💞စေတန်ရဲ့သတို့သမီး💞
💞💞💞
"ကိုကို..အသင်...ကြောက်တယ်....
အသင်...ခွဲစိတ်ခန်းထဲမဝင်ချင်ဘူး..."
"ဘာမှကြောက်စရာမလိုပါဘူး...အသင်ရဲ့
ညီမလေးနားမှာ...ကိုကိုတစ်ယောက်လုံး
ရှိတယ်လေ...."
ဆေးရုံကုတင်ပေါ်မှာ...ဖြူဖျော့နေသည့်
မျက်နှာ..နွမ်းလျနေတဲ့အသံလေးနှင့်...
ပြောလိုက်တဲ့...၁၃နှစ်အရွယ်ကလေးမလေး
အင်္သချေ...သူမရဲ့အရှေ့မှာ...သူမရဲ့
လက်ဖဝါးလေးတစ်ဖက်ကိုဆုပ်ကိုင်ထားပြီး
အားပေးတဲ့အပြုံးလေးနဲ့ရှိနေတဲ့....
၁၆နှစ်အရွယ်ကောင်လေး....ချမ်း.....
"ကိုကိုသိလား...အသင့်ရဲ့မေမေတုန်းကလဲ
အဲ့လိုပဲခွဲစိတ်ခန်းထဲဝင်သွားပြီး....ပြန်မနိုး
လာတော့ဘူး...အသင်နဲ့ဖေဖေ့ကိုထားခဲ့တာ
အခုလဲလေ..အသင်ပြန်မနိုးလာမှာကို...
ကြောက်တယ်...အသင်...အဘွားနဲ့ကိုကို့ကို
မခွဲနိုင်ဘူး...."
အသင်မျက်ရည်လေးဝဲကာ..ပြောတော့..
ကိုကိုက...အသင့်ရဲ့မျက်ရည်စလေးတွေကို
ကြင်နာစွာသုတ်ပေးသည်။
"အသင်မေ့နေပြီလား...ကိုကိုတို့အခုရှိနေတဲ့
နေရာက...ဂျပန်ပြည်က...နာမည်ကြီး
ဆေးရုံကြီးလေ...ဒီကဆရာဝန်တွေက
အရမ်းတော်တာ..အသင့်ရဲ့ခွဲစိတ်မူ့
အောင်မြင်မှာ...ကိုကို့ကိုယုံနော်..."
အသင်က...မျက်ရည်တွေကြားက
ခေါင်းငြိမ့်တော့..ချမ်း...သူမလေးကို
ထွေးပွေ့ထားလိုက်သည်။
"ကိုကို...အဲ့ဒီအလှူရှင်တွေကအရမ်း
သဘောကောင်းတာပဲနော်..အသင့်ကို
ငွေတွေအများကြီး...အကုန်ခံပြီး.နိုင်ငံခြား
အထိဆေးလာကုခိုင်းတယ်...သူတို့က
ဘယ်သူတေွလဲ...ကိုကိုသိလားဟင်..."
အသင့်အမေးကြောင့်..ချမ်းအသံခဏ
တိတ်သွားသည်။ပြီးမှ...အသင့်ရဲ့ဆံပင်
လေးတွေကိုသပ်တင်ပေးနေရင်း..
"ကိုကိုလဲ..ဘယ်သိမလဲ...သူတို့ကဂေဟာ
ကနေတစ်ဆင့်ဆက်သွယ်လာတာလေ...
ဘာပဲပြောပြော...ကိုကို့ညီမလေးနေပြန်
ကောင်းလာတော့မှာမို့...ကိုကိုကတော့
အရမ်းဝမ်းသာတယ်...အသင်နေကောင်း
သွားတဲ့အခါ..ကိုကိုတို့...တိုကျိုမြို့ထဲမှာ
လျောက်လည်ကြမယ်...အသင်ပဲပြောတယ်
မဟုတ်လား...ပန်းတွေကြည့်ချင်တယ်ဆို.."
"အင်း..."
အသင်ကခေါင်းလေးငြိမ့်ရင်း...တစ်ခုခုကို
သတိရသွားဟန်နှင့်...
"ကိုကို...အသင်တို့ရဲ့သီချင်းသေတ္တာလေး
ပါလားဟင်..."
"ပါတာပေါ့...ခဏလေးနော်..."
ချမ်း...ဆေးရုံကုတင်ပေါ်ကနေထပြီး..
အိတ်တွေထား..ထားတဲ့ထဲက...သီချင်း
သေတ္တာလေးကိုထုတ်ယူလာခဲ့သည်။
"ဖွင့်ပေးရမလား..."
"အင်း..."
ချမ်း...သီချင်းသေတ္တာလေးကိုဖွင့်လိုက်
တော့...စပရိန်နဲ့ကန်ထားတဲ့...
ကောင်လေးနဲ့ကောင်မလေးတွဲကနေတဲ့
စုံတွဲရုပ်လေးကထွက်လာသည်။ချမ်း..
ခလုတ်ကိုဖွင့်လိုက်သည်။
"🎵🎵🎵🎵🎵🎵"
ငြိမ့်ညောင်းလှသောသံစဉ်တီးလုံးနှင့်အတူ
အရုပ်ကလေးက..ချာချာလည်နေခဲ့သည်။
အသင်က...ချမ်းရဲ့လက်မောင်းကိုဖက်တွယ်
ထားရင်း...ပခုံးကိုမှီကာ...မျက်လုံးတွေကို
မှိတ်ထားပြီးငြိမ်နေသည်။
"ကိုကို..."
"ဟင်..."
နူတ်ခမ်းမဖွင့်ပဲထူးမိတော့...အသင်က
ခေါင်းလေးမော့ကြည့်သည်။
"အသင်နဲ့ပဲတစ်သက်လုံးနေမှာမဟုတ်လား
အသင့်ကိုထားပြီးဘယ်မှမသွားရဘူးနော်.."
အမြဲတမ်း..အသင်ပြောသမျှကိုမဆိုင်းမတွ
ခေါင်းငြိမ့်လိုက်လျောနေကျဖြစ်တဲ့ကိုကိုက
ထိုနေ့ကအချိန်တွေအကြာကြီး...အသင့်ကို
ငေးကြည့်နေပြီးမှ...ပြုံးကာခေါင်းငြိမ့်ပြ
သည်။
"ကိုကိုက...တစ်သက်လုံးအသင့်နားမှာ
နေပြီးအသင့်ကိုစောင့်ရှောက်သွားမှာ..
ဘယ်တော့မှမထားခဲ့ဘူး..."
ပြောရင်း..ကိုကို့မျက်နှာကငုံ့ကျလာခဲ့ပြီး
အသင့်နဖူးလေးကိုကြင်နာစွာဖွဖွနမ်း
သည်။အသင်..ပြုံးလိုက်မိကာ.လက်သန်း
လေးကို...ရှေ့တိုးပေးလိုက်မိရင်း..
"ကတိ..."
