💞စေတန်ရဲ့သတို့သမီး💞
💞💞💞💞
အနီရောင်ပြိုင်ကားလှလှလေးကို..ဂျာနယ်တိုက်
အဆောက်အဦးရဲ့ကားပါကင်ထဲသို့..အသင်ကျွမ်းကျင်
စွာပါကင်ထိုးလိုက်သည်။တစ်ခါတလေ..အလုပ်
ကိစ္စအရေးကြီးရင်..ဂျာနယ်တိုက်ကကားကိုယူသုံး
ရတာမို့..အသင်ကားကိုကျွမ်းကျွမ်းကျင်ကျင်
မောင်းတတ်သလို..လိုင်စင်လဲရှိသည်လေ...
"ဟိုက်ဘော့စ်.. တစ်ယောက်လုံးနဲ့တွဲနေတော့လဲ
နောက်ဆုံးပေါ်ကားနဲ့တောင်..အလုပ်ကိုလာနိုင်တယ်ပေါ့"
ခနဲ့တဲ့တဲ့အသံကြောင့်..အသက်ခြေလှမ်းတွေ
ရပ်သွားရသည်။လှည့်မကြည့်ပေမဲ့..ရွှေရုပ်လွှာ
မှန်းသိပြီးသား...
"နင်...အရှက်မရှိတာ..တော်ရုံတန်ရုံမဟုတ်ဘူးနော်
အင်္သချေ..."
ဒေါက်ဖိနပ်သံတခွပ်ခွပ်နှင့်အတူ..သူမကအသင့်
ရှေ့ကိုရောက်လာပြီးပြောသည်။
"ဘာလဲ..ငါ့ကိုဘာတွေဇယားလာကပ်နေတာလဲ..
ဖယ်.."
"ငါနင်နဲ့အတူတူ...အလုပ်လုပ်နေရတာကိုတစ်ကယ်
ရှက်တယ်..."
"အဲ့ဒါဆိုလဲနင်အလုပ်ထွက်လိုက်ပေါ့..."
"ထွက်ချင်းထွက်နင်ထွက်ရမှာ..."
ရွှေရုပ်လွှာက..ဒေါသတွေကိုထိန်းချုပ်ထားရသလို
အဲကြိတ်သံနှင့်ပြောသည်။
"ဘယ်လိုနည်းလမ်းတွေများသုံးပြီး..နေကုဋာကို
အချိန်တိုအတွင်းမှာနင်စည်းရုံးလိုက်တာလဲဆိုတာ
ငါတစ်ကယ်နားမလည်တော့ဘူး..ဘာလဲ..နင်
သူ့ရဲ့ကုတင်ပေါ်အထိရောက်ပြီးသွားပြီမဟုတ်လား"
"ဘာ..."
စော်ကားလွန်းနေသောစကားကြောင့်..မခံချင်မာန
တို့ကပွက်ပွက်ဆူလာသည်။စိတ်ထိန်း..အသင်..
ဒီနေရာမှာဒေါသထွက်ရင်..အရူံးပဲ..ကိုယ့်ကိုကိုယ်
သတိပေးလိုက်ရင်း...
"အဟွန့်..."
အသံထွက်အောင်မဲ့ရယ်လိုက်ရင်း..သူမရပ်နေသလို
လက်ပိုက်ကာ..ခပ်ထေ့ထေ့ပြုံးလိုက်သည်။
"နင်အသုံးပြုနေကျနည်းလမ်းတွေနဲ့..ငါ့ကိုလာပြီး
မစွပ်စွဲနေနဲ့..ရွှေရုပ်လွှာ..."
"နင်..ဘာပြောတယ်.."
ရွှေရုပ်လွှာဒေါသတကြီး..ရူးရူးရှားရှားဖြစ်သွားသည်။
ကိုယ့်အလှည့်ကြတော့..နာတတ်နေလိုက်တာ..
အသင်..ခပ်ချဉ်ချဉ်တွေးလိုက်ရင်း
"နေကုဋာကနင်ပြောသလို..မြူဆွယ်တိုင်းပါမဲ့
လူလို့ထင်ရင်...နင်ကိုယ်တိုင်..သူ့ရဲ့ကုတင်ပေါ်
တက်ပြီးဆွဲဆောင်ကြည့်ပါလား..."
