💞စေတန်ရဲ့သတို့သမီး💞
💞💞💞💞
နိဒါန်းရဲ့မျက်ဝန်းတွေက..အနည်းငယ်လူပ်ခတ်သွားပြီး
လဲကျနေတဲ့သူမကိုတစ်လှည့်...အရှေ့မှာရှိနေတဲ့...
နေ့ကိုတစ်လှည့်ကြည့်သည်။
နေကတော့..ခုထိမထနိုင်သေးတဲ့သူမကို..ချိုင်းနှစ်ဖက်
အောက်လက်လျိုပြီး...တစ်ခါထဲဆွဲမလိုက်သည်။
"နမော်နမဲ့နဲ့...လူတစ်ယောက်လုံးမင်းမမြင်ဘူးလား..
ဘယ်ထိသွားလဲ..."
သူက..အသင့်လက်မောင်းတစ်ဖက်ကိုကိုင်ထားရင်း
မေးသည်။အသင်...သူ့ကိုခေါင်းခါပြလိုက်ရင်း...
နိဒါန်းသစ်ကိုကြည့်ကာ...
"တောင်းပန်ပါတယ်နော်..မမြင်လိုက်လို့ပါ..."
"ကိုယ်က..ရပါတယ်...မင်းနာသွားသေးလား.."
"ဟင့်အင်း..."
အသင်...ခေါင်းခါလိုက်တော့..နိဒါန်းသစ်ကပြုံးသည်။
ဲပြီးတော့...အသင့်ဘေးမှာရပ်နေတဲ့သူ့ဆီမျက်ဝန်းတွေက
ရောက်သွားကာ...
"ငါတို့...ထပ်ဆုံပြန်ပြီနော်...နေကုဋာ..မင်းက
Oneနဲ့လက်တွဲလိုက်ပြီဆိုတော့..နောက်ဆိုငါတို့
မကြာခဏဆုံဖြစ်မယ်ထင်တယ်..."
"ဟုတ်မှာပါ....ဒါပေမဲ့...သေချာတာက..မင်းရော..
ငါရော..အဲ့လိုဖြစ်ဖို့...စိတ်မပါလောက်ဘူးထင်တယ်"
ပေါ်တင်ကို....ဖဲ့လိုက်သော..နေ့စကားကြောင့်..
နိဒါန်းရဲ့မျက်နှာဖျပ်ခနဲပျက်သွားပေမဲ့ချက်ချင်း
ပြန်ပြင်လိုက်သည်။ပြီးတော့..နှစ်ယောက်ကြား
အူလည်လည်လေးဖြစ်နေတဲ့....သူမဆီ..အကြည့်တွေက
ရွေ့သွားပြန်ရင်း....
"မင်းကို..ဒီမှာထပ်တွေ့တာနဲ့အတော်ပဲ..ဟိုတစ်နေ့က
ကိစ္စအတွက်...ကိုယ်မင်းကိုတောင်းပန်ချင်နေတာပါ..
ကိုယ့်မင်းရဲ့အချိန်တွေကို.ဖြုန်းမိသလို
ဖြစ်သွားတယ်.."
ဘုရားရေ...နိဒါန်းသစ်လိုလူက..တောင်းပန်တယ်တဲ့လား
လောကကြီးက..ဘာတွေဖြစ်ကုန်ပါလိမ့်...
"ဒါနဲ့..မင်းက...ဟိုတယ်ကိုဘာလာလုပ်တာလဲ...
သတင်းလာယူတာလား..."
"ရှင်...မဟုတ်ပါဘူး....ကျွန်မက..."
အသင်ပြောရင်း..ဘေးမှာခပ်မတ်မတ်ရပ်နေတဲ့သူ့ကို
ညွှန်ပြလိုက်ကာ...
"ဟို...ကိုနေကုဋာနဲ့....."
အသင့်စကားမဆုံးခင်..အနားမှာရပ်နေတဲ့သူက
အသင့်လက်ကိုဖျပ်ခနဲဆုပ်ကိုင်လိုက်ကာ...