ဒီတစ်ခါတော့...ကိုကိုကသွားပေါ်အောင်
ရယ်သည်။ပြီးတော့လက်သန်းချင်းချိတ်
မည်အပြု....
"ကျွီ.."
တံခါးပွင့်သွားပြီးဆေးရုံခန်းထဲကိုအဖွား
ဝင်လာသည်။
"အချိန်ကျပြီ..အသင်...ခွဲခန်းထဲဝင်ရတော့မယ်..."
အဖွားပြောပြီး...မရှေးမနှောင်းမှာတင်...
တွန်းလှည်းနဲ့ဆေးရုံဝန်ထမ်းတွေက...
အခန်းထဲကိုဝင်လာခဲ့သည်။
💞💞💞💞
"ဘာမှမကြောက်နဲ့နော်..အသင်...
၃နာရီပဲ..ကြာမှာ...ပြီးရင်...အသင်လုံးဝ
နေကောင်းသွားမှာ.."
"အဖွားနဲ့...သမီးကိုကို..အပြင်မှာ
ရှိနေတယ်နော်...ဘာမှမကြောက်နဲ့သိလား"
အော်ပရေးရှင်းခန်းကို...ဆေးရုံတွန်းလှည်း
ပေါ်ကနေပါလာတဲ့တစ်လျောက်..ကိုကိုနဲ့
အဘွားက..အသင့်ရဲ့လက်လေးကို
ဆုပ်ကိုင်အားပေးရင်းပါလာသည်။
လျောခနဲပွင့်သွားတဲ့ခွဲစိတ်ခန်းရဲ့တံခါးနှစ်ခ
ချပ်ဆက်လိုက်လို့မရဘူးဆိုတဲ့သဘောနှင့်
ဝန်ထမ်းတွေက..ချမ်းကို
တားလိုက်စဉ်...တင်းကြပ်စွာဆုပ်ကိုင်
ထားမိတဲ့...သူမရဲ့လက်လေးကတဖြေးဖြေး
နှင့်လွတ်ထွက်သွားခဲ့ရင်း...
"ဂျိမ်း..."
ခနဲမြည်အောင်....တံခါးနှစ်လွှာက...ပြန်
စေ့ပိတ်သွားမှ...သူမရှေ့မှာကြိုးစားထိန်း
ချုပ်ထားတဲ့မျက်ရည်တွေက...ချမ်းရဲ့
ပါးပြင်ပေါ်...အတားအဆီးမဲ့စီးဆင်းလာရ
သည်။
"ချမ်း...သားလေး..."
အဖွားကနှစ်သိမ့်သလို...ချမ်းပခုံးကို
လာဆုပ်ကိုင်သည်။
"အဖွား...ကျွန်တော်...အသင်ပြန်ထွက်လာ
တဲ့အထိနေလို့ရတော့မှာမဟုတ်ဘူးထင်တယ်"
ပြောရင်း...ချမ်းရဲ့မျက်ဝန်းတွေက...
ချမ်းတို့ဆီကို...ဦးတည်ပြီးလျှောက်လှမ်း
လာနေတဲ့...အနောက်တိုင်းဝတ်စုံဝတ်
လူသုံးယောက်ဆီရောက်သွားရသည်။
"သခင်လေး.."
အနားကိုရောက်လာတာနှင့်...၃ယောက်လုံး
တူညီစွာ..သတိအနေအထားနှင့် ချမ်းကို
ဦးညွတ်ကြသည်။
"ချမ်း...သူတို့က..."
အဖွားရဲ့တူန်လူပ်သောအမေး...
"သခင်လေးနေကုဋာ...သခင်လေးရဲ့အဖေ
သူဌေးကြီးစောင့်နေပါတယ်...ကျွန်တော်
တို့နဲ့လိုက်ခဲ့ပါ..."
ထိုလူတွေရဲ့စကားကြောင့်....အဖွားက
ချမ်းကိုတစ်လှည့်ထိုလူတွေကို..တစ်လှည့်
ကြည့်သည်။
"အဖွား..."
ချမ်း..အဖွားရဲ့လက်တွေကိုဆုပ်ကိုင်ကာခေါ်လိုက်မိသည်။
"အသင်ကို..စောင့်ရှောက်ပေးပါ....."
"ချမ်း.."
"ဒါ...ကျွန်တော်ရွေးချယ်ခဲ့တဲ့လမ်းပါ..
ကျွန်တော်နောင်တမရပါဘူး...တစ်ခုပဲ...
ဒီအကြောင်းတွေကို...အသင်ဘယ်တော့မှ
မသိစေရဘူးလို့...ကျွန်တော့ကိုကတိပေးပါ"
အဖွားကမျက်ရည်တွေကြားက..ခေါင်း
တဆတ်ဆတ်ငြိမ့်သည်။ချမ်း..ထိုသူတွေ
ဘက်လှည့်ကာ....
"ပါပါ...ဘယ်မှာရှိနေတာလဲ..."
"သူဌေးကြီးက...ဟိုတယ်မှာ..သခင်လေးကို
စောင့်နေပါတယ်..."
"သွားကြတာပေါ့..."
ချမ်း...နောက်ဆုံးအနေနဲ့...ခွဲစိတ်ခန်းရဲ့
တံခါးဝဆီကိုလည်ပြန်ကြည့်လိုက်မိသည်။
ထိုနောက်..လက်သီးနှစ်ဖက်ကိုတင်းကြပ်စွာ
ဆုပ်ထားရင်း..ချာခနဲကျောခိုင်းလိုက်မိတော့
ထိုသူတွေက...ချမ်းကို...ခြံရံပြီးလိုက်ပါ
လာကြသည်။
ချမ်းတစ်သက်လုံးပြန်မသွားချင်ခဲ့သော..
လူတစ်ယောက်ရဲ့အနား...
ချမ်းတစ်သက်လုံးပြန်မလိုချင်ခဲ့သော...
ဘဝမျိုး...
အဲ့ဒီအရာတွေအားလုံးကို...ချမ်းရွေးချယ်
ခဲ့တာ..သူမအတွက်.....
"ကျန်းကျန်းမာမာနဲ့အသက်ရှင်ပြီး. ....
ပျော်ပျော်ရွှင်ရွှင်နေသွားပါ.ကိုကို့ရဲ့
ညီမလေး..."
💞💞💞
တိုကျိုမြို့၏...ကြယ်ငါးပွင့်အဆင့်ရှိတဲ့
အဆင့်မြင့်ဟိုတယ်ကြီးရဲ့VIPခန်းရှေ့ကို
ချမ်းခြေချလိုက်မိတာနှင့်...အခန်းရှေ့မှာ
အနောက်တိုင်းဝတ်စုံဝတ်...နေကာမျက်မှန်
တပ်ထားတဲ့လူနှစ်ယောက်က...ချမ်းကို
တရိုတသေတံခါးဖွင့်ပေးသည်။
"သခင်လေး...ရောက်လာပါပြီလား..."
