💙စေတန်ရဲ့သတို့သမီး💙
💜💜💜💜
ကိုယ့်ကိုကိုယ်အားပေးနေမိပေမဲ့..ဒီအခန်းကို
စလာကြည့်တဲ့.နေ့ကတည်းကစိတ်ထဲမသိုးမသန့်
ခံစားနေရသည်။အခုလဲ..ပိုပြီးမိုးချုပ်လာလေ..
ကြောက်စိတ်ကပိုပြီးကြီးစိုးလာရလေပဲ..
ဖြစ်နေသည်။
အသင်..မျက်နှာသစ်ပြီး..အခန်းထဲကပြန်ထွက်
လာခဲ့သည်။ဗိုက်ထဲဆာသလိုလိုရှိလာတာကြောင့်..
ဝယ်ထားတဲ့..ထမင်းကြော်ဘူးကိုသွားယူလိုက်သည်။
"ဟင်.."
ဘာပစ္စည်းပစ္စယမှ...မရှိတဲ့..ဧည့်ခန်းရဲ့ထောင့်မှာ
ထားထားတဲ့..အသင့်အထုတ်အပိုးတွေရဲ့ဘေးမှာ
ချထားသော..ထမင်းကြော်ဖော့ဘူးလေးကို...
မြင်လိုက်တဲ့ခဏ..အသင်..အထိတ်တလန့်နှင့်..
အနောက်ကို..ခြေနှစ်လှမ်းခန့်ဆုတ်သွားရသည်။
ကြည့်ပါဦး..ပွင့်နေတဲ့..ဖော့ဘူးတဲ့..တစ်ယောက်ယောက်က
ယူစားထားသလို..ပြန့်ကျဲနေသည့် ထမင်းစေ့တွေ
"ဒါ..ဒါက..ဘယ်လိုဖြစ်.."
"ဒုန်း..."
"အမလေး.."
ထိုအချိန်..ရေချိုးခန်းတံခါးကို..တစ်ယောက်ယောက်က
ဆောင့်ပိတ်လိုက်သလို..ဒုန်းခနဲဖြစ်သွားသည်။
"ဝေါ..ဝေါ..ဂျိမ်း.."
ထိုအချိန်..အပြင်မှာလဲ..မိုးတွေက..သည်းထန်စွာ
ရွာသွန်းနေသည်။
"ရှဲ..ရှဲ..ရှဲ.."
ထိုစဉ်..တစ်ယောက်ယောက်က..လမ်းလျှောက်နေတဲ့
အသံလိုလို..ရေသံလိုလို..အသံကိုပါ..ကြားလိုက်ရချိန်အသင်..
မတ်မတ်ပင်မရပ်နိုင်တော့ပဲ..ဧည့်ခန်းထောင့်ကို
ပြေးသွားကာ..ဒူးနှစ်လုံးကိုလက်နှင့်တင်းကြပ်စွာ
ပိုက်ထားရင်း..ကြောက်စိတ်ကြောင့်..ခန္တာကိုယ်
လေးက..တဆတ်ဆတ်တုန်နေခဲ့သည်။
"ယသာ..နုဘာဝတော..ယက္ခာ
နေဝ..ဒ..ဒသာနိ္တ ဘီသနံ..."
တက်သေလာက်..မှတ်သလောက်..ဘုရားစာရွတ်
ရွတ်နေစဉ်..ဖျပ်ခနဲ..တခန်းလုံးက..မှောင်အတိ
ကျသွားခဲ့သည်။
"ဟင်..မီး.မီးပျက်သွားပြီ.."
အသင်..သွေးပျက်မတတ်ကြောက်ရွံ့သွားရသည်။
အသင်..အမှောင်ကိုကြောက်သည်။ငယ်စဉ်ထဲက
နှလုံးရောဂါနှင့်ခွဲစိတ်ခဲ့ရသူမို့..အမှောင်ထဲရောက်
နေရင်..အလိုလိုမွန်းကြပ်လာကာ..အသက်ရူမဝတော့
"ဒုတ်..ဒေါက်...ဒေါက်..."
"ဝေါ..ဝေါ...ဂျိမ်း..."
တိုက်ခန်းထဲက..ဘာမှန်းမသိတဲ့..အသံတွေရော..
