💖စေတန်ရဲ့သတို့သမီး💞
💞💞💞💞
"အသင်...ဘာမှမလုပ်ဘူးနော်...ဒီအတိုင်း..ကြည့်ရုံ
လေးပဲကြည့်မိတာ..."
အသင်..အသည်းအသန်ရှင်းပြရင်း..လက်ကိုအတင်း
ရုန်းနေတော့..သူကရိပ်ခနဲပြုံးသည်။
"မင်းအပြစ်မင်းသိတယ်မဟုတ်လား..."
ကိုယ့််အပြစ်ကိုယ်သိသလို..သူဘယ်လိုအပြစ်ပေးလေ့
ရှိတာကိုလဲ..သိနေတာမို့..အသင်လန့်သွားရကာ
"တောင်းပန်ပါတယ်...နောက်မလုပ်တော့ပါဘူး.."
မျက်နှာငယ်လေးနဲ့ခေါင်းငုံ့သွားတဲ့ကောင်မလေးကို
ကြည့်ရင်း...နေ..ရယ်ချင်စိတ်ကိုမနည်းထိန်းထား
ရသည်။
"မင်းကြောင့်..ကိုယ်အကြောတွေတောင်တောင့်ကုန်ပြီ.."
သူကပြောရင်း..ဇက်ကိုဘယ်ညာလှည့်ချိုးသည်။
"အသင်အိပ်ပျော်သွားလို့ပါ...ရှင့်ကိုဒုက္ခပေးသလို
ဖြစ်သွားတယ်...အိမ်ထဲဝင်ကြမယ်လေ..."
အသင်..သူ့လက်ကိုအတင်းရုန်းရင်း..ကားပေါ်ကနေ
ဆင်းတော့..သူကပါ..လိုက်ဆင်းသည်။ဓာတ်လှေကားထဲ
ရောက်တော့လဲ..အသင်သူ့ကိုမော့မကြည့်မိအောင်
မနည်းထိန်းထားရသည်။
"ဝှစ်..."
ဓာတ်လှေကား..သူမကလှစ်ခနဲထွက်သွားတာ..
နေ့ကိုပင်ပြန်လှည့်မကြည့်..
"ခုမှကြောက်နေတယ်ပေါ့..."
ခပ်တိုးတိုးရေရွတ်လိုက်ရင်း..နေ..သူမနောက်ကနေ
လိုက်လာခဲ့သည်။နေ့အခန်းရှေ့ကိုရောက်တော့...
သူမက..နေ့ကိုလှည့်ကြည့်ကာ...
"ဒီနေ့အတွက်...ကျေးဇူးပါပဲနော်..ကောင်းသောညပါ.."
အသင်..နူတ်ဆက်စကားလေးကောင်းကောင်းမွန်မွန်
ပြောပြီး..လှည့်ထွက်ရန်အပြင်..သူကအသင့်လက်မောင်းကို
ဖျပ်ခနဲလှမ်းဆွဲလိုက်သည်။
"မင်းကို..ဘယ်သူကသွားလို့ရပါပြီလို့ပြောနေလို့လဲ.."
ပြောရင်း..အသင့်ကျောပြင်နှင့်နံရံနှင့်ဖိကပ်သွားအောင်
သူကတွန်းပစ်လိုက်ပြန်သည်။
"ပြော..ကိုယ်ကိုခိုးပြီးကြည့်ခဲ့တဲ့မင်းကိုဘယ်လို
အပြစ်ပေးသင့်လဲ.."
"ဘယ်လိုမှအပြစ်မပေးသင့်ဘူး..အဲ့ဒါအပြစ်မှ
မဟုတ်တာ..ရှင်အိပ်နေတာကြည့်ရဆိုးလို့..ကြည့်နေတာ"
အသင်..စိတ်ပေါက်ပေါက်နှင့်ပြောပစ်လိုက်သည်။
ဟုတ်တယ်လေ..ဘယ်လိုပဲဖြစ်ဖြစ်..သူအနိုင်ကျင့်
တော့မှာကြိုသိနေတာပဲ..ဟွန်း..အခွင့်ရေးပဲ..
ချောင်းနေတဲ့..လူရူပ်ကောင်
ရင်ထဲကမကျေမနပ်ပြောလိုက်ရင်း..နူတ်ခမ်းတွေက
မဲ့မိသွားရသည်။သူကအသင့်ကိုစိုက်ကြည့်နေရင်း
"စိတ်ရူပ်သွားတာလား..."
