🌼မောင်ရဲ့အကြွေပန်းကလေး🌼
"ဖေဖေ......မေမေ.....တိမ်လေးကြောက်တယ်
ဟီးဟီး.....ဟင့်.......တိမ်လေးကိုမထားခဲ့ပါနဲ့
နော်......ဟီးဟီး.....ဟင့်......"
သူမလေးငိုရင်းရှိုက်ရင်းကြောက်စိတ်တွေနဲ့ရော
ထွေးပြီးသတိလစ်သွားလေသည်.......
"ဟိတ်......ထစမ်း......."
"ဟင်......ဘယ်သူလဲ......"
"နင်ရဲ့ဒေါ်ဟဲ့......အခုထ......"
"ဟုတ်......"
ဆိုပီးသူမထရပ်လိုက်ပေမယ့်ခန္ဓာကိုယ်ကမ
ထိန်းနိုင်ပဲမေ့လဲကြသွားသည်.........
"ဟင်.....မိတိမ်......"
အဒေါ်ဖြစ်သူပျာယာခတ်သွားပြီးတူမဖြစ်သူကို
မနိုင်မနင်းတွဲထူ၍အိမ်သို့ခေါ်လာခဲ့သည်.......
"ဟင်....မမတိမ်.....မာမီ......မမတိမ်ကဘာဖြစ်
တာလဲ......"
"နောက်မှမေး.....အခုရပ်ကွက်ကဆရာဝန်ကို
သွားခေါ်.....မြန်မြန်......."
"ဟုတ်.....မာမီ......"
ခဏနေတော့ဆရာဝန်ရောက်လာသည်......
"လူနာက......"
"သူပါ.....ဆရာ....."
"ဟုတ်...."
ဆရာဝန်ကလူနာကိုစမ်းသပ်ပြီးနောက်......
"လူနာကအကြောက်ရောဂါရှိတယ်ထင်တယ်...
အမှောင်ထဲမှာအကြာကြီးနေလိုက်ရလို့အခုလို
ရှော့ဖြစ်သွားတာပါ......."
"စိုးရိမ္ရလား.....ဆရာ......"
"အခုတော့စိုးရိမ်စရာမရှိဘူး....ဒါပေမဲ့အချိန်
နည်းနည်းသာနောက်ကျရင်အသက်အန္တရာယ်
ရှိနိုင်တယ်.....လိုအပ်တဲ့ဆေးတွေပေးခဲ့မယ်....
သေချာဂရုစိုက်ပါ......."
"ဟုတ်ကဲ့ဆရာ......"
"ကောင်းပြီ.....ဆရာ့ကိုခွင့်ပြုပါဦး......"
"ဟုတ်ကဲ့......သမီးဆရာ့ကိုလိုက်ပို့ပေးလိုက်ဦး"
"ဟုတ်မာမီ......"
"အား......ကျွတ်စ်......ကျွတ်စ်........"
"ဟင်.....မိတိမ်.....သတိရလာပြီလား......"
"အင်း....တိမ်လေးဘာဖြစ်သွားတာလဲ......."
"သတိလစ်သွားတာ......အခုနားလိုက်ဦး......"
"ဟုတ်.....ဒေါ်လေး......"
ဆေးရုံမှာနေတို့သားအမိနှစ်ယောက်စိုးရိမ်စိတ်
တွေနဲ့အပြည့်......
"သား......မင်းဒယ်ဒီကဘာဖြစ်တာလဲ......"
"ဆရာဝန်လာရင်သိမှာပါ.....မာမီ....."
"ဆရာ.....ဒယ်ဒီက....."
"လူနာကအဆုတ်ရောင်တာပါ....အခုတော့စိတ်
ချရပါပြီ.....လူနာကိုရိုးရိုးအခန်းပြောင်းထားပြီးပါ
ပြီ....ဝင်တွေ့လို့ရပါပြီ......."
"ေက်းဇူးပါ.....ဆရာ......"