အပြင်ဘက်ကမိုးသံလေသံတွေနှင့်..ခြောက်ချားဖွယ်
အမှောင်ထဲမှာရှိနေရတဲ့အသင်...နားနှစ်ဖက်ကို
တင်းကြပ်စွာပိတ်ထားရင်း..အားငယ်တတ်တဲ့
မျက်ရည်တွေက..ပါးပြင်ပေါ်သို့..မြန်မြန်ဆန်ဆန်ပဲ
ပြိုကျလာခဲ့သည်။
"ကိုကို..အသင်ကြောက်တယ်..အသင့်ကိုကယ်ပါဦး.
ဟင့်...ဟင့်.."
တစ်ယောက်ထဲအားငယ်ဝမ်းနည်းစွာ..ငိုကြွေး
နေမိစဉ်..
"ဒေါက်...ဒေါက်..."
ကြားလိုက်ရတဲ့..တံခါးခေါက်သံကြောင့်..အသင်
အားတက်သွားရကာ..မျက်ရည်တွေကို..ကပျာကယာ
ပွတ်သုတ်ရင်း..အိတ်ပေါ်တင်ထားတဲ့သော့ကိုယူကာ
တံခါးရှိရာသို့..အမြန်ထပြေးလာခဲ့သည်။
"ကျွီ..."
"ဟင်..."
တံခါးချပ်ပွင့်သွားသည်နှင့်..အခန်းရှေ့မှာ..ရပ်နေတဲ့
လူကိုမြင်လိုက်တဲ့ခဏ..အသင်..အံ့ဩလွန်း၍..
နူတ်ခမ်းလေးပွင့်ဟသွားခဲ့သည်။
"ကို...ကို..နေကုဋာ....."
သူ့ကိုမြင်လိုက်တဲ့ခဏ..အသင်..ဘယ်လောက်
အားရှိသွားရသလဲဆိုတာ..ဖော်မပြတတ်အောင်ပင်
"တံခါး..မဖွင့်တော့ဘူးလား.."
နေ..မျက်ရည်တွေ..မချောက်သေးတဲ့..မျက်ဝန်း
တွေနှင့်..ကျန်နေသေးတဲ့သံပန်းတံခါးရှေ့မှာ..
သော့ကိုကိုင်ပြီး..ကြောင်ရပ်နေသည့်..သူမကို
မေးလိုက်သည်။
"ရှင်..ရှင်က..ဒီကို..."
အသင့်ရဲ့မေးခွန်းပင်..မဆုံးလိုက်..သူကသံပန်း
အပေါက်ထဲကလက်လျိုကာ..အသင့်လက်ထဲက
သော့ကိုလှမ်းယူပြီး..သော့ကိုဖွင့်သည်။ပြီးတော့
တံခါးကိုပါ..တစ်ခါထဲ..ဘေးသို့တွန်းဖွင့်လိုက်ရင်း
အသင့်ရှေ့မှာလာရပ်သည်။ပြီးတော့..မျက်ဝန်းမှာ
စိုနေဆဲမျက်ရည်တွေကို..လက်မနှင့်တို့သုတ်ပေးရင်း..
"အပြောကြီးပြီး..အိမ်ပေါ်ကဆင်းသွားရင်လဲ..
ကောင်းတဲ့နေရာကိုသွားရမှာမဟုတ်ဘူးလား..."
ပြောရင်း..နေ..မှောင်မဲနေတဲ့အခန်းကိုဝေ့ဝဲကြည့်
လိုက်ကာ...
"ဒီလို..မသန့်ရှင်းတဲ့နေရာမျိုးမှာနေဖို့..ကိုယ့်ဒေါသကို
ဆွပြီး..အိမ်ကထွက်သွားတာပေါ့လေ..မင်းတစ်ကယ်ပဲ..
ဦးနှောက်မကောင်းဘူးလား...ကိုယ်ဘယ်လောက်ထိ..."
နေ့စကားပင်မဆုံးလို်က်...သူမကနေ့ရင်ခွင်ထဲ
တိုးဝင်လာရင်း..နေ့ရဲ့..ခါးကိုလက်နှစ်ဖက်နှင့်
တင်းကြပ်စွာဖက်ထားသည်။
"အရမ်းကြောက်နေတာ..ရှင်သာရောက်မလာရင်
အသင်..သေသွားမလားမသိဘူး...ဟင့်.."
ငိုသံပါလေးနှင့်တုန်ယင်နေသော..အသံလေးက
နှလုံးသားကို..လက်နက်တစ်ခုခုနှင့်ထိုးနှက်လိုက်
သလိုပင်..နေ..သူမကျောပြင်လေးကိုပြန်လည်
ပွေ့ဖက်ထားလိုက်ရင်း...
