💞စေတန်ရဲ့သတို့သမီး💞
💞💞💞💞
"မင်းကကိုယ့်အတွက်ပဲ..မင်းရဲ့ပထမဆုံးအနမ်းကို
ကိုယ်ပဲရခဲ့တာ..မင်းလည်တိုင်မှာပထမဆုံးအမှတ်အသား
လုပ်ခွင့်ရတဲ့သူကလဲ..ကိုယ်ပဲ..မင်းရဲ့ခန္တာကိုယ်ကို
ပထမဆုံးထိတွေ့ခွင့်ရတဲ့သူကလဲကိုယ်ပဲ..နောက်လဲ
မင်းရဲ့ပထမဆုံးဆိုတဲ့အရာတွေကိုပိုင်ဆိုင်ခွင့်ရတဲ့
သူကလဲ..ကိုယ်ပဲဖြစ်ရမယ်...."
နေ့လည်တုန်းကအဖြစ်အပျက်နှင့်အတူ..သူပြောခဲ့တဲ့
စကားတွေကိုပြန်ကြားယောင်နေမိပြီး..အသင်ဘယ်လိုမှ
အိပ်မပျော်...
အခုထိ..သူ့အငွေ့အသက်တွေကျန်နေသလိုခံစား
နေရသည့်..နူတ်ခမ်းတွေကိုလက်နှင့်ထိကိုင်မိတော့
ရင်တွေတဒိတ်ဒိတ်ခုန်လာရသည်။သူသိမ်းပိုက်
ခဲ့သည့်..လည်တိုင်လေးတစ်လျှောက်..သူ့ရဲ့..
အမှတ်အသားတွေထင်ကျန်နေမှာကို..မှန်ကြည့်စရာ
မလိုပဲသိနေသည်။
"ရှင်..အသင့်ကိုတစ်ကယ်ပဲ..လှည့်စားချင်ရုံသက်သက်နဲ့
ကစားနေတာလား..ကိုနေကုဋာ "
ချစ်တယ်လို့လဲတစ်ခါမှအပြောမခံခဲ့ရဖူးပါပဲ...
ရည်းစားတွေလဲမဟုတ်ပါပဲ...အကြိမ်ကြိမ်အခါခါ..
ကြမ်းရှတဲ့သူ့ရဲ့အနမ်းတွေနဲ့ထိတွေ့ခြင်းကိုခံခဲ့ရသည်။
ဒါတောင်..သူ့အပေါ်တစ်စုံတစ်ရာမနာကျည်းနိုင်တဲ့
ကိုယ့်ကိုကိုယ်လဲ..အံ့ဩမိသည်။သူဟာ..အသင်နဲ့
ရင်းနှီးသူတစ်ယောက်လိုအသင်..ခံစားနေရသည်။
သူ့မျက်ဝန်း.သူ့အငွေ့အသက်တွေ...အသင်နဲ့နည်းနည်း
လေးမှစိမ်းသက်မနေ...
တစ်ခါတစ်ရံ..သူ့အနားမှာရှိရတာက..လုံခြုံနွေးထွေး
နေသလိုပင်...သူကအသင့်ကိုအကာအကွယ်ပေးနိုင်တဲ့
လူတစ်ယောက်လို့..အသင်ဘာကြောင့်ထင်နေရတာလဲ။
"အင်္သချေ....နင်ရူးနေပြီပဲ..အဟင်း..."
မဲ့ခနဲရယ်လိုက်မိရင်း..လက်တင်ထားတဲ့ဒူးနှစ်ဖက်ကို
ပွေ့ပိုက်ထားလိုက်မိသည်။
"ကျုပ်တို့သခင်လေးတွဲခဲ့တဲ့မိန်းကလေးတွေမှ..
လက်ချိုးရေလို့တောင်မရဘူး..မင်းလဲသူ့အတွက်
အသစ်အဆန်းဖြစ်နေလို့..သူရိုးသွားတဲ့တစ်နေ့ကျရင်
မင်းသူ့အနားကနေသွားရမှာပဲ..အဲ့ဒါကြောင့်...
