💜စေတန်ရဲ့သတို့သမီး💜
💛💛💛💛
"မင်းကကိုယ့််မိန်းကလေးပဲ..ကိုယ့်နားကနေဘယ်ကိုမှ
ထွက်မသွားရဘူး..."
အေးစက်နေတဲ့မျက်ဝန်းတွေနှင့်..သူ့အကြည့်တွေက
အသင့်ရဲ့.. နူတ်ခမ်းလွှာလေးတွေဆီစူးစိုက်လာခဲ့ရင်း
လက်မနှင့်...နူတ်ခမ်းသားလေးတွေကိုဖိပွတ်သည်။
"မင်းရဲ့..အရာအားလုံးကိုကိုယ်ပိုင်တယ်...."
"ဟင့်အင်း..အသင့်ကိုရှင်မပိုင်ဘူး...အသင်က
ရှင့်ရဲ့မိန်းကလေးမဟုတ်ဘူး..."
မျက်လုံးစုံမှိတ်ကာ..ခေါင်းကိုတွင်တွင်ခါပြီး..
ငြင်းနေတဲ့သူမပုံစံက..နေ့ရဲ့စိတ်ရိုင်းတွေကိုနိုးဆွ
နေသလိုပင်..နေ..သူမကိုဖက်ထားတဲ့လက်တွေကို
ပိုပြီးတင်းကြပ်လိုက်တော့..သူမမျက်နှာလေးမဲ့..
သွားသည်။နေ..ထိန်းချုပ်ထားတဲ့စိတ်ကိုလွတ်ပေး
လိုက်ကာ..သူမနူတ်ခမ်းတွေကိုကြမ်းရှစွာစုပ်နမ်း
လိုက်သည်။
"အွင်း...ဟွင်း...."
အသင်...သူ့ရင်ဘတ်ကိုအတင်းထုရိုက်ရုန်းကန်
နေပေမဲ့မရ...သူအခုလိုကြမ်းတမ်းစွာပြုမူတိုင်း
အသင်...အထိတ်တလန့်ဖြစ်သွားရစမြဲ..အခုလဲ..
အသက်ရူမှားစေလောက်သည့်...သူ့အနမ်းတွေ
အောက်မှာ..အသင်..သတိလွတ်မသွားရအောင်
မနည်းကြိုးစားနေရပေမဲ့....
"......."
နူတ်ခမ်းကိုနမ်းနေတာကိုလဲ..လုံးဝအလွတ်မပေးပဲ
အသင့်...ခန္တာကိုယ်လေးကိုဆွဲလှည့်လိုက်ပြီး
သူကခြေလှမ်းတွေကိုလှမ်းလိုက်တော့..အသင်
နောက်ပြန်လေး...လျှောက်လှမ်းလာရကာ
"ဘုန်း..."
တံခါးချပ်နှင့်ကျောပြင်ထိကပ်သွားတော့..အသင်မျက်လုံး
လေးတွေကြောက်ရွံ့မူ့များနှင့်ဝိုင်းစက်သွားရ၏
သူကအသင့်ကိုနမ်းနေတာကိုရပ်လိုက်ပြီး..တံခါးကို
ဖွင့်လိုက်သည်။
"ဒုန်း.. .."
အသင့်ကိုအရုပ်တစ်ရုပ်လို...အခန်းထဲဆွဲသွင်း
လာရင်း..တံခါးကိုဆောင့်ပိတ်လိုက်သံက...ကျောချမ်းစရာ
"ဖယ်..တံခါးပြန်ဖွင့်ပေး..အသင့်ကိုလွှတ်...."
နေ့ကို..တွန်းဖယ်ပြီး..ထွက်ပြေးရန်ပြင်နေသည့်..
သူမရဲ့လက်နှစ်ဖက်ကို...နေချုပ်ကိုင်ထားရင်း
"မင်း..ဒီညကိုယ့်အခန်းထဲကနေ..ဘယ်ကိုမှသွားလို့
မရဘူး..ကိုယ်တို့နှစ်ယောက်ရဲ့ပါတ်သတ်မူ့ကို
ကိုယ်အတည်ပြုပေးမယ်.."
"မရဘူး...ရှင်..လွှတ်..."
"ဗြိ..."
"အား..."
အသင်..ဝတ်ထားတဲ့..အသားပျော့ပျော့..တီရှပ်ပါး
လေးကို..သူဆွဲဖြဲလိုက်တော့..အသင်လန့်အော်လိုက်
မိသည်။
ကြည့်မကောင်းအောင်ပြဲသွားတဲ့အကျႌကြောင့်
လှစ်ဟာသွားတဲ့..ခန္တာကိုယ်လေး..အသင်..ရှက်တာရော
ကြောက်တာပါပေါင်းကာ..မျက်လုံးထဲပြာဝေသွား
ရ၏...
ပြဲသွားတဲ့အကျႌကြောင့်အကာအကွယ်မဲ့နေတဲ့
ပခုံးသားလေးတွေ၊ရင်ညွှန့်လေးနှင့်..လည်တိုင်ရင်း
လေးနားကို..သူကနူးညံ့ခြင်းကင်းမဲ့စွာ..ဇွတ်အတင်း
နမ်းရိူက်ထိတွေ့သည်။
"တောင်းပန်ပါတယ်..အဲ့လိုမလုပ်ပါနဲ့..ဟင့်..ဟင့်"
ရိူက်ကြီးတငင်...ငိုချလိုက်တဲ့သူမရဲ့တောင်းပန်သံကို
ကြားလိုက်တဲ့ခဏ...အထိန်းအကွပ်မဲ့နေတဲ့နေ့ရဲ့..