"မနက်စာလာစားတာ...ရပြီလား...သိပြီဆိုလဲ
လမ်းဖယ်လိုက်တော့...သူ့မှာမင်းနဲ့ဆက်ပြီး..စကား
ပြောဖို့အချိန်မရှိဘူး..."
ပြောပြီး..နိဒါန်းသစ်ကိုပခုံးချင်းတိုက်ပြီး..သူက
အသင့်ကိုဆွဲခေါ်လာသည်။
"ဟို..ခွင့်..ခွင့်ပြုပါဦးနော်..."
အားနာဟန်လေးနှင့်..နိဒါန်းကိုလှည့်ကြည့်ကာ..
နူတ်ဆက်သွားတဲ့သူမကို...တရွတ်တိုက်မတတ်
ဆွဲခေါ်သွားတဲ့..နေကုဋာကတော့..အနောက်ကို
တစ်ချက်လေးတောင်...လှည့်မကြည့်ပါ...
"အဟင်း..."
နိဒါန်းစိတ်ထဲမှာတစ်ခုခုကိုသဘောကျသွားသလို
ပြုံးမိသွားရသည်။နေကုဋာ့ရဲ့..အထိမခံတဲ့ပုံစံကို
ကြည့်ရုံနှင့်..အင်္သချေဆိုသောမိန်းကလေးက..နေကုဋာနဲ့
သာမာန်ရေးမျိုးမဟုတ်တာသေချာသည်။
"လူတစ်ယောက်ကတစ်နေ့ကို..၂၄နာရီပိုင်တာချင်း
အတူတူ..ဘာလို့ရှင်တို့အချိန်တွေကပဲတန်ဖိုးရှိတယ်လို့
ထင်နေရတာလဲ.."
သူမနှင့်ပထမဆုံးဆုံခဲ့တဲ့အဖြစ်ကိုပြန်တွေးမိတော့..
နိဒါန်းထပ်ပြုံးမိသွားရသည်။
"ဘာ့ကြောင့်မင်းက..တစ်ကြိမ်လောက်တွေ့ရုံနဲ့
ကိုယ့်စိတ်ထဲမှာသတိထားမိသွားရတာလဲလို့...အံ့ဩ
နေတာ..အခုတော့သိသွားပြီ...မင်းကနေကုဋာရဲ့
မိန်းကလေးဖြစ်နေတာကိုး...မင်းကိုတော့..ကိုယ်
စိတ်ဝင်စားသွားပြီ..အင်္သချေ.."
နိဒါန်းစိတ်ထဲကနေဆိုလိုက်မိရင်း..ခြေလှမ်းတွေက
ဆန့်ကျင်ဘက်အရပ်ဆီသို့.လျှောက်လှမ်းလာခဲ့ရင်း..
💞💞💞💞
"မင်းနဲ့နိဒါန်းသစ်နဲ့က..ဘယ်လိုဖြစ်ပြီးသိနေတာလဲ.."
ကားပေါ်ရောက်တော့..သူကအသင့်ကိုမေးသည်။
"ဟိုတစ်နေ့က..ဂျာနယ်အင်တာဗျူးအတွက်..ဆွေးနွေးဖို့
သွားရင်းနဲ့. သိတာပါ.."
"တစ်ခါထဲတွေ့ဖူးတာနဲ့..အရမ်းကိုရင်းနှီးတဲ့ပုံစံ
ဖြစ်နေစရာလိုလို့လား.."
"ဘယ်မှာ..ရင်းနှီးတဲ့ပုံစံဖြစ်နေလို့လဲ.."
ဘဲပေါက်လေးကထုံးစံအတိုင်း..နူတ်ခမ်းထော်ပြီး
ခေါင်းငုံ့သွားသည်။နေ...အသံမထွက်အောင်ရယ်လိုက်
မိရင်း..သူမခေါင်းကိုဖိပွတ်ပစ်တော့..သူမကမျက်လုံးဝိုင်း
လေးနှင့်မော့ကြည့်သည်။
"ဘာကြည့်တာလဲ.."