"မာမီ.....ဒယ်ဒီကိုဝင်တွေ့လိုက်လေ......"
"အင်းပါ.....သားရယ်......"
"မာမီ....သားကုမ္ပဏီကိုသွားရမာမို့.....ပြီးရင်
ပြန်လာခဲ့မယ်နော်........"
"ရပါတယ်.....သား....."
"ဟယ်လို.....ဆရာ......"
"အေး.....ငါအခုလာခဲ့မယ်......."
တိမ်အိပ်ပျော်သွားတာအချိန်ဘယ်လောက်ကြာသွားမှန်းမသိ.......
"မိတိမ်.....နိုးလာပြီလား....."
"ဟုတ်.....ဒေါ်လေး......"
"အင်း......ဒီမှာအစာနဲ့ဆေး....စားပြီးသောက်
လိုက္....."
"ဟုတ်.....ဒေါ်လေး....÷"
နေအစည်းအဝေးပြီးပြီးချင်းဆေးရုံသို့တန်းလာခဲ့
သည်.......
"မာမီအနားယူလိုက်ပါလား.....သားဒယ်ဒီအနားမှာနေလိုက်မယ်လေ......"
"ရတယ်သား.....သားအိမ်ပြန်ပြီးအနားယူလိုက်
မာမီမင်းဒယ်ဒီအနားမှာရှိနေချင်တယ်......"
"ဟုတ်မာမီသဘောပါ....သားသွားပြီ......"
မာမီကိုပြောပြီးအိမ်သို့လာခဲ့သည်....
"ဒေါ်လုံး.....ဒေါ်လုံးရေ......"
"လာပါပြီ....သားနေ......"
"မာမီကဆေးရုံမှာကျန်ခဲ့တယ်......ထမင်းကို
တစ်ယောက်စာပဲပြင်လိုက်ပါ......"
"အင်းပါသားနေ.....ဒါနဲ့သခင်မကြီးကဆေးရုံမှာ
ဘာဖြစ်လို့......."
"မာမီဘာမှမဖြစ်ပါဘူး.....ဒယ်ဒီဆေးရုံတင်ထား
ရလို့ပါဒေါ်လုံး......"
"စိုးရိမ်ရလားသားနေ....သခင်ကြီးအခြေအနေက......."
"အခုတော့စိတ်ချရသွားပါပြီ......."
"တော်သေးတာပေါ့.....ဘုရားကယ်လို့.....ဒါနဲ့
ဒေါ်လုံးထမင်းပွဲပြင်ထားလိုက်မယ်......"
"ဟုတ်....ကျွန်တော်အနားယူလိုက်အုန်းမယ်..."
ဆိုပြီးအပေါ်ထပ်အိပ်ခန်းရှိရာသို့တက်လာ၍
အဝတ်အစားတွေချွတ်ပီးရေချိုးခန်းသို့ဝင်သွား
သည်........
"ဟော.....သားနေဆင်းလာပြီလား....."
"ဟုတ်ဒေါလုံး....ဝိုး....ဟင်းတွေကကျွန်တော့်
အကြိုက်တွေပဲအပြီဆွဲပစ်မယ်......"
"ဟုတ်ပါပီသားနေ....လိုအပ်တာရှိရင်ဒေါ်လုံးကို
ခေါလိုက်နော်......"
"ဟုတ်ဒေါ်လုံး......"
ညဘက်ကောင်းကင်ယံမှာလမင်းကြီးကထိန်ထိန်သာနေ၏.....လမင်းကြီးအနားမှာတလက်
လက်နဲ့တောက်ပနေသည့်မှိတ်တုံ့မှိတ်တုံ့ကြယ်
လေးတွေအဖော်ပြုနေ၏.......
"လမင်းကြီးကလှလိုက်တာ....."
သူမတီးတိုးရွတ်ဆိုလိုက်သည်.....ဒေါ်လေးဖြစ်သူကအနားရောက်လာပြီး.....
"ဒေါ်လေးတောင်းပန်ပါတယ်တိမ်လေး......"
