ဝတ္ထုတိုစမရေးခင်Sunshineကို(နေ)လို့သုံးမယ်
Cloudyကို(တိမ်)လို့သုံးမယ်.....Ok
🌼မောင်ရဲ့အကြွေပန်းကလေး🌼
နံနက်ခင်းပတ်ဝန်းကျင်ရဲ့သဘာဝအလှဟာအရမ်းကို
ကြည်နူးပြီးငှက်ကလေးများရဲ့အော်သံမြည်က
ပန်းချီကားတစ်ချပ်အလား.........
"တိမ်.....ထစမ်း......."
"ဟင်.....ဒေါ်လေး......."
"ဘာဒေါ်လေးလဲ.....နင်အခုချက်ခြင်းအိပ်ယာကထ.....ပီးရင်ငါတို့စားဖို့မနက်စာလုပ်ပေး
ကြားလား.......မိတိမ်......."
"ဟုတ်....ကြားပါတယ်......"
"ကြားရင်အခုထ......နောက်တစ်ခါထပ်မပြောရ
စေနဲ့......."
"ဟုတ်.....ဒေါ်လေး......"
တိမ်လေးအိပ်ယာကထမျက်နှာသစ်ပြီးအဒေါ်တို့
စားဖို့အတွက်မနက်စာကိုချက်ပေးလိုက်သည်...
ခဏနေတော့အဒေါ်ဖြစ်သူရောက်လာပြီး......
"ပြီးပြီလား......မိတိမ်......."
"ဟုတ်.....ပြီးပါပြီ......ဒေါ်လေး........"
"ပြီးရင်မနက်စာစားဖို့ပြင်ဆင်လေ.....ညည်းကို
ငါအစဆုံးလိုက်ပြောနေရမှာလား.....တကယ်တဲ.....မနက်မိုးလင်းတာနဲ့ကျက်သရေမရှိတဲ့လူ
နဲ့စကားပြောရလို့လာဘ်ပိတ်တယ်ဟေ့........"
"အဲ့လိုမပြောပါနဲ့.......ဒေါ်လေးစားချင်ရင်တိမ်
အခုပဲပြင်လိုက်မယ်......ခဏပဲစောင့်......."
"ပြီးရော.......မကြာစေနဲ့........:"
သူမမီးဖိုချောင်ထဲကနေစားစာရာတွေယူလာပြီး
စားပွဲပေါ်၌နေရာတကျစီစဉ်ပေးလိုက်သည်.....
"ဒေါ်လေး......မနက်စာစားလို့ရပြီ........"
"အေး......လာပြီ......နင်ငါ့သမီးကိုသွားနှိုးလိုက်
ပီးရင်မနက်စာစားဖို့တစ်ခါတည်းခေါ်ခဲ့........"
"ဟုတ်......တိမ်လေးအခုပဲသွားနှိုးလိုက်မယ်...."
လက်ဖက်ရည်ဆိုင်တွင်သူငယ်ချင်းဖြစ်သူကတွေ့ဖို့ချိန်းလိုက်ရာနေဒီအတိုင်းလမ်းလျှောက်
ရင်းလာခဲ့သည်.....သူဌေးသားဆိုပေမယ့်မောက်မာကြွားဝါးခြင်းမရှိ.....ဖော်ရွေမှုရှိသည်
"ရောက်လာပြီလား......နေ......."
"အင်း......မင်းကရော........."
"ငါရောက်နေတာမကြာသေးဘူး.....မင်းဘာ
သောက်မလဲ......."
"ဘာပဲဖြစ်ဖြစ်ရတယ်.....မင်းငါ့ကိုခေါ်တဲ့ကိစ္စက
ဘာလဲ......."
"ဦးလေး.....လက်ဖက်ရည်ကျဆိမ့်နှစ်ခွက်......"
"အေး.....အေး......."
"မင်းကိုခေါ်တဲ့ကိစ္စကငါတို့ရပ်ကွက်မှာမြေကွက်
လပ်တစ်ခုရှိတယ်.....အဲဒါမင်းကြိုက်မလားမသိ
ဘူး........"