"တောင်းပန်ပါတယ်..ကိုယ်မှားသွားတယ်..မင်းကို
တစ်ယောက်ထဲပစ်မထားသင့်ဘူး..."
နေ့..စကားကြောင့်..သူမကဝမ်းနည်းသွားသလို
အသံထွက်အောင်ရိူက်ငိုသည်။...နေ..ဖြန့်ချထားတဲ့
သူမရဲ့ဆံနွယ်လေးတွေကို..မျက်နှာနှင့်ပွတ်သပ်
နေမိရင်း...
"ကိုယ့်ကိုခွင့်လွှတ်ပါ..ချာတိတ်ရယ်.."
"ကိုယ့်ကိုခွင့်လွှတ်ပါ ချာတိတ်ရယ်..."
တိုးရှရှတောင်းပန်စကားဆိုရင်း..နေ..ရင်ခွင်ထဲက
သူမမျက်နှာလေးကိုမော့ယူကာ..မျက်ရည်စလေးတွေကို
ညင်သာစွာ..သုတ်ဖယ်ပေးနေမိသည်။သူမက
မယုံကြည်နိုင်သလို..မျက်လုံးလေးဝိုင်းပြီး..နေ့ကို
ကြည့်နေဆဲ..
"ကိုယ်နဲ့..အတူပြန်လိုက်ခဲ့...ကိုယ်ဒီလိုနေရာမှာ
မင်းကိုတစ်ယောက်ထဲမထားနိုင်ဘူး..."
အသင်..မျက်ရည်တွေကိုလက်ခုံနှင့်ကလေးလို
ပွတ်သုတ်ရင်း..ခေါင်းညိတ်လိုက်မိသည်။အသင်
ဒီနေရာမှာ...တစ်နာရီလောက်ပဲဆက်ရှိနေရင်
အသက်ထွက်မှာ...
"မင်းပစ္စည်းတွေအထဲမှာ..မဟုတ်လား.."
နေ..အခန်းထဲကိုလှမ်းဝင်ရန်ပြင်တော့..သူမက
အထိတ်တလန့်မျက်နှာလေးနှင့်လက်ကိုလှမ်းဆွဲ
ထားသည်။
"ဘာမှမဖြစ်ဘူး..ကိုယ်ရှိတယ်..မကြောက်နဲ့."
သူက..အသင့်လက်လေးကိုထွေးဆုပ်ထားကာ...
အားပေးသလိုပြောသည်။အသင်..ကြောက်ကြောက်နှင့်
သူ့လက်မောင်းကိုအတင်းဖက်ထားရင်း..အထုတ်အပိုးတွေ
ယူရန်..မှောင်မဲနေတဲ့..အခန်းထဲကိုပြန်ဝင်လာခဲ့
ရသည်။
"ဒေါက်...ဒုန်း..."
ဘာမှန်းမသိတဲ့အသံတွေကကြားနေရဆဲဖြစ်ပေမဲ့.
အသင်ရှေ့မှာ..မားမားမတ်မတ်ရှိနေတဲ့သူ့ကြောင့်
ကြောက်ရွံ့စိတ်တွေကလွင့်ပါးကုန်ရသည်။
"လာ..သွားကြမယ်.."
သူက..အသင့်အထုတ်တွေကိုလဲကုူဆွဲကာ..အသင့်.
လက်တစ်ဖက်ကိုလဲ..ဆုပ်ကိုင်ထားရင်း..တိုက်ခန်း
ထဲကနေပြန်ထွက်လာသည်။
တံခါးကိုအပြီးသတ်ပိတ်လိုက်ပြီး..သူဆွဲခေါ်ရာ
နောက်ကို..အသင်ပါလာခဲ့ရပြန်ရင်း...
💜💜💜
"ဝေါ..ဝေါ.."
မိုးတွေက..သည်းထန်စွာရွာသွန်းနေဆဲပဲဖြစ်ကာ
သူ့ရဲ့ကားလေးကမိုးစက်မိုးပေါက်တွေကြားမှာ
ဖြေးဖြေးမှန်မှန်သာ..မောင်းနှင်လာသည်။သူက
ကားမောင်းနေရင်း..လက်တစ်ဖက်က...အသင့်
လက်ကိုဆုပ်ကိုင်ထားသည်။
"အဲ့ဒီ့တိုက်ခန်းက..သရဲခြောက်တယ်ဆိုတာ..မင်း
မသိဘူးလား.."
