💞စေတန်ရဲ့သတို့သမီး💞
💞💞💞💞
အသင်..မွေ့ယာပေါ်ကနေကြုံးထရန်ပြင်လိုက်စဉ်
မှာပဲ..သူက..အသင့်ကိုချုပ်ကိုင်ထားပြီးသားဖြစ်
နေသည်။
"ဟင့်အင်း...ရှင်အဲ့လိုမလုပ်နဲ့နော်..အသင်..ရှင့်ကို
မုန်းလိုက်မှာ...အမလေး..."
အသင်..နူတ်ကနေအသည်းအသန်ပြောနေမိစဉ်
လည်တိုင်ကြားထဲကိုသူ့မျက်နှာတိုးဝင်လာတော့
လန့်အော်လိုက်မိသည်။
"အီး...ဟီး..ဟင့်.. ဟင့်..."
ဘာမှတောင်..မလုပ်ရသေး..ချုံးပွဲချငိုကြွေးလိုက်တဲ့
သူမ..
"ဟိတ်..မငိုနဲ့လေ.ကိုယ်မင်းကိုဘာလုပ်ရသေးလို့လဲ"
"ရှင်..အသင့်ကိုအနိုင်ကျင့်တော့မှာ..အသင်သိတယ်
အသင်ေနစရာမရှိလို့..ရှင့်အိမ်ကိုလိုက်လာတယ်
ဆိုပြီး..ရှင်လူကိုအထင်သေးတာ..အီး..ဟင့်..ဟင့်"
မျက်ရည်လည်ရွဲဖြစ်နေတဲ့သူမကိုကြည့်ပြီး.နေ
တွေခနဲဖြစ်သွားရသည်။ကိုယ်တိုင်သတိမထားမိခင်
သူမကိုချုပ်ကိုင်ထားတဲ့လက်တွေက..ပါးပေါ်က
မျက်ရည်စတွေက်ုညင်သာစွာ..သုတ်ပေးနေတဲ့
အဖြစ်သို့ရောက်ကုန်ရသည်။
"Sorry ကိုယ်မင်းကိုအဲ့လိုသဘောမထားပါဘူး
တစ်ကယ်ပြောတာ..မငိုနဲ့..တိတ်တော့.."
နေ...လေအေးနှင့်ချော့သလိုပြောတော့..သူမက
နေ့ကိုတွန်းဖယ်ကာ..ထထိုင်သည်။ပြီးတော့မျက်ရည်
တွေကိုလက်ခုံနှင့်ပွတ်သုတ်ရင်း..နေ့ကိုမကျေမချမ်း
ကြည့်သည်။
"နောက်ဆို..အသင့်ခွင့်ပြုချက်မရပဲ...အသင့်ကို
မထိပါနဲ့..မဟုတ်ရင်..အသင်ရှင့်အိမ်မှာလုံးဝမနေဘူး"
"အဲ့ဒါတော့..ပြောမရဘူး..."
"ဘာ.."
သူမအော်တော့..နေ..ရယ်လိုက်မိကာ.ထရပ်လိုက်သည်။
"ကို်ယ်ပြောသားပဲ..မင်းလုပ်ရမဲ့အလုပ်က..ကိုယ့်ရဲ့
မိန်းကလေး..."
အသင်..ဒေါသတကြီးထရပ်လိုက်မိကာ..
"ကိုနေကုဋာ ရှင်ဘာလို့အသင့်ကိုမှရွေးပြီး..အခုလို
လုပ်နေရတာလဲ..အသင်တစ်ကယ်နားမလည်နိုင်တော့ဘူး"
"မင်းကိုသဘောကျလို့..."
"ရှင်.."
အသင်..အံ့ဩမူ့နှင့်နူတ်ခမ်းလေးတွေပွင့်ဟသွား
ရသည်။သူကအသင့်ခါးလေးကိုလှမ်းဆွဲဖက်လိုက်ရင်း
မျက်နှာလေးကိုလက်တစ်ဖက်နှင့်အုပ်ကိုင်ကာ
"မင်းက..ကိုယ်တွေ့ဖူးတဲ့မိန်းကလေးတွေနဲ့မတူဘူး
မင်းရဲ့ပုံစံကိုကိုယ်သဘောကျတယ်..နည်းမျိုးစုံ
သုံးပြီးကိုယ့်ကိုချဉ်းကပ်ခဲ့တဲ့မိန်းမတွေကြားမှာ
မင်း..ကိုယ့်ဘေးကိုမတော်တဆရောက်လာတဲ့...