"အတော်ပဲ.. ....ငါမြေကွက်လိုက်ရှာနေတာကြာ
ပြီ.....မင်းအားရင်ငါ့ကိုအဲ့နေရာလိုက်ပြ........"
"အေးပါကွာ......ငါကိုယ်တိုင်လိုက်ပြပေးမယ်..."
"ဒီမှာငါတူတို့မှာထားတဲ့လက်ဖက်ရည်ရပြီ....."
"ဟုတ်......."
သူငယ်ချင်းနှစ်ယောက်လက်ဖက်ရည်ခွက်ကိုယ်
စီကိုမော့သောက်လိုက်ကြသည်........
"ဟဲ့မိတိမ်......ညည်းစျေးမသွားဘူးလား......."
"ခဏနေရင်သွားပါ့မယ်......ဒေါ်လေး....."
"ဘာခဏနေလဲ......နင်အခုဘာလုပ်နေလဲ......"
"တိမ်လေးရေချိုးနေတာပါ.....ဒေါ်လေး......"
"အေး.....မြန်မြန်ချိုးပြီးမြန်မြန်သွား....ငါ့သမီး
ထမင်းချိုင့်နောက်ကျလို့မဖြစ်ဘူး.....ကြားလား"
"ကြားပါတယ်.....ဒေါ်လေး......."
"ကြားရင်ပြီးရော........"
သူမအိမ်နောက်ဖေးမှထမိန်ရင်လျားနဲ့ထွက်လာ
ခဲ့သည်.......
"ရေချိုးပြီးရင်လည်းအလှတွေသိပ်ပြင်မနေနဲ့....
ဒီအရုပ်ကဒီအရုပ်ပဲ......မြန်မြန်အထဲသွား......"
"ဟုတ်.....ဒေါ်လေး........."
သူမအိပ်ခန်းလေးထဲဝင်သနပ်ခါးလေးလိမ်းပြီး
အပြာရောင်ဝမ်းဆက်ကိုဝတ်ဆင်လိုက်သည်
သူမကမြန်မာဆန်သည်......ဝမ်းဆက်ကလွဲ၍
တခြားဟာမဝတ်......သူမဝတ်ဆင်သည့်ဝမ်း
ဆက်ကသူမခန္ဓာကိုယ်နဲ့ကွက်တိ.....ပိုလည်းမ
ပို...လိုလည်းမလို.....ဆံပင်လေးကိုနှစ်ခြမ်းခွဲ
ကျစ်ဆံမြီးလေးကျစ်ကာစျေးခြင်းတောင်းကို
ကိုင်ကာအိမ်ရှေ့သို့ထွက်လာခဲ့သည်........
"ဒေါ်လေး.......စျေးဝယ်ဖို့ပိုက်ဆံ......."
"ငါသိတယ်......ရော့.....ဒီမှာ၅၀၀၀....ပိုလည်း
မပိုစေနဲ့လိုလည်းမလိုစေနဲ့......အတိအကျဝယ်
ခဲ့......မြန်မြန်ဝယ်ပြီးမြန်မြန်လာ......"
"ဟုတ်.....ဒေါ်လေး.....တိမ်လေမြန်မြန်ဝယ်ပြီး
မြန်မြန်ပြန်လာခဲ့မယ်......."
"ကြွ....မြန်မြန်......"
သူမစျေးသွားဖို့ဒေါ်လေးအိမ်ကထွက်လာခဲ့သည်
တော်သေးတယ်.....စျေးကနီးနေလို့.......ခဏ
နေစျေးရောက်တော့ချက်ရမယ့်အမယ်တွေကို
ဝယ်ရင်းပြန်လာခဲ့သည်.......ထိုစဉ်လမ်း၌.....
"ဘုတ်......"
လူတစ်ယောက်နဲ့တိုက်မိကာစျေးခြင်းတောင်း
ထဲကအသီးအနှံတစ်ချို့ပြုတ်ကျသွားသည်.....
"သွားပါပြီ......ငါတော့ဆူခံထိတော့မှာပဲ......"