ကားထဲကတိတ်ဆိတ်မူ့ကို..ဖြိုခွင်းလိုက်နဲ့သူ့ရဲ့အမေး
အသင်..ခေါင်းလေးယမ်းလိုက်မိသည်။
"အသင်..ဒီညနေမှ..ထမင်းဆိုင်က..အန်တီကြီးတွေ
ပြောလို့သိတာပါ.."
အားမရှိသလို..အသံလေးကဖျော့တော့စွာထွက်ပေါ်
လာသည်။သူမအခုထိကြောက်စိတ်ပြေသေးပုံမရ
နေ..ဖြူဖျော့နေသည့်..သူမရဲ့ပုံစံလေးကိုကြည့်ပြီး
စိတ်မကောင်းဖြစ်သွားရသည်။
"သိနေတာတောင်..ဘာလို့..အဲ့ဒီ့အခန်းမှာဆက်နေ
ေနသေးတာလဲ.."
"အဲ့ဒီမှာမနေလို့..အသင်က..ဒီညဘယ်မှာသွားအိပ်
ရမှာလဲ..."
ပြောရင်း..အသံလေးကတိမ်ဝင်သွားကာ....သူမ
ခေါင်းငုံ့သွားပြန်သည်။နေ့..ရင်ထဲဆစ်ခနဲ..နာကျင်
သွားရ၏...ဒီလိုခိုကိုးရာမဲ့နေတဲ့..မိန်းမငယ်လေး
တစ်ယောက်ကိုမှ..နေ..ရက်ရက်စက်စက်မောင်း
ထုတ်မိသလိုဖြစ်ခဲ့ရသည်။
နေ..သူမလက်လေးကိုဆုပ်ကိုင်ထားတဲ့လက်ကို
လွတ်လိုက်ပြီး..ခေါင်းလေးကိုခပ်ဖွဖွပွတ်သပ်
လိုက်သည်။
"မင်းနားမလည်ဘူး..ချာတိတ်..လောကကြီးက
မင်းထက်တာထက်....မာယာများပြီးရက်စက်တယ်
မိန်းကလေးတစ်ယောက်ထဲ..ဘဝကိုလုံခြုံစွာနဲ့
ရပ်တည်ဖို့ဆိုတာ..မင်းထင်သလောက်မလွယ်ကူဘူး"
သူမက..နေ့စကားတွေကိုနားထောင်နေရင်း...
ခေါင်းလေးမော့ကြည့်လာသည်။နေ..သူမကို..
ငဲ့ကြည့်ပြုံးပြလိုက်ရင်း...
"မနေ့က..ကိစ္စအတွက်..ကိုယ်မင်းကိုတောင်းပန်
ပါတယ်..မင်းခေါင်းထဲကထုတ်ပစ်လိုက်ပါ...."
"အသင်လဲ..ရှင့်ကိုတောင်းပန်ပါတယ်..အသင်
ရှင့်ရဲ့..ဂုဏ်သိက္ခာကိုစော်ကားမိသလိုဖြစ်ခဲ့တယ်..
ဒါပေမဲ့..အသင်အဲ့လို..မရည်ရွယ်ခဲ့ဘူး..တစ်ကယ်
ပြောတာပါ.."
သူက..အသင့်စကားကြောင့်ပြုံးသည်။
"ကိုယ်မင်းကိုဗွေမယူပါဘူး..ကိုယ်မင်းအပေါ်..
လုပ်ခဲ့တဲ့အပြုအမူတွေနဲ့ယှဉ်ရင်..အဲ့လောက်ကတော့
ကိုယ်ပြန်ခံစားသင့်တာပဲမဟုတ်လား..အဟင်း"
ရယ်သွေးသွမ်းလျက်..ခပ်ပေါ့ပေါ့ပြောရင်း..သူက
အရှေ့ကိုပြန်လှည့်သွားသည်။အသင့်ဆံပင်တွေကို
ပွတ်သပ်ပေးနေသည့်..သူ့ရဲ့ညာဘက်လက်က..
စတီယာရင်ပေါ်..ပြန်ရောက်သွားမှ..လက်ကပေါက်ပြဲ
နေသည့်..ဒဏ်ရာကိုအသင်သတိထားမိသည်။
"အရမ်းနာနေလားဟင်.."
အသင်..သူ့လက်ကိုလှမ်း၍ထိကိုင်ပြီးမေးလိုက်
မိသည်။သူက..အသင့်လက်ကိုပြန်လည်ဆုပ်ကိုင်
လိုက်ရင်း..