ပုံစံလေးကို..ကိုယ်သဘောကျတယ်."
သူ့စကားကြောင့်..အသင်မဲ့ခနဲပြုံးလိုက်မိသည်။
"ဘာလဲ..အသင်ကရှင့်အတွက်အသစ်အဆန်း
ဖြစ်နေလို့လား..ရှင်....အသင့်ကိုအပျော်တွဲချင်
နေတာလား..ကိုနေကုဋာ.."
အသင့်..အမေးကိုသူကမျက်နှာတစ်ချက်ပျက်
မသွားပဲ...
"အဲ့ဒါကတော့..အခုချိန်မှာကိုယ်မပြောနိုင်သေးဘူး..
ဘာပဲပြောပြော...ကိုယ်မင်းအတွက်..အများကြီး
ပေးဆပ်ခဲ့ရတာနော်....ကိုယ့်ရဲ့ဂုဏ်သိက္ခာ...ကိုယ့်ရဲ့
အချိန်တွေ..ပြီးတော့မင်းကြောင့်ကိုယ်ဒီညရန်တောင်
ဖြစ်လိုက်ရသေးတယ်မဟုတ်လား..."
အသင်..အသံမထွက်အောင်..မဲ့လိုက်မိသည်။
သူကတော်တော်သဘောကောင်းပြီးအလကား
ပေးဆပ်နေတယ်မလား..တစ်ခုပေးတိုင်း ..တစ်ခု
ပြန်ယူသွားကရော..ဘယ်သူလဲ ..
နူတ်ကနေမပြောပေမဲ့..ရင်ထဲကမကျေမနပ်စကားသံ
တွေနဲ့..မျက်နှာလေးမဲ့သွားတာကို..နေကသိသည်။
"မင်း...သိပ်အသည်းယားဖို့ကောင်းတယ်.."
ပါးဖောင်းဖောင်းလေးတစ်ဖက်ကိုဆွဲညှစ်ရင်ူး..နေ
ပြောတော့သူမကမျက်နှာလေးကိုဆတ်ခနဲခါထုတ်
သည်။တစ်ကယ့်ဆတ်ဆတ်ကြဲမလေး..နေသဘောကျ
စွာပြုံးလိုက်မိရင်း..
"ဆွဲကြိုးကိုပြန်မတောင်းတော့ပါလား....ဘာလဲ
ပြန်မလိုချင်တော့ဘူးပေါ့..."
သူပြောမှအသင်သတိရသွားရသည်။
"ပြန်တောင်းလဲရှင်ကပေးမှာမို့လို့လား..သူများ
ပစ္စည်းကိုမတရားယူထားပြီးတော့..."
နေ...သူမကိုလွတ်ပေးလိုက်ရင်း..ဘောင်းဘီအိတ်
ထဲမှာ..အသင့်ရှိနေတဲ့ဆွဲကြိုးလေးကိုထုတ်ယူ
လိုက်သည်။
"ရော့..မင်းဆွဲကြိုး..."
သူလှမ်းပေးနေပေမဲ့..အသင်ချက်ချင်းလှမ်းမယူရဲ
သူ့ကိုလှမ်းကြည့်နေတော့..သူကယူဆိုသည့်သဘော
နှင့်..ခေါင်းငြိမ့်ပြသည်။အသင်ဆွဲကြိုးလေးဆီ
လက်လှမ်းလိုက်လျှင်...
"အမေ့...အို..."
အသင့်လက်ကောက်ဝတ်လေးကိုသူကလှမ်းပြီး
ဆွဲလိုက်တော့..အသင်သူ့ရင်ခွင်ထဲရောက်သွားရ
ပြန်သည်။သူကအသင့်တစ်ကိုယ်လုံးကိုသိမ်းကြုံး
ပွေ့ဖက်ထားရင်း...
"ဒီအတိုင်းပြန်ပေးရမှာလား..မင်းဒီလောက်တန်ဖိုး
ထားတဲ့ပစ္စည်းကဘယ်သူပေးတာလဲဆိုတာ...
ကိုယ်..တိတိကျကျသိချင်တယ်..."
လူကိုများ..တရားခံစစ်စစ်နေသည်။မပြောမချင်း
လွတ်ပေးမည့်ပုံလဲမပေါ်...