"ကိုယ်တောင်းပန်ပါတယ်......ပြုတ်ကျသွားတဲ့
အသီးအနှံတွေကိုကိုယ်အစားပြန်ဝယ်ပေးပါ့မယ်
မင်းဘက်ကလက်ခံလား........"
"ဟုတ်......လက်ခံပါတယ်......"
"အင်း.....ဒါဆိုစျေးသွားရအောင်......"
"ဟုတ်......."
နေနဲ့တိမ်စျေးသို့လမ်းလျှောက်ရင်းလာခဲ့ကြ
သည်.......
"ကိုယ်အခုနကမင်းကိုတိုက်မိလို့တောင်းပန်ပါ တယ်....ကိုယ့်သူငယ်ချင်းပြောတဲ့မြေကွက်ကို
လိုက်ရှာနေလိ်ု့မင်းလာနေတာမမြင်လိုက်ဘူး...."
"ရှင့်သူငယ်ချင်းက......."
"ကိုယ့်သူငယ်ချင်းကသူ့အိမ်ကဖုန်းလှမ်းဆက်
လို့ခဏထွက်သွားတယ်....သူခဏနေရင်ပြန်လာမယ်တဲ့......ကိုယ်လည်းမစောင့်ချင်တာနဲ့
သူ့ကိုလမ်းညွန်ခိုင်းလိုက်တာ.....သူညွန်တဲ့
အတိုင်းရှာရင်းမင်းနဲ့အမှတ်မထင်တိုက်မိသွား
တာ......"
"အဲ့လိုကိုး.....ရပါတယ်......."
"ဒါနဲ့မင်းနာမည်ကိုသိလို့ရမလား......."
"ဘာလို့......."
"တခြားအကြောင်းအရင်းမရှိပါဘူး....သိချင်ယုံ
သက်သက်ပါ......."
"ဟုတ်.......ကျွန်မနာမည်ကCloudy(တိမ်)လို့
ခေါ်ပါတယ်......ရှင့်နာမည်က......."
"ကိုယ့်နာမည်ကSunshine(နေ).....အံံ့သြစရာ
ပဲနော်......"
"ဘာဖြစ်လို့လဲ.....ကိုနေ....."
"ဪ.....မင်းနာမည်ကတိမ်...ကိုယ့်နာမည်က
နေ......နေ့ဘက်မှာတိမ်တွေရှိသလိုနေမင်းကြီး
လည်းရှိတယ်လေ.......ဒွန်တွဲနေတယ်နော်....."
"မဟုတ်တာ....တိမ်သွားတော့မယ်......"
"ခဏ......နေ......"
နေစကားတောင်မဆုံးသူမထွက်ပြေးသွားလေ
သည်.......
@မင်းကလှတယ်......မြန်မာဆန်တယ်
ကိုယ်အရမ်းကြိုက်နှစ်သက်တဲ့မင်းဝတ်ဆင်ထား
တဲ့အပြာရောင်ဝမ်းဆက်လေး.....ကိုယ့်ကိုပြုစား
နိုင်လွန်းတယ်.......မင်းနဲ့ကိုယ်နောက်တစ်ခါ
ထပ်ဆုံချင်သေးတယ်.......@
မျက်နှာထက်မှာအပြုံးပန်းဝေနေတဲ့.....နေ
သူငယ်ချင်းဖြစ်သူရန်လင်းရောက်လာပြီး......
"နေ.....မင်းဘာတွေပြုံးနေတာလဲ......ငါ့ကိုပြော
ပြပါလား....."
"ဟိဟိ.....အခုနကမိန်းကလေးကိုသဘောကျ
လို့......"
"ဘယ်လို.......မင်းကသဘောကျတာလား......"
"အင်း......နောက်မှပြောပြမယ်....အခုမြေကွက်
သွားကြည့်ရအောင်........"
တိမ်လေးအိမ်ရောက်တော့ဒေါ်လေးဖြစ်သူကသူ့
ကိုမျက်မှောင်ကြီးကြုပ်ကာကြည့်နေသည်......