"နည်းနည်းပါ..အခုမင်းလက်ကို..ကိုယ်ကိုင်ထား
နိုင်တယ်လေ..မနက်ကဆို..လက်သီးဆုပ်လို့တောင်
မရဘူး.."
"ဆေးမထည့်ဘူးလား..."
"ဒီဒဏ်ရာလောက်ကဆေးထည့်စရာမလိုပါဘူး..
ဒါအပေါ်ယံဒဏ်ရာပဲလေ..."
အသင်..ကိုယ်တိုင်သတိမထားမိခင်..သူ့လက်ချောင်း
ရှည်သွယ်သွယ်တွေကိုပြန်လည်ဆုပ်ကိုင်လိုက်မိသည်။
သူမဆီက..တုံ့ပြန်မူ့ကြောင့်..နေဖျပ်ခနဲဲသူမကို
ငဲ့ကြည့်လိုက်မိသည်။
"ဟာ..ချာတိတ်..."
သူမပါးပြင်ပေါ်သို့..စီးကျသွားတဲ့..မျက်ရည်တွေကို
မြင်တော့..နေ..ပျာယာခတ်သွားရသည်။ကားကို
လမ်းဘေးသို့ဆွဲချရပ်လိုက်ရင်း...
"ဘာလို့လဲကွာ..ဘာလို့ထပ်ငိုရတာလဲ..."
နေ..သူမနားကိုတိုးကပ်လိုက်ရင်း..ပခုံးလေးနှစ်ဖက်ကို
ဆုပ်ကိုင်ကာ..မေးလိုက်သည်။
"ဟင့်..ဟင့်.."
သူမက..မဖြေပဲ..ငိုပဲငိုနေတော့..နေမကြည့်ရက်စွာနှင့်
သူမကို..ရင်ခွင်ထဲပွေ့ဖက်ထားလိုက်မိသည်။
"အသင်က..အရမ်းရယ်စရာကောင်းတယ်မဟုတ်လား..
စကားကြီးစကားကျယ်တွေပြောပြီး..ရှင့်အိမ်က
ဆင်းသွားတာ..တစ်ရက်မပြည့်သေးဘူး..အခု
ရှင့်နောက်ကိုထပ်လိုက်လာရပြန်ပြီ..အသင်..
တစ်ကယ်အသုံးမကျဘူး..သူများ..အထင်အမြင်သေး
ဆက်ဆံတာကိုခံရသင့်တယ်..အဲ့ဒါတွေအားလုံးက
ရှင့််အပြစ်မဟုတ်ဘူး..အသင်..အသင်ကိုယ်တိုင်ကိုက
ဟင့်..အီး..."
နေ..သူမရဲ့ခံစားချက်ကိုနားလည်စွာနှင့်..ကျောပြင်
လေးကိုခပ်ဖွဖွပွတ်သပ်ပေးနေရင်း..
"မင်းအပေါ်လုပ်ခဲ့တဲ့..အပြုအမူအတွက်..ကိုယ့်ကို
အခုထိမကျေနပ်နိုင်သေးတာလား.."
ရင်ခွင်ထဲက..သူမျက်နှာလေးကိုမော့ယူကာ..
နေ...မေးလိုက်တော့..သူမကခေါင်းခါသည်။
"သေချာနားထောင်..အင်္သချေ..မင်းက..ကိုယ့်အတွက်
ဘယ်မိန်းကလေးနဲ့မှမတူဘူး...မင်းကိုပါတ်သတ်ခဲ့တဲ့
ပုံစံမျိုးနဲ့..ကိုယ်ဘယ်သူ့ကိုမှမပါတ်သတ်ခဲ့ဖူးဘူး..
မင်းကိုစိတ်ပူခဲ့သလို..ဘယ်သူ့ကိုမှစိတ်မပူခဲ့ဖူးဘူး..
မင်းကိုဒေါသဖြစ်ခဲ့ရသလောက်..ဘယ်မိန်းကလေးကိုမှ..
ကိုယ်ဒေါသမဖြစ်ခဲ့ရဘူး..ပြီးတော့..."
စကားကိုဆုံးအောင်မပြောပဲ..သူကအသင့်ပါးပြင်
လေးကို..ပွတ်သပ်ကာ..
"မင်းကို..ရင်ခုန်ခဲ့သလို..ဘယ်မိန်းကလေးကိုမှ..
ကိုယ်ရင်မခုန်ခဲ့ဖူးဘူး..ကိုယ်ရဲ့အပြုအမူတွေက
မင်းအတွက်..ကြမ်းတမ်းချင်ကြမ်းတမ်းနေလိမ့်မယ်
ဒါပေမဲ့..အဲ့ဒါတွေအားလုံးက..မင်းကိုတန်ဖိုးမထားလို့
မဟုတ်ပါဘူး....."
