💕တန်ရဲ့သတို့သမီး💞
💞💞💞💞
အသင်..ရုတ်တရပ်လန့်သွားရကာ..မျက်လုံးလေး
ဝိုင်းဝိုင်းလည်သွားရသည်။ဒါပေမဲ့..ဖြူဖျော့နေသည့်
မျက်နှာပေါ်က..သူ့မျက်ဝန်းတွေက..နူးညံ့သလို
အရိပ်အယောင်တွေနှင့်....
"ဒီအချိန်ကြီး..ရေချိုးရလား..."
မေးလိုက်ရင်း...နောက်ထပ်မြှောက်တက်လာတဲ့..
သူ့ရဲ့လက်တစ်ဖက်က..ရေစက်လေးတွေခိုသီး
နေသည့်..လည်တိုင်..ရင်ဘတ်နှင့်ပခုံးသားလေးတွေ
တဝိုက်ကို..တို့ထိပွတ်သပ်နေသည်။ထိုအခါမှ
အသင်ကိုယ့်အခြေအနေကိုယ်ပြန်မြင်သွားရကာ.
မျက်နှာလေးတစ်ခုလုံးအရောင်တင်လိုက်သလို
ရဲတက်သွားရသည်။
"ရှင်...သက်သာတယ်မဟုတ်လား..လွတ်ပါ..အသင်.
အကျႌသွားဝတ်ရဦးမယ်..."
အတတ်နိုင်ဆုံးအသံမတုန်အောင်ကြိုးစားပြော
နေပေမဲ့...အဖျားခတ်တုန်ယင်သွားရပြန်သည်။
သိုင်းဖက်ထားတဲ့သူ့ရဲ့ရင်ခွင်ထဲကနေ..လွန့်လွန့်လေး
ရုန်းဖယ်ပြန်တော့..သူကကိုယ်ချင်းထပ်သွားအောင်ပါ
ဆွဲချပြီးဖက်လိုက်တာမို့..အသင့်မျက်နှာလေး
သူ့လည်တိုင်မှာအပ်မိသွားရသည်။
"ဟင့်အင်း..."
ငြင်းဆန်သလိုထပ်ပြီးရုန်းဖယ်လေ..မျက်နှာလေးက
သူ့လည်တိုင်နှင့်ပင်မလွတ်မလပ်နှင့်ပိုပြီးပွတ်သပ်.
နေမိသလိုဖြစ်နေရသည်။
"တစ်ခါလောက်မရုန်းပဲ..ငြိမ်ငြိမ်လေးနေပါလား
ကိုယ်..ခေါင်းတွေအရမ်းကိုက်နေတယ်..ပေါက်ကွဲ
ထွက်တော့မဲ့အတိုင်းပဲ.."
နေ...တောင်းဆိုသလိုပြောပေမဲ့..သူမကရုန်းနေဆဲ...
စကားနားမထောင်သောသူမကြောင့်..နေမချင့်မရဲ.
ဖြစ်လာရကာ...ခန္တာကိုယ်လေးကိုတအားပွေ့ပိုက်
ထားလိုက်သည်။
"အင့်.."
ခနဲအသံထွက်လာတော့..သူမမွန်းကြပ်သွားမှန်း
သိတာကြောင့်...လက်တွေကိုအနည်းငယ်ဖြေလျော့.
ပေးလိုက်သည်။ဒီတစ်ခါတော့သူမထပ်မရုန်းတော့
"ရှင်က.ဘာလို့ခေါင်းတွေခဏခဏကိုက်တာလဲဟင်
ဘန်ကောက်မှာလဲ..အဲ့လိုပဲနော်.."
လူကမလူပ်တော့ပေမဲ့..ပါးစပ်ကတော့..အငြိမ်
မနေပဲ...သူမကမေးခွန်းထုတ်လာပြန်သည်။
"ရှင့်မှာခေါင်းကိုက်တတ်တဲ့ရောဂါရှိတာလား.."
နေမဖြေတော့..သူမကထပ်မေးပြန်သည်။မဖြေမချင်း
ထပ်မေးနေမည့်ပုံမို့..