"ဘယ်အချိန်ရှိနေပြီလဲ........မိတိမ်....."
"လမ်းမှာလူတစ်ယောက်နဲ့တိုက်မိပြီးအသီးအနှံ
ပြုတ်ကျသွားလို့စျေးကိုတစ်ခေါက်ပြန်သွားရတာ........"
"ဘာ......ဒါဆိုညည်းပိုက်ဆံ၅၀၀၀လုံးကုန်အောင်သုံးပစ်လိုက်တာလား........"
"မသုံးပစ်ပါဘူး......တိုက်မိတဲ့လူကပြန်ဝယ်ပေး
လိုက်တယ်ဒေါ်လေး........"
"ပြီးရော......အခုထမင်းချက်ဖို့သွားလုပ်........"
"ဟုတ်......ဒေါ်လေး........"
တိမ်လေးမှာမိဘတွေဆုံးပြိးကတည်းကအားကိုး
စရာဆိုလို့ဒေါ်လေးပဲရှိတယ်......ထို့ကြောင့်ဒေါ်
လေးဖြစ်သူစကားကိုလွန်ဆန်မရဲ......ခိုင်းတဲ့
အတိုင်းလုပ်ပေးရသည်.....တစ်ခါတလေဒေါ်လေး၏ခင်ပွန်းဖြစ်သူရုံးမှအပြန်အရက်သောက်
ပြီးအိမ်လာခဲ့တုန်းကသူမမှာနေစရာမချောင်...
ဦးလေးဖြစ်သူ၏စကားတွေကြောင့်ထိုအိမ်ကနေ
ထွက်ပြေးချင်စိတ်ပေါက်ရသည်........သို့ပေမယ့်
လည်းဒေါ်လေးကျေးဇူးကရှိသေး......ကြားရ
သည့်စကားများကိုဂရုမစိုက်ဟန်ပြုကာအပြင်
ထွက်နေလိုက်သည်.........
"မိတိမ္......"
"ရှင့်......ဒေါ်လေး......."
"ဒီညနေ.....နင့်ဦးလေးအိမ်ပြန်နောက်ကျမယ်
ငါနဲ့ငါ့သမီးတရားပွဲသွားမလို့....အဲ့ဒါ....နင်အိမ်
မှာနေခဲ့လိုက်......နင့်ဦးလေးပြန်လာရင်ထမင်း
စားဖို့နင်ခူးပေးလိုက်......ငါစိတ်ချမယ်......"
"ဟုတ်.....ဒေါ်လေး.......ရပါတယ်.....တိမ်လေး
အိမ်မှာပဲနေခဲ့လိုက်မယ်.......ဦးလေးအတွက်
စိတ်မပူပါနဲ့......"
"အေး.....ငါသွားပြီ......."
"ဟုတ်......."
နေဒီနေ့ဆောက်လုပ်ရေးလုပ်ငန်းအသစ်တိုးချဲ့
ဖို့အတွက်ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့အစည်းအဝေးလုပ်ဆုံးဖြတ်ချက်ချလိုက်သည်.......
"လင်းနေ......"
"ဗျာ....ဆရာ...."
"ဒါရိုက်တာတွေကိုခေါ်ပီးအစည်းအဝေးလုပ်ဖို့
အသင့်ပြင့်ထားလိုက်......ငါခဏနေပြန်လာခဲ့
မယ်......"
"ဟုတ်ကဲ့ဆရာ....."
လင်းနေထွက်သွားတော့နေအိမ်ကိုဖုန်းဆက်
လိုက်သည်.......
"ဟယ်လို.....မာမီ....."
"ပြောလေ.....သား....."
"ဒယ်ဒီပြန်ရောက်နေပြီ......မာမီ......"
"ဘာ......."
"စိတ်အေးအေးထားပါနော်မာမီ.....ဒယ်ဒီပြန်
ရောက်နေတယ်ဆိုပေမယ့်အခုကဆေးရုံမှာ...."
"ဘယ်လို.....သူကဆေးရုံမှာ.....ဟုတ်လား....."