"ဟင်......ဘာကိုလဲ......"
"တိမ်လေးကိုနာကျင်အောင်လုပ်ခဲ့တဲ့အတွက်
လေ.....ဒေါ်လေးအပြစ်တွေပါကွယ်.....သမီးဦး
လေးကပါးစပ်ထဲအရက်ဝင်ရင်လူစိတ်မရှိတော့
ဘူး.....သမီးလေးကိုမတော်တရာကြံမိတဲ့အဲ့
ငနွားအစားဒေါ်လေးကပဲတောင်းပန်ပါတယ်နော်........"
"ဒေါ်လေးအပြစ်မဟုတ်ပါဘူး.....တိမ်လေးမဆင်
ခြင်လို့ဖြစ်ရတာပါ......"
"မဟုတ်တာကွယ်.....သမီးဦးလေးကိုခွင့်မလွှတ်
နိုင်မှန်းဒေါ်လေးသိပါတယ်....စိတ်ညစ်မနေနဲ့
တော့နော်....အိပ်တော့နော်....."
"ဟုတ်ဒေါ်လေး......"
အဒေါ်ဖြစ်သူကအခန်းထဲကထွက်သွားပြီးနောက်သူမအိပ်စက်လိုက်သည်.......
"ငါကနင့်ကိုတောင်းပန်ချင်လွန်းလို့များထင်နေလားနင်ကငါ့အတွက်ပိုက်ဆံထုတ်ပဲ.....
မကြာခင်KTVကလူတွေနင်ကိုလာခေါ်မှာမို့ငါကအပေါ်ယံအကောင်းမြင်အောင်ဆက်ဆံနေတာဘယ်သူသိမှာလဲ.....နင့်ကိုသိန်း၅၀၀နဲ့ရောင်းလိုက်တာဆိုတာ.....ဟားဟား....ဟားဟား....အဲဒါငါ့အပေါတင်နေတဲ့ကျေးဇူးတွေကိုဆပ်တယ်လို့သဘောထားလိုက်......."
"ဘာတွေသဘောကျနေတာလဲမိန်းမ......"
"မကြာခင်ကျွန်မတို့ချမ်းသာတော့မှာကိုမင်း
လွင်......."
"ဘယ်လို.....ကိုယ်နားမလည်ဘူး......"
"ဒီလို.....ကိုမင်းလွင်ရဲ့......."
ခင်ပွန်းဖြစ်သူကိုအကြောင်းအစုံပြောပြလိုက်
ရာခင်ပွန်းဖြစ်သူကဝမ်းသာကျေနပ်ပြုံးပျော်ပြီး
"ငါ့မိန်းမကတော်လိုက်တာ.....တစ်ချက်ခုတ်
နှစ်ချက်ပြတ်ပဲ.....ကိုယ်တို့ချမ်းသာပြီပေါ့......"
"ဟုတ်တာပေါ့....ကိုမင်းလွင်ရဲ့......"
"ဟားဟား ဟားဟား.. ..."
သူမ၏အခန်းအပြင်ဘက်နေရာကလင်မယား
နှစ်ယောက်ရဲ့လူမဆန်တဲ့လုပ်ရပ်တွေကိုကြား
မည်မထင်.....သနားစရာကောင်းလိုက်တဲ့သူမ
လေး.......
"ဟင်......ငါဘာလို့အိပ်မပျော်တာလဲ.....သူမ
အကြောင်းပဲတွေးနေမိတယ်....ကိုယ့်အိပ်မရ
အောင်ကိုမင်းလေးကပြုစားလွန်းတယ်....မင်း
လေးအကြောင်းကိုယ်သိချင်စိတ်တွေပြင်းပြနေ
ပြီ....ဘယ်လိုလုပ်ရမလဲ....အင်းသိပြီ....ဟို
ကောင်ကိုမေးရမယ်....သူကအဲ့ရပ်ကွက်ကဆို
တော့သူမအကြောင်းသိချင်သိမှာ......"