"ကိုယ်...၁၆နှစ်အရွယ်တုန်းက....ဦးခေါင်းနဲ့ပါတ်သတ်တဲ့
ခွဲစိတ်မူ့တစ်ခုလုပ်ခဲ့ရတာ..အဲ့ဒါရဲ့ဘေးထွက်
ဆိုကျိုးကြောင့်..တစ်ခါတစ်လေကျရင်..ကိုယ်
ခေါင်းတွေအရမ်းကိုက်တတ်တယ်.."
"ဘာရောဂါနဲ့ခွဲစိတ်ခဲ့ရတာလဲဟင်..ဘာဖြစ်လို့လဲ"
သူမအမေးကြောင့်..နေယဲ့ယဲ့ပြုံးလိုက်မိကာ..
"သတင်းထောက်လို့မပြောရဘူး..မင်းအရမ်းစပ်စု
တာပဲ..."
"သူကျတော့..လူကိုဖက်ချင်သလိုဖက်လုပ်ချင်သလို
လုပ်တယ်..ဒါလေးမေးတာကျတော့..စပ်စုသလေး
ဘာလေးနဲ့..ဟွန့်..."
သူမမကျေမနပ်ပြောတော့..နေရယ်လိုက်မိသည်။
ရင်ဘတ်ပေါ်မှောက်ရက်လေးရှိနေတဲ့..သူမရဲ့
ခန္တာကိ်ုယ်..နွေးနွေးလေးကိုပိုပြီးပွေ့ပိုက်ထားလိုက်ရင်း.
"ခဏပဲ..ကိုယ်သက်သာသွားတဲ့အထိ..ဒီအတိုင်း
ခဏလောက်နေမယ်...ထပ်မရုန်းနဲ့တော့နော်မဟုတ်ရင်.
ကိုယ်မင်းမကြိုက်တာတစ်ခုခုလုပ်မိလိမ့်
့မယ်.."
ခြိ်မ်းခြောက်သလိုသူပြောတော့..အသင်ထပ်ပြီး
မလူပ်ဝံ့တော့...
"နေမကောင်းတာတောင်လူကိုအသားယူသေးတယ်
အကျင့်ကိုမကောင်းဘူး..."
စိတ်ထဲကနေမကျေမနပ်ရေရွတ်လိုက်မိရင်း..
💞💞💞
နေ...သူမကိုဖက်ထားရင်း..ခဏဆိုပြီးမှိတ်လိုက်တဲ့
မျက်ဝန်းတွေက..အိပ်ပျော်သွားတဲ့အဖြစ်သို့
ရောက်သွားရသည်။
"ကျစ်..."
စုက်သတ်ငြီးငြူလိုက်ရင်း..မျက်လုံးဖွင့်ကြည့်လိုက်တော့
သူမက..အနားမှာမရှိတော့..နေ..သူမကိုမျက်လုံးဝေ့
ရှာဖွေလိုက်မိတော့...အခန်းထောင့်ကဆိုဖာပေါ်မှာ..
ဒူးနှစ်ဖက်ကိုလက်နှင့်ပွေ့ထားရင်း..ငုတ်တုတ်လေး
ဆိုဖာပေါ်မှီပြီး..အိပ်ပျော်နေသောသူမကိုမြင်လိုက်ရသည်။
"အဟင်း..."
နေ..သဘောကျစွာ..အသံထွက်ရယ်လိုက်မိရင်း
ကုတင်ပေါ်မှဆင်းကာ..သူမနားကိုလျှောက်သွား
လိုက်သည်။
"ငါ့ကိုတော်တော်ကြောက်နေပုံပဲ..အနားမှာတောင်
မနေရဲပါလား.."
အရုပ်လေးနှင့်တူနေသော..သူမကို..နေ..အသာ
ပွေ့ယူလိုက်ကာ...အိပ်ယာဆီသို့ပြန်လျှောက်လာရင်း
မွေ့ယာပေါ်အသာချပေးလိုက်သည်။
"တော်တော်အအိပ်ဆတ်ပုံပဲ..ဒီလောက်ပွေ့ချီလာတာ
တောင်..မနိုးဘူး..အဟင်း..."
သူမကြောင့်..နေ..ခဏခဏပြုံးရယ်နေမိတာကိုယ်တိုင်
သတိထားမိနေပါပြီ...