"ဟုတ်တယ်မာမီ.....သားအခုမာမီဆီလာခဲ့မယ်
မာမီစောင့်နေနော်......"
"အင်းပါ......သား......"
မာမီဆီဖုန်းဆက်ပြီးမကြာcompanyကထွက်
သွားပြီးအိမ်သို့လာခဲ့သည်.......
"ဟော.....ဦးလေးပြန်လာပြီလား......."
"ဟုတ်တယ်.....နင့်ဒေါ်လေးကရော......"
"ဒေါ်လေးတရားပွဲသွားတယ်.....ဦးလေး......"
"ကောင်းတယ်........."
"ဟင်.....ဘာကိုကောင်းတာလဲ.....ဦးလေး....."
"ဘာမှမဟုတ်ဘူး.....ငါကိုတွဲပြီးအိမ်ထဲပို့......"
"ဟုတ်ဦးလေး.....တိမ်တွဲပေးမယ်.....ရလား...."
"ရတယ်......အိပ်ခန်းထဲရောက်အောင်ပို့......"
"ဟင်....ဘုရားစင်ရှေ့မှာပဲအိပ်လိုက်လေ....."
"ဘာလဲ.....ငါ့ကိုလေဖြတ်ပြီးအစောကြီးသေ
စေချင်နေတာလား.....ဘာလဲ....ငါသေရင်နင်
အမွေရအောင်လို့လား......."
"အဲ့လိုမဟုတ်ပါဘူး......ဦးလေး......."
"အဲလိုမဟုတ်ရင်အခန်းထဲထိလိုက်ပို့......"
"ဟုတ်......"
ဦးလေးဖြစ်သူကိုအခန်းထဲထိရောက်အောင်တွဲ
ပို့ခဲ့သည်......ဒါပေမဲ့.......
"ဟင်.....ဦးလေးဒါဘာလုပ်တာလဲ.....တိမ်ကို
လွတ်......."
"မလွတ်ဘူးကွာ......တိမ်ကိုဦးချစ်နေတာကြာပြီ
ဟိုမိန်းမရှိနေလို့ဖွင့်မပြောရဲဘူး.....အခုဟိုမိန်းမ
မရှိတော့......ချစ်လို့ရပြီလေ........."
"မဟုတ်ဘူး.....ဦးလေးမှားနေပြီ.....ဒေါ်လေးကို
ချစ်ရင်သစ္စာမဖောက်ပါနဲ့.....တိမ်ကဦးလေးသမီးလောက်ရှိတဲ့သူပါ.....အခုလိုမျိုးမလုပ်
ပါနဲ့.....တိမ်လက်ကိုလွတ်ပေးပါ........"
"လုံးဝမလွတ်ဘူး......ကြာတယ်ကွာ......."
"ဗြဲ......"
သူမထမိန်ကိုဆွဲဖြဲလိုက်သည်.....တဖြေးဖြေး
ခန္ဓာကိုယ်အပေါ်ပိုင်းကိုတဏှာမျက်စိဖြင့်ကြည့်
ကာ......
"ဗြဲ......"
"ဟင့်အင်း.......မလုပ်ပါနဲ့.....ဦးလေး......"
"$စကားများလိုက်တာ......$ပေါက်ပိတ်ပေးမှရ
မယ်ထင်တယ်........"
"ဖြောင်း......"
"ဖြောင်း......."
"ဖြောင်း......."
သူမခန္ဓာကိုယ်အပေါ်ကနေစီးမိုး၍ပါးသုံးချက်
ဆက်တိုင်ရိုက်ချလိုက်ရာတိမ်လေးနှုတ်ခမ်း
ထောင့်စွန်းနားမှာသွေးစတစ်ချို့ထွက်သွား၏...
"မရုန်းပါနဲ့.....ကလေးရယ်....ဦးလည်းအဲလိုမပြု
မူချင်ပါဘူး.....ကလေးကဆိုးနေလို့သာ......."
"ရှင့်တော်တော်အောက်တန်းကျပါလား.....ဦး
မင်းလွင်......ရှင့်ဇနီးမျက်နှာကိုမှမထောက်....