စိတ်ရိုင်းတွေ...ရပ်တန့်သွားရသည်။နေ..ချုပ်ကိုင်
ထားတဲ့လက်တွေကို..လွတ်ပေးလိုက်တာနှင့်..သူမက
တံခါးကိုကျောမှီကာ..တဖြေးဖြေးထိုင်ကျသွားသည်။
"ဟင့်..ဟင့်....အီး..ဟီး...."
သူမက..ဒူးနှစ်လုံးမျက်နှာအပ်ရင်းသည်းထန်စွာ
ငိုကြွေးနေသည်။
"ကျစ်.ငါဘာတွေလုပ်လိုက်မိတာလဲ.. ."
ကိုယ့်ကိုကိုယ်အပြစ်တင်လိုက်မိရင်း..ဝတ်ထားတဲ့.
ကုဒ်အကျႌကိုချွတ်လိုက်ကာ...သူမရှေ့..မုဆိုး
ဒူးထောက်ထိုင်ရင်း..အကာအကွယ်မဲ့နေတဲ့ခန္တာကိုယ်.
လေးကိုလွမ်းခြုံပေးလိုက်သည်။
"Sorryပါချာတိတ်ရယ်..ကိုယ်တောင်းပန်ပါတယ်..."
နေ...သူမလေးကိုထွေးပွေ့ရင်း...တောင်းပန်စကား
ဆိုလိုက်မိသည်။တစ်ကယ်ဆို..ဒီလောက်ထိ..နေ.
ရည်ရွယ်ခဲ့တာမဟုတ်...ဒါပေမဲ့...သူမကိုထိတွေ့
လိုက်မိတာနှင့်....ကိုယ့်စိတ်ကိုယ်ထိန်းချုပ်လို့
မရအောင် ..ရင်ခုန်သံတွေကအကြမ်းပတမ်းဖြစ်ကုန်
ရသည်။သူမကရိူက်သံတွေနှင့်အတူ..မော့လာတဲ့
မျက်နှာလေးမှာ..မျက်ဝန်းတွေက..ဝမ်းနည်းမူ့များနှင့်
"ရှင့်..စိတ်ထဲမှာ..အသင့်ကိုဘယ်လိုသတ်မှတ်
ထားတာလဲဆိုတာ..အသင်..အခုနားလည်သွားပြီ...
ဟင့်..."
ရိူက်သံတွေနဲ့ဗလုံးဗထွေးပြောရင်း..သူမက..နေ့လက်ကို
အတင်းဖယ်ချကာ..ထရပ်သည်။ပြီးတော့..နေ..
ခြုံပေးထားတဲ့ကုဒ်အကျႌကို..အတင်းဆွဲစေ့ထားသည်။
နေပါ..ထရပ်လိုက်တော့..
"ရှင်..အသင့်ကိုအပေါစားမိန်းမတစ်ယောက်လိုပဲ
သဘောထားတာ..ရှင်..အသင့်ရဲ့ခန္တာကိုယ်ကိုပဲ
လိုချင်တာမဟုတ်လား....ရှင်တွဲခဲ့ဖူးတဲ့မိန်းကလေး
တွေလိုမျိုး..ရှင်ရိုးသွားတဲ့အခါ..ရှင့်နားကနေ..
ထွက်သွားပေးရမှာလား..အဲ့လိုလား..ဟင်.."
မစဲနိုင်တဲ့မျက်ရည်များက..ပြောနေရင်းနဲ့ကို..
ပိုးပိုးပေါက်ပေါက်ကျဆင်းလာသည်။သူ့ဆီက..
ဒီလိုတန်ဖိုးမဲ့စွာဆက်ဆံခံရတဲ့နာကျင်မူ့က..ဘယ်လို
နာကျင်မူ့မျိုးနဲ့မှ..နိူင်းယှဉ်မပြနိုင်လောက်အောင်ပင်
သူက..အသင့်ကိုငေးကြည့်နေရင်း..ဆံပင်တွေထဲ
လက်ထိုးဖွကာ.ခေါင်းယမ်းသည်။ပြီးတော့..ခါး
ထောက်လိုက်ကာ..စိတ်လျော့သလိုသက်ပြင်းချရင်း
"မင်းအထင်လွဲနေပြီ..အသင်.. ကိုယ်က...."
ဆက်ပြောမဲ့စကားက..မျက်ရည်တွေပြည့်အိုင်
နေသည့်..မျက်လုံးဝိုင်းလေးတွေကိုငေးရင်း ..
လည်ချောင်းဝမှာတင်တစ်ဆို့ကုန်ရသည်။သူမကတော့
မျက်ရည်တွေကိုလက်ခုံနှင့်အကြမ်းပတမ်းပွတ်သုတ်ရင်း
နေကို..ခပ်စူးစူးကြည့်သည်။
"မိန်းကေလးတစ်ယောက်ရဲ့ဂုဏ်သိက္ခာနဲ့တန်ဖိုးကို
ဘယ်လိုစောင့်ရှောက်ပေးရမလဲဆိုတာ..ရှင်နားမလည်
ပါဘူး..အဲ့ဒါကြောင့်လဲရှင်အသင့်အပေါ်အခုလို..