"တီ....တီ....တီ......"
ဖုန်းမြည်သံကြောင့်ပိုင်သူနိုးလာရသည်...နံပါတ်
ကိုကြည့်တော့နေဖြစ်နေ၏......
"နေ.....ဘာကိစ္စရှိလို့လဲ....."
"မင်းကိုအနှောင့်အယှက်ပေးမိရင်sorry....ဒါနဲ့
ငါတစ်ခုလောက်မေးချင်လို့......."
"မေးလေ.....ဘာမေးမှာလဲ......."
"မင်းတို့ရပ်ကွက်ကလေတိမ်ဆိုတဲ့မိန်းကလေး
ကိုသိလား......"
"တိမ်လေးကိုပြောတာလား......နေ......"
"အင်း.....ဟုတ်တယ်.....သူမအကြောင်းသိချင်
တယ်.....မင်းသိရင်ငါ့ကိုပြောပြ......"
"သိတာပေါ့ကွာ.....တိမ်လေးကချောတယ်....
အမြဲတမ်းမြန်မာဆန်စွာဝတ်ဆင်တဲ့ဝမ်းဆက်
တွေပဲဝတ်တာ....သနပ်ခါးလေးလိမ်းခြယ်ပြီး
ကျစ်ဆံမြီးလေးပါကျစ်ထားတာ......တခြား
မိန်းကလေးတွေနဲ့မတူဘူး......အလှတစ်မျိုးပေါ့
ဒါပေမဲ့တိမ်လေးဘဝကသနားစရာကောင်း
တယ်နေ......"
"ဟင်.....ဘယ်လို.....သနားစရာကောင်းတယ်
ဟုတ်လား......"
"ဟုတ်တယ်.....မင်းသိချင်ရင်ပြောပြမယ်......"
"အင်း......"
"ဒီလိုကွ.....တိမ်လေး(၅)နှစ်အရွယ်ကမိဘနှစ်
ပါးလုံးရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားကြတယ်
အဲ့အချိန်မှာဒေါ်လေးဖြစ်သူကတိမ်လေးကိုပြုစု
ပျိုးထောင်ခဲ့တယ်....ဒေါ်လေးဖြစ်သူကစိတ်ပုတ်
တယ်ပြောရမှာပဲ.....တိမ်လေးကိုအိမ်အလုပ်တွေလုပ်ခိုင်းတယ်....ကျောင်းပြီးအောင်မတက်
ခဲ့ရဘူး.....တစ်အိမ်လုံးဝတ်သမျှအဝတ်တွေအကုန်လျှော်ဖွတ်ရတယ်......ဒီလိုနဲ့တိမ်လေး
အပျိုအရွယ်ရောက်လာတာပေါ့......ဦးလေးဖြစ်
သူကအရက်မူးတိုင်းသောင်းကျန်းတယ်.....
မိန်းကလေးဆိုတော့ရှက်တာပေါ့....အရက်မူး
ရင်ပြောလာတဲ့စကားတွေကနားရှက်စရာတွေ
သို့ပေမဲ့တိမ်လေးကသည်းခံပြီးအဲ့ဒီအိမ်မှာဆက်
ရှိနေတုန်းပဲ....မနေ့ကငါကြားရတဲ့သတင်းတစ်
ခုရှိတယ်........"
"ဘာသတင်းလဲ......"
"မနေ့ကဦးလေးဖြစ်သူကတိမ်လေးကိုအဓမ္မ
ကျင့်ဖို့ကြံစည်ခဲ့တယ်တဲ့......"
"ဟာ......တောက်....လူယုတ်မာ......"
"နေပါဦး....ငါ့စကားကိုဆုံးအောင်နားထောင်ပါ
ဦး......ပြီးမှဒေါသထွက်ချင်ထွက်......."
"ဆက်ပြော....."
