ချာတိတ်..မင်းအရမ်းစပ်စုတာပါပဲလား"
နေ့စကားကြောင့်..သူမကနူတ်ခမ်းလေးထော်ပြီး
ခေါင်းငုံ့သွားသည်။
"အသင်က..ရှင့်အကြောင်းတွေကိုသိချင်လို့ပါ...
ရှင်က..ဘာလုပ်တဲ့လူလဲ....ဘယ်လိုလူမျိူးလဲ
ဆိုတာကို..သိချင်တယ်..ရှင်ကစီးပွားရေးလုပ်ငန်း
တွေရဲ့နောက်ကွယ်မှာဘာတွေလုပ်နေတာလဲဟင်
ရှင်က..သေနတ်လဲကိုင်တယ်..ပြီးတော့..ရှင့်နားမှာ
သက်တော်စောင့်တွေကလဲအများကြီးပဲ..ပြီးတော့
ဘန်ကောက်ကဟိုတယ်ခန်းထဲမှာလဲ.."
အသင်..ဆက်မပြောပဲ..သူ့ကိုအကဲခတ်သလို..
ကြည့်လိုက်မိသည်။အဲ့ဒီတုန်းက..ဇ,ကိုသူညွှန်ကြား
နေတာတွေကို..အသင်သေချာကြားခဲ့တာလေ..
"အသင်..နားလည်ပါတယ်..မြန်မာပြည်က..သူဌေး
တော်တော်များများက..ငွေဖြူ(တရားဝင်ငွေကြေး)ထက်
ငွေမဲ(တရားမဝင်ငွေကြေး)တွေနဲ့ပိုပြီးချမ်းသာ
နေကြတာ..ရှင်ရော..အဲ့လိုပဲလားဟင်...........
The Sun Group ရဲ့နောက်ကွယ်မှာ...ဥပဒေ
အပြင်ဘက်က..တရားမဝင်လုပ်ငန်းတွေကိုလုပ်ကိုင်
နေတာလား..."
အသင့်..အမေးဆုံးတော့..သူက..သောက်လက်စ
စီးကရက်ကို..ပြာခွက်ထဲထိုးချေရင်း..အသင့်ဘက်ကို
လှည့်ထိုင်သည်။
"ကိုယ့်ကို...ဘိန်းရောင်းဝယ်နေတဲ့မူးယစ်ရာဇာ
တစ်ယောက်လို့မင်းထင်နေလို့လား"
"ရှင်.."
"ဒါမှမဟုတ်..လူကုန်ကူးတဲ့...မှောင်ခိုဂိုဏ်းချုပ်ကြီးလို့
ထင်နေတာလား..."
"အဲ့..အဲ့လိုတော့လဲ..မဟုတ်.."
အသင်..မဖြေတတ်တော့ပဲ..မျက်နှာလွဲလိုက်မိတော့
သူ့ဆီကရယ်သံခပ်သဲ့သဲ့ကိုကြားလိုက်ရသည်။
"မင်းနားမလည်သေးပါဘူး..ချာတိတ်..စီးပွားရေး
လောကကြီးမှာ..အားလုံးက..သူ့ထက်ငါမင်းမူ
နေကြတာ....တစ်ကွက်လောက်ပဲအကွက်ရွေ့
မှားတာနဲ့..ကိုယ့်နေရာကိုယ်ကာကွယ်နိုင်မှာ..
မဟုတ်ဘူး..အဲ့ဒီ့အတွက်..ရက်စက်သင့်ရက်စက်ရမယ်
ပြတ်သားသင့်..ပြတ်သားရမယ်..
ဥပဒေဆိုတာ..တစ်ကယ်တော့..စည်းတစ်ခုပဲ..
ကိ်ုယ်အဲ့ဒီ့စည်းကို..ကျော်ခဲ့တယ်ဆိုရင်တောင်..