အခန်းထဲဝင်လာတာနှင့်...တစ်ခေါင်းလုံး
ဆံပင်တွေဖြူနေပေမဲ့...မျက်နှာက.အသက်
သိပ်ကြီးသေးပုံမပေါ်တဲ့..လူကြီးတစ်ဦးကို
အရင်တွေ့လိုက်ရသည်။
"အန်ကယ်ဂျိမ်း....."
ဂျူးသွေးစပ်တဲ့...အန်ကယ်ဂျိမ်းရဲ့ဘိုဆန်တဲ့
မျက်နှာက...လွန်ခဲ့တဲ့၆နှစ်ကလိုပဲ...
မပြောင်းလဲပဲရှိနေဆဲ...ချမ်းအဲ့ဒီတုန်းက
၁၀နှစ်အရွယ်သာရှိသေးပေမဲ့...ပါ့ပါ့ဘေးက
လူယုံတော်ကြီးတွေကိုတော့..သေချာ
မှတ်မိနေပါသည်။
"ကြိုဆိုပါတယ်...နေ...."
အသံနှင့်အတူ...ချမ်းရှိရာကိုလျောက်လှမ်း
လာနေပြီဖြစ်တဲ့ပါပါ....
မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစာရင်းဝင်
သူဌေးကြီး...ဦးနေဘုန်းရောင်....
ဆိုသော...ချမ်းရဲ့အဖေ
ချမ်းသာသလောက်...ဩဇာအာဏာလဲ
ကြီးမားလှသူ...သမာအာဇီဝလုပ်ငန်းတွေ
ချည်းလုပ်ကိုင်နေတာမဟုတ်ပဲ..တရားမဝင်
စီးပွားရေးလုပ်ငန်းတွေကိုပါ..လုပ်ကိုင်
နေပေမဲ့...ဒီအချိန်ထိ...ပါ့ပါ့ကိုထိရဲတဲ့သူ
တစ်ယောက်မှမရှိပါ...အမြဲတမ်းစမတ်ကျ
ကျနေတတ်တဲ့.. ပါပါက..အခုလဲ
၁၆နှစ်အရွယ်သားတစ်ယောက်ရဲ့ဖခင်လို့
မထင်ရလောက်အောင်...နုပျိုခန့်ညား
လွန်းနေသည်။
"ပါပါ..."
"ဘယ်လိုလဲ...နေ...ပါပါကတိတည်ပါတယ်နော်..
သားဆန္ဒအတိုင်း...အဲ့ဒီကလေးမလေးခွဲစိတ်ဖို့
ပါပါအားလုံးတာဝန်ယူခဲ့တယ်...အခုသား
ပါပါနဲ့အတူမြန်မာပြည်ကိုပြန်ရမယ်...
ဟိုမှာ...ပါပါရဲ့အလုပ်တွေကပစ်ထားလို့
မရဘူးဆိုတာသားလဲသိပါတယ်...အခုလဲ
သားကို...ပါပါကိုယ်တိုင်ပြန်ခေါ်ချင်လို့
ဒီအထိလိုက်လာတာ..."
ပါပါပြောသမျှကိုငြိမ်ပြီးနားထောင်နေရင်းမှ
ချမ်းမဲ့ခနဲဲပြုံးလိုက်မိသည်။
"ပါပါကလွန်ခဲ့တဲ့..၆နှစ်ကအတိုင်းဘာမှ
မပြောင်းလဲသေးဘူးပဲ..."
ချမ်းစကားကြောင့်ပါပါ့မျက်နှာ..ကွက်ခနဲ
ပျက်သွားသည်။
"နေ..."
"ကျွန်တော်.နာမည်နေကုဋာမဟုတ်ဘူးပါပါ
ချမ်း..."
ပြောရင်း...ချမ်း..ပါပါနားကိုတစ်လှမ်းတိုး
လိုက်ကာ.
"နေတစ်စင်းလိုပူလောင်မူ့ေတွနဲ့ကင်းဝေး
စေချင်လို့..တစ်ဘဝလုံးအေးချမ်းစေချင်လို့
ချမ်းလို့...မာမားကပေးခဲ့တာ...."
"မင်းလဲ...မင်းရဲ့အမေလိုပဲ...ပါပါ့ဘေးမှာ
မနေချင်ခဲ့ဘူးပဲ...ဘုရင်မတစ်ပါးလို
စည်းစိမ်ဥစ္စာ၊ခြွေရံသင်းပင်းတွေအပြည့်
အစုံနဲ့ထားခဲ့တာတောင်...အနားကနေ
ထွက်ပြေးသွားသလိုမျိုး...မင်းကလဲ...ပါပါ့
ကိုထားခဲ့ချင်တာလား...နေ...."
"ဘဝတစ်လျောက်လုံးပြည့်ပြည့်စုံစုံနဲ့
လိုတရလိုမျိုးပါပါထားခဲ့ရင်တောင်..
မေတ္တာတရားမှမပေးနိုင်တာပဲ..ပါပါ့နားမှာ
ဘယ်သူကကြာကြာနေချင်ပါ့မလဲ...
ပါပါကအရမ်းကိုအတ္တကြီးတယ်..."
ပါပါကနေ့ကိုဘာမှမပြောပဲငေးကြည့်နေ
သည်။
"ဒါဆိုမင်း...ပါပါ့နားကိုပြန်လာဖို့ဆုံးဖြတ်
ခဲ့တာကရော...အင်္သချေဆိုတဲ့...မင်းအမေ
နောက်အိမ်ထောင်ကပါလာတဲ့...အဲ့ဒီ
ကလေးမလေးကြောင့်တစ်ခုထဲပေါ့...."
"ပါပါသိရဲ့သားနဲ့ထပ်မေးနေတာလား...
အသင့်ကြောင့်သာမဟုတ်ခဲ့ဘူးဆိုရင်...
ကျွန်တော်...ပါပါ့ရဲ့နားကိုဘယ်တော့မှ
ပြန်လာမှာမဟုတ်ဘူး..အဲ့ဒါကြောင့်...
ပါပါဖြစ်စေချင်သလိုဘဝမျိုးနဲ့ကျွန်တော့်ကို
ပုံစံသွင်းဖို့မကြိုးစားပါနဲ့...ကျွန်တော်
ပါပါ့လိုဘဝမျိုးနဲ့နေမှာမဟုတ်ဘူး..."
ချမ်းစကားဆုံးတော့..ပါပါကချမ်းကိုစိုက်ကြည့်လာသည်။
"နေကုဋာ ဆိုတဲ့နာမည်ကို...ပါပါမင်းကို
ဘာလို့ပေးခဲ့လဲသိလား..အားလုံးထက်
မင်းကိုတောက်ပစေချင်လို့..ဘယ်လိုလူမျိုး
ကမှမင်းကို...မော်မကြည့်စေချင်လို့...
အဲ့ဒီနာမည်ကိုပေးခဲ့တာ...."
"ဒါပေမဲ့....ကျွန်တော်လိုချင်တာအဲ့လိုဘဝ
မျိုးမှမဟုတ်တာပဲ...ပါပါ...ကျွန်တော်က
ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့နွေးထွေးတဲ့
မိသားစုဘဝမျိုးကိုပဲလိုချင်တာ..တစ်နေ့
တစ်နေ့လုပ်ငန်းတွေကိုတိုးချဲ့ဖို့..