"အဲ့လူအကြံအစည်မအောင်မြင်ခဲ့ဘူး.....တိမ်
လေးကအနီးအနားမှာရှိတဲ့ပန်အိုးနဲ့အဲ့လူခေါင်း
ကိုရိုက်ခွဲပစ်လိုက်တာတဲ့......."
"နည်းတောင်နည်းသေးတယ်.....အဲ့လူကိုအသေသတ်ရမှာ.......ဘာပဲဖြစ်ဖြစ်သူမကိုငါကာ
ကွယ်ပေးချင်တယ်ပိုင်သူ......"
"အေး....ကောင်းတယ်.....ဟင်.....ဘယ်လို....."
"ဟုတ်တယ်ပိုင်သူ......ငါတကယ်ပြောတာ......"
"နေ....မင်းတိမ်လေးကိုကြိုက်နေတာလား....."
"မကြိုက်ဘူး......"
"မကြိုက်ရင်မင်းအခုနကကာကွယ်ပေးမယ်ဆို
တာက......"
"မင်းကလည်း.....မကြိုက်ဘူးဆိုတာကသူမကို
ကြိုက်ယုံမဟုတ်ဘူးချစ်တာ....."
"ဟမ်....မင်းစကားကအဆန်းကြီး....အဲ့တော့
မင်းဘာဆက်လုပ်မှာလဲ....တိမ်လေးကိုဖွင့်ပြော
မှာလား......."
"အင်း....အခုတော့မဟုတ်ဘူး......လောလော
ဆယ်သူမကိုစောင့်ရှောက်ဖို့လူလွတ်ထားရမယ်
ပီးတော့ဟိုလင်မယားနှစ်ယောက်ကိုစောင့်ကြည့်ဖို့ရော....."
"အဲဒါငါ့တာဝန်ထားလိုက်.....မင်းသာတိမ်လေး
ကိုဖွင့်ပြောဖို့လုပ်......ဟိုနှစ်ယောက်ကိစ္စကိုငါ
ကြည့်ရှင်းလိုက်မယ်....မင်းပြောချင်တာဒါပဲမ
လား.....ငါဖုန်းချလိုက်တော့မယ်....."
"အေးပါ.....ငါ့ကြောင့်မင်းလည်းအိပ်ရေးပျက်ရ
ပြီ....ကျေးဇူးပဲ ပိုင်သူ......"
"ရပါတယ်ကွာ.....ဒါပဲ......"
ပိုင်သူနဲ့စကားပြောပြီးနောက်သူမအကြောင်းကို
ကြားပြီးနောက်ဒေါသထွက်လာရသည်......
"ကိုယ်မင်းကိုကာကွယ်ပေးမယ်ချစ်လေး......ခန
ပဲစောင့်ပါ.....ကိုယ်မင်းကိုအရင်ဖွင့်ပြောပြီးအဲ့ဒီ
အိမ်ကနေအမြန်ဆုံးခေါထုတ်သွားမယ်....မင်း
ကိုအထိအခိုက်မခံနိုင်ဘူး......မင်းကိုထိတဲ့သူမှန်
သမျှကိုယ်ခွင့်မလွှတ်ဘူး......."
ထိုညအဖို့သူ့အတွက်အိပ်မက်ကလှပနေသည်
ဘယ်လိုပြသာနာတွေပဲဖြစ်လာပါစေသူမကို
ကာကွယ်ပေးဖို့အဆင့်သင့်.........
"မင်းကိုချစ်တယ်......."
မနက်မိုးလင်းသော်နေရောင်ခြည်အလင်းကြောင့်တိမ်လေးအိပ်ယာကနိုးလာခဲ့သည်......
"ဝါး.....ငါမနေ့ကအိပ်မောကျပြီးအိပ်ပျော်သွား
တာပဲ......မနက်စာပြင်ဆင်ရမယ်.....မဟုတ်ရင်
ဒေါ်လေးငါ့ကိုဆူလိမ့်မယ်......."
သူမမနက်စာပြင်ဖို့မီးဖိုချောင်ထဲသို့ဝင်လာစဉ်
ဒေါ်လေးက.......