"မရူပ်ပဲနေမလား...ရှင်ကအသင်မကြိုက်တာချည်းပဲ
လုပ်နေတာကို..."
စူထားတဲ့နူတ်ခမ်းကလဲပြေမသွားပဲ..မျက်မှောင်လေး
ကြုတ်ထားတဲ့သူမကိုကြည့်ပြီး..နေပြုံးလိုက်မိကာ
သူမမျက်နှာနားထောက်ထားတဲ့လက်တွေကိုဖယ်ပေး
လိုက်သည်။
"သွားအိပ်တော့..."
"ဟင်..တစ်ကယ်သွားလို့ရတာလား.."
သူမကတအံ့တဩလေးမော့ကြည့်ကာမေးသည်။
"ဘာလဲ..မင်းကမသွားချင်ဘူးလား..ကိုယ့်ဆီက
တစ်ခုခုလိုချင်သေးလို့လား.."
"ဟင့်အင်း..မဟုတ်ဘူး..မလိုချင်ပါဘူး..အသင်က..
ရှင်.."
စကားမဆုံးလိုက်..နဖူးပြေပြေလေးကိုသူငုံ့နမ်း
လိုက်တာကြောင့်..အသင်..ပခုံးလေးကျုံ့သွားရသည်။
"Goodnight...ချာတိတ်.."
နူတ်ခမ်းတစ်ဖက်တွန့်ရုံ..ဆွဲဆောင်မူ့ရှိလွန်းတဲ့
အပြုံးနှင့်သူက..အသင့်ခေါင်းလေးကိုခပ်ဖွဖွဖိပွတ်ကာ
ပြောသည်။
အသင်..တဖျပ်ဖျပ်ခုန်သွားတဲ့..နှလုံးသားနှင့်သူ့ကို
ဘာမှပြန်မပြောနိုင်ပဲ...အနားကနေအမြန်ပြေးထွက်
လာကာ..အခန်းထဲဝင်လာခဲ့သည်။
"ဟူး..."
အခန်းတံခါးနှင့်ကျောပြင်ကိုကပ်ထားမိရင်း..အသင်
အခုန်မြန်နေဆဲ..ရင်ဘတ်ကိုလက်လေးနှင့်..ဖိထားမိသည်။
အခုထိနွေးနေဆဲ..နဖူးပြင်လေးကိုပြန်စမ်းကြည့်လိုက်ရင်း
"ဒီလူနဲ့တော့...ကြာရင်ငါရူးတော့မှာပဲနော်"
💞💞💞💞
နေ..သူမအခန်းထဲဝင်သွားပြီးတဲ့အထိ..ဒီအတိုင်း
ရပ်နေမိသည်။
"သခင်လေး.."
အသံကြောင့်..လှည့်ကြည့်လိုက်မိတော့..အနောက်မှာ
ဘယ်အချိန်ထဲက..ရောက်နေမှန်းမသိသောအန်ကယ်ဂျိမ်းကို
မြင်လိုက်ရသည်။
"ညစာစားပြီးပါပြီလား.."
"ကျွန်တော်..အပြင်ကနေစားလာတယ်..အန်ကယ်
ပြောစရာရှိလို့လား..."
"ကျွန်တော်ပြောရင်လဲ..သခင်လေးမကြိုက်တဲ့ကိစ္စပဲ
ဖြစ်နေမှာ.."
"အန်ကယ်..အင်္သချေ့ကိုပြောနေတာလား.."
"သခင်လေး..အဲ့ဒီသတင်းထောက်မိန်းကလေးနဲ့
ရင်းရင်းနှီးနှီးမနေပါနဲ့.."
"ကျွန်တော်နားမလည်ဘူး...ကျွန်တော်အရင်တုန်းက
ဘယ်မိန်းကလေးနဲ့ဘယ်လိုပဲ..တွဲခဲ့တွဲခဲ့..အန်ကယ်
ကျွန်တော့်ကို..ဘာတစ်ခွန်းမှ..ဝင်မစွတ်ဖတ်ခဲ့ဘူး...
အခု..ဘာကြောင့်..ဒီကောင်မလေးကိုမှ..အန်ကယ်
မနှစ်မြို့နိုင်ဖြစ်နေရတာလဲ.."