မျက်ခုံးပင့်ပြီး..သူမေးတော့..အသင်ယောင်နနနဲ့
ခေါင်းခါလိုက်မိသည်။ကိုကိုကလဲသူအသည်းယားတဲ့
အချိန်တိုင်း..အသင့်ရဲ့ဆံပင်တွေကိုပွသွားသည်အထိ
ခေါင်းကိုဖိပွတ်တတ်သည်။သူ့ရဲ့အပြုအမူက..
ဘာလို့. ကိုကိုနဲ့တူနေရတာလဲ...
"ကြည့်လို့မပြီးသေးဘူးလား..ကိုယ့်မျက်နှာမှာ..
ဘာတွေများစိတ်ဝင်စားစရာရှိနေလို့လဲ..."
"ဟင့်အင်း..မဟုတ်ပါဘူး...ဒါနဲ့..ကောလဟာလတွေက
အမှန်ပဲလားဟင်..."
"ဘာကောလဟာလကိုပြောတာလဲ.."
"ဒီလိုလေ..စီးပွားရေးလောကထဲမှာ..The Sun နဲ့
Golden palace လုပ်ငန်းစုနှစ်ခုကအပြိုင်အဆိုင်
ဖြစ်သလို...ပိုင်ရှင်တွေဖြစ်တဲ့..နိဒါန်းသစ်နဲ့နေကုဋာကလဲ
အဆင်ပြေတဲ့ဆက်ဆံရေးမျိုးမဟုတ်ဘူးဆို..
ခုနက..ဟိုတယ်မှာ..ရှင်တို့နှစ်ယောက်ပုံစံက..ရန်ဖြစ်
ကြတော့မဲ့အတိုင်းပဲ..."
"တစ်ကယ်..ရန်ဖြစ်ရင်ကော..မင်းကဘယ်သူ့ဘက်က
ပါမယ်လို့စဉ်းစားထားလဲ.."
"ရှင်..."
သူ့မေးခွန်းကြောင့်..အသင်ကြောင်သွားရ၏။
သူက..ဖြေလေဆိုတဲ့..သဘောနှင့်..မေးဆတ်ပြသည်။
"အင်းးးး...ရှင်တို့နှစ်ယောက်လုံးက...ဂုဏ်သိက္ခာရှိတဲ့..
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဆိုတော့...ကလေးတွေလို
ထိုးကြိတ်ရန်ဖြစ်နေကြမှာမှမဟုတ်တာ..အသင်က
ဘယ်သူ့ဘက်ကပါစရာလိုလို့လဲ.."
ဆင်ဝှေ့ရန်ရှောင်..ဖြေတတ်လွန်းတဲ့သူမကြောင့်..နေ
ရယ်လိုက်မိကာ..ပါးဖောင်းဖောင်းလေးတစ်ဖက်ကို
လက်သီးဆုပ်နှင့်ခပ်ဖိဖိကပ်လိုက်ရင်း...
"တော်တော်လည်နေတယ်..ဟုတ်လား..."
သူမက..နေ့လက်ကိုဖယ်ချရင်း..မျက်မှောင်ကြုတ်သည်။
"ဒါနဲ့..အခုဘယ်သွားနေပြန်ပြီလဲ..."
"ကုန်တိုက်ကို..."
"ကုန်တိုက်ကို..ဟုတ်လား...ဘာသွားလုပ်မလို့လဲ"
"မင်းနဲ့...Shopping ထွက်မလို့..."
"ရှင်..."
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ...ရှင်...လိုက်မိပြန်ရင်း..
💞💞💞💞
"ဒီမှာ..ရှင်..ကုန်တိုက်တစ်ခုလုံးကိုဝယ်မယ်လို့များ
စဉ်းစားထားလားဟင်.."