အသင်..ခပ်ရိုင်းရိုင်းပင်တုံ့ပြန်လိုက်သည်။ဒီလို
မိန်းမမျိုးတွေက...ဒါနဲ့မှတန်တာ...
"နင်...နင်..."
သူမက..အသင်ကိုလက်ညိုးတစ်ထိုးထိုးနှင့့်..
ဒေါသတကြီးဖြစ်နေသည်။
"နင်တစ်ခုမှတ်ထားလိုက်..အင်္သချေဆိုတဲ့ငါက..
ကိုယ်မှန်တယ်ထင်ရင်..ဘာကိုမှဂရုမစိုက်ဘူး..
နားလည်ပါတယ်နော်..."
စကားကိုအနိုင်ပိုင်းဆိုရင်း..အသင်ကြွကြွလေး
လှမ်းထွက်လာခဲ့သည်။အနောက်မှာ..ရွှေရုပ်ရဲ့
မျက်နှာ..ဘယ်လိုဖြစ်ကျန်ခဲ့ပြီလဲတွေးကြည့်စရာမလို
အသင်..ကျေနပ်စွာပြုံးလိုက်မိရင်း...
"မှတ်ထား..နောက်တစ်ခါငါ့ကိုထပ်ပြီးထိကြည့်လိုက်"
💞💞💞💞
"မကြာခင်မှာ..ကျရောက်လာမဲ့..၁၀နှစ်ပြည့်အထူးထုတ်
အတွက်..အားလုံးအင်တိုက်အားတိုက်ကြိုးစားပေး
ကြပါ.."
Meetingခန်းထဲမှာ..အစည်းအဝေးပြီးတော့...
အယ်ဒီတာချုပ်က..အဆုံးသတ်စကားကိုပြောသည်။
"ရွှေရုပ်လွှာ.."
"ရှင်...မမ..."
"အောင်မြင်သူတို့စကား..ကဏ္႑အတွက်.အင်တာဗျူး
ဖို့..နိဒါန်းသစ်နဲ့ဒီနေ့သွားပြီး..ဆွေးနွေးရမှာနော်.."
"ဟို..ရွှေရုပ်..သွားနိုင်တော့မယ်မထင်ဘူး..မမ"
"ဘာဖြစ်လို့လဲ.."
"ရွှေရုပ်နေမကောင်းလို့..ဗိုက်တော်တော်အောင့်နေတယ်"
အရှေ့တည့်တည့်မှာထိုင်နေတဲ့..ဆေးဆိုးပန်းရိုက်
မျက်နှာနှင့်..overများနေသော..မိန်းမကိုကြည့်ကာ
အသင်..ခေါင်းခါလိုက်မိသည်။
"မင်းမသွားနိုင်ရင်..ဘယ်သူ့ကိုသွားခိုင်းရမှာလဲ.."
ထိုအခါ..မခိုးမခန့်အပြုံးနှင့်..ရွှေရုပ်လွှာရဲ့အကြည့်က
အသင့်ဆီရောက်လာကာ...
"အင်္သချေရှိတယ်လေ..မမရဲ့..သူကသူဌေးေတွနဲ့
ပေါင်းသင်းဆက်ဆံတဲ့နေရာမှာပိုပြီးတော်တယ်
မဟုတ်လား.."
ထိုအခါ...Meetingခန်းထဲကလူတွေအားလုံးက
အသင့်ကိုဝိုင်းကြည့်လာကြသည်။
"ဒီမိန်းမတော့.."
အသင့်နားမှာထိုင်နေတဲ့..ကြည်နူးကမကျေမနပ်နှင့်
ထရပ်ရန်ပြင်တော့.. အသင်..လက်ကိုပြန်ဆွဲထား
လိုက်ရသည်။
"ဒါ..နင့်ကိုသက်သက်..ဖဲ့တာ.."
"ထားလိုက်ကြည်နူး..."
အသင်..ကြည်နူးကိုခေါင်းယမ်းပြပြီး..အယ်ဒီတာ့ကို
ကြည့်ကာ..
"အသင်..သွားပေးပါ့မယ်..မမ..."
"အင်းလေ..ဒါဆိုလဲ..နိဒါန်းသစ်နဲ့ပြေလည်အောင်
သေချာလေးဆွေးနွေးလာခဲ့ပါ..အင်္သချေ..."