နေ့စကားကြောင့်..အန်ကယ်ဂျိမ်းကပြုံးကာ..
"အဲ့ဒီ့မေးခွန်းကိုသခင်လေးကိုယ့်ကိုကိုယ်သာ..
အရင်ပြန်မေးသင့်တာပါ..သခင်လေးက..အင်္သချေဆိုတဲ့
မိန်းကလေးအပေါ်..တခြားမိန်းကလေးတွေလိုမျိုး
ခဏတာ..ပါတ်သတ်ချင်နေတာရောဟုတ်ရဲ့လားလို့်လေ"
အရိပ်အကဲဖမ်းရခက်လှသော..နေ့မျက်ဝန်းတွေက
ဂျိမ်းရဲ့စကားကြောင့်..ဖျပ်ခနဲလူပ်ခတ်သွားသည်။
"သူသခင်လေးနားမှာရှိနေသလိုမျိူး..ဘယ်မိန်းကလေးက
အခွင့်အရေးရခဲ့လို့လဲ..ကျွန်တော့်အမြင်..သခင်လေး
အင်္သချေဆိုတဲ့မိန်းကလေးအပေါ် ခံစားချက်တွေ
လေးနက်နေပြီ.."
"အန်ကယ်.."
"သူဌေးကြီး..သခင်လေးကိုမှာထားတာမေ့နေပါပြီလား"
"ရက်စက်တတ်တဲ့လောကကြီးမှာ..နူးညံ့တဲ့လူက
အရူံးပဲ..ချစ်ခြင်းမေတ္တာဆိုတာ..လူတစ်ယောက်ကို
ရူံးနိမ့်မူ့တွေသာယူဆောင်လာပေးပါ..သားဘဝမှာ
ဘယ်သူ့ကိုမှ..မချစ်မိစေနဲ့...တဲ့..."
နေ..တစ်ခွန်းချင်းရေရွတ်ပြီး..အသက်မဲ့စွာပြုံး
လိုက်မိသည်။
"ပါပါ..ကျွန်တော့်ခေါင်းထဲမှာရော..နှလုံးသား
ထဲမှာပါ..ရိုက်သွင်းခဲ့တဲ့စကားပဲ..ဘယ်လိုမေ့နိုင်
မှာလဲ..အန်ကယ်..."
"သခင်လေး.."
"မစိုးရိမ်ပါနဲ့..အန်ကယ်..ကျွန်တော်နဲ့သူရဲ့.....
ဆက်ဆံရေးက..အန်ကယ်ထင်သလိုဖြစ်လာမှာ
မဟုတ်လို့..စိတ်မပူပါနဲ့.."
နေ..ထိုမျှသာပြောပြီး..အခန်းထဲဝင်လာခဲ့သည်။
"ဟင်း.."
ဂျိမ်း..သခင်လေးကိုကြည့်ပြီး..သက်ပြင်းတစ်ချက်ကို
ရိူက်ကာ..ခေါင်းယမ်းလိုက်မိသည်။
"ဦးနှောက်ကမေ့နေပေမဲ့..နှလုံးသားကအလိုလို
သိနေတယ်ဆိုတာ...ဒါမျိုးလား..."
အင်္သချေဆိုတဲ့..မိန်းကလေးသာ..အနားမှာဆက်ရှိ
နေရင်..သခင်လေးရဲ့မှတ်ညဏ်တွေအနှေးနဲ့အမြန်
ပြန်ရလာမှာသေချာသည်။အဲ့လိုသာဖြစ်ခဲ့ရင်...
"သူ့ရဲ့မှတ်ညဏ်တွေကို ဖျောက်ဖက်ပစ်ခဲ့တဲ့သူက
သူသိပ်ချစ်တဲ့...သူ့အဖေဆိုတာသာသိခဲ့ရင်..အဲ့ဒီ
နာကျင်မူ့ကို..သခင်လေး..ဘာနဲ့မှအစားထိုးဖြေသိမ့်
နိုင်မှာမဟုတ်ဘူး..သူသာမှတ်ညဏ်တွေပြန်ရသွားရင်
သူ့ရဲ့နှလုံးသားနာကျင်ခံစားရမှာ..."