အသင်..သူ့နောက်နေကပ်လိုက်နေရင်း..မေးလိုက်မိပြန်သည်။
ကြည့်ဦးလေ..ကုန်တိုက်ထဲစဝင်လာကထဲက...
အရောင်းဆိုင်..တစ်ခုချင်းဆီကိုဝင်လိုက်ထွက်လိုက်နှင့်..
ဆိုင်တစ်ခုချင်းဆီမှာရှင်းခဲ့တာလဲ....သိန်းကို..
ရာဂဏန်းနားကပ်နေသည်။ပြီးတော့..သူဝယ်ခဲ့တဲ့
အဝတ်အစား..အိတ်..ဖိနပ်..နှင့်တခြားအသုံးအဆောင်
ပစ္စည်းတွေအားလုံးကအသင့်အတွက်ချည်းသာ..
"ကိုနေကုဋာ..အသင်မေးနေတာကြားရဲ့လား.."
အသင်..စိတ်တိုတိုနဲ့..အရှေ့က..လျှောက်နေတဲ့
သူ့လက်မောင်းကိုလှမ်းဆွဲလိုက်တော့..သူခြေလှမ်းတွေရပ်သွားသည်။
"အသင်..ရှင်ဝယ်ပေးထားတဲ့ပစ္စည်းတွေတစ်ခုမှ
မလိုချင်ဘူး..လာပါ..ပစ္စည်းတွေလာမပို့ခိုင်းတော့ပဲ
ငွေပြန်အမ်းခိုင်းလိုက်ပါနော်..ရှင်မလိုက်ချင်လဲ...
အသင့်ကိုရှင့်..ကဒ်ပေးလိုက်..အသင်..သွားမယ်.."
သူက..အသင်ပျာယာခတ်နေပုံကိုကြည့်ပြီး..ခေါင်းယမ်းသည်။
"ကိုယ်တောင်..ကိုယ့်ပိုက်ဆံကိုမနှမျောတာ..မင်းက
ဘာဖြစ်နေတာလဲ.."
"ရှင်က..ရှင့်ပိုက်ဆံကိုမနှမျောပေမဲ့..အသင်မှ
သူများဆီကအလကားမှမလိုချင်တာ..."
"ဒါဆိုလဲ..မင်းကိုယ့်ကိုတစ်ခုခုပြန်ပေးပေါ့...အဲ့ဒါဆို
အလကားဘယ်ဟုတ်တော့မလဲ..."
မချိုမချဉ်ပြောရင်း...သူကအသင့်တစ်ကိုယ်လုံးကို
ဝေ့ကြည့်သည်။အသင်..ရင်ဘတ်ကိုလက်နှစ်ဖက်နှင့်
ယှက်ကာရင်း...အနောက်ကိုဆုတ်လိုက်မိသည်။
"ရှင်..ရှင်ကအဲ့လိုလူမျိုးလား..မိန်းကလေးတွေကို
ငွေနဲ့မျှားပြီး..ဖျားယောင်းနေတဲ့..ပန်းစားဘီလူးလားဟင်.."
ဒေါသနှင့်ယောက်ယတ်ခတ်သွားတဲ့သူမကိုကြည့်ပြီး..
နေရယ်လိုက်မိသည်။ ဘယ်လိုကောင်မလေးပါလိမ့်..
နောက်ပြောလို့ပြောမှန်းတောင်...မသိပါလား...
"စိတ်ချ..ကိုယ်ကပန်းစားဘီလူးဆိုရင်တောင်..
မင်းလိုဦးနှောက်မကောင်းတဲ့ပန်းကိုတော့မစားဘူး...
လာခဲ့..."
"ဘာပြောတယ်...ရှင်..."
ဆုံးအောင်...ရန်မတွေ့ရလိုက်..သူဆွဲခေါ်ရာနောက်ကို
ယက်ကန်...ယက်ကန်နှင့်ပါလာခဲ့ရပြန်ရင်း...