"ဟုတ်ကဲ့ပါ..မမ..."
💞💞💞💞
Golden Palace
ခမ်းနားထည်ဝါလှတဲ့..ကုမ္မဏီအဆောက်အဦးကြီး
ထဲသို့...အသင်ရောက်နေခဲ့သည်။လူပေါင်းများစွာ
သွားလာလူပ်ရှားနေသော..ဟောခန်းကျယ်ကြီးထဲ.
အသင်..ဧည့်ကြိုကောင်တာကိုပဲ..တန်းတန်းမတ်မတ်
လျှောက်သွားလိုက်သည်။
"မင်္ဂလာပါ..ဘာများအကူအညီပေးရမလဲရှင်.."
အသင်..ဝန်ထမ်းကဒ်လေးကို..ထုတ်ပြလိုက်ရင်း
"ကျွန်မ..New Star ဂျာနယ်တိုက်ကသတင်းထောက်ပါ
ဒီက..သူဌေး..ကိုနိဒါန်းသစ်နဲ့..အင်တာဗျုးအတွက်
ဆွေးနွေးဖို့ချိန်းထားလို့်ပါရှင်.."
"ဟုတ်ကဲ့..ခဏနော်.."
ဝန်ထမ်း..မိန်းကလေးက..ဖုန်းကိုကောက်ယူကာ
ဆက်လိုက်သည်။ပြီးတော့..အသင့်ကိုကြည့်ကာ
"အတွင်းရေမှူး..ရုံးခန်းကိုအကြောင်းကြားထား
ပါတယ်နော်..သူဌေးက..အခုအရေးပေါ်..Meeting
လုပ်နေလို့..ခဏနေပြန်ဆက်သွယ်လိုက်မယ်လို့
ပြောပါတယ်.."
"ဪ..ဟုတ်ကဲ့.."
"ဟိုမှာ..ခဏထိုင်စောင့်ပေးပါနော်.."
ထိုမိန်းကလေးညွှန်ပြသည့်..ဆိုဖာပေါ်မှာ..အသင်
ထိုင်စောင့်နေလိုက်ပြီး..
💞💞💞
ခဏဆိုတဲ့...အချိန်က..၃နာရီလောက်ကြာသွား
ခဲ့သည်။၁နာရီတောင်ထိုးနေပြီမို့..ဗိုက်ဆာတာ
အူပင်ခေါက်နေပြီ..ခုနကတစ်ခေါက်သွားမေးထား
တုန်းကလဲ..သူဌေးအရေးကြီးဧည့်သည်တွေ့နေလို့တဲ့
"ငါတို့..ဂျာနယ်တိုက်နဲ့..ချိန်းထားတာရော..သတိ
ရသေးရဲ့လားမသိဘူး.."
အသင်ထိုင်ရာကနေထကာ..ကောင်တာနားကို
နောက်တစ်ခေါက်ထပ်သွားလိုက်သည်၊
"ဒီမှာ..ရှင်တို့သူဌေးကို..ထပ်ပြီးအကြောင်းကြား
ပေးနိုင်မလား..ကျွန်မသူနဲ့တွေ့ရဖို့စောင့်နေတာ
၃နာရီလောက်ရှိပါပြီ.."
ထိုအခါမှအသင့်ကို..မှတ်မိနေတဲ့ဝန်ထမ်းမလေး
ကအားနာသွားဟန်နှင့်ဖုန်းကိုထပ်ဆက်သည်။
"ရှင်..ဟုတ်ကဲ့..ဟုတ်..ပြောလိုက်ပါ့မယ်.."
သူမက..ဖုန်းချလိုက်ပြီး..အသင့်ကိုအားနာသလို
ကြည့်ကာ..
"စိတ်မရှိပါနဲ့ရှင်...သူဌေးက..အရေးတကြီးသွားစရာ
ရှိလို့..ချိန်းထားတာကိုဖျက်လိုက်ပါတယ်တဲ့.."
"ရှင်.."
အသင်..ဒေါသထောင်းခနဲထွက်သွားရသည်။ဒါ..
၃နာရီလောက်ထိုင်စောင့်နေရတဲ့..ရလာဒ်လား..
"ဟော..သူဌေးထွက်လာပြီ.."
ထိုစဉ်..ဝန်ထမ်းကောင်မလေးတစ်ယောက်ရဲ့
အသံကြောင့်..အသင်..လှမ်းကြည့်လိုက်တော့..