ဘဏ်စာရင်းတွေထဲမှာငွေဘယ်လောက်တိုး
လာပြီလဲဆိုတာတွေပဲ...အချိန်ပြည့်ခေါင်းထဲ
ထည့်ထားတဲ့ပါပါက...အဲ့လိုမေတ္တာမျိုးကို
ကျွန်တော်တို့သားအမိအတွက်ပေးခဲ့လို့လား
အဲ့ဒါကြောင့်...မာမားကပါပါနဲ့ကွာရှင်းခဲ့တာ
ပါပါသိရဲ့လား...."
ပါပါကချမ်းကိုကြည့်ကာနူတ်ဆိတ်နေဆဲ
"ကျွန်တော်...ပါပါ့ရဲ့ဘေးကိုပြန်လာတယ်
ဆိုရင်တောင်ပါပါမျှော်လင့်ထားသလို...
ပါပါခြေရာကိုနင်းနိုင်မဲ့သားတစ်ယောက်
ုဖြစ်လာဖို့မမျှော်လင့်ပါနဲ့..."
အဆုံးသတ်စကားဆိုပြီးလှည့်ထွက်သွားတဲ့
သားဖြစ်သူကိုကြည့်ပြီး...ဦးနေဘုန်းရောင်
ပြုံးလိုက်မိသည်။
"သူဌေးကြီး...သခင်လေးပြောသွားတာတွေ
ကိုစိတ်ထဲမထားပါနဲ့..သခင်လေးက...
သူဌေးကြီးအပေါ်...စိတ်ဆိုးနေသေးလို့
ဖြစ်မှာပါ..."
ဂျိမ်း...ဖြန်ဖြေသလိုပြောပေမဲ့လဲ..
သူဌေးဖြစ်သူကအပြုံးမပျက်ပဲ...
"နေဘုန်းရောင်ရဲ့ခြေရာကို.
နင်းမဲ့သားမဟုတ်ဘူးလို့
ဘယ်သူပြောလဲ...ခေါင်းမာပြီးပြတ်သား
လိုက်ပုံက...နေဘုန်းရောင်နဲ့တစ်ပုံစံထဲပဲ.."
သဘောကျသလိုပြောနေရင်း...မျက်ဝန်း
တွေကတည်သွားပြန်ကာ....
"မြသားသွင်...သိပ်ကိုတော်တယ်..သားကို
ခေါ်ပြီး...ငါ့ဘဝထဲကနေထွက်သွားရုံမက
သားနဲ့ငါ့ရဲ့ကြားမှာ...သွေးကွဲသွားအောင်ပါ
လုပ်ခဲ့တယ်..."
"....."
"နေကနားမလည်ဘူး...ဂျိမ်း...ရက်စက်
တတ်တဲ့လောကကြီးမှာ...နူးညံ့တဲ့လူက
အရူံးပဲ...ချစ်ခြင်းမေတ္တာဆိုတာ...
လူတစ်ယောက်ကို...ရူံးနိမ့်မူ့တွေကိုပဲ
ယူဆောင်လာပေးတာ..ငါ့သားကို...
စိတ်ထားနူးညံ့ပြီးချစ်တတ်တဲ့......
လူတစ်ယောက်ဖြစ်ခွင့်မပေးနိုင်ဘူး...."
"သူဌေးကြီး..."
"နေဘုန်းရောင်ရဲ့သားကနေဘုန်းရောင်လိုပဲ
ဖြစ်ရမယ်...အဲ့ဒီအတွက်..သူ့အမေ
မြသားသွင်...နေ့ရဲ့ခေါင်းထဲမှာရိုက်သွင်း
ပေးခဲ့တဲ့..နူးညံ့မူ့...ချစ်ခြင်းမေတ္တာ..
အဲ့ဒီအရာတွေအားလုံးကို...နေ့ရဲ့...
မှတ်ညဏ်ထဲက...ငါကိုယ်တိုင်
ဖျောက်ဖျက်ပစ်မယ်...."
အဆုံးသတ်စကားဆိုပြီး..ဦးနေဘုန်းရောင်
ရဲ့မျက်နှာက..တစ်စုံတစ်ရာကို
စိတ်ပိုင်းဖြတ်ပြီးသူလို..မျက်ဝန်းတွေက
စူးရဲနေလျက်...
💞💞💞💞
"ဗျာ...ကျွန်တော်ကခွဲစိတ်မူ့လုပ်ပြီး...
သခင်လေးရဲ့..မှတ်ညဏ်တွေကိုဖျက်ဆီး
ပစ်ရမယ်..ဟုတ်လား...သူဌေးကြီး..."
တအံ့တဩမေးလိုက်တဲ့....ပါရဂူကြီး
ဦးထွန်းမြတ်...အရှေ့ကဆိုဖာပေါ်မှာ
ခြေချိတ်ထိုင်နေတဲ့..ဦးနေဘုန်းရောင်က
တော့..လက်ကြားထဲညှပ်ထားတဲ့..
စီးကရက်ကိုတစ်ချက်ရိူက်ကာခေါင်းငြိမ်သည်။
"အင်္ဂလန်မှာ..ဦးနှောက်နဲ့အာရု့ံကြော..
အထူးကုပါရဂူဘွဲ့ကိုယူခဲ့တဲ့ခင်ဗျားအတွက်
တော့...သိပ်ခက်ခဲမှာမဟုတ်ဘူးလို့...
ကျုပ်ထင်တယ်...ဦးထွန်းမြတ်...."
"သူဌေးကြီး...ကျွန်တော်ကလူတွေရဲ့
အသက်ကိုကယ်တင်နေတဲ့ဆရာဝန်ပါ..."
"အခုလဲ...ကျုပ်သားရဲ့ဘဝကိုကယ်တင်ဖို့
ကျုပ်အခုလိုလုပ်နေရတာ..."
ပြောရင်း...ဦးနေဘုန်းရောင်ကထရပ်သည်။
"ကျုပ်စကားအများကြီးမပြောချင်ဘူး..
ခင်ဗျား...ကျုပ်သားကိုအသက်အန္တာရယ်
လုံးဝမဖြစ်စေပဲ..ခွဲစိတ်မူ့ကိုအောင်မြင်
အောင်လုပ်ပေးရမယ်...အောင်မြင်သွားရင်
Royalအထူးကုဆေးရုံကြီးတစ်ခုလုံး...
ခင်ဗျားအပိုင်ဖြစ်စေရမယ်...ဒါပေမဲ့...
တစ်ခုခုလွဲချော်ပြီး...နေ့မှာအန္တာရယ်..
ဖြစ်ခဲ့ရင်...ခင်ဗျားကိုချမ်းသာမပေးဘူး
ဆိုတာ...သိထားပါ..."
အဆုံးသတ်စကားကတောင်းဆိုတာမဟုတ်ပဲ
အမိန့်ပေးနေတာမှန်းသိသော်လဲ....