💞💞💞💞💞
"အရမ်းကြည့်ကောင်းတာပဲ.."
"ဟုတ်တယ်..bodyကလဲလုံးဝအမိုက်စားနော်.."
"smartကျလွန်းပါတယ်ဟာ..လုံးဝအလွင့့်ပဲ.."
ကုန်တိုက်ထဲက..ရေခဲမုန့်ဆိုင်မှာ...သူနဲ့အသင်.
ထိုင်မိကြပြန်တော့..ခပ်လှမ်းလှမ်းက..ဝိုင်းမှာထိုင်နေသည့်..
ခတ်ဆန်ဆန်မိန်းမငယ်လေးတစ်စုရဲ့..အသံလွင်လွင်
လေးတွေက...အသင်တို့ဝိုင်းအထိကြားနေရသည်။
အသင်...မသိမသာလှည့်ကြည့်မိတော့..ကောင်မလေး
အုပ်စုရဲ့မျက်လုံးတွေက..အသင့်ရှေ့မှာ..စမတ်ကျကျ
ထိုင်နေရင်း..ဂျာနယ်ဖတ်နေတဲ့သူ့ဆီမှာ..ကြားအောင်
တမင်ပြောနေတဲ့အသံတွေမို့.....သူလဲ..ကြားမှာပင်..
ဒါပေမဲ့..သွားတဲ့နေရာတိုင်း..လူသတိထားမိစေတဲ့..
ပုံစံမျိုးနှင့်သူ့အတွက်တော့..ဒါတွေကရိုးနေပြီ
ထင်သည်။မျက်ဝန်းတွေက..ယောင်လို့တောင်..
ထိုမိန်းကလေးတွေဆီရွေ့မသွား..
"ကဲလိုက်ကြတာ..မိန်းကလေးတွေဖြစ်နေပြီးတော့.."
အသင်..ခပ်တိုးတိုး..ရေရွတ်ရင်း..ရေခဲမုန့့်ကိုသာ
ဆက်စားနေလိုက်သည်။
ကလေးလိုမျိုး..ရေခဲမုန့်ကိုသာမဲပြီးစားနေတဲ့.
သူမကိုကြည့်ပြီး..နေ.ဒီနေ့အတွက်..ဘယ်နှစ်ကြိမ်
မြှောက်မှန်းမသိပြုံးလိုက်မိသည်။သူမက..ရေခဲမုန့်
ကုန်သွားတော့မှ..ခေါင်းမော့ဖော်ရသည်။
"တော်ပြီလား..ထပ်ယူဦးမလား.."
"နှစ်ခွက်တောင်..စားထားတာလေ..တော်ပြီ..
အီသွားပြီ..."
"တော်သေးတာပေါ့.."
သူကရွဲ့သလိုပြောတော့..အသင်..မျက်စောင်းထိုး
လိုက်မိသည်။
"ဒီနားလာခဲ့.."
သူကစားပွဲပေါ်လက်တစ်ဖက်ထောက်လိုက်ရင်း
အသင့်ကို..အရှေ့တိုးလာခဲ့ဆိုသည့်သဘောနှင့်
လက်ယပ်ပြသည်။
"ဘာလုပ်မလို့လဲ.."
အသင်..မေးလိုက်တော့..သူကစိတ်မရှည်ဟန်နှင့်
ထိုင်ရာကထလာပြီးအသင့်ဆီလျောက်လာသည်။
ပြီးတော့..စားပွဲပေါ်က..တစ်သျူးကိုလှမ်းယူရင်း
မျက်နှာလေးကိုဆွဲမော့ကာ..နူတ်ခမ်းနားတစ်ဝိုက်ကို
တစ်သျူးနှင့်တို့သုတ်ပေးသည်။
"ကလေးလဲမဟုတ်ပဲ..ပါးစပ်မှာပေကျံနေအောင်
စားရလား.."