ဆက်ဆံခဲ့တာ..."
"အင်္သချေ..."
နေ..လေသံကဒေါသကြောင့်..ခပ်ဆတ်ဆတ်ဖြစ်သွားရသည်။
တစ်ကယ်တော့..သူမအပေါ်လုပ်ခဲ့မိတဲ့..အပြုအမူက
ကိုယ့်အလွန်မှန်းသိသည်။ဒါကလဲ..နေ့ဘေးကနေ
ထွက်သွားမယ်ဆိုတဲ့..သူမကြောင့်..မထိန်းချုပ်နိုင်တဲ့
စိတ်ကပေါက်ကွဲခဲ့မိခြင်းသာ..သူမထင်နေသလို
မဟုတ်ပါဘူးဆိုတာ..နေ..ဘယ်လိုရှင်းပြရမလဲ..
မိန်းကလေးတစ်ယောက်အပေါ်..ခခယယတောင်းပန်
ဆက်ဆံဖို့..နေနေသာသာ..နူးနူးညံ့ညံ့တောင်ဆက်ဆံ
တတ်ခဲ့တာမဟုတ်..ပလီပလာတွေပြောပြီး..ကြွေကျ
လာအောင်..စကားတွေနဲ့ချုပ်ပြရအောင်လဲ...
အဲ့လောက်ထိ..နေ့..နှလုံးသားကမပျော့ညံ့သေးပေ..
နေ..တိတ်ဆိတ်နေပြီး..သူမကို..ဒေါသမကင်းတဲ့
မျက်ဝန်းတွေနှင့်စိုက်ကြည့်နေခဲ့မိတာကို..သူမက
ဘယ်လို..သဘောပေါက်သွားခဲ့သလဲမသိပါ..
မျက်နှာလေးကိုခပ်မော့မော့လေးဖြစ်သွားရင်း
"ရှင်လိုချင်တာ..အသင့်ရဲ့ခန္တာကိုယ်ဆိုရင်..ယူပါ
ဒီခန္တာကိုယ်ကို..ရှင့်စိတ်ကြိုက်အသုံးချ..ဒါပေမဲ့
အသင်ကို..ရှင့်နားကနေထွက်သွားခွင့်ပေးပါ..
အကြိမ်ကြိမ်အခါခါ..သိက္ခာတရားတွေရိုက်ချိုး
ခံနေရမဲ့အစား..တစ်ခါထဲ..ဘဝပျက်သွားတာကမှ
အသင့်အတွက်ပိုကောင်းသေးတယ်..."
"ဘာပြောတယ်...တောက်...မင်း..."
"ဒုန်း..."
"အမလေး.."
ဒေါသတကြီးနှင့်..ရိပ်ခနဲပြေးဝင်လာတဲ့သူ့လက်သီးက
မျက်နှာလေးနားကိုကပ်ပြီး..တံခါးဆီသို့..အရှိန်ပြင်းစွာ
ကျရောက်သွားတော့..အသင်..လန့်အော်လိုက်မိသည်။
"ဟင်...ရှင်.."
နေ့..လက်ကသွေးတွေဖြာကျလာတာကိုကြည့်ပြီး
သူမမျက်လုံးလေးဝိုင်းသွားသည်။
သူမပစ်ပေါက်လိုက်တဲ့..စကားလုံးတွေထိမှန်
သွားခဲ့တဲ့..နေကတော့..အုံကြွလာတဲ့ဒေါသစိတ်ဆင်ရိုင်းကို
မေးရိုးတွေကားထွက်သည်အထိ..အံကြိတ်ထိန်းချုပ်
ထားရင်း...
"ဒီနေရာမှာမင်းဖြစ်နေလို့...တခြားတစ်ယောက်သာဆို
ကိုယ့်ဒေါသကို...ဘရိတ်ဆွဲထားမှာမဟုတ်ဘူး..
ကိုယ်က..မင်းရဲ့အသွေးအသားကိုလိုချင်တပ်မက်လို့
မင်းနဲ့ပါတ်သတ်ခဲ့တာလို့..မင်းကထင်လိုက်တာပေါ့
ဟုတ်လား..."
ဒေါသတွေနှင့်..အေးစက်နေသည့်..သူ့မျက်နှာကို
ဲကြည့်ပြီး..အသင်..နူတ်ခမ်းလေးတလူပ်လူပ်နှင့်
ပြောချင်နေတဲ့စကားတွေက..ထွက်မလာနိုင်ခဲ့ပေ။
သူက..အသင့်ရှေ့ကနေ..ခြေနှစ်လှမ်းခန့်ဆုတ်သွားပြီး
သွေးတွေထွက်နေတဲ့..လက်ကို..ဆတ်ခနဲခါလိုက်ရင်း
အသင့်ကို..စိမ်းသက်စွာကြည့်သည်။
"မင်းသွားတော့..."
"ဟင်.."
အသင့်မျက်နှာကို..စိုက်ကြည့်ပြီး..အေးစက်စွာ
ပြောလိုက်တဲ့သူ့ရဲ့စကား....
"ကိုယ့်နားကနေ..မင်းထွက်သွားချင်တယ်မဟုတ်လား
သွားတော့..ကိုယ်..ဒီ့ထက်ပိုပြီး..မင်းကိုဆွဲမထား
တော့ဘူး...ဒီ့ထက်ပိုပြီးတော့လဲ..မင်းနဲ့မပါတ်သတ်ဖို့
မကြိုးစားတော့ဘူး..."