ငယ်စဉ်ထဲကစောင့်ရှောက်လာခဲ့ရတဲ့ကလေးမို့..
မိသားစုဝင်တစ်ယောက်လိုမျိုး..သံယောဇဉ်ခိုင်မာ
နေခဲ့ပါပြီ...
သွေးအေးရက်စက်တတ်တဲ့ နေကုဋာ ဆိုတဲ့လူ
တစ်ယောက်အဖြစ်အသားကျနေတဲ့သခင်လေးရဲ့
ဘဝကို..ဘာကြောင့်နှင့်မှ..လိူင်းမထစေချင်ပါ...
သခင်လေးရဲ့မှတ်ညဏ်တွေကိုပြန်မရတာကမှ
သခင်လေးကို..တစ်ကယ်စောင့်ရှောက်တဲ့နည်းလို့
ဂျိမ်း...ထင်မိသည်။
"ငါတစ်ခုခုတော့လုပ်ရမယ်..အင်္သချေ..သခင်လေး
နားကနေထွက်သွားဖို့..ငါဘာလုပ်ရမလဲ "
💞💞💞💞
"အခန်းကကျယ်ပါတယ်..လူမနေတာကြာတော့..
နည်းနည်းတော့..ရှင်းယူရမယ်..ဒါပေမဲ့လဲ..ဒီလို
တိုက်ခန်းကို...လခတစ်လတစ်ခါပေးနဲ့..နေလို့
ရတာ..ကံကောင်းတယ်မှတ်..."
တိုက်ခန်းကိုလှည့်ပါတ်ပြရင်း..ရေပါတ်မဝင်အောင်
ပြောနေတဲ့..ကြည်နူးရဲ့အဒေါ်...အသင်နဲ့ကြည်နူးလဲ
ဖုန်တွေ..ပင့်ကူအိမ်တွေနှင့်...ညစ်ပါတ်နေသော
အခန်းကြီးကိုလှည့်ပါတ်ကြည့်နေကြသည်။
"အခန်းကြီးက..တော်တော်ကောင်းတယ်ဟ...
ပိုင်ရှင်တွေကဘာလို့ဒီလောက်ထိပစ်ထားတာလဲ
မသိဘူး...တစ်လတစ်ခါပေးဆိုနေမဲ့လူတွေတန်းစီ
နေမှာပဲကို..."
ကြည်နူးက..အသင့်နားကိုကပ်ပြီး..တိုးတိုးပြောသည်
ဒါကို..သူ့အဒေါ်ကကြားသွားဟန်တူသည်။
"ဪ..သူတို့က..အခန်းကိုစိတ်ချရတဲ့လူကိုပဲ
ထားချင်တာကိုး..မိကြည်နူးရဲ့..အခုကငါနဲ့လဲ
အရမ်းရင်းနှီးတဲ့လူတွေဖြစ်နေလို့..ပြီးတော့ငါကလဲ
ငါ့တူမလေးနေစရာဒုက္ခဖြစ်နေလို့ဆိုပြီးအကူအညီ
တောင်းလို့ဒီလိုရတာ.."
"ဟုတ်..ဒေါ်လေးကို..အသင်အရမ်းကျေးဇူးတင်ပါတယ်"
"ရပါတယ်..အသင်ရယ်..မိန်းကလေးတစ်ယောက်ထဲ
ဒုက္ခရောက်နေတာ...ဒေါ်လေးကူညီပေးရမှာပေါ့
အဟင်း...ဒါနဲ့ပိုက်ဆံရော..အဆင်သင့်ပါတယ်
မဟုတ်လား.."
"ဟုတ်...ပါတယ်..ဒေါ်လေး..."
အသင်..ပူပူနွေးနွေးထုတ်လာတဲ့လစာပိုက်ဆံတွေကို
ဒေါ်မြသွေးလက်ထဲထည့်ပေးလိုက်သည်။
"အိမ်လခရော...ဒေါ်လေးရဲ့ပွဲခပါထည့်ပေးထားပါတယ်"
"ရပါတယ်...အသင်ရယ်.."
ရပါတယ်ဆိုပြီး...ပိုက်ဆံစာအိတ်ကို..ဆလင်းဘတ်
အိတ်ကြီးထဲထည့်နေတဲ့..ဒေါ်မြသွေး
"စာချုပ်တွေဘာတွေလဲချုပ်စရာမလိုတော့..ပေါ့ပေါ့
ပါးပါးသာနေ..ဟုတ်လား..."