အပြစ်မဲ့တဲ့..တစ်စုံတစ်ယောက်မှကိုယ့်ကြောင့်
ထိခိုက်ခဲ့ရတာမရှိဘူး..ကိုယ်က..ကိ်ုယ့်စီးပွားကိုယ်
လုပ်တာပဲလေ.."
စကားအဆုံး..သူက..အသင့်ခေါင်းကိုလှမ်းပွတ်သည်။
"အများကြီးမစဉ်းစားနဲ့..ပြီးတော့..ကိုယ့်အကြောင်းကိုလဲ
ဒီ့ထက်ပိုပြီး..မသိချင်ပါနဲ့..အဲ့ဒါမင်းအတွက်..
အကောင်းဆုံးပဲ..ကိုယ်ပြောတာ..နားလည်ရဲ့လား"
အသင်..ခေါင်းငြိမ့်လိုက်တော့..သူကပြုံးသည်။
"ဒါနဲ့..မင်းက..မိုးရွာရင်..ဒီလိုပဲ..အိပ်မရဘူးလား"
သူကစကားလမ်းကြောင်းလွှဲသည့်သဘောနှင့်
မေးသည်။
"အမြဲတမ်းတော့လဲ..မဟုတ်ပါဘူး..တစ်ခါတစ်လေပါ
အသင်ငယ်ငယ်လေးထဲကမိုးရွာတာကိုမကြိုက်ဘူး
မိုးအရမ်းသည်းတဲ့ညတွေဆို..အိပ်မပျော်တာ
များတယ်..အဲ့ဒီ့အခါ..ကိုကိုက..အသင့်ကို....
ပုံပြောပြပြီးအိပ်ပျော်တဲ့အထိ..အနားမှာရှိနေ
ပေးတတ်တာလေ..ကိုကိုက.."
ဆက်ပြောမဲ့စကားက..သူ့မျက်ဝန်းတွေတည်သွားတော့
အသင်ဆက်မပြောရဲတော့...
"တောင်းပန်ပါတယ်.."
အသင်..ခပ်တိုးတိုးပြောလိုက်တော့..သူကအသင့်ကို
ကြည့်သည်။
"ကိုယ်မကြိုက်မှန်းသိရဲ့သားနဲ့..တမင်ပြောတယ်ပေါ့"
"တမင်မဟုတ်ပါဘူး..အသင်က..ယောင်ပြီး..
ထွက်သွားတာ.."
အသင်..ဆင်ခြေပေးရင်း..နူတ်ခမ်းစူသွားရသည်။
တချင်တဲ့လူကိုတောင်..လွတ်လွတ်လပ်လပ်...
တမ်းတလို့မရတဲ့..ဘဝပါလား...
"မင်းကိုတော့..အပြစ်ပေးမှဖြစ်တော့မယ်..လာခဲ့..."
"အို..အမေ့..."
ရုတ်တရပ်သူက..အသင်လက်မောင်းလေးကို..
ဆုပ်ကိုင်ဆွဲချကာ..သူ့ပေါင်ပေါ်မှာလှဲစေလိုက်သည်။
အသင်...ပြန်ရုန်းထရန်ပြင်တော့..သူကအသင့်ကို
ပြန်ဆွဲချသည်။
"ငြိမ်ငြိမ်နေလေ..မင်း..အိပ်မပျော်ဘူးဆိုလို့....
ကိုယ်ကအကောင်းနဲ့ချော့သိပ်မလို့..."
"ဟင်..ရှင်က..ပုံပြောပြမလို့လား.."
အသင်..သူ့ကိုမော့ကြည့်ပြီးမေးမိလျှင်..သူ့မျက်နှာက
ငုံ့ကျလာခဲ့ပြီး..
"ဟင့်အင်း..."