ပြောရင်း..ခြေလှမ်းတွေက..အရှေ့ကိုပြန်တိုးလာကာ
သူ့မျက်နှာက..အသင့်မျက်နှာလေးနှင့်..ထိလုမတတ်
ငုံ့ကျလာကာ..မျက်လုံးချင်းဆုံအောင်စိုက်ကြည့်သည်။
"အခု..ကိုယ်မင်းကို..လွတ်လပ်ခွင့်ပေးလိုက်ပြီ..
ဒီစံအိမ်ကရော..ကိုယ့်ဘဝထဲကပါ..မင်းထွက်သွားတော့
အင်္သချေ..."
အသင်..စိမ်းသက်တဲ့မျက်ဝန်းတွေနှင့်သူ့စကားသံ
အဆုံး..နှလုံးသားတွေကျင်ခဲအေးစက်သွားရသည်။
သူက..တံခါးကိုကျောမှီရပ်နေတဲ့..အသင်ကို့လက်မောင်း
ကနေ.ဆွဲဖယ်ကာ..တံခါးကိုဆွဲဖွင့်လိုက်သည်။
"သွားတော့..."
တံခါးကိုမေးဆတ်ပြကာ..နောက်တစ်ကြိမ်ထပ်နှင်ရင်း
သူကအသင့်ကိုချာခနဲကျောခိုင်းသွားသည်။
နောက်လှည့်ထားတဲ့..သူ့ရဲ့ကျောပြင်ကျယ်ကိုကြည့်ပြီး
အသင်..ဘာ့ကြောင့်..ဝမ်းနည်းမိသွားရတာပါလိမ့်
အသင်..တစ်ချက်ရိူက်လိုက်ရင်း..အကျႌရင်ဘတ်စကို
ခပ်တင်းတင်းလေးဆုပ်ကိုင်ထားကာ..သူ့အခန်း
ထဲကနေပြေးထွက်လာခဲ့ရင်း....
"တောက်....."
"ဒုန်း..."
ရိူက်သံနှင့်အတူ..အခန်းထဲကသူမပြေးထွက်သွားတော့မှ
နေ..မပြေနိုင်သေးတဲ့..ဒေါသနှင့်..တက်ခေါက်လိုက်ရင်း
တံခါးကိုဒေါသတကြီးကန်ပြီးပိတ်လိုက်သည်။
ခုချိန်မှာ..လက်ကအနာထက်..ရင်ထဲမှာပိုပြီးစူးနစ်
နေရတာက..သူမကြောင့်...
💞💞💞💞
အသင်..အခန်းထဲမှာ..ဒီအတိုင်းထိုင်နေမိတာ...
အချိန်မည်မျှကြာနေပြီလဲ..မသိတော့..ငိုရလွန်းလို့
ရိူက်လဲမရိူက်နိုင်တော့...
"အခု..ကိုယ်မင်းကိုလွတ်လပ်ခွင့်ပေးလိုက်ပြီ...
ဒီစံအိမ်ထဲကရော..ကိုယ့်ဘဝထဲကပါ..ထွက်သွားတော့..
အင်္သချေ..."
စိမ်းသက်တဲ့မျက်ဝန်းတွေနဲ့..သူပြောခဲ့တဲ့စကားကို
ပြန်ကြားယောင်မိရင်...ပါးပေါ်ကိုစီးကျလာရပြန်တဲ့
မျက်ရည်တွေ...
"ငါ..ဘာလို့..ဒီလောက်တောင်ဝမ်းနည်းနေရတာလဲ..
ငါ..သူ့အရိပ်ကနေ..ရုန်းထွက်နိုင်နေပြီလဲ..သူနဲ့.
ထပ်ပြီးပါတ်သတ်စရာလဲမလိုတော့ဘူး..ငါ.....
ပျော်နေရမှာလေ..."
အသင်ပြောခဲ့တဲ့စကားတွေက..သူ့ရဲ့မာနနဲ့သိက္ခာကို
အရမ်းစော်ကားသလိုများဖြစ်သွားတာလားလို့...
တွေးမိပြန်တော့..အသင်..နှလုံးသားကနာကျင်
သွားရသလိုပင်...
"အခု..ငါတို့..နှစ်ယောက်က..တစ်ယောက်ကိုတစ်ယောက်
အကြွေးတင်မနေတော့ဘူးပေါ့..အဲ့ဒါကောင်းတယ်.."
ကိုယ့်ကိုကိုယ်နှစ်သိမ့်လိုက်မိသည်။
"ရှင်သိမှာမဟုတ်ပါဘူး...အသင်နဲ့ပါတ်သတ်ပြီး
ရှင့်ဘက်ကဘာမှမရခဲ့သေးဘူးလို့..ရှင်ထင်ကောင်း
ထင်နေလိမ့်မယ်..ဒါပေမဲ့..အသင်ကတော့..ရှင်နဲ့
မတော်တဆတွေ့ဆုံခဲ့တဲ့အဲ့ဒီ့အချိန်ကစပြီး..အခုထိ
ရှင့်ကိုအများကြီးပေးခဲ့ရပြီးပြီ...အသင့်ကို..တန်ဖိုး
မထားခဲ့တဲ့ရှင့်အတွက်..တခဏတာ..အထိအတွေ့မှာ
သာယာခဲ့တာပဲဖြစ်မှာပါ..ဒါပေမဲ့.အသင်ကတော့.."