"မင်း..နားမလည်ပါဘူးချာတိတ်ရယ်..ကိုယ့်ဘဝက
မင်းထင်သလောက်မရိုးရှင်းဘူး..ကိုယ့်အကြောင်း
တွေ..မင်းပိုသိလာတဲ့အခါ..မင်းဒုက္ခတွေ့ရလိမ့်မယ်
ကျေးဇူးပြုပြီး..ကိုယ့်အကြောင်းတွေကိုမင်းသိလာဖို့
မကြိုးစားချင်ပါနဲ့ကွာ..."
နေ..သူမမျက်နှာလေးကိုခပ်ဖွဖွအုပ်ကိုင်ကာ..
လေသံတိုးတိုးနဲ့ပြောနေမိရင်း.....
တစ်ကယ်ဆို..စေတန်ဆိုတဲ့..နတ်ဆိုးတစ်ကောင်အဖြစ်..
ရက်စက်တတ်တဲ့နှလုံးသားနှင့်အသားကျနေတဲ့...
နေ့ဘဝထဲကို..မတော်တဆဝင်ရောက်လာတဲ့သူမက
ယုန်ဖြူလေးတစ်ကောင်လိုပါလား...
💞💞💞💞
"သခင်လေး..."
သူမအခန်းထဲကထွက်လာတာနှင့်..နေ့ရှေ့ကိုရောက်
လာသူက..အန်ကယ်ဂျိမ်း...
"အန်ကယ်..အစောကြီးရှိသေးတယ်..နိုးနေတာလား"
နေ့..အမေးကိုအန်ကယ်ကမဖြေပဲ..မျက်ဝန်းတွေက
သူမအခန်းဆီရောက်သွားခဲ့ပြီး...
"သခင်လေး..တစ်ညလုံးအဲ့ဒီ့ကလေးမနဲ့..အတူ
ရှိနေတာလား..."
အန်ကယ်..ဘာကိုဆိုလိုတာလဲဆိုတာ..နေနားလည်သည်။
"ဟုတ်တယ်..ဒါပေမဲ့..အန်ကယ်ထင်သလိုမဟုတ်ဘူး..."
ဂျိမ်း..တစ်ခုခုထပ်ပြောရန်ပြင်လိုက်စဉ်..ဖြူဖျော့
နေသည့်..သခင်လေးရဲ့မျက်နှာကိုသတိထားလိုက်
မိတာမို့...
"သခင်လေး..နေမကောင်းဘူးလား...ထပ်ပြီး
ခေါင်းကိုက်ပြန်ပြီလား..."
အန်ကယ်ဂျိမ်း..စိုးရိမ်စွာမေးတော့..နေခေါင်းခါ
လိုက်ကာ....
"နည်းနည်းပါ..အန်ကယ်.."
ပြောနေရင်း..အန်ကယ့်ကိုကြည့်ကာနေခေါ်လိုက်သည်။
"ပြောပါ..သခင်လေး.."
"ကျွန်တော့်မှာ..အတိတ်မမေ့ခင်တုန်းက..ညီမတွေ
ဘာတွေများ..ရှိခဲ့လား..."
"ဗျာ..."
နေ့စကားကြောင့်..အန်ကယ်ဂျိမ်း..မျက်နှာကွက်
ခနဲပျက်သွားသည်။
"ဘာလို့အဲ့လိုမေးတာလဲ..သခင်လေးရဲ့..သခင်လေးက
သူဌေးကြီးရဲ့တစ်ဦးတည်းသောသားလေ..သခင်လေးမှာ
ညီအစ်ကိုမောင်နှမတွေမှမရှိတာပဲ.."
ဂျိမ်း..အတတ်နိုင်ဆုံးအမူအယာမပျက်အောင်ပြောရင်း
မျက်ဝန်းတွေကသခင်လေးကို..အကဲခတ်နေမိသည်။
"ဒါနဲ့..သခင်လေးကဘာလို့အဲ့လိုမေးတာလဲ..
မှတ်ညဏ်တစ်စွန်းတစပြန်ပေါ်လာလို့လား.."
"အဲ့လိုတော့လဲ..မဟုတ်ပါဘူး..ဒီအတိုင်းဘာမှန်း
မသိတဲ့ဝိုးတဝါးပုံရိပ်ပါပဲ..ထင်ယောင်ထင်မှား
ဖြစ်တာပဲနေမှာပါ..."