ငြင်းဆန်လိုက်သည့်..နူတ်ခမ်းလေးတွေမှာ..ခတ္တမျှ
နွေးခနဲဖြစ်သွားရသည်။
"အိပ်တော့..မင်းမအိပ်သေးရင်..ကိုယ့်ကိုကိုယ်
အာမမခံဘူးနော်.."
နေ့..စကားကြောင့်..သူမလန့်သွားသလို..မျက်လုံး
အဝိုင်းသားလေးဖြစ်သွားသည်။
"ဟုတ်..အသင်အိပ်တော့မယ်.."
မြန်မြန်ဆန်ဆန်..တစ်ဘက်ပြန်လှည့်သွားကာ..
ခြေထောက်လေးနှစ်ချောင်းကိုပါ..ဆိုဖာပေါ်..
ကွေးကွေးလေးတင်လိုက်သော..သူမကြောင့်..
နေရယ်မိသွားရသည်။မျက်လုံးတွေမှိတ်သွားတဲ့
သူမရဲ့ပခုံးလေးကို..ခပ်ပွပွပုတ်ကာ..ချော့သိပ်
နေမိရင်း...
စေတန်..ကိုယ်တိုင်ကမင်းအတွက်အိပ်ဖနိစောင့်
လုပ်ပေးနေရတာ..မင်းသိရဲ့လား...
ကိုယ့်အတွေးနဲ့ကိုယ်ပြုံးလိုက်မိကာ..ပါးဖောင်းဖောင်း
လေးတစ်ဖက်ကိုငုံ့နမ်းလိုက်တော့..အိပ်မပျော်သေးတဲ့
သူမကိုယ်လေး..တွန့်ခနဲဖြစ်သွားသည်။
"ပျော်အောင်အိပ်လိုက်တော့..ကိုယ့်ရဲ့ချာတိတ်မလေး"
နေ..ထိုညက..မိန်းကလေးတစ်ယောက်အတွက်
ပထမဆုံးအကြိမ်..အိပ်ဖန်စောင့်..လုပ်ပေးခဲ့ရရင်း
💞💞💞💞💞
"ဒုက္ခပါပဲ..ဒီနေ့..meetingရှိပါတယ်ဆို...နောက်ကျ
ပြန်ပြီ..."
အသင်..ပါးစပ်ကလဲ..ပွစိပွစိ..ရွတ်ရင်း..မှန်တင်ခုံ
ရှေ့မှာ..ခေါင်းဖြီးတာကိုလက်စသတ်ကာ......
ဆလင်းဘတ်အိတ်လေး..အမြန်ကောက်လွယ်ရင်း
ခက်သုတ်သုတ်လျှောက်လာရင်း..အခန်းတံခါးကို
ဆွဲဖွင့်လိုက်ရာ
"အမလေး.."
အခန်းရှေ့မှာ..မားမားကြီးရပ်နေသောသူ့ကိုမြင်တော့
လန့်အော်လိုက်မိသည်။
"ရှင်..ဘာလုပ်နေတာလဲ.."
"မင်းကိုစောင့်နေတာ....."
"အသင်..နောက်ကျနေပြီ..ဒီနေ့မနက်စာမစားတော့ဘူး
မနေ့ကလဲ..အလုပ်ပျက်ထားတယ်လေ..ပြီးတော့
ူဒီနေ့..Meetingရှိတယ်.."
"အလုပ်ဘယ်လောက်အရေးကြီးကြီး..မနက်စာမစားပဲ
သွားစရာမလိုဘူး...မဟုတ်ရင်..မင်းကျန်းမာရေး
ထိခိုက်မယ်..."
"ဒါပေမဲ့..."
"ဆင်ခြေ..ထပ်ပေးဖို့မပြင်နဲ့..ပြီးတော့..မင်း...
ဒီနေ့ကစပြီး..အလုပ်သွားအလုပ်ပြန်..ကိုယ့်ကားနဲ့ပဲ
လိုက်ရမယ်.."
"ရှင်..ရပါတယ်..အသင်..."