အသင်..စကားကိုဆုံးအောင်မပြောနိုင်တော့ပဲ..
ရင်ထဲမှာဆို့နင့်လာရပြန်သည်။
"အသင်..ရူးနေလို့သာ..ရှင့်ဆီက..တစ်စုံတစ်ရာကို
ဝန်ခံလာဖို့..မျှော်လင့်ခဲ့မိတာဖြစ်မှာ...ဒါပေမဲ့...
အခုတော့..နားလည်သွားပြီ..အသင်က..ရှင့်အတွက်
ဘာမှအရေးမပါခဲ့ဘူး..ဒီအတိုင်း..အသင်က.ရှင့်အတွက်
ဘာမှအရေးမပါတဲ့..မိန်းကလေးတစ်ယောက်ပါပဲ.."
နာကျင်စွာရေရွတ်မိရင်း..ထောင်ထားတဲ့ဒူးနှစ်ဖက်ပေါ်
မျက်နှာအပ်လိုက်မိပြန်ရင်း...
ထိုညက..အသင်..မျက်ရည်တွေနှင့်..မိုးလင်းခဲ့ရတဲ့ည
💞💞💞💞
အသင်..ဝေလီဝေလင်းအချိန်မှာပဲ..အသင်ရဲ့ပစ္စည်း
တွေကိုထုတ်ပိုးကာ..အခန်းထဲကထွက်လာခဲ့သည်။
သူ့အခန်းရှေ့ရောက်တော့..ခြေလှမ်းတွေက..
မရည်ရွယ်ပဲရပ်တန့်သွားရသည်။
"ခဏတာ..ရှင့်အရိပ်မှာခိုလူံခွင့်ပေးခဲ့လို့ကျေးဇူး
တင်ပါတယ်.."
အခန်းတံခါးကိုလက်နှင့်ထိကိုင်ကာ..ခပ်တိုးတိုး..
ရေရွတ်ရင်း..အသင်..ဆက်လျှောက်လာခဲ့သည်။
ဓာတ်လှေကား..နားကိုရောက်တော့..အန်ကယ်ဂျိမ်းကို
တွေ့လိုက်ရသည်။
"သွားတော့မှာပေါ့.."
အထုတ်အပိုးတွေနှင့်..အသင့်ကိုဝေ့ကြည့်ပြီး..
ဂျိမ်းကမေးသည်။
"ဟုတ်ကဲ့..ဒီအတောအတွင်းအသင့်ကိုစောင့်ရှောက်
ပေးခဲ့လို့..ကျေးဇူးတင်ပါတယ်..."
တစ်ညလုံးငိုထားဟန်တူသည့်..မျက်ဝန်းတွေနှင့်
မိန်းကလေးကို..ဂျိမ်း..အကဲခတ်သလိုကြည့်လိုက်မိရင်း
"ဆုံးဖြတ်ချက်မှန်တယ်..မင်းသာ..ကျုပ်တို်သခင်လေး
နားမှာ..တွယ်ကပ်ပြီးဆက်ရှိနေရင်..မင်းဒီ့ထက်
ပိုပြီး..နာကျင်ခံစားရလိ်မ့်မယ်..ဘာလို့လဲဆိုရင်
သခင်လေးမှာ..ချစ်တတ်တဲ့နှလုံးသားဆိုတာမရှိ
လို့ပဲ.."
အသင့်ကို..သတိပေးသလိုပြောနေတဲ့...ဂျိမ်းရဲ့
စကားတွေကိုလဲ..အသင်ပြန်မချေပနိုင်တော့ပါ
သူက..နှလုံးသားမရှိတဲ့လူတဲ့..ဟုတ်မှာပါလေ...
အသင်..အန်ကယ်ဂျိမ်းကိုခေါင်းညွှတ်နူတ်ဆက်
လိုက်ရင်း...
"သွားလိုက်ပါဦးမယ်..အန်ကယ်.."
အထုတ်အပိုးတွေနဲ့..ဓာတ်လှေကားထဲဝင်သွားတဲ့
မိန်းကလေးကိုကြည့်ပြီး..ဂျိမ်းသက်ပြင်းချလိုက်သည်။
သခင်လေးနှင့်သူမတစ်ခုခုဖြစ်ထားတာကိုသိပေမဲ့
ဒီမိန်းကလေးထွက်သွားမဲ့အချိန်ထိ..သခင်လေး
လုံးဝထွက်မလာခဲ့တာကိုကြည့်ရင်..သခင်လေး
ကိုယ်တိုင်က..သူမကိုသွားခွင့်ပေးလိုက်တာပဲ
ဖြစ်မည်။
"ဒါလဲ..ကောင်းတယ်..ကိစ္စကသူ့အလိုလို..ရှင်းသွား
တာပေါ့.."
အခုမှစိတ်အေးသွားသလို..ရေရွတ်လိုက်မိရင်း
💞💞💞💞
နံနက်..ဝေလီဝေလင်းအချိန်မှာ..အထုတ်အပိုးတွေ
ဆွဲပြီး..ခြံတံခါးဆီသို့...နှေးကွေးတဲ့ခြေလှမ်းတွေနဲ့
ဦးတည်လျှောက်လှမ်းတဲ့သူမ....