ကျုပ်တို့သခင်လေးနဲ့ရင်းရင်းနှီးနှီးမနေပါနဲ့...
မင်းမနစ်နာချင်ရင်ပေါ့...."
အလိုမကျတဲ့မျက်ဝန်းတွေနှင့်..အန်ကယ်ဂျိမ်းဆိုတဲ့.
လူကြီးရဲ့..မျက်နှာကိုမြင်ယောင်လာတော့..ရင်ထဲ
ဖျင်းခနဲခံရခက်သွားသည်။
"ဟုတ်တယ်..သူ့လိုလူမျိုးအတွက်..အပေါဆုံးက
မိန်းမပဲ.....သူကငါ့ကိုအပျော်တွဲချင်နေတာ..."
ကိုယ့်အတွေးနဲ့ကိုယ်ဝမ်းနည်းသွားရကာ..ထောင်ထားတဲ့.
ဒူးပေါ်..ပါးပြင်အပ်လိုက်မိရင်း....
"ငါဒီအိမ်ကြီးမှာ.ဆက်နေလို့မဖြစ်ဘူး...ငါနေဖို့
နေရာအမြန်ဆုံးရှာနိုင်အောင်ကြိုးစားရမယ်..
သူ့အရိပ်မှာနေပြီး...သူနဲ့မကင်းလွတ်နိုင်သမျှ..ငါက
သူ့အတွက်အပေါစားမိန်းမတစ်ယောက်..ဖြစ်နေရမှာ"
ဘယ်လောက်ပဲ..ချို့တဲ့နေပါစေ..မခံချင်မာန
လေးကတော့..အသင့်မှာလဲရှိပါသည်။အသင်
စားပွဲပေါ်က..သံစဉ်သေတ္တာလေးကိုလှမ်းယူဖွင့်ကြည့်
လိုက်သည်။
"ကိုကို..အသင့်ကို..စောင့်ရှောက်ပေးပါ..."
ငြိမ်သက်နေတဲ့..အရုပ်ကလေးကိုကြည့်ကာ..အသင်
ကြိတ်၍ဆုတောင်းလိုက်ရင်း...
💞💞💞💞
"သူ..အခန်းထဲမှာ...မရှိတော့ဘူးလား.."
"ဟုတ်ပါတယ်...boss...အစောကြီးအလုပ်သွားတာ
ထင်ပါတယ်..."
သူမကို..မနက်စာစားဖို့....သွားခေါ်တဲ့မေနွမ်းက
ပြန်ဆင်းလာပြီး..နေ့ကိုပြောသည်။
"မင်းက..ကိုယ့်ကိုရှောင်နေတယ်ပေါ့..ချာတိတ်."
စိတ်ထဲကဆိုလိုက်မိရင်း..နူတ်ခမ်းတွေကတွန့်ခနဲ
ပြုံးမိသွားရသည်။
"ချလွမ်..."
မကုန်သေးတဲ့....ကော်ဖီခွက်ကို...စားပွဲပေါ်လှမ်းတင်
လိုက်ကာ..ထမင်းစားခန်းထဲကနေထွက်လာခဲ့
တော့သည်။
နေ့ကိုကြည့်ပြီး..အံ့ဩသလိုကျန်ခဲ့သူတွေကမေနွမ်းနှင့်
ဝန်ထမ်းကောင်မလေးနှစ်ယောက်....
Bossကဘယ်တော့မဆို..ကော်ဖီတစ်ခွက်မကုန်မချင်း
သတင်းစာဖတ်လို့မပြီးမချင်း...စားပွဲကနေထသွား
တယ်ဆိုတာမရှိခဲ့ဖူးပေ..ခုကျမှ.....
"boss....ဘာဖြစ်သွားတာပါလိမ့်...."
💞💞💞💞
"ဟင်..."
ကားပါကင်ထဲကိုအရောက်..ပြိုင်ကားတွေရှိနေတဲ့
အခြမ်းဆီ..မျက်လုံးဝေ့ကြည့်မိသွားတော့..နေ..
သူမကိုပေးထားတဲ့..ပြိုင်ကားအနီလေးကို..မြင်လိုက်
ရပြန်သည်။
"သူကားမယူသွားဘူးလား..."