"အသင့်..အစ်ကိုပေးထားတာ..."
"အစ်ကိုအရင်းလား..."
"အရင်းဖြစ်ဖြစ်..အဖျားဖြစ်ဖြစ်ပေါ့..ရှင်နဲ့ဘာဆိုင်လဲ"
အသင်..ဘုတောလိုက်လျှင်..သူကအသင့်ကိုပိုပြီး
တင်းကြပ်သွားအောင်ဖက်လိုက်တော့..ရင်ဘတ်ချင်းက
ဖိကပ်မိလျှက်သား...
"အစ်ကိုအရင်းမဟုတ်ဘူး..."
အသင်လန့်လန့်နှင့်ဖြေလိုက်မှ..သူ့လက်တွေကအနည်းငယ်
ဖြေလျော့သွားသည်။
"ဘယ်လိုတော်တာလဲ..."
"အသင့်ဖေဖေရဲ့..နောက်အိမ်ထောင်ကပါလာတဲ့သား"
"ဒါဆို..ဘာမှမတော်ဘူးပေါ့..."
"ဟုတ်တယ်..ဒါပေမဲ့...အသင့်အတွက်အစ်ကို
အရင်းလိုပဲ...ရပြီလား..အသင့်ကိုလွှတ်တော့.."
"နေဦး..ကိုယ်မေးနေတာမပြီးသေးဘူးလေ.."
တော်တော်..လေကြောရှည်တယ်..အသင်
စိတ်ပေါက်ပေါက်နှင့်တွေးလိုက်မိသည်။ပူးကပ်နေတဲ့
အနေအထားကြောင့်..လူကအနေရခက်နေပါတယ်
ဆိုမှ...
"အဲ့ဒီလူကအခုဘယ်မှာလဲ..."
"အသင်လဲမသိဘူး..အသင်တို့ကွဲသွားတာ..၁၀နှစ်
ကျော်နေပြီ..ရပြီလား.."
စိတ်တိုနေတဲ့..အချိန်မှာတောင်..နာမည်ထည့်ပြော
တတ်တဲ့ကောင်မလေးကိုနေသဘောကျစွာကြည့်
နေမိရင်း...
"အဲ့ဒါလဲ..ကောင်းပါတယ်.."
"ရှင်..ဘာပြောတယ်..."
မျက်မှောင်လေးကြုံ့ကာသူမကမေးတော့..နေ
သူမကိုလွှတ်ပေးလိုက်သည်။
"ရော့...ဒီတစ်ခါတစ်ကယ်ပြန်ပေးတာ.."
သူက..အသင့်လက်ကိုဆွဲယူရင်း..ကြိုးလေးကို
သေချာပြန်ထည့်ပေးသည်။
"မင်းရဲ့..ဖုန်း..ဘယ်မှာလဲ.."
"ဘာလုပ်မလို့လဲ..."
သူကပါးစပ်နဲ့ပြန်မဖြေပဲ..ပေးဆိုသည့်သဘောနှင့်
လက်လူပ်ပြသည်။အသင်..စားပွဲပေါ်မှာရှိနေသည့်
ဆလင်းဘတ်အိတ်ထဲကဖုန်းကိုသူ့ကိုထုတ်ပေးလိုက်သည်။
"ကိုယ့်နံပါတ်..မင်းcontantlist ရဲ့ထိပ်ဆုံးမှာ
ထားရမယ်.."
သူ့ဘာသာပြောရင်း..နံပါတ်တစ်ခုကိုရိုက်ထည့်
နေသည်။
"မင်း..နံပါတ်ကတော့..ကိုယ်သိပြီးသား..ရော့.."
သူက..အသင့်ကိုဖုန်းပြန်ပေးရင်း..
"ကိုယ့်....စံအိမ်မှာစုစုပေါင်းလေးထပ်ရှိတယ်..
မင်းနဲ့ကိုယ်နဲ့အခုနေနေတာ..အပေါ်ဆုံးထပ်မှာ..
တစ်ခုခုလိုအပ်တာရှိရင်..စားပွဲပေါ်ကဖုန်းနဲ့ဝန်ထမ်း
တွေကိုလှမ်းခေါ်လို့ရတယ်..ဒါပေမဲ့..ကိုယ်နဲ့မဆိုင်တဲ့
အရာတွေကိုစပ်စုတာတော့ကိ်ုယ်မကြိုက်ဘူး.."