ဦးထွန်းမြတ်မှာငြင်းဆန်ဖို့အခွင့်အရေး
မရှိခဲ့ပါ...အစကထဲက...သူဟာ...
စီးပွားရေးလောကကြီးရဲ့ဘုရင်တစ်ဆူ
ဖြစ်သော...ဦးနေဘုန်းရောင်ရဲ့လက်ခုပ်ထဲ
ကရေပင်မဟုတ်ပါလား....
💞💞💞💞
"ခွဲစိတ်မူ့ကအစစအရာရာအဆင်ပြေတယ်လို့
သိရပါတယ်..သခင်လေး..မကြာခင်လဲ..
သတိရလာမှာတဲ့..."
အန်ကယ်ဂျိမ်းပြောတာကိုနားထောင်ရင်း..
ချမ်းသက်ပြင်းတစ်ချက်ကိုရိူက်လိုက်သည်။
နောက်တော့..စားပွဲပေါ်မှာအစီအရီရှိနေတဲ့
သူမရဲ့ဓာတ်ပုံလေးတွေထဲက..တစ်ပုံကို
လှမ်းယူလိုက်သည်။
"တောင်းပန်ပါတယ်..အသင်ရယ်..
ညီမလေး..ကိုကို့ကိုအလိုအပ်ဆုံးအချိန်
ကိုကို..ညီမလေးရဲ့နားမှာ..ရှိမနေပေးနိုင်ခဲ့ဘူး"
ဓာတ်ပုံလေးကိုရင်ဘတ်မှာဖိကပ်ထားရင်း
ချမ်းအသံတိတ်ဆိုနေမိသည်။ထိုစဉ်...
"ကျွီ..."
အခန်းတံခါးပွင့်သွားပြီး ပါပါ့ရဲ့မိသားစု
ဆရာဝန်ကြီး..ဦးထွန်းမြတ်ဝင်လာသည်။
"သခင်လေးနေကုဋာ.. သခင်လေးရဲ့..
ကျန်းမာရေးကိုစစ်ဆေးပေးဖို့သူဌေးကြီးက
ပြောထားပါတယ်..ကျွန်တော်နဲ့လိုက်ခဲ့ပါ.."
ချမ်း..အန်ကယ်ဂျိမ်း ကိုတစ်ချက်ကြည့်ပြီး
အသင့်ရဲ့ပုံလေးကိုစားပွဲပေါ်ပြန်တင်လိုက်
သည်။ထို့နောက်ထိုင်ရာကနေထရပ်လိုက်ကာ
ခြေလှမ်းလိုက်တော့..အန်ကယ်ဂျိမ်းနဲ့..
ဦးထွန်းမြတ်ကချမ်းရဲ့နောက်ကနေလိုက်လာကြသည်။
အခန်းဝကိုရောက်တော့..ဘာ့ကြောင့်မှန်း
မသိ..စားပွဲပေါ်ကဓာတ်ပုံလေးတွေကို..
လည်ပြန်ကြည့်လိုက်မိရင်း....
💞💞💞💞
စံအိမ်ကြီးရဲ့အတွင်းမှာပဲပြင်ဆင်ထားတဲ့
အထူးကုဆေးရု့ံကြီးတစ်ခုရဲ့ခွဲစိတ်ခန်းလို
မျိုး..ခတ်မီစက်ပစ္စည်းအစုံအလင်နဲ့..
အခန်းကြီးကိုချမ်းဝေ့ဝဲကြည့်လိုက်ရင်း.
"ကျန်းမာရေး..စစ်ဆေးဖို့ပဲကို..ဒီလောက်ထိ
လိုလို့လား.. "
"တောင်းပန်ပါတယ်..သခင်လေး..."
ဦးထွန်းမြတ်ရဲ့တောင်းပန်သံအဆုံး...
ခပ်လှမ်းလှမ်းမှာ..ခွဲစိတ်ခန်းဝတ်စုံကို
ဝတ်ထားတဲ့..ဆရာဝန်တစ်ယောက်က
ရိပ်ခနဲ..ချမ်းနားကိုရောက်လာရင်း...
"အ..."
ချမ်း..ပခုံးတစ်ဖက်ကိုဆေးထိုးအပ်တစ်ခုနဲ့
ထိုးစိုက်လိုက်သည်။
"ခင်..ခင်ဗျား..."
တစ်ခုခုတော့မှားနေပြီဆိုတဲ့အသိနဲ့...
ချမ်း...ဦးထွန်းမြတ်နားကိုတိုးသွားရန်ပြင်
လိုက်စဉ်.. ခေါင်းတစ်ခုလုံးချာချာလည်
အောင်မူးဝေလာကာ..ချမ်းအမြင်အာရုံ
တွေဝေဝါးလာခဲ့ပြီး..လဲကျသွားခဲ့သည်။
"နေ...."
နံရံကပ်...စက္ကရင်ကြီးမှာပေါ်နေတဲ့ပုံရိပ်
ကိုကြည့်ပြီး..ဦးနေဘုန်းရောင်...ထိုင်
နေရာကဆတ်ခနဲထရပ်လိုက်သည်။
ပြီးမှအသိပြန်ဝင်လာရကာ..ဆိုဖာမှာ
ပြန်ထိုင်လိုက်ပေမဲ့လဲ..မျက်ဝန်းတွေက
မတည်ငြိမ်နိုင်တော့...
"သူဌေးကြီး..."
ထိုအချိန်...ဆရာဝန်တွေက..ချမ်းကို
ကုတင်ပေါ်ပွေ့တင်ကာ..ပိုးသတ်ဝတ်စုံကို
လဲပေးပြီး..ခွဲစိတ်ဖို့ပြင်နေကြပြီဖြစ်သည်။
ဦးနေဘုန်းရောင်..စက္ကရင်ကို..မမှိတ်
မသုန်ကြည့်နေရင်း...
"ဘယ်လောက်ကြာမှာတဲ့လဲ..."
"၅နာရီလို့ပြောပါတယ်..သူဌေးကြီး..."
"နေရဲ့အခန်းထဲကအင်္သချေနဲ့ပါတ်သတ်တဲ့
ပစ္စည်းတွေမှန်သမျှရှင်းထုတ်ဖို့လုပ်လိုက်
တော့. ..."
"ဟုတ်ကဲ့...ကျွန်တော်အားလုံးကို
ပြောထားပါတယ်..."
ထိုအချိန်...အသိကင်းမဲ့နေတဲ့ချမ်းကို
မေ့ဆေးပေးနေတာကြည့်ပြီး..
ဦးနေဘုန်းရောင်မျက်ဝန်းတွေကို..
ဖိပိတ်လိုက်သည်။
"အဆင်ပြေရဲ့လား...သူဌေးကြီး..."
ဂျိမ်းရဲ့အမေးကိုဦးနေဘုန်းရောင်ပြန်မဖြေပဲ
စားပွဲပေါ်ကသေနတ်ကိုကောက်ယူလိုက်
သည်။
"မင်းအမြင်မှာ...ငါအရမ်းကိုအတ္တကြီး
နေလား...ဂျိမ်း.. "
ဂျိမ်းကပြန်မဖြေပဲ..ခေါင်းငုံ့သွားသည်။
"ဂျောက်...ဒိုင်း..."