နေ..မေးလိုက်တော့..နေ့အတွက်ကားတံခါးကို
ဖွင့်ပေးနေတဲ့..ဇက..ဖျပ်ခနဲခေါင်းမော့လာရင်း....
"မမလေးက..ဒီအတိုင်းထွက်သွားတာပါ..boss.."
နေ..ဘာမှထပ်မမေးတော့ပဲ..ကားထဲဝင်ထိုင်လိုက်သည်။
ဇ,က...ကပျာကယာနှင့်....ကားရှေ့ခန်းမှာဝင်ထိုင်ရင်း
"Showroomကိုပဲမောင်းရမှာမဟုတ်လား...boss
ဒီနေ့...စစ်ဆေးရေးဝင်ရမဲ့ရက်ဆိုတော့..."
"ငါအရင်သွားရမဲ့.နေရာရှိတယ်..."
နောက်ကြည့်မှန်ထဲက...လှမ်းကြည့်ပြီးနေပြောလိုက်တော့
ဇ,နားမလည်သလိုဖြစ်သွားကာ...
"ဘယ်များလဲ....boss..."
"New Star ဂျာနယ်တိုက်ကို...."
"ဗျာ.."
💞💞💞💞💞
"အမလေး..အသင်ရယ်..နင်..ဒီလောက်ဒုက္ခကြုံ
နေရတာ...ငါ့ကို..အခုမှပြောရလား..."
အသင်..တိုက်ခန်းကဆင်းလာရပြီး..နေစရာရှာနေတဲ့
အကြောင်းကို...ကြည်နူးကိုပြောပြလိုက်သည်။
ဒါပေမဲ့.. သူအိမ်ခေါ်သွားခဲ့တယ်ဆိုတဲ့အကြောင်း
ကိုတော့..မပြောပြဖြစ်ပါ..မဟုတ်ရင်ပိုပြီးရူပ်ကုန်မှာ..
"ငါလဲ..နင်ငါ့အတွက်စိတ်ဒုက္ခရောက်မှာစိုးလို့ပါ...
နင့်မှာလဲ...နင့်အပူနဲ့နင်လေ..."
"နင်...အခု..ဘယ်မှာနေ...နေတာလဲ...."
"တည်းခိုခန်းတစ်ခုမှာ..နေ..နေတာ..."
အသင်...လိမ်လိုက်မိသည်။
"မိန်းကလေးတစ်ယောက်ထဲ...တည်းခိုခန်းမှာ..နေ
နေတာမကောင်းဘူးနော်...အသင်..."
"ငါလဲသိပါတယ်...အဲ့ဒါကြောင့်..ငါလဲနေစရာ
အမြန်ဆုံးရှာချင်တာပေါ့..လောလောဆယ်ငါ့လက်ထဲမှာ
ပိုက်ဆံကတစ်သိန်းတောင်မပြည့်ဘူး...ဒီနေ့လစာထုတ်မှ
ငွေပိုငွေလျံထွက်လာမှာ..."
"ဈေးသက်သာတဲ့တိုက်ခန်းတစ်ခု..အမြန်ဆုံး
ရှာရမှာပဲ..မိန်းကလေးတစ်ယောက်ထဲနေဖို့ကျတော့
တိုက်ခန်းမှသင့်တော်မှာ...အသင်ရဲ့..."
"ကြည်နူး...ဒီကိစ္စတွေအဘွားလုံးဝမသိပါစေနဲ့ဟာ..
ငါ..နေစရာအတည်တကျဖြစ်တော့မှပဲ..အဘွားကို
သေချာပြောပြလိုက်မယ်.."
"အေးပါ..အသင်ရယ်...ဒါနဲ့..နင်အခုလိုနေစရာ
ဒုက္ခရောက်နေတာ...နေကုဋာက..ဒီအတိုင်းကြည့်
နေတာလား...နောက်ဆုံးပေါ်ပြိုင်ကားတစ်စီးလုံးတောင်
ပေးထားပြီး..နင့်အတွက်နေစရာလေးတောင်..
မစီစဉ်ပေးဖူးလား..."