"ဘယ်သူကရော..စပ်စုမှာမို့လို့လဲ.."
အသင်..လေသံတိုးတိုးနှင့်ချေပလိုက်မိသည်။
"မင်းလဲ..ပင်ပန်းနေမှာနားလိုက်တော့..မင်းပစ္စည်း
တွေကိုကြိုက်သလိုနေရာချလိုက်..ဒါမင်းတစ်ယောက်ထဲ
သုံးရမဲ့အခန်း.."
အသင်..ဘာမှပြန်မပြောပဲ..အခန်းကျယ်ကြီးကို
ဝေ့ကြည့်လိုက်မိသည်။ထိုစဉ်သူကဖျပ်ခနဲအသင့်
နားကိုတိုးလာကာ...
"Goodnight ချာတိတ်...."
နူတ်ဆက်စကားဆိုပြီး..နဖူးပြင်လေးကိုဖွဖွနမ်း
လိုက်တော့အသင်ပခုံးလေးကျုံ့သွားရသည်။ဒါ..
ပထမဆုံး..သူအသင့်အပေါ်ညင်သာခဲ့တာ..
"......"
အသင်..မျက်လုံးဝိုင်းလေးနှင့် မော့ကြည့်မိတော့
သူကအသင့်ကိုပြုံးပြကာအခန်းထဲကထွက်သွားသည်။
အခုကျတော့လဲ..သူဟာ..နူးညံ့သူတစ်ယောက်လို
"ရှင့်မှာ..ပုံစံဘယ်နှစ်မျိုးလောက်ရှိနေတာလဲ.."
အသင်..တဖျပ်ဖျပ်ခုန်သွားတဲ့..ရင်အစုံနှင့်အခန်း
ထဲမှာ..ခြေစုံရပ်ကျန်နေခဲ့ရရင်း...
💞💞💞💞
"သခင်လေး.."
အခန်းထဲကိုလှမ်းဝင်ရန်ပြင်နေသည့်နေ..အနောက်က
ကြားလိုက်ရတဲ့..အန်ကယ်ဂျိမ်းရဲ့အသံကြောင့်
လှည့်ကြည့်လိုက်မိသည်။
"ဘာပြောမလို့လဲ..အန်ကယ်ဂိျမ်း.."
"ကျွန်တော်..သခင်လေးကို..တစ်ခုလောက်မေးချင်
လို့ပါ.."
"အင်္သချေ့အကြောင်းလား.."
"ဟုတ်ပါတယ်..သခင်လေးက..မိန်းကလေး
တစ်ယောက်ကို..အိမ်ခေါ်လာတယ်ဆိုတာဒါ....
ပထမဆုံးပဲလေ.."
"သိပ်လဲ..ထူးဆန်းမနေပါနဲ့..သူကဒုက္ခနဲ့ကြုံနေရတဲ့
အချိန်မို့..ကျွန်တော်သူ့ကိုကူညီပေးဖို့ခေါ်လာတာပါ"
သခင်လေးက..ပေါ့ပေါ့လေးပြောနေပေမဲ့...
အဲ့လောက်ထိမရိုးရှင်းဘူးဆိုတာ..ဂျိမ်းသိနေသည်။
ပြီးတော့..အင်္သချေဆိုတဲ့ရှားပါးတဲ့နာမည်နဲ့
မိန်းကလေးက..လောကကြီးမှာဘယ်နှစ်ယောက်
ရှိနိုင်မှာမို့လို့လဲ..တစ်ကယ်လို့..သူမက..လွန်ခဲ့တဲ့
၁၂နှစ်က..အဲ့ဒီ့ကလေးမဖြစ်နေခဲ့ရင်..
"အန်ကယ်ဂျိမ်း."
အတွေးလွန်နေစဉ် သခင်လေးခေါ်လိုက်တော့
အတွေးစပြတ်သွားရသည်။
"ဘာတွေငိုင်သွားတာလဲ.."
"မဟုတ်ပါဘူး...ကျွန်တော်ကသူ့ကိုသခင်လေး
မိတ်ဆွေဆိုတာထက်..သခင်လေးရဲ့မိန်းကလေးလို့
ထင်နေမိလို့ပါ.."
အန်ကယ်ဂျိမ်း စကားကြောင့်..နေပြုံးလိုက်မိကာ
"အခုတော့မဟုတ်သေးဘူး..ဒါပေမဲ့..သိပ်မကြာခင်
ဖြစ်လာမလားဆိုတာတော့..မပြောတတ်ဘူး......