တူမဖြစ်သူကိုမကြံသင့်တာတွေကြံဖို့ကြိုးစား
တယ်......ရှင်ကလူမဟုတ်ဘူး.....လူ့တိရစ္ဆာန်ပဲ
တိရစ္ဆာန်ကောင်ရဲ့......."
"ဟားဟား......ဟားဟား......."
"လွတ်စမ်း......ကျွန်မကိုလွတ်စမ်း.....ဒီလောက်
တောင်ဖြစ်နေတာ......."
ဆိုပြီးကုတင်နံဘေးမှာရှိသည့်အလှပန်းအိုးဖြင့်
ထိုလူ၏ဦးခေါင်းကို......
"ခွတ်......."
ရိုက်ချလိုက်သည်......ထိုအခါမှဦးလေးဖြစ်သူ
၏ခေါင်းမှသွေးများထွက်လာသည်.......
"ဟာ......သွေး......သွေးတွေ........"
"ဟင်......ကိုမင်း......ရှင်ဘာဖြစ်......ဟင်.....
မိတိမ်......ညည်းကဘယ်လိုလုပ်........"
"ဦးလေးတိမ်ကိုမတရားကျင့်ကြံဖို့လုပ်နေတာ
အဲ့ဒါပန်းအိုးနဲ့သူ့ခေါင်းကိုရိုက်ခွဲပစ်လိုက်တာ"
"မဟုတ်ဘူး......မိ်န်းမ.....သူညာနေတာ....သူ
အရင်ကိုယ့်ကိုမြူစွယ်တာ.......ကိုယ့်ကတူမလေးအဲ့လိုလုပ်လို့မရဘူးပြောတာ......သူ့ဘက်
ကရှေ့ဆက်တိုးတာ.......ဟင့်........"
"အဲ့လောက်ထိငတ်နေတဲ့မိန်းမ.....ကဲဟာ....."
"ဖြန်း......"
"ဖြန်း......"
"ဖြန်း......."
သူမပါးကိုရိုက်ချပစ်လိုကိသည်.....သို့ပေမဲ့ဒေါ်
လေး၏ဒေါသကမပြေသေး.......
"လာစမ်း....နင်......."
"အား....တိမ်လေးဆံပင်နာတယ်.....လွတ်ပါ..."
"မလွတ်ဘူး......လာစမ်း....."
အဒေါ်ဖြစ်သူဆွဲခေါ်လာသည့်နေရာကအိမ်ပြက်
ကြီးထဲ......မှောင်မဲနေပြီးကျပ်ခိုးတွေအပြည့်.....
"ဒီထဲမှာ....နင်နေရမယ်......"
ဆိုပီးတံခါးကိုအပြင်ကပိတ်ပြီးသော့ခတ်ခဲ့သည်
"တိမ်လေးကိုမထားခဲ့ပါနဲ့......ဒေါ်လေး......."
"ဘာမှပြောမနေနဲ့.....အဲ့ထဲမှာနေလိုက်အုန်း..."
"ဒေါ်လေး.....တိမ်လေးကြောက်တယ်.....မထား
ခဲ့ပါနဲ့......ဟီးဟီး....ဟင့်......"
အိမ်ပြက်ကြီးထဲမှာသူမတစ်ယောက်တည်း....
ကယ်သူမဲ့နေသည့်သူမ၏အဖြစ်....မျက်ရည်
တသွင်သွင်စီးကျပီးအော်ခေါနေပေမဲ့မည်သူမျှ
ကြားမည်မထင်........
"ဖေဖေ......မေမေ.....တိမ်လေးကြောက်တယ်
ဟီးဟီး.....ဟင့်.......တိမ်လေးကိုမထားခဲ့ပါနဲ့
နော်......ဟီးဟီး.....ဟင့်......"
သူမလေးငိုရင်းရှိုက်ရင်းကြောက်စိတ်တွေနဲ့ရော
ထွေးပြီးသတိလစ်သွားလေသည်.......
ဆက်ရန်
🌼အပိုင်း(၂)=မျှော်🌼