"ငါ..သူ့ကားကိုပြန်ပေးလိုက်ပြီ....."
အသင်..ထိုစကားအပြင်ထပ်မပြောပေမဲ့..ကြည်နူးက
သဘောပေါက်လွယ်သူမို့...
"နင်မှန်တယ်အသင်...လောကကြီးမှာ..ဘယ်အရာမှ
အလကား..သူတို့လိုလူချမ်းသာတွေအတွက်..ငါတို့လို
မိန်းကလေးတွေက..ကစားစရာသက်သက်ပဲ.."
ကြည်နူးက..ပြောရင်း...အသင့်လက်မောင်းကို
အားပေးသလိုဆုပ်ကိုင်ကာ...
"အားမလျော့ပါနဲ့ဟာ..ငါ့အဒေါ်ကိုပြောကြည့်ပေးမယ်
သူကပွဲစားဆိုတော့...အပေါင်းအသင်းစုံတယ်လေ..
နင့်အတွက်နေစရာရှာလို့ရမှာပါ..."
အသင်...ပြုံးလိုက်မိကာ...ကြည်နူးရဲ့လက်ကိုပြန်
ဆုပ်ကိုင်ထားမိရင်း...
"ကျေးဇူးပါပဲ...သူငယ်ချင်းရယ်..."
ထိုစဉ်...စားပွဲပေါ်မှာရှိနေတဲ့...အသင့်ရဲ့ဖုန်းက..
ထမြည်သည်။
"Number 1...ဆိုပါလား...ဘယ်သူလဲအသင်ရဲ့.."
contantlistမှာပေါ်နေတဲ့..နာမည်ကိုကြည့်ပြီး
ကြည်နူးကမေးသည်။အသင်...သူ့ဖုန်းမှန်းတန်းသိ
လိုက်တာမို့...ဆတ်ခနဲကောက်ကိုင်လိုက်ရင်း...
"ခဏနော်...ကြည်နူး..."
အသင်...ကြည်နူးနားကအမြန်ထလာပြီး...ကော်ရစ်ဒါကို
ရောက်မှ...ဖုန်းကိုကိုင်လိုက်သည်။
"ဟဲလို...."
"ဖုန်း...ဘာလို့ချက်ချင်းမကိုင်တာလဲ..."
ဖုန်းထဲမှာကြားလိုက်ရတာက...အလိုမကျတဲ့
သူ့ရဲ့အသံ...
"ဘာပြောစရာရှိလို့ဖုန်းဆက်တာလဲ..."
"အခုချက်ချင်း...ဂျာနယ်တိုက်ရှေ့ကိုထွက်လာခဲ့
ကိုယ်စောင့်နေတယ်..."
"ဟင်...ရှင်ဘာလာလုပ်တာလဲ..အသင်ထွက်လာလို့
မရတော့ဘူးလေ...မကြာခင်ပဲ..ရုံးတက်တော့မဲ့
ဟာကို.."
"မင်းထွက်လာမလား...ကိုယ်ဝင်လာခဲ့ရမှာလား..."
"ဟင်...."
"၃မိနစ်ပဲ..ကိုယ်စောင့်မယ်..၃မိနစ်ပြည့်လို့မှ..မင်း
ထွက်မလာရင်...ကိုယ်မင်းကိုအထဲထိလာပြီး
ပွေ့ခေါ်မှာနော်..မယုံရင်..တစ်စက္ကန့်လောက်....
နောက်ကျကြည့်လိုက်..."
"ရှင်......ဒီမှာ...ခဏ...ဪ..."
ထုံးစံအတိုင်း...စကားကိုအထက်စီးဆန်ဆန်ပြောပြီး
အသင်...ဘာမှပြန်မပြောနိုင်ခင်မှာပင်..သူကဖုန်းချ
သွားပြီ.ဖြစ်သည်။
"ဒီနတ်ဆိုးကောင်ကတော့..တစ်ကယ်ပဲ..."
မကျေမနပ်ပြောလိုက်မိပေမဲ့..အသင်..ကော်ရစ်ဒါမှာ
ဆက်ပြီးရပ်နေလို့မဖြစ်တော့တာကိုသိနေပြီမို့...