ငယ်ငယ်ထဲက..ရေခဲမုန့်တို့..ခရင်ပါတဲ့မုန့်တို့စားရင်
ပါးစပ်မှာအမြဲတမ်းပေတတ်တာ..အသင့်ရဲ့အကျင့်..
ငယ်ငယ်တုန်းကဆို..ကိုကိုက..အမြဲတမ်းအသင့်ကို
ပါးစပ်သုတ်ပေးရင်းပြောတတ်သည်။
"ကလေးမဟုတ်..သူငယ်မဟုတ်နဲ့...ကြီးတဲ့အထိ
ကိုကိုက..ဒီလိုမျိူးလိုက်လုပ်ပေးနေရမှာလား.."တဲ့...
ကိုကို့ရဲ့ပုံရိပ်ကိုအာရုံထဲမှာ...မြင်လိုက်မိပေမဲ့.
အခု..အသင့်ရှေ့မှာ..လက်တွေ့ရပ်နေသူက.. သူ....
"ဒီလောက်ဆိုရပြီ.....နောက်တစ်ခါဆိုရင်တော့..
အလကားမရဘူးမှတ်..."
ပြုံးထေ့ထေ့နှင့်ပြောရင်း..သူကနေရာမှာပြန်သွားထိုင်သည်။
အသင်..နူတ်ခမ်းလေးကိုလက်နှင့်အုပ်ကိုင်လိုက်ရင်း..
ရင်ထဲမှာ.သိမ့်ခနဲနွေးထွေးသွားသလိုပင်..
"ဘာလို့.ရှင့်ရဲ့အပြုအမူတိုင်းက..အသင့်နဲ့ရင်းနှီး
နေသလို..ခံစားနေရတာလဲ.."
ရင်ထဲမှာ..အသံတိတ်မေးခွန်းထုတ်လိုက်မိပြန်ရင်း..
💞💞💞💞💞
တစ်နေ့လုံး..သူ့နောက်ကိုတစ်ကောက်ကေက်..
လျှောက်လိုက်နေရင်း.အပြင်မှာညစာစားပြီးမှ
ပြန်လာဖြစ်ကြသည်။အပြန်ကျတော့..ဗိုက်လေးတာရော
ညောင်းတာရော..ပေါင်းကာ..အသင်ကားပေါ်မှာတင်
အိပ်ငိုက်နေသည်။
"ဒုတ်.."
"အား..သေပါပြီ.."
ခေါင်းငိုက်သွားလိုက်..သတိရတော့ပြန်မတ်သွားလိုက်နှင့်
တစ်ကြိမ်မှာတော့..ကားမှန်နှင့်ခေါင်းနှင့်မိတ်ဆက်သည်။
"ဘာဖြစ်ပြန်ပြီလဲ.."
သူမေးတော့..အသင်..နာကျင်သွားတဲ့ခေါင်းကို
လက်နှင့်ပွတ်ရင်းမှခေါင်းခါလိုက်မိသည်။ပြီးတော့..
ပါးစပ်ကိုလက်နှင့်အုပ်ကာ..ဝါးခနဲသမ်းလိုက်မိတော့.
"မင်း..အိပ်ချင်နေတာလား.."
"ဟုတ်..."
အမှန်တစ်ကယ်ပင်...နွမ်းနယ်နေဟန်တူသည့်..
သူမကိုကြည့်ပြီး..နေ..သနားသွားရသည်။တစ်နေကုန်
နေ..ခေါ်တဲ့နေရာတွေကိုလျှောက်လိုက်နေရတာ..
သူမပင်ပန်းနေမှာပဲ...
"အိမ်ရောက်ဖို့...နည်းနည်းလိုသေးတယ်...လာ
ကိုယ့်ပခုံးကိုမှီပြီး...ခဏမှေးလိုက်...."
"ဟင့်အင်း...ရပါတယ်.."