သေနတ်ကိုမောင်းတင်လိုက်သံနှင့်အတူ
မရှေးမနှောင်းမှာထွက်လာခဲ့တဲ့..သေနတ်သံ
စံအိမ်ကြီးရဲ့အခန်းတိုင်းကအသံလုံတာမို့
သေနတ်သံကအခန်းထဲမှာတင်ပဲ့တင်ထပ်
သွားသည်။ဂျိမ်းအလန့်တကြားခေါင်းမော့
ကြည့်လိုက်လျှင်. ...
"သူဌေးကြီး..ရရဲ့လား...သူဌေးကြီး...."
သွေးတွေထွက်နေတဲ့ပခုံးတစ်ဖက်ကို
ဖိဆုပ်ထားတဲ့...ဦးနေဘုန်းရောင်ရဲ့နားကို
ဂျိမ်းကပျာကယာရောက်သွားရသည်။
"ဘာလို့ကိုယ့်ကိုကိုယ်သေနတ်နဲ့ပစ်ရတာလဲ
ကျွန်တော်...ဆရာဝန်ချက်ချင်းခေါ်လိုက်မယ်.."
ဂျိမ်းပြေးထွက်သွားမယ်ပြင်တော့..
နေဘုန်းရောင်ကဂျိမ်းလက်ကိုလှမ်းဆွဲ
ထားသည်။
"မသွားနဲ့...နေ့ရဲ့ခွဲစိတ်မူ့မပြီးမချင်း...
ငါဒီဒဏ်ရာကိုဆေးမထည့်ဘူး..."
ဦးနေဘုန်းရောင်က...ဘယ်လိုမှပြောရမဲ့
ပုံမရှိတာကြောင့်...ဂျိမ်းအခက်တွေ့သွားရသည်။
"ဒါမှ...ငါ့သားနာကျင်ခံစားရတာနဲ့ငါ
ညီမျှမှာ..."
"သူဌေးကြီးရယ်..."
ဂျိမ်း...မချိတင်ကဲရေရွတ်လိုက်မိသည်။
သားဖြစ်သူအပေါ်ထားတဲ့အချစ်တွေက..
အတ္တဆန်ခဲ့ရင်တောင်.ဖခင်ကဖခင်ပါပဲ
လား....
အခုထိသွေးထွက်နေဆဲ...သေနတ်ဒဏ်ရာ
ကိုလက်နှင့်ဖိဆုပ်ထားတဲ့..နေဘုန်းရောင်
ကတော့....
"ပါပါ့ရဲ့လုပ်ရပ်ကငါ့သားအပေါ်ရက်စက်ရာ
ကျနေရင်တောင်...ဒါတွေကငါ့သား
အတွက်ဆိုတာ...နားလည်ပေးပါ...နေရယ်"
စိတ်ထဲကနေဆိုလိုက်မိရင်း...မျက်ဝန်းကနေ
ကြွေကျလာတဲ့..မျက်ရည်နှစ်စက်က
သားဖြစ်သူရဲ့အနာဂါတ်အတွက်......
💞💞💞
လေးလံနေတဲ့မျက်ခွံတွေကိုအားယူပြီး
ဖွင့်အကြည့်မှာ...ဆေးရုံရဲ့မျက်နှာကျက်
ဖြူဖြူကိုအရင်တွေ့လိုက်ရသည်။
"နေ...သတိရလာပြီလား...."
"သခင်လေး...."
စိုးရိမ်တကြီးအသံနှင့်အတူ..မမြင်ဖူးတဲ့
မျက်နှာတွေက..သူ့ရဲ့ဘေးပါတ်ပါတ်လည်
မှာရှိနေခဲ့သည်။
"အား..."
တစ်ကိုယ်လုံးနုံးခွေနေတဲ့ဝေဒနာကို
အံတုပြီး...သူထထိုင်လိုက်တော့...သူ့ဘေး
မှာရှိနေသည့်ခန့်ညားသည့်လူကြီးကသူ့ကို
တွဲထူသည်။
"ကျွန်တော်ဘယ်ရောက်နေတာလဲ.ဦးလေး
တို့ကရောဘယ်သူလဲ..."
"သား...သားမမှတ်မိဘူးလား...ပါပါက
သားရဲ့အဖေလေ..."
"အဖေ...ဟုတ်လား..."
"ဟုတ်ပါတယ်...သခင်လေး..သူဌေးကြီးက
သခင်လေးရဲ့အဖေပါ.."
"သခင်လေး...ဘာမှမမှတ်မိဘူးလား..."
ခေါင်းဖြူဖြူနှင့်ဘိုဆန်ဆန်မျက်နှာပိုင်ရှင်
လူကြီးနှင့်...ဂျူတီကုဒ်ကိုဝတ်ထားတဲ့..
ဆရာဝန်ကြီးကပါဝင်ပြောသည်။
"ဒါဆို...ကျွန်တော်က..ဘယ်သူလဲ..."
သူ့အမေးကြောင့်...လူကြီး၃ယောက်
တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်
ကြသည်။
"သားက...မတော်တဆမူ့တစ်ခုကြောင့်
ခေါင်းကိုထိခိုက်ပြီးခွဲစိတ်ထားရတာ..
အဲ့ဒါကြောင့်သားဘာကိုမှမမှတ်မိတာ.."
တစ်ကယ်လဲ...ခေါင်းထဲမှာအခွံလွတ်ကြီး
တစ်ခုလို...ဘာကိုမှစဉ်းစားမရပဲ...
မူးဝေဝေဖြစ်နေသည်၊
"ဦးလေးကကျွန်တော်အဖေလား..."
"ဟုတ်တယ်...ပါပါကမင်းရဲ့အဖေပါ.."
"ကျွန်တော့်နာမည်ဘယ်သူလဲ..."
"နေကုဋာ..."
"နေကုဋာ.. ."
သူသံယောင်လိုက်ရွတ်လိုက်မိတော့...
သူ့အဖေဆိုသည့်လူကြီးက..သူ့ပခုံးနှစ်ဖက်
ကိုခပ်ဖွဖွဖိဆုပ်လိုက်ရင်း...
"The Sun လုပ်ငန်းစုကြီးရဲ့သူဌေး..
နေဘုန်းရောင်ရဲ့တစ်ဦးတည်းသောသား
နေကုဋာ...ငယ်ငယ်ရွယ်ရွယ်နဲ့အရမ်းကို
ထက်မြတ်ပြီးပြတ်သားတဲ့စိတ်ဓာတ်ကို
ငါ့သားမှာပိုင်ဆိုင်ထားတယ်..ပြီးတော့..
သားကအရမ်းလဲတော်တယ်..."
သူ..ဘာမှပြန်မပြောနိုင်ပဲငေးကြည့်နေမိသည်။
"သားကို...အားလုံးခေါ်ကြတဲ့နောက်ထပ်
နာမည်တစ်ခုရှိသေးတယ်..."