ခပ်သွက်သွက်လှမ်းလိုက်မိတဲ့..ခြေလှမ်းတွေရဲ့
ဦးတည်ရာက....👉👉
မတော်..ထွက်မလာလို့..ဘာကိုမှဂရုမစိုက်ပဲ..
လုပ်ချင်ရာလုပ်တတ်တဲ့သူက..အထဲထိလာပြီး
အသင့်ကိုပွေ့ခေါ်နေမှ...အခက်မဟုတ်ပါလား...
💞💞💞💞
"ဒေါက်....ဒေါက်.."
ဂျာနယ်တိုက်အရှေ့မှာရပ်ထားတဲ့သူ့ကားရဲ့.....
ကားမှန်ကိုခေါက်လိုက်တော့..ကားနောက်ခန်းရဲ့
မှန်အမည်းကြီးက..လျောှခနဲကျသွားပြီး..အမြင်ကတ်
စရာကောင်းအောင်ချောမောနေတဲ့သူ့မျက်နှာက..
ပေါ်လာသည်။
"မဆိုးဘူး...သုံးမိနစ်အတိအကျပဲ..."
လက်ထဲကနာရီကိုကြည့်ပြီး..မျက်ခုံးပင့်ပြောလိုက်ပုံကိုက
ကုတ်ဖဲ့ပစ်ချင်စရာ...
"ကားပေါ်တက်.."
သူက...အသင့်ကို..သူ့ဘေးကနေရာကိုမေးဆတ်ပြရင်း
ပြောသည်။
"ဘာလုပ်မလို့လဲ..အသင်ရုံးတက်တော့မှာလို့ပြောနေတာကို"
"မင်း..ဒီနေ့ရုံးတက်စရာမလိုဘူး...ကိုယ်နဲ့သွားရမဲ့
နေရာတွေရှိတယ်.."
"မရပါဘူး....ရှင်အသင့်ကိုဘာမှလဲကြိုမပြော
ထားပဲနဲ့.."
"အခုပြောလိုက်ပြီ..."
"ကိုနေကုဋာ..."
အသင်...စိတ်တိုတိုနှင့်အော်လိုက်တော့..သူက
ကားပေါ်ကဆင်းလာကာ..အသင့်ကိုကားထဲတွန်း
ထည့်သည်။ပြီးတော့သူပါကားထဲပြန်ထိုင်သည်။
အသင်..သူနဲ့အနီးကပ်မထိုင်ချင်တာမို့..တံခါးနားကို
တွန်းရွေ့သွားတော့..သူကအသင့်ကိုလက်မောင်းကနေ
ပြန်ဆောင့်ဆွဲကာ..သူ့ဘက်ကိုပြန်တိုးစေသည်။
"ရှင်..ဘယ်လိုဖြစ်နေတာလဲ..."
သူက..အသင်မေးတာကိုဂရုမစိုက်ပဲ...သူ့.bodyguardကို
လှမ်းကြည့်ကာ...
"အန်ဂျလီကာ..ဟိုတယ်ကိုမောင်း..."
💞💞💞💞💞
"ဘာစားမှာလဲ..."
ဟိုတယ်က..သီးသန့်စားသောက်ခန်းထဲမှာထိုင်မိ
ကြတော့..သူကအသင့်ကိုကြည့်ကာမေးသည်။
"မနက်စာလေးတစ်ခါစားဖို့ကို..ဟိုတယ်အထိ
လာစရာလိုလို့လား.."
"ဒါဆို..မင်းက..ကိုယ့်ကိုဘယ်လိုဆိုင်မျိုးမှာ..
ထိုင်စေချင်လို့လဲ..ဘာလဲ..ရပ်ကွက်ထဲက..လက်ဖက်ရည်
ဆိုင်မှာ.ထိုင်ခိုင်းမလို့လား..ကိုယ်ကဈေးကြီးတယ်လို့
ပြောထားတယ်လေ.."
"တော်တော်ကြီးကျယ်တယ်...ဟွန့်.."