"တိမ်လေး.....မနက်စာပြင်ထားပြီးပြီ....လာ...
ဒေါ်လေးတို့နဲ့အတူစားရအောင်......"
ဒေါ်လေးကိုကြည့်ရင်းအံ့သြနေသည်.....မနေ့ည
ကတည်းကဒေါ်လေးသူ့အပေါဆက်ဆံနေတာ
တွေကတစ်မျိုးကြီး.....ဒေါ်လေးမှဟုတ်ရဲ့လား
လို့တွေးမိသည်......အခုလည်းမနက်စာစားဖို့သူ့
အတွက်ပါပြင်ဆင်ပေးထားသည်တဲ့....ဘုရား
ဘုရား.....မိုးကြိုးတွေပစ်ချတော့မှာပဲ......
"ဘာတွေးနေတာလဲ တိမ်လေး....ထိုင်လေ....."
"ဟုတ်........"
သူမဝင်ထိုင်ပြီးမကြာဦးလေးဖြစ်သူလည်းမနက်စားဖို့ရောက်လာသည်......သူမထသွားမည်ပြင်
လိုက်တော့ဒေါ်လေးကသူမလက်ကိုပြန်ဆွဲထား
သည်.......
"ထိုင်ပါတိမ်လေး.....သမီးဦးလေးကသမီးကို
တောင်းပန်ချင်လို့တဲ့.......သူတောင်းပန်တာကို
နားထောင်ပေးလိုက်ပါ......."
"တူမလေးတိမ်....ဦးလေးတောင်းပန်ပါတယ်...
ဦးလေးရဲ့လုပ်ရပ်ကခွင့်မလွှတ်နိုင်မှန်းသိပါတယ်
ဒါပေမဲ့ဦးလေးအမှားကိုသိပါပြီ......ဦးလေးတောင်းပန်ပါတယ်တူမလေး.....တူမလေးကျေ
နပ်အောင်ဦးလေးဘာလုပ်ပေးရမလဲ....ဦးလေး
ခေါင်းကိုတိုင်နဲ့ဆောင့်ပြရမလား....အဲ့လိုလုပ်ရင်တူမလေးကျေနပ်မှာလား.....ဒါဆိုရင်....."
"ဒိန်း......"
"ဒိန်း......."
"ဒိန်း......."
ဦးလေး၏လုပ်ရပ်ကြောင့်သူမမှင်သက်သွားရ
ပေမယ့်ဘာမှမပြော.....ဘေးကဒေါ်လေးဖြစ်သူ
ကမျက်ရည်အဝိုင်းသားဖြင့်သူ့မကိုကြည့်နေ၏...
ဦးလေးကိုကြည့်လိုက်တော့ခေါင်းမှာသွေးတွေ
ထွက်နေ၏.......သူမမနေနိုင်ပဲဒေါ်လေးဖြစ်သူကို
"ဒေါလေးခင်ပွန်းကိုပြောလိုက်ပါ.....နောက်ဒီလို
လုပ်ရပ်မျိုးထပ်မလုပ်ပါနဲ့.....ထပ်ဖြစ်လာရင်
ရဲကိုအကြောင်းကြားရလိမ့်မယ်......"
ပြောပြီးသူမအိမ်ကနေထွက်လာခဲ့သည်....သူမ
လမ်းလျှောက်ရင်းထွက်လာခဲ့ပေမယ့်ဘေးပတ်
ဝန်းကျင်ကိုဂရုမစိုက်မိ.......
"ဟင်.....ရှင်......"
"ဟုတ်တယ်.....ကိုယ်ပဲ.....မင်းကရောဘယ်
လိုဖြစ်လို့........"
"ဘာမှမဖြစ်ပါပူး......ရှင်ကရောဒီကိုဘာကိစ္စ..."
"မင်းဆီကိုလာတာ......
"ဟမ်.....တိမ်လေးဆီ.....ဟုတ်လား......"