သခင်လေး..အဲ့လိုပြောမှ..ဂျိမ်း..သက်ပြင်းချ
နိုင်တော့သည်။
"ညက..ဂျပန်က..E-mailဝင်လာတယ်..နောက်လ
ထဲမှာကျင်းပမဲ့..လုပ်ငန်းရှင်များတွေ့ဆုံပွဲအတွက်ပါ"
"အင်း...အဲ့ဒီကိစ္စကို..နောက်မှ..ကျွန်တော်...
ကာနိုရှီ့ဆီ..ပြန်ဆက်သွယ်လိုက်မယ်..ဒီအတိုင်းဆို
နောက်လ..ဂျပန်ခရီးစဉ်သွားဖြစ်မယ်ထင်တယ်"
"ဟုတ်ကဲ့ပါ..သခင်လေး..."
"အစောကြီး..ရှိသေးတယ်..အန်ကယ်ပြန်နားလိုက်ပါ
ကျွန်တော်ခေါင်းမကြည်ဘူး..ပြန်နားမှဖြစ်လိမ့်မယ်"
နေ..ပြောပြီး..အခန်းထဲကိုဝင်လာခဲ့တော့သည်။
💞💞💞💞
ညက..အိပ်တာနောက်ကျတော့..အသင်အိပ်ယာထ
တာလဲနောက်ကျသည်။အလုပ်ပိတ်ရက်မို့သာ
တော်သေးသည်။မနက်စာစားဖို့အခန်းထဲကထွက်
လာခဲ့တော့..သူ့အခန်းရှေ့မှာ..ရပ်လိုက်မိပြန်သည်။
"သူညက..ငါ့ကိုအိပ်ယာရွေ့ပေးပြီး..ဘယ်အချိန်
အခန်းထဲကပြန်ထွက်သွားပါလိမ့်..သက်ရောသက်သာ
ရဲ့လားမသိဘူး..."
အသင်..တံခါးခေါက်ရန်လက်ရွယ်ပြီးကာမှ..
"မဖြစ်သေးပါဘူး..နေမကောင်းလို့ခုထိအိပ်နေသေးတယ်
ဆိုရင်..အနှောင့်အယှက်..ဖြစ်နေဦးမယ်.."
ကိုယ့်အတွေးနဲ့အောက်ထပ်ကိုဆင်းလာခဲ့ပြီး
ထမင်းစားခန်းထဲဝင်လာခဲ့သည်။
"မမလေး..နိုးလာပြီလား..."
"ဟုတ်..မေနွမ်း..."
"မနက်စာဘာသုံးဆောင်မလဲ..ကျွန်မဘာပြင်ပေး
ရမလဲ.."
အသင်..မေနွမ်းနားကိုလျောက်သွားလိုက်ရင်း.
"ကိုနေကုဋာရော..ဆင်းမလာဘူးလား.."
အသင်..မေနွမ်းကိုသူ့အခြေအနေသိရအောင်..အစ်
မေးလိုက်မိသည်။
"Bossကနေသိပ်မကောင်းဘူးထင််တယ်..မနက်က
ကော်ဖီအခန်းထဲလာပို့ပေးဖို့လှမ်းမှာလို့..ကျွန်မ
သွားပို့ပေးလိုက်ရတယ်..."
"သူက..အဲ့လိုပဲ..ခဏခဏ..နေမကောင်းဖြစ်နေကြလား"
"မဟုတ်ဘူး..bossဖျားတာနာတာမရှိသလောက်ပဲ
ဒါပထမဆုံးမြင်ဖူးတာ..."
"သူ့မှာမိသားစုတွေရောမရှိတော့ဘူးလားဟင်.."
"မင်းက..တော်တော်စပ်စုတာပဲ..ကလေးမရဲ့."
အနောက်ကနေကြားလိုက်ရတဲ့..ခက်ဆတ်ဆတ်
အသံကြောင့်...အသင်လှည့်ကြည့်လိုက်မိတော့
အန်ကယ်ဂျိမ်းဆိုတဲ့လူကြီးရဲ့..တည်တင်းနေတဲ့
မျက်နှာကိုမြင်လိုက်ရသည်။
"ဒီအိမ်မှာနေရင်..ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေကို
မစပ်စုရဘူးဆိုတာမသိဘူးလား..အထူးသဖြင့်
ကျုပ်တို့သခင်လေးက..မင်းသိချင်တိုင်းသိခွင့်ရမဲ့
လူမျိုးမဟုတ်ဘူး.."