မကျေမနပ်နှင့်..နူတ်ခမ်းထော်နေတဲ့..ဘဲပေါက်လေးကို
ကြည့်ပြီး..နေရယ်လိုက်မိသည်။
"မင်း..မနက်စာမစားပဲစံအိမ်ကနေ..ဒီအတိုင်း..
ထွက်သွားတယ်ဆို..."
"အသင်မှ..ဗိုက်မဆာတာ.."
အသင်လိမ်လိုက်မိသည်။အမှန်က..သူနဲ့မျက်နှာချင်း
ဆိုင်ရမှာကြောက်လို့..
"အပိုတွေပြောမနေနဲ့...မင်းကိုယ့်ကိုရှောင်နေတယ်
ဆိုတာ...ကိုယ်သိတယ်..."
"သိရင်လဲ....ဘာလို့..ထပ်ပြောနေသေးလဲ.."
"ဘာလို့ရှောင်နေတာလဲ.ကိုယ်မနေ့ကမင်းကို..
နမ်းလိုက်လို့လားအဲ့ဒါပထမဆုံးအကြိမ်မှမဟုတ်တာပဲ"
နေစကားကြောင့်..သူမမျက်နှာလေးရဲတက်သွားသည်။
"ရှင်တော့နော်..အဲ့လိုမေးခွန်းမျိုးက..မျက်နှာကြည့်ပြီး
မေးရလား.."
"ကိုယ်က..မျက်နှာကြည့်ပြီးပဲမေးချင်တာ.."
ပြောရင်း..ရှေ့တည့်တည့်ကနေမျက်နှာကို..သူက
စိုက်ကြည့်နေတော့..အသည်းထဲအေးခနဲဖြစ်သွားရ၏။
ယောက်ယတ်ခတ်နေတဲ့..မျက်ဝန်းလေးတွေနဲ့..
အသင့်အဖြစ်ကိုကြည့်ပြီးသူကရယ်သည်။
"ကိုယ်...အဆင်ပြေတာမှာလိုက်မယ်.."
သူကပြောရင်းစားပွဲပေါ်ကလူခေါ်ဘဲလ်ကို..နှိပ်လိုက်တော့
ခဏအကြာဝိတ်တာတစ်ယောက်ရောက်လာသည်။
သူက...ဝိတ်တာလေးကို...စားစရာတွေအစီအစဉ်
တကျမှာကြားနေစဉ်..အသင်...သူ့ကြောင့်လူပ်ရှား
သွားတဲ့စိတ်ကိုဖြေသိမ့်ရန်..အိတ်ထဲကပီကေတစ်ခုကို
ထုတ်ဝါးနေမိရင်း....
💞💞💞💞
"စားလေ...ဘာကြည့်နေတာလဲ...မင်းအတွက်
မှာထားတာတွေကို..."
မှာထားတဲ့...စားစရာတွေရောက်လာတော့...သူက
ပြောသည်။အသင်..စားပွဲပေါ်ကများပြားလှတဲ့..
စားစရာတွေကို..တစ်ချက်ဝေ့ကြည့်ရင်း...
"အသင်...ဗိုက်မဆာဘူးလို့...ပြောသားပဲ...မစားဘူး
ရှင်မှာတာ...ရှင့်ဘာသာစား..."
အသင်...သူ့ကိုမကြည်လင်နေတာကြောင့်..
ဘုတောလိုက်မိသည်။ပြီးတော့...မျက်နှာကိုတစ်ဖက်သို့
လွဲပြီး...ပီကေကိုသာတလူပ်လူပ်ဝါးနေလိုက်မိသည်။
ဂျစ်ကန်ကန်နိုင်လှသောသူမရဲ့အမူအယာကြောင့်
နေသဘောကျစွာ...ပြုံးလိုက်မိရင်း..ထိုင်ရာကနေ
ထကာ..စားပွဲတစ်ဖက်မှာထိုင်နေသည့်..သူမနားကို
လျှောက်သွားလိုက်သည်။
"အင်္သချေ...."
"ဘာလဲ..အမေ့.."