ပြောရင်း..သူကနဖူးပြင်ချင်းထိကပ်လိုက်သည်။
ရင်ခုန်သံမမှန်တဲ့လူတစ်ယောက်လို..ပြင်းရှလာတဲ့
သူ့အသက်ရူသံက..အသင့်ကိုကြက်သီးထစေသည်။
"မင်းကိုထိတွေ့လိုက်တိုင်း..ကိုယ့်ရင်ခုန်သံတွေက
ကိုယ့်ကိုပြန်ပြီးအနိုင်ယူသွားတယ်...ကိုယ်နူးညံ့
ချင်ပေမဲ့..ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်ခဲ့ဘူး..ကိုယ်.."
ဆက်မပြောပါနဲ့ဆိုတဲ့သဘောနှင့်..သူမရဲ့လက်ချောင်း
လေးတွေက..နေ့နူတ်ခမ်းပေါ်..လာတင်သည်။
နေ..မျက်နှာလေးရဲနေသည့်..သူမကိုကြည့်ကာ
ရယ်လိုက်မိသည်။
"မင်း..ရှက်သွားတာလား..."
"မရှက်ပဲနေမလား..ရှင်ဒီလောက်ကွက်ကွက်ကွင်းကွင်း
ရှင်းပြနေတဲ့ဟာ.."
အခုမှ..စွာတတ်တဲ့..ပုံစံလေးကပြန်ပေါ်လာတော့သည်။
နေ..နှစ်ခြိုက်စွာပြုံးလိုက်ရင်း...
"အခု..ကိုယ့်ရဲ့သဘောထားကိုသိပြီဆိုတော့..
မင်းရော..ကိုယ့်ကိုဘယ်လိုသဘောထားလဲ...
ကိုယ်သိချင်တယ်.."
မျက်လုံးချင်းဆုံကြည့်ကာ..သူမေးလာလျှင်..
အသင်..ရင်ထဲကဒိန်းခနဲဆောင့်ခုန်သည်။
"အသင်...အသင်မသိဘူး..."
အထစ်ထစ်..အငေါ့ငေါ့ဖြေရင်း..မျက်လုံးလေး
လွဲဖယ်လိုက်လျှင်..သူကထိုမျက်ဝန်းတွေထဲကို
မရရအောင်လိုက်ဆုံကြည့်ရင်း...
"မဖြေချင်သေးတာလား...Okလေ..ကိုယ်စောင့်နိုင်
ပါတယ်..ဒါပေမဲ့..တစ်ခုတော့..ရှိတယ်..မင်း..
အခုချိန်ကစပြီး..ကိုယ့်နားကနေ..ဘယ်ကိုမှ..
ထွက်သွားလို့..မရတော့ဘူး..ဆိုတာ..မှတ်ထား
လိုက်တော့..."
"ရှင်..."
မျက်လုံးလေးဝိုင်းသွားတဲ့..သူမရဲ့ဆံပင်တွေကို
နေ..ဖိပွတ်ပစ်ရင်း..သူမအနားကနေ
ခွာလိုက်သည်။
"သွားကြမယ်..."
အသင်..သူ့ကိုဘာမှပြန်မပြောနိုင်ခင်မှာပဲ...ကားလေးက
မောင်းထွက်လာခဲ့ပြီဖြစ်သည်။
💙💙💙💙
"မင်း..စောစောအိပ်လိုက်တော့..ပင်ပန်းနေမှာပဲ"
သူက..အသင့်ကို..အခန်းထဲထိ..လိုက်ပို့ပေးရင်း
ပြောသည်။
"ရှင်လဲ..စောစောနားလိုက်ပါ..."
"အင်း..."
နေ..ခေါင်းငြိမ့်လိုက်တော့..သူမက..ဘာမှ..
ထပ်မပြောတော့ပေ..အိမ်နေရင်း..တီရှပ်ပွပွတစ်ထည်ကို
ဂျင်းဘောင်းဘီတိုလေးနှင့်တွဲဝတ်ထားတဲ့သူမက
အမြဲတမ်း..အပြောင်သိမ်းကာ..ခပ်မြင့်မြင့်လေး
ထုံးထားတတ်တဲ့ဆံပင်တွေက...ဖြေချထားတာမို့..