နေ..မှန်ပြတင်းဝဆီကနေ..လှမ်းမြင်နေရတဲ့..
မြင်ကွင်းကို..ကျောခိုင်းလိုက်ပြီး..ကုတင်နားကို
ပြန်လျှောက်လာခဲ့သည်။အခုထိ..ဆေးမထည့်
ရသေးတဲ့လက်ကဒဏ်ရာက..လက်သီးဆုပ်လို့
မရလောက်အောင်..နာကျင်နေသည်။ဒါပေမဲ့..
ဒဏ်ရာထက်..နှလုံးသားကပိုပြီးနာကျင်နေတယ်
ဆိုတာလဲ..ကိုယ့်ကိုကိုယ်သာအသိဆုံး.....
"ရှင်လိုချင်တာ..အသင့်ရဲ့ခန္တာကိုယ်မဟုတ်လား..
ယူပါ..ဒီခန္တာကိုယ်ကိုရှင်ကြိုက်သလိုအသုံးချလိုက်
ဒါပေမဲ့..အသင့်ကိုတော့..ရှင့်ဘေးကနေထွက်သွား
ခွင့်ပေးပါ..."
"တောက်.."
ထိုစကားကပဲ..နားထဲကြားယောင်လာမိပြန်ကာ
နေ..ဒေါသတကြီး..တက်ခေါက်လိုက်မိပြန်သည်။
တသက်လုံးကိုးကွယ်လာခဲ့သော..နေ့ရဲ့မာနနဲ့
သိက္ခာကို..အဆုံးစွန်ထိဆွဲချခဲ့တဲ့သူမရဲ့စကား..
"ကိုယ်သိသင့်တယ်..ဘယ်သူနဲ့မှမတူပဲ..ကိုယ့်ကို
ရင်ခုန်အောင်လုပ်နိုင်ခဲ့တဲ့မင်းက..ကိုယ့်စိတ်ကို
နာကျင်အောင်လဲလုပ်နိုင်တယ်ဆိုတာ..ကိုယ်ကြိုပြီး
သိသင့်တယ်.."
ဆံပင်တွေထဲ..လက်ထိုးဖွကာ..ရိူက်လိုက်မိပြန်တဲ့
သက်ပြင်းတစ်ချက်..ကြွေခွက်ထဲမှာပြည့်နေတဲ့.
စီးကရက်တိုတွေက..တစ်ညလုံးအိပ်မရခဲ့ခြင်းရဲ့
သက်သေတွေ...
"သွားလိုက်တော့..အင်္သချေ..ဒီလောက်နဲ့ပဲ..ကိုယ့်
ဘဝထဲကမင်းထွက်သွားလိုက်တာ..မင်းအတွက်ရော
ကိုယ့်အတွက်ပါ..အကောင်းဆုံးဖြစ်လိမ့်မယ်.."
ခပ်ကြိတ်ကြိတ်ရေရွတ်လိုက်မိရင်း..ဘယ်ဘက်
ရင်အုံဆီက..နာကျင်နေတဲ့ဝေဒနာကိုတော့..အဖြေ
ရှာကြည့်ရန်..နေ..မကြိုးစားလိုတော့ပါ...
💞💞💞💞
"ရှင်းလိုက်ရတာဟာ..တစ်နေကုန်ပဲ...ခုမှပဲ
ကြည့်ကောင်းသွားတော့တယ်.."
တစ်နေကုန်..တိုက်ခန်းကိုရှင်းလင်းနေပြီး...ညနေ
ရောက်တော့..သူငယ်ချင်းနှစ်ယောက်လုံးလက်ပန်း
ကျသွားကျသည်။
"တိုက်ခန်းကလဲ..အခုမှတိုက်ခန်းနဲ့တူတော့တယ်"
"ဟုတ်ပ..အသင်ရယ်..."
"ကျေးဇူးပါပဲ...ကြည်နူးရယ်..နင်လဲငါ့ကြောင့်
ပင်ပန်းသွားပြီ..."
"အံမယ်..အသင်နော်....အဲ့လိုပြောရင်ငါစိတ်ဆိုးမှာနော်
အသင်.."
ကြည်နူးက..အသင့်အတွက်..တစ်ကယ့်သူငယ်ချင်း
ကောင်းပါ...
"ဒါနဲ့...နင်..ဟိုမှာအပ်ထားတဲ့ပစ္စည်းတွေက..မနက်မှ..
သွားယူမှာပေါ့.."
"အင်း...ဟုတ်တယ်.."
"ဒီည...ဒီထဲမှာဘာမှမရှိပဲ..နင်အိပ်လို့အဆင်ပြေ
ပါ့မလား..."
"ရပါတယ်ဟာ..ခြင်လဲကိုက်မဲ့ပုံမပေါ်ပါဘူး..."
"ငါစောင့်ပေးရဦးမလား.."
"မဟုတ်တာ...ခုလိုအလုပ်ပျက်ပြီး..ငါ့ကိုလာကူညီ
ပေးတာနဲ့တင်တော်တော်လွန်နေပြီ..ညပါအိပ်ရင်
နင့်အဒေါ်လိုက်လာဦးမယ်.."
"ဟုတ်တယ်နော်..အဟင်း..."