အသင်..မျက်နှာကိုပြန်လှည့်ရင်း..ခက်ဆတ်ဆတ်ထူး
လိုက်မိလျှင်..အသင့်ထိုင်ခုံနှင့်စားပွဲကိုလက်တစ်ဖက်ဆီ
ထောက်၍..ကိုယ်ကိုကိုင်းကာ..အသင့်ကိုငုံ့ကြည့်
နေသောသူ့ရဲ့မျက်နှာနှင့်နီးကပ်သွားတာကြောင့်
လန့်ဖျပ်သွားရသည်။
"မင်းပါးစပ်ထဲကပီကေကို..အေးအေးဆေးဆေး
ထုတ်ပြီး..ကိုယ်မှာထားတဲ့..မနက်စာကိုစားလိုက်."
"မစားချင်ဘူးလို့..ပြောနေ...တယ်..လေ.."
ပြောရင်း...အသံလေးတိမ်ဝင်ပြီးလေမဆတ်နိုင်
ဖြစ်သွားရတာက..စူးရှနေတဲ့..သူ့အကြည့်တွေကြောင့်...
"မင်းဘာသာမင်းထွေးထုတ်မှာလား...ဒါမှမဟုတ်.."
ပြောရင်း..စားပွဲမှာထောက်ထားတဲ့လက်ကမေးဖျား
လေးဆီ..ဖျပ်ခနဲရောက်လာပြီး..မျက်နှာလေးကို
ဆွဲမော့ကာ...
"ကိုယ်...ထုတ်ပေးရမှာလား..."
စကားအဆုံး..ရိပ်ခနဲနီးကပ်လာတဲ့သူ့မျက်နှာကြောင့်
"ထွေးထုတ်မယ်...ထုတ်မယ်...ရပြီလား.."
မျက်လုံးမှိတ်ကာ...အသည်းအသန်အော်မိတော့..
သူ့ရဲ့ရယ်သံခပ်သဲ့သဲ့ကိုကြားလိုက်ရသည်။
"လိမ္မာတယ်..."
ခေါင်းကိုခပ်ဖွဖွပွတ်ပြီး..သူကနေရာမှာသွားပြန်
ထိုင်သည်။အသင်...ပီကေကိုဆက်မဝါးရဲတော့ပဲ
ထွေးထုတ်ကာ..သူမှာပေးထားတဲ့မနက်စာတွေကို
စားနေရသည်။သူကကော်ဖီသောက်ရင်း..အသင်
စားနေတာကိုကြည့်နေကာ..
"ဘာလို့..မင်းကိုပေးထားတဲ့ကားကိုထားခဲ့တာလဲ"
"အသင်..အဆင်မပြေလို့..."
သူ့ကို..မော့မကြည့်ပဲအသင်ဖြေလိုက်မိသည်။
"မနက်စာစားပြီးရင်...အသင်သွားလို့ရပြီလား.."
"မရသေးဘူး..."
"ဟင်...ဘာလုပ်ရဦးမှာလဲ..."
"ဒီနေ့...မင်းရဲ့အချိန်တွေကိုကိုယ်ပိုင်တယ်..အဲ့ဒါကြောင့်
ကိုယ်ခေါ်တဲ့...နေရာကိုပဲမင်းလိုက်ရမယ်..."
ဗုဒေ္ဓါ....သူကဘယ်တုန်းကအသင့်ရဲ့အချိန်တွေကို
ပိုင်သွားရပါလိမ့်...
အသင်...လုပ်ချင်ရာလုပ်နေသောသူ့ကိုနားမလည်
နိုင်သလို..ငေးကြည့်နေမိရင်း....
💞💞💞💞💞
"အသင်..တစ်ကယ်ဂျာနယ်တိုက်ပြန်သွားလို့မရဘူးလား"
"မရဘူးလို့ပြောထားတယ်လေ.."
သူကပြန်ဖြေရင်း..ပွင့်သွားတဲ့..ဟိုတယ်..ဓာတ်လှေကား
ထဲနေထွက်သည်။အသင်သူ့နောက်ကထပ်ကြပ်မကွာ
လိုက်လျှောက်ရင်း..
"ဂျာနယ်တိုက်မှာ..နှစ်ပါတ်လည်အထူးထုတ်အတွက်
အလုပ်များနေတာ..."