လေသံမာမာနှင့်ပြောရင်းထိုလူကြီးကအသင့်နားကို
လျှောက်လာသည်။အန်ကယ်ဂျိမ်းဆိုတဲ့လူကြီးက..
သူ..အသင့်ကိုဒီစံအိမ်ကြီးပေါ်စခေါ်လာတဲ့နေ့ကတည်းက
မကြည်ဖြူတဲ့ပုံစံမျိုးဖြစ်နေတာကို.အသင်သတိထား
မိပါသည်။
"သူက..အသင့်ကိုခေါ်လာခဲ့တဲ့သူမို့..အသင်သူ့အကြောင်း
သိချင်မိတာ..ဘာများဆန်းနေလို့လဲအန်ကယ်.."
နဂိုထဲက..မဟုတ်မခံမာနလေးကရှိနေတာမို့အသင်
ပက်ခနဲပြန်ပြောလိုက်သည်။
"မမလေး.."
မေနွမ်းက..အသင့်လက်မောင်းကိုဟန့်တားသလို
ဝင်ဆွဲသည်။
"မင်းကိုယ်မင်း..အထင်ကြီးမနေနဲ့ကလေးမ..
သခင်လေးအကြောင်းကိုကျုပ်အသိဆုံး..ကျုပ်တို့
သခင်လေးတွဲလာခဲ့တဲ့မိန်းကလေးတွေမှ..လက်ချိုးရေ
လို့တောင်မကုန်နိုင်ဘူး..မင်းလဲသူ့အတွက်အသစ်အဆန်း
တစ်ခုလိုဖြစ်နေလို့..သူရိုးသွားတဲ့အခါကျရင်..မင်းလဲ
သူ့နားကနေသွားရမှာပဲ...အဲ့ဒါကြောင့်..ကျုပ်တို့
သခင်လေးနဲ့ရင်းရင်းနှီးနီးမနေပါနဲ့..မင်းမနစ်နာ
ချင်ရင်ပေါ့.."
"ရှင်..."
ထိုလူကြီးစကားကြောင့်အသင်ဒေါသချောင်းချောင်း
ထွက်သွားရသည်။ကြည့်စမ်းလူကြီးဖြစ်ပြီးလူကြီး.
စကားမပြောတာ..အသက်ကြီးနေလို့ပေါ့.မဟုတ်လို့
ကတော့...
အသင်..ဒေါသတွေကိုမြိုသိပ်ပြီးမကျေမနပ်ကြည့်
နေမိစဉ်..ထိုလူကြီးကမေနွမ်းကိုကြည့်၍
"မေနွမ်း..သခင်လေးထမင်းစားလို့မရဘူး..ဆန်ပြုတ်
ပြုတ်ပေးထားပါ.."
"ဟုတ်ကဲ့..အန်ကယ်ဂျိမ်း.."
ထိုလူကြီး..ထမင်းစားခန်းထဲကနေပြန်ထွက်သွားမှ
"အန်ကယ်ဂျိမ်း..ပြောတာကိုစိတ်ထဲမထားပါနဲ့
မမလေး..သူကbossရဲ့မိသားစုဝင်လိုမျိုး
ဖြစ်နေလို့...bossကိုစိုးရိမ်ပြီးပြောတာပါ..
bossက.ဘယ်မိန်းကလေးကိုမှ..စံအိမ်ကို
ခေါ်မလာဖူးဘူးလေ.."
မေနွမ်းကအသင့်ကိုရှင်းပြသလိုပြောသည်။
"ရပါတယ်..အသင်နားလည်ပါတယ်..ဒါနဲ့
သူထမင်းစားလို့မရဘူးဆိုရင်..ဖရုံသီးဆန်ပြုတ်လေး
ပြုတ်ပေးလိုက်ပါလားဟင်..အဲ့ဒါလေးကနေမကောင်းတဲ့
လူတွေအတွက်ကောင်းတယ်.."
"ဖရုံသီးဆန်ပြုတ်..."
"ဟုတ်တယ်လေ...ရွှေဖရုံသီးရှိတယ်မဟုတ်လား..
အသင်ကိုယ်တိုင်လုပ်ပေးမယ်..."
ထို့နောက်..အသင်..apronလေးဝတ်ဆင်လိုက်ပြီး
သူ့အတွက်ဆန်ပြုတ်ပြုတ်ပေးရန်ပြင်ဆင်လိုက်
တော့သည်။
💞💞💞💞💞
"ဒေါက်...ဒေါက်.."