ကပိုကရိုနှင့်ချစ်စရာကောင်းနေသည်။ငိုထားတဲ့
အရှိန်မကုန်သေး၍..နှာသီးထိပ်ဖျားလေးတွေက
ရဲနေပြီး..ပြောင်ရှင်းနေသည့်မျက်နှာလုံးလုံးလေးက
ကြည့်မဝချင်စရာ...
နေ..စိုက်ကြည့်နေ၍ထင်သည်။သူမက..အနေခက်
သလို..လည်ပင်းလေးပွတ်နေသည်။
"ရှင်..သွားတော့လေ..."
"ဪ..အင်း..."
သူမနှင်သလိုပြောမှ..နေ..သူမဆီမှအကြည့်လွဲကာ
ခြေလှမ်းတွေက..တံခါးဆီသို့..ဦးတည်လိုက်ရသည်။
"ဟူး..."
သူ..တံခါးဆီသို့..လျှောက်သွားမှ..အသင်မသိမသာလေး
သက်ပြင်းချကာ..ကျောခိုင်းလိုက်မိသည်။
"အသင်..."
"ရှင်..."
သူ့ခေါ်သံကြောင့်..ထူးလိုက်မိကာ..ယောင်ပြီး..
နောက်လှည့်ကြည့်လိုက်မိလျှင်..
"အို...."
နူတ်ခမ်းထောင့်လေးမှာ..နွေးခနဲဖြစ်သွားရသည်။
"Goodnight ချာတိတ်..ဒီည..မင်းရဲ့အိပ်မက်ထဲ
ကိုယ်လာခဲ့မယ်..ထွက်မပြေးရဘူးနော်.."
မချိုမချဉ်..မျက်နှာနှင့်ပြောရင်း..မျက်ခွံလေးတွေကို
နှာခေါင်းချွန်ချွန်နှင့်..မထိတထိခလုတ်တိုက်သွား
သေးသည်။ဒီတစ်ခါတော့..အခန်းထဲက..သူတစ်ကယ်
ထွက်သွားပေမဲ့..အသင်ကတော့..နေရာမှာတင်..
ကျောက်ရုပ်လေးလို ရပ်နေမိဆဲ..အလိုက်မသိတဲ့..
နှလုံးသားကတော့..တဒိတ်ဒိတ်ခုန်ပေါက်နေလျက်...
"ရှင့်ကြောင့်..အသင်....တစ်ကယ်ပဲ..ရူးရတော့မယ်
ထင်တယ်..."
💜💜💜💜💜
လေလေးတစ်ချွန်ချွန်နှင့်..အခန်းတံခါးကိုဖွင့်ရန်
ြ့ပင်လိုက်သည့်နေ..မျက်ဝန်းထောင့်မှာမြင်လိုက်ရတဲ့
ပုံရိပ်ကြောင့်..ဖျပ်ခနဲငဲ့ကြည့်လိုက်မိသည်။
"အန်ကယ်ဂျိမ်း..."
"သခင်လေး..."
အန်ကယ်ဂိျမ်းက..နေ့အနားကိုလျောက်လာသည်။
"အိမ်ကထွက်သွားတာ..တစ်ရက်မပြည့်သေးဘူး
သခင်လေးက..အဲ့ဒီ့မိန်းကလေးကိုချက်ချင်းအိမ်ကို
ပြန်ခေါ်လာခဲ့တာလား..."
"သူနေတဲ့နေရာက..သူ့အတွက်..မသင့်တော်လို့..
ကျွန်တော်ပြန်ခေါ်လာတာ.."
နေ..စကားအများကြီးမပြောချင်တာမို့..ထိုမျှသာ
ပြောလိုက်မိသည်။
"ကျွန်တော်သိတဲ့..နေကုဋာက..တစ်ခုခုကိုဆုံးဖြတ်ပြီးရင်
ဘယ်တော့မှ..နောက်ပြန်လှည့်မကြည့်တတ်ဘူး..
ဘာလို့..ဒီမိန်းကလေးကိုမှ..သခင်လေးမပြတ်သား
နိုင်ဖြစ်နေတာလဲ....ဘာလို့...မပါတ်သတ်စင့်တဲ့
မိန်းကလေးကိုမှ..ပါတ်သတ်ဖို့်ကြိုးစားချင်နေရတာလဲ
သခင်လေး...အခုသခင်လေးဟာ..ကျွန်တော်သိတဲ့
သခင်လေးမဟုတ်တော့ဘူး..သခင်လေး.အင်္သချေနဲ့
ပါတ်သတ်ပြီး..ပျော့ညံ့တတ်လာပြီ.."