"ဟုတ်ကဲ့..အိမ်လခအတွက်တော့..စိတ်ချပါ..အသင်
တစ်လတစ်ခါပုံမှန်ပေးမှာပါ..."
"ယုံပြီးသားပါအေ...ဒါနဲ့..သမီးကဘယ်တော့..
စနေမှာလဲ.."
"မနက်ဖြန်ပဲပြောင်းလာလိုက်မယ်လေ..အခန်းက
ရှင်းရဦးမှာဆိုတော့..အန်တီမွန်တို့ဆီမှာအပ်ထားတဲ့
ပစ္စည်းတွေကိုတော့..နောက်မှသွားယူလိုက်မယ်.."
"အင်း..ဒါဆိုငါလဲမနက်ဖြန်ခွင့်ယူပြီး...နင့်ကိုလာကူ
ပေးမယ်..."
"ကျေးဇူးပဲ..ဲကြည်နူး..."
ဤသို့ဖြင့် အသင်လက်တလောနေစရာအဆင်ပြေ
သွားခဲ့ပါသည်။
💞💞💞💞
"ဟင်..."
ဓာတ်လှေကားထဲကထွက်လာလာချင်း..လက်ကလေး
နှစ်ဖက်နောက်ပစ်ပြီးရပ်နေတဲ့..သူမကိုတွေ့လိုက်
ရတာကြောင့်..နေ..အံ့ဩသွားရသည်။
"ဘာလုပ်နေတာလဲ..မင်း...အလုပ်ကနေ..အစောကြီး
ပြန်လာတာလား.."
"ဟုတ်...အသင်ရှင့်ကိုစောင့်နေတာ..."
"အထူးအဆန်းပါလား..ကိုယ့်ကိုစောင့်နေတာပေါ့လေ.."
နေ..သဘောကျသလိုပြောလိုက်ရင်း..ဆက်လျှောက်
လာခဲ့ေတာ့..သူမကအနောက်ကနေကပ်ပါလာသည်။
"ပြောပါဦး..ဘာပြောစရာများရှိလို့..စောင့်နေတာလဲ"
"အသင်...နေစရာရှာလို့ရသွားပြီလို့..."
သူမစကားကိုကြားလိုက်တဲ့ခဏ..နေ့ခြေလှမ်းတွေ
တုံ့ခနဲရပ်သွားတာမို့..နေ့..အနောက်ကနေကပ်လိုက်
နေတဲ့သူမက..နေ့ရဲ့လက်မောင်းကိုဝင်တိုက်သည်။
"ဘာပြောလိုက်တာလဲ..."
သူက..လှည့်ကြည့်ပြီးမေးသည်။
"အသင့်..သူငယ်ချင်းရဲ့အဒေါ်ကအသင့်အတွက်..
နေစရာရှာပေးတာ..တိုက်ခန်းတစ်ခုပါ..လခကလဲ
တစ်လချင်းပေးရမှာ..အခန်းကိုလဲ..အသင်သွားကြည့်
ပြီးပြီ..အားလုံးအဆင်ပြေတယ်..."
"အဲ့တော့.."
"ရှင်..."
သူကဆက်ပြောဆိုသည့်သဘောနှင့်..စကားထောက်
လိုက်တော့..အသင်ကြောင်သွားရသည်။
"အဲ့ဒါ..အသင်..မနက်ဖြန်ကျရင်...ဒီကနေ..ထွက်သွား
တော့မယ်..."
သူက..ဘာမှထပ်မပြောပဲ...အသင့်ကိုကြည့်နေသည်။
"ဒီရက်ပိုင်းမှာ..အသင့်ကို..နေစရာပေးပြီး..စောင့်ရှောက်
ပေးခဲ့တာကို..အသင်အရမ်းကျေးဇူးတင်ပါတယ်
အဲ့ဒီကျေးဇူးကိုလဲ..အသင်မမေ့ပါဘူး..ကိုနေကုဋာ"
အသင်ပြောတာကို..သူကဆုံးအောင်နားထောင်ပြီးမှ
လက်ကိုခပ်လျော့လျော့ပိုက်ကာ..အသင့်ကိုကြည့်သည်။
"ကိုယ်..မင်းကို...စံအိမ်ကိုစခေါ်လာတုန်းက..