အသင်..ဆန်ပြုတ်ပန်းကန်ထည့်ထားတဲ့..လင်ပန်း
ကိုင်ပြီး..သူ့အခန်းတံခါးကိုခောက်လိုက်သည်။ခဏနေတော့
"ကျွီ...."
အခန်းတံခါးပွင့်သွားပြီး..ဖုန်းပြောလက်စနှင့်သူက
ပေါ်လာသည်။
"ဟို..."
အသင်..လင်ပန်းလေးကိုသူ့ကိုလှမ်းပေးတော့
သူကအခန်းထဲဝင်ဆိုသည့်သဘောနှင့််မေးဆတ်ပြသည်။
"ဟင့်အင်း..."
အသင်..ခေါင်းခါတော့..သူကအသင့်လက်ကိုဆွဲကာ
အခန်းထဲထည့်ပြီး..တံခါးကိုပြန်ပိတ်လိုက်သည်။
ပြီးတော့..ဖုန်းပြောတာကိုလဲမပျက်ပဲအသင့့်လက်ကို
ဆွဲကာခေါ်လာသည်။နိုင်ငံခြားသားတစ်ယောက်နှင့်
ဖုန်းပြောနေဟန်တူသည့်သူ့ရဲ့အင်္ဂလိပ်စကားပြော
လေယူလေသိမ်းက..မိခင်ဘာသာကိုပြောနေသလိုမျိုး
ကျွမ်းကျင်ပိုင်နိုင်လွန်းလှသည်။
"Ok, see you around ...bye bye..."
သူကဖုန်းချလိုက်ပြီးတော့..အသင့်ကိုကြည့်ကာ
"ဘာတွေယူလာတာလဲ..."
"ရှင့်အတွက်..ဆန်ပြုတ်ပါ..."
နေ...စတီးလင်ဗန်းထဲက...ပန်းကန်လုံးထဲမှာရှိနေသည့်
ဝါပျစ်ပျစ်အရာတွေကိုကြည့်ကာ...
"ဆန်ပြုတ်ကဘာအရောင်ကြီးလဲ..."
"ဪ..ဒါကရွှေဖရုံသီးဆန်ပြုတ်လေ...အဲ့ဒါကြောင့်
ဒီလိုဖြစ်နေတာ..."
"ရွှေဖရုံသီးဆန်ပြုတ်ဟုတ်လား.."
"အင်း..သောက်ကြည့်..အရသာရှိတယ်..ရှင့်အတွက်
အသင်ကိုယ်တိုင်လုပ်လာတာ.."
"မင်းကိုယ်တိုင်လုပ်လာတာပေါ့လေ.."
နေ..ထပ်မေးလိုက်တော့သူမကအပြုံးလေးနှင့်
ခေါင်းငြိမ်ပြသည်။နေ..ဆန်ပြုတ်ပန်းကန်ကိုလှမ်းယူရင်း
မွေ့ယာပေါ်ထိုင်လိုက်တော့..သူမကစားပွဲဘေးက
ဆုံလည်ကုလားထိုင်လေးကိုဆွဲယူကာ..နေ့ရှေ့မှာ
ထိုင်သည်။
"ဘယ်လိုလဲ...သောက်လို့ကောင်းသားဟင်.."
"အင်း...အရသာရှိတယ်...စီးစီးလေးနဲ့ချိုလဲချိုတယ်
ပြီးတော့အရသာကကိုယ်နဲ့မစိမ်းဘူး...
မင်းကလက်ရာကောင်းသားပဲ...
နေ..ချီးကျူးလိုက်တော့..သူမကရယ်သည်။
"အသင်ငယ်ငယ်တုန်းကဆို..နေမကောင်းဖြစ်ရင်
အန်တီသွင်က...ဖရုံသီးဆန်ပြုတ်ကိုအမြဲလုပ်ကျွေးတယ်"
"အန်တီသွင်က..ဘယ်သူလဲ.."
"အသင့်..ဖေဖေရဲ့နောက်အိမ်ထောင်လေ..ဒါပေမဲ့..
အသင့်အတွက်..အမေရင်းလိုပဲ..အသင့်ကိုလဲ
အရမ်းချစ်တာ.."
"ဪ..."