သူငယ်ချင်းနှစ်ယောက်ပြိုင်တူရယ်လိုက်မိကြသည်။
"ကဲ..ဒါဆိုလဲ..ငါနင့်ကိုကားဂိတ်လိုက်ပို့ပေးမယ်..
တစ်ခုခုစားပြီးမှပြန်ရမယ်နော်..."
"အဲ့ဒါတော့..မငြင်းဘူး..စိတ်ချ.."
ထို့နောက်..နှစ်ယောက်သား..တိုက်ခန်းထဲကနေ
ထွက်လာခဲ့တော့သည်။
💞💞💞
"ဒီည...မိုးရွာမယ်ထင်တယ်..."
အသင်...ကြည်နူးကိုကားဂိတ်လိုက်ပို့ပြီး..ပြန်လာတော့
ကောင်းကင်မှာမိုးတွေအုံ့နေတာကိုမြင်တော့..
အလိုလိုစိတ်ညစ်သွားသလိုပင်....အသင်နည်းနည်း
အေးစိမ့်လာသလို..ခံစားရတာမို့..လက်ကလေးကို
တင်းတင်းပိုက်ကာဆက်လျှောက်လာခဲ့သည်။
ခုနတုန်းက..ကြည်နူးနဲ့စားသောက်ဆိုင်ထိုင်ဖြစ်ခဲ့ပေမဲ့
လူကမောနေတာမို့..ဘာမှမစားနိုင်ပဲ..အအေးသာ
သောက်ခဲ့သည်။ညကျဗိုက်ဆာမှာသိနေ၍..အသင်
တိုက်ခန်းအောက်က..ထမင်းဆိုင်ထဲဝင်ကာ..
ထမင်းကြော်..အသားနဲ့...တစ်ပွဲမှာလိုက်သည်။
"ဟဲ့..မစန်း..၅လွှာကို..လူသစ်ပြောင်းလာပြန်ပြီဆို.."
ဆိုင်ရှင်မိန်းမကြီးကထမင်းကြော်ကိုဖော့ဘူးနဲ့
ပြင်ပေးနေရင်း..ဆိုင်ထဲမှာထိုင်နေသည့်..မိန်းမကြီး
တစ်ယောက်ကိုလှမ်းမေးသည်။၅လွှာကလူသစ်ဆိုလို့
အသင်ပဲရှိသည်။သူတို့ကလဲအသင့်ကိုသိပုံမရ၍
အသင်မသိမသာနားစွင့်နေမိသည်။
"ဟုတ်တယ်..အစ်မရယ်..လူသစ်မှ..ကောင်မလေး
တစ်ယောက်ထဲ.."
"ဟေ...ဟုတ်လား..သူက..အဲ့ဒီ့အခန်းအကြောင်း
ဘာမှမကြားထားဘူးထင်တယ်.."
ဗုဒေါ္ဓ...ဘာအကြောင်းပါလိမ့်..
"မကြားဖူးလို့လဲ..နေတာဖြစ်မှာပေါ့..ဒီလောက်
သုံးလောင်းပြိုင်..အစိမ်းသေသေထားတဲ့အခန်း
သရဲအရမ်းခြောက်လို့..ဘယ်သူမှမနေနိုင်လို့..
အိမ်ရှင်တွေပစ်ထားတာ..ဘယ်လောက်ကြာပြီလဲ...
လာသမျှလူတိုင်း..ညတွင်းချင်းပြန်ပြေးကျတာ"
"ဟုတ်ပါ့..မစန်းရယ်..ကောင်မလေးတော့......
သနားစရာပဲ..."
ထို..မိန်းမကြီးနှစ်ယောက်ပြောတာကို..ကြားပြီး
အသင်..ထိတ်လန့်သွားရသည်။အဲ့ဒါကြောင့်...
ဒီလိုအခန်းကို..တစ်လတစ်ခါပေးနဲ့..ရခဲ့တာလား..
"ညီမလေး...ရပြီ..."
အသင်..ကိုယ့်အတွေးနဲ့ကိုယ်..ဆိုင်ရှင်အစ်မကြီး
ဖော့ဘူးကိုလှမ်းပေးမှသတိဝင်လာရသည်။
"ဟုတ်..အစ်မ..ဒီမှာပိုက်ဆံနော်..."
အသင်..ပိုက်ဆံကိုလှမ်းပေးလိုက်ပြီး..
"ဟို..အစ်မတို့ပြောနေတဲ့အခန်းက..တစ်ကယ်..
သရဲခြောက်တာလားဟင်...."
"အို..ဘယ့်နှယ့်မေးလိုက်တာလဲ..ညီမလေးရယ်..
ခြောက်တာမှ..ပက်ပက်စက်စက်ပဲ..ယောကျာၤး
လုပ်သူကဆေးကြောင်ပြီး..မိန်းမနဲ့..၆နှစ်အရွယ်
သားလေးကို..ဓားနဲ့ခုတ်သတ်ပြီး..သူကိုယ်တိုင်ကျ
ဆွဲကြိုးချပြီးသေထားတာ..."
"ရှင်..."
အသင်..အထိတ်တလန့်လေးဖြစ်သွားလျှင်..ဆိုင်ရှင်
အပြင်..ထိုင်နေတဲ့..မိန်းမကြီးကပါ..ထလာပြီး..
"အရိပ်လောက်နဲ့..ခြောက်တာမဟုတ်ဘူးနော်..