VIPဓာတ်လှေကားထဲကနေ..လူတစ်ချို့ခြံရံပြီး
ထွက်လာတဲ့..နိဒါန်းသစ်...
"တောက်.."
အသင်..ဒေါသတကြီးတောက်ခေါက်လိုက်မိကာ
ခြေလှမ်းတွေကသူ့ဆီဦးတည်သွားလိုက်ရင်း..
💞💞💞💞
"ခဏနေပါဦး..ကိုနိဒါန်းသစ်"
ရုတ်တရပ်သွားနေတဲ့လမ်းမှာ..လက်နှစ်ဖက်ဆန့်ကာ
ပိတ်ရပ်လိုက်တဲ့..မိန်းကလေးတစ်ယောက်ကြောင့်
နိဒါန်းခြေလှမ်းတွေရပ်တန့်သွားရသည်။
"မင်း..ဘယ်သူလဲ.."
"ကျွန်မနာမည်..အင်္သချေပါ..ရှင်နဲ့အင်တာဗျူးဖို့
ပြောထားတဲ့..New Star ဂျာနယ်တိုက်ကပါ"
"ဒီနေ့..ချိန်းထားတာတွေအားလုံးဖျက်လိုက်တယ်လို့
ကိုယ်ပြောထားတယ်မဟုတ်လား..ပုလဲဖြူ"
မျက်ဝန်းတွေကအသင့်ကိုကြည့်နေသော်လဲ..
မေးခွန်းက..သူ့ဘေးမှာရပ်နေသည့်အတွင်းရေးမှူးကို
မေးလိုက်တာဖြစ်သည်။
"ဟုတ်ပါတယ်..သူဌေး..ပုလဲပြောပြီးပါပြီ"
"ဒါဆို..ဒီမိန်းကလေးက...ဘာလဲ.."
ဒေါသသံအနည်းငယ်ပါလာသောသူ့ကြောင့်..
သူ့အတွင်းရေးမှူး..ခေါင်းငုံ့သွားသည်။
"ကျွန်မဒီမှာ..ရှင်နဲ့တွေ့ရဖို့စောင့်နေတာ..၃နာရီ
လောက်ရှိနေပါပြီ..."
"တောင်းပန်ပါတယ်..မိန်းကလေး..သူဌေးက..အခု
အရေးတကြီးသွားစရာ ရှိနေလို့ပါ..နောက်နေ့မှ
ပြန်လာခဲ့ပါ.."
သူဒေါသထွက်နေတာကိုသိသောအတွင်းရေးမှူးက
အသင့်..နားရောက်လာ..တွန်းဖယ်ရင်းပြောသည်။
အသင်..သူမလက်တွေကိုဖယ်ရှားလိုက်ရင်း
"လူတစ်ယောက်က..တစ်နေ့ကို၂၄နာရီပိုင်တာချင်း
အတူတူ..ဘာလို့ရှင်တို့အချိန်တွေကပဲ..တန်ဖိုး
ရှိတယ်လို့ထင်နေရတာလဲ..ကျွန်မလဲ..ကျွန်မအချိန်
တွေကိုအကုန်ခံပြီး..ရှင့်ကိုစောင့်နေခဲ့တာ..ဒီအချိန်ထိ
ရေတစ်ခွက်တောင်မသောက်ရသေးဘူး..အစထဲက
အချိန်မပေးနိုင်ရင်လဲ..ဘာလို့ချိန်းထားသေးလဲ"
အရှေ့မှာ..ဒေါသတကြီးဟန်လေးနှင့်ရန်တွေ့
နေသည့်ကောင်မလေးကိုကြည့်နေရင်း..နိဒါန်း
ရယ်ချင်မိသွားရသည်။တော်တော်စွာတဲ့သတင်းထောက်ပဲ..
"ရှင်..ကျွန်မကို..ဒီနေ့အချိန်ပေးကိုပေးရလိ်မ့်မယ်
ကျွန်မရဲ့တန်ဖိုးရှိတဲ့အချိန်တွေ၃နာရီလောက်
ကုန်ခဲ့ရတဲ့အတွက်..."