ဘာလဲလို့မမေးပေမဲ့...သူခေါင်းမော့ကြည့်
လိုက်မိတော့...
"စေတန်တဲ့..."
"စေတန်..."
ဒီတစ်ခါသံယောင်လိုက်ရွတ်လိုက်တာက
တစ်ခန်းလုံးကိုတိတ်ဆိတ်သွားစေခဲ့ပြီး...
💞💞💞💞💞💞
(၁၂)နှစ်ခန့်ကြာသောအခါ
ရန်ကုန်ရွှေမြို့တော်ကြီး၏ညသန်းခေါင်ယံတစ်ခု...
"ဝေါ..."
"ဝူး..."
မြို့ပြင်ဘက်သို့ဦးတည်ပြီးမောင်းနှင်နေ
သည့်..ပရာဒိုကားနက်ကြီးတစ်စီးနှင့်..
ထိုကားနောက်ကိုထပ်ကြပ်မကွာလိုက်နေ
တဲ့အနက်ရောင်ပြိုင်ကားတစ်စီး...
"သူ...ဒီအထိလိုက်လာသေးတယ်..."
ပရာဒိုကားထဲကလူရဲ့မျက်နှာမှာ..ဘက်ခ်
မှန်ထဲကနေမြင်နေရတဲ့ပြိုင်ကားလေးကို
ကြည့်ပြီးသွေးမရှိသလိုဖြူစုပ်နေသည်။
"ဝူး..."
လီဗာကိုအားကုန်ဖိနင်းလိုက်ပေမဲ့လဲ...
ပြိုင်ကားအင်ဂျင်ကိုတော့..အန်မတုနိုင်ပဲ
ခဏအတွင်းမှာ..ပြိုင်ကားကမှီလာခဲ့သည်။
ကားနှစ်စီးဘေးချင်းယှဉ်မိသွားစဉ်...
"ဂျိမ်း...ဂျီး..."
ပြိုင်ကားကသူ့ရဲ့ကားကိုဘေးချင်းကပ်တွန်း
ပစ်လိုက်ရာ..ကားနှစ်စီးကလမ်းဘေးကို
ဒေါင့်ဖြတ်အတိုင်းရွေ့သွားရင်း..သူ့ကားက
လမ်းဘေးမြောင်းထဲကိုထိုးကျသွားသည်။
ပြိုင်ကားကတော့..ခပ်လှမ်းလှမ်းအထိ
မောင်းနှင်သွားပြီးအရှိန်မသတ်ပဲဝိုက်ကွေ့ချ
လိုက်သည်။
"ကျွီ...အီ..."
ကတ္တရာလမ်းနှင့်...ကားဘီးပွတ်ဆွဲသံ..
ကျယ်လောင်စွာထွက်ပေါ်လာပြီး..
ပြိုင်ကားလေးကလမ်းမပေါ်မှာကန့်လန့်
အနေအထား..ရပ်သွားသည်။
"အား...ကျွတ်...ကျွတ်..."
နာကျင်မူ့ကိုဂရုမထားပဲသူကားထဲကနေ
မရရအောင်တိုးထွက်လိုက်သည်။နံကြား
ထဲကစူးအောင့်နေတဲ့ဝေဒနာနဲ့..လမ်းမပေါ်
အရောက်မှာပဲ..သူဒူးထောက်ကျသွားခဲ့
သည်။အဲ့ဒီအချိန်ထိ..မှန်တွေတင်ထားသည့်
ပြိုင်ကားလေးကငြိမ်သက်နေဆဲ...
"တီ.."
သံရှည်ဆွဲကာတီးလိုက်သောဟွန်းသံနှင့်
အတူ...ပြိုင်ကားလေးရဲ့တံခါးက..
ဖျပ်ခနဲပွင့်လာပြီး...ပြောင်လက်နေသည့်
ရူးဖိနပ်အနက်ရောင်ကိုစီးထားတဲ့...
ခြေထောက်တစ်စုံကအရင်ကျလာသည်။
ထို့နောက်...မြင်းမားတဲ့အရိပ်တစ်ခုက
ကားထဲကနေထွက်လာသည်။
"ဟင်..."
ထိုလူ့ကိုမြင်လိုက်တဲ့ခဏ.ဒဏ်ရာေတွနဲ့
သူ့ရဲ့မျက်နှာကကြောက်ရွံ့ထိတ်လန့်မူ့များ
နှင့်...အနက်ရောင်လည်ကပ်ဆွယ်တာ
လက်ရှည်..အနက်ရောင်ဘောင်းဘီရှည်နှင့်
အနက်ရောင်သားရေဂျာကင်တစ်ထည်ကို
ဝတ်ဆင်ထားတဲ့..ကားမီးရောင်အောက်မှာ
ရှင်းသန့်ခန့်ညားနေသည့်မျက်နှာတစ်ခု...
အရမ်းလဲမထူပဲ..စိမ်းညို့သွယ်တန်းနေတဲ့
မျက်ခုံးတန်းတွေကစင်ရော်တစ်ကောင်ရဲ့
အတောင်ပံတွေသဖွယ်ခပ်ပြေပြေကော့
တက်နေသည်....အနည်းငယ်ရှည်မျောမျော
သဏ္႑ာန်ရှိသည့်မျက်အိမ်ကျယ်ရဲ့အနား
သတ်အဖြစ်...ထူထဲစင်းကျနေသည့်
မျက်တောင်တွေ...အနက်ရောင်မျက်ဆံတွေ
ကတောက်ပသည်ထက်စူးရှနေသလို...
နှာတံပေါ်ပုံကလဲမျက်နှာတစ်ခုလုံးမှာ
ထင်းနေတာမျိုး...အထူအပါးညီပြီး
ပုံကျသေသပ်တဲ့နူတ်ခမ်းတစ်စုံက..
လေးကိုင်းသဏ္႑ာန်တိတိကျကျကွေးညွတ်
ကျနေတာ..တင်းတင်းစေ့ထားတာပေမဲ့
ပြုံးယောင်သမ်းနေသလိုပင်..မျက်နှာကျပုံ
သွယ်ပေမဲ့...မေးရိုးခိုင်သည်။ခြုံပြောရရင်
ခန့်ညားချောမောခြင်းတွေက..ထိုလူရဲ့
မျက်နှာတစ်ခုလုံးမှာ...စုနေသည်ဟုပင်
ထင်ရလောက်သည်။သို့သော်......
ထိုနတ်သားတစ်ပါးလိုချောမောသည့်
မျက်နှာက...သူ့အတွက်တော့သေမင်းတမန်
"စေ...စေတန်...."
အထိတ်ထိတ်အလန့်လန့်နှင့်ရေရွတ်လိုက်မိ
လျှင်...တစ်လှမ်းခြင်းလျောက်လှမ်းလာနေ
တဲ့သူက...အနားကိုရောက်လာပြီဖြစ်သည်။
"မလုပ်ပါနဲ့...ငါ့ကိုချမ်းသာပေးပါ...