"ဟုတ်တယ်လေ.....ဘာဖြစ်လို့လဲ......."
"ကိုယ်တို့တစ်နေရာသွားပြီးစကားပြောရအောင်.....အခုလိုရပ်ရင်းပြောရတာအဆင်မပြေဘူး......."
"ဟုတ်......."
သူမကိုcoffeeဆိုင်တစ်ဆိုင်သို့ခေါ်လာခဲ့သည်
"မင်းဘာသောက်မလဲ......."
"ဘာပဲဖြစ်ဖြစ်ရပါတယ်......"
"ဟုတ်....ညီလေးဒီကိုခဏ......"
"ဟုတ်ကဲ့အကို......."
"ကိုယ်တို့ကိုBlack Coffee နှစ်ခွက်....."
"ဟုတ်ကဲ့အကို.....တခြားဘာမှာအုံးမလဲ......"
"မင်းဘာမှာအုံးမလဲ......"
"မမှာတော့ဘူး....."
"Ok...ညီလေးကြားတဲ့အတိုင်းပဲ......"
"ဟုတ်ကဲ့အကို......"
"တိမ်လေးဆီလာတဲ့အကြောင်းအရင်းက......"
"ကိုယ့်ကိုမုန်းတယ်ဆိုလည်းရပါတယ်....ဒါပေ
မဲ့ကိုယ်ပြောတဲ့စကားကိုနားထောင်ပေးပါ....."
"ဘာကိုမုန်းရမှာလဲ......ပြောစရာရှိတာပြောပါ
ကိုနေ......."
"ကိုယ်မင်းကိုချစ်တယ်......"
"ရှင်......"
"ဟုတ်တယ်တိမ်......ကိုယ်မင်းနဲ့အမှတ်တမဲ့စ
ဆုံတွေ့ကတည်းကမြင်မြင်ချင်းသဘောကျခဲ့မိ
တာ.....ဖွင့်ပြောရမှာစိုးထိတ်နေတာ....ကိုယ်ဖွင့်
ပြောလိုက်ရင်မင်းစိတ်ဆိုးသွားမှာကိုကြောက်
တယ်......."
"ဒါဆို...အခုဖွင့်ပြောလိုက်တော့တိမ်စိတ်ဆိုး
မှာကိုကြောက်လား......"
"အင်း....မင်းစိတ်ဆိုးမှာကိုကြောက်တယ်...ဒါပေမဲ့ဖွင့်မပြောရင်ကိုယ်လိပ်ပြာမလုံသလိုခံစား
ရလို့.....မထူးတော့ဘူးမင်းစိတ်ဆိုးလည်းဆိုးပါ
စေတော့ဆိုပြီးဖွင့်ပြောလိုက်တာ......."
"ဒါဆိုစိတ်ဆိုးတယ်......"
"ဟမ်.......ဒါဆိုကိုယ်ပြောတာ......"
"ဟုတ်တယ်......"
"ကောင်းပါပြီ.....တိမ်သဘောပါ......"
တိမ်သူ့ကိုကြည့်လိုက်တော့မျက်နှာမှာဝမ်းနည်း
တဲ့အရိပ်အယောင်တွေ့နေရတယ်....သေချာ
ကြည့်မှသူကကြည့်ကောင်းတယ်.....ကြည့်ကောင်းတာထက်ခန့်တယ်....စမတ်ကျတယ်
မျက်ခုံးလေးကတန်းနေပြီးနှာတံလေးကစင်းစင်း
လေးနဲ့နှုတ်ခမ်းမွေးစိမ်းစိမ်းလေးတွေကလူ့ကို
ဆွဲဆောင်နေသလိုပဲ......ကိုယ့်စိတ်ကိုပြန်ထိန်း
ရင်းသူကိုကြည့်လိုက်သည်....သူကတော့သူမ
ကြည့်နေတာကိုမသိ......
"ကဲ....အဲ့လိုကြီးမနေနဲ့လေ.....တိမ်လေးစိတ်မ
ဆိုးပါဘူးရှင့်......"