Goodnight အန်ကယ်.."
လက်ပြနူတ်ဆက်ကာ..အခန်းထဲဝင်သွားတဲ့
သခင်လေးရဲ့ပေါ့ပါးတဲ့ပုံစံကိုဂျိမ်းငေးကြည့်ကာ
ကျန်နေခဲ့ရသည်။
"ဒီမိန်းကလေးဟာ..တစ်ကယ်ပဲ..သခင်လေးသိပ်ချစ်
ခဲ့တဲ့...သူ့ညီမလေးဖြစ်နေခဲ့ရင်..ဘယ်လိုလုပ်မလဲ"
မမှတ်မိစေချင်လို့..မေ့အောင်လုပ်ထားတဲ့လူရှေ့
ကိုမှ..သူမကိုဆိုက်ဆိုက်မြိုက်မြိုက်ပို့လိုက်တာလား
"နေ့ကို...စောင့်ရှောက်ရမယ်..ဂျိမ်း..ငါ့သားကို
အချစ်ကြောင့်..နူးညံ့လာမဲ့လူတစ်ယောက်မဖြစ်ရဘူး
ဒါဆို...သူ့ဘဝမှာ..ရူံးနိမ့်မူ့တွေကိုရင်ဆိုင်ရလိ်မ့်မယ်..
အထူး..သဖြင့်..အင်္သချေ..အဲ့ဒီကလေးမ..နေ့ရဲ့
ဘဝထဲကိုဘယ်တော့မှထပ်ပေါ်လာလို့မဖြစ်ဘူး..."
သူဌေးကြီးပြောခဲ့တဲ့စကားကိုပြန်ကြားယောင်နေ
မိရင်း...ဂျိမ်းမျက်ဝန်းတွေကိုမှိတ်ချကာသက်ပြင်း
ရိူက်လိုက်မိသည်။
"ငါ..ဘာလုပ်ရမလဲ..."
💞💞💞💞
ပေ၂၀တိုက်ခန်းလေးထဲက..အိပ်ခန်းကျဉ်းလေးထဲမှာ
အသားကျခဲ့တဲ့အသင်..ခမ်းနားလှတဲ့အိပ်ခန်းကျယ်
ကြီးထဲမှာ..ညဉ့်နက်သည်အထိ..အိပ်မပျော်နိုင်သေး
အမှောင်ကိုကြောက်သူမို့..တစ်ခန်းလုံးမီးတွေ
ထွန်းထားပြီး..ကုတင်အောက်ကြမ်းပြင်မှာ..ငုတ်တုတ်
လေးမှီထိုင်နေမိသည်။
အခုထိလဲ..ပစ္စည်းတွေကိုနေရာမချရသေး..
"ငါ..ဓာတ်ပုံတွေဘယ်နားထားလိုက်ပါလိမ့်.."
အသင်ထိုင်ရာကထရင်း..အထုတ်အပိုးတွေထဲမှာ
ဓာတ်ပုံတွေ..အယ်ဘမ်တွေချည်းသက်သက်စုထည့်
ထားသောအိတ်ကိုရှာကြည့်ပေနဲ့..မတွေ့...
"မတွေ့ပါလား..ကျစ်..အန်တီမွန်တို့ဆီမှာထားခဲ့တဲ့
ပစ္စည်းတွေထဲကျန်ခဲ့ပြီနဲ့..တူတယ်..."
တိုက်ခန်းကနေ..ရုတ်တရပ်ပြောင်းရွေ့လာရတာမို့
နေစရာရှာမရသေးခင်..သယ်ရမလွယ်တဲ့တီဗွီ၊
ရေခဲသေတ္တာ၊ဆိုဖာနှင့်..တခြားအိုးခွက်ပစ္စည်းတွေ
ပြီးတော့..တခြားဗာရီရပစ္စည်းတွေကို..တိုက်ခန်း
အောက်ကစားသောက်ဆိုင်ကိုအပ်ခဲ့တာ..တခြား
အရေးကြီးတဲ့ဟာတွေအကုန်ထည့်လာပေမဲ့..တစ်ကယ့်
ဟာမှ..ရောကျန်နေခဲ့သည်။
"မတတ်နိုင်ဘူး..နောက်မှပဲ..သွားယူရမှာပဲ.."