"ဆင်ခြေမပေးနဲ ့လို့ပြောထားတယ်လေ..."
ဒီလူတော့..ဘာမှကိုပြောလို့မရဘူး..
အသင်ပါးစပ်ကမပြောပေမဲ့..သူ့ကိုမကျေမနပ်နှင့်
မျက်စောင်းထိုးလိုက်မိသည်။သူကအသင့်တစ်ကိုယ်လုံးကို
ဝေ့ကြည့်ရင်း...
"အကျႌက..ဘာလို့..အဲ့လောက်လည်ပင်း..ဟိုက်နေ
ရတာလဲ.."
အသင်ဝတ်ထားတဲ့..လိမေ္မာ်ရောင်..ဆွဲသားတီရှပ်
လေးက...ဖားပါးစပ်လည်ပင်းပုံလေးမို့..လည်ပင်း
ဟိုက်သလိုဖြစ်နေတာကိုသူကမျက်မှောင်ကြုတ်
ကြည့်ပြီးမေးသည်။
"ဘာလို့လဲ..ရှင်ပဲလည်ပင်းဖုံးတဲ့အကျႌတွေမဝတ်နဲ့
မင်းရဲ့လည်တိုင်လှလှလေးကို ဖုံးနေတယ်လို့
ပြောထားတယ်မဟုတ်လား.."
အသင်..စိတ်တိုတိုနှင့်..ရွဲ့ပြောလိုက်မိသည်။
"အဲ့ဒါနဲ့လည်ဟိုက်အကျႌတွေဝတ်ပါလို့ရော...
ကိုယ်ပြောမိလို့လား..သွား..အကျႌသွားပြန်လဲ.."
"ရှင်ကလဲ..နောက်ကျနေပါပြီဆို.."
အသင်ဆင်ခြေတက်လိုက်လျှင်..သူက..တံခါး
ဘောင်မှာ..လက်တစ်ဖက်ထောက်ရင်း..အသင့်ကို
ငုံ့ကြည့်သည်။
"မင်းအေးအေးဆေးဆေးနဲ့အကျႌသွားလဲမလား..
ူဒါမှမဟုတ်..ဟိုက်နေတဲ့အဲ့ဒီ့ရင်ဘတ်မှာ...ကိုယ်
Marking(အမှတ်အသား)လုပ်ပေးရမလား.."
"ရှင်...ရှင်နော်..."
အသင်..ရင်ဘတ်ကို..လက်နှစ်ဖက်နှင့်ယှက်ကာရင်း
အနောက်ကိုဆုတ်လိုက်လျှင်..သူကသွားဆိုသည့်
သဘောနှင့်..မျက်စပစ်ပြသည်။
"ဟွန့်.."
မလဲပြန်ရင်လဲ..ပြောတဲ့အတိုင်းလုပ်မှာကိုသိနေတာမို့
အသင်..ခြေဆောင့်ကာ..အခန်းထဲပြန်ဝင်လာရင်း
အဝတ်လဲခန်းထဲပြန်ဝင်လာရသည်။
နေ..ရပ်စောင့်နေပြီး..ခဏအကြာ..ရှပ်အကျႌလက်ရှည်
တစ်ထည်ကို..ကော်လံထိ..ကြယ်သီးစုံတပ်ဝတ်ပြီး
သူမက..စူပုတ်ပုတ်မျက်နှာလေးနှင့်..ပြန်ထွက်လာသည်။
"ရပြီလား.."
ရွဲ့ပြီးမေးလိုက်လျှင်..သူကအရှေ့ကိုဖျပ်ခနဲ
တိုးလာရင်း...
"မရသေးဘူး..."
"အို...ရှင်..."
ပြောရင်း..သူက..အကျႌကြယ်သီးနှစ်လုံးကိုဖြုတ်
ပစ်သည်။
"ရပြီ..ခုနက..မင်းလည်ပင်း..မအစ်ဘူးလား..."