အသင်..စိတ်တိုတိုနှင့်ပြောလိုက်မိသည်။ထိုအခါ
သူက..အသင့်ရှေ့ကိုလျှောက်လာပြီး..ခြေစုံရပ်ကာ
အသင့်ကိုငုံ့ကြည့်သည်။
"မင်းနာမည်..အင်္သချေနော်..ကိုယ်မှတ်ထားလိုက်ပြီ
ကိုယ့်ကို..ဒီလိုအမိန့်ပေးရဲတဲ့မိန်းကလေးက..မင်း
ပထမဆုံးပဲ..ကိုယ်ဒီနေ့တစ်ကယ်အရေးကြီးကိစ္စ
ရှိနေတယ်..အင်တာဗျုးကိစ္စကိုတော့..နောက်မှ
ဆက်သွယ်လိုက်မယ်..Ok..."
အဆုံးသတ်စကားကိုဆိုပြီး..သူကအသင့်ကို
ြ့ပုံးကြည့်ကာ..နောက်ပါလူတစ်ချို့နဲ့ထွက်သွား၏။
အသင်ထို..နေရာမှာခြေစုံရပ်ကျန်နေခဲ့ရသည်။
"ကျစ်..တစ်ကယ်ပါပဲ..တစ်ခါထဲပြီးရမဲ့ဟာ..
မပြီးနိုင်ဘူး..."
စိတ်ပျက်စွာရေရွတ်လိုက်မိရင်း..ဟာနေတဲ့ဝမ်းဗိုက်ကို
ဖြည့်ရန်..အမြန်ပြန်ထွက်လာခဲ့တော့သည်။
💞💞💞💞
."အဲ့တော့..အန်ကယ်ပြောချင်တာဘာလဲ..ရှင်းရှင်း
လင်းလင်းပြောပါ..ကွေ့ဝိုက်နေတာတွေကျွန်တော်
မကြိုက်မှန်းသိသားနဲ့.."
မေးခွန်းနဲ့အတူ...နေ့ရဲ့အကြည့်တွေက..lattopဆီက
ကျော်ပြီး...အရှေ့မှာရပ်နေသည့်..အန်ကယ်ဂျိမ်းဆီ
ရောက်သွားသည်။
"ကျွန်တော်က..သခင်လေးအတွက်စိုးရိမ်လို့ပါ..
သူက..သတင်းထောက်တစ်ယောက်မဟုတ်လား..
ဒီအိမ်မှာနေပြီး..သူကသခင်လေးရဲ့အကြောင်း
တွေကိုစုံစမ်းလာခဲ့မယ်ဆိုရင်..သခင်လေးအတွက်
မကောင်းနိုင်ဘူး.."
"အန်ကယ်..စိုးရိမ်တာကို..ကျွန်တော်နားလည်ပါတယ်
ဒါပေမဲ့..အဲ့လိုကိစ္စတွေကဖြစ်မလာနိုင်လို့စိတ်
မပူပါနဲ့..."
"သခင်လေး...ဘာလို့အဲ့လောက်တောင်ယုံကြည်
နေရတာလဲ..အဲ့ဒီမိန်းကလေးရဲ့မျက်ဝန်းတွေက
အရာရာကိုစူးစမ်းသိမြင်လိုတဲ့မျက်ဝန်းတွေ..သူက..
သခင်လေးရဲ့လျို့ဝှက်ချက်တွေကိုလဲသိဖို့ကြိုးစား
လာမှာပဲ.."
"အန်ကယ်ဂျိမ်း.."
ဟန့်တားသလိုခေါ်ရင်း..နေထရပ်လိုက်သည်။
"သူက..မိန်းမငယ်လေးတစ်ယောက်ပါ..ကျွန်တော့်
အကြောင်းတွေကို..သူသိသွားတယ်ပဲထားအုံး
သူကကျွန်တော်ကိုဘာလုပ်နိုင်မှာမို့လို့လဲ.."
နေ....အန်ကယ်ဂျိမ်းနားကိုလျှောက်သွားရင်းပခုံးကို
ပုတ်လိုက်ကာ...
"အင်္သချေ့အပေါ်..သံသယမဝင်ပါနဲ့..သူကကျွန်တော့်ကို
ဒုက္ခပေးမဲ့သူမဟုတ်ဘူး...အရေးမပါတဲ့စိုးရိမ်မူ့
တွေနဲ့..ကိုယ့်စိတ်ကိုယ်ဒုက္ခမပေးပါနဲ့.."