စေတန်...ငါ့ကိုချမ်းသာပေးပါ..."
တောင်းပန်စကားကို..တွင်တွင်ဆိုပြီး..
သူ့ရဲ့ခြေတံရှည်တစ်ဖက်ကိုလှမ်းဖက်ထား
လိုက်တော့...စေတန်ကသူ့ရှေ့မှာ
ခြေဖျားထောက်ထိုင်လိုက်သည်။
"ငါ့ကိုသစ္စာဖောက်သွားပြီး...အသက်
ချမ်းသာခွင့်ကိုတောင်းဆိုရဲသေးတာလား.."
ပထမဆုံးထွက်ပေါ်လာသည့်ကြည်လင်နေ
သည့်အသံက...အေးစက်နေသည်။
"ရဲနောင်..."
ခပ်မာမာအသံနဲ့ခေါ်လိုက်တော့..သူဆတ်ခနဲ
မျက်နှာမော့ကြည့်လိုက်သည်။
"မင်း...ငါ့လူတွေဆီကနေ...တစ်ပါတ်ရိုက်
ပြီး...ဖြတ်ခုတ်သွားတဲ့...ပစ္စည်းတွေ...."
"မ...မရှိတော့ဘူး...."
"အေး...မရှိတော့တာ...ငါသိတယ်...ငါသိ
ချင်တာ...မင်းကိုသစ္စာဖောက်ဖို့...ဘယ်သူ
ခိုင်းတာလဲ..."
သူမေးတာကို...ရဲနောင်ကချက်ချင်းမဖြေ
သူထရပ်လိုက်ကာ..ကုဒ်အကျႌထဲက
သေနတ်ကိုထုတ်ယူလိုက်သည်။အသံတိတ်
ပြောင်းတပ်ထားတဲ့သေနတ်ကိုကြည့်ပြီး
ရဲနောင်သွေးပျက်သွားသည်။သူ...သေနတ်
ကိုရဲနောင်ရဲ့နဖူးတည့်တည့်မှာချိန်ရွယ်
လိုက်သည်။
"မသတ်...မသတ်ပါနဲ့...ငါ့ကိုမသတ်ပါနဲ့
ငါပြောပါ့မယ်..."
ရဲနောင်ခေါင်းမော့လာတော့..သူကပြောဆို
သည့်သဘောနှင့်မေးဆတ်ပြလိုက်သည်။
"နိဒါန်းသစ်...ငါ့ကိုမင်းဆိုင်ထားတဲ့ပစ္စည်း
တွေကို...တစ်ဖက်လှည့်နဲ့..ဝင်ပြီးဖြတ်
ခိုင်းတဲ့လူက..နိဒါန်းသစ်ပါ..."
ခဏမျှတည်ငြိမ်သွားတဲ့မျက်ဝန်းတွေနှင့်
စေတန်ကခပ်ဟက်ဟက်ရယ်သည်။
"နိဒါန်းသစ်...ဒီကောင်ငါ့စိတ်ကိုလာဆွ
နေတာပဲ..."
"ငါ...ငါ..ပြောပြီးဆိုတော့...ငါ့ကိုမသတ်ပါနဲ့
စေတန်...."
"NO...No...ဒါစေတန်ရဲ့ကစားပွဲ...
ငါ့ကစားပွဲကိုလာရူပ်တဲ့လူတွေအတွက်..
အသက်အာမခံချက်မရှိဘူး...ငါ့ကို
သစ္စာဖောက်ခဲ့ရင်...သွားရမှာတစ်လမ်းပဲ
ရှိတယ်..."
"ဂျောက်..."
ပြောရင်းသေနတ်မောင်းတင်သံက..
ချောက်ခြားဖွယ်ထွက်ပေါ်လာပြီး...
"ဒုတ်...."
"အား...."
ထိတ်လန့်ခြေက်ခြားဖွယ်အော်အစ်လိုက်
သံကြီးကပါတ်ဝန်းကျင်တစ်ခုလုံးကို
ဖုံးလွှမ်းသွားသည်။စေတန်သွေးအိုင်ထဲမှာ
ငြိမ်သက်နေတဲ့ရဲနောင်ကိုကြည့်ကာ...
နူတ်ခမ်းမဖွင့်ပဲ..အေးစက်စွာပြုံးသည်။
"ကျွီ..."
ထိုစဉ်...သူတို့အနားကိုနောက်ထပ်ထိုးရပ်
သွားတဲ့ကားတစ်စီးနှင့်..ကားပေါ်က
လူ၃ယောက်ကပျာကယာဆင်းလာသည်။
"Boss..."
"မင်းတို့ရောက်လာပြီလား...ဒီနေရာကို..
ဘာလက်စလက်နမှမကျန်အောင်ရှင်း
လိုက်တော့..."
ပြောရင်း..လက်မှာစွပ်ထားတဲ့အနက်ရောင်
လက်အိတ်တွေနှင့်သေနတ်ကို...ဇဆီကို
လှမ်းပစ်လိုက်သည်။ဇက..လှမ်းဖမ်းလိုက်
ရင်း...
"ဟုတ်ကဲ့ပါ..Boss..."
"ပြီးတော့...ဒီကောင်..."
လဲကျနေတဲ့...ရဲနောင်ဆီနောက်တစ်ကြိမ်
ရောက်သွားတဲ့မျက်ဝန်းတွေကအေးစက်
နေပြန်ရင်း...
"သူ့ရဲ့အလောင်းကိုနိဒါန်းသစ်ဆီပို့လိုက်...
စေတန်ရဲ့ကစားပွဲမှာလာရူပ်ရဲတဲ့...ရလာဒ်
ကိုသူသိအောင်..ငါလုပ်ပြမယ်..."
စကားအဆုံး..နူတ်ခမ်းတွန့်ရုံ...
အေးစက်စွာပြုံးလိုက်မိရင်း.......
သွေးအေးရက်စက်တတ်တဲ့နှလုံးသားပိုင်ရှင်
"သူ့နာမည်က...စေတန်...."
💞💞💞💞
အပိုင်း(၂)မျှော်....
နွေးထွေးကြင်နာတတ်တဲ့ချမ်းဆိုတဲ့..
ကောင်လေးအဖြစ်ကနေ...သွေးအေး
ရက်စက်တတ်တဲ့...နေကုဋာ ဆိုတဲ့...
နတ်ဆိုးတစ်ကောင်လိုပြောင်းလဲသွားတဲ့သူ..
မှတ်ညဏ်တွေပျောက်ဆုံးနေတဲ့...
သူက...ငယ်စဉ်ကသိပ်ချစ်ခဲ့ရတဲ့...
အင်္သချေဆိုတဲ့...ကောင်မလေးနဲ့ပြန်လည်
တွေ့ဆုံလာတဲ့...အခါမှာရော.....??
သူတို့နှစ်ယောက်ဘယ်လိုမျိုးပါတ်သတ်
မိသွားမှာလဲ....??
Writer by
#Hazel See less