အန်ကယ်ဂျိမ်းပြောတာတွေကို..နေ..ဆုံးအောင်
နားထောင်နေပြီးမှ..နူတ်ခမ်းမဖွင့်ပဲပြုံးလိုက်မိကာ
"ကျွန်တော်က..အန်ကယ်သိတဲ့နေပါပဲ..ရက်စက်..
ပြတ်သားတတ်တဲ့နှလုံးသားနဲ့..စေတန်ဆိုတဲ့နတ်ဆိုး
တစ်ကောင်ပါ..ကျွန်တော်လုပ်ခဲ့သမျှ..အရာအားလုံးက
ဦးနှောက်နဲ့ဆုံးဖြတ်ခဲ့တာ..အဲ့ဒီ့အတွက်အရာ...
အားလုံးကိုပြတ်သားနိုင်တာပေါ့..ဒါပေမဲ့..အခု
အင်္သချေကတော့မတူဘူး..သူနဲ့ပါတ်သတ်သမျှ
အားလုံးက..ဦးနှောက်နဲ့ဆုံးဖြတ်ခဲ့တာမဟုတ်ဘူး"
ပြောရင်း..ဘယ်ဘက်ရင်အုံကိုလက်မနှင့်ထိုးညွှန်
ပြကာ..
"နှလုံးသားနဲ့ဆုံးဖြတ်ခဲ့တာ.."
"သခင်လေး.."
"ရှေ့လျောက်လဲ....သူနဲ့ပါတ်သတ်တဲ့အရာမှန်
သမျှကို..ကျွန်တော်နှလုံးသားနဲ့ပဲ..ဆုံးဖြတ်မှာ"
ဂျိမ်း..နေ့ကိုမမြင်ဖူးသလို..ငေးကြည့်နေမိသည်။
သခင်လေး..တစ်ကယ်ပဲပြောင်းလဲသွားတာလား
"အန်ကယ်အင်္သချေ့အပေါ်..မနှစ်သက်ဘူးဆိုတာ
ကျွန်တော်သိတယ်..ဒါပေမဲ့သူ့ကိုစိတ်အနှောင့်
အယှကိဖြစ်အောင်..မလုပ်မိပါစေနဲ့.."
ထိုစကားက..တောင်းဆိုတာထက်..အမိန့်ပေး
လိုက်တာဆိုတာ..ဂျိမ်းနားလည်လိုက်သည်။
"သခင်လေး..သူ့အပေါ်ထားတဲ့..ခံစားချက်တွေ
လေးနက်လာလေလေ..သူကသခင်လေးရဲ့အကြီးမားဆုံး
အားနည်းချက်..ဖြစ်လာနိုင်တယ်ဆိုတာ..မမေ့ပါနဲ့..."
"ကျွန်တော်မမေ့ပါဘူး..လူတွေက..သူ့တို့ရဲ့အားနည်းချက်ကို
သူများမထိခိုက်လာနိုင်အောင်..အတတ်နိုင်ဆုံး
ကာကွယ်တတ်ကြတာပဲမဟုတ်လား..သူကကျွန်တော့်ရဲ့
အားနည်းချက်ဖြစ်လာခဲ့ရင်တောင်..ဘယ်လိုလူမျိုး
ကမှ..သူ့ကိုမထိခိုက်နိုင်အောင်..ကျွန်တော်ကာကွယ်
နိုင်တယ်..ညဉ့်နက်နေပြီ...အန်ကယ်သွားနား....
လိုက်ပါတော့..."
နှင်သလိုပြောရင်း..သခင်လေးကအခန်းထဲကို..
လှမ်းဝင်သွားသည်။ဂျိမ်းတစ်ယောက်ထဲအခန်း
ရှေ့မှာခြေစုံရပ်ကျန်နေခဲ့ရင်း...
"သခင်လေးက..အင်္သချေ့အတွက်နဲ့..ငါ့ကိုပါ
အတိုက်အခံလုပ်လာပြီ..အဲ့ဒီ့မိန်းကလေးကြောင့်
သခင်လေးပြောင်းလဲသွားတာ..ဒီအတိုင်းငါစိုးရိမ်
တာတွေက..မကြာခင်ဖြစ်လာတော့မှာ.."
တစ်ယောက်ထဲ..စိုးရိမ်မူ့တွေနဲ့..ရေရွတ်လိုက်မိရင်း
💜💜💜💜
💞💞💞💞💞
အပိုင်(၁၈)မျှော်...