မင်းနေစရာရှာလို့ရတဲ့..အခါ..ထွက်သွားလို့ရတယ်လို့
ပြောမိလို့လား..."
"ရှင်..."
"အစထဲက..မင်းကိုတခြားမှာနေစေချင်ရင်..ကိုယ်ဒီကို
ခေါ်လာခဲ့မှာမဟုတ်ဘူး..အင်္သချေ..."
"ဒါဆို..အသင်ကရော..ဘယ်လိုအကြောင်းပြချက်
မျိုးနဲ့..ဒီမှာဆက်ရှိနေရဦးမှာလဲ..."
"မင်းကို...ကိုယ့်မိန်းကလေးလုပ်ရမယ်လို့..ကိုယ်
ပြောခဲ့သားပဲ..."
နေ့စကားကိုနားထောင်ရင်း..သူမကမျက်နှာလေး
မသိမသာမဲ့သည်။
"အဲ့လိုပေါ့ပျက်ပျက်အကြောင်းပြချက်နဲ့မရေမရာ
မပြောပါနဲ့...ကိုယ်နဲ့လဲ..ဘာမှမသက်ဆိုင်တဲ့ယောကျာၤး
တစ်ယောက်ရဲ့အိမ်မှာ..ရှင်ကအသင့်ကိုဘယ်အချိန်ထိ...
မျက်နှာပြောင်တိုက်ပြီး..နေစေချင်နေတာလဲ..
ကိုနေကုဋာ...."
"ဒါဆို...ကိုယ်ကမင်းနဲ့ဘာမှမသက်ဆိုင်တဲ့လူလို့
မင်းကသဘောထားတယ်ပေါ့..."
အနည်းငယ်..တင်းမာသွားတဲ့..သူ့မျက်ဝန်းတွေကြောင့်
အသင်..အသည်းထဲအေးစိမ့်သွားသလိုခံစား.....
လိုက်ရသည်။
"ရှင့်မေးခွန်းရဲ့အဖြေကိုရှင်သာအရင်စဉ်းစားပါ
အသင်ကို..ရှင်ကဘယ်လိုခေါင်းစဉ်မျိူးနဲ့..ပါတ်သတ်
ချင်နေတာလဲဆိုတာကိုပေါ့..ဘန်ကောက်ကဟိုတယ်
ခန်းထဲမှာ..မတော်တဆဆုံခဲ့တဲ့..မိန်းကလေးတစ်ယောက်ကို
ရှင့်စိတ်ထဲမှာဘယ်လိုအတိုင်းအတာထိ..သတ်မှတ်
ထားတာလဲ..ရှင်တွဲခဲ့ဖူးတဲ့မိန်းကလေးတွေလို..
အပျော်သက်သက်..အမေ့..."
စကားမဆုံးခင်..သူကအသင့်လက်ကောက်ဝတ်လေး
ကနေ..အားပါပါနဲ့ဆောင့်ဆွဲလိုက်တာမို့..လူတစ်ကိုယ်လုံး
သူ့ရင်ခွင်ထဲ..ပစ်စလတ်ခတ်ရောက်သွားရသည်။
သူက..အသင့်..ခါးလေးကိုလက်တံရှည်တစ်ဖက်နှင့်
တင်းကြပ်စွာပွေ့ဖက်ထားရင်း..လက်တစ်ဖက်က
မျက်နှာလွှဲမရအောင်ချုပ်ကိုင်ထားလိုက်သည်။
"မင်းပြောသလိုဆို..ကိုယ်တို့်ကြားကပါတ်သတ်မူ့ကို
အတည်ပြုဖို့လိုလာပြီ..."
"ဟင့်အင်း...အသင့်ကိုလွှတ်..အသင်မကြိုက်ဘူး.."
အသင်..သူ့ကိုတွန်းထိုးရုန်းကန်နေလျှင်..သူက
အသင့်ကို..လုံးဝလူပ်လို့မရအောင်ချုပ်ကိုင်ထားရင်း
"မင်းကကိုယ်မိန်းကလေးပဲ..ကိုယ့်နားကနေ..
ဘယ်ကိုမှထွက်မသွားရဘူး..."
💞💞💞💞💞💞
အပိုင်း(၁၆)မျှော်
Writer by
#Hazel See less