ပေါ့ပေါ့ပါးပါး ပြောရင်း..သခင်လေးက..အလုပ်ခန်း
ထဲကနေထွက်သွားသည်။
"သခင်လေးက..အဲ့ဒီ့မိန်းကလေးအပေါ်အကြွင်းမဲ့
ယုံကြည်နေတာပါလား..."
ဘယ်သူ့ကိုမှလွယ်လွယ်နဲ့မယုံကြည်တတ်တဲ့
သခင်လေးက..အချိန်တိုလေးအတွင်းမှာ..
အင်္သချေဆိုတဲ့မိန်းကလေးအပေါ်...ဒီလိုတောင်
သဘောထားနိုင်ပြီတဲ့လား....
"ဟင်း..."
ဂျိမ်း..သက်ပြင်းတစ်ချက်ကို..ခပ်ကြိတ်ကြိတ်
ရိူက်လိုက်မိပြန်ရင်း
💞💞💞
နေ...သူမရဲ့အခန်းထဲကိုဝင်လာတော့သူမကိုမတွေ့..
"ဟော.."
ရေချိုးခန်းရှေ့မှာ..ပြန့်ကြဲနေပြန်တဲ့သူမရဲ့အဝတ်အစား
တွေကြောင့်..နေ..မျက်မှောင်ကြုတ်သွားရပြန်သည်။
ရေချိုးခန်းထဲမှာ..ရေသံခပ်သဲ့သဲ့ကြားနေရသည်။
"အိပ်ခါနီးမှရေချိုးနေပြန်ပြီ...ဒီကောင်မလေးကတော့.."
နေ...သူမအဝတ်အစားတွေကိုကောက်ယူပြီး..
မှန်တင်ခုံရှေ့က...ထိုင်ခုံပေါ်လှမ်းတင်လိုက်သည်။
"မိန်းမပီသလိုက်ပုံများ..အဝတ်အစားချွတ်တာက
အစ..စည်းကမ်းရှိနေတာပဲ.."
တစ်ကိုယ်တည်းရေရွတ်လိုက်မိရင်း..ကုတင်နား
လျောက်သွားကာမွေ့ယာပေါ်ထိုင်လိုက်မိသည်။
"ကလေးလဲ..မဟုတ်ပဲ..ဒီလိုစာအုပ်တွေကဖတ်
တာပဲလား.."
စားပွဲပေါ်မှာအစီအရီရှိနေတဲ့နိုင်ငံခြားဘာသာပြန်
ပုံပြင်စာအုပ်တွေကိုကြည့်ပြီးနေရယ်လိုက်မိသည်။
တိုက်ခန်းပေါ်ကဆင်းလာတာ..သူမကပစ္စည်းတွေ
သိပ်များများစားစားလဲမပါလာ..
"တစ်ရက်လောက်..သူနဲ့အတူ..ဈေးဝယ်ထွက်မှပဲ"
အတွေးနဲ့..မျက်ဝန်းတွေက..စားပွဲပေါ်မှာရှိနေသည့်
မဟော်ဂနီရောင်တောက်နေသည့်..လေးထောင့်
သေတ္တာလေးဆီရောက်သွားရသည်။
"ဒါက..ဘာလဲ.."
နေ...သေတ္တာလေးကိုလှမ်းယူကာဖွင့်ကြည့်လိုက်သည်။
"တွိင်..."
အဖုံးပွင့်သွားတာနှင့်..စပရိန်နှင့်ကန်ထားတဲ့စုံတွဲရုပ်
လေးကကန်ထွက်လာသည်။
"Music Boxလေးပဲ..ဒီအရွယ်ပဲရောက်နေပြီ
ဒါနဲ့ဆော့တုန်းလား"
သဘောကျစွာရေရွတ်လိုက်ရင်း..ခလုတ်လေးကို
နှိပ်လိုက်ရာ..အရုပ်လေးကချာချာလည်သွားခဲ့ပြီး..
"🎵🎵🎵🎵🎵"
"အား.."
လည်နေတဲ့အရုပ်လေးနဲ့အတူ..ငြိမ့်ငြောင်းသော
သံစဉ်လေးကိုပါကြားလိုက်ရတဲ့ခဏ..နေ့ခေါင်းကို
သံချောင်းတစ်ခုနဲ့ထိုးစိုက်လိုက်သလို...နာကျင်
သွားရသည်။
"ကိုကို..."