အသင်ငြင်းလိုက်လျှင်...သူက...စကားနားမထောင်
ပြန်ဘူးလားဆိုသည့်အကြည့်နှင့်...ခပ်စူးစူးကြည့်သည်။
ပြီးတော့..အသင့်လက်ကိုဆွဲကာ..သူ့အနားတိုးခိုင်းပြီး
ပခုံးပေါ်ခေါင်းမှီစေသည်။အသင်..တစ်ကယ်လဲ
ပင်ပန်းနေတာမို့..ထပ်မရုန်းတော့ပဲ..သူ့ပခုံးပေါ်
ခေါင်းမှီထားလျက်နှင့်.မျက်ဝန်းတွေကိုမှိတ်ထား
လိုက်ရာမှ..ခဏအကြာအိပ်ပျော်သွားခဲ့ပြီး....
💞💞💞
"ကျွီ..."
ဇ,မောင်းနှင်လာတဲ့ကားက....မြေအောက်ကားပါကင်
မှာ...ညင်သာစွာထိုးရပ်သွားသည်။
"Boss..အိမ်ရောက်ပါပြီ..."
ဇ,အသံကြောင့်..နေမှိတ်ထားတဲ့မျက်ဝန်းတွေကို
ဖျပ်ခနဲဖွင့်လိုက်သည်။ပခုံးမှာမှီပြီး...အိပ်ပျော်နေတဲ့
သူမကိုနိုးရန်ပြင်လိုက်ပေမဲ့..အမှန်တစ်ကယ်..
နှစ်နှစ်ခြိုက်ခြိုက်...အိပ်ပျော်နေဟန်တူသည့်..
သူမကိုကြည့်ပြီး..မနိုးရက်တော့...
"မင်း..အရင်..အိမ်ထဲဝင်နှင့်..ဇ,....ငါ...အသင်
နိုးမှဝင်လာခဲ့မယ်..."
"ဗျာ..boss...မမလေးကိုမနိုးဘူးလား..."
နေ...သူမကိုတစ်ချက်ငဲ့ဲကြည့်ရင်း...
"ထားလိုက်ပါ...သူအိပ်ရေးပျက်သွားလိမ့်
့မယ်..."
မိန်းကလေးတစ်ယောက်အပေါ်..ဤမျှအထိ..
စိတ်ရှည်နူးညံ့နေတဲ့..bossရဲ့ပုံစံကိုပထမဆုံး
မြင်ဖူးတာမို့...ဇ,တစ်ယောက်..ပါးစပ်အဟောင်းသား
ဖြစ်နေရသည်။
"ကုန်တိုက်က...လာပို့ထားတဲ့ပစ္စည်းတွေကို..အသင့်
အခန်းထဲထည့်ခိုင်းထားလိုက်.."
"ဟုတ်ကဲ့ပါ..boss.."
ဇ,ကားပေါ်ကဆင်းသွားတော့..နေ..သူမပိုပြီး...
သက်တောင့်သက်သာရှိစေရန်..သူမခေါင်းလေးကို
အသာကြွစေကာ..လက်တစ်ဖက်နှင့်အနောက်ကနေ
သိုင်းဖက်ထားပြီး...ရင်ခွင်ထဲခေါင်းမှီစေလိုက်သည်။
ထို့နောက်..သူမနဖူးပြေပြေလေးအား..နေ့ပါးပြင်နှင့်
ထိကပ်ထားကာ..လူကငြိမ်သက်သွားပေမဲ့...အလိုက်မသိတဲ့
နှလုံးသားကတသိမ့်သိမ့်လူပ်ခတ်လာမူ့ကြောင့်
ကိုယ့်ကိုကိုယ်အံ့ဩမိသွားရတဲ့အထိ..မိန်းကလေးပေါင်း
များစွာနဲ့...အိပ်ယာပေါ်အထိပါတ်သတ်ခဲ့ဖူးတာတောင်
ရင်မခုန်တတ်ခဲ့တဲ့သူက...အင်္သချေဆိုတဲ့ဤမိန်းကလေးကို
ဒီလိုလေးပွေ့ပိုက်ထားရုံနှင့်ရင်ခုန်နေခဲ့တာတဲ့လား...