"အသင်နဲ့ကိုကိုဆိုရင်..ဖရုံသီးဆန်ပြုတ်စားချင်ရင်
နေမကောင်းဖြစ်ချင်ယောင်ဆောင်ကြတာလေ...
ဟင်း..ဟင်း ...."
သူမက..သူမမိသားစုအကြောင်းတွေကိုပြောပြပြီး
မျက်နှာလေးကပြုံးရွှင်နေသည်။
"မင်းကြည့်ရတာ..အဲ့ဒီကိုကိုဆိုတဲ့လူကို...အရမ်း
ချစ်ပုံပဲ..ပါးစပ်ဖျားကကိုမချဘူးနော်.."
"ချစ်တာပေါ့..ကိုကိုက..အသင့်ဘဝမှာ..အသင့်မိဘတွေ
ကလွဲရင်...အချစ်ရဆုံးသူပဲ..."
ရွဲ့မေးလို့မေးမှန်းမသိ...သူမက..ဝမ်းသာအားရ
ဖြေသည်။နေ..စိတ်ထဲနည်းနည်းခံရခက်သွားသည်။
နေ့ရှေ့မှာ..တခြားယောကျာၤးတစ်ယောက်အကြောင်းကို
ပြောပြီး..ပြုံးရယ်နေတဲ့သူမကိုကြည့်ရတာ..နေ..
မနှစ်မြို့သလိုခံစားနေရသည်။
"ချလွမ်..."
ဆန်ပြုတ်ပန်းကန်ကို..စားပွဲပေါ်အသံမြည်အောင်
လှမ်းတင်လိုက်တော့...
"တော်ပြီလားဟင်...နည်းနည်းပဲသောက်ရသေးတာကို"
"တော်ပြီ..ရင်ပြည့်သွားပြီ..."
"ရှင်က..သိပ်လဲမသောက်နိုင်ဘူး..ကိုကိုဆိုရင်လေ
ဖရုံသီးဆန်ပြုတ်ဆို..ဒီလိုပန်ကန်နှစ်လုံးလောက်က
အသာလေးပဲ..ကိုကိုက...အမေ့....."
စကားပင်မဆုံးလိုက်...သူကအသင်ထိုင်နေတဲ့
ခုံလေးကို..ဆောင့်ဆွဲလိုက်တာမို့..အသင်သူ့ရှေ့ကို
နီးကပ်သွားရသည်။
"တစ်ချိန်လုံး...ကိုကို...ကိုကို...ကိုကိုနဲ့..မမော
သေးဘူးလား..."
မျက်နှာတည်တည်နှင့်..ပြောလိုက်တဲ့သူ့ကိုကြည့်ပြီး
အသင်..ကြောင်သွားရသည်။သူ့မျက်ဝန်းတွေက
တစ်ခုခုကိုအလိုမကျနေသလို...
"ရှင်..သက်သာရဲ့လားဟင်..."
အသင်..စကားမရှိ..စကားရှာလိုက်မိသည်။
"အစကတော့..သက်သာတယ်..ဒါပေမဲ့..အလိုက်
မသိတဲ့မင်းကြောင့်..ခေါင်းပိုကိုက်သွားပြီ..."
"အသင်...ဘာလုပ်လို့လဲ..."
နူတ်ခမ်းထော်ပြီး...ခေါင်းငုံ့သွားပုံက..ဘဲပေါက်လေး
နှင့်တူသည်။နေ..သူမကိုကြည့်ပြီးအသည်းယားသွား
ရသည်။ထိုစဉ်...
"တူ...တူ..တူ..."
ဖုန်းမြည်သံကိုကြားလိုက်တော့..သူမရဲ့မျက်နှာက
ထွက်ပေါက်ရှာတွေ့သွားသူလို...
"အရေးကြီးဖုန်းဖြစ်မယ်..ကိုင်လိုက်ဦးလေ.."
နေ..ဖုန်းကိုလှမ်းယူလိုက်တာနှင့်..သူမကဆတ်ခနဲ
ထသွားသည်။
"ဟူး..တော်ပါသေးရဲ့.."
ကယ်တင်ရှင်ဖုန်းသံကြောင့်အသင်သက်ပြင်းချနိုင်
တော့သည်။ခပ်သုတ်သုတ်လျှောက်လာရင်း .အခန်း
တံခါးကိုဖွင့်ရန်ပြင်လိုက်စဉ်...