အဲ့ဒီမှာအသင်တို့မိသားစုဓာတ်ပုံတွေရော..ကိုကို့ရဲ့
ပုံတွေပါရှိသည်။
"တော်သေးတယ်..သီချင်းသေတ္တာလေးပါ..မကျန်ခဲ့လို့"
အသင်....အိတ်ထဲကသီချင်းသေတ္တာလေးကိုထုတ်ယူ
ဖွင့်ကြည့်လိုက်သည်။
"🎵🎵🎵🎵🎵"
အမြဲတမ်း..ငြိမ့်ငြောင်းတဲ့သံစဉ်လေးတွေပေးနေကြ
အတိုင်း..မပြောင်းလဲတဲ့.ဒီသီချင်းသေတ္တာလေးက
အသင်နဲ့..ကိုကို့ရဲ့အမှတ်တရတစ်ခု..
"ဟင်း..."
အသင်..သက်ပြင်းလေးတစ်ချက်ကိုချရင်းထိုင်ရာက
ထကာ..လသာဆောင်တံခါးကိုဖွင့်ပြီး..ဝရန်တာမှာ
ရပ်လိုက်သည်။မိုးနံ့ပါတဲ့လေအေးအေးတွေတိုက်ခတ်
နေတဲ့ညချမ်းလေးက..ကောင်းကင်မှာကြယ်တွေလဲ
စုံနေတာမို့..တစ်ကယ်လှပနေသည်။
"သူကတော်တော်ချမ်းသာတာပဲ.."
အသင်ကျယ်ဝန်းခမ်းနားလှတဲ့ခြံကြီးကိုကြည့်ကာ
ရေရွတ်လိုက်မိသည်။နေကုဋာဆိုတာ..မြန်မာပြည်မှာ
အသက်အငယ်ဆုံးတဲ့အချမ်းသာဆုံးစီးပွားရေး
လုပ်ငန်းရှင်တစ်ဦး..သူ့ရဲ့ကြွယ်ဝမူ့ကိုအပြောနဲ့သာ
ကြားဖူးပေမဲ့..အသင်ကအခုတစ်ကယ်..သူ့ရဲ့
ကမ္ဘာထဲကိုရောက်နေရသူ...
ဘန်ကောက်မှာတုန်းက..သူ့ကိုမှောင်ခိုလုပ်နေသည့်
လူဆိုးလို့အသင်ထင်ခဲ့မိသေးသည်။
"The Sunလုပ်ငန်းစုက...စီးပွားရေးလုပ်ငန်းတွေရဲ့
နောက်မှာ..ဘာတွေလုပ်နေတာလဲ...သူကအရမ်းကို
လျို့ဝှက်ချက်တွေများတဲ့သူပဲ..သူကသေနတ်လဲ
ကိုင်တယ်..ပြီးတော့အသတ်အပုတ်လဲကျွမ်းတယ်
100%လူကောင်းတော့မဖြစ်နိုင်ဘူး.."
အတွေးနဲ့အသင်စိတ်ရူပ်သွားရသည်။တစ်ဖက်မှာလဲ
စပ်စုတတ်တဲ့အကျင့်ကရှိနေတာမို့..
"သူလဲ..ဘယ်လိုလူမျိုးလဲဆိုတာ..ငါသိအောင်
ကြိုးစားရမယ်.."
ထိုညက..အသင်..အတွေးများစွာနဲ့မိုးလင်းခဲ့ပြီး...
💞💞💞💞💞
"ဒေါက်..ဒေါက်..ဒေါက်.."
မနက်ရောက်တော့..အသင်..ရေမိုးချိုးပြီးအလုပ်
သွားရန်ပြင်နေစဉ်..တံခါးလာခေါက်သံကြားတော့
သွားဖွင့်ပေးလိုက်မိသည်။
"မင်္ဂလာပါ..မမလေး.."
တံခါးဝမှာရပ်နေတဲ့..အသက်..၃၅နှစ်အရွယ်
အမျိုးသမီးတစ်ဦးကအသင့်ကိုချိုသာစွာနူတ်ဆက်သည်။
"မနက်စာ..စားဖို့..bossစောင့်နေပါတယ်ရှင့်.."
"ဪ...ဟုတ်..."
"အစောကြီးပဲရှိသေးတယ်..သူဘယ်အချိန်အိပ်ယာ
ထတာပါလိမ့်..."