"မအစ်ပါဘူး..."
သူမသိပ်ပြီး..မကြည်လင်တော့တာကို..သိနေတော့
နေထပ်မပြောတော့ပဲ...
"သွားမယ်..."
သူမလက်လေးကိုဆွဲကာ..ဓာတ်လှေကား..ရှိရာသို့
လျှောက်လှမ်းလာခဲ့ရင်း....
💞💞💞💞💞
"သလင်းနှင်းဆီ ဟုတ်လား..."
"ဟုတ်ပါတယ်...boss....ဒီနှစ်..The Sunရဲ့...
ကြော်ငြာမော်ဒယ်လ်အဖြစ်..သူ့ကိုရွေးချယ်ဖို့က
အသင့်တော်ဆုံးလို့..ကျွန်တော်ထင်ပါတယ်..
မြန်မာပြည်က..မော်ဒယ်တွေထဲမှာတော့..သူက..
ညို့ဓာတ်အပြည့်ရှိတယ်..internationalက..
မော်ဒယ်တွေနဲ့..သူကကောင်းကောင်းယှဉ်နိုင်တယ်"
"အင်း..အဲ့ဒါတော့..ဟုတ်ပါတယ်...ကျွန်တော်..
ဘန်ကောက်က..ရိူးပွဲမှာတုန်းက..သူ့ကိုတစ်ခါ
ဆုံဖူးတယ်..."
"ပြီးတော့..ကျွန်တော်တို့ကလဲ..သူ့ရဲ့အဖေ....
ဦးကျော်မော်ရဲ့..Oneလုပ်ငန်းစုနဲ့ပါတနာဖြစ်ထားတာ
သိပ်မကြာသေးဘူးဆိုတော့..သူ့ကို..ကျွန်တော်တို့
The Sunရဲ့..ကြော်ငြာမော်ဒယ်လ်အဖြစ် ရွေးချယ်
လိုက်ရင်..လုပ်ငန်းစုနှစ်ခုက..ပိုပြီးနီးစပ်သွားတာပေါ့"
ဒါရိုက်တာ..ဦးမောင်မောင်ပြောတာ..သဘာဝကျတာမို့
နေ..ခေါင်းငြိမ့်လိုက်မိသည်။
"Boss...တစ်ကယ်လို့သဘောတူတယ်ဆိုရင်..
ကျွန်တော်..နေ့လည်ကျရင်..ဘုတ်..အဖွဲ့...Meeting
မှာ..တရားဝင်တင်ပြပါ့မယ်.."
"ကျွန်တော်..လက်ခံပါတယ်...အဲ့ဒီ့ကိစ္စကို.....
အန်ကယ်..ဆက်လုပ်လိုက်ပါ.."
"ဟုတ်ကဲ့ပါ..boss..."
ဦးမောင်မောင်ထွက်သွားတော့..နေ..lattopစက္ကရင်
ပေါ်မှာ..ပေါ်နေသည့်..သလင်းနှင်းဆီရဲ့ပုံဆီ...
အကြည့်ကရောက်သွားခဲ့သည်။
သလင်းနှင်းဆီ......ပုရိသတိုင်းစွဲမက်လောက်စရာ
အလှဘုရင်မဟု..နာမည်ကြီးလှသူ..နေကိုယ်တိုင်
ဘန်ကောက်မှာ..သူမနဲ့တစ်ခါထဲဆုံဖူးပေမဲ့...
သတိထားခဲ့မိတဲ့အထိ..သူမက..အများပြောသလို
တစ်ကယ်ပဲလှပပါသည်။ပြီးတော့..အပြုအမူတွေကလဲ
ရဲတင်းပွင့်လင်းလွန်းသည်။
ဒါပေမဲ့..နေ့အတွက်တော့..သူမလို..မိန်းကလေးတွေက
တွေ့ရပါများလို့..ရိုးနေခဲ့ပြီ..