"မင်းတစ်ယောက်..အလုပ်မလာတာနဲ့..New Star
ဂျာနယ်တိုက်ကမပိတ်ပစ်ရလောက်ပါဘူး"
မထီတရီမျက်ဝန်းနှင့်သူကငဲ့ကြည့်ပြီးပြောသည်။
ဘောင်းဘီအိတ်ထဲလက်နှစ်ဖက်ထည့်ကာ..ခြေတံရှည်
တွေနှင့်..စမတ်ကျကျလျှောက်လှမ်းနေတဲ့သူ့နောက်ကနေ
အပြေးတစ်ပိုင်း..ခြေလှမ်းတွေနှင့်လိုက်နေရတဲ့..
အသင်ပုံစံကဘယ်လိုဖြစ်နေလဲတော့မသိ..အနားက
ဖြတ်သွားတဲ့..လူမှန်သမျှက..အသင့်ကိုကြည့်ပြီး
ပြုံးစိစိ...
"အဲ့လောက်တောင်ဖြစ်လှတာ..တွေ့မယ်.."
အသင်..စိတ်တိုတိုနှင့်..အနည်းငယ်လှမ်းသွားပြီ
ဖြစ်တဲ့..သူ့နောက်ကိုပြေးလိုက်ပြီး..သူ့ရှေ့ကို
ကျော်သွားလိုက်ရာ...
"ဘုန်း..."
"အင့်.. "
ကိုယ့်အရှိန်ကိုယ်မထိန်းနိုင်ပဲ.မျက်နှာချင်းဆိုင်က
လျှောက်လှမ်းလာတဲ့..လူတစ်ယောက်နှင့်..ပစ်စလတ်ခတ်
ဝင်တိုက်မိသွားရင်း..ဖင်ထိုင်ရက်လေးကျသွားရသည်။
"Sorry....."
တောင်းပန်လိုက်သံနှင့်အတူ..အသင့်ထံကမ်းပေးနေတဲ့
လက်တစ်ဖက်ကြောင့်..အသင်မော့ကြည့်လိုက်မိတော့
မြင်လိုက်ရသူက..
"ဟင်..နိဒါန်းသစ်.."
အသင်..အံ့ဩသွားရစဉ်မှာပဲ..အသင့်ကိုမှတ်မိ
နေဟန်တူသည့်သူက..ပြုံးကာ..
"ရရဲ့လား..ကိုယ့်လက်ကိုဆွဲပြီး...ထ..."
အသင်...တစ်ကယ်လဲ..ထဖို့မလွယ်တာကြောင့်..
သူကမ်းပေးနေတဲ့လက်ကိုဆွဲပြီးထရန်ပြင်လိုက်စဉ်..
အသင်လှမ်းဆွဲရန်ပြင်နေသည့်..နိဒါန်းသစ်ရဲ့လက်က
ပုတ်ထုတ်ခံလိုက်ရပြီး..လဲကျနေတဲ့အသင့်နားမှာ
လာရပ်လိုက်သူက...
"နေကုဋာ "
တည်တင်းနေတဲ့..မျက်နှာထားနှင့်..အနားကိုရောက်လာတဲ့
နေ့ကိုကြည့်ပြီး...အံ့ဩသွားရသူက..နိဒါန်း...
မျက်နှာချင်းဆိုင်ရပ်နေကြတဲ့..ကိုလူချော..နှစ်ယောက်
အလယ်မှာ..ဖင်ထိုင်လျက်နှင့်..ခေါင်းလေးမော့ပြီး
စူးစမ်းသလိုရှိနေရသူကတော့...အသင်...
💞💞💞💞💞💞
အပိုင်း(၁၄.)မျှော်..
ကိုကိုတော့ပြိုင်ဘက်ပေါ်လာပြီ.....😁😁
ရန်ဖြစ်မယ်ဆိုလဲ...ခလေးကိုအရင်ထူကြပါဦး...
ဟိုမှာ...မျက်လုံးလေးကလယ်ကလယ်နဲ့သနားပါတယ်😂😂
Writer by
#Hazel See less