မပီမပြင်ဝိုးတဝါးပုံရိပ်လေးတစ်ခုနဲ့အတူ..ခေါ်သံသဲ့သဲ့
လေးကပါ..အာရုံထဲပေါ်လာခဲ့သည်။
"ခွပ်...ဒုန်း.."
လက်ထဲက..သံစဉ်သေတ္တာလေးလွတ်ကျသွားပြီး
နေဒယီးဒယိုင်ထရပ်လိုက်တော့..ခေါင်းထဲချာချာ
လည်အောင်..မူးဝေလာရကာ..လဲမကျသွားအောင်
ကိုယ့်ကိုကိုယ်ထိန်းလိုက်ရသည်။
"ဟင်..ကိုနေကုဋာ "
အသင်..ရေချိုးခန်းထဲကပြန်ထွက်လာတော့..
ကုတင်နားမှာ...ခေါင်းကိုလက်နှင့်အုပ်ကိုင်ရင်း
ဒယီးဒယိုင် ဖြစ်နေတဲ့သူ့ကိုလှမ်းမြင်လိုက်တာမို့..
တဘက်ကိုရင်လျားထားတဲ့အတိုင်းနှင့်..သူ့နားကို
အမြန်ပြေးသွားလိုက်မိသည်။
"ရှင်..ဘာဖြစ်တာလဲ..ဘာဖြစ်လို့လဲ.."
"ကိုယ်..ခေါင်းတွေအရမ်းကိုက်နေတယ်..အ.."
ပြောနေရင်း..သူကမျက်ဝန်းတွေမှိတ်ကာ..ငြီးငြူ
လိုက်ပြန်သည်။
"လာ...ရှင်..ခဏလောက်လှဲနေလိုက်..."
အသင်...ပြုတ်ကျနေတဲ့သံစဉ်သေတ္တာလေးကို
ကောက်တင်လိုက်ရင်း..သူ့ကိုတွဲကာမွေ့ယာပေါ်လှဲစေ
လိုက်သည်။
"ရှင်..ခေါင်းအရမ်းကိုက်နေလား..အသင်ဘာလုပ်
ပေးရမလဲဟင်...ဟို..လူခေါ်လိုက်ရမလား.."
အသင်..ခြေမကိုင်မိလက်မကိုင်မိနှင့်ဘာလုပ်ရမလဲ
မသိဖြစ်နေရသည်။သူကလက်နှင့်ခေါင်းကိုဖိကိုင်
ထားရင်းမျက်လုံးတွေကိုမှိတ်ကာခေါင်းခါသည်။
အသင်..သူ့မျက်နှာကချွေးစေးတွေကိုလက်နှင့်
သုတ်ပေးလိုက်သည်။
"ရှင်..ချွေးစေးတွေအရမ်းပြန်နေတာပဲ..ရှင်က
ဒီလိုပဲခေါင်းခဏခဏကိုက်တတ်တာလား.."
အသင်..သူ့ဘေးမှာ..ထိုင်နေကာ..သူ့ကိုငုံ့ကြည့်ပြီး
မေးနေမိတော့..ရေမသုတ်ရသေးတဲ့..ခန္တာကိုယ်
ပေါ်က..ရေစက်တွေက..သူ့မျက်နှာပေါ်ကျသွား
ခဲ့သည်။
"ဟင်..ကန်တော့နော်..."
အသင်...ကပျာကယာသူ့မျက်နှာကရေစက်တွေကို
သုတ်ပေးရန်ပြင်လိုက်စဉ်..သူကမျက်လုံးတွေ
ဖျပ်ခနဲပွင့်လာရင်း..အသင့်လက်လေးကိုဖမ်းဆုတ်
လိုက်ကာ..ခါးလေးကိုလှမ်းဖက်လိုက်တော့..
အသင့်..ခန္တာကိုယ်လေး..သူ့ရင်ဘတ်ပေါ်ပြိုကျ
သွားခဲ့ရပြီး.....
💞💞💞💞💞
အပိုင်း(၁၂)မျှော်
ကိုကို..သနားပါတယ်..အတိတ်ရယ်..
မြန်မြန်မှတ်မိပါတော့😢😢
Writer by
#Hazel See less