"မင်းကဘယ်လိုမိန်းကလေးလဲအင်္သချေ..ကိုယ့်
နှလုံးသားကိုလူပ်ရှားအောင်..လုပ်ဖို့..ကိုယ့်ဘဝထဲကို
ရောက်လာတဲ့..ဂြိုလ်သူမလေးလား.."
မချင့်မရဲရေရွတ်လိုက်မိကာ..မျက်ဝန်းတွေကို
မှိတ်ထားလိုက်မိရင်း...
💞💞💞💞
"အင်း..."
ဖျပ်ခနဲနိုးသွားပေမဲ့...အိပ်ချင်စိတ်မကုန်သေးတဲ့
မျက်ဝန်းတွေကမနည်းဖွင့်ကြည့်ရသည်။
"ဟင်.."
ကားထဲမှာ..ဒီအတိုင်းသူ့ကိုမှီပြီးအိပ်နေမိတာကြောင့်
အသင်အံ့ဩသွားရသည်။
"အိမ်လဲရောက်နေပြီကို..သူငါ့ကိုဘာလို့မနိုးတာလဲ"
အသင်..သူ့ကိုမှီထားရာက..အသာထလိုက်သည်။
သူက..ကားကူရှင်ကိုမှီပြီးအိပ်ပျော်နေဟန်တူသည်။
"ဗုဒေ္ဓါ..၈နာရီတောင်ခွဲနေပြီ..ငါဘယ်လောက်တောင်
အိပ်ပျော်သွားတာလဲ...အားနာစရာပဲ..."
သူ...အသင့်ကိုစေတနာနဲ့မနိုးတာကိုနားလည်သွားတာမို့
အသင်...အားနာသွားရသည်။
အသင်...အိပ်ပျော်နေတဲ့သူ့ကိုမနိုးပဲ...ခြေထောက်
နှစ်ချောင်းလုံးကိုကားကူရှင်ပေါ်တင်ကာ..သူ့ဘက်ကို
လှည့်ထိုင်ရင်းမေးထောက်ကာသူ့ကိုငေးကြည့်
နေမိသည်။
"ရှင်ကတဖြေးဖြေးနဲ့..အသင်သိတဲ့တစ်ယောက်ယောက်နဲ့
ပိုပြီးတူတူလာတယ်..ရှင်ကဘယ်လိုလူမျိုးလဲ..
အသင်ရှင့်အကြောင်းကိုတဖြေးဖြေးပိုပြီး...
သိချင်လာပြီ..."
အသင်..သူ့မျက်နှာချောချောကိုသတိလက်လွတ်
ထိကိုင်လိုက်မိရင်း.
"ရှင်က..တစ်ခါတစ်လေကျရင်..နတ်ဆိုးတစ်ကောင်လို
ကြမ်းတမ်းတယ်..တစ်ခါတစ်လေကျရင်လဲ..နူးညံ့
နေတတ်ပြန်ရော...ဘယ်ဟာကရှင့်ရဲ့ပုံစံအစစ်အမှန်လဲ
ဆိုတာ..အသင်တစ်ကယ်ပဲ..သိချင်မိတယ်"
သူ့မျက်နှာ..အနှံ့ကိုလက်ချောင်းတွေနှင့်..ခပ်ဖွဖွ
ထိတို့ရင်းပြောနေမိစဉ်...
"အမေ့..."
ရုတ်တရပ်. အသင့်လက်လေးဖျပ်ခနဲဆုပ်ကိုင်ခြင်းကို
ခံလိုက်ရပြီး..သူကမျက်လုံးတွေဖျပ်ခနဲပွင့်လာခဲ့ရင်း...
💞💞💞💞💞💞💞
အပိုင်း(၁၅)မျှော်
အိမ်း...ဘာဆက်ဖြစ်မှာလဲ? ?😁😁
Writer by
#Hazel See less