"Ok..မင်းရဲ့..power ဘယ်လောက်ရှိလဲဆိုတာ
စောင့်ကြည့်လိုက်မယ်..."
နေ..ဓာတ်ပုံကိုကြည့်ကာ..နူတ်ခမ်းတွန့်ရေရွတ်လိုက်ရင်း....
💞💞💞
"အားလုံးက..ငါ့အပြစ်ပါ..အသင်ရယ်..ငါ..
ဒေါ်လေးအကြောင်းသိရဲ့သားနဲ့..အကူအညီတောင်းခဲ့.မိတာကိုက..ငါ့ရ့အမှားပါ...
ငါတောင်းပန်ပါတယ် ဟာ.."
ကြည်နူးက..မျက်ရည်လေးဝဲကာ..အသင်ကို..
အထပ်ထပ်တောင်းပန်နေသည်။
"ရပါတယ်..ကြည်နူးရာ..နင်လဲ..ငါ့လိုပဲ..ဘာမှ..
မသိဘူးဆိုတာ..ငါသိပါတယ်...နင်ငါ့ကို...တောင်းပန်
စရာမလိုပါဘူး.."
"ဒါပေမဲ့..ငါက.."
ကြည်နူးစကားမဆုံးခင်..အသင်..ကြည်နူးလက်ကို
ဆုပ်ကိုင်လိုက်ရင်း...
"ငါတစ်ကယ်အဆင်ပြေတယ်..စိတ်မကောင်းမဖြစ်
နဲ့နော်.."
"အေးပါအသင်ရယ်...နင့်ပိုက်ဆံအတွက်ဘာမှ..
မပူနဲ့..ငါ..အဒေါ့်ဆီက..ရအောင်ပြန်တောင်းပေးမယ်"
"အေးပါဟာ..."
"ဒါနဲ့..နင်ကို...ကိုနေကုဋာကလာခေါ်သွားတာဆိုတော့
အခု..နင်က..သူနဲ့အတူနေမှာပေါ့..."
"အင်း...ခဏပါ..သူ့အိမ်မှာကလဲ..နေစရာအခန်းတွေ
အများကြီးရှိတယ်ဆိုတော့..ငါ..နေစရာ..အဆင်
မပြေသေးခင်ခဏပါ.."
"အသင်.."
ကြည်နူးက..တစ်ခုခုပြောရန်ပြင်ပြီးမှ..ပြောရခက်
သွားသလို..အသင့်ကိုကြည့်သည်။အသင်..ကြည်နူးကို
ပြုံးပြလိုက်ရင်း
"ငါပြောချင်တာကိုငါသိပါတယ်..ဒါပေမဲ့..စိတ်မပူပါနဲ့
ငါကိုယ့်ကိုကိုယ်ကာကွယ်နိုင်ပါတယ်..."
"ငါနင့်ကို..ယုံပါတယ်..အသင်ရယ်..နင်ကိုယ့်ကိုကိုယ်
တော့..ဂရုစိုက်နော်.."
"ကဲပါဟာ..အဲ့ဒါတွေပြောမနေပါနဲ့တော့....ခဏနေ..
Meeting..စတော့မှာ..သွားကြရအောင်..."
"အင်း..."
ထို့နောက်..သူငယ်ချင်း နှစ်ယောက်..ထိုင်ရာကနေ
ထလာခဲ့ကြသည်။ထိုအချိန်..ကော်ရစ်ဒါထောင့်
အကွယ်ကနေ..သူမတို့ကိုစောင့်ကြည့်နေတဲ့...
ရွှေရုပ်လွှာကိုတော့မမြင်မိခဲ့ပါချေ....
"အင်္သချေက..နေကုဋာရဲ့အိမ်မှာနေ..နေတာတဲ့
လား..."
💜💜💜💜
အပိုင်း(၁၉)မျှော်
Writer by
#Hazel See less