အကောင်လိုက်ကိုခြောက်တာ..ညအိပ်နေရင်း
ကုတင်ပေါ်ကဆွဲချခံရတယ်..ထမင်းဟင်းတွေ
ချက်ထားပြီးရင်မရှိတော့ဘူး..သားစိမ်းငါးစိမ်း
တွေဆိုရင်လဲပေါ်တင်ကိုဆွဲကာ..တစ်ခါကလာနေတဲ့
အိမ်ဌားတွေဆို..ညတွင်းချင်းကိုဆင်းပြေးကြတာ"
ကြောက်ပါတယ်ဆိုမှ..သေချာကိုရှင်းပြနေသော
အစ်မကြီးနှစ်ယောက်..အသင်အမူအယာမပျက်အောင်
ကြိုးစားထိန်းထားပေမဲ့..ကြောက်စိတ်ကြောင့်
ငိုပါငိုချင်လာရသည်။အခုမှတော့ဘာမှလုပ်လို့
မရတော့...
"ငါ..ဘာလို့..ဒီလောက်တောင်ကံဆိုးနေရတာလဲ"
💞💞💞💞
"အဲ့ဒါဆို...ဒီနှစ်အတွက်ကြော်ငြာမာ်ဒယ်ရွေးဖို့ကို
အန်ကယ်ကပဲစီစဉ်လိုက်ပါ..၂နှစ်ဆက်တိုက်
ထိုင်းက..မော်ဒယ်တွေကို..သုံးထားတာဆိုတော့
ဒီနှစ်တော့.....မြန်မာပြည်ကမော်ဒယ်ကိုပဲ......
ရွေးချင်တယ်.."
"ဟုတ်ကဲ့ပါ...boss...."
ဒါရိုက်တာ..ဦးမောင်မောင်..ရုံးခန်းထဲကထွက်သွားတော့
ဇ,အထဲကို..ဝင်လာသည်။
"boss..နောက်ကျနေပြီ..ရုံးမဆင်းသေးဘူးလား"
"ဘာဖြစ်လို့လဲ.."
နေ..မေးလိုက်ရင်း..ဇ,ကိုကြည့်လိုက်ကာ
"ဘာပြောမလို့လဲ..မင်းကြည့်ရတာ..ငါ့ကို..တစ်ခုခု
ပြောစရာရှိနေတဲ့ပုံပဲ..."
"ဟို...မမလေးအကြောင်းပါ..မမလေးအခုပြောင်း
သွားတဲ့..နေရာကို..ကျွန်တော်..စုံစမ်းကြည့်ခဲ့တော့..."
"မင်းကိုငါ..ဘယ်တုန်းကခိုင်းခဲ့လို့လဲ..."
နေ..ခပ်မာမာမေးလိုက်တော့..ဇ,ခေါင်းငုံ့သွားသည်။
"ကျွန်တော်က..bossသိချင်မယ်ထင်လို့ပါ.."
"ဇ,မင်းက..ငါမခိုင်းပဲနဲ့တောင်လုပ်တတ်နေပြီပဲ.."
"တောင်းပန်ပါတယ်...boss.."
"ထားလိုက်တော့..ငါ..အခု..သူ့အကြောင်းတွေ
ဘာမှမသိချင်တော့ဘူး.."
နေ..ပြောရင်း..စားပွဲကနေ..ထရပ်လိုက်သည်။
"ရုံးဆင်းမယ်..မင်းပြင်လိုက်တော့.."
"မမလေးနေတဲ့..နေရာကအန္တာရယ်..များတဲ့နေရာပါ.."
ဇ,အရဲစွန့်ပြီးပြောလိုက်တော့..နေ့ရဲ့ခြေလှမ်းတွေ
တုံ့ခနဲရပ်တန့်သွားရသည်။
"မင်း..ဘာပြောလိုက်တာလဲ.."
နေ..ဇ,ကိုလှည့်ကြည့်ကာမေးလိုက်သည်။
"ဒီလိုပါ..မမလေး..အခုနေတဲ့တိုက်ခန်းက......
သုံးလောင်းပြိုင်လူသေမူ့ဖြစ်ထားပြီး..သရဲခြောက်
တယ်လို့..နာမည်ကြီးလို့..လူမနေတာကြာပါပြီတဲ့.."
"ဘာ...."
💞💞💞💞💞
"ယောကျာၤးက..ဆေးကြောင်ပြီး..မိန်းမနဲ့ကလေးကို
သတ်လိုက်တယ်..ပြီးတော့..သူ့ကိုယ်သူလဲဆွဲကြိုးချ
သေလိုက်တယ်လေ.."
ရေချိုးခန်းထဲမှာ..မျက်နှာသစ်နေရင်း..အသင်..
ဟိုအစ်မကြီးနှစ်ယောက်..ပြောခဲ့တာကိုပြန်ကြား
နေရင်း..ကြက်သီးထသွားရသည်။
"ဘာမှမဖြစ်ဘူး.....ဒီခေတ်ကြီးထဲမှာ..သရဲတစေၦ
ဆိုတာ..တစ်ကယ်မရှိတော့ဘူး..."
ကိုယ့်ကိုကိုယ်အားပေးနေမိပေမဲ့..ဒီအခန်းကို
စလာကြည့်တဲ့.နေ့ကတည်းကစိတ်ထဲမသိုးမသန့်
ခံစားနေရသည်။အခုလဲ..ပိုပြီးမို See less