အတွေးနဲ့အသင်..ပိုက်ဆံအိတ်လေးကိုယူကာ..
ထိုအမျိုးသမီးနောက်ကိုလိုက်လာခဲ့သည်။
ဓာတ်လှေကားနဲ့စံအိမ်ကြီးရဲ့အောက်ဆုံးထပ်ကို
ဆင်းလာခဲ့ဲပြီး..ထမင်းစားခန်းထဲကိုဝင်လာခဲ့တော့..
ဆုံလည်ကျွန်းစားပွဲကြီးမှာသူကကော်ဖီတစ်ခွက်နှင့်
ထိုင်နေပြီး..သတင်းစာဖတ်နေသည်။
"Morning...ညကအိပ်ပျော်ရဲ့လား.."
သူကအသင့်ကိုမော့ကြည့်ပြီးမေးတော့..အသင်
ခေါင်းငြိမ့်လိုက်ကာ..စားပွဲရဲ့တစ်ဖက်ထိပ်မှာ
ဝင်ထိုင်ရန်ပြင်လိုက်သည်။
"ဒေါက်...ဒေါက်.."
သူက..စားပွဲကိုလက်ဆစ်နှင့်ခေါက်ကာ..အသံပေးတော့
အသင်လှမ်းကြည့်လိုက်သည်။
"ကိုယ့်..နားမှာလာထိုင်.."
သူ့ဘေးကခုံကိုမျက်စပစ်ပြရင်းပြောသည်။အသင်
ဘောက်ဆတ်ဘောက်ဆတ်နှင့်သူ့အနားမှာသွား
ထိုင်လိုက်ရသည်။
"ဘာစားမလဲ...ကိုယ်ကမနက်ဆိုကော်ဖီခါးခါး
တစ်ခွက်ပဲသောက်တယ်...မင်းဘာကြိုက်မှန်းမသိလို့
မင်းစားချင်တာ..မေနွမ်းကိုပြင်ခိုင်းလိုက်.."
"ရတယ်..အသင်ကဗိုက်ပြည့်ရင်ပြီးရော..."
"ဒါဆို..သူ့ကို..ပေါင်မုန့်ကြက်ဥကြော်ပေးလိုက်ပါ..
မေနွမ်း..."
အသင့်ကိုခေါ်လာတဲ့အမျိုးသမီးကိုသူကလှမ်း
ပြောသည်။
"မေနွမ်းက..ဒီစံအိမ်ရဲ့အိမ်တော်ထိန်းပဲ..မင်းလိုတာ
သူ့ကိုပြောလို့ရတယ်..ကိုယ့်အိမ်မှာဝန်ထမ်းအများကြီး
မထားဘူး..ကိုယ့်လူယုံတွေရယ်..bodyguardတွေပဲ
ဒီစံအိမ်မှာနေကြတယ်..မိန်းကလေးဆိုလို့မေနွမ်းရယ်
တခြားကောင်မလေးနှစ်ယောက်ရယ်ပဲရှိတယ်..
ခြံအလုပ်သမားတွေက..ဘေးကအလုပ်သမား
ဆောင်မှာနေကြတယ်.."
သူက..အသင့်ကိုရှင်းပြနေသည်။မနက်စာစား
လို့်ပြီးတော့..သူကအသင့်ကိုကားပါကင်ထဲခေါ်လာသည်၊
"ရော့.."
သူက..ကားသော့တစ်ခုကို..အသင့်ကိုလှမ်းပေး
နေတာမို့..အသင်..ကြောင်သွားရသည်။
."ဘာလဲဟင်..."
"မင်းအတွက်...မင်းမှာယဉ်မောင်းလိုင်စင်ရှိတယ်
မဟုတ်လား..."
သူက..ကားသော့ကိုနှိပ်လိုက်တော့...
"တီ..."
ပြိုင်ကားတွေချည်းရပ်ထားတဲ့အခြမ်းကအနီရောင်
ပြိုင်ကားလေးကမီးတွေထလင်းသည်။သော့ကို
သူကအသင့်လက်ထဲထည့်ပေးရင်း...
"မင်း..အလုပ်သွားအလုပ်ပြန်အတွက်..ဒီကားကို
သုံးလို့ရတယ်.."
"ဟင့်အင်း...အသင်..မယူချင်ပါဘူး.."