"တကယ်လား......."
"တကယ်ပေါ့......"
"ဒါဆိုအခုနကစိတ်ဆိုးတယ်ဆိုတာက......."
"ကိုနေကိုစလိုက်တာလေ....ဘယ်လိုလဲ....."
"ကိုယ့်မှာတိမ်လေးတကယ်စိတ်ဆိုးသွားပြီထင်
နေတာ......"
"တိမ်လေးလည်းချစ်တယ်......"
"ဟင်......တကယ်လားတိမ်လေး......"
"တကယ်ပါ......မောင်......"
"ရေး......ဝမ်းသာလိုက်တာတိမ်လေး......"
"မောင်ဝမ်းသာတာကိုမြင်ရတော့တိမ်လေးပျော်
တယ်.....တိမ်လေးဘဝမှာတစ်ခါမှအပျော်ဆို
တာမရှိခဲ့ဖူးဘူး......."
"မောင်နားလည်ပါတယ်ချစ်ရယ်.....ချစ်ဘဝ
အကြောင်းအရာအလုံးစုံကိုမောင်သိနှင့်နေပြီး
သားပါ......ချစ်ဝမ်းနည်းမနေပါနဲ့နော်.....မောင်
ရှိနေသရွေ့ချစ်ဝမ်းနည်းနေတာကိုမမြင်ချင်ဘူး
ချစ်ကိုပျော်ရွင်အောင်မောင်လုပ်ပေးမယ်......"
"အို.....မောင်ရယ်.....ချစ်အကြောင်းအလုံးစုံသိ
နေတာတောင်ချစ်ကိုချစ်ရေးဆိုခဲ့တာလား....
ချစ်ကစာမတတ်ဘူးမောင်.....မောင်အတွက်
အရှက်ရစေမှာပေါ့......"
"မဆိုင်ပါဘူးချစ်ရယ်.....မောင်ကချမ်းသာတယ်
ဆိုပေမဲ့ချစ်ကိုချစ်တာကရင်ထဲကပါပကာသန
တွေမဟုတ်ပါဘူး.....ဖြူစင်တဲ့မောင့်နှလုံးသား
လေးနဲချစ်ကိုချစ်တာပါ.....ချစ်စာမတတ်လည်း
ဘာမှမဖြစ်ဘူး.....မောင့်အတွက်အရေးကြီးဆုံး
ကချစ်ပါ.....မောင်ပြောတာနားလည်တယ်မလားချစ်......."
"နားလည်ပါတယ်.....မောင်......"
"ဟုတ်ပါပီချစ်ရယ်.....ဝမ်းနည်းစေမယ့်အရာတွေကိုတွေးမနေနဲ့တော့.....ချစ်အနားမှာမောင်
တစ်ယောက်လုံးရှိနေပြီပဲ.....ချစ်ကိုမောင်ကာ
ကွယ်ပေးမယ်......ချစ်သာမောင့်ကိုပစ်မသွားရ
ဘူးနော်ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ်နော်
ချစ်ကတိပေးနိုင်မလား........"
"ချစ်ကတိပေးပါတယ်မောင်.......ဘယ်တော့မှ
မောင့်ကိုပစ်မသွားဘူး.....မောင့်အနားမှာပဲနေ
မယ်......"
"ချစ်လိုက်တာကွာ......အရမ်းချစ်တယ်ချစ်ရယ်"
"ချစ်လည်းအတူတူပါပဲမောင်ရယ်........"
သူမတို့ချစ်သူနှစ်ယောက်ကတော့သာယာပျော်
ရွင်ကြည်နူးနေလျက်.....နောင်ဘယ်လိုတွေဖြစ်
လာမလဲဆိုတာသူတို့မသိ.....ထိုအဖြစ်အပျက်ကိုမြင်လိုက်တဲ့သူကိုတော့သူတို့သတိမထားမိ.....
ဆက်ရန်
🌼အပိုင်း(၃)=မျှော်🌼