"အမလေး.."
ပခုံးလေးကနေဆွဲလှည့်ခံလိုက်ရပြီး.ကျောပြင်နှင့်
အခန်းတံခါးကိုဖိကပ်နေအောင်...သူကအသင့်ကို
တွန်းပစ်လိုက်သည်။ပြီးတော့..အသင့်မျက်နှာနားကို
လက်ထောက်ရင်းသူကငုံ့ကြည့်သည်။
"မင်းကို..ဘယ်သူက..သွားလို့ရပြီလို့ပြောနေလို့လဲ.."
"မသွားလို့..အသင်က..ဘာလုပ်ပေးရဦးမှာလဲ.."
သူမကမျက်နှာလေးကိုခပ်လွဲလွဲလုပ်ပြီး..မကျေမနပ်.
အသံလေးနှင့်..မေးသည်။နေ..သူမရဲ့နူတ်ခမ်းသား
ပြည့်ပြည့်လေးတွေကိုလက်မနှင့်ဖိပွတ်လိုက်ရင်း
"ကိုယ့်ကို..စိတ်ရူပ်အောင်..တစ်ချိန်လုံး..ကိုကို..ကိုကို
လုပ်နေတဲ့မင်းကိုအပြစ်ပေးမလို့.."
ပြောရင်း...မေးဖျားလေးကနေကိုင်ကာ..တင်းတင်း
စေ့ထားတဲ့နူတ်ခမ်းနူတ်လွှာကိုပွင့်ဟစေလိုက်ပြီး.
"အွင့်...."
ပွင့်ဟသွားတဲ့နူတ်ခမ်းလွှာလေးတွေကို..တစ်လွှာချင်း
ကြမ်းရှစွာစုပ်နမ်းနေမိသည်။သူမက..ထုံးစံအတိုင်း
နေ့ကိုတွန်းထိုးရုန်းကန်နေတုန်းပင်..နေ..သူမ
လက်နှစ်ဖက်ကို..တံခါးမှာတစ်ဖက်တစ်ချက်စီ
ကပ်၍..ချုပ်ထားရင်း..ကြမ်းရှနေတဲ့အနမ်းတွေက
နူတ်ခမ်းတွေထက်မှာတင်မရပ်တန့်နိုင်ပဲ..လည်တိုင်
ကျော့လေးကိုပါ..စုပ်နမ်းနေမိသည်။
"ဟင့်အင်း..တော်ပါတော့..မလုပ်နဲ့...အ.."
နေ့ကြောင့်..နာကျင်သွားတဲ့...သူမထံငြီးငြူသံ
လေးထွက်လာမှ...နေ...အသိပြန်ဝင်လာခဲ့ရင်း..
သူမလက်တွေကိုလွတ်ပေးလိုက်ပေမဲ့..နေ့ကြောင့်
နီရဲတွက်သွားတဲ့...နူတ်ခမ်းသားလေးတွေနှင့်သူမရဲ့
မျက်နှာလေးကို..မေးဖျားလေးကနေဆွဲမော့လိုက်ကာ..
"နားထောင်..ကိုယ့်ရှေ့မှာ...တခြားတစ်ယောက်ကို
အလေးထားပြတာကိုယ်မကြိုက်ဘူး..မင်းက
ကိုယ့်အတွက်ပဲ..မင်းရဲ့ပထမဆုံးအနမ်းကိုလဲ
ကိုယ်ပဲရခဲ့တာ..မင်းလည်တိုင်မှာအမှတ်အသားလုပ်ခွင့်.
ရတဲ့သူကလဲ..ကိုယ်ပဲ..မင်းရဲ့ခန္တာကိုယ်ကိုပထမဆုံး
ထိတွေ့ခွင့်ရတဲ့လူကလဲကိုယ်ပဲ...နောက်လဲ..မင်းရဲ့.
ပထမဆုံးဆိုတဲ့အရာတွေကိုပိုင်ဆိုင်ခွင့်ရတဲ့လူကလဲ
ကိုယ်ပဲဖြစ်ရမယ်.."
ရီဝေတဲ့မျက်ဝန်းတွေနှင့်...သူ့ကိုကြည့်ကာ
အသင်ဘာစကားမှမပြောနိုင်အောင်ဖြစ်နေရပြီး...
💞💞💞💞
အပိုင်း(၁၃)မျှော်