အသင်လက်ကိုအတင်းရုန်းလျှင်သူကအသင့်လက်ကို
ချုပ်ကိုင်လိုက်ရင်း...
"ဘာလဲ..မင်းကကားမောင်းမသွားချင်ဘူးဆိုတော့..
ကိုယ်ကမင်းကိုအကြိုအပို့လုပ်ပေးရမယ်ဆိုတဲ့
သဘောလား..ကိုယ်ကဈေးကြီးတယ်လို့ပြောထား
တယ်နော်..အလကားမရဘူး..."
"ရှင်နော်.."
ပြောရင်း..သူ့မျက်နှာကမချိုမချဉ်ဖြစ်လာလျှင်
အသင်အနောက်သို့အလိုလိုဆုတ်သွားရသည်။
သူက..အသင့်လက်ကိုဖျပ်ခနဲလှမ်းဆွဲလိုက်ရင်း
"ကိုယ်ပေးတဲ့ကားကိုယူမှာမဟုတ်လား.."
"ယူမယ်..ယူမယ်.."
အသင်မြန်မြန်ဆန်ဆန်..သူ့လက်ထဲကသော့ကို
လှမ်းယူလိုက်တော့သူကရယ်သည်။
"ဘာလို့..ရှပ်အကျႌကိုကော်လံထိကြယ်သီးတပ်ပြီး
ဝတ်ထားရတာလဲ..မင်းရဲ့လည်တိုင်လှလှလေးကို
ဖုံးနေတယ်လေ..."
ဪ..တော်တော်ပြောတတ်တယ်..သူများလည်ပင်း
မှာ..သွေးခြည်ဥအောင်လုပ်ထားပြီးတော့..အဲ့ဒီ့ဒဏ်ရာ
ပေါ်အောင်ပဲ..အသင်ကလည်ဟိုက်အကျႌဝတ်ရတော့မလို..
"ဟွန့်.."
အသင်...အတွေးနဲ့အသံထွက်အောင်မဲ့လိုက်မိတော့..
သူကအသင့်ကိုစိုက်ကြည့်သည်၊။ပြီးတော့...အသင့်.
အကျႌကကြယ်သီးတွေကို..တစ်လုံးချင်းဖြုတ်ပစ်နေသည်။
"ဟင်...ရှင်...ဘာလုပ်တာလဲ..."
အသင်..မျက်လုံးပြူးပြီးသူ့ကိုတွန်းထုတ်နေပေမဲ့
သူကကြယ်သီးတွေကိုကော်လံမှစ၍..ရင်ဘတ်
ရိုးလေးပေါ်သည်အထိဖြုတ်ပစ်လိုက်သည်။
"မင်းရဲ့လည်တိုင်လေးက..ဆွဲဆောင်မူ့ရှိတယ်"
နေ..လည်တိုင်က...သွေးချည်ဥနေတဲ့ဒဏ်ရာ
လေးကိုဖွဖွနမ်းလိုက်တော့...သူမကရုန်းသည်။
နေ.. မလွတ်ပေးပဲ..သူမခါးလေးကိုသိမ်းဖက်လိုက်ကာ..
နူတ်ခမ်းလေးကိုဖိကပ်ရိူက်နမ်းလိုက်သည်။
"ဒီနေ့တစ်နေ့တာအတွက်..."
အသင်..သူ့ကိုကြည့်ပြီး..နူတ်ခမ်းလေးကိုလက်နှင့်
အုပ်လိုက်ကာ..မှင်သက်နေမိဆဲ..အမြဲတမ်း..
ကြမ်းတမ်းနေတတ်သောသူသည်။ဒီတစ်ခါမှာလဲ..
နူးညံ့နေခဲ့သည်။ဒါပေမဲ့..ဤအပြုအမူတို့သည်
ဘယ်လောက်ထိကြာရှည်နိုင်ပါ့မလဲဆိုတာတော့
အသင်မသိနိုင်ခဲ့ပါ...
💞💞💞💞💞
အပိုင်း(၁၁)မျှော်
ဆက်ရေးမလို့ပဲ..ခွေဆိုင်သွားစရာပေါ်လာလို့
နောက်နေ့ဆက်မယ်နော်...😘😘
နောက်တစ်ပိုင်းဆို..အသင်နဲ့နိဒါန်းနဲ့တွေ့ပြီ😁😁.
ကဲ...ဘာတွေဆက်ဖြစ်လာမှာလဲ? ?? See less